.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, April 24, 2011

မိုင်းပွန်စော်ဘွား စ၀်စံထွန်း

မိုင်းပွန်စော်ဘွား စ၀်စံထွန်း
စ၀်စံထွန်း
မွေးသက္ကရာဇ် ၁၂၆၉-ခုနှစ်၊ နယုန်လပြည့်ကျော် ၅-ရက်၊ သောကြာနေ့
အမည်ရင်း စ၀်စံထွန်း
နိုင်ငံ မြန်မာ
မိဘအမည် စော်ဘွားကြီးစပ်ခွန်ထီး + နန်းစိန်ဥ
ကိုးကွယ်မှု ဗုဒ္ဓဘာသာ
အလုပ်အကိုင် အတိုင်ပင်ခံဝန်ကြီး
မွေးဖွားရာဒေသ မိုင်းပွန်မြို့ (ရှမ်းပြည်တောင်ပိုင်း)
ထင်ရှားကျော်ကြားမှု အာဇာနည် ပုဂ္ဂိုလ်
မိုင်းပွန်စော်ဘွား စ၀်စံထွန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးသွားခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်(၉)ဦးတွင် ပါဝင်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
မိုင်းပွန်စော်ဘွားကြီးစ၀်စံထွန်း (၁၂၆၉-၁၃၀၉) ကား ရှမ်းပြည်တောင်ပိုင်း။ မိုင်းပွန်မြို့ အဖစော်ဘွားကြီးစပ်ခွန်ထီး။ အမိနန်းစိန်ဥတို့မှ သက္ကရာဇ် ၁၂၆၉-ခုနှစ်။ နယုန်လ ပြည့်ကျော် ၅-ရက်။ သောကြာနေ့တွင် ဖွားမြင်ပါသည်၊

Contents

[hide]

ပညာရေး

၅-နှစ်သားအရွယ်တွင် တရားမစာရေးကြီး ဦးစံဖေထံ မြန်မာ၊ အင်္ဂလိပ်စာပေ အခြေခံကို ၂-နှစ်သင်ယူပြီး တောင်ကြီးမြို့ ရှမ်းစော်ဘွားသားများ အထက်တန်းကျောင်းတွင် ဆက်လက်သင်ကြားရာ ထိုကျောင်းမှ ၁၀-တန်းအောင်မြင်လေသည်။
မန္တလေးမြို့ ရဲအုပ်သင်တန်းကျောင်းတွင် ၆-လတက်ရောက်ပြီး

မြန်မာနိုင်ငံဧ။်အသုံးပြုခဲ့သောအလံများ

မြန်မာနိုင်ငံမှ သမိုင်းဝင်အလံများ

istoric flags of Burma

သာသနာ့ အလံ

သာသနာ့ အလံ ကိုအသေးစိတ် လေ့လာနိုင်ပါသည်။
သာသနာ့ အလံ

 

စိုင်းစိုင်းခမ်းလှိုင် အကြောင်းသိချင်ရင်ဒီမှာပါ

စိုင်းစိုင်းခမ်းလှိုင်
မွေးသက္ကရာဇ် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက်
အမည်ရင်း
မိဘအမည် စိုင်းခမ်းလှိုင် +စဝ်ဝေဠုသိဂီ င်္
နိုင်ငံသား {{{နိုင်ငံသား}}}
လူမျိုး {{{လူမျိုး}}}
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
မွေးဖွားရာဒေသ တောင်ကြီးမြို့
ပညာအရည်အချင်း နိုင်ငံခြားဘာသာတက္ကသိုလ်၊ ရန်ကုန်မြို့
အလုပ်အကိုင် အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်၊ စာရေးဆရာ
ကြင်ဖော် {{{ကြင်ဖော်}}}
သားသမီး {{{သားသမီး}}}
ထင်ပေါ်ကျော်ကြားမှု လက်ရှိ နာမည်ကျော် အဆိုတော်နှင့် သရုပ်ဆောင်
ကွယ်လွန်ရက် {{{ကွယ်လွန်ရက်}}}
ကွန်ယက် စိုင်းစိုင်း၏ အင်တာနက် စာမျက်နှာ

စိုင်းစိုင်းခမ်းလှိုင် (Sai Sai Kham Leng) ကို တောင်ကြီးမြို့တွင် ၁၉၇၉ ခုနှစ် ဧပြီလ (၁၀) ရက်နေ့တွင် မွေးဖွားခဲ့သည်။ သူ၏အဖိုးသည် မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း ဖြစ်သည်။ သူ၏ အမေသည် ၂၀၀၆-ခုနှစ်၌ သြစတေးလျတွင် နေထိုင်သည်။ ညီမနှစ်ယောက်နှင့် ညီတစ်ယောက်ရှိသည်။ တောင်ကြီး အ.ထ.က (၁)၊ ဒဂုံတက္ကသိုလ်ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် (ရန်ကုန်)‎များတွင် ပညာဆည်းပူးခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။
သူ၏ အနုပညာခရီးလမ်းကို ၁၉၉၆-ခုနှစ်တွင် မော်ဒယ်ဘွိုင်း တစ်ယောက်အနေဖြင့် စတင်ဝင်ရောက်ခဲ့သည်။ စိုင်းစိုင်းသည် ဂျွန်လွင် မော်ဒယ်အေဂျင်စီတွင် မော်ဒယ်တစ်ယောက်အဖြစ် ပါဝင်လှုပ်ရှားရင်း သက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ သူ၏ ဂီတလှုပ်ရှားမှုများကိုလည်း

