စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Monday, April 18, 2011
ယာယီပတ်စ်ပို့ရှိသည့် အလုပ်သမားကို ထိုင်းရဲက ဖမ်းဆီးပြီး ဘတ်ငွေ (၁၂၀၀၀)တောင်းခံ
Tuesday, 22 February 2011 00:00 |
![]() ဖမ်းဆီးခံခဲ့ရသည့် မြန်မာအလုပ်သမားမှာ ပတ္တရား၊ Jomtian (၃)လမ်း အတွင်းရှိ Good Luck Inn မှ မြန်မာ အလုပ်သမား အောင်ဆန်းဦး ဆိုသူဖြစ်ပြီး ယခုလ (၁၇)ရက်နေ့က ရေပုလင်း သွားဝယ်ပြီး ပြန်လာရာတွင် ရဲကားဖြင့် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရသည်။ ၄င်းအပြင် ထိုင်းလူမျိုး (၆)ဦးနှင့် အခြား မြန်မာ အလုပ်သမား (၁)ဦးလည်း ဖမ်းဆီးခံရပြီး ကားပေါ်တွင် ပါလာခဲ့သည်။ အောင်ဆန်းဦးက “ရဲစခန်း အချုပ်ထဲကို ၀င်တာနဲ့ အချုပ်ထဲကို အရင်ရောက်နေကြတဲ့ လူ (၆)ယောက်လောက်က ကျနော့်ကို ၀ိုင်းထိုးကြတယ်။ ပြီးတော့ ဖမ်းလာတဲ့ လူတွေ အကုန်လုံးကို ဆေးစစ်တယ်။ ထိုင်းတွေက မူးယစ်ဆေးဝါး သုံးတဲ့ လူတွေ ဖြစ်တယ်။ မိဘတွေက လာပြီးတော့ ဘတ် (၁၀၀၀၀)စီ ပေးပြီးတော့ နောက်နေ့မှာ လာရွေး သွားကြတယ်။ ကျနော်မှာ ယာယီပတ်စ်ပို့နဲ့ Work Permit ရှိပေမယ့် နှစ်ရက် နှစ်ည အချုပ်ခန်းထဲမှာ နေခဲ့ရတယ်။ ဘတ်ငွေ (၁၂၀၀၀) သူဌေးသား ကိုယ်တိုင် လာပေးပြီးတော့ ရွေးထုတ်ခဲ့တယ်” ဟုပြောပြသည်။ ဖမ်းဆီး ခံရသည့် အချိန်တွင် ယာယီပတ်စ်ပို့ အစစ်ကို မပြနိုင်ပဲ မိတ္တူကိုသာ ပြနိုင်ခဲ့သဖြင့် ဖမ်းဆီး ဖြစ်ကြောင်း ရဲစခန်းက ပြောသည်ဟု အောင်ဆန်းဦးက ပြန်ပြောပြသည်။ ၎င်း၏ ယာယီ ပတ်စ်ပို့မှာ Work Permit လုပ်ရန်အတွက် ဘန်ကောက်မြို့သို့ ပို့ထားရကြောင်း၊ ဖမ်းဆီး ခံရပြီးနောက် ဘန်ကောက်မြို့မှ ဆွေမျိုး တော်စပ်သူထံသို့ ဖုန်းဆက် အကြောင်းကြားခဲ့ရာ နောက်တနေ့တွင် ရဲစခန်းသို့ လာရောက်ပြီး ပတ်စ်ပို့ အစစ်ကို ပြသခဲ့ကြောင်း၊ သို့သော်လည်း ရဲစခန်းက ပတ်စ်ပို့နှင့် အတူ ရှိမနေခြင်းကို အကြောင်းပြပြီး ဘတ်ငွေ (၁၂၀၀၀) တောင်းခဲ့ခြင်း ဖြစ်ကြောင်း အောင်ဆန်းဦးက ဆက်ပြောပြသည်။ “ကျနော့်ရှေ့ မှာ ဘတ် (အလုပ်သမား လက်မှတ်) မရှိသူတွေ ပတ်စ်ပို့ မရှိတဲ့သူတွေ ဖမ်းလာတယ် ဘတ်ငွေ နှစ်ထောင်၊ သုံးထောင်လောက် ပေးရင် လွတ်သွားကြတာပဲ။ ကျနော်ကျတော့ ပတ်စ်ပို့ရော Work Permit ပါ ရှိလျှက်နဲ့ ဘတ် (၁၂၀၀၀)ပေးရတယ် ဆိုတော့ ကျနော်တို့ လုပ်ထားတဲ့ ယာယီပတ်စ်ပို့ဟာ ဘာမှ အဓိပ္ပါယ် မရှိတော့ဘူးလား။ အကာအကွယ် မပေးနိုင်တော့ဘူးလား” ဟု အောင်ဆန်းဦးက မကျေမချမ်း ဆိုသည်။ ပြီခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၁၆) ရက်နေ့ကလည်း ဘန်ကောက်မြို့၊ အယ်ကရှိုင် (၉၅)လမ်း အနီးရှိ ဘန်မကော်(၈) ဆေးရုံရှေ့တွင် ယာယီပတ်စ်ပို့နှင့် Work Permit ကိုင်ဆောင်ထားသည့် ကရင်အလုပ်သမား မောင်လုံထံမှ နယ်မြေခံ ရဲတစ်ဦးက ရိုက်နှက်ပြီး ဘတ်ငွေ (၆၀၀၀) လုယက် သွားခဲ့ကြောင်း သိရသည်။ အဆိုပါ ဖြစ်ရပ်အား ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အသင်းနှင့် ထိုင်းအန်ဂျီအို တစ်ခုတို့က ရဲကား နံပါတ်ကို အတိအကျ ပြောပြီး ဘန်ဘော် (၃) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ အမှုဖွင့်ခဲ့ပြီးနောက် ညနေပိုင်းတွင် ရဲစခန်းမှုက ဘတ်ငွေ (၁၀၀၀၀) ပေးလျှော်မည်ဖြစ်ပြီး အမှုအား ပိတ်ပေးရန် မောင်လုံ၏အစ်မ မအေးအေးဝင်း ထံသို့ ဖုန်းဆက် အကြောင်းကြားခဲ့သည်။ အမှုသည်များက မကျေနပ်သဖြင့် ဥပဒေအတိုင်း ဆောင်ရွက် ပေးပါရန် အလုပ်သမား အခွင့်အရေး ဆောင်ရွက်ပေးသည့် ထိုင်းအန်ဂျီအို တခုကို အကူအညီ တောင်းခဲ့သော်လည်း ယခုအချိန်အထိ သုံးလနီးပါး ကြာမြင့်လာသည့် တိုင်အောင် အမှုမှန် ပေါက်ပေါက်ခဲ့ခြင်း မရှိသေးကြောင်း သိရှိရသည်။ |
