.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, June 20, 2011

ဧရာဝတီတိုင်း ဖျာပုံခရိုင် ကျိုက်လတ် မြို့နယ် နတ်စဉ်ဝ ကျေးရွာတွင် ပေါ်တော် မူလာသော ပေါ်တော်မူ စေတီ ဖြစ်စဉ် အကျဉ်း

ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်နိုင်ပါသည်။
ပေါ်တော်မူ စေတီတော် ပေါ်ထွန်း တော်မူရာ ဘုရား ကုန်းတော်သည် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်၊ နတ်စဉ်ဝ ကျေးရွာ အုပ်စု၊ ကွင်းအမှတ် (၁၂၃ AN) ဦးပိုင်အမှတ် ၁၄/၁ အတွင်း လယ်သမားကြီး ဦးမင်းအောင်၏ လုပ်ပိုင်ခွင့်ရ လယ်မြေ အတွင်း တည်ရှိပါသည်။


ဤဘုရား ကုန်းတော်သည် ရှေးနှစ်ပေါင်း (၂၀၀)ကျော်ခန့်က ဘုရားကုန်း ဖြစ်ပါသည်။ ထိုအချိန်က လယ်သမားကြီးများ လယ်ယာမြေကို မီးရှို့လျှင် ဤကုန်းတော်ကြီး ကိုလည်း မီးရှို့၍ ရှင်းလင်း ခဲ့ပါသည်။ ယင်းကာလ နောက်ပိုင်း လယ်သမားကြီး ဦးကျော်သိန်းက ဤကုန်းပေါ်တွင် ကျွဲများသိပ်ခြင်း၊ ကောက်ရိုး ပုံခြင်းများ ပြုလုပ် ခဲ့ပါသည်။ ၁၃၂၆၊ ၁၃၂၇ ခုနှစ်ခန့်က ဘိုးတော်ရသေ့ကြီး(ခေါ်)ရသေ့ကြီး တပါး ရောက်ရှိ လာပြီး ဤကုန်းတော်သည် ရှေးဘုရားကုန်း ဖြစ်သည်။ ငါဘုရား တည်ဖို့ လာခဲ့သည် ဟုဆိုပြီး သူ၏ တပည့်များနှင့် အတူ ကုန်းတော်ပေါ်ရှိ မြေဆွေး၊ ကောက်ရိုး ဆွေးများ ဖယ်ရှားပြီး ကုန်းတော်အား မြေ ညှိ၍ ၁၃၃၁ ခုနှစ်တွင် စေတီတော် တစ်ဆူ တည်ထား ခဲ့ပါသည်။ ၁၃၄၈ ခုနှစ်တွင် ၎င်း စေတီတော် မြေခ ခဲ့ပါသည်။


ထို့နောက် ကုန်းတ်ာပေါ်တွင် ခြုံနွယ်များ မရှိသေး သဖြင့် လယ်သမားများ၊ ပျိုးနှုတ်၊ ကောက်စိုက် သမားများ၊ ထမင်း ဝိုင်းစားခြင်း၊ နားနေခြင်းများ ပြုလုပ် ခဲ့ကြ ပါသည်။ နောက်ပိုင်း ခြုံနွယ်များ ရှုတ်ထွေး လာသော အခါ မည်သူမျှ လာရောက်ခြင်း မရှိပဲ ကြွက်တူး သမား၊ ကြွက်ထောင် သမား၊ ငှက်ပစ် သမားများသာ ရောက်ရှိ ခဲ့ပါသည်။