ဟစ်ဟော့ ဂီတ ဘယ်ကစ

ဟစ်ဟော့ ဂီတ
ဟစ်ဟော့ ဂီတ (Hip hop music) သည် ၁၉၇၀ ခုနှစ်လောက်က နယူးယောက်မြို့ရှိ အာဖရိကန်-အမေရိကန် များအစပြုခဲ့သော ယဉ်ကျေးမှု လှုပ်ရှားမူ့တစ်ရပ် ဖြစ်သည်။ ဟစ်ဟော့ ယဉ်ကျေးမူ့တွင် အဓိကအစိတ်အပိုင်း လေးမျိုး ပါဝင်ပြီး၊ ၎င်းတို့မှာ

အလုပ်သမားနေ့

ဆွီဒင်နိုင်ငံ လက်ဝဲပါတီက ၂၀၀၆ ခုနှစ် စတော့ဟုမ်းမြို့တွင် ပြုလုပ်သော အလုပ်သမားနေ့ ဆန္ဒပြပွဲ
အလုပ်သမားနေ့သည် မေလ ၁ ရက်နေ့ဖြစ်ပြီး အစိုးရရုံးများ၊ အလုပ်ရုံများ၊ ဈေးဆိုင်ကန္နားများကို ပိတ်၍

သင်္ကြန် အကြောင်းသိကောင်းစရာ

မြန်မာ သင်္ကြန်အား ပန်းချီဖြင့် သရုပ်ဖော်စဉ်
ပုဂံ သင်္ကြန်
သင်္ကြန်ဟူသော စကားသည်သင်္ကန္တဟူသော ပါဠိ မှဆင်းသက်၍ ရွတ်ဆိုသောအခါ သက္ကတ၌ရှိသော ရရစ်သံဖြင့် ရွတ်ဆိုရသော စကားဖြစ်သည် ။ အဓိပ္ပါယ်မှာ ကူးပြောင်းခြင်းဖြစ်၏ ။ ဤကမ္ဘာမြေကြီးသည် နေကိုဗဟိုပြု၍ မိဿ ရာသီမှစ၍ ပြိဿမေထုန်ကရကဋ်သိဟ်ကန်တူ ဗြိစ္ဆာဓနုမကာရကုမ်မိန် ဟူသော ရာသီခွင်တို့သို့ အစဉ်လိုက် ကူးပြောင်း လှည့်လည်ပြီးနောက်

