.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, July 6, 2011

ဟိုပင်မြို့ဘူတာရုံအနီး ဗုံးပေါက်ကွဲ

ကချင်ပြည်နယ် ဟိုပင်မြို့ဘူတာရုံ အနီးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရထား သံလမ်းများ ပျက်စီး သွားသည်ဟု ဒေသခံများက ပြောသည်။

ဟိုပင်ဘူတာရုံ၏ မြောက်ဖက် ကိုက်လေးဆယ်ခန့် အကွာရှိ သံတံတားအနီးတွင် ယမန်နေ့ ည ၈

မြန်မာအတိုက်အခံများ စိတ်ပူစရာ ထိုင်းအစိုးရသစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒီမိုကရေစီ လိုလားသော မြန်မာအတိုက်အခံများက ၎င်းတို့အပေါ် ထားရှိမည့် ထိုင်းနိုင်ငံ အစိုးရသစ်၏ မူဝါဒကို စိတ်မအေးနိုင်ကြသလို၊ ၎င်းတို့၏ မိတ်ဆွေများကလည်း စိုးရိမ်မှု

Monday, July 4, 2011

အောက်ခြေမှာ စစ်အုပ်ချုပ်ရေးအတိုင်း ဆက်ဖြစ်နေဟု ဦးအေးလွင်ပြော

Published on July 4, 2011 by ​အေး​နိုင်   ·  ဒီဗွီဘီမှကူးယူဖော်ပြသည်
အောက်ခြေအာဏာပိုင်တွေရဲ့ ဆောင်ရွက်ချက်တွေဟာ စစ်အုပ်ချုပ်ရေးပုံစံအတိုင်း ဖြစ်နေပြီး သမ္မတဦးသိန်းစိန်အစိုးရကလည်း အပြောင်းအလဲလုပ်ဖို့ ပျက်ကွက်နေတယ်လို့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က ပြောပါတယ်။
ဦးအေးလွင် (ဓာတ်ပုံ-အေအက်ဖ်ပီ)
သူတို့ပါတီဝင်တွေ ဧရာဝတီတိုင်းမှာ ပါတီစာစောင်ဖြန့်ဝေရေးအတွက် သွားရောက်ရာ လမ်းတလျှောက်မှာ အောက်ခြေအာဏာပိုင်တွေက ဧည့်စာရင်းစစ်တာ၊ တားမြစ်နှောင့်ယှက်တာတွေရှိသလို ပါတီထုတ်စာစောင်တွေကို ဖြန့်ဝေရာမှာ အနှောင့်အယှက်မျိုးစုံ ကြုံတွေ့နေရတယ်လို့

ခရမ်းမြို့နယ်က မတရားရုံး

Published on July 4, 2011 by ဒီဗွီဘီ   ·   2 Comments
ခရမ်းမြို့နယ် တရားသူကြီး ဦးပန်းစိန်ဟာ တရားစီရင်ရာမှာ ငွေကြေးတွေ ရယူပြီး မမှန်မကန် ပြုလုပ်နေလို့ ငွေကြေးတတ်နိုင်သူတွေအတွက် လွှတ်တော်ရုံးဖြစ်ပြီးတော့ ငွေကြေးမတတ်နိုင်သူတွေအတွက်တော့ မတရားရုံးဖြစ်နေတယ်လို့ ပြည်သူတွေက ခေါ်ဝေါ်နေကြပါတယ်။
ဦးပန်းစိန်ဟာ ငွေကြေးရရှိတဲ့ အမှုတွေဆိုရင် ပြစ်ဒဏ်ကို လျှော့ပေါ့ပြီးတော့ ငွေကြေး မရရှိတဲ့သူတွေဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခဲ့ပါတယ်။ သာဓက ပြောရရင် ဇွဲကပင်ချောင်းအတွင်းမှာ ငါးဖမ်းသူ စိုမြင့်ကို ငွေကြေး မရရှိတဲ့အတွက် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။ ပုဒ်မ ၃၇ ယာဉ်တိုက်မှုကို တရားခံဘက်မှ ငွေကြေးရရှိတဲ့အတွက် လွှတ်ပေးခဲ့ပါတယ်။ ပုဒ်မ ၃၇၆ မုဒိမ်းမှုကိုလည်း ငွေကြေးရရှိတဲ့အတွက် လွှတ်ပေးခဲ့ပါတယ်။
ဦးပန်းစိန်ဟာ ရှေ့နေမြင့်ဇော်နဲ့ ပေါင်းပြီး အမှုသည်တွေကို ငွေကြေးရယူပြီးတော့ အနိုင်ပေးပါတယ်ခင်ဗျ။ တရားခံဆီက ငွေကို ရှေ့နေ ဦးဝင်းထွန်းကတဆင့် လက်ခံပြီးတော့ တရားခံကို ပြစ်ဒဏ်ချမှတ်တဲ့အတွက် ဦးဝင်းထွန်းက အထက်ဌာနကို တိုင်မယ်ပြောတဲ့အခါမှ ဦးပန်းစိန်က ရုံးခန်းမှာ ခေါ်ယူဆွေးနွေးပြီးတော့ မတိုင်ဖို့ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ် ပြောပြီး နောက်ပိုင်းမှာ ဦးဝင်းထွန်းလိုက်တဲ့ အမှုသည်တွေကို အနိုင်ပေးပါတယ်ခင်ဗျ။
တရားဥပဒေ စိုးမိုးရေးကို နိုင်ငံတော်က အဓိက ထားနေပေမယ့် တရားစီရင်ရာမှာ ငွေကြေးမျက်နှာတခုတည်းကြည့်တဲ့ အကျင့်ပျက်မြို့နယ် တရားသူကြီး ဦးပန်းစိန်ကို သက်ဆိုင်ရာက ထိရောက်စွာ အရေးယူပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။
ခရမ်းပြည်သူတဦး

