.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, August 4, 2011

မြန်မာ့ရေတပ် လေယာဉ်ပစ် စက်သေနတ်များ အကြောင်း


၎။အမျိုးအစား-၀၂ ၁၄.၅မမ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး


တရုပ်ရေတပ်သုံး

ထုတ်လုပ်သည့်နိုင်ငံ...တရုပ် (ရုရှားထုတ် ဇက်ပီယူ-၁ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း....၁၄.၅မမ
ပစ်ခတ်နှုန်း.... ၁မိနစ်တွင် ကျည်၆၀၀
ထိရောက်မှု အကွာအဝေး.... မီတာ ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။
၅။ အမျိုးအစား-၅၈ ၁၄.၅မမ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး

ထုတ်လုပ်သည့်နိုင်ငံ..တရုပ် (ရုရှားထုတ် ဇက်ပီယူ-၂ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း....၁၄.၅မမ ၂လက်
ပစ်ခတ်နှုန်း... ၁မိနစ်တွင် ကျည် ၁၁၀၀ မှ ၁၂၀၀
ထိရောက်မှု အကွာအဝေး.... မီတာ ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။

၆။ အမျိုးအစား-၅၆ လေယာဉ်ပစ် စက်သေနတ် စနစ်
မြန်မာ့ရေတပ်သုံး
၅၅၆ တိုက်ခိုက်ရေးအမြန်ယာဉ်

၅၅၇ တိုက်ခိုက်ရေး အမြန်ယာဉ်

ထုတ်လုပ်သည့်နိုင်ငံ...တရုပ် (ရုရှားထုတ် ဇက်ပီယူ-၄ ကို ပုံတူယူထားသည်။)
သေနတ်ပြောင်း...၁၄.၅မမ ၄လက်
ပစ်ခတ်နှုန်း...၁မိနစ်တွင် ကျည် ၂၄၀၀
ထိရောက်မှု အကွာအဝေး...မီတာ၂၀၀၀
မြန်မာ့ရေတပ်ထုတ် ၅၅စီးရီးများတွင် တပ်ဆင်ထားပါသည်။

မြန်မာ့ တပ်မတော်ထုတ် စက်လက်နက်များ


အမ်အေ စီးရီး စက်သေနတ် ဖြစ်သည်။

အမ်အေ စီးရီး စက်လက်လေး ဖြစ်သည်။

ဘီအေ-၁၅ စက်လက် သေနတ်ကြီး ဖြစ်သည်။

အမ်အေ စီးရီး စက်သေနတ်နှင့် ၄၀မမ ဗုံးပစ်လောင်ချာ သေနတ် ဖြစ်သည်။


၆၀မမ စိန်ပြောင်း ဖြစ်သည်။

မြန်မာ့လေကြောင်းရန်ကာကွယ်ရေး

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များသို့ ရောက်ရှိလာသည့် ရေဒါစနစ် အသစ်ဖြစ်ပါသည်။

တရုပ်-မြန်မာ နယ်စပ်သို့ ရောက်ရှိလာစဉ်က တွေ့ရပုံဖြစ်သည်။



YLC-18 ရေဒါစနစ်၏ ဘက်ထရီယာဉ်

တရုပ်တပ်ဖွဲ့ဝင်များ စစ်ရေးလေ့ကျင့်စဉ်က

မြန်မာ့တပ်မတော် လေကြောင်းရန်ကာကွယ်ရေးတပ်များ အတွက် တရုပ်တပ်မတော်မှ မကြာသေးသော ကာလက ဝယ်ယူခဲ့သော လေကြောင်းရန်ကာကွယ်ရေးစနစ် မှာ YLC-18 ဟုခေါ်သော လေကြောင်းရန်ကာကွယ်ရေး ရေဒါစနစ်ဖြစ်ပါသည်။ယင်းရေဒါစနစ်သည် ကိုယ်ပျောက်တိုက်လေယာဉ်များကို တိုက်ဖျက်ရန်အတွက် အထူးရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံသည် ပထမဆုံး ဝယ်ယူသောနိုင်ငံဖြစ်လာသည်။
ရေဒါ၏ အချက်အလက်တချို့
ရေဒါထောက်လှမ်းနိုင်မှု.....၂၈၀ကီလိုမီတာ
အမြင့်....၁၂၀၀၀ မီတာ
ရေဒါအဆင့်....၃ဘက်မြင် စသည်တို့ဖြစ်ပါသည်။

Myanmar Air Force (Old Pics)






မြန်မာ့တပ်မတော်လေ လေတပ်ဆိုင်ရာ သမိုင်းဓါတ်ပုံများကို ပေးပို့တဲ့ အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ..။မြန်မာ့တပ်မတော် တိုက်ခိုက်ရေး ယာဉ်များ၏ သမိုင်းပုံရိပ်များဖြစ်ပါသည်။