ချစ်သူများနေ့ သမိုင်းကြောင်းလေး

St. Valentine
ကမ္ဘာတွင် ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့ဟု သတ်မှတ်သည်။ ထိုနေ့သို့ ရောက်တိုင်း ကမ္ဘာတစ်ဝှမ်းလုံး မှာရှိသော ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနှင့် အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နှင့် အပြန်အလှန် လဲလှယ် ပေးပို့လေ့ ရှိကြပါသည်။ သို့သော် St. Valentine ဆိုသည့် ထူးခြားသော သူတောင်စင်အကြောင်းကို မသိကြသလို ဘာကြောင့် St. Valentine အထိမ်းအမှတ်ပွဲကို အားလပ်ရက်အဖြစ် သတ်မှတ် ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ ဖြစ်ကြတာများပါသည်။
ယေဘုယျအားဖြင့်တော့ ဖေဖော်ဝါရီလဟာ အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ လတစ်လလို့ သိထားကြပါသည်။ ယနေ့ခေတ် နားလည်ထားကြသော St. Valentine Day သည် ရှေးခေတ် ရောမရိုးရာနှင့် ခရစ်ယာန် ဘာသာအတွက် အလေးအမြတ်ထားသော နေ့ထူးနေ့မြတ် တစ်ခု ဖြစ်ပါသည်။
ဒီနေ့ခေတ်မှာ ကက်သိုလစ် ဘုရားကျောင်းတွေက သိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် သုံးဦးရှိပါတယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီး တစ်ပါးလို့ ဆိုထားပါတယ်။ ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာ ရှိသမျှ အိမ်ထောင်သည်များကို မရွေးချယ်ပဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင် ကလောဒီးယပ်စ် တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက် ကနေ စစ်မှုထမ်းသူ လူငယ်များကို သူတို့ရဲ့ ချစ်သူများနဲ့ တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့ အခါ သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံလိုက်ရတယ်လို့လည်း ဆိုကြပါသေးတယ်။
နောက်ထပ် ဒဏ္ဍာရီတစ်ခုကတော့ သူတော်စင် Valentine က ပမထဆုံးချစ်သက်လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။ အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူ မသေဆုံးခင် စာတစ်စောင် ရေးသားခဲ့ရာမှာ "From Your Valentine" လို့ လက်မှတ်ရေးထိုးထားပါသတဲ့။ စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ် အသုံးအနှုန်း ရင်ဖွင့်စာများနဲ့ တူညီနေတာကို တွေ့ရပါတယ်။ ပါးစပ်ရာဇ၀င်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာဂရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော ချစ်မေတ္တာရဲ့ သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။
ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန် နိုင်ငံများမှာ အတော်လေး ခေတ်စားနေခဲ့ပြီး အယူအဆ အမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တစ်ချို့ကတော့ St.Valentine ဟာ ခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြော စကားများကတော့ St. Valentine ဟာ ထောင်ထဲမှာ နာဖျားပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၁၈၃၅ ခုနှစ်မှာ St. Valentine ရဲ့ ရုပ်ကြွင်း (သို့မဟုတ်) အရိုးပြာကို အိုင်ယာလန် ဘုန်းတော်ကြီး John Spratt ထံ ပုပ်ရဟန်းမင်းကြီး Gregory XVI က ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ တရားဟော ကောင်းမှုကြောင့် ပုပ်ရဟန်းမင်းကြီးကို အိုင်ယာလန် ဘုန်းတော်ကြီးက များစွာ အထင်ကြီးလေးစားတယ်လို့ သိရပါတယ်။ ဒီ့အတွက် ရောမကို ပုပ်ရဟန်းမင်းကြီး အလည်အပတ်ရောက်ခိုက် ပုပ်ရဟန်းမင်းကြီးက အနက်ရောင်ပါသော ရွှေကြုပ်နဲ့ ထည့်ထားတဲ့ St. Valentine ရဲ့ အရိုးပြာများကို အိုင်ယာလန် ဘုန်းတော်ကြီးကို လက်ဆောင်ပေးခဲ့ခြင်း ဖ်ြစပါတယ်။ St. Valentine ရဲ့ အရိုးပြာများ ထည့်ထားတဲ့ ရွှေကြုပ်ကို Valentine's Day ရောက်တိုင်း အိုင်ယာလန်နိုင်ငံ ဒူဘလင်မြို့က Whitefriar Street Church မှာ လူတိုင်း သွားရောက် ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

[ပြင်ဆင်ရန်​] သမိုင်းကြောင်း

ရောမပြည်က အချစ်အကြောင်းကတော့ ချစ်သူများနေ့ ဖြစ်ပေါ်ခြင်း၏ သမိုင်းအစပါ။ ရောမမြို ဘုရင်တစ်ပါး လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့် စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြသည်။ ဒီအကြောင်း ဘုရင်ကြီးသိတော့ ရောမမြို့မှာ ချစ်သူရည်းစား မဖြစ်စေရ အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမန့်ထုပ်ခဲ့သည်။ နှလုံးသားရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့၏ အချစ်ကို နေ့တစ်နေ့အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး Valentineသည် ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်သိသောအခါ ထိုနေ့ ဖေဖေါ်ဝါရီ (၁၄)ရက်တွင် ဘုန်းတော်ကြီးကို အဆုံးစီရင်လိုက်ပါသည်။ ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့ဟု့ ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါသည်။