ယခု ၁၃၇၀ ခုနှစ်၊ တပို့တွဲ လကွယ်နေ့ ညတွင် နတ်စဉ်ဝ ကျေးရွာ၊ အဖ ဦးစံမောင်၊ အမိ ဒေါ်ခင်စိန် တို့၏ သမီး မသန်းသန်းစိုး အသက် (၂၆) နှစ်သည် တညတည်း၌ ညဥ့်ဦး(၂)ခါ ၊ နံနက် လင်းပိုင်း(၁) ခါ ၊ (၃) ခါအိပ်မက် မက်ခဲ့ရာတွင် နင်တို့ရဲ့ မြောက်ဖက် ဘုရား ကုန်းပေါ်မှာ ဘုရားပေါ် နေတယ်။ မယုံလျှင် လိုက်ဖူးဟု ပြောသဖြင့် လိုက်ဖူးခဲ့ရာတွင် စေတီတော် တစ်ဆူလုံး ဖူးတွေ့ခဲ့ ရသည်ဟု အိပ်မက် မက်ခဲ့ပါသည်။ နံနက် မိုးလင်းသော အခါ အိမ်သား အားလုံးကို ပြောပြခဲ့ရာ မသန်းသန်းစိုး၏ မောင် ဖြစ်သူ မောင်သိန်းထိုက်က ဘုရား ကုန်းတော်ကို သွားရောက် ကြည့်ရှုခဲ့ ရာတွင် ငှက်ပျောဖူးဟု ယူဆရသော အရာဝတ္ထု တစ်ခုကို တွေ့ရသဖြင့် ရပ်မိ ရပ်ဖ ဖြစ်သူ ဦးလှကြည်အား အကြောင်းကြားခဲ့ ပါသည်။ ဦးလှကြည်က နတ်စဉ်ဝ ဆရာတော်နှင့် ကျေးရွာ အဖွဲ့အစည်း များမှ ပုဂ္ဂိုလ် များအား ခေါ်ယူကာ ၁၃၇၀ ပြည့်နှစ်၊ တပေါင်းလဆန်း(၅)ရက် ၊ ၂၈.၂.၂၀၀၉ စနေနေ့ ၊ နေ့လည် နှစ နာရီတွင် သွားရောက် ကြည့်ရှုရာ စေတီတော်၏ ငှက်ပျောဖူး တစ်ခုလုံးကို မြေကြီးချိုင့် အတွင်း ဖူးတွေ့ ရပါသည်။ ၄.၃.၂၀၀၉ ရက်နေ့တွင် စေတီတော်၏ သပိတ်မှောက်ထိ ပေါ်ထွက် လာသည်ကို ဖူးတွေ့ ရပါသည်။


(ကျွန်ုပ် ကိုယ်တိုင် ဖူးခဲ့ ရပါသည်။ ဒါကြောင့် သူငယ်ချင်းတွေလဲ ကျွန်ုပ်နှင့် ထပ်တူ ဖူးစေနိုင်ရန် ရွယ်၍ တင်ပြ လိုက်ပါတယ် ။ ဖြစ်နိုင်ရင် ဧရာဝတီတိုင်းထိ သွားရောက်ပြီး ဖူးစေချင် ပါတယ်။)


တင်ပြသူ (ဘေဘီစိန်)

မွေးနေ. ပြောစကား မှတ်တမ်း


ဒေါ်အောင်ဆန်းစုကြည် မွေးနေ. နှင့် သားငယ်


အထူးအစီအစဉ်ဖြင့် အလုပ်သမား မှတ်ပုံတင်လုပ်ရန် ဖိအားပေး

အထူးလျှော့ပေါ့ရေး အစီအစဉ်အရ ထိုင်း-မြန်မာ နယ်စပ် တာ့ခ်ခရိုင် အတွင်းတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ တနှစ်တာ အလုပ်လုပ် နေထိုင်ခွင့်ကို ယခု ဇွန်လ ၁၅ ရက်မှ နောက် ဇူလိုင်လ ၁၄ ရက်နေ့အတွင်း မှတ်ပုံတင်ရန် ထိုင်းအစိုးရက နှိုးဆော်ဖိအားပေးလျက်ရှိပြီး သတ်မှတ်ရက် ကျော်သွားပါက ထိရောက်စွာ အရေးယူမည်ဟု သိရသည်။

Labor-News-13-6-11
မဲဆောက်အလုပ်သမားရုံးမှ အလုပ်သမားမှတ်ပုံတင်ရန် မော်တော်ယာဉ်ဖြင့် လိုက်လံနှိုးဆော်နေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