ယာယီနိုင်ငံကူးလက်မှတ် လေယာဉ်စီးခွင့်ရှိ
ထိုင်း ပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ ဘန်ကောက်မြို့နှင့် ချင်းမိုင်မြို့များသို့နေ့စဉ် ပြေးဆွဲလျှက်ရှိရာ မြန်မာအလုပ်သမားများလည်း ယာယီနိုင်ငံကူး လက်မှတ်သုံး၍ လေယာဉ်ဖြင့်ခရီးသွားလာလျက် ရှိသည်။
အထူးသဖြင့် အတာသင်္ကြန်ကာလ မတိုင်မီနှင့် သင်္ကြန်အပြီးတွင် မြန်မာအလုပ်သမား အများဆုံး သွားကြသည်ဟု ဘန်ကောက်ရှိ ခရီးသွားလုပ်ငန်း ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူတဦးက ပြောသည်။
၎င်းက“ကျမ အလုပ်လုပ်နေတာက ယာယီနိုင်ငံကူး လက်မှတ်နဲ့ပါ၊ သင်္ကြန်အကြိုနေ့က ရန်ကုန်ပြန်ဖို့အတွက် မဲဆောက် ကို ဆင်းဖို့ ကားလက်မှတ်ဝယ်လို့မရဘူး၊ ဒါနဲ့ ကျမအလုပ်ရှင်က လေယာဉ်နဲ့ပြန်ဆိုတာနဲ့အဆင်ပြေသွားတာ၊ ဒီ ယာယီ
နိုင်ငံကူး လက်မှတ်နဲ့ လေယာဉ်လက်မှတ်သွားဝယ်တာ ဘာအခက်အခဲမှမရှိဘူး၊ လေယာဉ်ပေါ်မှာလည်း ကျမလိုမြန်မာ တွေ ပါတယ်”ဟု ပြောသည်။
ဘန်ကောက်၊ ချင်းမိုင်နှင့် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်သို့ လေယာဉ်ဖြင့် ခရီးသွားရောက်ကြသည့် မြန်မာများထဲတွင် မြန်မာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများနှင့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကြသည့် မြန်မာရွှေ့ပြောင်း အလုပ် သမား တချို့ ပါရှိသည်။
ဘန်ကောက်မြို့အနီးရှိ ပထုံဌာနီ ပလတ်စတစ် စက်ရုံမှ အလုပ်သမား ကိုစိန် ကမူ“ကျနော်တို့ကတော့ မဲဆောက်ဆင်းရင် လိုင်းကားနဲ့ပဲ ဆင်းတယ်၊ အကောင်းဆုံးဗီအိုင်ပီကားက ဘတ် ၆၀၀ ကျော်ပဲရှိတယ်၊ ၃၀၀ ရာကျော်တန်တောင်ရှိတယ်၊
လေယာဉ်နဲ့ မဲဆောက်ပြန်တဲ့ လူတွေက အလုပ်အကိုင်ကောင်းပြီး လစာများတဲ့လူတွေပဲ ဖြစ်ဖို့ များတယ်၊ အများစုကတော့လိုင်းကားနဲ့ပဲ ပြန်ကြတယ်၊ လေယာဉ်ခက ဘတ် ၃၀၀၀ ဆိုတော့ အသွားအပြန် ဘတ် ၆၀၀၀၊ လူတိုင်းမစီးနိုင်ဘူး” ဟု ဧရာဝတီ သို့ ပြောသည်။
မဲဆောက်မှ နေ့စဉ်ပြေးဆွဲနေသည့် လေကြောင်းလိုင်းများမှာ Nok Air ၊ Kan Air ၊ Happy Air နှင့် Solar Air လေကြောင်း လိုင်းများဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းနှင့် ယမန်နှစ် နှစ်ကုန်ပိုင်းများမှစတင်၍ ခရီးသည် ၃၄ ဦးနှင့် ၁၂ ဦး တင်ဆောင် နိုင်သည့် လေယာဉ်ငယ်များဖြင့် ပြေးဆွဲလျက်ရှိသည်။
အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင်ပြေးဆွဲသည့် Happy Air လိုင်းသည် ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ် မှ နံနက် ၁၁ နာရီထွက်ပြီး မဲဆောက်သို့ ၁၂ နာရီခွဲတွင် ရောက်ရှိသည်။ မဲဆောက်မှမွန်းလွဲ ၁ နာရီတွင်ပြန်ထွက်ကာ ဘန်ကောက် သုဝဏ္ဏဘူမိလေဆိပ်သို့ မွန်းလွဲ ၂း၂၀ နာရီတွင်ပြန်ရောက်ပြီး လူတဦးလျှင် ၂၉၉၀ ဘတ်ဖြစ်သည်။
