.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, May 10, 2011

ပထမအကြိမ် အာဆီယံ-အီးယူ စီးပွားရေးဆွေးနွေးပွဲတွင် ထားဝယ် ရေနက်ဆိပ်ကမ်း၌ လာရောက် ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံဘက်မှ ဖိတ်ခေါ်

PDF Print E-mail
AddThis Social Bookmark Button
63214 ပထမအကြိမ် အာဆီယံ-အီးယူ စီးပွားရေးဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် ပတ်သက်သော အချက်အလက်များကို တင်ပြခဲ့ပြီး လာရောက် ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံဖက်မှ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဆွေးနွေးပွဲကို မေလ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ ဂျကာတာကွန်ဗင်း ရှင်းစင်တာ၌ ကျင်းပခဲ့ခြင်းဖြစ်ကာ (၁၈)ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့်အတူ  ကျင်းပခဲ့ခြင်းဖြစ်သည်။
'ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံကို အီးယူကနေ လာရောက်ရင်းနှီးမြှုပ်နှံတာတွေ လျော့ကျလာတဲ့ အကြောင်းရယ်နဲ့ မြန်မာနိုင်ငံက ထားဝယ်ရေနက်ဆိပ်ကမ်းမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ကို  ဆွေးနွေးဖိတ်ခေါ်သွားမှာပါ''ဟု မြန်မာနိုင်ငံ  အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌဦးအောင်ခင်မြင့်က ဆွေးနွေးပွဲမစတင်မီ ဂျကာတာကွန်ဗင်းရှင်းစင်တာအတွင်း ၌ Weekly Eleven News ဂျာနယ် နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အာဆီယံ-အီးယူ စီးပွားရေးဆွေးနွေးပွဲ၌ ဦးအောင်ခင်မြင့်က ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာများ အနက်တစ်ခုဖြစ်သော အခြေခံအဆောက်အဦကဏ္ဍ ခေါင်းစဉ်အောက်တွင် ပါဝင်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
"အီးယူနဲ့ မြန်မာနိုင်ငံကြားမှာတော့ ရင်းနှီးမြှုပ်နှံမှုက ဒီနှစ်ပိုင်းတွေမှာ ကျဆင်းသွားတယ်။ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ် ကြားကာလမှာ မြန်မာနိုင်ငံမှာ အီးယူရဲ့ လာရောက်ရင်းနှီးမြှုပ်နှံမှုက  ၂ ဒသမ ၁ ရာခိုင်နှုန်းရှိနေရာက နေ  ၂၀၀၈ ခုနှစ်မှာတော့ ၁ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိတော့တယ်။ အီးယူရဲ့ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေကို ပြန်ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက အောက်ကရေတွက်ရင်နံပါတ်သုံးနေရာမှာ ရှိနေပါတယ်''ဟု ဦးအောင်ခင်မြင့်က ဆက်လက်ပြောကြားခဲ့သည်။