လူအချို့ရဲ့ ယုံကြည်မှုအရ Valentine's Day ကို ဖေဖော်ဝါရီ လလယ်မှာ ကျင်းပခဲ့ကြတာ အေဒီ ၂၇၀ ၀န်းကျင်ကတည်းက ဖြစ်ပါတယ်။ အချို့က St. Valentine Day စားပွဲသောက်ပွဲ ပျော်ပွဲရွှင်ပွဲများကို ဖေဖော်ဝါရီလလယ်မှာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှာ ကျင်းပကြဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်နိုင်ကြောင်း ယူဆကြပါတယ်။ St. Valentine Day ကို ကိုယ်စားပြုပြီး ခရစ်ယာန် ဘာသာဝင်များရဲ့ Pagan Lupercalia ပွဲတော်များကို ကျင်းပဖြစ်ဖို့ အခွင့်အခါ ကြုံသွားခြင်းလည်း ဖြစ်ပါတယ်။ ရှေးခေတ် ရောမမှာတော့ ဖေဖော်ဝါရီလဟာ နွေဦးပေါက်လာချိန်ဖြစ်ပြီး သန့်စင်ဆေးကြောချိန်လို့ သတ်မှတ်ထားကြပါတယ် အိမ်များမှာ ဘာသာရေးအရ သန့်စင်ဆေးကြောခြင်းများ ပြုလုပ်ကြပြီး ဆားများ၊ Spelt အမည်ရ ဂျုံများနဲ့ ကြဲဖြန့်ထားတတ်ကြပါတယ်။ ဖေဖော်ဝါရီလ ၁၅ ရက်မှာတော့ စိုက်ပျိုးရေးကို ကိုယ်စားပြုတဲ့ ရောမနတ်ဘုရား Faunus ကို ပူဇော်တဲ့ ပွဲတော် ကျင်းပလေ့ရှိသလို ရောမကို ထူထောင်တဲ့ Romulus နဲ့ Remus ကို ပူဇော်ပွဲလည်း ဖြစ်ပါတယ်။ ထိုပွဲတော်ကို စတင်ဖို့ Luperci အဖွဲ့ဝင်များနဲ့ ဘုန်းတော်ကြီးများဟာ Romulus နဲ့ Remus တို့ကို အထွတ်အမြတ်ထားသောအားဖြင့် ကလေးဘ၀က ခိုအောင်းခဲ့ကြတဲ့ ဂူထဲမှာ စုဝေးကြရလေ့ရှိပါတယ်။ ဘုန်းတော်ကြီးများဟာ ဆိတ်ကို ဖွံ့ဖြိုးတိုးတက်မှုအတွက် ယဇ်ပူဇော်ရပြီး ခွေးကို သန့်စင်မှုအတွက် ယစ်ပူဇော် တတ်ကြပါတယ်။ လူငယ် ယောက်ျားလေးများက ဆိတ်သားရေကို ခွာချွတ်ပြီး ယဇ်ပူဇော်မယ့် သွေးထဲစိမ်ပြီး လမ်းများပေါ် ပက်ဖြန်းသွား ကြပါတယ်။ လမ်းတစ်လျှောက် စောင့်နေကြတဲ့ အမျိုးသမီးများနဲ့ ကောက်ပဲသီးနှံများပေါ်ကို ယဇ်ပူဇော်ထားတဲ့ ဆိတ်သားရေမှာ စိမ့်ဝင်နေတဲ့ သွေးများနဲ့ ခပ်သာသာကလေး ပက်ဖြန်းသွားကြပါတယ်။ အကြောက်အလန့်မဖြစ်ပဲ အမျိုးသမီးများဟာ ဆိတ်သားရေများနဲ့ သူတို့ကိုယ်သူတို့ ထိတွေ့စေပါတယ်။ ဆိတ်သားရေက သူတို့ကို နှစ်သစ်မှာ ကောင်းကျိုးတွေပေးမယ်လို့ ယုံကြည်ကြလို့ဖြစ်ပါတယ်။ ဒဏ္ဍာရီအရ အမျိုးသမီးငယ် များဟာ သူတို့အမည်များကို ခရားအိုးငယ်လေးထဲ ထည့်ထားကြပြီး မြို့ရဲ့ ကာလသားများက အဆိုပါခရားအိုးထဲက မိန်းမပျိုလေးများ အမည်ပါရှိတဲ့ စက္ကူလိပ်လေးများကို မဲနှိုက်ကြရပါတယ်။ မိမိရရှိတဲ့ မဲလိပ်ထဲက မိန်းကလေးအမည်ဟာ မိမိရဲ့ ချစ်သူ မိန်းကလေးဖြစ်ပါတယ်။ အဆိုပါ စုံတွဲ ရှာပွဲဟာ လက်ထပ်ပေါင်းသင်းဖြစ်တဲ့အထိ အရေးပါခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St. Valentine Day ကို ဖေဖော်ဝါရီလ ၁၄ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ရောမရဲ့ စုံတွဲရှာဖွေရေး ကံစမ်းမဲ စနစ်သစ်တစ်ခုဖြစ်ခဲ့ပါတယ်။ ထိုစနစ်ဟာ ခရစ်ယာန်မဟုတ်သောသူများနဲ့ ဥပဒေစည်းမျဉ်းပြင်ပက လူများအတွက် ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ခေတ်တွေရွေ့လျားလာပြီး အလယ်ခေတ်အရောက်မှာ အင်္ဂလန်နဲ့ ပြင်သစ်တို့မှာ ဖေဖော်ဝါရီလ ၁၄ ရက်ကို ငှက်များ အဖော်ရှာသော ရာသီအစလို့ ယုံကြည်လက်ခံလာကြပြန်ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်၏ သင်္ကေတဖြစ်သော Valentine's Day ဆိုပြီး ကျင်းပလာကြခြင်းဖြစ်ပါတယ်။ အစောဆုံး Valentine Day အထိမ်းအမှတ် ကဗျာကို Charles Duke of Orleans မှ လန်ဒန်မျှော်စင်ပေါ်မှာ အကျဉ်းကျနေစဉ် သူ့ချစ်ဇနီးထံ ရေးသားပေးပို့ခဲ့ကြောင်း သိရပါတယ်။ Charles Duke of Orleans ဟာ Battle of Agincourt စစ်ပွဲမျာ ဖမ်းဆီးခံရပြီး လန်ဒန် မျှော်စင်ပေါ် အကျဉ်းချခံရသူ ပြင်သစ်လူမျိုးတစ်ဦး ဖြစ်ပါတယ်။ သူ့ကဗျာကို ၁၄၁၅ ခုနှစ်က ရေးသားခဲ့တာဖြစ်ပြီး လန်ဒန်မြို့က ဗြိတိန်စာကြည့် တိုက်က လက်ရေးမူများမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာမြင့်တဲ့အခါ ဟင်နရီ၅ ဘုရင်က စာဆိုတစ်ဦး ငှားရမ်းပြီး သူ့ချစ်သူ Catherine of Valois ထံ Valentine ချစ်သ၀ဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရပါတယ်။ Valentine's Day ရဲ့ သင်္ကေတတွေထဲမှာ ထင်ရှားတဲ့ Cupid (ကျူးပစ်)ဖူးစာရေးနတ်ကလေးကတော့ ကလေးငယ်ကိုယ်ခန္ဓာကို ပိုင်ဆိုင်ပြီး တောင်ပံတစ်စုံနဲ့ နတ်ကလေးပါ။ ကျူးပစ်ဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ သားတော်လေးဖြစ်ပြီး ဂရိ ပုရာဏ်ကျမ်းထဲမှာတော့ Apphrodite ရဲ့ သားတော် Eros လို့ သိကြပါတယ်။
Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပါတယ်။ ၁၈ ရာစုအလယ်မှာ လူမှုအသိုင်းအ၀ိုင်းမှာ ချစ်သူများ အတွက်သာမက ပွဲလမ်းသဘင်နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပါတယ်။ ချစ်သူခင်သူ အချင်းချင်း အမှတ်တရဖြစ်ဖွယ် တိုကင်ကဒ်ပြား များ အပြန်အလှန် ပေးပို့ကြတဲ့ အလေ့အထ ဖြစ်လာပါတယ်။ ရာစုနှစ်အဆုံးမှာ လက်ရေးမူနဲ့ ချစ်သ၀ဏ်လွှာ ရေးပို့ခြင်းများအစား ပုံနှိပ်ထုတ်ဝေ ထားတဲ့ အမှတ်တရကဒ်များဟာ မိမိတို့ ခံစားချက်ကို ရင်ဖွင့်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အချစ်ရေးမှာ သတ္တိကြောင်သူများအတွက် အားကိုးဖော်ရလာတဲ့နည်းသစ်ပါ။ စာပို့ခ သက်သက်သာသာနဲ့ Valentine's Day ရဲ့ အကျိုးသက်ရောက်မှုနဲ့ နာမည်ကြီးမှုဟာ ထိရောက်မှုများ ရှိခဲ့ပါတယ်။ အမေရိကန်များကတော့ လက်လုပ် Valentine's Day လက်ဆောင်များကို ၁၇၀၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ပြုလုပ်ခဲ့ ကြပါတယ်။ ၁၈၄၀ ပြည့်နှစ်များက အမေရိကန်လူမျိုး Esther A. Howland ဆိုသူဟာ ပထမဆုံး Valentine လက်ဆောင် စတင်တီထွင်သူ ဖြစ်ပါတယ်။
Greeting Card Association က ခန့်မှန်းချက်အရ နှစ်စဉ် Valentine လက်ဆောင်ကဒ် တစ်ဘီလီယံကို ပို့သပေးရကြောင်းနဲ့ ခရစ္စမတ်ကဒ်များပြီးလျှင် ဒုတိယအများဆုံး ရောင်းချရတဲ့ အရေအတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ Valentine လက်ဆောင် ၈၅% ကို အမျိုးသမီးများက ပေးချေကြပါတယ်။ အမေရိကမှာ Valentine's Day ကို ကျင်းပကြသလို ကနေဒါ၊ မက္ကဆီကို၊ အင်္ဂလန်၊ ပြင်သစ်နဲ့ သြစတေးလျတို့ အပါအ၀င် ကမ္ဘာနိုင်ငံ အနှံ့အပြားမှာလည်း Valentine's Day ကို ကျင်းပလျက်ရှိပါကြောင်း…။

