.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, April 20, 2011

မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ

မြန်မာ ရေလုပ်သားများ လစာလျှော့ချခံရ၍ အခက်ကြုံ
Tuesday, 19 April 2011 18:42


ထိုင်းနိုင်ငံတောင်ပိုင်း ချုံဖော် ပါနန်း အရပ်ဒေသရှိ ငါးဖမ်းလှေများ၌ အလုပ်လုပ်နေကြသော မြန်မာ ရေလုပ်သားများသည် ၎င်းတို့၏ လုပ်ခလစာများကို လျှော့ချခံရသဖြင့် အခက်အခဲကြုံနေကြရကြောင်း ရေလုပ်သားများက ပြောဆိုကြသည်။


ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ရှိ စဖန်းပလား ဆိပ်ကမ်းတနေရာတွင် ပင်လယ်ထဲ ငါးဖမ်းထွက်ရန် ပြင်ဆင်နေသည့် မြန်မာရေလုပ်သားများ (ဓာတ်ပုံ - သန်းထိုက်ဦး / ဧရာဝတီ)

ယခင်ထိုင်းဘတ် ၄၀၀၀ မှ ၆၀၀၀ ခန့်အထိ ရရှိကြသည့် လှေသားတဦးကို ယခု ဘတ် ၃၅၀၀ သို့ လည်းကောင်း၊ ယခင် ဘတ် ၁၀၀၀၀ ခန့်ရရှိသည့် ရေသျှူး(ရေလုပ်သားများကို ဦးစီးသူ) တဦးကို ယခု ဘတ် ၈၀၀၀ သို့ လည်းကောင်း လျှော့ချ လိုက်ကြောင်း၊ ယင်း လုပ်ခလစာသစ်များကို ပြီးခဲ့သည့် ဧပြီ ၁၆ ရက်နေ့တွင် လှေရှင်များက အစည်းအဝေးပြုလုပ်၍ တပြေး ညီ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်ခလစာလျှော့ချရခြင်းမှာ လှေရှင်များက လှေသားများကို ဈေးပိုပေးကာခေါ်ယူကြသဖြင့် လှေသား တဦးနှင့် တဦး လုပ်ခဈေးနှုန်း မညီမျှခြင်းကြောင့် လှေသားရရှိရန်ခက်ခဲလာခြင်း၊ လောင်စာဆီ ဈေးတက်လာခြင်း၊ ငါးအရ နည်းလာခြင်းတို့ ကို အကြောင်းပြကာ လှေရှင်များက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ကြောင်း အဆိုပါ အစည်းအဝေးကို တက်ရောက် ခဲ့သူ ရေသျှူး ကိုသက်ရွှေက ဧရာဝတီသို့ ပြောသည်။

“သူဌေးတွေက လှေသားတွေဟာ ပိုက်ဆံ ပိုပေးတဲ့ လှေမှာပဲ လိုက်ကြတယ်။ ပိုက်ဆံနည်းတဲ့ လှေတွေမှာ လိုက်သူမရှိဘူး။ ဒါကြောင့် ပါနန်းမှာရှိတဲ့ လှေအားလုံး လှေသားတွေကို လစာတပြေးညီ ပေးရမယ်လို့ ဆုံးဖြတ်ကြတယ်။ ရေသျှူးတွေကို လည်း လစာ လျှော့တယ်။ ဒီဆုံးဖြတ်ချက်ကို ပါနန်းက လှေရှင်တွေ အားလုံး လိုက်နာရမယ်ပေါ့”ဟု ကိုသက်ရွှေ က ဆို သည်။

မြန်မာ အလုပ်သမားများကို ကူညီပေးနေသော ချုံဖော် အခြေစိုက် World Vision အဖွဲ့ မှ ကိုစိုးခိုင်ကလည်း“လှေသားတွေ ကြားမှာ တော်တော်မကျေမချမ်းဖြစ်နေကြတယ်။ ဒါပေမယ့် သူတို့အနေနဲ့ လုပ်မလား၊ မလုပ်ဘူးလား။ မလုပ်ရင် အခြား တနေ ရာ ပြောင်းပဲ။ တကိုယ်ရေ တကာယသမားက ခုချက်ချင်းထပြီး တနေရာကို ပြောင်းလို့ရပေမယ့် မိသားစုနဲ့ နေတဲ့ လူတွေအတွက် မလွယ်တဲ့ အနေအထားပါ”ဟု ပြောဆိုသည်။

ပါနန်းတွင် မိသားစုနှင့် နေပါက အိမ်လခ ပျမ်းမျှ ဘတ် ၂၀၀၀ ခန့်ရှိပြီး ရေဖိုး မီးဖိုးနှင့် ဆိုလျှင် နေထိုင်စရိတ် သက်သက်မျှပင် ဘတ်၂၅၀၀ ခန့်ရှိသည်ဟု သိရသည်။

ဆန်တအိတ်လျှင် ဘတ် ၁၀၀၀ ကျော်ရှိရာ လှေရှင်များက ပြင်ဆင်သတ်မှတ်လိုက်သော လုပ်ခမှာ အလုပ်သမားများ၏ စား ၀တ်နေရေးကို များစွာအခက်အခဲ ကြုံစေနိုင်သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ရေသျှူး ကိုခင်မောင်ကြည်ကလည်း ပြောသည်။

လှေသား ကိုသာကျော်ကမူ“ဒီလခနဲ့ ဘယ်လိုလုပ်မလဲဗျာ၊ တချို့ကတော့ ဒါကို လက်မခံဘူး၊ ကျနော်တို့လည်း လက်မခံ ဘူး၊ ၃၅၀၀ ဆို မလိုက်ဘူး၊ တခြားမှာ သွားလုပ်စားမယ်၊ လှေမလိုက်ဘဲ ဂေါ်ဆန်း(ပန်းရံ)လုပ်လည်း ဒီထက်ပိုရသေးတယ်၊ လှေလိုက်တယ် ဆိုတာ အသက်အန္တရာယ်ကလည်း ရှိသေးတယ်”ဟု ဆိုသည်။

အလားတူ တချို့သော ရေသျှူးများကလည်း လုပ်ခလစာ လျှော့ချမှုအပေါ်တွင် မကျေမနပ်ဖြစ်ကာ လှေထွက်ရန် ငြင်းဆန် နေကြသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

မြန်မာ ရေလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသာ ပင်လယ်ပျော်များ သမဂ္ဂမှ အတွင်းရေးမှူး ကိုတင်ကို ကလည်း ယခုလုပ်ရပ်ကို လက်မခံနိုင်၍ ထိုင်း အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ မြန်မာ ရေလုပ်သားတွေအပေါ်မှာ ထိုင်းအလုပ်ရှင်တွေက အခုလို နှိမ်ပြီး လုပ်ခလစာ လျှော့ပေးတာကို ကျနော် တို့ သမဂ္ဂအနေနဲ့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။ ထိုင်းနိုင်ငံထဲမှာ ရေ လုပ်သားလာလုပ်နေတာက မြန်မာနိုင်ငံသားတွေ များတယ်။ ဒီလိုမျိုး လုပ်ခကို နှိမ်ပေးတာ။ ခွဲခြား ပေးတာကို ထိုင်းအာဏာပိုင်များ သိရင်လည်း လက်ခံမယ်မထင်ဘူး။ ကျနော် တို့ အနေနဲ့လည်း ရေလုပ်သားတွေဘက်က အခွင့်အရေးချိုးဖောက်ခံရတာကို ကာကွယ်နိုင်ဖို့ ထိုင်းအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားပါ့မယ်”ဟု ၎င်းက ဆိုသည်။

လုပ်ခလစာလျှော့ချမှုကြောင့် လှေသားရှားပါးလာနိုင်ကြောင်း၊ လူရောင်းစားမှု၊ လူမှောင်ခိုမှု စသည့် ဆိုးကျိုးများလည်း ပေါ်လာနိုင်ကြောင်း ကိုတင်ကိုက ထောက်ပြသည်။

ချုံဖော်တွင် လှေသားအလုပ် လုပ်ကိုင်နေသူများမှာ မြိတ်၊ ထားဝယ်၊ ရခိုင်၊ ဗမာ၊ ကရင်နှင့် မွန် လူမျိုးအများစုဖြစ်ပြီး ခန့်မှန်း ခြေ သောင်းနှင့်ချီ၍ ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်နေသော ရွှေ့ ပြောင်းမြန်မာအလုပ်သမားများမှာ၂ သန်းခွဲမှ ၄ သန်း ၀န်းကျင် ရှိနိုင် ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းပြောဆိုကြသည်။

အဓမ္မ ပိတ်လှောင် အလုပ်ခိုင်းခံရသူများ လွတ်မြောက်

အဓမ္မ ပိတ်လှောင် အလုပ်ခိုင်းခံရသူများ လွတ်မြောက်
Wednesday, 20 April 2011 16:28

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အလယ် ဒီးဒဲနယ်မြေအတွင်းရှိ အထည်ချုပ် စက်ရုံငယ် တခုတွင် မတရား အလုပ်စေခိုင်း၍ လှောင် ပိတ်ခံထားရသည့် မြန်မာ အလုပ်သမား ၆၀ ခန့်ကို ထိုင်း အစိုးရအာဏာပိုင်များက ယမန်နေ့က ကယ်တင်ခဲ့ကြောင်း သိရှိရ သည်။



ယမန်နေ့က ပြန်လည်လွတ်မြောက်လာသော ပိတ်လှောင်ခံထားရသည့် မြန်မာ အလုပ်သမားများ (ဓာတ်ပုံ - ကျော်သောင်း)

ထိုင်းအာဏာပိုင်များက ယင်းအထည်ချုပ် စက်ရုံမှ အပြင်သို့ ထွက်ပြေး လွတ်မြောက်လာသူ တဦး၏ တိုင်ကြားချက် အရ ထိုအလုပ်သမားများကို ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လွတ်မြောက်ခဲ့သော ကိုသိန်းနိုင်က ဧရာဝတီသို့ ပြောသည်။

ကယ်တင်ခဲ့သော မြန်မာ အလုပ်သမားများကို ကယ်ဆယ်ရေးစခန်းနှင့် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ၎င်းကဆိုသည်။ ကိုသိန်းနိုင်သည် ယင်းအထည်ချုပ် စက်ရုံတွင် ၃ လခန့် အကြာ အလုပ်လုပ်ကိုင်ခဲ့ရသူ တဦး ဖြစ်သည်။

“သူတို့က လစာ မပေးတာ အမှန်ပဲ၊ ကျနော်တို့ကို ခေါ်ကတည်းက ကယ်ရီခကို တလမှာ နည်းနည်းဖြတ်သွားမယ်ဆိုပြီး အိမ် စရိတ်တွေ ဘာတွေ ဖြတ်ပြီးတော့ ကျန်တဲ့ ပိုက်ဆံကိုလည်း တပြားမှ မပေးဘူး”ဟု ကိုသိန်းနိုင်က ဆက်ပြောသည်။

အလုပ်ရှင်က မြန်မာ အလုပ်သမားများကို ပိုက်ဆံ မပေးသည့်အပြင် တခြားစက်ရုံသို့ အလုပ်ပြောင်းလုပ်ရန်ကိုလည်း ခွင့်မပြု ကြောင်း သိရသည်။

မြန်မာ အလုပ်သမားများကို တလလျှင် လစာ ဘတ် ၇၀၀၀ ပေးမည်ဟု အလုပ်ရှင်က ပြောသော်လည်း တလလျှင် ဘတ် ၂၀၀ သာရကြောင်း၊ တနေ့လျှင် အလုပ် ၁၆ နာရီ လုပ်ရကြောင်း မြန်မာအလုပ်သမားများက ဆိုသည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ အထည်ချုပ်စက်ရုံ ပိုင်ရှင်သည် တရုတ် လူမျိုး ဖြစ်ပြီး လူကုန်ကူးမှု အပါအ၀င် အလုပ်သမား အက်ဥပဒေ ပုဒ်မ ၂ ခုဖြင့် အရေးယူခံရဖွယ် ရှိကြောင်း သိရသည်။

ဒီးဒဲ ရဲစခန်းမှာ တာဝန်ကျနေသော ရဲတဦးက မြန်မာ အလုပ်သမား ၃၀ ခန့်ကို ရဲစခန်းတွင် ထိန်းသိမ်းထား ကြောင်း၊ မနက်ဖြန်တွင် တရားရုံးတက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် နှစ် ဇွန်လကလည်း ထိုင်းနိုင်ငံ ဘန်ကောက် မြို့လယ်ရှိ အထည်ချုပ် စက်ရုံငယ် တခုအတွင်း မတရား အလုပ် စေ ခိုင်း ခံရသော မြန်မာ အလုပ်သမား ၆ ဦးကို ဘန်ကောက် အခြေစိုက် ရောင်ခြည်ဦး အလုပ်သမား အဖွဲ့က ကူညီ ကယ်ထုတ် ပေးခဲ့ကြောင်း သိရသည်။

၂၀၁၀ ပြည့်နှစ် ဧပြီလ၂၅ ရက်နေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက် ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများ လက်မှတ် ရေးထိုးကြကြောင်း ဖော်ပြခဲ့သည်။

Burmes_workers_BKK_11_02

အဓမ္မပိတ်လှောင်၍ အလုပ်ခိုင်းခံထားရသည့် အလုပ်သမားများကို ကယ်ထုတ်နေစဉ် (ဓာတ်ပုံ - ကျော်သောင်း)

သို့သော် မြန်မာပြည်သားများသည် ထိုင်းနိုင်ငံ၌ အထည်ချုပ် စက်ရုံ အပါအ၀င် ဈေး၊ စားသောက်ဆိုင်၊ ဆောက်လုပ်ရေး လုပ် ငန်း၊ အိမ်ဖော်၊ လိင်ဖျော်ဖြေရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေကြပြီး ခေါင်းပုံဖြတ်ခံရခြင်းများ မကြာခဏ ကြုံတွေ့ နေရ ကြောင်း သတင်းများ အရသိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်နေသော ရွှေ့ ပြောင်းမြန်မာအလုပ်သမားများမှာ၂ သန်းခွဲမှ ၄ သန်း ၀န်းကျင် ရှိနိုင် ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းပြောဆိုကြသည်။

Tuesday, April 19, 2011

ရှိတ်စပီးယား ၀ီလီယံ ရှိတ်စပီးယား (အက်ဒ်ဝပ် ဒီ ဗေရာ)




William Shakespeare


Born ၁၅၅၀

ဗြိတိန်နိုင်ငံ Died ၁၆၀၄

Known for ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ ကဗျာလင်္ကာဆရာ

ဝီလီယံ ရှိတ်စပီးယား(William Shakespeare)(၁၅၅၀-၁၆၀၄)သည် ကမ္ဘာ့စာပေလောက ကိုလှုပ်ခတ်နိုးနိုင်ခဲ့သည့် နာမည်ကျော် ပြဇာတ်ရေးဆရာ၊ စာရေးဆရာ၊ကဗျာလင်္ကာဆရာ ဖြစ်သည်။ကလောင်နာမည်တစ်ခုသာဖြစ်သည့်အတွက် ရှိတ်စပီးယားကို မည်သူမှမသိကြပေ။ သို့ဖြင့် မည်သူဖြစ်မည် ဟုအငြင်းပွားလာသည်မှာ ၂၀ရာစုလယ် အထိဖြစ်သည်။ နောက်ဆုံး အနီးစပ်ဆုံး မှန်းဆ၍ရသူမှာ ၁၇ဆက်မြှောက် အောက်စဖို့မြို့စား အက်ဒ်ဝပ် ဒီ ဗေရာ(Edward de Vere)ဖြစ်သည်ဟု ဆိုကြပါသည်။

အက်ဒ်ဝပ် သည် မင်းညီမင်းသားတို့ ထုံးစံအတိုင်း မြင်းစီး၊အမဲလိုက်၊စစ်ရေး အစရှိသည့်ပညာရပ်များသင်ကြားတတ်မြှောက် သကဲ့သို့ ဂီတ၊အက၊စာပေ ဖက်တွင်လည်း အထူးဝါသနာကြီးသည်။လက်တင် နှင့် ပြင်သစ်စာပေများကို ဆရာခေါ်ပြီး အိမ်တွင် သင်ကြားခဲ့သည်။ကိန်းဘရစ်ခ်ျတက္ကသိုလ် မှ ၀ိဇ္ဇာဘွဲ့ ၊အောက်စဖို့တက္ကသိုလ် မှ မဟာဝိဇ္ဇာဘွဲ့များ ရပြီးနောက် လန်ဒန်ရှိ ဂရေးအင်းတွင် ဥပဒေပညာကို တစ်နှစ်ဆည်းပူးခဲ့သေးသည်။

အသက်၁၂တွင် ဖခင်သေသဖြင့် မိခင်နောက်အိမ်ထောင်ပြုသည်။သို့သော် မိခင်၊ပထွေးတို့နှင့် ကြာကြာမနေနိုင်သဖြင့် နန်းတွင်းသို့မင်းမှုထမ်းအနေဖြင့် အခစားဝင်နေခဲ့သည်။နန်းတွင်းတွင် အကြီးတော်တစ်ဦးပေးပြီး နေထိုင်စေသည်။ ထိုအကြီးတော်မှာ နောင်တွင် ဘဏ္ဏာရေးဝန်ကြီး ၀ီလီယမ်စီလ်စီ ဖြစ်သည်။ဘုရင်မ အဲလိဇဘတ်၏ အကြံပေးကောင်စီဝင်အဖြစ် နှစ်များစွာထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်သည်။မျိုးရီုးဂုဏ်ကြောင့် အက်ဒ်ဝပ် အား စီလ်စီ မိသားစုအဖြစ်ကဲ့သို့ နေထိုင်စေသည်။ (စီလ်စီအိမ်မှ ကျွန်တစ်ဦးကို သတ်ဖြတ်ဖူးသော်လည်း စီလ်စီ၏ သြဇာကြောင့် အပြစ်ဒဏ်မကျပဲ လွတ်ခဲ့သည်ဟုဆိုကြသေးသည်။သို့သော် မသေချာပေ။)