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယအကျော့ မွန်ဂိုလီးယားကို မြန်မာနိုင်

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ယမန်နေ့က ရန်ကုန်မြို့ရှိ သုဝဏ္ဏအားကစားကွင်း၌ ကျင်းပသည့် ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ ဒုတိယ အကျော့ပွဲစဉ်တွင် မွန်ဂိုလီးယား လက်ရွေးစင် ဘောလုံးအသင်းကို ၂ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။ ဂိုးများကို ဒုတိယပိုင်း ၆၁ မိနစ်တွင် ပိုင်စိုးကလည်းကောင်း၊ ဒုတိယ အနိုင်ဂိုးကို ၈၈ မိနစ်တွင် မိုင်းအိုက်နိုင် က လည်းကောင်း သွင်းယူခဲ့ခြင်းဖြစ်သည်။ ပထမအကျော့ ပွဲစဉ်တွင် မြန်မာက မွန်ဂိုလီးယား အသင်းအား(၁-၀)ဂိုးဖြင့် ရှုံးနိမ့်ထား သည်။ ထိုရှုံးနိမ့်မှုကြောင့် နည်းပြချုပ် မီလန် ဇီဗာဒီနိုဗစ်အား ထုတ်ပယ်ခဲ့ပြီး အုပ်ချုပ်သူအဖြစ် ဦးတင်မြင့်အောင်၊ နည်းပြချုပ် အဖြစ် ဦးဆန်းဝင်းတို့အား ခန့်အပ်ခဲ့သည်။

စစ်တိုင်းမှူးများ အပြောင်းအလဲလုပ်

E-mail Print
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က လက်ရှိ စစ်တိုင်းကြီးများအား တာဝန်ယူနေသည့် တိုင်းမှူးများကို ပြီးခဲ့သည့် သောကြာနေ့က နေရာ အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
ထိုပြောင်းလဲမှုတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် တင်မောင်ဝင်းတို့ ပါဝင်ကြောင်း စစ်ဘက်နှင့် နီးစပ်သူ တဦးကပြောသည်။

“ကာချုပ်က အသစ်ဆိုတော့ သူထားချင်တဲ့ သူတွေကိုအဲဒီနေရာမှာထားဖို့လုပ်တာ၊ ဘာအကြောင်းပြချက်မှမပေးဘူး”ဟု ၎င်းကဆို သည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် စစ်တပ် လေးလပတ် အစည်းအဝေးတွင်

