ထားဝယ်သူထားဝယ်သားတို.ခင်ဗျာ
ဓါတ်ပုံထဲက ကလေးမလေး ဟာ စိတ်ရောဂါ ရနေတဲ့ကလေးမလေးဖြစ်ပြီး
အသက်အရွယ်ငယ်ရွယ် တဲ့အတွက် မသမာသူများရဲ.အန္တရာယ်တွေ.ရှိရနိုင်ပါတယ်
ဒါကြောင့် ကြိုတင်ကာကွယ်ပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်။
ဒီကလေးမလေးဟာ ထားဝယ်မြို.တွင်းမှာ နေထိုင်တယ်လို.သိရပြီး မိဘဆွေမျိုးမရှိဘူးလို. သိရပါတယ်။
လူမှု.ရေးအဖွဲ.များ အနေနဲ.လည်းဝိုင်းဝန်းပြီး ကူညီပေးကြပါလို.. တိုက်တွန်းလိုပါတယ် ။
ထားဝယ် မြို.သူထားဝယ် မြို.သားများထဲမှာ ဒီကလေးမလေးအကြောင်း သိရှိသူ ရှိပါက ထပ်မံဖြည့်စွက်ပေးစေလိုပါတယ်။
ဘယ်လိုကူညီသင့်တယ် ဘယ်လိုဆောင်ရွက်ပေးသင့်တယ်ဆိုတာကို အကြံပြုပေးကြပါ
အဝေးရောက် မြို.ခံ ထားဝယ်သားများ နဲ. ထားဝယ်မြို.ရှိ မိတ်ဆွေများ အားလုံးအတူတူ လက်တွဲပြီးကူညီဆောင်ရွက်ပေးကြပါ။
ပေးပို.လာသော ကိုဇော်ဇော်အားကျေးဇူးတင်ရှိပါတယ်
မင်းလွမ်းနောင် (ပန်းတနော်)
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Wednesday, May 21, 2014
Monday, March 3, 2014
ဟုတ်ကဲ့ ဟုတ်ကဲ့
![]() |
(ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိ ပွဲစားများ ကျင်လည်ရာ နေရာတစ်ခု) |
ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် အကောင်းဆုံးစဉ်းစားပြီး နိုင်ငံကူးလက်မှတ်တွေ လုပ်ပေးထားပါတယ်
( ဟုတ်ကဲ့ မြင့်မားလှတဲ့ နိုင်ငံကူးလက်မှတ်တွေ လုပ်ခ နဲ. ၀န်ဆောင်ခတွေကြောင့် မြန်မာအလုပ်သမားတွေ အရင်ကထက်ခက်ခဲ အကာကွယ်က ယခင်ကအတိုင်း မရှိ ဟုတ်ကဲ့ ဟုတ်ကဲ့ ကိုယ်ဖြစ်ကိုယ်ခံပါခဗျ)
ထိုင်းရောက်မြန်မာတွေအတွက် အကောင်းဆုံးအကာအကွယ်ပေးဖို.အတွက် အလုပ်သမားသံအရာရှိစေလွှတ်ထားပါတယ်
( ဟုတ်ကဲ့ မကြာခဏ အသတ်ခံနေရပါတယ် ဓါးပြအတိုက်ခံနေရပါတယ် အနိုင်ကျငိ့ခံနေရပါတယ်
လုပ်အားလစာတွေ ခေါင်းပုံဖြတ် တာကတစ်မျိုး မပေးတာကတဖုံ အမျိုးမျိုး ဒုက္ခတွေ.နေရပါတယ် ဟုတ်ကဲ့ ဟုတ်ကဲ့ မြန်မာသံရုံး နှာစေးနေတယ်ခင်ဗျ)
ထိုင်းရောက်မြန်မာအလုပ်သမားတွေ ယာယီနိုင်ငံကူးလက်မှတ်နဲ. လွတ်လွတ်လပ်လပ် ထိုင်းနိုင်ငံအတွင်းမှာ ခရီးသွားနိုင်ပါတယ် ဒါက အစိုးရရဲ.စေတနာတွေပါ