ပန်းချီဆရာကြီးဘဂျမ်း


ဦးဘဂျမ်း
ဦးဘဂျမ်းသည် စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦးရှိ ပြောင်မြောက်သော ကာတွန်းဆရာတစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ်၊ စစ်ပြီးခေတ်၊ လွတ်လပ်ရေးခေတ်ဦး ပါတီစုံခေတ်ကို ကောင်းစွာ မီလိုက်၍ ထိုခေတ်နိုင်ငံရေးသမား တို့နှင့်

ဦးငွေကိုင်

ဦးငွေကိုင်

ဦးငွေကိုင်(၁၉၁၀-၁၉၆၇)

ဦးငွေကိုင်သည် မြန်မာနိုင်ငံရှိ အလင်္ကာကျော်စွာဘွဲ့ရ ပန်းချီပညာကျော် ဖြစ်ပေသည်။
ဆရာကြီး ဦးငွေကိုင်ကို ၁၉၀၁ ခုနှစ်တွင် မြိတ်မြို့နယ် စန္ဒဝတ်ရွာ၌ ဦးအိုင်ဂုဏ်၊ ဒေါ်စုမတို့က ဖွားမြင်ခဲ့သည်။ ဖခင်က မြိတ်မြို့ စန္ဒဝတ်ရွာ ဇာတိ ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး မိခင်မှာ ထားဝယ်မြို့ ဒေါင်းငူရပ် ဇာတိ ဖြစ်သည်။ မွေးချင်း လေးဦးရှိရာ မောင်ငွေကိုင်၊ မထွန်းအေး၊ မောင့်ကယ်နှင့် မကြီးတို့ ဖြစ်ကြ၏။ မောင်ငွေကိုင်သည် ငယ်စဉ်ကပင် ပန်းချီ ဝါသနာပါသူ ဖြစ်ရာ အင်္ဂလိပ် သတင်းစာများထဲမှ ရုပ်ပုံများကို ကူးယူ ရေးဆွဲလေ့ ရှိသည် ဆို၏။ ငယ်ရွယ်စဉ်တွင် ဖခင် ကွယ်လွန်သွား သဖြင့် မိခင်နှင့် အတူ ထားဝယ်သို့ ပြောင်းရွှေ့ နေထိုင်ရင်း မိခင်၏ အစ်ကိုဖြစ်သူ တောင်ငူ ကျောင်းဆရာတော် ထံ၌ ပညာ ဆည်းပူး လေ့လာခဲ့သည်။ တဖက်မှလည်း အရွယ်နှင့် မလိုက်အောင် ဘဝကို ရုန်းကန် ခဲ့ရသည်။
နယူးယောက်မြို.တွင်ပြသထားသော ဦးငွေကိုင် လက်ရာ

ဘုန်းကြီးပျံပွဲ

ထားဝယ်မြို့ မြောင်းပုလဲရပ် ရွှေဂူကျောင်း ဆရာတော် ဦးဝိစိတ္တ ပျံလွန်တော်မူသော အခါ မဏ္ဍာပ်၊ လောင်တိုက်နှင့် နတ်လမ်း စသည်တို့ကို ရေးဆွဲ လုပ်ဆောင်ရန် ရန်ကုန်မြို့မှ ပန်းချီ ဆရာကြီး ဦးဘိုးအောင် ရောက်ရှိ လာပါသည်။ ထိုအခါ ကိုငွေကိုင်က ဆရာကြီး ဦးဘိုးအောင်ထံ သွားရောက် တပည့်ခံသည်။ ဦးဘိုးအောင်သည် ရန်ကုန်မြို့မှ နာမည်ကျော် ပန်းချီဆရာ ဦးဘအုန်း ရေးဆွဲသော ရေးဆေး ပန်းချီကား လေးချပ်ကို ကိုငွေကိုင် အားထုတ်ပြသည်။ ကိုငွေကိုင်သည် ယင်းပန်းချီကားများကို ကြည့်ရင်း ပန်းချီပညာ ကောင်းစွာ သင်ယူလိုစိတ် ပေါ်ပေါက် လာခဲ့သည်။

ဘုန်းကြီးပျံတွင် ဆရာကြီး ဦးဘိုးအောင် ရေးဆွဲသော ပန်းချီကားများကို အနီးကပ် လေ့လာခွင့် ရရှိသည်။ သို့သော် ပန်းချီဆေးများမှာ အလွန် ရှားပါးလှသဖြင့် ဆရာကြီးက ကိုငွေကိုင်အား ကူညီ ရေးဆွဲခွင့် မပြုခဲ့ပေ။ ပန်းချီ ရေးဆွဲပြီး ဆေးကျန်များကိုမူ ကိုငွေကိုင်ကို ပေးအပ်ခဲ့၏။ ဆရာကြီး ဦးဘိုးအောင် ပြန်သွားသော အခါ ကိုငွေကိုင် ပန်းချီဆေးများ မကုန်မချင်း နေ့ညမရှောင် ပန်းချီ ရေးဆွဲ နေလေတော့သည်။


စာပေးစာယူ သင်တန်း

ထိုအတောအတွင်း ကိုငွေကိုင် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ပန်းချီ သင်တန်းကျောင်းနှင့် ဆက်မိသည်။ မိတ်ဆွေဖြစ်သူ ထားဝယ်မြို့ အေဘီအမ် ကျောင်းအုပ် ဦးမောင်သင်က အစစ အရာရာ ကူညီ ပေးသဖြင့် စာပေး စာယူ ပန်းချီသင်တန်း တက်ဖြစ်သွားခြင်း ဖြစ်သည်။ သုံးနှစ်ကြာ သင်တန်း တက်ပြီးသော အခါ ကိုငွေကိုင် မိမိ အရည်အချင်းကို စမ်းသပ်လိုစိတ် ဖြစ်ပေါ်လာခဲ့သည်။