ဒေါ်အောင်ဆန်းစုကြည် ပုဂံခရီးစဉ် တိုက်ရိုက်တင်ဆက်မှု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂံမြို့ဟောင်း ခရီးစဉ်နှင့် ပတ်သက်ပြီး မဇ္ဈိမက အချိန်နှင့် တပြေးညီ သတင်းထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ဒေါ်စုကို ပန်းစည်းမကမ်းရန် ညွှန်ကြား
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ်
ပုဂံနှင့် ညောင်ဦး ဘုရား၊ စေတီပုထိုးများသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမျှော်လျှင် ဘုရားဂေါပက အဖွဲ့ဝင်များ ကြိုဆိုခြင်း၊ ပန်းစည်းကမ်းခြင်း မပြုရန် ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားသည်။

“ဘုရားလူကြီးတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ဘုရားဖူး တက်လာရင် ပန်းစည်းပေးတာတို့၊ ကြိုဆိုတာတို့ မလုပ်ရဘူးလို့ ပြောတယ်။ ကျနော်တို့ ဈေးသည်တွေတော့ မပေးနဲ့ ဘာညာ ပြောမထားဘူး” ဟု ညောင်ဦးရှိ
 ရွှေစည်းခုံ စေတီမုခ်ဦးတွင် ပုဂံအမှတ်တရ လက်ဆောင်များ ရောင်းနေသည့် ဈေးသည်တဦးက မဇ္ဈိမကို ပြောသည်။
ညောင်ဦးဈေးသည်များ ပန်းစည်းဖြင့် ကြို
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၇ နာရီ ၀၅ မိနစ်
ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာမနက်ပိုင်းတွင် ပုဂံ၊ ညောင်ဦးသို့ ဘုရားဖူးခရီးစဉ် ရှိကြောင်း ပြည်ပအခြေစိုက်
 ရေဒီယို သတင်းဌာနများမှတဆင့်သာ ညောင်ဦးမှ ဈေးသည်များ ကြားသိရပြီး၊ ယနေ့မနက်တွင် ပုဂံရှိ မနူဟာ ဘုရားပေါ်၌ ပန်းစည်းများနှင့် သွားရောက် စောင့်ဆိုင်းခဲ့ကြသည်။

“ဒီနေ့ နေ့လည် ၂ နာရီလောက်ထိ သွားစောင့်သေးတယ်။ မလာတာနဲ့ ပြန်လာတာ။ မနက်ဖြန် သွားပြီး
 ပြန်စောင့်ကြမယ်။ ပန်းစီးတွေ ပေးကြမယ် ပြောတယ်။ ရုပ်ရှင်မင်းသား မင်းသမီးတွေက ကြည့်ရတာ လွယ်တယ်။ ကျမတို့ ဗိုလ်ချုပ်သမီးက တသက်မှာ တခါကြည့်ရဖို့ မလွယ်ဘူး။ မြင်ဘူးချင်လွန်းလို့” ဟု အင်္ဂါနေ့တွင် ဘုရားဖူးလာမည့် ဒေါ်အောင်ဆန်းစုကြည်ကို ပန်းစည်းဖြင့် ကြိုဆိုမည့် ညောင်ဦးဈေးသည် တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား တွေ့လိုကြသည့် ပခုက္ကူ၊ ပွင့်ဖြူ၊ ချောက်၊ ကမ္မ၊ ကျောက်ပန်းတောင်း စသည့် မြို့နယ်များမှ NLD အဖွဲ့ဝင်အချို့လည်း ပုဂံနှင့် ညောင်ဦးသို့ လာရောက် စောင့်ဆိုင်းနေကြသည်။

“ ဒီနေ့ ချောက်ကလာတဲ့ လူငယ်အဖွဲ့ဝင် ၃ ဦးကို ဒေါ်စုတည်းတဲ့ ဟော်တယ်နဲ့ သိပ်မဝေးတဲ့ ပုဂံ ဝါးကျောင်းမှာ ဆရာတော်ကို သွားလျှောက်တော့ ဆရာတော်က အာဏာပိုင်တွေ လာရစ်မှာကို မခံနိုင်လို့ လက်မခံရဲဘူး ပြောလို့ အခု တည်းခိုခန်းမှာ ငှားပေးလိုက်ရတယ်” ဟု ညောင်ဦးမြို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တဦးက ဆိုသည်။