နှစ်အနည်းငယ်အတွင်း နန်းတွင်း အမှုထမ်းအဖြစ် ဘုရင်မ အဲလိဇဘတ် ထံတွင်အခစားဝင်သည်။ ထိုမှစကာ နိုင်ငံရေးအရ ထိပ်သီးပုဂ္ဂိုလ်များနှင့် ဆက်ဆံရင်းနှီးလာခဲ့ပြီး ဘုရင်မ၏အရေးပေးခြင်းကိုလည်းခံခဲ့ရသည်။အသက် ၂၁တွင် အကြီးတော်၏ သမီး အန်းစီလ်စီ နှင့်အိမ်ထောင်ပြုခဲ့သည်။အသက် ၂၄နှစ်တွင် ပြင်သစ်၊ဂျာမနီ၊အီတလီ အစရှိသဖြင့် ဥရောပတခွင် လှည့်လှယ် ခရီးထွက်ခဲ့သည်။ထိုနောက် ပြင်သစ်မှ အင်္ဂလန်သို့အပြန် ရေလက်ကြားတွင် ပင်လယ်ဓါးပြများ ဖမ်းဆီးသည်ခံရပြီးနောက် ဘုရင်မနှင့် ရင်းနှီးသူ ဆွေကြီးမျိုးကြီးဖြစ်သဖြင့် ပြန်လွတ်မြှောက်လာသည်။

အင်္ဂလန်ပြန်ရောက်ပြီးနောက် ဇနီးမှာ ကလေးတစ်ယောက်နှင့် စောင့်နေသည်ကို သိပြီး ကလေး၏ဖခင်အရင်းမှာ မိမိမဟုတ်၊ဇနီးက ဖောက်ပြန်ပြီးမွေးထားသည့် ကလေးဖြစ်သည်ဟုဆိုကာ လင်မယားကွဲသည်။နောင် ၅နှစ်မှစွပ်စွဲချက်များကို ပြန်ရုတ်သိမ်းပြီး အန်းနှင့် ပြန်ပေါင်းသည်။

အိမ်ထောင်ကွဲအဖြစ်နေထိုင်နေစဉ်အတွင်း နန်းတွင်းအပျိုတော်တစ်ဦးနှင့် ငြိစွန်းပြီး ကိုယ်ဝန်ရကြောင်း ဘုရင်မကသိသဖြင့် ရာဇမာန်ရှကာ ၂လနီးပါး ထောင်ချထားခဲ့သေးသည်။ထိုနန်းတွင်းသူမိန်းမပျိုဖက်မှ မခံမရပ်နိုင်သူများ၏တိုက်ခိုက်မှုကို ခံရပြီးနောက် နှစ်ဖက်အသိုင်းအ၀န်းများ အပြန်အလှန် တိုက်ခိုက်ကြသောကြောင့် ဘုရင်မက သတိပေးတားမြစ်ရပြန်သည်။

အန်းနှင့် ပြန်လည်ပေါင်းသင်းပြီးနောက် ကလေး၅ယောက်ထပ်မံ ထွန်းကားသည်။သို့သော် အန်း အသက် ၃၂ နှစ်အရောက်တွင် ရုတ်တရက်ကွယ်လွန်သဖြင့် အက်ဒ်ဝပ် နောက်အိမ်ထောင်ပြုသည်။

စီးပွားရေးအနေဖြင့် အက်ဒ်ဝပ်သည် အသုံးအဖြုန်းကြီးသူဖြစ်သဖြင့် များစွာကြွယ်ဝခြင်းမရှိဟုဆိုသည်။သို့သော် နောက်ပိုင်းတွင် ဘုရင်မ အဲလိဇဘတ်က ထူးထူးခြားခြားပင် ရာသက်ပန်လစာဟုဆိုကာ ၁၅၈၆ မှစပြီး တစ်နှစ်ကို ပေါင် ၁၀၀၀ (ယခုခေတ် ပေါင် ၁၀၀၀၀၀နှင့် ညီသည်။)ပေးသည်။၁၆၀၃တွင် ဘုရင်မနောက် နန်းတက်သည့် ဂျိမ်း(၁)ကလည်းဆက်လက် ပေးသည်။ထူးခြားမှုမှာ ထိုကဲ့သို့များပြားလှသည့် လစာအတွက် မည်သည့်တာဝန်မျှမပေးထားခြင်းဖြစ်သည်။(ထို့ကြောင့် အက်ဒ်ဝပ်မှာ ရှိတ်စပီးယားဖြစ်သည်ဟုဆိုကြခြင်းဖြစ်သည်။ဘုရင်မကြီးအား စာပေ၊ပြဇာတ်များရေးသား၍ စိတ်ကျေနပ်ဖွယ် စွမ်းဆောင်နိုင်သည့်အတွက် ပေးခြင်းဖြစ်သည်ဟု နောက်လူတို့က ယူဆကြသည်။ထို့ပြင် ဤမျှတော်သည့် စာရေးဆရာ ငါ့ထံတွင်ခစားနေသည် ဟုကြွားဝါလိုသည်ကြောင့်လည်း ဖြစ်နိုင်သည်။)

ထိုအချိန်မှ စပြီး ၁၈နှစ်အတွင်း အက်ဒ်ဝပ် နာမည်ဖြင့် စာမရေးတော့ပဲ နောင်သူကွယ်လွန်ပြီးမှ မည်သူမှန်းမသိသည့် ရှိတ်စပီးယား အမည်ဖြင့် စာပေများ၊ကဗျာလင်္ကာများ ထွက်ပေါ်လာခဲ့သည်။သက်ရှိထင်ရှား ရှိတ်စပီးယားအမည်ဖြင့် မည်သည့် စာပေမျှမထွက်ခဲ့ပေ။အကြောင်းမှာ ထိုခေတ်မင်းညီမင်းသာ တစ်ဦးအနေဖြင့် မျိုးရိုးဂုဏ်ကိုစောင့်ထိန်းရမည့် တာဝန်ရှိသောကြောင့် ဇာတ်သဘင်သည် ဘ၀ဖြင့် နေထိုင်ရန်မသင့်၍ ဖြစ်သည်။

ရှိတ်စပီးယားအဖြစ်နှင့်လူမသိသည့် အက်ဒ်ဝပ်သည် ပလိပ်ရောဂါဆိုးကြီးကြောင့် ၁၆၀၄တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီး နောက် စထရပ်ဖို့ရွာအနီးရှိ ဟက်နီရှိ အိမ်ကြီးအနီးတွင် မြုပ်နှံခဲ့သည်။

သို့ဆိုလျှင် အက်ဒ်ဝပ်အနေဖြင့် ရှိတ်စပီးယားဖြစ်ကြောင်း အဘယ်ကြောင့် ဖုံးကွယ်ပြီးနေခဲ့သနည်းဟု စဉ်းစားရန် အကြောင်းများရှိနေပြီဖြစ်သည်။သမိုင်းပညာရှင်များ ပြဆိုသည့်အကြောင်းပြချက်များမှာ

အထက်တွင် ဆိုခဲ့ပြီးဖြစ်သကဲ့သို့ ဂုဏ်သိက္ခာအရ မင်းညီမင်းသား၊မြို့စား တစ်ဦးအနေဖြင့် ငွေကြေးအတွက် ပြသသည့် ဇာတ်သဘင်လောကအတွင်း နေထိုင်ရန် မသင့်ပေ။
နောက်တစ်ချက်မှာ နန်းတွင်းကိစ္စများ၊အကောက်ကြံပုံများကို ဖွင့်ချထားသဖြင့် လူမသိရန် နေရသည်။ထိုခေတ်များက ဂုဏ်သရေရှိလူကြီးတစ်ဦးအနေဖြင့် မိမိအကြောင်းကို မှန်သည်ဖြစ်စေ၊မှားသည်ဖြစ်စေ အများသိအောင် ဖွင့်ချခံရ၍ မကျေနပ်လျှင် ဓါးချင်းယှဉ်ခုတ်ရန် စိန်ခေါ်နိုင်သည်။တရားရုံးတွင်တရားစွဲလျှင်လည်း ရင်ဆိုင်ရမည်။
ဝီလီယံရှိတ်စပီးယားသည် ဆောနတ်သီချင်းများတွင် မိန်းမတစ်ဦးအားရည်ညွှန်းသည်မှာ သိသာလှသည်။မည်သူရေးမှန်း မသိကြလျှင် အိမ်မှ ဇနီးနှင့် အချင်းမများတော့၊ထို့ကြောင့်လည်း ဖြစ်နိုင်သည်။
ထို့ပြင်ထို သီချင်းများတွင်ပင် ယောကျာင်္းတစ်ဦးအား ရည်ညွှန်းထားသည်များတွေ့ရပြန်သည်။ထိုခေတ် အမြင်အားဖြင့် ယောကျာင်္းချင်း ဖွဲ့နွဲ့သည်မှာ အများလက်မခံနိုင်သည့် ကိစ္စဖြစ်နေပြန်သည်။

အထက်ပါအကြောင်းများမှာ ဖြစ်နိုင်ချေလည်းအတန်အသင့်ရှိသဖြင့် အက်ဒ်ဝပ် ဒီ ဗေရာ အား ၀ီလီယံရှိတ်စပီးယား အဖြစ် အသိအမှတ်ပြုကြရခြင်းဖြစ်သည်။

[ပြင်ဆင်ရန်] ရည်ညွှန်းကိုးကား

ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း

တီထွင်မှု(Inventions)ဗဟုသုတများ

တီထွင်မှု(Inventions)ဗဟုသုတများ

ကင်မရာ

တီထွင်သူ ....၀ီလျံတောလ်ဘော့စ် ၊ လူးဝစ်စ် ဒက်ဂူရီ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၃၅ ၊ ၁၈၃၉ ။
ရည်ရွယ်ချက်.....အမြဲစွဲထင်မယ့် ပုံရိပ်များဖန်တီးရေး ။
တိုးတက်မှူရလဒ်......ယနေ့ခေတ် ကင်မရာများ ။

ကာတွန်း

ထင်ရှားသော ကာတွန်းပညာရှင်များ ....ဟော့ဂ်သ်၊ ဂိုရာ၊ ဒေါင်မီယာ၊ ရိုလဲန်ဆင်၊ ဒစ်စနေ။
ခုနှစ်............၁၉၀၀-ခုနှစ် အစောပိုင်း ။
ရည်ရွယ်ချက်.....ဖျော်ဖြေရေး ။
တိုးတက်မှူရလဒ်......ကာတွန်းရုပ်ရှင် ။

ကော်ဖီ

တီထွင်သူ ....အဆီးနီးယား နိုင်ငံသားများ ။
လူမျိုး .......... အာဖရိကန် ။
ခုနှစ်............၁၀ ရာစု။
ရည်ရွယ်ချက်..... ဖျော်ရည်လုပ်နိုင်ရေး ။
တိုးတက်မှူရလဒ်......ချောကလက် ၊ အဖျော်ရည်စုံ ။

ကွန်ပျုတာ

တီထွင်သူ ....ချားလ်စ် ဘက်ဘေ့ခ်ျ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၂၃ ။
ရည်ရွယ်ချက်.....ရှည်လျားစွာတွက်ချက်စစ်ဆင်နိုင်ရေး ။
တိုးတက်မှူရလဒ်......အသိပညာ နှင့် အီလက်ထရောနစ်ကွန်ပျုတာများ ။

ကျိုးကြောင်းဆက်စပ်မှု သီအိုရီ

ရှာဖွေတွေ့ရှိသူ....အဲလဗတ် အိုင်းစတိုင်း ။
ရည်ရွယ်ချက်.....ဒြပ်ထုနဲ့ စွမ်းအင်တို့ အညမညဖြစ်မှကို လေ့လာရေး ။

ကြည့်မှန်

တီထွင်သူ ....လူများ ။
လူမျိုး .......... ဗီနီးရှင်း ။
ခုနှစ်............၁၃၀၀ ပတ်ဝန်းကျင် ။
ရည်ရွယ်ချက်..... ထင်ရှားစွာ မှန်ကြည့်နိုင်ရေး ။
တိုးတက်မှူရလဒ်......ယခုခေတ် ကြည့်မှန်အမျိုးမျိုး ။

ခဲတံ

တီထွင်သူ ....ဖက်ဘာမိသားစု ၊ အဲန်ဂျေကွန်တီ ။
လူမျိုး ..........ဂျာမန် ။
ခုနှစ်............၁၇၆၀ ၊ ၁၇၉၅ ။
ရည်ရွယ်ချက်.....စာရေးရန် ။
တိုးတက်မှူရလဒ်......ဖန် ၊ အ၀တ် ၊ ပလတ်စတစ်မှာရေးတဲ့ ခဲတံများ ။

ခြေတု လက်တုများ

တီထြင္သူ ...အမ္ဘေရာ္စီ ပါရီ ။
လူမျိုး........ပြင်သစ် ။
ခုနှစ် ........၁၆ ရာစုအတွင်း ။
ရည်ရွယ်ချက် ....ခြေတု လက်တုများတပ်ဆင်ပေးရေး ။
တိုးတက်မှုရလဒ်....အခြားကိုယ်ခန္ဓာ အစိတ်ပိုင်းအတုများ ။

ဂဏန်းတွက်စက်

တီထွင်သူ ...ဘလိုင်းဆီး ပက်စကယ် ။
လူမျိုး........ပြင်သစ် ။
ခုနှစ် ........၁၆၄၂ ။
ရည်ရွယ်ချက် ....ပေါင်း နှုတ် မြောက် စား ။
တိုးတက်မှုရလဒ်....လျှပ်စစ် ဂဏန်းတွက်စက်များ ။

ဂျီသြမေတြီ

တီထွင်သူ .......သေးလ်စ် ။
လူမျိုး ............ဂရိ ။
ခုနှစ် .............ဘီစီ ၆၀၀ ။
ရည်ရွယ်ချက် .. အရာဝတ္ထု ပုံသဏ္ဍန်ကိုလေ့လာခြင်း ။
တိုးတက်မှုရလဒ် ....ဆက်စ်တဲ့န် ၊ သီအိုဒိုလိုက် ၊ တြီဂိုမေတြီ ၊ 3 D လေ့လာခြင်း ။

စန္ဒယား

တီထွင်သူ ....ဘာတိုလွန်း ခရစ်စတို ဖောလီ ။
လူမျိုး ..........အီတာလီယန်။
ခုနှစ်............၁၇၀၉ ။
ရည်ရွယ်ချက်.....ဂီတဖန်ဆင်းရေး ။
တိုးတက်မှူရလဒ်......လျှပ်စစ်စန္ဒယား ။

စက္ကူ

တီထွင်သူ .......ဆိုင်လန် ။
လူမျိုး .......တရုတ်လူမျိုး၊
ခုနှစ် .............အေဒီ ၁၀၅ ။
ရည်ရွယ်ချက် .. ဈေးပေါပြီး ကောင်းမွန်စွာရေးလို့ရသော စာရေးကိရိယာ ထုတ်ရေး ။
တိုးတက်မှုရလဒ် ....မဂ္ဂဇင်းများ၊ သတင်းစာများ၊ စာအုပ်များ၊ အခြားစာရေးကိရိယာများ ။

စာအုပ်

တီထွင်သူ .......တရုတ်လူမျိုး၊ ကိုးရီးယားလူမျိုး ။
ခုနှစ် .............၈ ရာစုအတွင်း ။
ရည်ရွယ်ချက် .. လူများ ဗဟုသုတရရှိစေရေး ။
တိုးတက်မှုရလဒ် ....ခေတ်မီစာအုပ်ထုတ်ဝေရေး စက်များ ။

စက်ဘီး

တီထွင်သူ .......မက်ဝီလီယန်၊ လော့လဲမဲန် ။
လူမျိုး ............စကော့၊ ပြင်သစ်။
ခုနှစ် .............၁၈၄၀၊ ၁၈၆၈ ။
ရည်ရွယ်ချက် .. ခြေနင်းစကြာနှင့် ခရီးလှည့်လည်ရေး ။
တိုးတက်မှုရလဒ် ....မော်တော်ဆိုင်ကယ်များ ။

စက်ရုပ်

တီထွင်သူ ....ပိုင်ရာဂျီ ဂျက်ကွက် ဒရော့စ် ။
လူမျိုး ..........ဆွီဒစ်ရှ် ။
ခုနှစ်............၁၇၇၀ ။
ရည်ရွယ်ချက်.....လူသားတို့ အလုပ်စေခိုင်းခြင်း ။
တိုးတက်မှူရလဒ်......စက်ရုံသုံးစက်ရုပ်များ ။

စွယ်စုံကျမ်း

ရေးသူ ....ပလိုင်းနီ ။
လူမျိုး ..........ရိုမန်။
ခုနှစ်............အေဒီ ၁ရာစု ။
ရည်ရွယ်ချက်.....သတင်းအချက်အလက်ပေးရေး ။
တိုးတက်မှူရလဒ်......၅၀၂၀ အတွဲရှိ စွယ်စုံကျမ်း ။

ဆပ်ကပ်

တီထွင်သူ ....ရိုမန်စ်
ခုနှစ်...........၁၇၀၀ ။
ရည်ရွယ်ချက် ..ရင်ဖိုအောင်ဖျော်ဖြေခြင်း ။
တိုးတက်မှုရလဒ် ....ခောတ်မီဆပ်ကပ် ၊ ကပွဲရုံကြီးများ ။

ဆပ်ပြာ

တီထွင်သူ ..ဂေါလများ ။
လူမျိုး ..ရိုမန် ။
ခုနှစ် ..အေဒီ ၁ ရာစု ။
ရည်ရွယ်ချက် ..တကိုယ်ရေ သန့်ရှင်းရေး ။
တိုးတက်မှုရလဒ် ...ရှန်ပို အစရှိတဲ့ ခေတ်မှီဆပ်ပြာများ ။

တယ်လီဖုန်း

တီထွင်သူ ....အလက်ဇန္ဒား ဂရေဟမ် ဘဲလ်
လူမျိုး .........ကနေဒါ။
ခုနှစ် ............ ၁၈၆၀ ။
ရည်ရွယ်ချက် ..စကားပြောဆက်သွယ်ရေး ။
တိုးတက်မှုရလဒ် ....ယနေ့ခေတ် ဆက်သွယ်ရေး၊ မိုဘိုင်းဖုန်း။

တင်းနစ်

တီထွင်သူ .......ရှေးလူများ ။
လူမျိုး ...........ဂရိ ၊ ရိုမန် ။
ရည်ရွယ်ချက် ..ကျန်းမာပျော်ရွင်ရေး ။
တိုးတက်မှုရလဒ် ....တင်းနစ်အမျိုးမျိုး ။

ထောပတ်

တီထွင်သူ ...ရှေးလူများ ။
လူမျိုး........ဂရိ ၊ ရိုမန် ၊ အင်ဒီးယန်း ။
ခုနှစ် ........ဟိုးရှေးရှေးက ။
ရည်ရွယ်ချက် ....ကိုးကွယ်မှု ၊ ဆေး ။
တိုးတက်မှုရလဒ်....စွမ်းအင်အတွက် အဓိက အစားစာများ ။

ပနယ်စလင်

ရှာဖွေတွေ့ရှိသူ ...ဆာ အလဇန္ဒားဖလင်းမင်း ။
လူမျိုး........အင်္ဂလိပ် ။
ခုနှစ် ........၁၉၂၈ ။
ရည်ရွယ်ချက် ....ရောဂါပေးတဲ့ ဗက်တီးရီးယား နှိမ်နင်းရေး ။
တိုးတက်မှုရလဒ်....အခြားခုခံဆေးများ ။