Solar Air လိုင်းသည်လူတဦးလျှင် ဘတ်၂၆၉၀ ဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေ၊ တနင်္လာ၊ ဗုဒ္ဓ ဟူး၊ သောကြာ နေ့များတွင် ပြေးဆွဲကာ ဘန်ကောက် ဒွန်မောင်းလေဆိပ်မှနံနက် ၁၁ နာရီ ထွက်ပြီးမဲဆောက်သို့ ၁၂ နာရီခွဲတွင်ရောက်ရှိသည်။ မွန်း လွဲ ၁ နာရီ တွင် မဲဆောက်မှပြန်ထွက်ပြီး ဒွန်မောင်းလေဆိပ်သို့ မွန်းလွဲ ၂ နာရီခွဲတွင်ပြန်ရောက်သည်။
ခရီးသည် ၃၄ ဦးတင်ဆောင်နိုင်သည့် Nok Air လိုင်းသည် တဦးလျှင်ဘတ် ၃၀၉၀ နှုန်းဖြင့် တနင်္လာ၊ အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့များတွင်ပြေးဆွဲရာတွင် ဘန်ကောက် ဒွန်မောင်း လေဆိပ်မှ နံနက် ၁၁း၂၀ နာရီတွင်ထွက်ခွာပြီး မဲဆောက်သို့ ၁၂း ၃၅ နာရီတွင် ရောက်ရှိသည်။ မဲဆောက်မှ မွန်းလွဲ ၁၂း ၅၅ နာရီတွင်ပြန်ထွက်ပြီး ဒွန်မောင်း လေဆိပ် သို့ ၁၄း ၁၀ နာရီတွင် ပြန်ရောက်သည်ဟု သိရသည်။
မဲဆောက်လေဆိပ်ရှိ လေကြောင်းလိုင်း မန်နေဂျာတဦးက“နိုင်ငံကူး လက်မှတ်ဖြစ်စေ၊ ယာယီနိုင်ငံကူး လက်မှတ်ဖြစ်စေ၊ ဒီလက်မှတ်တွေဟာ ထိုင်းနိုင်ငံမှာ ထိုင်းလူဝင်မှုကြီးကြပ်ရေး(လ၀က)က ခရီးသွားလာဖို့အတွက် တရားဝင်ခွင့်ပြုချက် ရ ထား ပြီးသားဖြစ်တယ်၊ ဒီလူတွေ ခရီးသွားရင် ကား၊ ရထား၊ လေယာဉ် ကြိုက်တာနဲ့ သွားခွင့်ရှိပါတယ်”ဟု ဆိုသည်။
ချင်းမိုင်-ဘန်ကောက် ခရီးစဉ် တပတ်လျှင် တနလာင်္၊ သောကြာ ၂ ရက်ပုံမှန်ပြေးဆွဲသည့် Kan Air လိုင်းသည် ခရီးသည် ၁၂ ဦးတင်ဆောင်နိုင်ပြီး ချင်းမိုင်မှမွန်းလွဲ ၁ နာရီထွက်ပြီး မဲဆောက်သို့ ၁း ၅၀ နာရီတွင်ရောက်ရှိသည်။ မဲဆောက်မှ မွန်း လွဲ ၂း ၀၅ နာရီတွင်ပြန်ထွက်ပြီး ချင်းမိုင်သို့ ၂း ၅၅ နာရီတွင် ပြန်လည်ရောက်ရှိကာ ခရီးသည်တဦးလျှင် ၁၈၉၉ ဘတ်ဖြစ် သည်။
မဲဆောက် လေဆိပ်တွင် ပုံမှန်လေယာဉ်ခရီးစဉ် ပြေးဆွဲခြင်းမရှိသည်မှာ ၅ နှစ်ခန့်ရှိပြီး အဆိုပါကာလများအတွင်း လေကြောင်းလိုင်း တချို့က မဲဆောက်မှ ဘန်ကောက်ခရီးစဉ်ကို စမ်းသပ်ပြေးဆွဲခဲ့သော်လည်း အကျိုးအမြတ်မရှိသောကြောင့် ရပ်နားခဲ့ကြသည်။
ထိုင်းပြည်တွင်းလေကြောင်းလိုင်း ၄ လိုင်းမှ ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက် ခရီးစဉ်များကို နေ့စဉ်အလှည့်ကျပြေးဆွဲခြင်း သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဒေသခံ ကုန်သည်ကြီးများက ပြောသည်။

မဲဆောက် လေဆိပ်တွင်တွေ့ရသည့် Nok Air လိုင်းမှ လေယာဉ် တစီး(ဓာတ်ပုံ - ဧရာဝတီ)

ထိုင်းတွင် ကားတိုက်ခံရသူများကို မြန်မာသံရုံးကူညီ
ထိုင်းတွင် ကားတိုက်ခံရသူများကို မြန်မာသံရုံးကူညီ
ထိုင်းနိုင်ငံ စမွတ်စခွန် ခရိုင် အဟာချိုင်ဒေသတွင် တနင်္လာနေ့က ယာဉ်တိုက်မှု ဖြစ်ပွား၍ သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို မြန်မာသံရုံးမှ တာဝန်ရှိသူများက လိုအပ်သည့် အကူအညီများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ထုတ် အစိုးရ သတင်း စာတွင် ဖော်ပြထားသည်။မြန်မာ သံရုံးမှ တာဝန်ရှိသူများက ဆေးရုံတက် လူနာများအား သွားရောက်တွေ့ဆုံပြီး ထိခိုက် ဒဏ်ရာရသူများ၏ ဆေးကုသ စရိတ်များကို စက်ရုံမှ လုံးဝ ပျောက်ကင်းသည် အထိ တာဝန်ယူပေးရေး၊ ဆေးကုသနေချိန်တွင်လည်း နေ့စဉ်ရရှိနေသည့် လုပ် အားခများကို မဖြတ်တောက်ဘဲ အပြည့်အ၀ပေးရေး၊ သေဆုံးသူများ အတွက် နစ်နာကြေးကို ကျန်ရှိသည့် ဆွေမျိုးသားချင်း
များရရှိရန် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့အလင်းသတင်းစာက ဆိုသည်။