ပထမအကြိမ် အာဆီယံ-အီးယူဆွေးနွေးပွဲ၏ အခြေခံအဆောက်အဦကဏ္ဍအောက်၌ ဦးခင်အောင်မြင့်က အာဆီယံနှင့်အီးယူအကြား ကုန်သွယ်မှု ကိန်းဂဏန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အခြေခံအဆောက်အဦနှင့် ဆက်သွယ်မှုဆိုင်ရာကိစ္စရပ်များအား တွင်ကျယ်စွာအသုံးပြုနိုင်မည့် ကိစ္စရပ်များတွင် မြန်မာနိုင်ငံ၏ ပထ၀ီအနေအထားကို ဗဟိုပြု၍ ပြောကြားခြင်းတို့ဖြင့် ဆွေးနွေးခဲ့သည်။
ASEAN Intellectual Property Association မှ Councillor  ဦးမင်းတေဇညွန့်တင်က ''အီးယူ-မြန်မာကုန်သွယ်ရေးမှာ ကျွန်တော်တို့ဖက်က အများကြီးပြင်ဖို့လိုတယ်ဗျ။ နံပါတ်(၁)ကအခြေခံက စပြောရမယ်ဆိုရင် အွန်လိုင်းစနစ်အားလုံးကို Perfect ဖြစ်ဖို့လိုတာပေါ့။ Delayတွေ၊ Delay တွေဖြစ်နေတာလေ။ အခု တင်ပဲကြည့်ဗျာ။ UMFCCI က Delegate တွေ ကတ်တွေ မရခဲ့ဘူး။  ရန်ကုန်ကနေ သူတို့ပို့တယ်။ Attachment အနေနဲ့ ဓာတ်ပုံတွေ၊ ပတ်စ်ပို့ကော်ပီတွေ ပို့ရတယ်။ ပို့တဲ့ အခါကျတော့ တစ်ခုခုဖြစ်တော့ ကျွန်တော်တို့လို ကတ်တွေ မရဘူး။ သူတို့သာအဖွဲ့အစည်းမဟုတ်ဘဲနဲ့ဟို တစ်သီးပုဂ္ဂလတစ်ဦးချင်းသာဆိုရင် ဒီကိုရောက်မှာမဟုတ်ဘူး။ နောက် Infrastructure ပေါ့။ ပြီးရင် Hygienic ပေါ့။ နံပါတ်(၂)က Financial ပေါ့။ ပိတ်တာဆို့တာတွေပေါ့။  အဲဒါတွေက လွယ်လာဖို့လိုတယ်။ နောက်ပြဿနာတစ်ခု က Country of Origin ပေါ့။ ကျွန်တော်တို့ထုတ်ပြီး ကျွန်တော်တို့ထုတ်တာမဟုတ်ဘူး ဖြစ်ဖြစ်နေတယ်။ ကျွန်တော်တို့ထုတ်ကုန် သို့သော် Country of Origin ပျောက်ပျောက်နေတာပေါ့။ အဲဒီ Country of Origin တွေ ပျောက်တာကလည်း သူတို့ရဲ့ Senctions တွေ၊ Embargos တွေကို ဖျောက်ယူရတာကိုး။ တစ်ကယ်လို့ အဲဒါတွေအကုန် လုံးကို Liberalized  ဖြစ်အောင် ညှိနှိုင်းလို့ရရင် ကုန်သွယ်မှုက အများကြီးတက်လာနိုင်ပါတယ်''ဟု ဂျကာတာ ကွန်ဗင်းရှင်းစင်တာအတွင်း၌ Weekly Eleven News ဂျာနယ် နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံနှင့် အီးယူကြား ကုန်သွယ်မှုသည် ၂၀၀၆ ခုနှစ်တွင် ယူရို ၃၈၇ သန်း၊ ၂၀၀၇ ခုနှစ်တွင် ယူရို ၄၂၆ သန်း၊ ၂၀၀၈ ခုနှစ်တွင် ယူရို ၂၈၉ သန်း၊ ၂၀၀၉ ခုနှစ်တွင် ယူရို ၂၄၈ သန်း၊ ၂၀၁၀ ပြည့်နှစ်တွင် ယူရို ၂၄၄ သန်း ရှိကြောင်း အီးယူ (ဥရောပသမဂ္ဂ)၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းလုပ်ငန်းရှင်များ အလုပ်သမား စာရင်းတင်ခွင့်ပြုပြီ

