.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, June 13, 2012

ရခိုင်အရေးနှင့်ပတ်သက်ပြီး ဘာသာပေါင်းစုံအဖွဲ့ ရခိုင်လူမှုရေးအဖွဲ့များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့တို့ ပူးပေါင်း ကြေငြာချက် ထုတ်ပြန် =======================


Yangon Media Group

သာသနာရေးဝန်ကြီးဌာန ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွှတ်ရေး အဖွဲ့ တို့၏ အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သက်၍ အမြန်ဆုံးတည် ငြိမ်အေး ချမ်းမှုရရှိစေရန်နှင့် အခြားဒေသများသို့ ပြန့်ပွားမှု မရှိစေရန် မြန်မာနိုင်ငံဘာသာပေါင်းစုံ ချစ်ကြည် ညီညွှတ်ရေးအဖွဲ့ ရခိုင်လူမှုရေး အဖွဲ့များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများသည် ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီတွင် ရန်ကုန်မြို့ MIS အဆောက်အဦးတွင် တွေ့ဆုံဆွေးနွေးကြပြီးအောက်ပါ အတိုင်း သဘောတူ ညီချက်များ ရရှိ လက်မှတ်ရေးထိုးကြပါသည်။

၁.ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများသည် ဘာသာရေးကို အကြောင်ြး ပု၍ ဖြစ်ပေါ်ခဲ့ခြင်း မဟုတ်ဘဲ ပြစ်မှု ဆိုင်ရာ ပြဌာန်းချက်များ ကျူးလွန်ဖောက်ဖျက်သည့် ကိစ္စရပ်များေ ပ်ါမူတည်၍ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

၂. ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ အားလုံးသည် ယနေ့ထက်တိုင် တစ်ဖွဲ့နှင့် တစ်ဖွဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက် အစဉ်လာကောင်းကို ထိန်းသိမ်းလျက်ရှိပါသည်။

၃. ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ ကို အဆုံးသတ်နိုင်ရေးအတွက် လုံခြုံရေး အစီအမံများကို တိုးမြှင့်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါသည်။

၎. မြန်မာနိုင်ငံအတွင်း အခြားဒေသများသို့ ပဋိပက္ခများ ပြန့်နှံ့ရောက်ရှိ သွားခြင်း မရှိစေရန် အတွက် ၀ိုင်းဝန်းထိမ်းသိမ်း စောင့်ရှောက်သွားမည် ။

၅. ရခိုင်ပြည်နယ်အတွင်းရှိ လတ်တလော ဖြစ်ပွားနေသော မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့ အကြမ်းဖက်လှုပ်ရှားဆောင်ရွက်နေမှုများကို ပြင်းထန်စွာရှုံချသည်။

၆.ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများကြောင့် ဘေးဒုက္ခရောက်နေကြသည့် ပြည်သူအားလုံးကို တတ်စွမ်းသမျှ ကူညီထောက်ပံ့ပေးကြရန် တိုက်တွန်းပါသည်။

၇. ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော အရေးကိစ္စများ အေးချမ်းငြိမ်သက်စေရန် အခြားဒေသများသို့ ပြန့်နှံခြင်း မရှိစေရန် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး အဖွဲ့တစ်ဖွဲ့ကို ဘာသာပေါင်းစုံညီညွှတ်ရေး အဖွဲ့ ရခိုင်လူမှု အဖွဲ့အစည်း များနှင့် အစ္စလာမ် ဘာသာရေး အဖွဲ့များ မီဒီယာများမှ ကိုယ်စားလှယ်များသည် ဒေသဆိုင်ရာ အာဏာ ပိုင်အဖွဲ့များနှင့် လက်တွဲဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