(ဟုတ်ကဲ့ မြ၀တီဘက်သွားရာလမ်း ဘုရားသုံးဆူဘက်သွားရာလမ်း တွေမှာ ထိုင်းရဲတွေ ဂိတ်ချပြီး တစ်ယောက်ဘတ် 100 ကောက်ခံနေတာ မနည်းဘူးခဗျ တခြားနိုင်ငံခြားသားတွေ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားရင် အောက်ဆင်းစရာမလို ဘတ်ငွေ 100 ပေးစရာမလို ဟုတ်ကဲ့ မြန်မာနိုင်ငံကူးလက်မှတ်ဆိုရင်တော့ အောက်ဆင်းတန်းစီ ဘတ်ငွေ100 ထည့် ပေးရတယ်ခင်ဗျ ဗျာ ဒီကိစ္စလား မြန်မာသံရုံးသိပါတယ်ခင်ဗျ ဟုတ်ကဲ့ ဘာထူးလဲ ဆိုတော့ ဘာမှမထူးပါဘူး ခင်ဗျာ ကောက်ခံနေဆဲဖြစ်သလို ဂိတ်တွေကလဲ အရင်ထက်ပိုများလာတယ်ခင်ဗျ ဟုတ်ကဲ့ ဟုတ်ကဲ့ သံရုံး မအားဘူးဗျ အလုပ်ရှုပ်နေတယ် နောက်ထပ် MOU ဂွင်တွေ ထပ်ရိုက်ဖို.ပါတဲ့ခင်ဗျ )
လက်ရှိအစိုးရက သန်.ရှင်းတဲ့အစိုးရ ဖြစ်အောင်ဖော်ဆောင်နေသလို သံရုံးကလဲ ဖော်ဆောင်နေပါတယ်
(ဟုတ်ကဲ့ သံရုံးထဲမှာလေ ခုံတွေ မအားဘူးခင်ဗျ ဗျာ လာရောက် အခွန်ဆောင် သက်တမ်းတိုး ထောက်ခံချက်ယူ တာတွေ မဟုတ်ဘူး ခင်ဗျ ၊ ပွဲစားတွေ သံရုံးထဲပြည့်နေလို.ပါခင်ဗျ ။ ဗျာ သံရုံးဝန်ထမ်းတွေ လား ဟုတ်ကဲ့ ပွဲစားတွေနဲ.လက်ဝါးချင်းရိုက်ထားတာတဲ့ခဗျ သံရုံးအ၀င်မှာတင် ပွဲစားပေါင်း များစွာ ပိတ်ဆို.နေလို. အထဲကို မနည်းဝင်ရတယ် ခင်ဗျ အထဲရောက်ပြန်တော့လဲ စားပွဲကိုယ်စီနဲ. ပွဲစားတွေ အခန်.သား မိန်.မိန်.ကြီးထိုင်လို.ပေါ့ဗျာ သြော် ဟုတ်ကဲ့ဟုတ်ကဲ့ သန်.ရှင်းတဲ့ သံရုံးကြီးပါခင်ဗျ )
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖုန်းတွေ ထိုင်းရောက်မြန်မာအလုပ်သမားတွေအတွက် 24 နာရီ ၀န်ဆောင်မှု.ပေးတယ်ခင်ဗျ
( ဟုတ်ကဲ့ ဒီကိစ္စ က သံရုံးက ဘာမှမတတ်နိုင်ဘူး ကိုယ့်ဘာသာအစဉ်ပြေအောင် ညှိနိုင်းလိုက်ပါ ဆိုတဲ့ အသံတွေ က နားဝမှာ ရိုးအီလာပြီခင်ဗျ ဟုတ်ကဲ့ တကယ့် ကို ကိုယ့်နိုင်ငံသား တွေအတွက် အကျိုးဆောင်ပေးနေတဲ့ ရုံးကြီးပေါ့ဗျာ)
ဟုတ်ကဲ့ ...ဟုတ်ကဲ့ ...ဟုတ်ကဲ့
ကိုယ်ဖြစ်ကိုယ်ခံပါခင်ဗျ
မင်းလွမ်းနောင် (ပန်းတနော်)
Tuesday, February 11, 2014
ထိုင်းရောက်မြန်မာ အလုပ်သမား လင်မယား ၂ ယောက် အသတ်ခံရ
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ဖန်ငမြို.နယ် အပိုင် တွင် ထိုင်းရောက်မြန်မာအလုပ်သမား ၂ဦး (ရော်ဘာခြံလုပ်သား) အသတ်ခံရတယ်လို. သိရပါတယ်။