အောင်မြတ်စိုး | အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၁ မိနစ် 

ဘန်ကောက်(မဇ္ဈိမ) ။        ။ ဇွန်လတွင် စတင်ဖွင့်လှစ်မည့် အလုပ်သမားအသစ် မှတ်ပုံတင် အစီအစဉ်အတွက် ထိုင်းလုပ်ငန်းရှင်များအနေဖြင့်  လိုအပ်သော အလုပ်သမား အရေအတွက်ကို လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာ ဆွန်ကိယက်ချာဆီဝုန်က ထုတ်ဖော်ပြောကြားသည်ဟု Thainews တွင် ယနေ့ပါရှိသည်။

မကြာခင်က ထိုင်းအစိုးရက တရားမဝင် အလုပ်သမားများအား မှတ်ပုံတင်ခွင့်အသစ် ပြုလုပ်ခွင့်ပေးခဲ့သည့်နောက် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဘန်ကောက် အလုပ်သမားရေးရာ ခရိုင်၁ဝခုမှ ဒါရိုက်တာများ အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးအပြီးတွင် ထိုသို့ ထုတ်ဖော် ပြောကြားလိုက်သည်။

ဘန်ကောက်ဧရိယာအတွင်း တရားမဝင် အလုပ်သမားများနှင့် လုပ်ငန်းရှင်များ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်တွင် လွယ်ကူချောမွေ့စွာ လုပ်ဆောင်ခွင့်ရှိရန် (one stop service) ခေါ်သည့် လုပ်ငန်းစဉ်ဖြင့် တနေရာထဲတွင် ပြီးစီးစေမည်ဖြစ်သည်။ သို့အတွက် လုပ်ငန်းရှင်များသည် လုပ်သားများအား မှတ်ပုံတင်ခွင့် ဖွင့်မပေးမီအတွင်း မိမိတို့လိုအပ်သော အလုပ်သမားအရေအတွက် လျှောက်ထားရမည် ဖြစ်သည်။

“ပထမအဆင့်က တနေရာထဲမှာ ကိုတာ( Quota) အတွက် သွားလျှောက်ရမယ်ပေါ့၊ အခုဟာက အရင်ကလို အလုပ်သမားတွေက နေထိုင်ခွင့် ၃၈/၁ကို ကိုယ်တိုင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး သွားလျှောက်စရာ မလိုတော့တဲ့ သဘောပဲ၊ တနေရာထဲ ဖောင်ဖြည့်ရဖို့များတယ်၊ ဘာလို့ဆို လက်ဗွေနှိပ်တာတို့ ကိုယ်ရေး အချက်အလက်ယူတာတို့ပါ ပါမယ်လေ၊ အလုပ်သမားရုံးက မှတ်ပုံတင်ပြီးတာနဲ့ မြို့နယ်ရုံးကို အချက်အလက်တွေ ပို့မယ် အဲဒီလို” ဟု Migrant Working Group တာဝန်ခံတဦးက မဇ္ဈိမကို ပြောဆိုသည်။

ပထမအဆင့်အနေဖြင့် လုပ်ငန်းရှင်များသည် ယနေ့မှစ၍ မိမိတို့ဌားရမ်းမည့် အလုပ်သမားအရေအတွက် လာလျှောက်ရမည်ဖြစ်သည်။   ထို့နောက် ဇွန်လတွင် အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ခွင့်ပေးချိန်တွင် သက်ဆိုင်ရာ ဒေသအလုပ်သမားရုံးများသို့ သွားရောက်တင်သွင်းရမည်ဖြစ်သည်။

ကျန်းမာရေး အာမခံအတွက် ဆေးစစ်သောအခါနှင့် အလုပ်လုပ်ခွင့် မှတ်ပုံတင်လျှောက်ရန် လုပ်ငန်းစဉ်တွင်း အလုပ်သမားများကို ခေါ်လာရမည်ဖြစ်ပြီး ဘတ်ငွေ ၃၈၈ဝ ကုန်ကျမည် ဖြစ်သည်။

ဇွန်လ၃ဝရက် နောက်ပိုင်းတွင် တရားမဝင် အလုပ်သမားလက်ဝယ်တွေ့ရှိသော လုပ်ငန်းရှင်များအား အလုပ်သမားတဦးအတွက် ဘတ်ငွေ ၁ဝ,ဝဝဝ မှ ၁ဝဝ,ဝဝဝ အထိလည်းကောင်း၊ အလုပ်သမားအား ဘတ်ငွေ ၂,ဝဝဝမှ ၁ဝဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေ သို့မဟုတ် ၅နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ဒဏ်နှစ်ရပ်ပေါင်း ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

ထို့ပြင် မှတ်ပုံတင်ထားသည့် လုပ်ငန်းအမျိုးအစားနှင့် ကွဲလွဲသော အလုပ်လုပ်နေသည့် အလုပ်သမားများကို တွေ့ရှိပါက အလုပ်သမားကို ဘတ်ငွေ ၂ဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေနှင့် ခိုင်းစေသော လုပ်ငန်းရှင်ကို ဘတ်ငွေ ၁ဝ,ဝဝဝ ထက်မပိုသော ဒဏ်ငွေ တပ်မည်ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ယခုနှစ်စာရင်းဇယားအရ ဖေဖော်ဝါရီလကုန် သက်တမ်းဆက်ခွင့် ကုန်ဆုံးသောအခါ အလုပ်သမားဦးရေ ၈၄၅,၁၃၉ ဦးသာ တရားဝင် ကျန်ရှိတော့သည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်သော စာရင်းဇယားကို ကိုးကား၍ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများရေးရာ IOM အဖွဲ့က ဧပြီလ ၁၁ ရက်နေ့တွင် သတင်းထုတ်ခဲ့သည်။

