မိတ်တွေများခင်ဗျား-
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသော ဖြစ်စဉ်များမှာ မင်းမဲ့စရိုက် ဆန်ဆန် ဆူပူအုံကြွမှုများ ဖြစ်ပါသည်။
လက်ရှိ နိုင်ငံတော်မှ ဆောင်ရွက်နေသည်မှာ အရာရာ Rule of Law အတိုင်း
ဖြစ်စေရန်သာ ဖြစ်ပါသည်။ Rule of Law ခိုင်မာကောင်းမွန်ရေး သည်
အုပ်ချုပ်ရေးမဏ္ဍိုင်၏ အဓိကတာဝန် ဖြစ်သည်မှာ မှန်ပါသည်။
သို့သော် ပြည်သူများအပေါ် ဦးဆောင်မှုပေးနိုင်သော နိုင်ငံရေးပါတီများ၊ ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော
ပြည်သူ့ ကိုယ်စားလှယ်များ၊ ပွင့်လင်းလွတ်လပ်သော လူ့အဖွဲ့အစည်း
ဖြစ်ပေါ်ရေးတွင် အဓိကကျသော Civil Society များ၊ ပြည်သူများ၏ အသိအမြင်ကို
မျက်စေ့ဖွင့်ပေးသော စတုတ္ထမဏ္ဍိုင် မီဒီယာများ စသည်တို့အားလုံးကလည်း
ဝိုင်းဝန်းကူညီ ပံ့ပိုးပေးမှသာ ခိုင်မာသော Rule of Law ကို
တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အတွင်း
အခြေအနေများနှင့်ပတ်သက်၍ မီဒီယာအမျိုးမျိုးတွင် သတင်းအဖုံဖုံ
ပေါ်ထွက်နေသော်လည်း ကောလဟာလနှင့် သတင်းမှန်များ ခွဲခြားသိမြင်နိုင်ရန်လည်း
အရေးကြီးပါသည်။ အဆိုပါ ဒေသအတွင်း နိုင်ငံတော် အုပ်ချုပ်ရေးဘက်မှ Rule of
Law အတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ မည်သည့်ဘက်မှဖြစ်စေ
ဥပဒေချိုးဖောက် ကျော်လွန်လာသော မင်းမဲ့စရိုက်ကို ကိုယ်စားပြုသော ဆူပူ
အကြမ်းဘက်မှုများ ဆောင်ရွက်လာပါက ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
လက်ရှိအချိန်အခါတွင် နိုင်ငံတကာ သတင်းမီဒီယာများ၌ မိမိတို့နိုင်ငံ၏
အခြေအနေများကို ဖော်ပြရာတွင် တစ်နိုင်ငံလုံး ပွက်ပွက်ဆူတော့မည့်
အလားအလာများ ထည့်သွင်း ဖော်ပြနေကြသည်များလည်း တွေ့ရှိရပါသည်။
လူနည်းစု၏ အမှားလုပ်ဆောင်ချက်များမှသည် လူများစု၏ အမှားလုပ်ဆောင် ချက်များ
အဖြစ်သို့ ကူးပြောင်းရောက်ရှိ မသွားစေရန် သတိရှိကြရန် လိုပါသည်။
မိမိတို့နှင့် နီးစပ်ရာ နီးစပ်ရာ အသိုင်းအ၀ိုင်းများအတွင်း လက်စားချေခြင်း
ကင်းသော၊ ဥပဒေနှင့်အညီ ဖြစ်စေသော ပံ့ပိုးကူညီမှုများဖြင့် ထိန်းသိမ်း
ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါသည်။
သို့ပါ၍ ညီအစ်ကို၊
မောင်နှမများအနေဖြင့် အချင်းချင်း အပြန်အလှန် နားလည်မှုရှိစွာဖြင့် Rule of
Law ကို ၀ိုင်းဝန်းဖော်ဆောင်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။
အစိုးရအနေဖြင့် Rule of Law ဖော်ဆောက်ရေးအတွက် အစွမ်းကုန်
ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
Thursday, 27 October 2011 00:0...
-
ရန်ပိုင် Thursday, 07 July 2011 16:10 ရန်ကုန်တိုင်း တိုင်း...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထပ်ပို.မြို. ကျွန်တော်တို. ပန်းရံအလုပ်သမားတန်းလျားကကားလမ်းနဲ့.နီးတယ်လေ... ဒါကြောင့်လဲညစဉ်အိပ်ရေးမ၀တဲ့ဒ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
မြန်မာနိုင်ငံသားများအပါအ၀င်ရွှေ့ပြောင်းအလုပ်သမားများ အတွက် အထူး မီဒီယာသင်တန်းဖွင့်မည် Posted by ကိုဝိုင်း (မိုးညှင်း) at 9:23 PM တစ်နိ...
-
ဆဲလ် Robert Hooke သည် Micrographia ဖြင့် မြင်ရသော cork ၏ ပုံသဏ္ဌာန်ကို ဆွဲထားပုံ။ ၎င်းများ သက်ရှိကို ပထမဆုံး ဆဲလ် ဟုခေါ်ခြင်းဖြစ်သည်။ မွေး...
No comments:
Post a Comment