သေဆုံးသူ ၂ ဦးဟာ မုဒုံမြို.နယ်အပိုင်ရွာဘက်မှ ဖြစ်တယ်လို. သိရပါတယ်.။
ဓါးမြ ၀င်တိုက် ခံရတာဖြစ်ပြီး ရွှေငွေ ထားတဲ့နေရာမပြောလို. ရက်ရက်စက်စက် အသတ်ခံရတာဖြစ်ပါတယ်။
အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး အမှု.မှန်ပေါ်ပေါက်အရေးယူရေးအတွက် ကာယကံရှင်မိသားစုဝင်များနှင့် ဆက်သွယ်ဆောင်ရွက်ဆဲဖြစ်ကြောင်းသိရပါတယ်
မင်းလွမ်းနောင်(ပန်းတနော်)
သေဆုံးသူ ၂ ဦးဟာ မုဒုံမြို.နယ်အပိုင်ရွာဘက်မှ ဖြစ်တယ်လို. သိရပါတယ်.။
ဓါးမြ ၀င်တိုက် ခံရတာဖြစ်ပြီး ရွှေငွေ ထားတဲ့နေရာမပြောလို. ရက်ရက်စက်စက် အသတ်ခံရတာဖြစ်ပါတယ်။
အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်ပြီး အမှု.မှန်ပေါ်ပေါက်အရေးယူရေးအတွက် ကာယကံရှင်မိသားစုဝင်များနှင့် ဆက်သွယ်ဆောင်ရွက်ဆဲဖြစ်ကြောင်းသိရပါတယ်
မင်းလွမ်းနောင်(ပန်းတနော်)
ထိုင်းရောက်မြန်မာတွေ ဘာကြောင့် အသတ်ခံရမှု. များလာသလဲ
၁။ ထိုင်းအာဏာပိုင်တို. လစ်လျူရှု.ခြင်း (ရလျင်သာတွယ်တတ်သည်)
၂။ သူတပါး လူမျိုးခြားကိုယုံကြည်မှု.လွန်က
၃။ အစုအဝေးလိုက်မနေထိုင်ခြင်း( ရော်ဘာခြံ လို နေရာတွင် အစုအဝေးလိုက်နေရန်မဖြစ်နိုင်ပြန
၎။ သန်းကျော်နေသည့် ထိုင်းရောက်မြန်မာအလုပ်သမားများ
၅။ ၃သန်းကျော်သည့် မြန်မာအလုပ်သမားများအား သံအရာရှိတစ်ဦးတည်းဖြင့် ကူညီရန်မဖြစ်နိုင်ခြင်း (အစိုးရ၏တာဝန်ယူမှု.အားနည်းခြင်
၆။ မှု.ခင်းဖြစ်ပေါ်လာပါက ကျန်ရစ်သူမိသားစုဝင်များ မှ အမှု.ဖွင့်ခြင်းမရှိပဲ မြန်မာပြည်သို.သာပြန်ခြင်း
ဒါတွေကြောင့် သူတို.ဘက်က ပိုပြီးလက်မတွန်.့ဖြစ်လာတာပါပဲ ။
မင်းလွမ်းနောင် (ပန်းတနော်)
Sunday, December 1, 2013
အိမ်ပြန် အလွမ်း
ဆေးလိပ်လဲတို နေလဲညို ပြီ
ငါကား အိမ်ပြန်မရောက်သေး။
ပူလောင်ပျပျ နွေတညမှာ
ရွက်ကြွေတောလဲ မှုန်ပျပြီ
ငါကား အိမ်ပြန်မရောက်သေး။
တောင်လေလဲတိတ် မိုးလဲဆိတ်ပြီ
ငါကားအိမ်ပြန်မရောက်သေး။
နှင်းမြူ ဖြူဖြူ အေးဓါတ်ကူလဲ
ဘ၀အမော အပူတောကြောင့်
ငါကား ခုတိုင် မပြန်နိုင်။
ဥတုရာသီ အလီလီတွင်း
အတိတ် ကို ဆန်းစစ်
ပစ္စုပ္ပန် ကို ပြုပြင်
အနာဂတ်ကို ပုံပြောင်း
ငါ့ဘ၀ ငါ့အကြောင်း
ငါ့သမိုင်းကောင်းဖို.