အဆိုပါ သေဆုံး ဒဏ်ရာရရှိသူများသည် မဟာချိုင်ဒေသရှိ ဂါလန် ပုဇွန်စက်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ် သမားများ ဖြစ်သည်။ ယင်း ပုဇွန်စက်ရုံတွင် မြန်မာအလုပ်သမား ၇၀၀ ကျော် ရှိကြောင်း သိရသည်။
မြန်မာ သံရုံးမှ တာဝန်ရှိသူများသည် အခင်းဖြစ်ပွားသည့်နေ့တွင် မဟာချိုင်ဒေသသို့ သွားရောက်ခဲ့ပြီး ယင်း ကုမ္ပဏီမှ တာဝန် ခံများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ဧပြီလ ၅ ရက်နေ့တွင် သေဆုံးသူများကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သတင်းစာတွင် ပါရှိသည်။
ထိခိုက် ဒဏ်ရာရရှိသူများက ယင်းဒေသရှိ မဟာချိုင်၊ စမွတ်စခွန်၊ Srivichai 5 စသည့် ဆေးရုံများတွင် ဆေးကုသမှု ခံယူခဲ့ပြီး အတွင်းလူနာ ၇ ဦးအနက် တစ်ဦးမှာ စိုးရိမ်ရကြောင်း ဒဏ်ရာပြင်းထန်မှု မရှိသည့်လူနာများကို ဧပြီလ ၆ ရက်နေ့၌ ဆေးရုံမှ ဆင်း ခွင့်ပြုခဲ့ကြောင်း အစိုးရ သတင်းစာတွင် ရေသားထားသည်။
မြန်မာအလုပ်သမားများသည် စက်ရုံသို့ အလုပ်ဆင်းရန် ကြိုပို့ယာဉ်မှ လာရောက် ကြိုဆိုတင်ဆောင်စဉ် နောက်မှ ၁၀ ဘီး ကား တစီး လမ်းချော်ပြီး ၀င်ရောက်တိုက်မိခဲ့သောကြောင့် အမျိုးသမီး ၆ ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးကာ ၆၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
အစိုးရ သတင်းစာတွင် မြန်မာ အလုပ်သမား ၇ ဦး သေဆုံးသွားကြောင်း ဖော်ပြခဲ့သော်လည်း ထိုင်းနိုင်ငံ အခြေစိုက် အလုပ် သမားအရေး ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတချို့က ၁၆ ဦး သေဆုံးသွားကြောင်း ဆိုသည်။
ထိုင်းနိုင်ငံ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များကလည်း အလုပ်သမားများ၏ လုံခြုံရေးနှင့် ယခုဖြစ်ဖွားခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် ထိုင်းအစိုးရထံသို့ ယခုရက်ပိုင်း တောင်းဆိုခဲ့ကြသည်။
“ထိုင်းအစိုးရနှင့် သက်ဆိုင်ရာ ခရိုင် အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် ဘတ်(စ်)ကားများ လုံခြုံရေး ဥပဒေကို လေးစားလိုက်နာ အောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်၊ အထူးသဖြင့် သတ်မှတ်ချက်ထက် ကျော်လွန်ပြီးတော့ ခရီးသည်များကို တင်ဆောင် နေတာတွေကို ထိထိရောက်ရောက် တားမြစ်ဖို့လိုတယ်”ဟု ထိုင်းအလုပ်သမား ကာကွယ် စောင့်ရှောင့်ရေး အဖွဲ့များ၏ ထုတ် ပြန်ချက်တွင် ရေးသားထားသည်။
ထိုင်းနိုင်ငံ ဥပဒေအရ သယ်ယူပို့ဆောင်ရေး ယာဉ်များတွင် မောင်းသူအနေဖြင့် သတ်မှတ်ခုံ အရေအတွက်ထက်ကျော်လွန်၍ ခရီးသည်တင်ဆောင်ခြင်းကို တားမြစ်ထားသည်။
မတော်တဆ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သော ယာဉ်သည် ခုံ ၂၄ ခုရှိ သော်လည်း ခရီးသည် ၇၀ ကျော် တင်ဆောင်ထားပြီး ယာဉ် မရပ်နားရသည့် နေရာတွင် ရပ်တန့်၍ ခရီးသည်များကို ထပ်မံ တင်ဆောင်နေကြောင်းလည်း အလုပ်သမား ကာကွယ် စောင့် ရှောင့်ရေး အဖွဲ့များက ထုတ်ပြန်သည့် ကြေညာချက်တွင် ရေးသားထားသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလတွင်လည်း ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ ဘန်ကောက်မြို့သို့လာသော မြန် မာ နိုင်ငံသား ၄၀ ခန့် တင်ဆောင်လာသည့် ကားတစီး မဟာချိုင်မြို့အနီးရှိ မဲ့ကလောင် မြို့နယ်တွင် တိမ်းမှောက်မှု ဖြစ်ပွားရာ ၁၀ ဦးခန့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်နေကြသော ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများ ၂ သန်းခွဲမှ ၄ သန်းဝန်းကျင် ရှိကြောင်း အလုပ်သမား အဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။