မဲဆောက် အပါအဝင် တာ့ခ်ခရိုင်အတွင်း တရားမဝင် ရွှေ့ပြောင်း အလုပ်သမားများကို အသုံးပြုနေသည့် အလုပ်ရှင်များသည် အလုပ်သမားများနှင့် အတူ သက်ဆိုင်ရာ အလုပ်သမားရုံးများတွင် သတ်မှတ်ရက်အတွင်း သွားရောက်မှတ်ပုံတင်ရန်၊ မပြုလုပ်ပါက အလုပ်သမားနှင့် အလုပ်ရှင်များကိုပါ ဖမ်းဆီး အရေးယူမည်ဖြစ်ပြီး အလုပ်ရှင်များကို ဒဏ်ငွေ ဘတ် ၁ သောင်းမှ ၁ သိန်းအထိ ဒဏ်ရိုက်မည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဌာနက မော်တော်ယာဉ်ဖြင့် လိုက်လံ ကြေညာလျက်ရှိသည်။

မြန်မာရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်ရှိသည့် မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်တွင် အလုပ်သမားများ မှတ်ပုံတင်သည့် အရေအတွက်မှာ ၂ သောင်း ခန့်သာရှိသည်ဟု မဲဆောက် အလုပ်သမားရုံး၏ စာရင်းများအရ သိရသည်။

မဲဆောက်မှ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့်ရှိသည့် အထည်ချုပ်စက်ရုံမှ မန်နေဂျာတဦးက “အလုပ်ရှင်ကတော့ အလုပ်သမား မှတ်ပုံတင်မယ့်ကိစ္စကို ဘာမှမပြောဘူး။ ကျနော်တို့အလုပ်ရုံက အလုပ်သမားတွေ အရင်ကလည်း မှတ်ပုံမတင်ကြဘူး။ ဒီလိုပဲ လုပ်နေကြတာပဲ။ အလုပ်သမား လက်မှတ်လုပ်တာက တနှစ်ကို ဘတ် ၃၀၀၀ လောက်ကုန်မယ်။ ဒီမှာက လုပ်အားခ တနေ့ကို ဘတ် ၆၀ (ကျပ် ၁၅၀၀)၊ ဘတ် ၇၀ (ကျပ် ၁၇၅၀) လောက်ပဲ ရကြတော့ လုပ်ချင်တဲ့လူက မရှိသလောက်ပဲ။ အလုပ်ရှင်ကတော့ သူ့စက်ရုံအတွက် အာဏာပိုင်တွေကို လစဉ်ကြေး ပုံမှန်ပေးတဲ့နည်းနဲ့ပဲ ဖြေရှင်းတယ်” ဟု ရှင်းပြသည်။

တာ့ခ်ခရိုင်အတွင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတ်မှတ်ပေးထားသည့် အနိမ့်ဆုံး တနေ့လုပ်အားခမှာ ၁၆၂ ဘတ် (၄၀၅၀ ကျပ်) ဖြစ်သော်လည်း မဲဆောက်ရှိ အထည်ချုပ်စက်ရုံ ၂၀၀ ခန့်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁ သိန်းခန့်၏ တနေ့တာ လုပ်အားခမှာ ဘတ် ၆၀ မှ ၁၀၀ အောက်တွင်သာ ရရှိကြသည့်အတွက် အလုပ်သမားလက်မှတ် လုပ်သည့်ကိစ္စကို အလုပ်သမားများ စိတ်ဝင်စားမှု နည်းပါးခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့များက ပြောသည်။

တာ့ခ်ခရိုင်အတွင်း အလုပ်သမား မှတ်ပုံတင်သည့် လုပ်ငန်းစဉ်သည် ထိုင်းအစိုးရ၏ ထိရောက်သည့် ကိုင်တွယ်မှုမရှိပါက ယခင်ကဲ့သို့ပင် မအောင်မြင်နိုင်ဟု မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသည့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။