မြန်မာ့တပ်မတော် လေ (သတင်းထူး)


ဒီနေ့ သတင်းထူးတစ်ခုကို သိရပါတယ် အဖြစ်အပျက်ကို သေချာမသိရသေးပါ။မြန်မာ့တပ်မတော်လေ တိုက်ခိုက်ရေးလေယာဉ်တစ်စင်းဟာ ဘင်္ဂလားဒေ့်နိုင်ငံ ကော့ဘဇာ လေဆိပ်မှာ ဆင်းသက်ပြခဲ့ပါတယ် ဒါဟာ မတော်တဆလား၊မြန်မာ့တပ်မတော်လေက တိုက်ခိုက်ရေးစွမ်းရည်ပြသခဲ့တာလားဆိုတာ မသိရသေးပါဘူး။ဘာဘဲဖြစ်ဖြစ်ဒီသတင်းဟာ အမှန်ဖြစ်ခဲ့မယ်ဆိုရင် ဟိုးအရင်က ရန်ကုန်လေဆိပ်ကို သူတို့လေတပ် အပ်ဖ်-၇ လာရောက်ဆင်းသက်ခဲ့တာ မသိလိုက်ဘူးလို့ဆိုတာကရော...အခုဟာရော စဉ်းစားစရာကောင်းပါတယ်..။မိမိနိုင်ငံနားမှာ လေတပ်စခန်းတည်ဆောက်ပြီး ဝေဟင်ပိုင်နက်ကာကွယ်ဖို့ ကြိုးပမ်းနေတဲ့သူတို့လေတပ် ရေဒါတွေက မဖမ်းမိတာလား၊ဒါမှမဟုတ် လစ်ဗျားအရေးအခင်းအစပိုင်းက နေတိုးတပ်ဖွဲ့တွေ လေကြောင်းကဝင်တိုက်တော့ လစ်ဗျားလေကြောင်းရန်ကာကွယ်ရေးစနစ်တွေက အလုပ်မလုပ်နိုင်ခဲ့သလိုဘဲလားဆိုတာမသိရပါဘူး..နှစ်နိုင်ငံလေတပ်ချင်း ပူးပေါင်းမှုလားဆိုတာလည်းစဉ်းစားစရာပါ..ကျွှန်တော့်အနေနှင့်ကတော့ ဘာဘဲဖြစ်ဖြစ် ဘင်္ဂလားဒေ့နိုင်ငံအနေနှင့် လေတပ်စခန်းအသစ်တေါတည်ဆောက်နေ၊လေကြောင်းရန်ကာကွယ်ရေးတပ်တွေ တိုးချဲ့နေပင်မဲ့ အားကိုးလို့မရဘူးဆိုတာ တွေ့ရပါတယ်..။အကြောင်းကို သိတဲ့သူများရှိရင်ပြောပြပေးကြပါဦးခင်ဗျာ..။ဘယ်လေယာဉ် အမျိုးအစားလည်းဆိုတာမသိရသေးပါဘူး..။

http://mmmilitary.blogspot.com/search/label/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%20%E1%80%B1%E1%80%9C%E1%80%90%E1%80%95%E1%80%B9  မှ ဖော်ပြသည်

မြန်မာ့တပ်မတော် ရေ နှင့် လေ သမိုင်းဓါတ်ပုံများ


မြန်မာ့တပ်မတော်လေ ဘဲလ်-၂၀၆ အမျိုးအစား ရဟတ်ယာဉ်ဖြစ်သည်။

ဆိုကို W-3 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ဗျုဟာမြောက် အမြောက်ရွှေ့ ပြောင်းခြင်း လေ့ကျင့်ခန်း

မြန်မာ့တပ်မတော်ရေ အင်းတော စစ်ရေယာဉ် နှင့် အမ်အိုင်-၂ တိုက်ခိုက်ရေး ရဟတ်ယာဉ်

ဘဲ အမျိုးအစား သင်္ဘောဖျက် တော်ပီဒို စစ်ရေယာဉ်

မြန်မာ့တပ်မတော်ရေတွင် တော်ပီဒို စစ်ရေယာဉ် ၁၀စီးကို အင်္ဂလန်နိုင်ငံမှ လက်ဆောင်ရရှိသည်ဟု သိရပါသည်။