လူ့အခွင့်အရေးအကြောင်း အခြေခံသိမှတ်ဖွယ်ရာများ
လူ့အခွင့်အရေးအဓိပ္ပာယ်ဖွင့်ဆိုချက်
လူ့အခွင့်အရေးဆိုသည်မှာ အဘယ်နည်း။
လူ့အခွင့်အရေးဆိုသည်မှာ လူသားတဦး၏ အခြေခံရပိုင်ခွင့်များဖြစ်သည့်
လူသားတဦးအ ဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်မှု၊ လွတ်လပ်စွာ
နေထိုင်ပြောဆိုနိုင်မှု၊ လူသားခြင်း အခွင့် အရေးတန်းတူရနိုင်မှု၊
တန်းတူညီမျှစွာ အကာအကွယ်ပေးမှုစသည် တို့ဖြစ်သည်ဟု ၁၉၄၈ ခုနှစ်တွင်
ရေးဆွဲပြဌာန်းထားသည့် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး သဘောတူညီချက်စာ တမ်း
ဖေါ်ပြထားသည်။
လူသားတဦးအဖြစ် ဂုဏ်သရေရှိစွာ ရပ်တည်နိုင်မှုဆိုသည်မှာ လူသားတိုင်းကို
လူတဦးအ ဖြစ် အသိအမှတ်ပြုရန်ဖြစ်သည်။ မွေးဖွားသည့်ဒေသ၊ လူမျိုး၊ ဘာသာစကား၊
လိင်၊အသက်၊ အရပ်အနိမ့်အမြင့်၊ ကျန်းမာရေးကောင်းမှု/ မကောင်းမှု၊ လူတဦး၏
ပတ်ဝန်းကျင်တွင် သက် ရောက်သည့် သြဇာအာဏာ၊ ပစ္စည်းပိုင်ဆိုင်မှု၊
ကိုးကွယ်သည့်ဘာသာ၊ ပညာအရည်အခြင်း၊ နိုင်ငံရေးနှင့်ပတ်သက်သည့် အယူအဆ
မတူညီခြင်း စသည့် အချက်များသည် အကျိုးသက် ရောက်စေခြင်း မရှိရပါ။
လူတဦးခြင်းစီ၏ ခံစားပိုင်ခွင့် အခွင့်အရေး
လူတဦးခြင်းစီ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် အိမ်ယာအဆောက်အဦး၊
အ၀တ် အ ထည်၊ အစားအစာ ဆေးဝါးများ၊ ကျန်းမာရေးအတွက် ဆေးကုသခွင့်၊ လူသားတဦး၏
နေ့တဓူဝ ဖြတ်သန်းမှု၊ လွတ်လပ်စွာ နိုင်ငံရေးအမြင်သဘောထား ကွဲလွဲပိုင်ခွင့်
စသည်တို့ သည် လူသားတိုင်း အခွင့်အရေးတန်းတူညီမျှ
သဘောထားကွဲလွဲပိုင်ခွင့်ရှိသည်။
- လူသားတဦးအဖြစ် နေ့တဓူဝ ဘ၀ဖြတ်သန်းမှုများကို လွတ်လပ်စွာ ဖြတ်သန်းနိုင်သည်။
- ဘ၀၏ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်ထွန်းစေမည့် ပညာသင်ကြားမှုကိုလည်း လူအ များနည်းတူ လွတ်လပ်စွာ သင်ကြားနိုင်သည်။
- လူတဦးနှင့်တဦး အခြေအနေ ကွဲပြားခြားနားမှုကို အခွင့်အကောင်းယူ၍ အတင်းအကြပ် ရွေးချယ်ခိုင်းခြင်း ပြု၍ မရပါ။
လွတ်လပ်စွာ စုရုံးခွင့်
လူအများနှင့် စုရုံး၍ မိမိ၏ သဘောထားအမြင်ကို တင်ပြနိုင်သည်။ ဆုံးဖြတ်နိုင်သည်။
အခြားသောအခွင့်အရေးများ
• မိမိ၏ အမည်နာမကို လွတ်လပ်စွာ မှည့်ဆိုနိုင်သည်။
• လူတဦးချင်းစီ၏ လွတ်လပ်စွာ ရပ်တည်နိုင်မှု၊ မိသားစု၊ အိမ်တို့နှင့်
ဆက်သွယ်ရာတွင် သတင်းအချက်များကို လွတ်လပ်စွာ ပို့ဆောင်နိုင်သည်။
လဲလှယ်နိုင်သည်။
• လူတိုင်းသည် ညှဉ်းပမ်းနှိပ်စက်မှုမှ လွတ်ကင်းစေရမည်။
ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ
၂၀၀၇ ခုနှစ်တွင် ပြင်ဆင်ရေးဆွဲထားသော ထိုင်းနိုင်ငံ၏
ဖွဲ့စည်းပုံအခြေခံဥပဒေတွင်လည်း လူတဦးခြင်းစီ၏ အခွင့်အရေးကို အောက်တွင်
ဖေါ်ပြထားသည့် ဥပဒေများဖြင့် အကာအ ကွယ်ပေးထားသည်။
အပိုဒ် (၄) - လူသားတဦးအဖြစ်
ဂုဏ်သရေရှိစွာ ရပ်တည်နိုင်ခွင့်၊ လူသားတိုင်းအခွင့်အရေး တန်းတူညီမျှ
ရပိုင်ခွင့်နှင့် လူတဦးချင်းစီ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးရမည်။