ရန်ကုန်မြို့သို့

၁၉၂၈ ခုနှစ်တွင် ဦးငွေကိုင် ရန်ကုန်သို့ ရောက်လာသည်။ ရန်ကုန် ရောက်စက ထားဝယ် သမဂ္ဂ အဆောက်အအုံ၌ ခေတ္တ တည်းခို နေထိုင်သည်။ ဦးငွေကိုင်သည် မဂ္ဂဇင်း သရုပ်ဖော် ပန်းချီ လောကသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း နာမည်ရ ပန်းချီ ဆရာများ ရှိနေပြီမို့ မအောင်မြင်ခဲ့ပေ။ သို့ဖြင့် ဆရာရင်း ဦးဘိုးအောင်ထံ သွားကြည့်သည်။ ဦးဘိုးအောင်က ဆရာ ဘဉာဏ်ထံ လမ်းညွှန် လိုက်သဖြင့် ဆရာ ဦးဘဉာဏ်ဆီသို့ သွားရောက်ကာ ပန်းချီ ရေးဆွဲနည်းကို လေ့လာခဲ့သည်။


ဆရာကြီး ဦးဘဉာဏ်

ဦးငွေကိုင်သည် ရန်ကုန်ရှိ ထားဝယ် သမဂ္ဂ၌ တည်းခို နေထိုင်စဉ်ကပင် ပန်းချီဆရာကြီး ဦးဘဉာဏ်ထံ ပညာ ဆည်းပူးခဲ့ခြင်း ဖြစ်၏။ ဆရာကြီး ဦးဘဉာဏ်ကလည်း တပည့်ရင်း အဖြစ် မှတ်ယူကာ ပိုစတာ ရေးဆွဲနည်း ပညာကို စနစ်တကျ သင်ကြားပေး၏။ လက်ရာ သေသပ် စိတ်ချရပြီ ဆိုမှ အေဝမ်း ဦးတင်နွယ်နှင့် ဆက်သွယ် ပေးခဲ့သည်။ ဆရာကြီး ဦးဘဉာဏ်၏ ကြည့်ရှု စောင်မမှုကြောင့် ဦးငွေကိုင် ရုပ်ရှင် ဆက်တင်ကားများ ရေးဆွဲခွင့် ရရှိခဲ့သည်။


[ပြင်ဆင်ရန်​] အိမ်ထောင်သည် ဘဝ

ဦးငွေကိုင် ပန်းချီလောကတွင် တစတစ နာမည် ရလာသော အခါ ရန်ကုန်မြို့ ၁၀ လမ်း၌ အိမ်ငှား၍ အတည်တကျ နေထိုင်ရင်း ပန်းချီ ပညာဖြင့် အသက်မွေး၏။ ထို့နောက် ထားဝယ်သို့ ခေတ္တ ပြန်လာစဉ် ဦးဘကောင်း၊ ဒေါ်ခြူးမယ်တို့ သမီး မငြိမ်းခင်နှင့် အိမ်ထောင် ကျခဲ့သည်။သမီး မစိန်တင်၊ မစိန်ရှင်၊ သား မောင်အုန်း တို့ကို ဖွားမြင်ခဲ့သည်။ ဦးငွေကိုင် အဖို့ ထားဝယ်မြို့တွင် ပန်းချီ ပညာဖြင့် အသက်မွေးရန် အဆင်မပြေ သဖြင့် မိသားစုကို ထားရစ်ခါ ရန်ကုန်သို့ ပြန်ရောက် လာပြန်ပါသည်။


ဂျပန်ခေတ် စစ်မှုထမ်း ဘဝ

ဂျပန်ခေတ်တွင် မြန်မာ့ လွတ်လပ်ရေး တပ်မတော် (ဘီဒီအေ) ဖွဲ့စည်းစဉ် ဗိုလ်ချုပ်အောင်ဆန်းက ဦးငွေကိုင်အား အရပ်သား ဗိုလ်မှူး အဖြစ် စစ်ပန်းချီ ဌာနတွင် ဌာနမှူး ရာထူး ခန့်အပ်ခဲ့ပါသည်။ သူနှင့်အတူ ဦးအမ်တင်အေး၊ ဦးခင်မောင်၊ ဦးကျော်စိုးတို့လည်း ပါဝင်ကြရာ အခြားသူများက စစ်ယူနီဖောင်း ဝတ်ဆင်ကြသော်လည်း ဆရာကြီး ဦးငွေကိုင်ကမူ အရပ်ဝတ်ဖြင့်သာ နေထိုင်ခဲ့သည်။ စစ်ပန်းချီ ဌာနမှူး ဖြစ်စဉ် ရွှေတောင်တိုက်ပွဲ ပန်းချီကားကြီး ရေးဆွဲရန် ရွှေတောင်သို့ ကွင်းဆင်း ခဲ့ရသေး၏။
နိုင်ငံရပ်ခြားသို့ လွတ်လပ်ရေး ရရှိပြီးနောက် ၁၉၅၁ ခုနှစ်တွင် ပန်းချီ ဆရာကြီး ဦးငွေကိုင်အား နိုင်ငံတော် အစိုးရက ပန်းချီပညာ လေ့လာဆည်းပူးရန် နိုင်ငံခြား တိုင်းပြည်များသို့ ရှစ်လကြာ စေလွှတ်ခဲ့ပါသည်။ ဆရာကြီး ဦးငွေကိုင်သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တော်ရှိ ဝိတိုရိယနှင့် အဲလ်ဘတ် ပြတိုက်သို့ ရောက်ရှိစဉ် ရှေးမြန်မာ ပုရပိုက် ပန်းချီများ၊ အသုံးအဆောင်များ ပုံတို့ကို ကူးယူ ရေးဆွဲခဲ့သည်။