၎င်းက “ဒီကိစ္စ မူကောင်းတယ်၊ လူဖြစ်တဲ့ မြန်မာအလုပ်သမားတွေက လိုက်ပါနိုင်မှု အားနည်းတယ်။ မဲဆောက်ဒေသမှာ တရားဝင်သတ်မှတ်ထားတဲ့ လုပ်အားခ ၁၆၂ ဘတ်ကို မရကြဘူး။ ဒီကိစ္စ အောင်မြင်စေချင်ရင်တော့ အလုပ်ရှင်တွေက ကုန်ကျငွေကို အရင်စိုက်ပေးရမယ်။ ထိုင်းအစိုးရဘက်ကလည်း မှတ်ပုံတင်ခကို သိသိသာသာ လျှော့ပေးရမယ်။ အဲလိုမှ မဟုတ်ရင်တော့ အရင်ကလုပ်သလိုပဲ ဘာမှသိသာများပြားလာမှာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစုက အလုပ်သမား မှတ်ပုံတင်အစား ထိုင်းနှင့် နှစ်နိုင်ငံ သဘောတူညီချက်အရ မြန်မာနိုင်ဘက်က ထုတ်ပေးသည့် ၂ နှစ်ဗီဇာ သက်တမ်းရှိ ယာယီ နိုင်ငံကူးလက်မှတ်ကိုသာ လျှောက်ထားရန် စိတ်ဝင်စားကြသည်ဟု အလုပ်သမားများက ပြောသည်။

ဘန်ကောက်မြို့အနီး ပထုံဌာနီရှိ ပလပ်စတစ်စက်ရုံမှ စောကူးက “ဘန်ကောက်မှာရှိတဲ့ လူတွေလည်း ဒီတနှစ်ခံ အလုပ်သမားလက်မှတ်ကို စိတ်ဝင်စားတဲ့လူ နည်းသွားပြီ။ ဘတ် ၃၀၀၀ လောက် ကုန်တဲ့အပြင် ဘယ်မှလည်း သွားလာခွင့်မရှိဘူး။ ဒါကြောင့် မြန်မာဘက်က ထုတ်ပေးတဲ့ ယာယီနိုင်ငံကူးလက်မှတ်ကိုပဲ လျှောက်ကြတယ်။ ၂ နှစ် သက်တမ်းဗီဇာအတွက် အပြီးအစီးမှ ဘတ် ၈၆၀၀ ပဲကျတယ်။ ထိုင်းတနိုင်ငံလုံး အချိန်မရွေး ခရီးသွားခွင့်ရှိတယ်။ အခုဆို အလုပ်သမားတွေ ကိစ္စကြီးငယ်ရှိရင် ဒီလက်မှတ်နဲ့ မြန်မာဘက် အချိန်မရွေး ပြန်လို့ရတယ်” ဟု ပြောသည်။

မဲဆောက်ရှိ အလုပ်သမားတချို့က မြန်မာဘက်မှ ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ်ကို လျှောက်ထားလိုသော်လည်း အလုပ်ရှင်အများစုက ခွင့်ပြုခြင်းမရှိဟု မဲဆောက်ရှိ ကုန်တိုက်တခုမှ မြန်မာ အရောင်းစာရေးမတဦးက ဆိုသည်။

မဲဆောက်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက အလုပ်သမားများကို မှတ်ပုံတင်ပေးသည့် သတ်မှတ်ရက်ကုန်ဆုံးလျှင် မဲဆောက်ဒေသအတွင်း တရားမ၀င် အလုပ်သမားများကို ဖမ်းဆီးမည့် အထူးစစ်ဆင်ရေးတရပ် ရှိသည်ဟု ပြောသည်။

ထိုင်းနိုင်ငံ၏ ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး ဥပဒေအရ တရားမ၀င် အလုပ်သမားတဦးကို စေခိုင်းသည့် အလုပ်ရှင်သည် ပြစ်ဒဏ်အနေဖြင့် ဒဏ်ငွေဘတ် ၁ သောင်းမှ ၁ သိန်း အထိ ပေးဆောင်ရမည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိရှိသည်ဟု မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူများက ခန့်မှန်းပြောဆိုသည်။

လူပွဲစားလက်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ အလုပ်သမား ၅၄ ဦး ထိုင်းရဲ လွှတ်ပေး