ပလတ်စတစ်

တီထွင်သူ ...အလက်ဇန္ဒား ပတ်ခေဒစ် ။
လူမျိုး........အင်္ဂလိပ် ။
ခုနှစ် ........၁၈၆၀ ခန့် ။
ရည်ရွယ်ချက် ....တိရိစ္ဆာန်ချို အတုလုပ်ရေး ။
တိုးတက်မှုရလဒ်....ဓာတု ပလတ်စတစ်များ ။

ပြက္ခဒိန်

တီထွင်သူ ...ရှေးလူများ ။
လူမျိုး........အီဂျစ်ရှင်း ။
ရည်ရွယ်ချက် ....ရက်၊လ၊ နှစ်များအား သိရှိရေး ။
တိုးတက်မှုရလဒ်....ဂရေဂရီယမ် ပြက္ခဒိန် ။

ဖဲချပ်

တီထွင်သူ ....ရှေးလူများ ။
လူမျိုး ..........တရုတ် ၊ အင်ဒီယန် ။
ခုနှစ်............ရှေးလွန်သောအခါက ။
ရည်ရွယ်ချက်.....ဖျော်ဖြေ ၊ လှည့်စားတွက်ဆရတဲ့ ကစားနည်း ။
တိုးတက်မှူရလဒ်......ကစားနည်းအမျိုးမျိုး ။
ဖောင်တိန်
တီထွင်သူ ....အမေရိကန် ။
ခုနှစ်............၁၈၈၀ ။
ရည်ရွယ်ချက်.....မင်ထည့်ပြီး စာရေးဖို့ ။
တိုးတက်မှူရလဒ်......ဖောင်တိန် ၊ ဘောပင် နဲ့ အခြား ။

မီးခြစ်ဆံ

တီထွင်သူ ....ရောဘတ်ဘွိုင်လီ ၊ ဂျွန်ဂေါ့တာ ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၆၈၁ ။
ရည်ရွယ်ချက်.....မီးထုတ်လုပ်ရေး ။
တိုးတက်မှူရလဒ်......မီးခြစ်အမျိုးမျိုး ။

မီးရထား

တီထွင်သူ ....ဂျော့စတီဗင်ဆင် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၂၅ ။
ရည်ရွယ်ချက်.....ခရီးသည်နဲ့ ကျောက်မီးသွေး သယ်ယူပို့ဆောင်ရေး ။
တိုးတက်မှူရလဒ်......ဒီဇယ်ရထား ၊ လျှပ်စစ်ရထား ။

မျက်မှန်

တီထွင်သူ ....အာလ်ဟာဇန် ။
လူမျိုး ..........အရေးဘီးယန်း ။
ခုနှစ်............၁၀ ရာစု ။
ရည်ရွယ်ချက်.....မြင်ကွင်းရှင်းရေး ။
တိုးတက်မှူရလဒ်......တောင်တက်မျက်မှန် ၊ ၀င်ရိုးစွန်းသုံးမျက်မှန်များ ။

မျက်မမြင်စာ

တီထွင်သူ ....လူးဝစ်စ် အရိုင်းလေး ။
ခုနှစ်............၁၈၂၉ ။
ရည်ရွယ်ချက်.....မျက်မမြင် ပညာရေး ။
တိုးတက်မှူရလဒ်......မျက်မမြင်များ ဖတ်နိုင်သည့် မဂ္ဂဇင်း၊ သတင်းစာ၊ စာအုပ်များ ပေါ်ပေါက်လာ။

မော်တော်ကား

တီထွင်သူ ....ဂေါ့ထ်လီယက် ဒိုင်မလာ ။
လူမျိုး............ဂျာမန် ။
ခုနှစ်............၁၈၈၇ ။
ရည်ရွယ်ချက်.....သက်တောင့်သက်သာ ခရီးသွားနိုင်ရေး ။
တိုးတက်မှူရလဒ်......ဒီဇယ်ကား၊ ပြိုင်ကား ။

မိုးပျံတိုက်

တီထွင်သူ ...၀ီလျံ လေး ဘာရွန် ဂျင်နီ ။
လူမျိုး........အမေရိကန် ။
ခုနှစ် ........၁၈၅၃ ။
ရည်ရွယ်ချက် ....မြေနေရာ ပိုမိုရရှိရေး ။
တိုးတက်မှုရလဒ်....ခောတ်မီ မိုးပျံတိုက်ကြီးများ ။
ရဟတ်ယာဉ်

တီထွင်သူ ....ပေါလ်ကောနု ။
လူမျိုး ..........ပြင်သစ် ။
ခုနှစ်............၁၉၀၇ ။
ရည်ရွယ်ချက်.....လေထဲတိုက်ရိုက်တက်နိုင်ရေး ။
တိုးတက်မှုရလဒ်......ခက်ခဲတဲ့နေရာများတွင် လူသားတွေဆင်းသက်နိုင် ။

ရေဒီယမ်

ရှာဖွေတွေရှိသူ ....မာရီကျုရီနဲ့ ပါရီကျုရီ ။
ရည်ရွယ်ချက်.....ရေဒီယိုဒြပ်စင်များကို လေ့လာရေး ။

ရေဒါ

တီထွင်သူ ....ရောဘတ် ၀ပ်ဆင် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၉၃၅ ။
ရည်ရွယ်ချက်.....ရန်သူ့လေယာဉ်ဝင်လာမှု သတိပေးစေခြင်း ။
တိုးတက်မှူရလဒ်......ရေကြောင်းသုံးကိရိယာ ။

ရေမွှေး

တီထွင်သူ ....ရှေးလူမျိုး ။
လူမျိုး ..........အီဂျစ်ရှင်း ။
ခုနှစ်............လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ ကျော်က ။
ရည်ရွယ်ချက်.....ရနံ့မွှေးကြိုင်ရေး ။
တိုးတက်မှူရလဒ်......ဓာတုနည်းနဲ့ ဖော်စပ်ထားတဲ့ ရေမွှေး ။

[ပြင်ဆင်ရန်] X _ ရောင်ခြည်

တီထွင်သူ ....၀ိုင်ဟဲမ် ရွန်ဂျင် ။
လူမျိုး ..........ဂျာမန် ။
ခုနှစ်............၁၈၉၅ ။
ရည်ရွယ်ချက်.....ဓတ်မှန်ရိုက်ကူးရေး ။
တိုးတက်မှူရလဒ်......နည်းပညာ ၊ စက်မှု ၊ဆေးဝါးအတွက် အရေးပါတဲ့ ရောင်ခြည် ။

လေယာဉ်ပျံ

တီထွင်သူ = ရိုက်ညီနောင် ( Wilbur Wright & Orville Wright)
ခုနှစ် = ၁၉၀၃
ရည်ရွယ်ချက်= လူသားများ အတွက် လေကြောင်းခရီး( ပျံသန်းမှု) သည် ဖြစ်နိုင်ကြောင်း သက်သေပြချက် ။
တိုးတက်မှုရလဒ်= အသံထက်မြန်သောလေယာဉ်ပျံများ ၊ ခရီးသည်တင်လေယာဉ်ပျံများ ။

လက်ရေးတို

တီထွင်သူ ..အိုက်ဆစ်ပစ်တ်မန်း ။
လူမျိုး ..အင်္ဂလိပ် ။
ခုနှစ် ..၁၈၃၇ ။
ရည်ရွယ်ချက် ..လျင်မြန်စွာရေးသားနိုင်ရေး ။
တိုးတက်မှုရလဒ် ...ခေတ်မီလက်ရေးတိုရေးနည်းများ ။

သင်္ဘော

တီထွင်သူ ....ရှေးလူကြီများ ။
လူမျိုး ..........အီဂျစ်ရှင်း ။
ခုနှစ်............ရာစုနှစ်ပေါင်းများစွာက ။
ရည်ရွယ်ချက်.....ပင်လယ်ကို ဖြတ်သန်းသွားလာရေး ။
တိုးတက်မှူရလဒ်......ယနေ့ခေတ်သင်္ဘော ။


တီထွင်သူ ..တရုတ်လူမျိုးအုပ်ချုပ်သူများ ။
ခုနှစ် ..( ၇ ) ရာစု ။
ရည်ရွယ်ချက် ..ပြည်သူ သတင်းအချက်အလက် သိရှိစေရန် ။
တိုးတက်မှုရလဒ် ...နေ့စဉ်သတင်းစာကြီးများ ။

သာမိုမီတာ

တီထွင်သူ ....ဂယ်လီလီယို ။
လူမျိုး ..........အီတာလျံ ။
ခုနှစ်............၁၅၉၂ ။
ရည်ရွယ်ချက်.....အပူချိန်တိုင်းရန် ။
တိုးတက်မှုရလဒ်......ခေတ်မီလျှပ်စစ်သုံး အပူတိုင်းကိရိယာ ။
သံလိုက်အိမ်မြှောင်

တီထွင်သူ ..တရုတ်လူမျိုးများ ။
လူမျိုး .....တရုတ် ။
ခုနှစ် ....အေဒီ ၁၀၀၀ ။
ရည်ရွယ်ချက် ..အရပ်ဒေသသိရှိရန် ။
တိုးတက်မှုရလဒ် ...ရေကြောင်းပြကိရိယာ ။

နျူးကလီယားစွမ်းအင်

တီထွင်သူ ....အီမီတိုဖာနီ ။
လူမျိုး ..........အမေရိကန်နိုင်ငံမှ အီတာလီယံ ။
ခုနှစ်............ ၁၉၄၂ ။
ရည်ရွယ်ချက်.....နယူးကလီးယား ဓါတ်ပေါင်းဖို ။
တိုးတက်မှူရလဒ်......ညူကလီးယားလက်နက်များ ၊ ဓါတ်ပေါင်းဖိုများ ။

အမေရိကတိုက်

တီထွင်သူ ....ခရစ်စတိုဖာ ကိုလံဘတ်စ် ။
လူမျိုး ........စပန်းနစ်ရှ် ။
ရည်ရွယ်ချက် ..နယ်မြေသစ်ရှာခြင်း ။
တိုးတက်မှုရလဒ် ....အမေရိကန်ပြည်ထောင်စု ။

အဘိဓာန်

တီထွင်သူ ....ရစ်ခ်ျတ် ဟူးလိုရက် ။
လူမျိုး .........အင်္ဂလိပ် ။
ခုနှစ် ............ ၁၅၅၂ ။
ရည်ရွယ်ချက် ..ခက်ခဲတဲ့ စကားလုံးများကို ပြောပြစေခြင်း ။
တိုးတက်မှုရလဒ် ....စာလုံးပေါင်းစုံပါဝင်တဲ့ အဘိဓာန်များ ။

အလံ

တီထွင်သူ ..ရှေးလူများ ..။
လူမျိုး ..ဂရိ ၊ ရိုမန် ။
ခုနှစ် ..ရှေးတုန်းက ။
ရည်ရွယ်ချက် ..စစ်ပွဲကာလအတွင်း အထိမ်းအမှတ် ။
တိုးတက်မှုရလဒ် ...နိုင်ငံတောင်္အလံများ ။

အင်ဆူလင်

ရှာဖွေတွေ့ရှိသူ ...အက်ဖ် ဂျီ ဘန်းတင်းဂ်၊ စီ အေ့ခ်ျဘက်စထ် ။
ခုနှစ် ........၁၉၂၂ ။
ရည်ရွယ်ချက် ....ဆီးချိုကုသရေး ။
တိုးတက်မှုရလဒ်....ဒီဂျစ်တယ် ဂလူးကိုစ့် မီတာ ။
အက်တမ်

တီထွင်သူ ....ဂျွန် ဒယ်လ်တန် ။
လူမျိုး ..........အင်္ဂလိပ် ။
ခုနှစ်............၁၈၀၃ ။
ရည်ရွယ်ချက်.....ရုပ်ကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာလေ့လာရေး ။
တိုးတက်မှူရလဒ်......အက်တမ်သီအိုရီ ၊ အက်တမ်စွမ်းအင် ၊ အဏုမြုဓတ်ပေါင်းဖို ။

Categories: နည်းပညာ | ဗဟုသုတ

သင်္ချာ အစ ဘယ်ကလာသလဲ

သင်္ချာ အစ ဘယ်ကလာသလဲ

သင်္ချာ



ယူကလစ်, ဂရိ သင်္ချာပညာရှင်, ၃ ရာစု BC The School of Athens ကို Raphael ပုံဖော်စဉ်.[1]

သင်္ချာသည် အခြေခံ သင်ရိုးညွှန်းတမ်း ဘာသာရပ် တစ်ခုဖြစ်ပြီး အခြား အသိပညာ များ၊ ဥပမာ ပမာဏ၊ ပုံစံ၊ အကွာအဝေး စသည့် သဘောတရားများကို လေ့လာရာတွင် အထောက်အပံ့ ပေးသည်။ အတွက် အချက် ဖြစ်သည်။ သင်္ချာပညာရှင် ဘင်ဂျမင် ပီရာက သင်္ချာကို "အဖြေထုတ်ပေးရန် လိုအပ်သော သိပ္ပံဘာသာရပ်" ဟုဆိုသည်။[2]

အခြား သင်္ချာပညာရှင် တို့သည် သင်္ချာကို ပုံသဏ္ဌာန် များ၏ သိပ္ပံအဖြစ်ဆိုကြပြီး ကိန်း၊ နေရာ၊ သိပ္ပံ၊ ကွန်ပျုတာ စသည့်တို့တွင် ရှိသော ပုံသဏ္ဌာန်များကို လေ့လာကြသည်။[3][4] သင်္ချာပညာရှင် တို့သည် ထို့သို့လေ့လာရာတွင် တွေးခေါ်မှု့များကို တိကျအောင် ဖေါ်မြုလာများ ဖော်ထုတ်ပြီး axiom နှင့် အဓိပ္ပါယ် ရှင်းလင်းချက်မှာ သက်မှတ်ကာ ခိုင်မာသော ဆင်ခြင်မှု့ များကို ပြုသည်။[5]

abstraction နှင့် လော့ဂျစ် ကိုသုံး၍ ရေတွက်ခြင်း၊ တွက်ချက်ခြင်း၊ တိုင်းတာခြင်း၊ ပုံသဏ္ဌာန်၊ အရာဝတ္တု တို့၏ ရွေ့ရှားမှု့ များကို လေ့လာရင်းမှ သင်္ချာ တိုးတက်လာခဲ့သည်။ အခြေခံ သင်္ချာ နှင့် သဘောတရားများ ကို လူတို့သည် အမြဲတွဲကပ် သုံးလျှက်ရှိကြသည်။

[ပြင်ဆင်ရန်] ရှေးမြန်မာ့ သင်္ချာကျမ်းကြီး

၁၇၇၄ ခုနစ်မှ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်း ( ၁၇၇၄ ) မြန်မာ့သိပ္ပံပညာဆိုင်ရာ ကျမ်းတွေ စာပေတွေဟာ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် (၁၇၈၂ - ၁၈၁၉) မှာ အခြေတကျ စပြီး ထွန်းကားလာတယ်လို့ ပညာရှင်အများက လက်ခံ ယုံကြည်ထားကြတယ်။ အဲဒီလို လက်ခံရတဲ့ အကြောင်းကတော့ ဗဒုံမင်းဟာ အိန္ဒိယနိုင်ငံနဲ့ သီဟိုဠ်နိုင်ငံကနေ ကျမ်းပေါင်း (၂၀၀) ကျော်ကို မြန်မာနိုင်ငံသို့ ယူဆောင်စေခဲ့တယ်။ အဲဒီလို ယူလာတဲ့ ကျမ်းတွေရဲ့ မြန်မာပြန်မူတွေကို အခုအချိန်အထိ လက်ဆုတ်လက်ကိုင် ပြနိုင်သေးတယ်။ မြန်မာ့သင်္ချာ ပညာသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ကျမ်းပြုသူ အစောဆုံး ခြေရာကောက်မိတဲ့ သင်္ချာကျမ်းကတော့ သင်္ချာပကာသက အမည်ရှိတဲ့ ကျမ်းဖြစ်တယ်။ အဲဒီကျမ်းက ၁၄ ရာစု နှစ်ဦးပိုင်းကတည်းက ယိုးဒယားနိုင်ငံက တဆင့် မြန်မာနိုင်ငံကို ရောက်လာတဲ့ ကျမ်းဖြစ်တယ်။ ကျမ်းရဲ့ မူလ စာကိုယ်ကို ပြုစုတဲ့သူက ယိုးဒယားနိုင်ငံ ဇင်းမယ်မြို့က ရှင်ညာဏ၀ိလာသ ဖြစ်တယ်။ အဲဒီကျမ်းကို အခြေခံပြီး ၁၅၂၀ မှာ မြစ်ငယ်တောင်ဘက် ပလိပ်ရွာ အရှေ့ရှိ မြို့သစ်မြို့နေ ရှင်သိရိမင်္ဂလက သင်္ချာပကာသကဋီကာကို ထပ်မံပြုစုပြီး တတိယ ညောင်ကန်ဆရာတော် ရှင်က၀ိန္ဒရဲ့ တပည့် ရှင် မုနိန္ဒသာရက တဖန် သင်္ချာပကာသက စာကိုယ်နဿယကို ပြုစုခဲ့တယ်။ အခုအကျဉ်း တင်ပြချင်တဲ့ ကျမ်းက ၁၇၇၄ခုနစ်မှာ ရေးပြီး ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းလို့ နာမည်ရတယ်။ ဒီကျမ်းက မြန်မာ့သိပ္ပံ ပညာသမိုင်းအတွက် အရေးပါတဲ့ အထောက်အထားတစ်ခု ဖြစ်တဲ့အပြင် ကျနော်တို့ မြန်မာတွေ ဂုဏ်ယူဝင့်ကြွားထိုက်တဲ့ ကျမ်းတစ်ဆူလည်း ဖြစ်တယ်။ ဒါကြောင့် ဒီကျမ်းမှာ ပါတဲ့ အချက်အလက်တချို့ကို အကျဉ်းမျှလောက် ပြန်ပြီး ဖောက်သည်ချပေးလိုက်ပါတယ်။ ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းဟာ အပိုင်းလေးပိုင်း ခွဲခြားပြီး ဥပမာပေး နမူနာ ပုစ္ဆာပေါင်း ၁၇၅ ပုဒ်ကို တွက်နည်း အဖြေနဲ့တကွ စုံစုံလင်လင် ပြုစုထားတယ်။