လှုပ်ရှားရုန်းကန်
အဖိုးတန်ရန်ကျိုးစားဆဲ ။ ။
ထိုင်းဘုရင့်သမီးတော်ရဲ.မှတ်သားဖွယ်စကား
ထိုင်းတီဗီ
9 လိုင်းက အင်တာဗျူး ကောင်းတဲ့ တစ်ယောက်နဲ. ထိုင်းဘုရင့် သမီးတော်(တတိယ)
စကားပြောကြတဲ့နေရာမှာ မှတ်သားလောက်တဲ့ စကားတစ်ခွန်း ကြားလိုက်မိတယ်
" ယခင်က ကုမ်စီအယုဒ္ဓယ ကို ဗမာတွေ ၀င်တိုက်လို.တစ်ကြိမ် ပြိုကွဲပျက်စီးခဲ့ဖူးပြီ ခုလဲ နောက်တစ်ကြိမ်ပျက်စီးရလေအုန်းမယ် ဒီတစ်ခါဖြစ်တာက ပိုဆိုးတယ် ဒီလို ပိုပြိုကွဲပျက်စီးရတာက ထိုင်းလူမျိုးအချင်းချင်းကြောင့် ပဲ ဖြစ်တယ် ထိုင်းလူမျိုးက ထိုင်းနိုင်ငံကို ပြန်ဖျက်တာပဲ "
ဒီစကားအဆုံးမှာ အင်တာဗျူးတဲ့ သတင်းထောက် မျက်ရည်ကျ တာကိုလဲ တွေ.လိုက်ရတယ်။
( ဟုတ်ပါတယ် သံကိုသံကဖျက်တာ ပိုပြီးဆိုးလှပါတယ်။ နိုင်ငံရေး /လူမျိုးရေး/ဘာသာရေး/လူမှု.ရေး စသဖြင့်ပေါ့လေ )
မင်းလွမ်းနောင်(ပန်းတနော်)
" ယခင်က ကုမ်စီအယုဒ္ဓယ ကို ဗမာတွေ ၀င်တိုက်လို.တစ်ကြိမ် ပြိုကွဲပျက်စီးခဲ့ဖူးပြီ ခုလဲ နောက်တစ်ကြိမ်ပျက်စီးရလေအုန်းမယ
ဒီစကားအဆုံးမှာ အင်တာဗျူးတဲ့ သတင်းထောက် မျက်ရည်ကျ တာကိုလဲ တွေ.လိုက်ရတယ်။
( ဟုတ်ပါတယ် သံကိုသံကဖျက်တာ ပိုပြီးဆိုးလှပါတယ်။ နိုင်ငံရေး /လူမျိုးရေး/ဘာသာရေး/လူမှု.ရေး စသဖြင့်ပေါ့လေ )
မင်းလွမ်းနောင်(ပန်းတနော်)
:------> ရေးချင်ရာရေးတယ် ဖတ်ချင်သူတဲ့သူဖတ် <------::
ဖသိုက် လို.ခေါ်တဲ့ ထိုင်းတောင်ပိုင်း အနီ ကိုထောက်ခံတယ်ဆိုတာ မှန်ပါတယ် သို.သော် အားလုံးမဟုတ်ပါ အမဲတွေလဲရှိပါတယ် အနီဆိုတာကတော့ ဖွေ.ထိုင်း အမဲက ဒီမီုကရက် လို.ပြောရင်လဲရတယ် ။
ဒါပေမဲ့ ဖန်ငခရိုင်(ဖသိုက်နယ်)မှာ အမဲဘက်က ဆန္ဒပြပွဲတောင် ပြီးခဲ့တဲ့သောကြာနေ.က မြို.တော်ဝန် ရုံး ရှေ. ကွင်းပြင်မှာ ဆန္ဒပြပွဲ လုပ်နေကြတာမြင်ရသေးတယ် နည်းတဲ့လူအုပ်မှမဟုတ်ဘဲ ။