ပုဂံရောက် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရှိရန် အားခဲနေကြသည်ဟု မြို့ခံများက ပြောသည်။
ဟိုတယ်တွင် အနားယူ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၂ နာရီ ၃၃ မိနစ်
ပုဂံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ဘုရားဖူးထွက်မည် မဟုတ်ဘဲ ဟိုတယ်တွင်ပင် အနားယူမှာဖြစ်ကြောင်း ခရီးစဉ်တွင် ကြိုဆိုရေး လုပ်ဆောင်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက
 ပြောသည်။
နိုင်ငံရေးအကျဉ်းသား မိသားစုများ ဒေါ်စုနှင့်တွေ့မည့် အစီအစဉ်ဖျက်
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၂ နာရီ ၁၅ မိနစ်
ဘုရားဖူးလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမည့် အစီအစဉ်အား ပုဂံအနီးတဝိုက်ရှိ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်များက ဖျက်သိမ်းလိုက်သည်။

“အန်တီစု အနားယူနေတဲ့အချိန်ကို အနှောင့်အယှက်ပေးရာ မကျအောင် မတွေ့တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။ အစက တွေ့ဖို့ ရည်ရွယ်ပြီး လာခဲ့ကြတာ” ဟု ညောင်ဦးမြို့နယ်မှ ထောင်ဒဏ် ၅ နှစ် ကျခံနေရသည့် ဦးဇော်ဇော်၏ ဇနီး ဒေါ်ဋ္ဌေးက မဇ္ဈိမကို ပြောသည်။

တွေ့ဆုံလိုသူများမှာ ၂ဝဝ၉ စက်တင်ဘာနှင့် အောက်တိုဘာအတွင်း မန္တလေးတိုင်း ကျောက်ပန်းတောင်း၊ မြင်းခြံနှင့်
 ညောင်ဦးမြို့များတွင် နိုင်ငံရေး တက်ကြွလှုပ်ရှားသဖြင့် ထောင်ဒဏ် ၂ နှစ်မှ ၇၁ နှစ်ထိ ချမှတ်ခံထားရသူ ၁၅ ဦး၏ မိသားစုဝင် ၂၀ ခန့် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ပုဂံမြို့ဟောင်းသို့ ခရီးစဉ် ဗီဒီယိုသတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၁ နာရီ ၅၉ မိနစ်
ငြိမ်းငြိမ်းချမ်းချမ်း
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၅၉ မိနစ်
ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ဒေသခံများကို ကြိုဆိုခြင်း မပြုရန် ကြိုတင် မှာကြားထားမှု ရှိသည်ဟု ပါတီ သတင်းရပ်ကွက်များက ပြောသည်။

ခရီးစဉ်နှင့် လိုက်ပါသွားသူ သတင်းထောက် တယောက်က “ ပတ်ဝန်းကျင်က အေးဆေးပဲ၊ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းပဲ” ဟု ပြောသည်။

“လုံခြုံရေးကတော့ အရပ်ဝတ်တွေနဲ့ ၃ဝ လောက်ရှိတယ်၊ ဟိုတယ် ပရဝဏ် အပြင်မှာပေါ့။ တနေရာမှာ ၄၊ ၅ ယောက်လောက် စုစုပြီး နေကြတယ်။ အတွင်းပိုင်းမှာရော၊ အပြင်ဘက်မှာ သူ့ဘာသာသူ လာပြီး လုံခြုံရေး ယူပေးတာ အများကြီး ရှိတယ်။ အရပ်ဝတ်တွေနဲ့ရော အက်စ်ဘီ၊ စရဖရော ၃ဝ လောက်ရှိတယ်။ ဟိုတယ်ပတ်ဝန်းကျင် ပတ်ပတ်လည်မှာ အဝင်အထွက်ကို ကြည့်ပြီးတော့ စောင့်ကြည့်နေတယ်”

