.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, April 23, 2012

'လျှပ်စစ်ကုလားထိုင်'


ဤအခန်းကား ပိန်းပိတ်အောင် မှောင်လှ၏။ လေဝင်လေထွက် အလျင်းမရှိ၍ အောက်သိုးသိုးအနံ့က စူးရှလှသည်။ စိုထိုင်းထိုင်း ကြမ်းပြင်ပေါ်ဝယ် ရှင်မင်းယာတစ်ယောက် အိပဲ့ပဲ့ ကိုယ်လုံးကို ဘယ်ညာလှည့်ရင်း သူမ၏ နောက်ဆုံး နာရီများကို ရေတွက်နေလေ၏။
.
စာရူးပေရူး ရှင်မင်းယာတစ်ယောက်ကား စိတ်ကူးဥာဏ်ကွန့် မြူး ထွန့် ထွန့် လူး၍ မရေးကောင်းသော အကြောင်းအရာများကို သရော်တော်တော် ရေးမိလေသောကြောင့် ယခုဘဝသို့  ရောက်ရလေ၏။ 'လျှပ်စစ်ကုလားထိုင်' တဲ့။ ဟုတ်ကဲ့။ ရှင်မင်းယာ ခံယူရမည့် အပြစ်ဒဏ်သည်ကား လျှပ်စစ်ကုလားထိုင်ဖြင့် ကွပ်မျက်ခံရခြင်း ဟူ၏။
.
'ဂျလောက် ... ဂျောက် ... ဂျိမ်း။'
.
အချုပ်ခန်းတံခါး ဖွင့်သံသည်ကား မိုးခြိမ်းသံအလား ကျယ်လွန်းလှ၏။
.
'ရှင်မင်းယာ ... ညည်း ပြစ်ဒဏ်ခံယူရမယ့် အချိန် ရောက်ပြီ။ သွားကြစို့ ။'
.
တုန်ယင်နေသော ဆင်ခြေထောက်အစုံကား ရုန်းကန်ခြင်း အလျှင်းမရှိပဲ တာဝန်ကျ ပုဂ္ဂိုလ်များ ခေါ်ဆောင်ရာသို့  လိုက်ပါခဲ့သည်။ မှိန်ပျပျ ဖယောင်းတိုင်မီးတန်းကား အင်အားချိချိသာ ကျန်သော ရှင်မင်းယာကို နှုတ်ဆက်နေကြသည်။
.
'ကဲ .. အမိ။ အဲဒါပဲ ... ညည်းအတွက် လျှပ်စစ်ကုလားထိုင်။ ညည်း ဂုဏ်ယူလိုက်စမ်းပါ။ လျှပ်စစ်နဲ့ ကွပ်မျက်ခံရတာ နည်းတဲ့ ကုသိုလ်လားလို့ ။'
.
ဟိုမှ သည်မှ သွယ်တန်းထားသော ကြိုးတန်းလန်းပရပွနှင့် ခပ်စုတ်စုတ် ကုလားထိုင်တစ်လုံးသည် အခန်းထောင့်တနေရာတွင် ထီးထီးကြီး ရှိနေသည်။ မသုံးတာ ကြာလှ၍ ထင်ပ။ ပင့်ကူအိမ်များအား သူ့ ကို ဖုံးအုပ်လုမတတ်ပင်။
.
'ဖရမ်း ... ဖရမ်း ..'

.
တာဝန်ကျပုဂ္ဂိုလ်မှ လျှပ်စစ်ကုလားထိုင်ကို ဖုန်ခါလိုက်သောအခါ 'Made in China' ဟူသော စာသားကြီးက ထင်းခနဲ မြင်ကွင်းထဲ ဝင်လာသည်။
.
'ခဏလေး ဆရာ။ ကျွန်မ မျက်နှာကို မျက်နှာဖုံး မအုပ်လိုက်ပါနဲ့။ ဟိုအခန်းထဲမှာ မီးရောင် မမြင်ရတာ ကြာလှပေါ့။ ဒီရောက်မှပဲ မီးလုံးမြင်ရတော့တယ်။ မီးရောင်ကို ကြည့်ပြီး သေပါရစေ။'
.
'ဟုတ်သားဟ။ ညည်းမပြောနဲ့။ ငါတို့ လည်း မီးရောင်နဲ့ မတွေ့တာကြာပြီ။ စကားမရှည်နဲ့တော့အေ။ အခု ကိုးနာရီ လေးဆယ် ဖြစ်နေပြီ။ ဆယ်နာရီမတိုင်မီ ညည်းကိစ္စ ပြီးမှ ဖြစ်မှာ။'
.
'အွင် .. ကျွန်မနောက်မှာ တန်းစီတဲ့သူလည်း မရှိပဲနဲ့။ ဘယ့်နှယ့် ဒီလောက် လောနေတာတုန်း။'
.
'ညည်းအဘ မီးက တနေ့ မှ နာရီဝက်ပဲ လာတာအေ့။ ကြာတယ်။ တက်တော့၊ ကုလားထိုင်ပေါ်ကို။'
.
ဤသို့ ဖြင့် ရှင်မင်းယာတစ်ယောက် လျှပ်စစ်ကုလားထိုင်ပေါ် ဆွေ့ခနဲတက်ထိုင်လိုက်ပြီး မကြာခင်မှာပင် ဟိုကြိုး သည်ကြိုးများဖြင့် ခြေလက်များကို တုတ်နှောင်ပြီးသောအခါ
.
'ကဲ .. အမိ၊ ဘုရား တရားသာ အာရုံပြုပေတော့။ စပြီ။'
.
'ကျွီ .. ကျွီ .. ဂျိမ်း'
.
'ဆရာ၊ ဆရာ၊ ခဏနေပါဦး။ ရှင်တို့  လျှပ်စစ်ကုလားထိုင်က ပုရွက်ဆိပ်ကိုက်တယ်။ ဟိုနား သည်နားက ဆစ်ခနဲ။ ဆစ်ခနဲရယ်။'
.
'ဟာ .. အဲဒါ ပုရွက်ဆိတ် မဟုတ်ဘူးဟဲ့။ မီးအား မပြည့်လို့ ဟေး။ ကဲ .. ပြန်စလိုက်ရအောင်။'
.
'ကျွီ .. ကျွီ .. ဂျိမ်း .. ဖောင်း'
.
'ဆရာရေ၊ လုပ်ပါဦး။ ဘယ်သူ ဗျောက်အိုးလာဖောက်နေတာတုန်း။ ဒီမှာ .. ဒီမှာ မီးခိုးတွေ ထွက်လာပြီ။'
.
'ဟာ .. အဲဒါလည်း မီးအားမမှန်လို့  ဝိုင်ယာရှော့ဖြစ်တာ။ ဟေ့ကောင်တွေ။ မြန်မြန်လာပြင်ကြဦး။ ဆယ်နာရီ ထိုးတော့မယ်ကွ။'
.
'လျှပ်စစ်မီးတွေ ပိုနေလို့  ရောင်းစားရတယ်ဆို၊ အခု ဘယ်နှယ့် မီးအားမမှန်တာနဲ့။ တနေ့  နာရီပိုင်းနဲ့ မီးပေးရတာနဲ့။'
.
'သေပဲ သေတော့မယ့်ဟာကို စပ်စုနေပြန်ပြီ။ ပိုတဲ့အိမ်မှာ ပိုတယ်ဟေး။ ကဲ .. မမ၊ မြန်မြန်တက်ထိုင်လိုက်။ ဆယ်နာရီထိုးတော့မယ်။'
.
'ကျွီ .. ကျွီ .. ဟာ ... မီးပျက်သွားပြီ။'
.
ယင်းသို့ ဖြင့် လျှပ်စစ်ကုလားထိုင်ဖြင့် ကွပ်မျက်ခြင်းမှ သုံးကြိမ်တိုင်တိုင် လွတ်မြောက်လေသော ရှင်မင်းယာအား ဥပဒေအရ အောင့်သက်သက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ရလေသတည်း။
.
'တခါတလေတော့လည်း မှောင်နေတာ တမျိုးကောင်းပါတယ်။'
.
ဆောင်းပါးရှင် ရှင်မင်းယာ

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