ထိုင်းနိုင်ငံ ဆဖန်ဘူရီခရိုင်က အိမ် ၃ လုံးမှာ ပြန်ပေးငွေနဲ့ ရွေးယူဖို့ လူမှောင်ခိုပွဲစားတွေက ဖမ်းဆီးထားတဲ့ မြန်မာအလုပ်သမား ၅၄ ဦးကို ထိုင်းအာဏာပိုင်တွေက ပြန်လွှတ်ပေးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က မနေ့က ပြောပါတယ်။
(Photo: AFP)
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)
တချိန်ထဲမှာလည်း မြန်မာ ၂ ဦးအပါဝင် ထိုင်း ၄ ဦးပါတဲ့ အဲဒီလူမှောင်ခိုအဖွဲ့ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး တရားမ၀င် ဖမ်းဆီးချုပ်နှောင်မှု၊ အတင်းအကြပ် ငွေကြေးတောင်းခံမှုတွေနဲ့ ဖမ်းဆီး အရေးယူလိုက်ပါတယ်။ လူပွဲစားတွေဟာ မြန်မာ အလုပ်သမားတွေကို ဒီ အိမ် ၃ လုံးမှာ ရက်အနည်းငယ် ချုပ်နှောင်ထားခဲ့တယ်လို့ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး ဒေသဆိုင်ရာ ရဲမင်းကြီး ဗိုရာပေါင်းက ပြောပါတယ်။ ဒါပေမယ့် အခု မြန်မာ အလုပ်သမား ၅၄ ဦးကိုလည်း ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်မှုနဲ့ တရား စီရင်ပြီး ပြည်နှင်ဒဏ်ပေးမယ်လို့လည်း သူက ပြောပါတယ်။ ဒီလူမှောင်ခိုဂိုဏ်းကို ဖမ်းဆီးခံရတဲ့ အလုပ်သမားတွေထဲက တဦးရဲ့ ဆွေမျိုး နီးစပ်သူ တဦးက သတင်းပေးချက် အရ ထိုင်းရဲက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ တချိန်ထဲမှာလည်း ထိုင်းနိုင်ငံ တပ်ခရိုင် အနောက်ဖက်မှာ ထရပ်ကားငယ်တွေမှာ တင်ခေါ်လာတဲ့ တရားမ၀င် မြန်မာ အလုပ်သမား ၇၆ ဦးကို ဖမ်းဆီးခဲ့ သလို နောက်ထပ် မြန်မာ အလုပ်သမား ၁၀၀ ခန့်လည်း မြို့တော် ဘန်ကောက် အနီးမှာ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အလုပ်သမား ၂ သန်းခန့်ရှိပြီး အများစုဟာ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေကဖြစ်ပါတယ်။

RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

မြန်မာအိမ်ဖေါ်များ ကိစ္စ အိုင်အယ်လ်အို ဆွေးနွေး

2011-06-17
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မှတ်ပုံတင်နိုင်ရေး ကိစ္စ နဲ့  အိမ်ဖေါ် အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်ဖို့ အတွက် အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ ချုပ် (ILO) က မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမား အဖွဲ့ အစည်းတွေနဲ့  ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက ခေါ်ယူ တွေ့ ဆုံ ဆွေးနွေးခဲ့ ပါတယ်။
(Photo: AFP)
မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
ထိုင်းနိုင်ငံ အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ လွတ်လပ်စွာ သွားလာခွင့် မိမိတို့ ပိုင်ဆိုင်တဲ့ နိုင်ငံကူး လက်မှတ် လက်ဝယ် ကိုင်ဆောင်ထားနိုင်ခွင့် အပတ်စဉ် အားလပ်ရက် ရရှိခွင့် တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေး စောင့်ရှောက်ခွင့် အထူးသဖြင့် အမျိုးသမီး အလုပ်သမားတွေ သားဖွားတဲ့ အခါမှာ ကုန်ကျစားရိတ် နည်းပါးရေး အတွက် နှစ်စဉ် ကျန်းမာရေး စောင့်ရှောက်မှု စားရိတ် ပေးဆောင်ထားရင် သက်သာနိုင်တဲ့ အကြောင်းတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့  ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက ပြောပါတယ်။ တချိန်တည်းမှာပဲ မနေ့ က အိုင်အယ်လ်အို ညီလာခံကနေ အိမ်ဖေါ် အလုပ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို အကာအကွယ် ပေးနိုင်မယ့် ပြဌာန်းချက် တရပ် ချမှတ်ခဲ့ပါတယ်။ အဲဒီ ပြဌာန်းချက်ကိုလည်း ထိုင်းနိုင်ငံက ထောက်ခံကြောင်း မဲပေးခဲ့ပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာ အိမ်ဖေါ် အလုပ်သမားတွေဟာ ရပိုင်ခွင့်တွေ ရဖို့ ဆိုရင် ထိုင်းအစိုးရ အနေနဲ့  လက်မှတ်ရေးထိုးပြီး ထိုင်းပြည်တွင်း အလုပ်သမား ဥပဒေကိုလည်း ပြင်ဆင်ဖို့ လိုအပ်နေသေးကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံမှာ ရှိနေတဲ့ မြန်မာ နိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေ အနေနဲ့ တရားဝင် မှတ်ပုံတင်နိုင်ပြီး အလုပ်လုပ်နိုင်ခဲ့ရင် သူတို့ အတွက် လုံခြုံရေး နဲ့ လုပ်ခ လစာလည်း ထိုင်းနိုင်ငံက သတ်မှတ်ချက် အတိုင်း ရရှိလာနိုင်မှာ ဖြစ်ကြောင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေး အစည်းအဝေး တက်ရောက်ခဲ့တဲ့ အိုင်အယ်လ်အို အပါအ၀င် ကျန်တဲ့ နိုင်ငံတကာ အဖွဲအစည်းတွေက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဂျော်ဒန်အလုပ်သမားပို့တဲ့ အေဂျင်စီ အပိတ်ခံရ

2011-06-19
သဘောတူညီချက်အတိုင်း အလုပ်သမားခံစားခွင့် အာမ,ခံ မပေးနိုင်ခဲ့တဲ့ ပြည်ပ အလုပ်အကိုင် ရှာဖွေပေးရေး အလုပ်သမား အေဂျင်စီတခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက အာဏာပိုင်တွေက ပိတ်လိုက်တယ်လို့ သိရပါတယ်။
(Photo: AFP)
နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်လိုသည့် မြန်မာ အမျိုးသား၊ အမျိုးသမီးများ ရန်ကုန်မြို့ရှိ အလုပ်သမား အေဂျင်စီတခုရှေ့တွင် စုပြုံ တိုးဝှေ့နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဧပြီလကုန်ပိုင်းက ဂျော်ဒန်နိုင်ငံ ဟာဆန်မြို့ အိုအေစစ် အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမားတွေက အလုပ်သမား ရပိုင်ခွင့်အတွက် ဆန္ဒပြခဲ့ကြပါတယ်။ ဒီသတင်းကို မီဒီယာတွေက ဖော်ပြခဲ့ကြပြီးနောက် ဒီအလုပ်သမားတွေကို စေလွတ်ခဲ့တဲ့ ရန်ကုန်မြို့က ‘စည်းစိမ်သစ်’ အလုပ်သမား အေဂျင်စီကို အလုပ်သမား ဝန်ကြီးဌာနက စစ်ဆေးပြီး လုပ်ငန်းလိုင်စင် ရုပ်သိမ်းလိုက်တာလို့ အလုပ်သမား အေဂျင်စီတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဂျော်ဒန်နိုင်ငံ ဟာဆန်မြို့မှာ အမျိုးသမီးလုပ်သား ၂ဝဝ အပါအဝင် မြန်မာအလုပ်သမား ၂၃၅ ယောက်ဟာ လစာနဲ့ ရပိုင်ခွင့်တွေ အတွက် ဧပြီလ ၂၄ ရက်နေ့မှာ တခြားနိုင်ငံသား အလုပ်သမားတွေနဲ့ ပူးပေါင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