ဒေါ်စု ခရီးစဉ်အတွင်း လိုက်ပါသွားသည့် သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။
သတင်းစာဆရာများမှာ ဟိုတယ်ရှေ့တွင် စောင့်ဆိုင်း
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၃ မိနစ်
ဒေါ်အောင်ဆန်းစုကြည်မှာ ဟိုတယ်ထဲမှာပင် ရှိနေသေးပြီး ခရီးစဉ်ကို ကြိုမသိသေးသော သတင်းစာဆရာများမှာ ဟိုတယ်ရှေ့တွင် စောင့်ဆိုင်းနေကြသည်။
ပုဂံမြို့ရှိ Bagan Hotel River View သို့ ရောက်ရှိ
သတင်းလွှင့်တင်ချိန်- မြန်မာစံတော်ချိန် ၁၀ နာရီ ၃၂ မိနစ်
ဒေါ်အောင်ဆန်းစုကြည် ပုဂံမြို့ရှိ Bagan Hotel River View သို့ ရောက်ရှိလာချိန်တွင် ဟိုတယ် ဝန်ထမ်းတဦးက ပန်းစီးကမ်း ကြိုဆိုနှုတ်ဆက်နေသည်ကို တနင်္လာနေ့ ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
dsbagan2
ဒေါ်အောင်ဆန်းစုကြည်အား NLD အဖွဲ့ဝင်များ လာရောက်ကြိုဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာစဉ် လာရောက်ကြိုဆိုကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များကို တနင်္လာနေ့ ဇူလိုင် ၄ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
dsbagan1
သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော သံဃာတော်တပါး
ပုဂံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုသောအားဖြင့် သူ့ပုံပါ ပို့စ်စကဒ်ကို ကိုင်ဆောင်ထားသော သံဃာတော်တပါးကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ

dsbagan
ဒေါ်စု ပုဂံရောက်ပြီ
အဲမန္တလေးလေကြောင်းဖြင့် လိုက်ပါလာသော ဒေါ်အောင်ဆန်းစုကြည်သည် တနင်္လာနေ့ နံနက် ၈ နာရီ ၂ဝ မိနစ်တွင် ညောင်ဦးလေဆိပ်သို့ ရောက်ရှိပြီး ယခုသတင်းပေးပို့ချိန်တွင် Bagan Hotel River View တွင် ရောက်ရှိနေပြီဟု မဇ္ဈိမသတင်းထောက်က ပေးပို့သည်။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးက ညောင်ဦးလေဆိပ်မှ ပုဂံရှိဟိုတယ်သို့ ကားဖြင့်သွားသည့် ၁၂ မိနစ်ကြာ ခရီးတွင် ဒေသခံ ပြည်သူများမှ ၇ ယောက်တဖွဲ့၊ ၅ ယောက်တဖွဲ့ တို့မှ လက်ပြ နှုတ်ဆက်ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည် ပုဂံသို့ ထွက်ခွာ
ချင်းမိုင်(မဇ္ဈိမ) ။      ။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာ အပြီး ပထမဆုံး နယ်ဘက်ခရီးစဉ် ဖြစ်သော ပုဂံရှေးဟောင်းမြို့တော်သို့ အဲမန္တလေး လေကြောင်း
 ဖြင့် တနင်္လာနေ့နံနက်တွင် ထွက်ခွာသွားပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးအဖြစ် ဦးဟံသာမြင့်၊ ဦးစိုးဝင်း၊ ဦးကျော်စိုးနိုင်တို့လည်း လေယာဉ်
တွင် တပါတည်း လိုက်ပါသွားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်သည် ပုဂံရှိ Bagan Hotel River View ဟိုတယ်တွင် ၄ ရက်ကြာ တည်းခိုမည်ဖြစ်ပြီး လာမည့် သောကြာနေ့တွင် ရန်ကုန်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

 ခရီးစဉ်သည် နိုဝင်ဘာ ၁၃ ရက်၊ ၂ဝ၁ဝ ပြည့်နှစ် နေအိမ်အချုပ်မှ သူ လွတ်မြောက်လာပြီးနောက် ရန်ကုန်မြို့ အပြင်ဘက်သို့ ပထမဆုံး ထွက်ခွာခြင်း ဖြစ်သည်။ မန္တလေးတိုင်းမှ NLD အဖွဲ့ဝင် အယောက် ၂၀ ခန့် တနင်္ဂနွေနေ့ ကတည်းက ပုဂံသို့ သွားရောက်ကာ စောင့်ကြိုနေကြပြီ ဖြစ်သည်။

 မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အေင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းက တနင်္ဂနွေနေ့ နံနက်ကတည်းက ကားဖြင့် ပုဂံသို့ သွားရောက်ခဲ့သည်။ ကိုထိန်လင်းနှင့် အတူ NLD လူငယ် ၁၄ ယောက်လည်း လိုက်ပါသွားခဲ့သည်။