ပထမပိုင်းမှာ သင်္ချာပညာရပ်အတွက် အဓိကဖြစ်တဲ့ `ရေတွက်ခြင်း ဂဏန်းသင်္ချာ´ ခေါင်းစဉ်နဲ့ အလေးချိန်၊ အကွာအဝေး၊ ထုထည်၊ အချိန်နာရီ တွေကို တိုင်းတာတဲ့ ယူနစ်ကိန်းသင်္ချာ အကြောင်းနဲ့ ခု ကနေ အသင်္ချေ (တစ်နောက်က သုည အလုံး ၁၄၀) တိုင်အောင် ရေတွက်ခေါ်ဝေါ်ပုံ နည်းစနစ်ကို ဖော်ပြထားတယ်။ ဒုတိယပိုင်းမှာ `ဂဏန်းဆယ်ပါး´ ခေါင်းစဉ်နဲ့ စပါးတွက်၊ ဆန်တွက်၊ ရွှေတွက်၊ ငွေတွက်၊ ဆီမီးတွက်၊ ရထားတွက်၊ သစ်ပင်တွက်၊ လှေတွက်၊ သားရေတွက်၊ မြေတွက် ဆိုပြီး လုပ်ငန်းအလိုက် တိုင်းထွာတွက်ချက်နည်းကို ဥပမာ ပုစ္ဆာပေါင်း ၉၈ ပုဒ်နဲ့ ဖော်ပြထားတယ်။

စပါးတွက်နည်းမှာ ကျီတွက်နည်း၊ သရိုင် (ပုတ်) တွက်နည်း၊ စပါးပုံတွက်နည်း၊ လှေဝင်စပါးတွက်နည်း၊ စပါးကို ငှက်စားတဲ့ ပုစ္ဆာ၊ စပါး နှစ်ထပ်တိုးပေး တွက်နည်း အစရှိတဲ့ နမူနာပုစ္ဆာ ၂၁ ပုဒ်နဲ့ ဖော်ပြထားတယ်။ ဆန်ဂဏန်းတွက်နည်းမှာ စပါးနှစ်တင်းကို ထောင်းရင် ဆန်တစ်တင်းရပြီး ဆန်တစ်တင်းမှာ အစေ့ပေါင်း ၇၆၈၀၀၀ ရှိကြောင်း ဖော်ပြထားတယ်။ ဆန်ဂဏန်းမှာ အဓိက အရေးကြီးတဲ့ အပိုင်းက သင်္ချာပေါင်းပွားကိန်း (Arithmetic Progression) သဘောကို အခြေခံတဲ့ နည်းတွေ ဖြစ်တယ်။

ရွှေဂဏန်းကို ပြောတဲ့အခါမှာ ရွှေမျိုးပေါင်း (၂၀) ရှိတယ်လို့ ဖော်ပြထားတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်အောင် လှော်ခတ်ပြီး အဆင့်လိုက် ရွှေလှော် (၁၂) မျိုးကိုလည်း ဖော်ပြထားတယ်။ အဲဒါတွေက နီဗလ၊ နာရဏီ၊ နာရဝေါ၊ နာလိကာ၊ နာလိမုတ္တာ၊ အဉ္စနီ၊ အဉ္စမုတ္တ၊ အဇာဝနိ၊ ဇာတရူပ၊ ဥတရနိတာ၊ သိင်္ဃနိတ် နဲ့ ဇမ္ဗူရဇ်တို့ ဖြစ်တယ်။ ရွှေကို သန့်စင်ဖို့ လုပ်တာ အင်မတန် အနုစိတ်ပြီး စနစ်ကျတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြရရင် အသန့်စင်ဆုံး ဇမ္ဗူရဇ်ရွှေ အဆင့်ရအောင် သိင်္ဃနိတ်ရွှေကို ထပ်မံသန့်စင်တဲ့နည်းလေး ဖော်ပြပေးလိုက်တယ်။ `သိင်္ဃနိတ်ရွှေ ၄ိ ၂ံ ၂ ဆံ ၃ နှံ့ (နှမ်း) ၁ မုံညင်(း) ၆ သံခေါင် (သန်းခေါင်း) ၂ ကညစ်ချေကို ၃ိ ၃ူ ၁ဲ ၄ံ ၂ ဆံ ၂ နံ ၁ မုံညင် ၃ သံခေါင် ၂ ကညစ်ချေ တင်အောင် လှေ (လှော်) မှ ဇမ္ဗူရဇ်ရွှေ ဖြစ်၏။´ ရေဂဏန်းကို ဖော်ပြတဲ့နေရာမှာ ထုထည်ရှာပုံတွေ၊ ရေကန်ကနေ ရေထုတ်တဲ့အခါ ကြာမယ့် အချိန်နာရီ တွက်ပုံတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ပြထားတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တင်ပြပေးလိုက်ပါတယ်။ ပုစ္ဆာ။ ဖလားတလုံ(း)သဉ် အ၀န်(း) ခြောက်တောင် စောက် ၁င်္ (တောင်) ရေအပြဉ်ရှိ၏။ ထိုရေကို မုံဉင်စေ့ရှိ ဖောက်သော် ဘယ်မျှလောက်သောကာ(လ)မှ ရေကုံအံ့နဉ်။

အဖြေ။ ၃ လနှင့် ၂ ရက် ၉ နာရီ နှစ်ပါဒ် ၆၂ ဗီဇနာမှ ရေကုန်၏။ ဆီမီးဂဏန်း တွက်နည်းထဲမှာလည်း ထုထည်ရှာနည်းကို အခြေခံပြီး ဖယောင်းတုံးကြီးကနေ ဖယောင်းတိုင်တွေ ပြုလုပ်ရင် ရလာမယ့် ဖယောင်းတိုင် အရေအတွက်ကို ရှာတဲ့နည်းတွေ၊ ဖယောင်းတိုင်ကို မီးထွန်းရင် အချိန်ဘယ်လောက်ကြာမှ ကုန်မလဲလို့ တွက်တဲ့နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ဖော်ပြထားတယ်။ သစ်ပင်ဂဏန်းမှာတော့ သစ်ခွဲစိတ်ဖြတ်တောက်တာနဲ့ ဆိုင်တဲ့ သစ်တွက်နည်းတွေ၊ သစ်လုံးကို ပါးပါးလွှာထုတ်တဲ့ တွက်နည်းတွေ အပြင် သစ်ပင်ကို အဝေးကကြည့်ပြီး အမြင့်ရှာနည်းတွေ အပါအ၀င် ပုစ္ဆာ ၇ ပုဒ်နဲ့ ဖော်ပြထားတယ်။ သစ်ပင်အမြင့်ရှာပုံက ဂျီသြမေတြီဘာသာရပ် (Geometry) ကို အခြေခံထားတယ်။ လှေဂဏန်းကို ပြရာမှာ သင်္ဘောနဲ့ ခရီးထွက်ရင် ကြာမြင့်ချိန်၊ ဆိုက်ရောက်ချိန် နေ့ရက်ကို တွက်တဲ့ ပုစ္ဆာတွေနဲ့ အက္ခရာသင်္ချာ (Algebra) သဘောပါတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှေနဲ့ တစ်ဖက်ကမ်းကို ကူးတဲ့ ပုစ္ဆာမျိုးတွေကို နမူနာပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ပြထားတယ်။ သားရေဂဏန်းမှာတော့ သားရေချပ်ကို လှီးဖြတ်ရာမှာ လေးထောင့်ပုံ၊ စက်ဝိုင်းပုံ စတဲ့ ပုံစံ အမျိုးမျိုးရဲ့ ဧရိယာနဲ့ အ၀န်းတွက်နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ချက်ပြထားတယ်။ မြေဂဏန်းမှာ မြေကြီးကနေ အုတ်ထုတ်ရာမှာ ထွက်ရှိမယ့် အုတ်ချပ်ရေ ခန့်မှန်းပုံ၊ မြို့ရိုး တိုက်တာ အိုးအိမ် တည်ဆောက်ရာမှာ အုတ်လိုအပ်မှု လယ်ယာမြေကွက် ပုံစံအမျိုးမျိုး ပယ်ဖွဲ့နည်းတွေကို ဥပမာ ပုစ္ဆာပေါင်း ၃၀ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတယ်။ တတိယပိုင်းမှာ နည်းတဆယ့်ခြောက်ပါး ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်္ချာနည်းပေါင်း ၁၆ နည်းကို ပုစ္ဆာပေါင်း ၇၆ ပုဒ်နဲ့ ဖော်ပြထားတယ်။ အဲဒီနည်းတွေကို အကျဉ်းချုပ် အနေနဲ့ ဖော်ပြရရင် နှစ်ထပ်တိုးတွက်နည်း၊ အချိုးတွက်နည်း၊ မရေမရာညီမျှခြင်း (Indeterminate equation) တွက်နည်း၊ သင်္ချာပေါင်းပွားကိန်း (Arithmetic progression) တွက်နည်း၊ သင်္ချာဆပွားကိန်း (Geometric progression) တွက်နည်း၊ အက္ခရာသင်္ချာ ညီမျှခြင်း (Algebra equation) တွက်နည်း၊ ဆခွဲကိန်း တွက်နည်း၊ ဘုံသုဉ်းကိန်း တွက်နည်း တို့ ဖြစ်ပါတယ်။ ဒီကျမ်းရဲ့ နောက်ဆုံးအပိုင်း စတုတ္ထပိုင်းမှာတော့ ရှေ့ပိုင်းက နည်းတွေကို အခြေခံပြီး ပုစ္ဆာပေါင်း ၃၀ ကို ထပ်ပြီး တွက်ပြထားပါတယ်။

ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းကို ခြုံငုံကြည့်ရင် ရှေးမြန်မာတွေရဲ့ လယ်ယာအိုးအိမ် စတဲ့ စားဝတ်နေရေး လူနေမှုစနစ်ကို လက်တွေ့ အထောက်အကူပြုတဲ့ သင်္ချာတွက်နည်းတွေကို ဖော်ပြထားကြောင်း တွေ့ရတယ်။ ဒါ့အပြင် စက်ဝိုင်းတွေရဲ့ ဧရိယာ၊ စက်လုံး၊ ထုလုံး၊ ထုချွန်တွေရဲ့ ထုထည်ရှာပုံ၊ ဂဲသြမေတြီရဲ့ အခြေခံတွေ၊ သင်္ချာပေါင်းပွားကိန်း၊ ဆပွားကိန်း၊ အချိုးဆက်တွေ၊ အက္ခရာသင်္ချာတွက်နည်းတွေကိုပါ ထည့်သွင်း ဖော်ပြထားတာကို ထောက်ရှုမယ်ဆိုရင် အဲဒီအချိန်က မြန်မာတွေရဲ့ သင်္ချာအဆင့် မြင်းမားကြောင်း တွေ့ရတယ်။ ဗဒုံမင်း လက်ထက် မတိုင်မီကတည်းက မြန်မာ့ သင်္ချာပညာဟာ ပီပီပြင်ပြင် အဆင့်မြင့်မြင့် ရှိနေပြီ ဆိုတာကို ဒီ ၁၇၇၄ ခုနစ်က သင်္ချာကျမ်းနဲ့ လက်ဆုတ်လက်ကိုင် ပြပြီး သက်သေထူလိုက်ပါတော့တယ်။ [6]

[ပြင်ဆင်ရန်] ကိုးကား

↑ No likeness or description of Euclid's physical appearance made during his lifetime survived antiquity. Therefore, Euclid's depiction in works of art depends on the artist's imagination (see Euclid).
↑ Peirce, p.97
↑ Steen, L.A. (April 29, 1988). The Science of Patterns. Science, 240: 611–616. and summarized at Association for Supervision and Curriculum Development.
↑ Devlin, Keith, Mathematics: The Science of Patterns: The Search for Order in Life, Mind and the Universe (Scientific American Paperback Library) 1996, ISBN 9780716750475
↑ Jourdain
↑ ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ - ဒေါက်တာ မျိုးသန့်တင်

အေကေ ၄၇ အကြောင်းလေ့လာကြစို.

AK-47 သေနတ်အကြောင်းလေ့လာကြစို.

AK-47

အေကေ - ၄၇ ချေမှုန်းရေး ရိုင်ဖယ်ကို ရုရှ နိုင်ငံမှ Mikhail Kalashnikov က ဒီဇိုင်းဆွဲ၍ ၁၉၄၇ ခုနှစ်၏ အကောင်းဆုံး မောင်းပြန်ရိုင်ဖယ် ဒီဇိုင်းဆုကို ရရှိခဲ့သည်။ AK 47 နှင့် AKS 47 ဟူ၍ နှစ်မျိုး ထုတ်လုပ်ခဲ့သည်။ ၁၉၄၉ တွင် ဆိုဗီယက် တပ်နီတော်၏ တပ်များအတွက် စတင်အသုံးပြုခဲ့သည်။ ယခင် ၀ါဆော နိုင်ငံများ၏ အဓိက ချေမှုန်းရေး ရိုင်ဖယ် ဖြစ်သည်။ အေကေ-၄၇ ၏ စကားလုံးရင်းမြစ်မှာ တီထွင်သူ Avtomat Mikhail Kalsshnikov မှ ၁၉၄၇ ခုနှစ်တွင် တီထွင်ခဲ့သည်ဟု အမှတ်အသားပြုသည့်အနေဖြင့် သူ့နာမည် ရှေ့စာလုံး A နှင့် နောက်နာမည်မှ K ကိုယူကာ AK-47 ဟုနာမည်ပေးခဲ့ခြင်းဖြစ်သည်။

အေကေ - ၄၇





အမျိုးအစား ချေမှုန်းရေး ရိုင်ဖယ် စတင် အသုံးပြုသည့် နိုင်ငံ ဆိုဗီယက် (ရုရှ) အသုံးပြုခြင်း ၁၉၄၉ မှ ယနေ့ထိ

[ပြင်ဆင်ရန်] သွင်ပြင် လက္ခဏာများ

အေကေ - ၄၇ ကို ရိုးရှင်းပြီး ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာအောင် ဒီဇိုင်းဆွဲထားခြင်း ဖြစ်ပြီး သန့်ရှင်းရေး ပြုလုပ်ရန်နှင့် အထွေထွေ ပြင်ဆင်ရန်လည်း အလွန်လွယ်ကူသည်။ လက်တွေ့ အသုံးပြုမှုများအရ အေကေ ၄၇ တစ်လက်၏ သက်တမ်းသည် နှစ်ပေါင်း ၂၀ မှ ၄၀ အတွင်း ကောင်းမွန်စွာ အသုံးပြု၍ ရကြောင်း တွေ့ရသည်။ နောက်ပိုင်း မျိုးကွဲများ ထွက်ပေါ်လာသော်လည်း မူရင်း သွင်ပြင်လက္ခဏာ ဖြစ်သည့် ရိုးရှင်းပြီး ပြုပြင်ထိန်းသိမ်းမှု လွယ်ကူသည့် ပုံသဏ္ဍာန်မှာ ဆက်လက် တည်ရှိဆဲ ဖြစ်သည်။

[ပြင်ဆင်ရန်] အသုံးပြုသည့် နိုင်ငံများ


အာဖဂန် နစ္စတန်


ဘင်္ဂလားဒေ့ရှ်


ဘူလ်ဂေးရီးယား


ကမ္ဘောဒီးယား


တရုတ်


ကျူးဘား


ဟန်ဂေရီ


အီရတ်


လာအို


လက်ဘနွန်


လစ်ဗျား


မြောက်ကိုရီးယား


ပါကစ္စတန်


ပိုလန်


ရိုမေးနီးယား


ဆူဒန်


ဆီးရီးယား


ယူကရိန်း



ဗီယက်နမ်


ယီမင်

မြန်မာ့စစ်ပညာ

မြန်မာ့ စစ်ပညာ



1 မြန်မာ့ စစ်ပညာ
2 သမိုင်းတွင် မှတ်ကျောက်တင်ခဲ့သော စစ်ပွဲများ
3 စစ်တိုက်နည်း ခိုက်နည်း
3.1 စစ်အင်္ဂါ(၇)ပါး
3.2 စစ်ချီခြင်း(၄)ပါး
3.3 စစ်ကပ်ခြင်း(၂)ပါး
3.4 စစ်ထိုးခြင်း(၆)ပါး
3.5 စစ်ခံခြင်း(၆)ပါး
3.6 စစ်ဖျက်ခြင်း(၆)ပါး
3.7 စစ်ပြန်ခြင်း(၃)ပါး
4 ကိုးကား

[ပြင်ဆင်ရန်] မြန်မာ့ စစ်ပညာ

သေနင်္ဂဗျူဟာ စစ်ပညာသည် တိုင်းပြည်အသီးသီး၊ လူမျိုးအသီးသီးတွင် ရှေးကတည်းက ရှိခဲ့သည်။ ယခုလည်းရှိနေဦးမည်။ နောင်လည်း ရှိရမည်ပင် ဖြစ်သည်။ စစ်ပညာများမှာ အချိန်ကာလ ခေတ်အားလျော်စွာ တစ်မျိုးတစ်ဖုံ ထူးခြား တိုးတက် လာသော်လည်း အခြေအနေ အချိန်အခါအရ ရှေးပညာရပ်များကို လက်လွှတ်၍ မရပေ။ ထို့ကြောင့် ရှေးမြန်မာ့ စစ်ပညာကို တိမ်မြုပ်မသွားအောင် ထိန်းသိမ်းထားသင့်ပေသည်။ မြန်မာ့သေနင်္ဂဗျူဟာကျမ်း(စစ်ပညာကျမ်း)ကို ခေတ်အဆက်ဆက်က မှတ်တမ်းတင်ထားခဲ့ကြသော်လည်း၊ ရှင်ဖြူရှင်မင်းနှင့် ဘိုးတော်ဘုရားလက်ထက်တွင်ထင်းရှားခဲ့သော လက်ဝဲသုန္ဒရ အမတ်ကြီးက မြန်မာ့ စစ်ပညာကို ပျောက်ပျက်မသွားစေရန် ရည်ရွယ်၍ သေနင်္ဂဗျူဟာပျို့၊ ဗျူဟစက္ကိပျို့နှင့် နန္ဒီသေနပျို့များကို ရေးသား စပ်ဆိုခဲ့သည်။