အပိုဒ် (၂၆) - အစိုးရလက်အောက်ခံအဖွဲ့အစည်းများအားလုံးသည်
ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် ဖေါ်ပြထားသည့် လူသားတဦး အဖြစ် ဂုဏ်သရေရှိစွာ
ရပ်တည်နိုင်ခွင့်၊ လူသားတိုင်း အခွင့်အရေး တန်းတူညီမျှ ရပိုင်ခွင့်နှင့်
လူတဦးချင်းစီ လွတ်လပ်ခွင့်ကို လေးစားလိုက်နာ၍ အာဏာကို အသုံးပြုရမည်။
အပိုဒ် (၂၈) - အပိုဒ်ခွဲ (၁) တွင် လူတဦးတယောက်၏ လုပ်ရပ်သည် အခြားသူများကို
ထိ ခိုက်နစ်နာခြင်း မရှိလျှင်၊ တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို
ထိခိုက်စေခြင်း မရှိလျှင် အခြားသူများ၏ ကိုယ်ကျင့်တရားကို ထိခိုက်စေမှု
မရှိလျှင် ထိုသူ၏ လုပ်ရပ်ကို အတိုင်းအ တာ တခုအထိ ခွင့်ပြုသည်။
အပိုဒ် (၃၀) - ဥပဒေကြောင်းအရ တရားရင်ဆိုင်ရာတွင်လည်းကောင်း၊
အကာအကွယ်ပေးမှုဆိုင်ရာတွင်လည်းကောင်း လူတိုင်း တန်းတူညီမျှ
ခံစားပိုင်ခွင့်ရှိသည်။
အမျိုးသား၊ အမျိုးသမီး တန်းတူအခွင့်အရေးရှိသည်။
မွေးဖွားသည့် ဒေသ၊ လူမျိုး၊ ဘာသာစကား၊ လိင်၊အသက်၊ ကျန်းမာရေး၊ လူတဦး၏
ပတ်ဝန်းကျင်တွင် သက်ရောက်နေသည့် သြဇာအာဏာ၊ ပစ္စည်းပိုင်ဆိုင်မှု၊
ကိုးကွယ်သည့် ဘာသာ၊ ပညာအရည်အချင်း၊ နိုင်ငံရေး အယူအဆ မတူညီခြင်း စသည့်
အချက်များကြောင့် လူတဦးနှင့် တဦးကြား ခွဲခြားဆက်ဆံခြင်း ပြု၍ မရပါ။
အပိုဒ် (၄၄) - လူတိုင်းသည်လက်နက်မပါဘဲ ငြိမ်းငြိမ်းချမ်းချမ်ဖြင့် မိမိ၏ ဆန္ဒကို လွတ်လပ် စွာ ထုတ်ဖေါ်ပြသနိုင်သည်။
အပိုဒ် (၄၅) - လူတိုင်းသည် လွတ်လပ်စွာ အသင်းအပင်း၊ သမဂ္ဂ၊ သမ၀ါယမ၊
စိုက်ပျိုးရေး အသင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အခြားသော
အသင်းအပင်းများကို လွတ် လပ်စွာ ဖွဲ့စည်းနိုင်သည်။(လူအခွင့်အရေးဆိုင်ရာသိသင့်သည်များ
) ဝေမင်း

ပစ်မှုကျူးလွန်လျှင် ကျခံရမည့် ပြစ်ဒဏ်နှင့် အခြားသော ဥပဒေတွင်ပြဌာန်းထား ချက်များ
ပစ်မှုကျူးလွန်လျှင် ကျခံရမည့် ပြစ်ဒဏ်နှင့် အခြားသော ဥပဒေတွင်ပြဌာန်းထား ချက်များ
ပစ်မှုကျူးလွန်လျှင် ကျခံရမည့် ပြစ်ဒဏ်နှင့် အခြားသော ဥပဒေတွင်ပြဌာန်းထား ချက်များ
အောက်တွင်ဖေါ်ပြထားသော ပြစ်မှုများကို ကျူးလွန်သူ နိုင်ငံခြားသားအလုပ်သမားနှင့် အလုပ်ရှင်တို့သည် ငွေဒဏ်နှင့် ထောင်ဒဏ်တို့ကို ပူးတွဲ ကျခံရမည်
၁- အလုပ်လုပ်ခွင့်မပြုသော နိုင်ငံခြားသားအလုပ်သမားများကို လက်ခံထားသူ အလုပ်ရှင် သည် (ဥပဒေ အပိုဒ်-၃၉) အရ ထောင်ဒဏ် ၃ နှစ် နှင့် ငွေဒဏ် ၆၀,၀၀၀ သို့မဟုတ် ပြစ် ဒဏ် နှစ်ခုစလုံးကို ပူးတွဲ ကျခံရမည်။
၂- နိုင်ငံခြားသားအလုပ်သမားအတွ က် အလုပ်သမားလက်မှတ်တွင် သတ်မှတ်ထားသည့် အလုပ်နေရာတွင် မလုပ်ဘဲ အခြားအလုပ်များတွင် သွားရောက်လုပ်ကိုင်နေသည်ကို တွေ့ရှိ ပါက (ဥပဒေ အပိုဒ်.၃၉) အရ ထောင်ဒဏ် ၃ နှစ်၊ ငွေဒဏ် ၆၀,၀၀၀ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုစလုံးကို ပူးတွဲ ကျခံရမည်။
၃- အလုပ်ရှင်သည် နိုင်ငံခြားသားအလုပ်သမား လက်မှတ်ရှိသူ လူသစ်ကို လက်ခံထားလျှင် ဖြစ်စေ၊ အခြားသော နေရာတခုသို့ သွားရောက်အလုပ်လုပ်နေသည်ကို အကြောင်း မကြား လျှင် ဖြစ်စေ (သို့မဟုတ်) အလုပ်သမား အလုပ်မှ ထွက်သွားကြောင်းကို ၁၅ ရက်အတွင်း အကြောင်းမကြားလျှင်ဖြစ်စေ၊ ဥပဒေ အပိုဒ်. ၄၀ အရ ထောင်ဒဏ် (၁) နှစ် သို့မဟုတ် ငွေဒဏ် ဘတ် ၂,၀၀၀ နှင့် ပြစ်ဒဏ် နှစ်ခုစလုံးကို ပူးတွဲကျခံစေရမည်။