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား ၃ နိုင်ငံမှ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်၍ အလုပ်လုပ်နေသူ ၅၅ဝ,ဝဝ၃ ဦး ဖြစ်ပြီး ထိုအထဲတွင် မြန်မာက ၃၅၂,၇၄၈ ဦး ပါဝင်သည်ဟု ဆိုသည်။

အလုပ်သမားရေးအဖွဲ့များက တရားဝင်နှင့် တရားမဝင် မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခန့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည်ဟု ခန့်မှန်းထားသည်။

Monday, May 9, 2011

မာယာသာထေယျ လောက်ကောင်များသို့ မေတ္တာစာ

ဒေါက်တာလွဏ်းဆွေ၏ အားလုံးပဲဟောင်းနွမ်းလွန်းလို့ အသစ်ကပြန်စကြစို့ ဆောင်းပါးအခန်းဆက်ရှည်အပေါ်ပြန်လည်ရေးသားထားချက်မျာြး
ဖစ်ကြောင်း ဖတ်ရသည့်အတွက် ကျတော့်မေးထံသို့ရောက်လာသော အောက်ပါ စာမူ ကိုပြန်လည်ဝေမျှလိုက်ပါတယ်။

မာယာသာထေယျ လောက်ကောင်များသို့ မေတ္တာစာ

မောင်ကိုဦး

အခုတလော (ပိုတိကျအောင် ပြောရရင် ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း၊ နအဖ တဖြစ်လဲ အစိုးရသစ် အာဏာဆက်တည်မြဲ သွားတဲ့နောက်ပိုင်း) ကိုယ့်ကိုယ်ကို ဒီမိုကရေစီသမားပါလို့ ခေါင်းမြီးခြုံထားသူတွေထဲမှာ ဒီမိုကရေစီတိုက်ပွဲကြီးကို ပြိုကွဲစေအောင်၊ အချင်းချင်းသွေးကွဲအောင်၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လူထုအကြား သို့လောသို့လော အထင်မှားအောင် အကွက်ကျကျ သပ်လျှိုထိုးနှက် တိုက်ခိုက်တဲ့ နအဖ အာဏာပိုင်တွေ သဘောခွေ့ မနောတွေ့စေမယ့် ဆောင်းပါးတွေ၊ ပစ်စာတွေ၊ အတော်များများ ထွက်ပေါ်လာတာကို စိတ်မသက်သာဖွယ် တွေ့မြင်လာရပါတယ်။ (စေတနာမှန်နဲ့ တင်ပြဆွေးနွေးသူများကို မဆိုလိုပါ)

အထူးသဖြင့်တော့ တချိန်က(၂၀၁၀ရွေးကောက်ပွဲကာလအထိ) ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီမိခင်လိုတမျိုး၊ သူရဲကောင်း လိုတသွယ်၊ ကိုးကွယ် ဆည်းကပ်ရာ အဖြစ်တဖုံ၊ ဦးခေါင်းပေါ်တင်ထားမတတ် ပြောဆိုခဲ့သူတွေ၊ ဒေါ်စုအရိပ်ကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက် ဖြစ်စေ ခိုလှုံ စားသောက်နေသူတွေကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အဓိကထားပြီး ရည်ရွယ်ချက်ရှိရှိ ထိုးနှက် တိုက်ခိုက်လာတာတွေကို တွေ့မြင်လာရခြင်းပါပဲ။

ထူးခြားတာက အရင်တုန်းက (တခြားခေါင်းဆောင်တွေ ရှေ့ဆင့်နောက်ဆင့် ထွက်လာပေမယ့်)မပြောခဲ့ဘဲ ဒေါ်စုထွက်လာမှဘာလို့ပြောကြတာလဲ။ ၂၃နှစ်လုံးလုံး တိုက်ပွဲပျော်လိုလို၊ နိုင်ငံရေးသမား တော်လှန်ရေးသမားလိုလို အရေခြုံခဲ့ကြသူတွေက အခုမှ ပွဲလန့်တုန်း ဖျာခင်းတဲ့ကိစ္စဟာ ရိုးသားရဲ့လားလို့ တွေးစရာဖြစ်လာပါတယ်။ နအဖ ခြေကုပ်ခိုင်သွားပြီလို့ ယူဆပြီး ဘက်ပြောင်းချင်လို့လား၊ ခြံခုန်ကောင်းအောင် မျက်နှာပြောင်တိုက်တာလား။ ကျားရိုးသွေးတိုက်တာပဲ ခံလိုက်ရ လို့လား။ မူလကတည်းက ဒီအကြံနဲ့ ဒီလိုရံခဲ့ကြတာလား။ ဒီလိုရေးသားပြောဆိုတာတွေဟာ ရိုးသားမှု ရှိရဲ့လား၊ လိပ်ပြာလုံရဲ့လား ဆိုတာကိုတော့ မှန်ရှေ့မှာ ကိုယ့်မျက်စေ့ကိုယ်တိုင်ရဲရဲကြည့်ပြီး မေးကြည့်နိုင်ဖို့တော့ လိုနေတာ အမှန်ပါပဲ။