ဟော ခု ဒီနေ.. တနင်္ဂနွေဈေး နေ.ဆိုတော့ အိမ်အတွက် စားစရာလေးတွေ ၀ယ်ရင်းဈေးထဲရောက်တော့ အမဲ သင်္ကေတ ထိုင်းအလံ လက်ပါတ်တွေ ထိုင်းအလံ ဘီးကုတ် တွေ ထိုင်းအလံဆွဲပြားတွေ ဆွဲပြီး ကုန်စိန်း ကုန်ခြောက် ငါးစိမ်းငါးခြောက် ရောင်းနေကြတာ နည်းမှမနည်းပဲ ။
ဒါ့ကြောင့် တောင်ပိုင်းသားတိုင်း အနီမဟုတ်ဘူးလို. ဆိုရပါတယ်။
တစ်ခုတော့ သတင်းပျံ.နေတယ် မဲမဲတွေက ငွေကြေးနဲ. ခေါ်တာမဟုတ်ဘူးတဲ့ နီနီတွေကနေ.စားတွေများတယ်ဆိုပဲ ။
ဟုတ်သော်ရှိ မဟုတ်သော်ရှိပေါ့နော် မြန်မာတွေကိုတောင်အနီက ငွေကြေးပေးပြီး အင်အားဖြည့်ပေးခိုင်းတယ်လို. အကိုတစ်ယောက်တင်ထားတာတွေ.တယ်။
ဒီဘက်မှာတော့ အဲ့သတင်းမကြားမိဘူး မြန်မာတွေလဲစိတ်မ၀င်စားဘူး သူတို.စိတ်ဝင်စားတာ ၄ နှစ်ပြည့်သမားတွေအတွက် ဘယ်လို ။ အထောက်အထားမရှိသူတွေအတွက်အသစ်ဖွ
ဒီလ လုပ်အားခ ဘယ်လောက်ကျန်မလဲ ။
အိမ်ကို ဒီလ ဘယ်လောက်ပို.နိုင်မလဲ ။ဆိုတာတွေလောက်ပဲစိတ်ဝင်စားတယ်ဗ
ထိုင်းလို သေနတ် ပေါတဲ့ နိုင်ငံ မှာ ဒီလို နေ.စားသွားလုပ်ရင် အရင်ဆုံးမသာပေါ်မှာ ကိုလဲ သိကြတယ်လေ။ ချွင်းချက်တော့ရှိတာပေါ့ဗျာ ဟိုစပ်စပ် ဒီစပ်စပ် ( ဝေမင်းလိုပေါ့) အဲ့လိုလူတွေတော့ သွားချင်သွားမှာ (မသေချာဘူး)
ကြားကနေ မြင်ရမယ်ဆိုတော့ အမဲက အနီထက် အင်အာပိုသာသလို အောက်ခြေ အဆင့်လူထု အထိ ကိုယ်စရိတ်ကိုယ်စားပြီး ထောက်ခံနေတာဆိုတော့ အင်း မကြာခင် ဒီနိုင်ငံလဲ အစိုးရအပြောင်းအလဲ ဖြစ်လာမှာ သေချာသလောက်ပဲ ။
ထိုင်းမှာလဲ အစိုးရတစ်ခါချိန်းရင် ကုန် ဈေးနှုန်းကတစ်ခါတက်တယ် ( မြန်မာပြည်လိုပဲ)
ဒီတစ်ခါ ကုန်ဈေးနှုန်းတွေတက် အထောက်အထားဖိုးတွေတက် အဖမ်းအဆီးနဲ. ၇ဲတွေ အတောင်းအ၇မ်းထူ လာတာတွေ ဖြစ်လာရင်တော့ မြန်မာနိုင်ငံသားရွှေ.ပြောင်း အလုပ်သမားအများစု မကြာခင် အထုတ်ပြင်ပြီး ပြည်တော်ပြန်ဖို. သေချာတယ်။
ထိုင်းဘတ်ငွေ ၁ ဘတ် = မြန်မာကျပ်ငွေ ၃၀.၂၅ ကျပ် (လက်ရှိဈေးပါ)
အကယ်လို.