၎- နိုင်ငံခြားသားအလုပ်သမားသည် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်နေသည်ကို တွေ့ရှိပါက၊ ဥပဒေ အပိုဒ်. ၇ အရ (၃) နှစ်ထက် မကျော်သော ပြစ်ဒဏ်နှင့် ငွေဒဏ် ဘတ် ၅,၀၀၀ ပြစ် ဒဏ်နှစ်ခုစလုံးကို ပူးတွဲ ကျခံစေရမည်။
၅- နိုင်ငံခြားသားအလုပ်သမားသည် လက်မှတ်တွင် သတ်မှတ်ထားသည့် အလုပ်တွင် အ လုပ် မလုပ်ကိုင်ဘဲ အခြားသော လုပ်ငန်းများ၊ အလုပ်ရုံများ၊ ခရိုင်များတွင် သွားရောက်လုပ် ကိုင်နေသည်ကို တွေ့ရှိပါက ထောင်ဒဏ် ၁ လ၊ ငွေဒဏ် ဘတ် ၂,၀၀၀ နှင့် ပြစ်ဒဏ် နှစ်ခု လုံးကို ပူးတွဲကျခံစေရမည်။
၆- အလုပ်လုပ်နေစဉ်တွင် လက်မှတ်ကို မယူဆောင်လာပါက ဘတ် ၁,၀၀၀ ထက်မကျော် လွန်စေဘဲ ဒဏ်ရိုက်နိုင်သည်။
၇- နိုင်ငံခြားသားအလုပ်သမားကို ငှားရမ်းထားသော အလုပ်ရှင်/ နေထိုင်ရန် အဆောက်အ ဦး ပေးထားသူအား ထောင်ဒဏ် ၅ နှစ်နှင့် ဒဏ်ငွေ ဘတ် ၅၀,၀၀၀ ပြစ်ဒဏ်ပေးနိုင်သည်။
၈- နိုင်ငံခြားသားအလုပ်သမားကို ထိုင်းနိုင်ငံတွင်း ခေါ်ဆောင်လာသူအား ထောင်ဒဏ် ၁၀ နှစ် နှင့် ငွေဒဏ် ၁၀၀,၀၀၀ ဒဏ်ရိုက်နိုင်သည်။
၉- ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ခိုးဝင်လာသူ နိုင်ငံခြားသား အလုပ်သမားသည် ထောင် ဒဏ် ၂ နှစ်၊ ငွေဒဏ် ဘတ် ၂၀,၀၀၀ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုလုံးကို ပူးတွဲကျခံစေရမည်။
အောက်တွင်ဖေါ်ပြထားသော ပြစ်မှုများကို ကျူးလွန်သူ နိုင်ငံခြားသားအလုပ်သမားနှင
၁- အလုပ်လုပ်ခွင့်မပြုသော နိုင်ငံခြားသားအလုပ်သမားမျာ
၂- နိုင်ငံခြားသားအလုပ်သမားအတွ
၃- အလုပ်ရှင်သည် နိုင်ငံခြားသားအလုပ်သမား လက်မှတ်ရှိသူ လူသစ်ကို လက်ခံထားလျှင် ဖြစ်စေ၊ အခြားသော နေရာတခုသို့ သွားရောက်အလုပ်လုပ်နေသည်ကို
၎- နိုင်ငံခြားသားအလုပ်သမားသည်
၅- နိုင်ငံခြားသားအလုပ်သမားသည်
၆- အလုပ်လုပ်နေစဉ်တွင် လက်မှတ်ကို မယူဆောင်လာပါက ဘတ် ၁,၀၀၀ ထက်မကျော် လွန်စေဘဲ ဒဏ်ရိုက်နိုင်သည်။
၇- နိုင်ငံခြားသားအလုပ်သမားကို
၈- နိုင်ငံခြားသားအလုပ်သမားကို
၉- ထိုင်းနိုင်ငံတွင်းသို့ တရားမ၀င် ခိုးဝင်လာသူ နိုင်ငံခြားသား အလုပ်သမားသည် ထောင် ဒဏ် ၂ နှစ်၊ ငွေဒဏ် ဘတ် ၂၀,၀၀၀ သို့မဟုတ် ပြစ်ဒဏ် နှစ်ခုလုံးကို ပူးတွဲကျခံစေရမည်။
မလေးရှားရောက်မြန်မာအလုပ်သမားများအတွက်သတင်းကောင်း
မင်္ဂလာပါ
မလေးရှားမှ အိုဗာစတေးအလုပ်သမားများ အားလုံး အတွက် ၀မ်းမြောက်ဖွယ်သတင်းတစ်ခုဖြစ်တဲ့ ကျွန်တော်တို့
ပြီးခဲ့တဲ့လက ကြော်ငြာခဲ့တဲ့ အိုဗာစတေးသမားများ အတွက် Passport နဲ့ Permit လျှောက်ထားခွင့် ပုံစံကို ကျွန်တော်တို့
ရရှိပြီဖြစ်ပါတယ် ....
ထူးခြားသည်မှာ သူဌေးထောက်ခံပေးမည့်သူမရှိသူများ အတွက် တရားဝင်သတ်မှတ်ထားတဲ့ ကုမဏီ 4 ခုထဲမှတစ်ခုမှာ ကျွန်တော်တို့ အတွက် ထောက်ခံပေးသွားမည်ဖြစ်တာကြောင့် Outsourcing ( Free Calling ) ပုံစံ
လုပ်ကိုင်နိုင်မည်ဖြစ်ပါတယ် ..
သို့အတွက် ၀န်ဆောင်ခများကို ညှိနှိုင်းနေပြီး ပထမအဆင့် လျှောက်လွှာများတရားဝင်ဖြည့်ခွင့်ရပြီဖြစ်ပါတယ် ..
ထုတ်ပေးထားသော လျှောက်လွှာပုံစံကို ပူးတွဲတင်ဆက်ပေးပါတယ် ....
ယခင် ဓတ်ပုံနှင့် စာရွက်စာတန်းများ တင်ထားသူများအားလုံး အဖို့ ကျွန်တော်တို့ အမှတ်စဉ်ထုတ်ပေးပြီဖြစ်ပါတယ် ...