မိသားစု ခရီးစဉ် ဖြစ်နေခြင်းနှင့် လူထု ထောက်ခံမှုများပြားပြီး ရှုပ်ထွေးမှုများ ဖြစ်မည်စိုးသောကြောင့် ပုံမှန် လုံခြုံရေးအဖြစ် NLD အဖွဲ့ဝင် အနည်းငယ်သာ လိုက်ပါသွားခြင်း ဖြစ်သည်ဟုလည်း အန်အယ်ဒီ ရုံးအဖွဲ့မှူး ဦးဝင်းထိန်က ဆိုသည်။

“လုံခြုံရေးကတော့ ကျနော်တို့ ပုံမှန်လောက်ပါပဲ။ လေကြောင်းလိုင်းတွေမှာလည်း လုံခြုံရေး ရှိတယ်လေ ။ ကျနော်တို့က ထွေထွေထူးထူးတော့ သိပ်မလိုဘူး ဘာ့ကြောင့်လဲဆိုတော့ လူကြားထဲမှာ ထင်ယောင်ထင်မှား ဖြစ်မှာလည်း စိုးတယ် အဲဒီတော့ ကျနော်တို့ ပုံမှန် လှုပ်ရှားမှုနဲ့ပဲ လှုပ်ရှားကြတာပါ” ဟု ဦးဝင်းထိန်က ပြောသည်။

မြန်မာ့နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ ထိုင်းရွေးကောက်ပွဲ လေ့လာ

ထိုင်းရွေးကောက်ပွဲတွင် ဦးဆောင်နေသည့် ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။
ဓာတ်ပုံ ASSOCIATED PRESS
ထိုင်းရွေးကောက်ပွဲတွင် ဦးဆောင်နေသည့် ဖွေထိုင်းပါတီ ခေါင်းဆောင် ယင်လပ် ရှင်နာဝပ်။ ဇူလိုင် ၃၊ ၂၀၁၁။
ဒီကနေ့ပြီးသွားတဲ့ ထိုင်းရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ ကော်မရှင်က ရလဒ်ကို တရားဝင် မကြေညာသေးပေမဲ့ ဆန္ဒမဲပေးပြီးသူတွေကို အခြေခံထားတဲ့ စစ်တမ်း ကောက်ယူမှုတွေအရ ပြည်ပြေး ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံတဲ့ ဖွေထိုင်းပါတီ (Pheu Thai Party) က အပြတ်အသတ် အနိုင်ရနေပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက်