နစက အရာရှိ ဝတ်စုံအသစ်




မြန်မာ့တပ်မတော် နစက အရာရှိများနှင့် ဘင်္ဂလားဒေ့် အရာရှိများ နယ်စပ်အရေး တွေ့ဆုံဆွေးနွေးခဲ့စဉ် ဖြစ်ပါသည်။ဝတ်စုံကတော့ အသစ်ဖြစ်လိမ့်မယ်ထင်ပါတယ် ခင်ဗျာ...။လေတပ် ဝတ်စုံနှင့်ကတော့ ခပ်ဆင်ဆင်ပါ ဘာဘဲဖြစ်ဖြစ် တဆင့်ပြီးတဆင့်ဆင့် မြန်မာ့တပ်မတော် တပ်သားတိုင်း ဝတ်စုံများ ပြောင်းလည်း တပ်ဆင်ပေးနိုင်ဖို့မျှော်လင့်ရပါတယ် ခင်ဗျာ...။ဓါတ်ပုံများကို ပေးပို့တဲ့ အစ်ကို ကိုကျေးဇူးတင်ပါတယ် ခင်ဗျာ..။

http://mmmilitary.blogspot.com မှကူးယူဖော်ပြသည်

ကတုတ်ကျင်းဖောက်ခွဲရေးဗုံးများ သမိုင်း


ကတုတ်ကျင်းဖောက်ခွဲရေးဗုံးများမှာ အမာခံပစ်မှတ်များအား ဖောက်ခွဲရန်နှင့် မြေအောက်တွင်နက်ရှိုင်းစွာ မြုတ်နှံထားသည့် ပစ်မှတ်များအားတိုက်ခိုက်ရန် ပုံစံထုတ်ပြုလုပ်ထားခြင်းဖြစ်သည်။ဒုတိယကမ္ဘာစစ်တွင် ဗြိတိသျှ ပုံစံထုတ်သူ Barmes Wallas က ယနေ့တွင် ကတုတ်ကျင်းဖောက်ခွဲရေးဗုံးဟုခေါ်မည့် ဗုံးနှစ်လုံးကို ပုံစံထုတ်ခဲ့ရာ ၁လုံးမှာ ၅တန်ရှိ၍ Tallboy ဟုခေါ်သည့်ဗုံးဖြစ်ပြီး အခြားမှာ ၁၀တန်ရှိသည့် Grand Stam "မြေငလျင်"ဗုံးဖြစ်သည်။ပုံစံများမှာ လေကြောင်း ဆန်လွန်ပြီး အမြီးပါရှိရာ ဗုံးများကိုလည်ပတ်စေသည်။ထို့ကြောင့် အမြင့်ပေ ၂၂,၀၀၀ မှ ကျလာစဉ်တွင် အသံတံတိုင်းကို ဖောက်ထွင်းနိုင်စေခဲ့သည်။ကတုတ်ကျင်းဖောက်ခွဲရေးဗုံးများဟူ၍ စုပေါင်းခေါ်ဆိုသောလည်း မြေငလျင်ဗုံး၏သဘောတရားမှာ ပိုမိုရှုထွေး၍ မာကျောသည့်မျက်နှာပြင်အား ဖောက်ထွင်းခြင်းထက်ပို၍ နက်နဲမှုရှိသည်။ မြေငလျင်ဗုံးမှာ ပစ်မှတ်တစ်ခုအား တိုင်ရိုက်ထိမှန်စေခြင်းမဟုတ်ဘဲ ဘေးနားတွင် ထိမှန်၍ ပစ်မှတ်အောက်သို့ ထိုးဖောက်ဝင်ရောက်၍ ကြီးမားသည့် လိုဏ်ခေါင်းကြီးဖြစ်ပေါ်စေရန် ပေါက်ကွဲပြီး တစ်ချိန်တည်းတွင် ပစ်မှတ်၏ အခြေခံအုတ်မြစ်များအား တုန်လှုပ်မှုဖြစ်စေသည်။မည်မျှခိုင်မာအောင်ပြုလုပ်ထားသည်ဖြစ်စေ လိုဏ်ခေါင်းတွင်းကြီးအတွင်းသို့ ပြိုကျလေသည်။ဗုံးများ၏ ကိုယ်ထည်အိမ်များမှာ အားဖြည့်ကွန်ကရိထက် ကျောက်သားများကို ပိုမိုလိုအပ်ပေရာ အထူခိုင်ခံသည့် သံမဏိဖြင့် ပြုလုပ်ထားသည်။ဖာဂ်ျရှိ ဂျာမန်ရေငုပ်သင်္ဘောများထားရာ မြေအောက်နေရာကို Grand Stam ဗုံးနှစ်လုံးထိမှန်ခဲ့ရာ ၁၅ပေ ထုရှိသော အားဖြည့်ကွန်ကရိအမာခံကို ဖောက်ထွင်းနိုင်ခဲ့၍ လက်ရှိဖောက်ထွင်းနိုင်မှုတွင် အကောင်းဆုံးအဆင့်ကို ညီမျှခြင်း သို့မဟုတ် ပို၍ပင်လုပ်ဆောင်နိုင်မှုရှိကြောင်းတွေရသည်။