မြန်မာ့သမိုင်းတစ်လျှောက်တွင် မြန်မာတို့ စစ်ပွဲကြီးပေါင်းများစွာကို ယှဉ်နွှဲခဲ့ကြသည်။ ပုဂံခေတ်တွင် ပြည်ပမှ ကျူးကျော်လာသော် ဂျွမ်းစစ်သည်များကိုနှိမ်နင်းနိုင်ခဲ့သည်၊ ပင်းယခေတ်တွင် ပြည်ပမှကျူးကျော်လာသော် ထိုအချိန်က ကမ္ဘာတစ်ခြမ်းနီးပါးကျူးကျော်ထားသည့် မွန်ဂိုတာတာများကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့သည်။ အင်းဝခေတ်တွင် မြန်မာတို့၏ စစ်အင်းအားကြောင့် ပြည်ပကျူးကျော်ရန်ကို မရင်ဆိုင်ခဲ့ရပါ။ တောင်ငူ၊ ညောင်ရမ်းခေတ်တွင် ကျူးကျော်သူ ပေါ်တူဂီများကို အောင်မြင်စွာနှိမ်နင်းနိုင်ခဲ့သည်။ ကုန်းဘောင်ခေတ် အလောင်းဘုရားလက်ထက်တွင် ဟိုင်းကြီးကျွန်းတွင် အင်္ဂလိပ်တပ်ကို ချေးမှုန်းခဲ့သည်။ ဆင်ဖြူရှင်မင်းလက်ထက် တရုပ်တို့၏ ၄ ကြိမ်တိုင် ကျူးကျော်စစ်ကို အောင်မြင်ခဲ့သည်။ ဘကြီးတော် မင်းလက်ထက် ပထမ အင်္ဂလိပ်မြန်မာစစ်တွင် ပန်းဝါတိုက်ပွဲတွင် မြန်မာတို့ အောင်နိုင်ခဲ့သောကြောင့် အင်္ဂလိပ်တပ်များ ကြောက်ဒူး တုန်ခဲ့ရသည်။ မြန်မာတို့ အင်္ဂလိပ်ကို စစ်ရှုံးခဲ့ရခြင်းသည် လက်နက်မယှဉ်နိုင်ခြင်းကြောင့်လည်းမဟုတ်၊ စစ်ဗျူဟာ မယှဉ်နိုင်၍လည်း မဟုတ်ဘဲ အချင်းချင်းသွေးစည်းညီညွတ်မှု၊ စည်းလုံးမှုမရှိသော်ကြောင့် စစ်ရှုံးခဲ့ရခြင်းဖြစ်သည်။

[ပြင်ဆင်ရန်] သမိုင်းတွင် မှတ်ကျောက်တင်ခဲ့သော စစ်ပွဲများ

ပုဂံခေတ်တွင် ဂျွမ်းတို့နှင့်တိုက်သော ဂျွမ်းစစ်၊ (ကျူးကျော်သူ ဂျွမ်းစစ်သည်များကို ကျန်စစ်သားဦးစီးသည့် သူရဲကာင်းလေးယောက်နှင့် ကိုယ်ရံတော်တပ်များက တိုက်ခိုက်အနိုင် ယူခဲ့သည်။)
ပင်းယခေတ်တွင် မွန်ဂိုတို့နှင့်တိုက်သော် တာတာမွန်ဂိုစစ်၊ (ကျူးကျော်သူ မွန်ဂိုတို့သည် ထိုအချိန်က ကမ္ဘာတစ်ခြမ်းနီးပါး တိုက်ပွဲများအောင်မြင်နေသည့်အချိန်ဖြစ်သည်။)
ညောင်းရမ်းခေတ်တွင် ပေါ်တူဂီတို့နှင့်တိုက်သော် သန်လျှင်စစ်ပွဲ၊ (ပေါ်တူဂီတို့သည်ထိုအချိန်က စစ်အင်အား အလွန်တောင့်တင်းချိန်ဖြစ်သည်။ အင်္ဂလိပ်တပ်များ၊ ပြင်သစ်တပ်များ သည် ပေါ်တူဂီတပ်ကို ယှဉ်ပြိုင်နိုင်ခြင်း မရှိသေးသည့် အချိန်ဖြစ်သည်။)
ကုန်းဘောင်ခေတ် ရှင်ဖြူရှင်မင်းလက်ထက် တရုပ်တို့၏ကျူးကျော်မှုကိုတိုက်သော် စစ်ပွဲ ၄ ပွဲ၊(တရုပ်တို့၏ ကြီးမားသည့် စစ်တပ်ကြီးများကို ဗလမင်းထင်ဦးစီးသည့် မြန်မာတပ်မ တစ်ခုမှ အံအားသင့်ဖွယ် အနိုင်ယူခဲ့သည်)
ဘကြီးတော်လက်ထက် အင်္ဂလိပ်မြန်မာပထမစစ်ပွဲတွင် စစ်သူကြီး မဟာဗန္ဒုလ၏ ပန်းဝါတိုက်ပွဲ၊(ပန်းဝါတိုက်ပွဲတွင် မြန်မာတပ်များ ထက် အင်္ဂလိပ်တပ်များ လက်နက်သာသော်လည်း မြန်မာတို့၏ သေနင်္ဂဗျူဟာကြောင့် မြန်မာတပ်များအနိုင်ရခဲ့သည်။)
ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ကြည်မြင်တိုင်ခံတပ်တိုက်ပွဲ၊ (အသက်အရွယ်ကြီးရင့်သော်လည်း စစ်၏ပရိရယ်ကို ပိုင်နိုင်စွာအသုံးချနိုင်ခဲ့သောကြောင့် အင်္ဂလိပ်ရေတပ်မှ ပစ်သော အမြောက်ဆံများ အင်္ဂလိပ်တပ်ပေါ်ပြန်ကျ၍ အင်္ဂလိပ်တပ်များ တပ်လုံးပြုတ်ခဲ့ရသည်)
ဗိုလ်ချုပ်မဟာနေမျိုး (အသက် ၈၀ ကျော်)၏ ၀က်ထီကန်တိုက်ပွဲ၊

(ဗိုလ်ချုပ်နေမျိုးသည် မိမိထက် လက်နက်အင်အား၊ လူအင်အားသာလွန်သည့် ရန်သူအင်္ဂလိပ်တပ်များကို ဒူမထောက်၊ လက်မမြှောက်ဘဲ သေသည့်အချိန်ထိ ရဲရဲဝံ၀ံအသေခံတိုက်ခိုက်သွားသည်။ ထိုတိုက်ပွဲတွင် အင်္ဂလိပ်တပ်မှ အရာရှိများပါ သေဆုံးသူ၊ ဒါဏ်ရာရသူများနှင့် ပြည့်နှက်ခဲ့ရသည်)

တတိယအင်္ဂလိပ် မြန်မာစစ်ပွဲတွင် မင်းလှခံတပ်တိုက်ပွဲတို့သည် မြန်မာတို့၏စစ်ပညာ၊ မြန်မာတို့၏သူရသတ္တိကို မှတ်ကျောက်တင်ပေးခဲ့သည့် စစ်ပွဲများဖြစ်သည်။

စစ်ပညာသည် စစ်ကိုအောင်နိုင်စွာ တိုက်ခိုက်နိုင်ရန် လိုက်နာကျင့်သုံးရသော စစ်တိုက်နည်းများနှင့် စစ်သဘောတရားများ ဖြစ်သည်။ ယခုခေတ်တွင် စစ်ပညာကို လေ့လာဆည်းပူးရာ၌-

စစ်ဦးဆောင်ညွှန်ကြားရေး
စစ်ဆင်ယင်ရေး(စစ်ပရိယာယ်)
တိုက်ပွဲခင်းကျင်းရေး(သေနင်္ဂဗျူဟာ)
စစ်ဖွဲ့စည်း အုပ်ချုပ်ရေး ဟူ၍ ပိုင်းခြားကာ လေ့လာဆည်းပူးရသည်။

[ပြင်ဆင်ရန်] စစ်တိုက်နည်း ခိုက်နည်း

မြန်မာ့ စစ်ပညာတွင် စစ်တိုက်ခိုက်နည်းမှာ အခြေခံအပိုင်းဖြစ်သည့် စစ်အစီအရင် (၇)ပါး ဖြစ်သည်။ ထိုစစ်အစီအရင် (၇)ပါးမှ တဆင့် ဖြာထွက်လာသော သရုပ်သကန်များဖြစ်သည်။

စစ်အစီအရင် (၇)ပါး

စစ်အင်္ဂါ(၇)ပါး (သေနင်္ဂ)
စစ်ချီခြင်း(၄)ပါး (သေနာဂတိ)
စစ်ကပ်ခြင်း(၂)ပါး (သေနုပဂ)
စစ်ထိုးခြင်း(၆)ပါး (သေနာယုဒ္ဓ)
စစ်ခံခြင်း(၆)ပါး (သေနာပဋိဂ္ဂဟ)
စစ်ဖျက်ခြင်း(၆)ပါး (သေနာဗေဒ)
စစ်ပြန်ခြင်း(၃)ပါး (သေနာနိဝတ္တန)

[ပြင်ဆင်ရန်] စစ်အင်္ဂါ(၇)ပါး

စစ်အစီအရင် (၇)ပါး မှ စစ်အင်္ဂါ(၇)ပါးသည် စစ်စတင်တိုက်သည် ဆိုသည်နှင့် သုံးစွဲကိုင်တွယ်ရသည့် အချက်အလက်များ ဖြစ်သည်။

စစ်ဖျား စစ်လျင်
စစ်၏ ရင်ဝ
စစ်၏ ပခုံး
စစ်၏ နံပါး
စစ်၏ ၀မ်း
စစ်၏ ကျောက်ကုန်း(ကျောကုန်း)
စစ်ခံတပ် တို့ဖြစ်သည်။

[ပြင်ဆင်ရန်] စစ်ချီခြင်း(၄)ပါး

စစ်ဗျား၊ စစ်လယ်၊ စစ်နောက်အညီအမျှချီခြင်း (သမဒဏ္ဍဗျူဟာ)
ပြာသာဒ်ဆောင်ပေါက်သကဲ့သို့ အထပ်ထပ် နောက်အားကြီး၍ချီခြင်း၊ (ပါသာဒိကဗျူဟာ)
ပန်းပုံတောင်းကဲ့သို့ စစ်ဖျားကြီး၍ နောက်စစ် တရွေ့ရွေ့ ချီခြင်း၊ (စင်္ကောဋက ဗျူဟာ)
မရိုးစည်ကဲ့သို့ စစ်ရင်း စစ်ဖျားသေး၍ စစ်လယ်အားကြီးကြီးချီခြင်း။ (ဒိင်္ဂဗျူဟာ)

[ပြင်ဆင်ရန်] စစ်ကပ်ခြင်း(၂)ပါး

နေမင်းပုံစစ်ကပ်ခြင်း။ (ပတင်္ကရဗျူဟာ) နေမင်းကဲ့သို့ ကြယ်နက္ခတ်ခြံရံမရံဘဲ မင်းတပ်က ရှေ့ မှာနေ၊ နောက်မှ အခြားစစ်တပ်များ လိုက်ပါရသည်။
လမင်းပုံ စစ်ကပ်ခြင်း။ (စန္ဒကဗျူဟာ) လမင်းကို ကြယ်နက္ခတ်များ ၀န်းရံထားသကဲ့သို့ မင်းတပ်ကို အလယ်မှာထားကာ အခြားတပ်များဝန်းရံပြီးလိုက်ခြင်း။

[ပြင်ဆင်ရန်] စစ်ထိုးခြင်း(၆)ပါး

ဒိဇာဒိပဗျူဟာ- ဂဠုန်တောင်ဖြန့်သကဲ့သို့ စစ်ဆင်စစ်ထိုးနည်း၊
ဝါရိဝေဂဗျူဟာ- ရေအယဉ်စီးဆင်းသကဲ့သို့ စစ်ဖြန့်ကာ နောက်မဆုတ်ဘဲ စစ်ထိုးနည်း၊
ဥသဘဗျူဟာ- နွားလားဥသဘကဲ့သို့ အော်ဟစ်ခြိမ်းချောက်ကာ ဟန်ရေးပြ၍ အပြင်းအထန် စစ်ထိုးနည်း၊
ဓနုက ဗျူဟာ- တင်ထားသော လေးညှို့ကဲ့သို့ ပစောက် လရေး ကွေးပုံ စစ်ထိုးနည်း၊
မကာရဗျူဟာ- မကာရ်းကွက်ကဲ့သို့ အထပ်ထပ် စစ်ထိုးနည်း၊
ဘုဇဗျူဟာ- မြွေတွားသကဲ့သို့ ကောက်တကျစ် စစ်ထိုးနည်း။

[ပြင်ဆင်ရန်] စစ်ခံခြင်း(၆)ပါး

နဒီစရဗျူဟာ- ရင်ပေါင်တန်း၍ တံတားပမာခံခြင်း၊
ဝိစ္ဆိကဗျူဟာ- ကင်းမြီးကောက်လက်သကဲ့သို့အလယ်ပင်းစေပြီးလျှင် ၀ဲယာထောင်၍ခံခြင်း၊
သကဋဗျူဟာ- လှည်းဦးကင်းကဲ့သို့ ၀ဲယာထား၍ ရှေ့တပ်လွန်ခံခြင်း၊
မဓုဝတ္တနဗျူဟာ- ပျားအုံကဲ့သို့ တ၀န်းတစုတည်းခံခြင်း၊
စင်္ကပါဒဗျူဟာ- ကျီးခြေကဲ့သို့ရှေ့ ၃-တပ်၊ နောက် ၁-တပ်၊ အလယ်၌ မင်းစစ်သူကြီးနေ၍ ခံခြင်း၊
ဥဒ္ဓနဗျူဟာ- ခုံလောက်ကဲ့သို့ ၃-တပ် ဆိုင်ခံခြင်း။

[ပြင်ဆင်ရန်] စစ်ဖျက်ခြင်း(၆)ပါး

[ပြင်ဆင်ရန်] စစ်ပြန်ခြင်း(၃)ပါး

အဂ္ဂိ ဇာလ ဗျူဟာ မီးတောက်မီးလျှံကဲ့သို့ ထင်ထင်ရှားရှား ၀ါးမျိုဖျက်ဆီး၍ ဆုတ်ပြန်ခြင်း၊
အမာဝါသီ ဗျူဟာ- လကွယ်သကဲ့သို့ မသိမသာဆုတ်ပြန်ခြင်း၊
သီဟဂတိ ဗျူဟာ-ခြင်္သေ့သွားသကဲ့သို့ ရဲရဲတင်းတင်း ရှေ့တက် နောက်ဆုတ်ပြန်ခြင်း၊
သတ္ထနာဒိ ဗျူဟာ လက်နက်သံပေးဟစ်ကြွေးကြိမ်းမောင်း၍ ပြန်ခြင်း၊
မဂ္ဂဆိန္န ဗျူဟာ- လမ်း တံတားတို့ကို ဖျက်၍ပြန်ခြင်း၊
စိရတ္တ ဗျူဟာ- ကြာမြင့် ဖြေးနှေးစွာနေ၍ပြန်ခြင်း။

[1]--Mayor mt 09:42, 30 ဇွန် 2009 (UTC) [2]

[ပြင်ဆင်ရန်] ကိုးကား

↑ မေမြို့မိုးကြည် ၏ မြန်မာ့ စစ်ပညာ (ဟံသာဝတီ ပုံနှိပ်တိုက်၊၁၉၆၄၊ဖေဖေါ်ဝါရီလ)
↑ အမတ်ကြီး လက်ဝဲသုန္ဒရရေးသော ဗျူဟစက္ကပျို့ 

စီမံခန်.ခွဲခြင်းပညာ

စီမံခန့်ခွဲခြင်း

စီမံခြင်းနဲ့ ခန့်ခွဲခြင်း စကားနှစ်လုံးကို ပေါင်းပြီး `စီမံခန့်ခွဲခြင်း´ဆိုပြီး စကားလုံး တစ်လုံးတည်းအဖြစ် သုံးစွဲ ကြပါတယ်။ စီမံခန့်ခွဲခြင်းလို့ ဆိုလိုက်တာနဲ့ ထိရောက်မှုလည်း ရှိပါတယ်။ တိကျ ပြတ်သားမှုလည်း ရှိတယ်။ လေးနက်ထိရှတဲ့ အဓိပ္ပာယ်လည်းဆောင်တယ်။နှစ်လုံးပေါင်းတစ်လုံးဆိုပေမယ့်တစ်လုံးချင်းစီမှာလည်း ပြည့်စုံတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ စီမံခြင်းဆိုတာ အစီအမံ ပြုတယ်၊ စီစဉ် မွမ်းမံတယ်၊ ခန့်ခွဲ ခြင်းဆိုတာ တွက်ချက်ခန့်မှန်း ခွဲခြမ်း စိတ်ဖြာတယ်။ စီမံခန့်ခွဲတယ်ဆိုတော့ စီစဉ်၊ မွမ်းမံ၊ တွက်ချက်၊ ခန့်မှန်း၊ ခွဲခြမ်း၊ စိတ်ဖြာတယ်ဆိုတဲ့ အဓိပ္ပာယ် အသွယ်သွယ် ပူးပေါင်း ပါဝင်သွားပါတယ်။ ဒီတော့ စကားလုံးကိုက လေးနက်၊တည်ကြည်၊ ပီပြင်၊ ထင်ရှား ဖြစ်သွားပါတော့တယ်။ ဒါက `စီမံခန့်ခွဲခြင်း´ ကို မြန်မာစာ ခက်ဆစ်အဓိပ္ပာယ် အလိုအရခွဲခြမ်းစိတ်ဖြာစိစစ်လေ့လာသိခြင်း ဖြစ်ပါတယ်။

Contents

[hide]

1 နဖူးတွေ့ဒူးတွေ့ စီမံခန့်ခွဲခြင်း
2 ရှောင်မပြေးနဲ့ မွေးကတည်းက ပါတယ်
3 ဘာတုန်းဟဲ့ စီမံခန့်ခွဲရေး
4 စီမံခန့်ခွဲရေးမှာ လုပ်ဆောင်စရာ ငါးမျိုး
4.1 စီမံကိန်းချမှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း (Planning and Controlling)
4.2 ဖွဲ့စည်းဆောင်ရွက်ခြင်း (Organizing)
4.3 ၀န်ထမ်းခန့်ထားခြင်းနှင့် လေ့ကျင့်သင်ကြားခြင်း (Staffing and Training)
4.4 ဦးစီးဦးဆောင်ပြုခြင်း (Leading)
4.5 ဆန့်ကျင် ကွဲလွဲမှုများကို ကွပ်ကဲစီမံခြင်း (Managing Conflict)
5 မိသားစုထဲမှာ ချသုံးကြည့်ပါ
5.1 စီမံကိန်း ချမှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း
5.2 ဖွဲ့စည်းဆောင်ရွက်ခြင်း
5.3 ဦးစီးဦးဆောင်ပြုခြင်း
5.4 ဆန့်ကျင်ကွဲလွဲမှုများကို ကွပ်ကဲစီမံခြင်း
6 အခြေခံ လုပ်ငန်းစဉ် နှစ်ရပ်
6.1 (၁) အဆုံးအဖြတ်ပေးခြင်း (Decision Making)
6.2 (၂) ဆက်သွယ်ပေးခြင်း (Communication)
7 စီမံခန့်ခွဲသူဟာ မန်နေဂျာ

