Sunday, 12 June 2011

ကလေးဟာ ကျောင်းတက်ချင်တဲ့အတွက် မနက် အစောကြီး စာထကျက်နေတဲ့အတွက် သူ့မိသားစုမှာ စိတ်မကောင်း ဖြစ်နေရပါတယ်။ ကလေးဟာ ၃ ရက်တိတိ ကျောင်းတက်ပြီးမှ ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသား မိဘတွေက ဖိအားပေး ပြောဆိုတာကြောင့် ကလေးကို ကျောင်းကထုတ်လိုက်တာ ဖြစ်ပါတယ်။
ကျောင်းထုတ်ခံလိုက်ရတဲ့ ကလေးဟာ ခန္ဓာကိုယ်မှာ ဘာရောဂါမှ မရှိဘဲ ကျန်းကျန်းမာမာ ရှိနေတဲ့အတွက် တခြား ကျောင်းသားတွေနဲ့ ရောနှောနေထိုင်ရုံနဲ့ ရောဂါမကူးစက်နိုင်ဘူးဆိုတာ သေချာတယ်လို့ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ တာဝန်ခံတဦးက ဆိုပါတယ်။
လာမယ့် တနင်းလာနေ့မှာ အမက (၇) ကျောင်းအုပ်ဆရာမကြီးကို ပညာသင်ကြားဖို့ ကျောင်းမှာ လက်ခံဖို့အတွက် သွားရောက် ပြောဆိုမယ်လို့လဲ သူက ပြောပါတယ်။
HIV ရောဂါရှိတဲ့ ကျောင်းတွေကို အာဏာပိုင် အဖွဲ့အစည်းက ဖိအားပေးတာတွေ HIV ဝေဒနာသည်တွေကို ကူညီစောင့်ရှောက် ပေးနေသူတွေကိုလဲ အာဏာပိုင်တွေက နှောင့်ယှက်နေတာတွေ ရှိနေတာကြောင့် ပညာသင်ကြားချင်စိတ် အားပြင်းနေတဲ့ ဝေဒနာသည် ကလေးတွေအတွက် အခက်တွေ့နေရပါတယ်။
BBC မှ
No comments:
Post a Comment