[ပြင်ဆင်ရန်​] သမိုင်းဝင် ပန်းချီကားများ

ဆရာကြီး ဦးငွေကိုင်သည် သမိုင်းဝင် ပန်းချီကားချပ်ကြီးများကို ရေးဆွဲခဲ့ရာ နု-အက်တလီ စာချုပ် လက်မှတ် ရေးထိုးပုံ ပန်းချီကားကြီးမှာ ထင်ရှားသော လက်ရာ တခု ဖြစ်၏။ နိုင်ငံတော် အစိုးရက ယင်းသို့ သမိုင်းဝင် ပန်းချီကားကြီးများ ရေးဆွဲရန် ဆရာကြီး ဦးငွေကိုင်ကို ပန်းချီဝန်ရာထူး ခန့်အပ်ခဲ့ပြီး တလ ကျပ် ၁,၀၀၀ ချီးမြှင့် ပေးခဲ့သည်။ သို့သော် ဆရာကြီးက နေ့စဉ်ပုံမှန် ရုံးတက် ရုံးဆင်း အလုပ်မျိုးကို မလုပ်လို သဖြင့် မကြာမီ နုတ်ထွက်ခဲ့သည်။ ဆရာကြီး ဦးငွေကိုင်သည် နိုင်ငံတော် အကျိုးပြု ပန်းချီကားပေါင်း များစွာကို ရေးဆွဲခဲ့ရာ ၁၉၅၄ ခုနှစ်တွင် နိုင်ငံတော် အစိုးရက အလင်္ကာကျော်စွာဘွဲ့ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။


[ပြင်ဆင်ရန်​] ဘဝနိဂုံး

ဆရာကြီး ဦးငွေကိုင်သည် တပည့်များနှင့်အတူ အောက်ဒိုး ထွက်၍ ပန်းချီ ရေးဆွဲလေ့ ရှိသူ ဖြစ်ပါသည်။ ဆရာကြီးသည် နိုင်ငံရေးကို စိတ်ဝင်စားမှု မရှိသော်လည်းအသက် ၆၆ နှစ် အရွယ်တွင် မိတ်ဆွေဖြစ်သူ ဦးဗဆွေ၏ တိုက်တွန်းမှုကြောင့် ဖဆပလ အတွက် စည်းရုံးရေးမှူး အလုပ်လုပ် ဆောင်ခဲ့ရသည်။ ဤသို့ဖြင့် ဆရာကြီး ဦးငွေကိုင် ထားဝယ်သို့ မကြာခဏ ပြန်လည် ရောက်ရှိခဲ့သည်။ ထားဝယ်မြို့သို့ ရောက်ရှိစဉ် အတွင်း စပါးတောင်ဘက်သို့ အောက်ဒိုး ထွက်ကာ ပန်းချီကားများ ရေးဆွဲခဲ့သေး၏။ ယင်းသို့ ရေးဆွဲပြီး ပြန်အလာ နောက်တနေ့ ဖြစ်သော ၃ မတ် ၁၉၆၇ နံနက် ၇ နာရီတွင် ဆရာကြီး ဦးငွေကိုင် ထားဝယ်မြို့၌ ကွယ်လွန် သွားပါသည်။ [1]--Mayor mt 03:40, 14 ဧ​ပြီ 2010 (UTC)

ကိုးကား

  1. (တင်နိုင်တိုး)Weekly Eleven News ဂျယ်နယ်၊ Vol 4, No 41,
၁။ ဦးငွေကိုင်၏ ဘဝနှင့် သူ့ပန်းချီ (မောင်သန်းဆွေ-ထားဝယ်)၊ မဟောသဓာ မဂ္ဂဇင်း အမှတ် (၂-၅)၊ ၂၀၀၆ ဇန်နဝါရီမှ ဧပြီထိ။
၂။ အလင်္ကာကျော်စွာ ဦးငွေကိုင်၊ ယဉ်ကျေးမှု စာစောင်၊ ၁၉၅၅ နိုဝင်ဘာ။
၃။ ပန်းချီ ဆရာကြီး ဦးငွေကိုင်၊ (ဆဋ္ဌမတန်း မြန်မာဖတ်စာသစ်)။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