တဆက်ထဲမှာ မလေးရှားနိုင်ငံကို ဗီဇာ၊ ခေါ်စာအတုတွေနဲ့ အလုပ်သမားတွေ စေလွတ်နေတယ် ဆိုပြီး မလေးရှားသံရုံးက တိုင်ကြားထားတဲ့ မြန်မာအလုပ်သမား အေဂျင်စီ ၈ ခုကိုလည်း အလုပ်သမား ဝန်ကြီးဌာနက စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာကွန်ရက် စာမျက်နှာ လွှင့်တင်

2011-06-19
နိုင်ငံတကာက မြန်မာ့အရေး ကူညီ ဆောင်ရွက်သူတွေနဲ့ ချိတ်ဆက်နိုင်ဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတကာ အင်တာနက်ကွန်ရက် စာမျက်နှာတခုကို ဒီကနေ့ နေ့စွဲနဲ့ ဖွင့်လှစ် ထုတ်ဝေလိုက်ပါတယ်။
burmese.assknetwork.org
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်မြောက် မွေးနေ့တွင် စတင် လွှင့်တင်ထုတ်ဝေလိုက်သည့် Aung San Suu Kyi International Network အင်တာနက်စာမျက်နှာ။ (burmese.assknetwork.org)
Aung San Suu Kyi International Network လို့ အမည်ပေးထားတဲ့ ဒီ အင်တာနက်စာမျက်နှာကို လွှင့်တင်ရာမှာ ဒေါ်အောင်ဆန်းစုကြည်က… လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ ကမ္ဘာကြီးတခု ဖြစ်ပေါ်လာဖို့ ကြိုးပမ်းရာမှာ လူလူချင်း သတင်းအချက်အလက် ဆက်သွယ် စီးဆင်းနေဖို့ အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး တရားမျှတရေးနဲ့ သာယာဝပြောရေး အတွက် အင်အားတွေ စုစည်းရမှာ ဖြစ်ကြောင်း၊ ဒီကွန်ရက်ကနေ မြန်မာနိုင်ငံမှာ ဒီကနေ့ ကြုံတွေ့နေရတဲ့ ပြဿနာတွေ အဖြေရှာနိုင်ဖို့ စိတ်ကူးနဲ့ အကြံအစည်တွေ၊ အမြင်တွေ ဖလှယ်နိုင်ကြမယ်လို့ မျှော်လင့်ကြောင်း အင်္ဂလိပ်ဘာသာနဲ့ နှုတ်ခွန်းဆက်စကား ရေးသားထားပါတယ်။

ဒီ အင်တာနက်စာမျက်နှာကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်မြောက် မွေးနေ့ပွဲ အချိန်မှာ လွှင့်တင်တာဖြစ်ပြီး ပထမဆုံး စာမျက်နှာမှာ အမေရိကန် အထက်လွှတ်တော်အမတ် Richard Lugar ၊ Beatles တေးဂီတအဖွဲ့က ကွယ်လွန်သူ John Lennon ရဲ့ဇနီး လူ့အခွင့်အရေး လှုပ်ရှားသူ Yoko Ono တို့ရဲ့ မွေးနေ့ဆုတောင်းတွေကို ဖော်ပြထားပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်ကိုသာ KIA လိုလား