[ပြင်ဆင်ရန်] နဖူးတွေ့ဒူးတွေ့ စီမံခန့်ခွဲခြင်း

စီမံခန့်ခွဲခြင်းနဲ့ နဖူးတွေ့ ဒူးတွေ့ တွေ့ရတယ်ဆိုတာ လူတိုင်းအတွက် နိစ္စဓူဝ ကိစ္စပါ။ နံနက် ဝေလီဝေလင်း အရုဏ်မကျင်းခင် ကတည်းက စလိုက်ရတဲ့ စီမံခန့်ခွဲခြင်းဟာ ညဥ့်နက် သန်းခေါင်ကျော် ခေါင်းအုံးပေါ် ခေါင်းချ အိပ်ပျော်တော့မယ် ကြံကာမှ နောက်တစ်နေ့အတွက် စီမံခန့်ခွဲရေး လုပ်လက်စလေးတွေ ရှိပါသေးလား ဆိုပြီး အတွေးစိတ်က အိပ်ခါနီးတောင် စီမံခန့်ခွဲခြင်းကို ခွာချမထားနိုင်သေးပါလား။

မိခင်တစ်ဦးက ခင်ပွန်းသည်နဲ့ သားသမီးတွေအတွက် နံနက်စာ ထမင်းချိုင့် စီစဉ်ချက်ပြုတ် ထည့်သိုပေးရတာ စီမံခန့်ခွဲရေးပါ။ ကျောင်းသူ တစ်ဦး အချိန်ဇယားအရ ပုံနှိပ်စာအုပ်၊ လေ့ကျင့်ခန်းစာအုပ်၊ မှတ်စုစာအုပ်တွေ ရွေးနုတ်ပြီး၊ ကျောပိုးအိတ်ထဲ သတ်သတ်ထည့်၊ ညနေ ကျူရှင် သင်တန်းအတွက် မှတ်စုစာအုပ်ကို ဆွဲခြင်းထဲ သတ်သတ်ထည့်၊ ဒါနဲ့မှမပြီးသေး၊ ဘာများ မေ့ကျန်ခဲ့ဦးမလဲ ပြန်စစ်ဆေး ရတာဟာလဲ စီမံခန့်ခွဲခြင်းပါပဲ။

သက်ဆိုင်ရာ မန်နေဂျာ အသီးသီးက မိမိတို့ ၀န်ထမ်းတွေကို ညွှန်ကြားချက်တွေ ပေးခြင်းဟာ စီမံခန့်ခွဲခြင်းပါ။ ဧည့်လမ်းညွှန်တစ်ဦးက ဧည့်သည်လည်ပတ် သွားလာ တည်းခိုစားသောက်နေနိုင်ရေး စိတ်ချမ်းမြေ့ ပျော်ရွှင် ကျေနပ်စေဖို့ ခရီးစဉ်ကောင်းတွေ ရှာဖွေ ရေးဆွဲနေခြင်းဟာ စီမံခန့်ခွဲခြင်းပါ။ စူပါကုန်တိုက်ကြီးရဲ့ အုပ်ချုပ်မှု ဘုတ်အဖွဲ့က အရောင်းဝန်ထမ်းတွေကို ရောင်းအားတက်အောင်ဘယ်လိုပြောဆို ဆက်ဆံရမယ်ဆိုတဲ့ ကိုယ်အမူအရာ နှုတ်အမူအရာ ၀န်ဆောင်မှု သင်တန်း ပို့ချပေးတာဟာလည်း စီမံခန့်ခွဲခြင်းပါပဲ။

စီမံခန့်ခွဲခြင်းဆိုတာ လူ့ဘောင် လောကကြီးထဲမှာ လူတိုင်းလူတိုင်း နဖူးတွေ့ ဒူးတွေ့ တွေ့ရတဲ့ နိစ္စဓူဝ ကိစ္စဆိုတာ ငြင်းလို့လည်း မရသလို၊ ရှောင်ရှားလို့လည်း မရပါဘူး။

လူမှန်ရင် စီမံခန့်ခွဲခြင်းနဲ့ ကင်းကွာလို့ မရ၊ ကင်းချင်တယ် ဆိုရင်တောင် သေမှပဲ ကင်းနိုင်မယ့် ကိစ္စပါ။ စေ့စေ့တွေးရင် သေရင်တော့ စီမံခန့်ခွဲခြင်းနဲ့ ကင်းပြီ ထင်ရပေမယ့်၊ စီမံခန့်ခွဲခြင်းနဲ့ ကင်းဖို့ သေကြည့်ပါလား။ သေပြီးတဲ့ ရုပ်ခန္ဓာကို ဘယ်လို အလောင်းပြင်ကြမလဲ၊ ဘာပန်းခြင်း ပန်းပွင့်တွေ လွှမ်းပေးဦးမှာလဲ။ ရင်ဘတ် မှာ နှင်းဆီအနီရဲရဲလေးတစ်ပွင့်ထိုးပေးလိုက်ဦးမလား၊ ဘာအ၀တ်အစားတွေ လွှမ်းအုပ်ပေးလိုက်မှာလ မီးပဲရှို့ပစ်ကြမလား၊ အုတ်ဂူဖြူဖြူထဲ ထိုးထည့်ကြမလား။ သေသူက သိမသွား ရပေမယ့် အသုဘ စီမံခန့်ခွဲခြင်းနဲ့တော့ မလွတ်နိုင်ပါဘူး။ နာရေး ကြော်ငြာ၊ ယပ်တောင်၊ ရက်လည် ဆွမ်းကျွေး၊ ကျန်ရစ်တဲ့ ပိုင်ဆိုင်ပစ္စည်းများ အဲဒါ တွေလည်း စီမံ ခန့်ခွဲပစ်ကြမှာပဲ မဟုတ်ပါလား။

[ပြင်ဆင်ရန်] ရှောင်မပြေးနဲ့ မွေးကတည်းက ပါတယ်

စီမံတယ်၊ ခန့်ခွဲတယ်ဆိုတဲ့ ကိစ္စကို ဘယ်ပညာရှိ၊ အတွေးအခေါ်သမားကြီး တစ်ဦးဦးက ဘုရားသခင်ကို လှမ်းအကြောင်းကြားလိုက်သလဲ မသိဘူး။ မယုံ မရှိပါနဲ့၊ စီမံခန့်ခွဲခြင်းဆိုတာ မွေးကတည်းက ပါလာတဲ့ ဖွားဖက် တော် တစ်ပါးပါပဲ။ အဲဒီ ဖွားဖက်တော်က လူကို အလုပ်နှစ်ခု ပေးပါတယ်။ ပထမ အလုပ်က စီမံခန့်ခွဲခြင်းကို ခံယူရမယ်။ (ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ)၊ ဒုတိယ တစ်လုပ်ကစီမံခန့်ခွဲခြင်းကို လုပ်ဆောင်ရတယ် (တတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ)။

တွေးခေါ် ပညာရှင်ကြီးလည်းဖြစ်၊ ဘောဂဗေဒ ပညာရှင်ကြီးလည်း ဖြစ်တယ်လို့ သတ်မှတ်ခံခဲ့ရတဲ့၊ ၂၀ရာစု ၀ါဒတစ်ခုကို ဖန်တီး ဖြစ်ပေါ်စေတဲ့ ပညာရှင်ကြီး တစ်ပါးက လူမှန်ရင် အလုပ် သုံးခု လုပ်ရမယ်လို့ သတ်မှတ် ပြဋ္ဌာန်းခဲ့ဖူးတယ်။ (၁) မိမိ မျိုးဆက်ကို ပြန့်ပွားစေရမယ် (အိမ်ရာထောင်ပြီး သားသမီး ပွားစီးစေရမယ်)၊ (၂) ကုန်ထုတ်လုပ်ရမယ် (စားဝတ်နေရေးအတွက် ကာယ အား၊ ဉာဏအား စိုက်ထုတ်ပြီး အလုပ်လုပ်ရမယ်)၊ (၃) သိပ္ပံနဲ့ နည်းပညာ ရှာဖွေမှုမှာ ပါဝင်ရမယ်၊ ဒါမှ လူသားသမိုင်းဟာ ကြောင်လိမ် လှေကားလို တစ်ရစ်ပြီးတစ်ရစ် မြင့်တက် ထွန်းကား ဖွဲ့ဖြိုးမယ်။

အဲဒီ အလုပ်မိန့်မှာချက်ဟာ ဟောင်းနွမ်းသွားပြီလား၊ သစ်လွင် လင်းလက်ဆဲလား မဆိုနိုင်ပေမယ့် လူတွေကတော့ မျိုးဆက် ပြန့်ပွားရေး အတွက် အိမ်ရာ တည်ထောင်နေကြတယ်၊ စားဝတ် နေရေးအတွက် အလုပ် လုပ်နေကြပါတယ်။ ဒီတော့ အဲဒီအလုပ် နှစ်လုပ်နဲ့တင် စီမံခန့်ခွဲရေးနဲ့ ပက်ပင်း တွေ့ရပါတော့တယ်။

အမိဝမ်းက အထွက် စောင်ပုခက်ကလေးထဲ ကွေးကွေးလေး မှေးပြီိ ဆိုကတည်းက အဲဒီ လူသားလေးအပေါ် စီမံခန့်ခွဲရေးက စတင် ကျရောက်ပါပြီ။ လူမှန်း မသိတတ်ခင်ကတည်းက စီမံ ခန့်ခွဲရေးက ကိုယ့်ကိုသိနေတယ်၊ ကိုယ်က စီမံခန့်ခွဲရေးကို မသိခင်မှာ စီမံ ခန့်ခွဲစရာတွေက ကိုယ့်ကို ဆွဲခေါ်နေပြီ။ဒီတော့ အဲဒီ စီမံခန့်ခွဲရေးဆိုတာ ဖြူသလား၊ မည်းသလား၊ အထီးလား၊ အမလား၊ ကဲ-နင်လားငါလား ကွဲကွဲပြားပြား သိထားမှ တော်ကာကျမှာမို့ စီမံခန့်ခွဲရေး အတို့အမြှုပ်လေး ရှာကြည့်ရ အောင်လား။

[ပြင်ဆင်ရန်] ဘာတုန်းဟဲ့ စီမံခန့်ခွဲရေး

အိုဟိုင်းအိုး တက္ကသိုလ်၊ စီးပွားရေးလုပ်ငန်း ကွပ်ကဲအုပ်ချုပ်မှု ကောလိပ်ကျောင်းမှ သောမတ် ဒဗလျူဂျွန်ဆင်နဲ့ ဂျွန်အီးစတိန်စင် (Thomas W.Johnson & John E.Stinson) တို့က စီမံခန့်ခွဲခြင်း ပစ္စုပ္ပန်နှင့် အနာဂတ် (Managing Today and Tomorrow) ဆိုတဲ့ စာအုပ်ကို ရေးပါတယ်။အဲဒီစာအုပ်မှာ စီမံခန့်ခွဲခြင်းကို ဒီလို အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

“စီမံခန့်ခွဲခြင်း ဆိုသည်မှာ မိမိလုပ်ငန်း၊ ဌာနအဖွဲ့အစည်း၏ ရည်မှန်းချက်များ ပြီးမြောက် အောင်မြင်စေရန်အတွက် အခြားသူများနှင့်အတူ တွဲ၍ဖြစ်စေ၊ အခြားသူများမှ တဆင့်ဖြစ်စေ ဆောင်ရွက်သည့် လုပ်ငန်းစဉ် ဖြစ်သည်” လို့ ဆိုပါတယ်။

ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ကို ထောက်ရှုခြင်းအားဖြင့် စီမံခန့်ခွဲခြင်းဆိုတာ မိမိအလုပ်၊ မိမိဌာန၊ တစ်နည်း မိမိလုပ်ငန်း၊ စီးပွားရေးကိစ္စ တစ်ခုခု၊ ဒီထက် အောက်ဘက်ဆင်းရရင် မိမိ မိသား စု၊ မိမိ တစ်ကိုယ်စာ အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်(ဆန္ဒ)များ ပြီးလည်းပြီးမြောက် အောင်လည်း အောင်မြင် စေဖို့အတွက် တခြားလူတွေနဲ့ အတူလက်တွဲ ဆောင်ရွက်တာ၊ တခြားလူတွေ ကို ဆောင်ရွက်စေတာ၊အဲဒီလို ဆောင်ရွက်ဖို့ လုပ်ငန်းစဉ် ချပေးတာဟာ စီမံခန့်ခွဲခြင်းပါပဲလို့ ဒီလိုနားလည်နိုင်ပါတယ်။

ဒီလိုဆိုရင် စီမံခန့်ခွဲခြင်းဆိုတာ ချမှတ်ထားတဲ့ ရည်မှန်းချက် (ဆန္ဒ) ပြီးမြောက် အောင်မြင်ဖို့ မိမိနဲ့ အဖွဲ့သားများ ပူးပေါင်း လုပ်ဆောင်တာ၊ ဒါမှမဟုတ် အဖွဲ့သားတွေ ဒီလိုလုပ်ဆောင် ပါလို့ အစီအစဉ်တွေ ချပေးတာဟာ စီမံခန့်ခွဲခြင်းပါပဲ။

[ပြင်ဆင်ရန်] စီမံခန့်ခွဲရေးမှာ လုပ်ဆောင်စရာ ငါးမျိုး

စီမံခန့်ခွဲခြင်းဟာ လုပ်ငန်းစဉ် (လုပ်ကိုင် ဆောင်ရွက်ရမယ့် အစီအစဉ်) ကို ရေးဆွဲ ပုံဖော်ရတာဆိုတော့ စီမံခန့်ခွဲရေး တစ်ခု လုပ်ဆောင် တော့မယ်ဆိုတိုင်း လုပ်ဆောင်စရာ ငါးမျိုး ရှိရမယ်၊ ရှိသင့်တယ်လို့ ဆိုပါတယ်။ အဲဒီ စာအုပ်မှာ စီမံခန့်ခွဲရေး လုပ်ဆောင်မှု ငါးမျိုးကို ဖော်ပြထားပါတယ်။ သူ့ရဲ့ ဖော်ပြထားပုံက လုပ်ငန်းဌာန တစ်ခုအတွက် ရည်ရွယ်စီမံ ဖော်ပြထားတာပါ။ ဖော်ပြမှုကို စီမံခန့်ခွဲရေး ပညာရှုထောင့်အရ လေ့လာရမှာ ဖြစ်ပေမယ့်၊ မိမိနဲ့ မိမိ မိသားစုအတွက် ဆိုရင်တော့ တစ်မျိုးပြုပြင် နားလည် ရပါလိမ့်မယ်။ စီမံခန့်ခွဲရာတွင် လုပ်ဆောင်မှု ငါးမျိုးရှိသည်။

[ပြင်ဆင်ရန်] စီမံကိန်းချမှတ်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း (Planning and Controlling)

ရည်ရွယ် မျှော်မှန်းသည့် ပန်းတိုင်ကို ပစ်မှတ်ထားခြင်းနှင့် ထိုပန်းတိုင်သို့ ရောက်အောင် မည်သို့မည်ပုံ ပြီးပြတ်အောင် ဆောင်ရွက်မည် ဆိုသည်ကို ဆုံးဖြတ်ခြင်းဖြစ်သည်။ ထို့ပြင် လုပ်ဆောင်မှု အဆင့်ဆင့်ကို ပန်းတိုင် သို့ ဦးတည်နေစေရန် ထိန်းကျောင်းကွပ်ကဲခြင်း ဖြစ်သည်။

[ပြင်ဆင်ရန်] ဖွဲ့စည်းဆောင်ရွက်ခြင်း (Organizing)

တစ်ဦးချင်းစီသို့ အလုပ်တာဝန် ပေးအပ်ခြင်း၊ အလုပ် တာဝန်များကို ဌာနခွဲအလိုက် စုဖွဲ့ခြင်း၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များ အပ်နှင်းခြင်းတို့ ဖြစ်သည်။

[ပြင်ဆင်ရန်] ၀န်ထမ်းခန့်ထားခြင်းနှင့် လေ့ကျင့်သင်ကြားခြင်း (Staffing and Training)

ဝန်ထမ်းများ၊ အလုပ်သမားများ စုဆောင်း၍ အလုပ်အကိုင်၊ ရာထူးနေရာများတွင် ရွေးချယ် ခန့်ထားခြင်း၊ စွမ်းဆောင်ရည် ရှိရှိဖြင့် လုပ်ကိုင် တတ်စေရန် ကျွမ်းကျင်မှု အရည်အချင်း မြှင့်တင်ပေးခြင်း။

[ပြင်ဆင်ရန်] ဦးစီးဦးဆောင်ပြုခြင်း (Leading)

ရည်မှန်းချက်များ ပြီးမြောက်ရေးအတွက် တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ဖြစ်စေ လမ်းညွှန်ခြင်းနှင့် ဩဇာ ညောင်းစေခြင်း၊ အစုအဖွဲ့များအား လမ်းညွှန်ခြင်းနှင့် စိုးမိုးထားခြင်း။

[ပြင်ဆင်ရန်] ဆန့်ကျင် ကွဲလွဲမှုများကို ကွပ်ကဲစီမံခြင်း (Managing Conflict)

တစ်ဦးနှင့်တစ်ဦး၊ တစ်ခုနှင့် တစ်ခုအကြား အဖျက်သဘော ဆန့်ကျင် ကွဲလွဲမှုများ လျော့နည်း စေရန်နှင့် ရှောင်ရှားကြစေရန် ပြုလုပ်ခြင်း၊ တစ်ချိန်တည်းမှာပင် တီထွင် ဖန်တီးမှုများ၊ အပြုသဘော ငြင်းခုံ ဝေဖန်မှုများကို အားပေးခြင်း။

ဒါကတော့ စီမံခန့်ခွဲရာမှာ လုပ်ဆောင်စရာ (လုပ်သင့်စရာ) နည်းနာ ငါးမျိုးပါ။ ဒီလုပ်ဆောင်ချက် ငါးမျိုး မဖြစ်မနေ ပါဝင်ပါမှလည်း စီမံခန့်ခွဲခြင်း မည်ပါလိမ့်မယ်။ သူက လုပ်ငန်းဌာနကြီးကို ရည်ညွှန်းထားပေမယ့်၊ လုပ်ငန်း အသေးစား၊ အိမ်တွင်းမှု စီးပွားရေးကလေးဖြစ်ဖြစ်၊ ပွဲရုံ လုပ်ငန်းလေးပဲဖြစ်ဖြစ်၊ ယုတ်စွအဆုံး အလုပ်သမား လေးငါးဦးလောက်ကလေးနဲ့ လုပ်ရတဲ့ လက်ဖက်ရည်ဆိုင်၊ထမင်းဆိုင်ကလေးပဲ ဖြစ်ဖြစ်၊ အထက်က နည်းနာငါးမျိုး ပါဝင်တဲ့ စီမံခန့်ခွဲခြင်းနဲ့ ဆောင်ရွက်လိုက်လို့ကတော့ စီးပွား အရှိန်ဟာ ဟုန်းခနဲ မတက်တောင် အများအံ့ဩရတဲ့ အဆင့်တော့ ရနိုင်ပါတယ်။