မလျှောက်ထားရသေးသူများ အမှတ် 10 ၊12 ၊ 14 .. Jalan Lebuh Pudu ( မဟာနန်းစာသောက်ဆိုင်အပေါ်ဆုံးထပ် ရုံးခန်း အမှတ် 1 ) မှာ လျောက်လွှာ လာရောက်ဖြည့်နိုင်ပြီဖြစ်ပါတယ် .. BIO SYSTEM အတွက်စက်ကိုလည်း ထိုရုံးခန်းတွင်ပင် လာရောက်တပ်ဆင်မှာဖြစ်ပါတယ် အသစ်လျှောက်ထားသူများ ဓတ်ပုံ 2 ပုံ ယူဆောင်လာရမည်ဖြစ်ပါတယ် ..
ယခင်လမှလျှောက်ထားသူများ ဖောင်ဖြည့်ရန်သာလိုအပ်ပါမယ် .
လျှောက်ထားမှု့အတွက် ကုန်ကျစရိတ် ကို လုံးဝကောက်ခံဦးမည်မဟုတ်ပါ ၊ တရားဝင်ထုတ်ပြန်သော အခါမှသာ ကျွန်တော်တို့ လက်ခံမည်ဖြစ်ပါတယ် .. ယခု ပထမအဆင့် အမှတ်စဉ်စတင်ကောက်ယူမည်ဖြစ်ပါတယ် ..
မည်သည့် တဆင့်ခံ ပွဲစား ၊ အလုပ်အကိုင်ရှာဖွေရေး ကုမဏီကိုမျှ တဆင့်ခံ ပေးမထားပါ .. ဧဒင်ဥယျာဉ်သို့တိုက်ရိုက်လျှောက်ထားသူများကိုသာ ဧဒင်ဥယျာဉ်မှတာဝန်ယူမည် ..
အခြားသော ကုမဏီများ မှ လျှောက်ထားမှု့များ လုံးဝတာဝန်မယူပါ ...
လေးစားလျှက်
KOMYO
ဥယျာဉ်မှူး
www.edinooyin.com
အထက်ပါလိပ်စာအတိုင်း လာရောက်လျှောက်ထားနိုင်ပါပြီ ...

ရည်ရွယ်ချက်
ကာယ ဥာဏအလုပ်သမားများ အစည်းအရုံးမှ
ဗဟုသုတစာပေ/ပညာပေးစာပေ/အလုပ်အကိုင်/အလုပ်သမားဥပဒေ/သတင်းနှင့်နည်းပညာများကို
အချိန်နှင့်တပြေးညီ တင်ပြရေးအတွက်စတင်ဖွင့်လှစ်လိုက်ပါတယ်...
လေးစားစွာဖြင့်......ဝေမင်း(ကာယဥာဏအလုပ်သမားများအစည်းအရုံး)(ထိုင်းနိုင်ငံ)

Sunday, March 20, 2011
ဝါသနာရှင်များကိုဖိတ်ခေါ်ခြင်း
ဝါသနာရှင် များ
ဆောင်းပါး ၊ကဗျာ၊ ကိုယ်တွေ.ဖြစ်ရပ်မှန်၊သုတ၊ရသ၊နိုင်ငံရေး၊စစ်ရေး သတင်းများ အား ရေးသားပေးပို.ကြပါရန် ဖိတ်ခေါ်အပ်ပါတယ်
(မိမိတို.ဧ။်အမြင်များကိုအပြုသဘောဆောင် ရေးသားစေလိုပါတယ်)
လေးစားစွာဖြင့် မင်းလွမ်းနောင် (ပန်းတနော်)
supersoeza007@gmail.com
supersoeza007@hotmail.co.th
supersoeza007@yahoo.com

Subscribe to:
Posts (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ

သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
တစ်ချို. က တွေးကြမှာပါ ထိုင်းရောက်မြန်မာအလုပ်သမားတွေအနေနဲ. ကိုယ့်နိုင်ငံကို ကိုယ်ပြန်ပြီးလုပ်စားလဲရတာပဲ ၊ ဒီလောက် ခံနေရတာတောင် ဘာလို.ဆက်နြေ...
-
မှတ်မှတ်ရရ တသသ အပိုင်း(၃) (မင်းလွမ်းနောင်) ကျနော်တို. တသသ များ ၂၅၀ ခန်. ဟာ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တပ်မတော်မှ ဖော ကား အိုအို...
-
မြန်မာ-ထိုင်း အလုပ်သမားရေးရာ ညှိနှိုင်းအစည်းအဝေး ထိုင်းနိုင်ငံ၌ ကျင်းပမည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ သ...
-
August 1, 2011 ရက် ၊ 5:02pm တွင် ပြည် တီ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။ အပြစ်မဲ့ လမ်းသွားလမ်းလ...
-
ကာယ ဥာဏအလုပ်သမားများ အစည်းအရုံးမှ ဗဟုသုတစာပေ/ပညာပေးစာပေ/အလုပ်အကိုင်/အလုပ်သမားဥပဒေ/သတင်းနှင့်နည်းပညာများကို အချိန်နှင့်တပြေးညီ တင်ပြရေးအတွက...
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
ချင်းပြည်နယ်၊ ဖလမ်းမြို့ပေါ်တွင် တလအတွင်း တောအရက် ပုလင်းပေါင်း ၂၀၀၀၀ ခန့် ရောင်းထွက်ကြောင်း သိရသည်။ အရက်ချက်လုပ်သူများသည် အရက်လုပ်ခွင့်...
-
ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ြ...
-
ထိုင်းနိုင်ငံအနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၂၆၀ ကျော် သေဆုံး၍ ၆ ဦး ပျောက်ဆုံးနေပြီး မြန်မာနိုင်ငံသားများ အပါ အ၀င် ဒေသခံ ၂ သန်းကျေ...