ကချင်လွတ်လပ်ရေး တပ်မတော်နဲ့ မြန်မာစစ်တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို အမှန်တကယ် ရပ်ဆိုင်းကြပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးလိုကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ကချင်ပြည်နယ် ၀န်ကြီးချုပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို စကားပြန်လိုက်ပါတယ်။ ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဟောင်း ဦးသိန်းဇော်က သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ကို ကချင်လွတ်လပ်ရေးအဖွဲ့ အခြေစိုက်ရာ လိုင်ဇာကို စေလွှတ်ပြီး အပစ်အခတ် ရပ်စဲထားကြောင်း ပြောကြားခဲ့တဲ့ အခါမှာ KIO ဘက်က စကားပြန်လိုက်တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အခြေစိုက်ရာ လိုင်ဇာဌာနချုပ်ကို ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးဟောင်း ဦးသိန်းဇော်က သူ့ရဲ့ ကိုယ်စားလှယ်အဖွဲ့ အဖြစ် ကချင် အတိုင်ပင်ခံ အဖွဲ့ဝင် ၄ ဦးကို စေလွှတ်ပြီး မြန်မာစစ်တပ်တွေကို အပစ်အခတ် ရပ်စဲဖို့ ညွှန်ကြားထားပြီ ဆိုပြီး ပြောကြားစေခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က အခုလို ပြောပါတယ်။
“ဆွေးနွေးတဲ့အပိုင်းတော့ မဟုတ်ဘူးခင်ဗျ။ ၀န်ကြီးဟောင်း ဦးသိန်းဇော်ကနေ ကချင်အတိုင်ပင်ခံ အဖွဲ့က ပုဂ္ဂိုလ် ၄ ဦးကို စေလွှတ်လိုက်တာပါ။ စေလွှတ်လိုက်တာကလည်း ဦးသိန်းဇော်က နေပြီးတော့ သူ့ရဲ့သဘောထားကို လာပြီးတော့ ပြောပြခိုင်းတဲ့ အပိုင်းပါပဲ။ သူ့သဘောထားကတော့ ကျနော်တို့ဒေသမှာ အပစ်အခတ် ရပ်ဆိုင်းပြီး လုံးဝ ငြိမ်းချမ်းရေး ဖြစ်တဲ့အထိ ဆွေးနွေးသွားရအောင် ဆိုတဲ့ အပိုင်းတွေပါ။
“သူပြောဆို ပါးလိုက်တဲ့ စကားမှာတော့ သူက သမ္မတကြီး ဦးသိန်းစိန်နဲ့ တွေ့ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါတဲ့ဟာလည်း ပြောဆိုသွားတယ်။ အဲဒီကျတော့ အစိုးရ အဖွဲ့ဝင်ထဲမှာ မပါပေမဲ့

ငြိမ်းချမ်းရေးသာ လိုချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

2011-06-19
ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ် မြောက် မွေးနေ့မှာ မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
AFP PHOTO/Soe Than WIN
မွေးနေ့ဆုတောင်းအဖြစ် ငြိမ်းချမ်းရေးကိုသာ လိုချင်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်သည့် ၆၆ နှစ်မြောက် မွေးနေ့ အခမ်းအနားတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါသည်။ (AFP PHOTO/Soe Than WIN)
“ကျမကို မွေးနေ့ဆုတောင်း ဘာလိုချင်လဲ ဆိုလို့ရှိရင် ကျမတို့နိုင်ငံမှာ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့၊ အေးအေးဆေးဆေးနဲ့၊ သာသာယာယာနဲ့၊ ဝဝပြောပြောနဲ့ နေနိုင်ဖို့ … အဲဒီတော့ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ သာယာဖို့ ဆိုတာ ပထမဦးဆုံးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။ အဲဒီတော့ ကျမရဲ့ မွေးနေ့ဆုတောင်းကတော့ ကျမတို့ အားလုံး ငြိမ်းချမ်းကြပါစေ ဆိုတဲ့ ဆုတောင်းပါပဲ”

ရန်ကုန်မြို့ NLD ဌာနချုပ်မှာ ကျင်းပတဲ့ မွေးနေ့ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ပြောကြားလိုက်တဲ့ စကားပါ။

မြန်မာနိုင်ငံမှာ အခုရက်ပိုင်း ပြန်စနေတဲ့ ပြည်တွင်းစစ်မီး ငြှိမ်းသတ်ဖို့၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နိုင်ဖို့နဲ့ ငြိမ်းချမ်းရေး ရဖို့ အားလုံးက ဝိုင်းဝန်းကူညီကြပါလို့ ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံလိုက်ပါတယ်။

ဒီလို ဝိုင်းဝန်း ကူညီရာမှာ စလုပ်ရမယ့် အလုပ်က အတွေးအခေါ် ပြောင်းလဲရမှာ ဖြစ်တဲ့အတွက် လူတိုင်းလူတိုင်းမှာ ငြိမ်းချမ်းရေး ဆိုတဲ့ အတွေးအခေါ် ပြုစုပျိုးထောင်ကြဖို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