ဒုတိယကမ္ဘာစစ်ပီးတွင် အမေရိကန်က Tallboy ဗုံးအား အဝေထိန်းလမ်းပြစံနစ်ထည့်သွင်း၍ပေါင် ၁၂,၀၀၀ ရှိ Tarzon ခေါ်ဗုံးကိုပြုလုပ်ခဲ့ပြီး ကိုးရီးယားစစ်ပွဲတွင် ကန်ဂျေအနီးရှိ မြေအောက်အမိန့်ပေးဌါနအား တိုက်ခိုက်ခဲ့သည်။


Disney အမည်၇ှိ ဒုံးကျည်အကူအညီပါဝင်သော ဒုတိယကမ္ဘာစစ်သုံးဗုံးတစ်လုံးအား ဂျာမန်ရေငုပ်သင်္ဘောများထားရှိရာ အထူးအမာခံအကာအကွယ်များရှိသည့် ပစ်မှတ်များပေါ်တွင် အသုံးပြုခဲ့သည်။တော်ဝင်ရေတပ်ဗိုလ်ကြီးတစ်ဦးမှ ပုံစံထုတ်သည့် ယင်းဗုံးမှာ ဖြေင့်တန်းမာကျောသည့် ကိုယ်ထည်ရှိ၍ ပေါင် ၄၅၀၀ လေးသည်။ထိုဗုံးကို အမြင့်ပေ ၂၀၀၀၀ မှချခဲ့ရာ ပေ၅၀၀၀ အရောက်တွင် ဘာရိုမီတာဖိအားသုံး စနက်တန်ခလုတ်ပြုတ်၍ အမြီးပိုင်းရှိဒုံးကျည်ကို အသက်ဝင်စေခဲ့ရာ အမြန်နှုန်း

Myanmar Armed Forces


မြန်မာ့တပ်မတော် သံချပ်ကာတပ်


မြန်မာ့တပ်မတော်ရေထုတ် စစ်ရေယာဉ်များ

လေကြောင်းချီတပ်ရင်းများ

တပ်မတော်လေ အေ-၅ တိုက်လေယာဉ်များ

မြန်မာ့တပ်မတော် အမြောက်တပ် Soltam အမ်-၇၁

မြန်မာ့တပ်မတော်ထုတ် အာပီဂျီ


မြန်မာ့တပ်မတော် စစ်လက်နက်များဖော်ပြရာတွင် ပုံများ၏ အရည်အသွေးအလွန်ဆိုးရွားသည့် ပုံဟောင်းများကို ပြန်လည်ဖြုတ်သွားမည်ဖြစ်ရာ မိမိတတ်နိုင်သမျှ ပိုမိုကောင်းမွန်ရန် ကြိုးစားသွားပါမည်။

ကားဈေးကွက်အတွင်း ဈေးတန်းနေသော်လည်း သိန်းတစ်ရာ ပတ်လည်ကားများ အရောင်းအဝယ်ရှိနေ

ရန်ကုန်မြို့ တစ်ပတ်အတွင်း မော်တော်ယာဉ်ဈေးနှုန်းများ
စဉ် အမျိုးအစား/ MDL အက္ခရာ ဈေးနှုန်း မှတ်ချက်
၁။ စူပါဆလွန်း (86) ၁က ၁၆၀ သိန်း ၈၅ နှစ်ကုန်
၂။ စူပါဆလွန်း (87) ၃က ၁၈၅ သိန်း
၃။ ဆူဇူကီး (R+) ၂ဂ ၂၇၅ သိန်း
၎။ ဆူဇူကီး (R-) ၄ခ ၁၁၀ သိန်း ဓာတ်ဆီ
၅။ ပါဂျဲရိုး (စက်မှုဇုန်) ၇ခ ၄၈၀ သိန်း
၆။ ကိုရိုလာဗင် (ဖင်ကောက်) ၉က ၄၃၀ သိန်း ၉၂ ဒီဇယ်
၇။ ကိုရိုလာဆလွန်း (ဖင်ထောင်) ၁၃၅ သိန်း ၈၅
၈။ ကိုရိုလာဆလွန်း (CNG) ဘ (အနီ) ၁၆၀ သိန်း ၈၅
၉။ မြန်မာမီနီဆလွန်း ၆ဂ ၁၆၅ သိန်း
၁၀။ တောင်းအေ့(စ်) (စက်မှုဇုန်) ၈ဂ ၂၀၀ သိန်း

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