ဒါပေမယ့် နည်းနာငါးမျိုးကို တည့်တည့်ကြီး နားလည်၊ တည့်တည့်ကြီး လုပ်ဆောင် လို့ကတော့ မရနိုင်ဘူးပေါ့လေ။ မိမိရဲ့ ဉာဏ်ကလေးကို လွှာသုံးပြီး ငါးမျိုးထဲက ဖြုတ်တန်တာ ရှာရလိမ့်မပေါ့။

[ပြင်ဆင်ရန်] မိသားစုထဲမှာ ချသုံးကြည့်ပါ

မိသားစုရှိသူများ၊ အထူးသဖြင့် မိသားစုကို ဦးဆောင်ဦးစီး လုပ်နေရသူ ဖခင်များ(သို့မဟုတ်) မိခင်များ၊ မိသားစုဘ၀ကို စီမံ ခန့်ခွဲ လိုကြသူများ၊ ဆိုခဲ့ပါ စီမံခန့်ခွဲရေး လုပ်ဆောင်ချက် နည်းနာငါးမျိုးထဲက ကောင်းနိုးရာရာ၊ သင့်တင့်ရာရာကို လက်တွေ့ အလုပ်တရားအဖြစ် အသုံးချကြည့်လို့ ရနိုင်ပါတယ်။ ငါးမျိုးစလုံးတော့ မိသားစု ဘ၀နဲ့ အကျုံးမ၀င်ပါဘူး။ ဒီတော့ မိသားစုဘ၀ထဲမှာ စီမံခန့်ခွဲ ကြည့်ရအောင်လား။

[ပြင်ဆင်ရန်] စီမံကိန်း ချမှတ်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း

ဒါ ဖြစ်နိုင်ပါတယ်။ မိသားစု အများစုမှာ ရှေ့လုပ်ငန်းစဉ်တွေ၊ အစီအစဉ်တွေ ရှိပါတယ်။ အဲဒီအတွက် စီမံကိန်း ချမှတ်သင့်ပါတယ်။ မိသားစု ရေးရာ လူနေမှု အဆင့်အတန်းဖြစ်ဖြစ်၊ မိသားစု စီးပွားရေးလုပ်ငန်းဖြစ်ဖြစ် နောက်တစ်နှစ်မှာ၊ နောက်ငါးနှစ်မှာ ဘာဖြစ်ရမယ်ဆိုတဲ့ စီမံကိန်း ရှိရပါမယ်။ အနည်းဆုံးတော့ ဘုရားဖူး ခရီးထွက်ဖို့အတွက် ငွေကြေး စုဆောင်းထားတာကအစ စီမံကိန်း ချမှတ်စုဆောင်းသင့်ပါတယ်။ အဲဒီ ချမှတ်လိုက်တဲ့ စီမံကိန်း ထမြောက် အောင်မြင်ဖို့ အတွက် ကြီးကြပ်ကွပ်ကဲခြင်း လိုအပ်ပါတယ်။ ဒီတာဝန် ကြီးကြပ်ကွပ်ကဲခြင်းကိုတော့ အိမ်ထောင်ဦးစီးက တာဝန် ယူရ ပါလိမ့်မယ်။

[ပြင်ဆင်ရန်] ဖွဲ့စည်းဆောင်ရွက်ခြင်း

ဒီနည်းလမ်းလည်း မိသားစုတွင်း အသုံးချနိုင်ပါတယ်။ ချမှတ်ပြီးတဲ့ စီမံကိန်းကို အကောင်အထည် ဖော်ဖို့အတွက် မိသားစုဝင်တွေကို အဖွဲ့အစည်းလိုက် ဆောင်ရွက်တတ် အောင် တာဝန်ခွဲဝေ အပ်နှင်းရပါမယ်။ ဖခင်က ဘာတာဝန်ယူ၊ မိခင်က ဘာတာဝန်၊ ကလေးတွေက ဘာတာဝန် စသဖြင့် အသီးသီး ခွဲဝေပေးရမယ်။ တချို့ မိသားစုတွေမှာ စာရင်း ကိုင်သူ တစ်ဦး၊ ငွေကိုင်သူက တစ်ဦး၊ တာဝန်ကိုယ်စီ ခွဲထားတာတွေ့ဖူးပါတယ်။

[ပြင်ဆင်ရန်] ဦးစီးဦးဆောင်ပြုခြင်း

ဝန်ထမ်းခန့်ထားခြင်း၊ လေ့ကျင့်သင်ကြားခြင်း နည်းလမ်းကတော့ မိသားစုဘ၀နဲ့ အလှမ်းကွာပါတယ်။ ဦးစီးဦးဆောင် ပြုခြင်းကတော့ မိသားစုဘ၀အတွက် မလွဲမသွေ လိုအပ်တဲ့ နည်းနာ ဖြစ်သလို၊ အဖွဲ့အစည်းတိုင်း အတွက်လည်း အထူး လိုအပ်ပါတယ်။ မိသားစု တစ်စုမှာ ဘယ်သူက ဦးစီး ဦးဆောင်သူလဲ၊ ဘယ်လို ဦးစီးဦးဆောင် ပြုမှာလဲ၊ အဲဒါ အလွန်အရေးပါတဲ့ မေးခွန်းပါ။ အခု ဒီနည်းနာဟာ အဲဒီမေးခွန်းကို ဖြေပေးမယ့် ကိစ္စပါ။

မိသားစုဘ၀အတွက် ချမှတ်ထားတဲ့ ရည်မှန်းချက်တွေ၊ စီမံကိန်းတွေ ပြီးမြောက် အောင်မြင် စေဖို့အတွက် တိကျတဲ့တာဝန် ခွဲဝေမှုကို ဦးစီးဦးဆောင်သူက လုပ်နိုင်ရမယ်၊ လမ်းညွှန်မှု ပြုနိုင်ရမယ်၊ မိသားစုအပေါ် ဩဇာ ညောင်းစေရမယ်။ မိသားစုကို စိုးမိုးထားနိုင်ရမယ်။ ဒီလို အရည် အချင်း တွေဟာ ဦးစီး ဦးဆောင်ပြုသူမှာ ရှိရပါမယ်၊ အိမ်ထောင်ဦးစီးမှာ ရှိရပါမယ်။

[ပြင်ဆင်ရန်] ဆန့်ကျင်ကွဲလွဲမှုများကို ကွပ်ကဲစီမံခြင်း

ဒီနည်းနာကတော့ မိသားစုတွင်း မလွဲမသွေ ချသုံးရမယ့် အခြေ ရှိပါတယ်။ မိသားစုတိုင်းမှာ တစ်ဦးနဲ့တစ်ဦး အမြင်သဘော ကွဲလွဲမှု လေးတွေ အမြဲရှိပါတယ်။ အနည်းဆုံးတော့ လင်နဲ့မယားကြား ပဋိပက္ခလေးတွေ ရှိပါ တယ်။ သိပ်ကြီးထွားလာရင် အိမ်ထောင် ပြိုကွဲရတဲ့ အထိတောင် ဆိုးဝါးနိုင်ပါတယ်။ ဒီတော့ မိသားစုကို စီမံခန့်ခွဲတဲ့အခါ မိသားစုတွင်း သဘော ကွဲလွဲမှုတွေ လျော့ပါးအောင်၊ရှောင်ရှားနိုင်အောင် ဆောင်ရွက်နိုင်ရမယ်၊ တပြိုင် တည်းမှာပဲ အပြုသဘောဆောင်တဲ့ အကြံဉာဏ်ကောင်း ထွက်စေတဲ့ ဝေဖန် ငြင်းခုံမှုတွေကိုလည်း အားပေးသင့်ပါတယ်။ ဒီနည်းနာကိုလည်း အိမ်ထောင်ဦးစီးက ပိုင်နိုင်စွာ ကိုင်တွယ် သုံးစွဲနိုင်ရပါမယ်။

[ပြင်ဆင်ရန်] အခြေခံ လုပ်ငန်းစဉ် နှစ်ရပ်

ဖော်ပြပါ နည်းနာ လေးချက်ကတော့ မိသားစု စီမံခန့်ခွဲရေးအတွက် ထည့်သွင်း လုပ်ဆောင် စရာအဖြစ် ကောက်ယူ စစ်ထုတ်လို့ ရသွားပါပြီ။ ဆက်လက်ပြီး စီမံခန့်ခွဲမှု ပညာရပ်လာ စီမံခန့်ခွဲမှု အခြေခံ လုပ်ငန်းစဉ်နှစ်ရပ် ကိုလည်း လေ့လာဖို့ လိုပါတယ်။ စီမံခန့်ခွဲမှု လုပ်ဆောင်ရတိုင်းမှာ အခြေခံ လုပ်ငန်းစဉ် နှစ်ရပ် ရှိကို ရှိရပါမယ်။ စာအုပ်မှာ ဖော်ပြထားတာကို ဆက်လက် လေ့လာကြည့်သင့်ပါတယ်။

[ပြင်ဆင်ရန်] (၁) အဆုံးအဖြတ်ပေးခြင်း (Decision Making)

ရည်မှန်းချက်အား မည်သည့် နည်းလမ်းဖြင့် အကောင်အထည် ဖော်မည်ကို ရွေးချယ် ဆုံးဖြတ်ရမည်။ လုပ်ငန်း အစုအဖွဲ့များ ဖွဲ့စည်းခြင်း၊ လုပ်ပိုင်ခွင့်နှင့် တာဝန်အပ်နှင်းခြင်း အမျိုးအစား၊ ပုံစံများစွာထဲမှ ဖွဲ့စည်းဆောင် ရွက်ရန် သင့်တော်မည့် အမျိုးအစား၊ ပုံစံကို အကဲဖြတ် ရွေးချယ်ရမည်။ ၀န်ထမ်း ခန့်ထားခြင်း၊ လေ့ကျင့်သင်ကြားခြင်း၊ ဦးဆောင်ခြင်းနှင့် ဆန့်ကျင် ကွဲလွဲနေသည်တို့ကို ကွပ်ကဲစီမံခြင်း များတွင်လည်း ဖြေရှင်းရမည့် အခက်အခဲ တို့ကို ရွေးချယ်ရာ၌ အဆုံးအဖြတ် ပေးဖို့လိုသည်။ အဆုံးအဖြတ် ပေးခြင်းသည် စီမံခန့်ခွဲသူ၏ လုပ်ရည်ကိုင်ရည်ကို ထင်ရှားအောင် ဖော်ပြရာ ရောက်ပေသည်။

[ပြင်ဆင်ရန်] (၂) ဆက်သွယ်ပေးခြင်း (Communication)

သတင်း အချက်အလက်နှင့် နားလည်မှုများကို လက်ဆင့်ကမ်းပေးသည့် လုပ်ငန်းစဉ်ဖြစ်သည်။ စီမံခန့်ခွဲသူသည် အကောင်အထည်ဖော်ရန် သတင်းအချက်အလက်များ လက်ခံစုဆောင်း ရမည်။ လုပ်ငန်း အကောင်အထည် ဖော်တော့မည်ဆိုလျှင် အစီအစဉ် သတင်းအချက်အလက်များကို ဆက်သွယ် ပေးပို့ရမည်။ ကြီးကြပ်ကွပ်ကဲမှု စနစ်ပုံစံသည် သတင်းအချက်အလက်များ ရလို သည့်အချိန်တွင် ရနိုင်အောင် အသင့် ရှိနေစေရမည်။

ထိုသတင်းများက စီမံခန့်ခွဲသူအား လုပ်ငန်း အခက်အခဲများကို ရှာဖွေစိစစ်ရာတွင် အထောက် အကူ ပေးသည်။ သတင်း အဆက်အသွယ် မပါဘဲ ဦးဆောင်၍ မရ။ လူများကို လေ့ကျင့် သင်ကြားပေးရန် မဖြစ်နိုင်။ ဆန့်ကျင် ကွဲလွဲနေမှုများကိုလည်း ဖြေရှင်းပေးနိုင်မည် မဟုတ်။ တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် ပြတ်နေခြင်းသည် ဆန့်ကျင် ကွဲလွဲမှုများကို မလွှဲမသွေ ဖြစ်ပေါ်စေသည်။

စီမံခန့်ခွဲမှု ပညာရပ်လာ စီမံခန့်ခွဲမှု အခြေခံ လုပ်ငန်းစဉ်နှစ်ရပ် အဆုံးအဖြတ်ပေးခြင်းနဲ့ ဆက်သွယ်ပေးခြင်းတို့ဟာ စီမံခန့်ခွဲသူတို့ရဲ့ အရည် အချင်းများ၊ ရှိသင့်တဲ့ အရည်အသွေးများလို့ ဆိုနိုင်ပါတယ်။ စီမံခန့်ခွဲသူတို့ ထမ်းဆောင်ရမယ့် တာဝန်များလို့လည်း သတ်မှတ်နိုင်ပါတယ်။

ဘာအရည်အချင်းတွေလဲ၊ ဘာတာဝန်တွေလဲလို့ ပြန်ကောက်ကြည့်မယ်ဆိုရင် ရည်မှန်းချက် အောင်မြင်ရေး နည်းလမ်းများ ရှာဖွေနိုင်ခြင်း၊ ရွေးချယ် ဆုံးဖြတ်နိုင်ခြင်း၊ လုပ်ငန်းအဖွဲ့၊ အစုအဖွဲ့များကို ရွေးချယ် ဖွဲ့စည်းပေးနိုင်ခြင်း၊ လုပ်ပိုင်ခွင့် တာဝန် အပ်နှင်းခြင်းကို အမျိုးအစား ပုံစံအလိုက် ရွေးချယ် အကဲဖြတ် အပ်နှင်းပေးနိုင်ခြင်း၊ ၀န်ထမ်း (လူ့စွမ်းအားအရင်းအမြစ်) ကိုစိစစ်ရွေးချယ် ခန့်ထားနိုင်ခြင်း၊ ၀န်ထမ်းများကို လုပ်ငန်းခွင် ကျွမ်းကျင်ဖို့ လေ့ကျင့် သင်ကြားနိုင်ရေး သင်တန်းများ စီစဉ် ဖွင့်လှစ်ပေးနိုင်ခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေး အစီအစဉ်ကို စီစဉ် ဆောင်ရွက်ပေးနိုင်ခြင်း၊ လုပ်ငန်းခွင် အတွင်း သဘောထား ကွဲလွဲမှုများ၊ အစုအဖွဲ့ အတွင်း ဆန့်ကျင်ဘက် သဘောဆောင်မှုများကို ဦးဆောင် ဖြေရှင်းပေးနိုင်ခြင်း၊ ကြိုတင်ရှောင်ရှားစေနိုင်ခြင်း၊ လုပ်ငန်းခွင်အတွင်း အခက်အခဲများကို ဖြေရှင်းနိုင်ဖို့ ဆုံးဖြတ်ချက် ပေးခြင်း စတာတွေ ဖြစ်ပါတယ်။

အဆုံးအဖြတ် ပေးခြင်းကိစ္စဟာ အရည်အချင်း တစ်ရပ်ပါ။ စီမံခန့်ခွဲသူဟာ အဆုံးအဖြတ် ပေးနိုင်ခြင်း အရည်အချင်းများနဲ့ ကောင်းကောင်းကြီး ပြည့်စုံနေဖို့ လိုပါတယ်။မိမိ မိသားစုအတွက် ဆိုရင်တော့ အဆုံးအဖြတ် ပေးနိုင်ခြင်း အရည်အချင်းတွေထဲက သင့်တော် ကောင်းနိုးရာကို ထပ်မံရွေးချယ် ပြုပြင်ပြီး အိမ်ထောင်ဦးစီး အနေနဲ့ ဒီအရည်အချင်းတွေကို ဖြည့်ကျင့် လေ့လာထားရ ပါလိမ့်မယ်။

[ပြင်ဆင်ရန်] စီမံခန့်ခွဲသူဟာ မန်နေဂျာ

စီမံခန့်ခွဲခြင်း (Managing) ကို ကိုင်စွဲ အသုံးပြုသူဟာ စီမံခန့်ခွဲသူ (Manager) ပါပဲ။ အင်္ဂလိပ် အသံထွက် မန်နေဂျာလို့ ခေါ်ဝေါ် သုံးနှုန်းလိုက်တာနဲ့ အရပ်ထဲ၊ ဈေးထဲမှာတော့ အရာရှိတစ်ဦးလို့ ဂုဏ်ရှိန် ပဲ့တင်ထပ်သွား ပါတယ်။ ဒါပေမယ့် လူတိုင်းဟာ မန်နေဂျာ ဖြစ်နေ ကြတာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ လူတိုင်းဟာ တစ်နေရာမဟုတ် တစ်နေရာ စီမံခန့်ခွဲခြင်းကို အသုံးချပြီး စီမံခန့်ခွဲနေရသူတွေပါ။ ဒါကြောင့် သူ့နေရာနဲ့သူ အသီးသီး မန်နေဂျာ ဖြစ်နေကြပါတယ်။

အိမ်တစ်အိမ်မှာ ဖအေက မန်နေဂျာ၊ မအေကတော့ လက်ထောက် မန်နေဂျာပေါ့။ တချို့ အိမ်တွေမှာတော့ မအေက မန်နေဂျာ၊ ဖအေက ကြီးကြပ်ရေးမှူးလောက်သာ ဖြစ်မှာပေါ့။ လမ်းထိပ် ကုန်စုံဆိုင်က ခပ်၀၀ မိန်းမကြီးကလည်း မန်နေဂျာမကြီးပဲပေါ့။ သူ့မှာ အရောင်းဝန်ထမ်း သုံးလေးဦး ကိုတောင် ခန့်ထားနိုင်လိုက်သေး။

ဘာပဲဖြစ်ဖြစ်၊ နိစ္စဓူဝ ဦးဆောင်ဦးစီး ပြုနေကြသူ အားလုံးဟာ မန်နေဂျင်းကို အသုံချပြီး မန်နေဂျာ ဖြစ်နေရပါလား ဆိုတာကို လက်ခံကြဖို့ လိုပါတယ်။ ဒါပေမယ့်လည်း ဒီစီမံခန့်ခွဲခြင်းဆိုတာ ဘာလဲလို့ ဟုတ်တိပတ်တိ သိနေဖို့ကတော့ သိပ်တော့ မလွယ်လှသေးဘူး ထင်ပါရဲ့။