ထိုင်းဘတ်ငွေ ၁ ဘတ်= မြန်မာကျပ်ငွေ ၂၀ ကျပ် ဖြစ်လာခဲ့ရင်
ထိုင်းမှာလိုပဲ မြန်ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါမျ
(လုပ်ခလစာ ထိုင်းထက်နည်းပါစေအုန်း)
ထိုင်းတွေလဲ နှင်ထုတ်စရာမလိုဘူး မြန်မာအစိုးရလဲ ပြန်လာဖို.ခေါ်စရာမလိုဘူး
အားလုံးကိုယ့်နိုင်ငံ ကိုယ်ပြန်ရောက်မဲ့သူတွေချည်းပဲ ။
မင်းလွမ်းနောင် (ပန်းတနော်)
Friday, November 8, 2013
ကျွန်တော်တို.မိသားစု ဘ၀ပျက်ရသော အသွင်ကူးပြောင်းကာလ
ကျွန်တော်တို့သည် ထိုင်းနိုင်ငံတွင် နှစ်ပေါင်းအများစွာ ကျွန်ခံပြီး ထိုင်းလူမီူးတွေအနိုင်ကျင့်ခံ

ကြာပါပြီ။ဌာနဆိုင်ရာကမြေပြန်သိ
(မေလ်းသို. ပေးပို.လာသည့် ရင်ဖွင့်သံစာလေးဖြစ်ပါတယ်)
Saturday, September 28, 2013
လူနတ်ချမ်းသာ
ခြေတစ်လှမ်းက ကုဋေတစ်သန်းမသန်ပေမဲ့
လက်တစ်လှုပ်မှာ ငွေထုပ်တွေ တဖြုတ်ဖြူတ်ကြွေကျလာအောင်စွမ်းနိုင်တယ်။
နာမည်ကြီးအဆိုတော်မဟုတ်ပေမဲ့
အော်သံတစ်ချက်ထုတ်ရင် ဒူးတုပ်လို.ခစားစေနိုင်တယ်။
ရာထူးနေရာမရှိပေမဲ့
ဟေ့ ........ဆိုတာနဲ. အရက်နဲ.ကြက်ကင် ဆက်သမဲ့ကတော်တွေရှိတယ်။
နိုင်ငံကျော် ဇာတ်မင်းသားမဟုတ်ပေမဲ့
စနစ်မကျ ရွတတ ကကွက်တွေကို လက်ခုပ်လက်ဝါးတီးပြီးအားပေးမဲ့သူတွေရှိတယ်။
သြဇာသံ မရှိပေမဲ့
ပြောလိုက်တဲ့စကားသံ ရိုသေတဲ့ဟန်ပန်နဲ. နားထောင်တဲ့သူတွေရှိတယ်။
လော်ပန်မဟုတ်ပေမဲ့
အချိန်တန်လို.အိမ်ပြန်ရင် အိတ်ဖောင်းအောင်ထည့်ပေးတဲ့သူတွေရှိတယ်။
မှတ်ထား ရွှေတိုက်စာရင်းဝင် နတ်ကတော်တဲ့
မင်းလွမ်းနောင် (ပန်းတနော်)
လက်တစ်လှုပ်မှာ ငွေထုပ်တွေ တဖြုတ်ဖြူတ်ကြွေကျလာအောင်စွမ်းနိုင်တယ်။
နာမည်ကြီးအဆိုတော်မဟုတ်ပေမဲ့
အော်သံတစ်ချက်ထုတ်ရင် ဒူးတုပ်လို.ခစားစေနိုင်တယ်။
ရာထူးနေရာမရှိပေမဲ့
ဟေ့ ........ဆိုတာနဲ. အရက်နဲ.ကြက်ကင် ဆက်သမဲ့ကတော်တွေရှိတယ်။
နိုင်ငံကျော် ဇာတ်မင်းသားမဟုတ်ပေမဲ့
စနစ်မကျ ရွတတ ကကွက်တွေကို လက်ခုပ်လက်ဝါးတီးပြီးအားပေးမဲ့သူတွေရှိတယ်။
သြဇာသံ မရှိပေမဲ့
ပြောလိုက်တဲ့စကားသံ ရိုသေတဲ့ဟန်ပန်နဲ. နားထောင်တဲ့သူတွေရှိတယ်။
လော်ပန်မဟုတ်ပေမဲ့
အချိန်တန်လို.အိမ်ပြန်ရင် အိတ်ဖောင်းအောင်ထည့်ပေးတဲ့သူတွေရှိတယ်။
မှတ်ထား ရွှေတိုက်စာရင်းဝင် နတ်ကတော်တဲ့
မင်းလွမ်းနောင် (ပန်းတနော်)
ပန်းတနော်ရဲ. အဓိပတိလမ်း
တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
ဥပဓိအေးချမ်း တိုက်ပုံလေးထမ်းလို.