မြန်မာသံရုံး အကြီးတန်း သံတမန် အမေရိကန်မှာ နိုင်ငံရေးခိုလှုံ

အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည့် မြန်မာသံရုံး အကြီးတန်သံတမန် ဦးကျော်ဝင်း။
ဓာတ်ပုံ ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည့် မြန်မာသံရုံး အကြီးတန်သံတမန် ဦးကျော်ဝင်း။
ဝါရှင်တန်မြို့ မြန်မာသံရုံးရဲ့ အကြီးတန်း သံတမန်တဦးက မြန်မာအစိုးရ ခေါင်းဆောင်တွေ အနေနဲ့ မကြာမီကာလ အတောအတွင်း ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်နိုင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေတာကြောင့် ရာထူးက နှုတ်ထွက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ခိုလှုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်နဲ့ မြန်မာအစိုးရ ဆက်ဆံရေး တိုးတက်အောင် သူ့အနေနဲ့ ပြုပြင်ပြောင်းလဲရေး တွန်းအားပေးဖို့ ကြိုးပမ်းခဲ့ပေမဲ့ လက်မခံတဲ့အတွက် သူ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ရတာလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ထံကို ဒီနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ ပေးပို့လိုက်တဲ့ စာမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ သူတို့နဲ့ နီးစပ်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေအပေါ် ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဆက်လက်ထိန်းထားဖို့ တိုက်တွန်းလိုက်ပြီး နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့နိုင်ရေး ၀ိုင်းဝန်း ဖိအားပေးပါရန် ဦးကျော်ဝင်းက ပန်ကြားလိုက်ပါတယ်။
မြန်မာအစိုးရ အနေနဲ့ ဒီမိုကရေစီကို ကြောက်စရာတခုအဖြစ် သဘောမထားဘဲ ဒီမိုကရေစီကို ပိုက်ထွေးခြင်းကသာလျှင် ရှေ့ကို တက်လှမ်းနိုင်မှာ ဖြစ်တယ်လို့လည်း အမှာစကားလည်း ပါးလိုက်ပါတယ်။
ဦးကျော်ဝင်းဟာ ၀ါရှင်တန်မြို့ မြန်မာသံရုံးရှေ့ ဒီမိုကရေစီရေး ဆန္ဒပြသူတွေအပေါ် ရင်းရင်းနှီးနှီး ဆက်ဆံလေ့ရှိပြီး ၀ါရှင်တန် မြန်မာအသိုင်းအ၀ိုင်းမှာလည်း သူ့ရဲ့ လုပ်ပိုင်ခွင့် ဘောင်အတွင်းက ပြေပြေလည်လည် ကူညီတတ်သူအဖြစ် လူသိများပါတယ်။
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၀ ရက်နေ့က အမေရိကန်ရောက် ကချင် တိုင်းရင်းသားတွေရဲ့ ဒီမိုကရေစီရေး တောင်းဆိုတဲ့ သံရုံးရှေ့ ဆန္ဒပြပွဲမှာ ဦးကျော်ဝင်းက ၀န်ထမ်းတွေရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ကချင်လူငယ်တွေကို အခုလို ရှင်းပြခဲ့ဖူးပါတယ်။
“ကိုယ်တို့ ရှေ့လျှောက် ဘာလုပ်ကြမလဲ၊ ကိုရင်တို့လိုတာ ကိုရင်တို့ပြော၊ ကိုယ်ကတော့ ၀န်ထမ်းဆိုတော့ ကိုရင်တို့ပြောတာ တင်ပေးမယ်။ ကိုယ်တို့မှာလည်း ဘာမှ ဆောင်ရွက်ပိုင်ခွင့် မရှိပါဘူး။ ဒါပေမဲ့ ကိုရင်တို့ပြောတာကို တင်ပေးမယ်။ ရန်ကုန်က ပြန်ပြောတာရှိရင် ပြောပေးမယ်။ ဒါပဲ လုပ်လို့ရမယ်။”
ဦးကျော်ဝင်းဟာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ၁၉၈၀ ပြည့်နှစ်က သံအရာရှိအဖြစ် စတင်တာဝန်ယူခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ မြန်မာအဖွဲ့ရုံး၊ အိန္ဒိယနဲ့ ဘရာဇီးလ်နိုင်ငံ မြန်မာသံရုံးနဲ့ ၀ါရှင်တန်မြို့ မြန်မာသံရုံး စသဖြင့် ရာထူးအဆင့်ဆင့်မှာ လုပ်သက် ၃၁ နှစ် ကြာ တာဝန်ထမ်းခဲ့ပြီး ဒီနေ့ သူ့ရဲ့ နှုတ်ထွက်စာကို မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီးထံ လိပ်မူ ပေးပို့လိုက်ပါတယ်။

သံမှူးကြီး ဦးကျော်ဝင်း အမေရိကန်နိုင်ငံတွင်နိုင်ငံရေးခိုလှုံ

   ဦးကျော်ဝင်း   ၀ါရှင်တန် ဒီစီရှိ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုတိယ အကြီးအကဲဖြစ်တဲ့ သံမှူးကြီး ဦးကျော်ဝင်းဟာ သူ့ရဲ့တာဝန်တွေကို စွန့်လွှတ်လိုက်ပြီး အမေရိကန် ပြည်ထောင်စုမှာ ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလိုက်ကြောင်းသတင်းရရှိပါတယ် ။    သူဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၁၉၈၀ ခုနှစ်တည်းက တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ဆွစ်ဇာလန် ၊ စပိန် ၊ အိန္ဒိယ ၊ ဘရာဇီးနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ခုအမေရိကန်ပြည်ထောင်စုမှာ သံမှူးကြီးအဆင့်နဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ် ။   အမည်မဖေါ်လိုသူနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးကတော့ " ခုသူ့အသက်က ၆၀ ပြည့်တော့မယ်ဗျာ..ပြန်လာရင်အငြိမ်းစားယူရတော့မယ်..ခုအမေရိကန်မှာတာဝန်ထမ်းဆောင်တာ သူ့ရဲ့နောက်ဆုံး Assgiment ပဲ ..ဒီတော့သူ့ဘ၀သူကျောင်းပြီး အမေရိကန်မှာနေချင်လို့ လုပ်တာပါ ..အစိုးရနဲ့ဘာမှမဆိုင်ပါဘူး

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