ဒါပေမယ့်လည်း စီမံခန့်ခွဲခြင်းနဲ့ ဘယ်လိုမှ မကင်းနိုင်မှတော့ စီမံခန့်ခွဲခြင်းထဲက လုပ်ဆောင်မှု ငါးမျိုးနဲ့ အခြေခံ လုပ်ငန်းစဉ် နှစ်ရပ်ကိုတော့ စတိလောက် သိထားသင့်ကြပါတယ်။ စီမံခန့်ခွဲခြင်း ပညာရပ်မှာ အဲဒါကလေး ကလည်း တကယ့် အသေးကလေး၊ အစပျိုးရုံ ရှိသေး၊ အခြေခံ သဘောထား ကလေးပဲ ရှိပါသေးတယ်။အဲဒီ အခြေခံအဆင့် သဘောကလေးကို သိတယ်ဆိုရင်လည်း နိစ္စဓူဝ စီမံခန့်ခွဲရခြင်းတွေမှာ အထိုက်အလျောက် တာသွား လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒီဆောင်းပါးရဲ့ ရည်ရွယ်ရင်းက မိမိတို့ သာမန် ပြည်သူတွေဟာ စီပွားရေး လုပ်ငန်းတစ်ခု၊ ၀န်ဆောင်မှု လုပ်ငန်းတစ်ခု၊ အဖွဲ့အစည်း တစ်ရပ်၊ ဌာနအုပ်စု တစ်စုကို ထူထောင်ဦးစီး ကွပ်ကဲမှု ပြုရလိမ့်မှာ မဟုတ်တာမို့၊ အနည်းဆုံးတော့ မိမိတို့ မိသားစုဘ၀ တိုးတက် ရှင်သန်ရေးအတွက် မိသားစုကို ဦးစီး ဦးဆောင်ရာမှာ နည်းလမ်းကျန မှန်ကန်တဲ့ စီမံခန့်ခွဲခြင်း နည်းနာလေးများ ရရာ ရကြောင်း အကြံကောင်း ပေးနိုင်ဖို့ တင်ပြ လိုက်ရခြင်းသာ ဖြစ်ပါတယ်

စာရင်းအင်းပညာ

စာရင်းအင်း ပညာ

စာရင်းအင်း ပညာ (statistics) သည် အချက်အလက်များ (data) ကို စုဆောင်းခြင်း (collection)၊ ဆန်းစစ်ခြင်း (analysis)၊ အဓိပ္ပါယ်ဖော်ထုတ်ခြင်း (explanation) နှင် ရှင်းလင်း တင်ပြခြင်း (presentation) တို့ဖြစ်သည်။



Contents

[hide]

1 နိဒါန်း
2 သမိုင်းကြောင်း
3 အဓိပ္ပါယ်ဖွင့်ဆိုချက်
4 အဆင့်များ
5 စာရင်းအင်းအမျိုးအစားသတ်မှတ်ချက်
6 ရည်ညွှန်းကိုးကား

[ပြင်ဆင်ရန်] နိဒါန်း

စာရင်းအင်းပညာသည် ယခုအခါ ပညာရပ်နယ်ပယ်အသီးသီးတွင် အသုံးပြုလျက်ရှိသည်။ပညာရေး၊ ဆေးပညာ၊ အင်ဂျင်နီယာ၊ ကွန်ပျူတာ စသည့်နယ်ပယ်များအပြင် အထူးသဖြင့် လူမှုရေးသုတေသန နှင့် စီးပွားရေးသုတေသန တို့တွင် အလွန် အသုံးဝင်သော ဘာသာရပ်တစ်ခုဖြစ်သည်။ လူမှုရေး နှင့် စီးပွားရေးပြဿနာအချို့ကို စာရင်းအင်းပညာဖြင့် လေ့လာ ဖြေရှင်းနိုင်သည်ကို တွေ့ရပါသည်။ ခေတ်မီသော သုတေသနတွေ့ရှိချက်များကို လေ့လာလိုလျှင်သော်လည်းကောင်း၊ တင်ပြချက်များရေးသားပြုစုရာတွင်လည်းကောင်း၊ သုတေသနလုပ်ငန်းများလုပ်ကိုင်ရာတွင် လည်းကောင်း၊ စာရင်းအင်းပညာရပ်ဆိုင်ရာ ဘာသာစကားကို အထိုက်အလျောက်နားလည် သဘောပေါက်ထားပြီး ဖြစ်ရန် အရေးကြီးပါသည်။ စာရင်းအင်းပညာရပ်သည် ပညာရပ်နယ်ပယ်အများစုတွင် သိပ္ပံနည်းကျ လေ့လာရာ၌ အသုံးကျသည့် ဘာသာရပ်တစ်ရပ်ဖြစ်သည်။ စာရင်းအင်းပညာသည် မည်သည့်နေရာတွင်မဆို ကြိုတင်ခန့်မှန်းသည့်နေရာတွင် အဓိက အသုံးပြုကြသည်။

[ပြင်ဆင်ရန်] သမိုင်းကြောင်း

စာရင်းအင်းပညာ၏ မူရင်း အင်္ဂလိပ်စကားလုံးမှာ statistics ဖြစ်သည်။(မြန်မာလို စာရင်းအင်းပညာဆိုသော စကားလုံးကို မည်သူစတင်သည်ဟု မသိရှိပါ။) ထို statistics ဆိုသော စကားလုံးသည် အီတလီစကား `ဖေါ်ပြသည်` ကိုတိုက်ရိုက်သုံးစွဲထားခြင်းဖြစ်သည်။ စာရင်းအင်းပညာ၏အစသည် ၁၇ ရာစု အလယ်မှစတင်သည်ဟု ယူဆကြသည်။ လန်ဒန်မြို့မှ သာမန်စာအုပ်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သော ဂျွန်ဂရန့် သည် ဘုရားကျောင်းများမှ ထုတ်ပြန်သော အပါတ်စဉ်သေစာရင်း များကို စုစည်းကာ ယခု သရုပ်ဖေါ်စာရင်းအင်းဟု ခေါ်ဆိုသော နည်းဖြင့် စာအုပ်(Natural and Political Observations Made upon the Bills of Mortality.)ထုတ်ဝေခဲ့သည်။ များမကြာမီတွင်ပင် ဂျွန်ဂရန့်သည် တော်ဝင်အဖွဲ့အစည်း၏ အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါသည်။ ထိုအချိန်မှစတင်၍ စာရင်းအင်းပညာသည် လူဦးရေဆိုင်ရာ အသိပညာ၊ လူမှုရေးသိပ္ပံမှ အတွေးအခေါ်များ ကိုစတင် သက်ဝင်လာခဲ့သည်။ လူတို့၏အပြုအမူများကို လေ့လာရာတွင် အသုံးပြုသည့်အတွက် စာရင်းအင်းပညာကို သဘာဝတ္ထသိပ္ပံ ၏တိကျမှုတိုင်းတာရာတွင် အသုံးမပြုသင့်ဆိုသော အယူအဆများလည်း ပေါ်ထွက်ခဲ့သည်။ အသစ်အသစ်သော ကွဲပြားသည့်နယ်ပယ်အစုံမှ စာရင်းအင်းပညာကို သုံးစွဲလာကြသော်လည်း စာရင်းအင်းပညာရပ်ဆိုင်ရာဘာသာစကားတို့သည် လူအများနှင့် ဝေဝါးဆဲပဲဖြစ်သည်။ ၂၀ရာစုအတွင်းတွင် စာရင်းအင်းပညာရပ်ဆိုင်ရာ တိုးတက်မှုများစွာ ရှိလာသကဲ့သို့ အသုံးပြုသော ပညာရပ်နယ်ပယ်များလည်း များစွာ ပေါ်ထွန်းလာခဲ့သည်။ နက္ခတ္တဗေဒ၊ ရူပဗေဒ၊ ပထဝီနှင့် မြေမျက်နှာသွင်ပြင် စသည့် သိမ်မွေ့သော နယ်ပယ်များအထိ အသုံးချလာကြသည်ကို တွေ့ရသည်။

[ပြင်ဆင်ရန်] အဓိပ္ပါယ်ဖွင့်ဆိုချက်

စာရင်းအင်းပညာရပ်သည် အချက်အလက်များကို ကောက်ယူခြင်း၊ စုစည်းခြင်း၊ အကျဉ်းချုံ့ခြင်း၊ တင်ပြခြင်းနှင့် စိစစ်ခြင်းပြုလုပ်ရန် အသုံးပြုသော သိပ္ပံနည်းကျသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ၁

[ပြင်ဆင်ရန်] အဆင့်များ

စာရင်းအင်းပညာရပ်ကို အသုံးပြု၍ သိပ္ပံနည်းကျလေ့လာရာတွင် အောက်ပါ အချက်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်ရန်လိုသည်။ (က) အချက်အလက်များစုဆောင်းခြင်း (Collection of data) (ခ) အုပ်စုအလိုက်စုစည်းခြင်း (သို့မဟုတ်) မျိုးတူစုပြုခြင်း (Classification of data) (ဂ) အချက်အလက်များကို ပေါ်လွင်အောင် သရုပ်ဖေါ်ခြင်း (Description of data) (ဃ) တွေ့ရှိချက်များအပေါ်အခြေပြု၍ အဓိပ္ပါယ်ကောက်ခြင်းနှင့် ကောက်ချက်ချခြင်း (Interpretation and generalization of the results) တို့ဖြစ်သည်။

[ပြင်ဆင်ရန်] စာရင်းအင်းအမျိုးအစားသတ်မှတ်ချက်

စာရင်းအင်းပညာတွင် အဓိကအားဖြင့် ဖော်ပြစာရင်းအင်းပညာ (Descriptive Statistics)နှင့် ညွှန်ပြစာရင်းအင်းပညာ(Inferential Statistics)တို့ဖြင့် ဖွဲ့စည်းထားပါသည်။

[ပြင်ဆင်ရန်] ရည်ညွှန်းကိုးကား

၁။ ပညာရေးသုတေသနပြုလုပ်နည်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၊ ပထမအကြိမ်၊ တက္ကသိုလ်များပုံနှိပ်တိုက်၊ ၂၀၀၁၊ ဇူလိုင်လ၊ ရန်ကုန်။ နှာ ၁၃၈။

ယာယီနိုင်ငံကူးလက်မှတ် လေယာဉ်စီးခွင့်ရှိ

ယာယီနိုင်ငံကူးလက်မှတ် လေယာဉ်စီးခွင့်ရှိ



ထိုင်း ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့များသို့နေ့စဉ် ပြေးဆွဲလျှက်ရှိရာ မြန်မာအလုပ်သမားများလည်း ယာယီနိုင်ငံကူး လက်မှတ်သုံး၍ လေယာဉ်ဖြင့်ခရီးသွားလာလျက် ရှိသည်။





မဲဆောက် လေဆိပ်တွင်တွေ့ရသည့် Nok Air လိုင်းမှ လေယာဉ် တစီး(ဓာတ်ပုံ - ဧရာဝတီ)

အထူးသဖြင့် အတာသင်္ကြန်ကာလ မတိုင်မီနှင့် သင်္ကြန်အပြီးတွင် မြန်မာအလုပ်သမား အများဆုံး သွားကြသည်ဟု ဘန်ကောက်ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။



၎င်းက“ကျမ အလုပ်လုပ်နေတာက ယာယီနိုင်ငံကူး လက်မှတ်နဲ့ပါ၊ သင်္ကြန်အကြိုနေ့က ရန်ကုန်ပြန်ဖို့အတွက် မဲဆောက် ကို ဆင်းဖို့ ကားလက်မှတ်ဝယ်လို့မရဘူး၊ ဒါနဲ့ ကျမအလုပ်ရှင်က လေယာဉ်နဲ့ပြန်ဆိုတာနဲ့အဆင်ပြေသွားတာ၊ ဒီ ယာယီ

နိုင်ငံကူး လက်မှတ်နဲ့ လေယာဉ်လက်မှတ်သွားဝယ်တာ ဘာအခက်အခဲမှမရှိဘူး၊ လေယာဉ်ပေါ်မှာလည်း ကျမလိုမြန်မာ တွေ ပါတယ်”ဟု ပြောသည်။



ဘန်ကောက်၊ ချင်းမိုင်နှင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်သို့ လေယာဉ်ဖြင့် ခရီးသွားရောက်ကြသည့် မြန်မာများထဲတွင် မြန်မာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများနှင့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ် သမား တချို့ ပါရှိသည်။



ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီ ပလတ်စတစ် စက်ရုံမှ အလုပ်သမား ကိုစိန် ကမူ“ကျနော်တို့ကတော့ မဲဆောက်ဆင်းရင် လိုင်းကားနဲ့ပဲ ဆင်းတယ်၊ အကောင်းဆုံးဗီအိုင်ပီကားက ဘတ် ၆၀၀ ကျော်ပဲရှိတယ်၊ ၃၀၀ ရာကျော်တန်တောင်ရှိတယ်၊

လေယာဉ်နဲ့ မဲဆောက်ပြန်တဲ့ လူတွေက အလုပ်အကိုင်ကောင်းပြီး လစာများတဲ့လူတွေပဲ ဖြစ်ဖို့ များတယ်၊ အများစုကတော့လိုင်းကားနဲ့ပဲ ပြန်ကြတယ်၊ လေယာဉ်ခက ဘတ် ၃၀၀၀ ဆိုတော့ အသွားအပြန် ဘတ် ၆၀၀၀၊ လူတိုင်းမစီးနိုင်ဘူး” ဟု ဧရာဝတီ သို့ ပြောသည်။



မဲဆောက်မှ နေ့စဉ်ပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှာ Nok Air ၊ Kan Air ၊ Happy Air နှင့် Solar Air လေကြောင်း လိုင်းများဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းနှင့် ယမန်နှစ် နှစ်ကုန်ပိုင်းများမှစတင်၍ ခရီးသည် ၃၄ ဦးနှင့် ၁၂ ဦး တင်ဆောင် နိုင်သည့် လေယာဉ်ငယ်များဖြင့် ပြေးဆွဲလျက်ရှိသည်။



အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင်ပြေးဆွဲသည့် Happy Air လိုင်းသည် ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် မှ နံနက် ၁၁ နာရီထွက်ပြီး မဲဆောက်သို့ ၁၂ နာရီခွဲတွင် ရောက်ရှိသည်။ မဲဆောက်မှမွန်းလွဲ ၁ နာရီတွင်ပြန်ထွက်ကာ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်သို့ မွန်းလွဲ ၂း၂၀ နာရီတွင်ပြန်ရောက်ပြီး လူတဦးလျှင် ၂၉၉၀ ဘတ်ဖြစ်သည်။



Solar Air လိုင်းသည်လူတဦးလျှင် ဘတ်၂၆၉၀ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓ ဟူး၊ သောကြာ နေ့များတွင် ပြေးဆွဲကာ ဘန်ကောက် ဒွန်မောင်းလေဆိပ်မှနံနက် ၁၁ နာရီ ထွက်ပြီးမဲဆောက်သို့ ၁၂ နာရီခွဲတွင်ရောက်ရှိသည်။ မွန်း လွဲ ၁ နာရီ တွင် မဲဆောက်မှပြန်ထွက်ပြီး ဒွန်မောင်းလေဆိပ်သို့ မွန်းလွဲ ၂ နာရီခွဲတွင်ပြန်ရောက်သည်။





ခရီးသည် ၃၄ ဦးတင်ဆောင်နိုင်သည့် Nok Air လိုင်းသည် တဦးလျှင်ဘတ် ၃၀၉၀ နှုန်းဖြင့် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့များတွင်ပြေးဆွဲရာတွင် ဘန်ကောက် ဒွန်မောင်း လေဆိပ်မှ နံနက် ၁၁း၂၀ နာရီတွင်ထွက်ခွာပြီး မဲဆောက်သို့ ၁၂း ၃၅ နာရီတွင် ရောက်ရှိသည်။ မဲဆောက်မှ မွန်းလွဲ ၁၂း ၅၅ နာရီတွင်ပြန်ထွက်ပြီး ဒွန်မောင်း လေဆိပ် သို့ ၁၄း ၁၀ နာရီတွင် ပြန်ရောက်သည်ဟု သိရသည်။



မဲဆောက်လေဆိပ်ရှိ လေကြောင်းလိုင်း မန်နေဂျာတဦးက“နိုင်ငံကူး လက်မှတ်ဖြစ်စေ၊ ယာယီနိုင်ငံကူး လက်မှတ်ဖြစ်စေ၊ ဒီလက်မှတ်တွေဟာ ထိုင်းနိုင်ငံမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး(လ၀က)က ခရီးသွားလာဖို့အတွက် တရားဝင်ခွင့်ပြုချက် ရ ထား ပြီးသားဖြစ်တယ်၊ ဒီလူတွေ ခရီးသွားရင် ကား၊ ရထား၊ လေယာဉ် ကြိုက်တာနဲ့ သွားခွင့်ရှိပါတယ်”ဟု ဆိုသည်။



ချင်းမိုင်-ဘန်ကောက် ခရီးစဉ် တပတ်လျှင် တနလာင်္၊ သောကြာ ၂ ရက်ပုံမှန်ပြေးဆွဲသည့် Kan Air လိုင်းသည် ခရီးသည် ၁၂ ဦးတင်ဆောင်နိုင်ပြီး ချင်းမိုင်မှမွန်းလွဲ ၁ နာရီထွက်ပြီး မဲဆောက်သို့ ၁း ၅၀ နာရီတွင်ရောက်ရှိသည်။ မဲဆောက်မှ မွန်း လွဲ ၂း ၀၅ နာရီတွင်ပြန်ထွက်ပြီး ချင်းမိုင်သို့ ၂း ၅၅ နာရီတွင် ပြန်လည်ရောက်ရှိကာ ခရီးသည်တဦးလျှင် ၁၈၉၉ ဘတ်ဖြစ် သည်။



မဲဆောက် လေဆိပ်တွင် ပုံမှန်လေယာဉ်ခရီးစဉ် ပြေးဆွဲခြင်းမရှိသည်မှာ ၅ နှစ်ခန့်ရှိပြီး အဆိုပါကာလများအတွင်း လေကြောင်းလိုင်း တချို့က မဲဆောက်မှ ဘန်ကောက်ခရီးစဉ်ကို စမ်းသပ်ပြေးဆွဲခဲ့သော်လည်း အကျိုးအမြတ်မရှိသောကြောင့် ရပ်နားခဲ့ကြသည်။



ထိုင်းပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းမှ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက် ခရီးစဉ်များကို နေ့စဉ်အလှည့်ကျပြေးဆွဲခြင်း သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံ ကုန်သည်ကြီးများက ပြောသည်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