ကျောင်းဆရာကြီး ဦးသန်. လျှောက်လှမ်းခဲ့ဖူးတယ်။
တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
အပူငြိမ်းစေတဲ့အဖြူအစိမ်းလေးဝတ်လို.
ဖဒိုမန်းရှာ ဆိုတဲ့ကျောင်းသားလေးလျှောက်ခဲ့ဖူးတယ်
တစ်ချိန်က ဒီလမ်းလေးပေါ်မှာ
လွယ်အိတ်ကိုစလွယ်သိုင်း
ဖဒိုမန်းငြိမ်းမောင် ဆိုတဲ့ကျောင်းတော်သားတစ်ယောက်
လျှောက်ခဲ့ဖူးတယ်။
တစ်ချိန်ကဒီလမ်းလေးပေါ်မှာ
ကျောင်းစိမ်းနဲ.လွယ်အိတ်
စာအုပ်နဲ.ခဲတံ ကာတွန်းဈာန်ဝင်စားနေတတ်တဲ့
ကျောင်းသားလေး မောင်ဖေသိန်းလဲလျှောက်ခဲ့ဖူးတယ်။
ဒီလိုပါပဲ
ဒီလမ်းလေးပေါ်မှာ လျှောက်ရင်း
ကျောင်းတော်ကြီးရဲ.ပညာရင်နို.
သောက်စို.ရင်း ကွဲကွာ
အပေါင်းအသင်းဆိုတာတွေလဲရှိခဲ့ဖူးတယ်။
ဒီလမ်းလေးပေါ်မှာလျှောက်ခဲ့သူမှန်သမျှ
တသသနဲ.လွမ်း
တတမ်းတမ်းနဲ.မျှော်
တာဝန်တွေကိုယ်စီထမ်း
နိုင်ငံ့အတွက်တစ်ဖက်တစ်လမ်း
အကျိုးပြုကာ မှန်းဆသူတွေလဲရှိတယ်။
ခေတ်တွေဘယ်လိုပြောင်း မဟောင်းသောသမိုင်းတွေနဲ.
ဒီင်္မြို.လေးရဲ. အနာဂတ်
လှပခြင်းတွေ ဆက်နေဖို.
အဓိပတိလမ်းလို. အမည်ပေး
မော်ကွန်းရေးလိုက်ချင်ပါသေးတယ်။
မင်းလွမ်းနောင် (ပန်းတနော်)
(ဓါတ်ပုံ= ပန်းတနော်သားများဆုံဆည်းရာ)
Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ

သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပမည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
ကာယ ဥာဏအလုပ်သမားများ အစည်းအရုံးမှ ဗဟုသုတစာပေ/ပညာပေးစာပေ/အလုပ်အကိုင်/အလုပ်သမားဥပဒေ/သတင်းနှင့်နည်းပညာများကို အချိန်နှင့်တပြေးညီ တင်ပြရေးအတွက...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် တလအတွင်း တောအရက် ပုလင်းပေါင်း ၂၀၀၀၀ ခန့် ရောင်းထွက်ကြောင်း သိရသည်။ အရက်ချက်လုပ်သူများသည် အရက်လုပ်ခွင့်...
-
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ြ...
-
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျေ...