.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, June 10, 2012

သမ္မတရုံးတာဝန်ရှိသူတစ်ဦးဧ။်ဖေ့ဘွတ်စာမျက်နာမှ သဘောထား

(ပုဂ္ဂလိက သဘောထား ဖြစ်ပါသည်)
မိဘပြည်သူများ ခင်ဗျား-
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်အာဏာကို လွှဲပြောင်း ရယူထမ်းဆောင်ချိန်ကပင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မိမိနိုင်ငံသား တိုင်းရင်းသားလူမျိုးများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်အခြာအာ ဏာတည်တံ့ခိုင်မြဲရေးအတွက် အစွမ်းကုန်ကြိုးပမ်းထမ်းဆောင်ရန် သံဓိဌာန် ချမှတ်ထား ပါသည်။

ဖြစ်ပေါ်နေသော အခြေအနေများကို မိဘပြည်သူများအားလုံး နားလည်သဘော ပေါက်ရန် လိုအပ်ပါသည်။ အဘက်ဘက်မှ အပြုသဘောမဆောင်သော အတွေးများ၊ အမြင် များဖြင့် ခြေလှမ်းတစ်ချက်မှားလျှင် ၀ိုင်းဝန်း ပြစ်တင်ဝေဖန်ကြမည့် သူများ၊ အဖွဲ့အစည်းများ ပြည်တွင်း၊ ပြည်ပ၌ ရှိနေသည်ကိုလည်း တွေ့မြင်ရပါသည်။ မည်သို့ပင် ဆိုစေကာမူ နိုင်ငံ တော်အစိုးရအနေဖြင့် မိမိနိုင်ငံသား တိုင်းရင်းသားပြည်သူများ လုံခြုံဘေးကင်းရေး၊ တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူများမှ စိုးရိမ်ပူပန်မှုများစွာ တိုက်တွန်းပြောကြာနေသည်များ အားလုံးကိုလည်း ကောင်း၊ ပြည်သူများ စိတ်တွင် ဖြစ်ပေါ်နေသည့် ခံစားချက်များကိုလည်းကောင်း နိုင်ငံတော် အကြီးအကဲများအနေဖြင့် ကောင်းစွာ စာနာ နားလည် သဘောပေါက်ကြပါသည်။ နိုင်ငံတော် ကို အုပ်ချုပ်နေရသော အကြီးအကဲများအနေဖြင့် မိမိပြည်သူများအပေါ် မည်မျှအထိ စာနာ နားလည်နေသည်ကိုလည်း ပြည်သူများ သိစေချင်ပါသည်။

တရားဥပဒေစိုးမိုးရေးသည် ပြည်သူများ၏ ၀ိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်မှုများ များစွာ လိုအပ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပုံမှန်အနေအထားသို့ အမြန်ဆုံး ရောက်ရှိ စေရန် လုပ်သင့်လုပ်ထိုက်သည်များကို တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူလူထု၏ ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှု များကိုလည်း မျှော်လင့်လျက် ရှိပါသည်။

ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားများ အားလုံး ဘေးရန် အပေါင်း၊ စိုးရိမ်ကြောင့်ကြမှုအပေါင်းမှ ကင်းဝေးကြပါစေ။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