.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, June 14, 2011

နေပြည်တော် ဈေးအိမ်သာ ဗုံးကွဲမှု မသင်္ကာသူ ဖမ်းဆီး

နေပြည်တော် မြို့မဈေး အိမ်သာအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပဲခူးတိုင်း ရေနီမြို့ အမှတ် (၅) စစ်အခြေခံ လေ့ကျင့်ရေး တပ်နေ မသင်္ကာသူ ကိုအောင်ကိုလတ် ဆိုသူအား ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်း၌ နေပြည်တော် အထူး သတင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

Nay-Pyi-Taw-market
နေပြည်တော် မြို့မဈေး (ဓာတ်ပုံ - panoramio.com)

အဖမ်းခံရသူ ကိုအောင်ကိုလတ်မှာ အသက် ၃၀ ခန့်ရှိ၍ ရေနီမြို့နှင့် အနီးတ၀ိုက်တွင် နှစ်လုံးထီ ရောင်းချသူတဦးဖြစ်ပြီး ဖခင်မှာ လေ့ကျင့်ရေးတပ်မှ ရဲဘော်တဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် စနေနေ့ အခင်းဖြစ်ပွားစဉ်က မြို့မ ဈေးအိမ်သာအတွင်း ၎င်း၏ မှတ်ပုံ တင် ကျန်ရစ်ခဲ့သည်ကို တွေ့ရသည့်အပြင် မသင်္ကာဖွယ်ရာ လူနှစ်ဦးကိုလည်း ဖမ်းဆီးမိကြောင်း၊ အဆိုပါ ကွင်းဆက်အရ ကိုအောင်ကိုလတ် ကိုလည်း ဆက်လက် ဖမ်းဆီးခြင်းဖြစ်ကြောင်း နေပြည်တော် သတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောပြသည်။

“ဗုံးပေါက်ပြီးတဲ့နောက်ပိုင်း သူကပုန်းနေတာ၊ သူ့ဓာတ်ပုံတွေ ဖြန့်ပြီး ရဲစခန်းတိုင်းကို ပို့ထားတယ်၊ သူက အားလုံးငြိမ်ပြီဆိုပြီး အိမ်ပြန် ပိုက်ဆံယူတော့မှ ကင်းပုန်းဝပ်ပြီး ဖမ်းလိုက်တာ”ဟု ၎င်းက ဆိုသည်။

ရေနီမြို့ခံတဦးကလည်း ကိုအောင်ကိုလတ်သည် ဗုံးဖောက်ခွဲမှု မသင်္ကာ၍ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ည ကိုးနာရီ နောက်ပိုင်း တပ်တွင်းရှိ ဖခင်ထံသို့အလာ စောင့်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ နေပြည်တော် အထူးသတင်းတပ်ဖွဲ့အား ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် နေပြည်တော်အလွန် ဆင်သေဘူတာ၌ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် ရထားပေါ်တွင် ဗုံး  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရခဲ့သည်။

ယင်းဖောက်ခွဲမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် သံတောင်မြို့နယ်မှ လူတဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ လက်ချက်ဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာများက စွပ်စွဲရေးသားခဲ့သည်။

ယခု အကြိမ် ဗုံးပေါက်ကွဲမှုသည် အစိုးရသစ်တက်လာပြီးနောက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင်မူ တတိယအကြိမ်မြောက် ဗုံးကွဲခြင်းဖြစ်သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