ဒီဆောင်းပါးဟာ ဒေါ်စုနဲ့ ခေါင်းဆောင်တွေကို ထိလို့ ဆတ်ဆတ်ထိမခံ၊ အဝေဖန်မခံနိုင်လို့ ပြန်ချေပတဲ့ သဘောတော့ မဟုတ်ဘူး။ ဝေဖန်သင့်တာ ဝေဖန်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဝေဖန်သူဟာ ပညာဥာဏ် စဉ်းစားဥာဏ်ရှိပြီး ရန်သူ့လူမဟုတ်တဲ့ ရိုးသားစိတ်ရှိသူဆိုရင်တော့ ကာလံဒေသံ အဂ္ဂံ ဓနံ ဆိုတာတွေကို တွေးချင့်မယ်လို့ ယူဆမိပါတယ်။ တကယ်ကောင်းစေချင် ပြင်စေချင်တဲ့ စိတ်ကောင်းနှလုံးကောင်း ရှိသူ မှန်ရင်တော့ ဒီလို မီဒီယာက ပေါ်ပြူလာဖြစ်ရေး ဦးတည်ပြီး ဖွတာ ရေးတာမျိုး မလုပ်ပဲ သက်ဆိုင်ရာ ခေါင်းဆောင်တွေဆီ တိုက်ရိုက် ရေးသား အကြံပြု တင်ပြ ဆွေးနွေးတာမျိုး လုပ်ကြမှာ အမှန်ပဲ။ ဒေါ်စုကိုယ်တိုင်က လူထုအသံ ကြားချင်ပါတယ်ဆိုတာ လူထုရဲ့ ဝေဖန်အကြံပြုတင်ပြ တာကို လိုလားလက်ခံ တံခါးဖွင့်ထားတာပဲ မဟုတ်လား။

“ဘာပဲဖြစ်ဖြစ် ဝေဖန် အကြံပြုတာပဲ။ မှန်တယ်လို့ ထင်တာကို တင်ပြပြောဆိုရဲရမယ်။ ဒါသူရဲကောင်းစိတ်ဓါတ်ကွ။ ဒီမိုကရေစီပဲ။ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ရှိတယ်“ ဆိုပြီး

သောက်ရတဲ့ အာဆီယံ

မြန်မာ ရေလုပ်သားများ နဲ့ ရေပန်းစားတဲ့ “အာဆီယံ”

ထိုင်းနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ မြန်မာငါးဖမ်း ရေလုပ်သားတွေကြားမှာ “အာဆီယံ” ဆိုတဲ့ စကားလုံးကတော့ အသက် မပြည့်သေးတဲ့ လူငယ်တွေသာမက လူလတ်ပိုင်းကနေ လူကြီးပိုင်းအထိ အတော်လေးကို ရေပန်းစားပါတယ်။

THO_SEA_IMG_8467
မြန်မာရေလုပ်သား အများအပြား အလုပ်လုပ်နေသည့် ရနောင်း ငါးဖမ်းဆိပ်ကမ်း (ဓာတ်ပုံ - သန်းထိုက်ဦး/ဧရာဝတီ)
အာဆီယံဆိုတာ နိုင်ငံရေးမှာ အရှေ့တောင်အာရှနိုင်ငံတွေ ပူးပေါင်းထားတဲ့ အသင်းကြီးလို့ အများက သိထားကြပေမယ့် ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်း၊ ချွန်ဖွန်နဲ့ ဖန်င ခရိုင်တွေမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ ငါးဖမ်းရေလုပ်သားတွေ အတွက်ကတော့ အဲဒီလို အဓိပ္ပာယ် မထွက်ပါဘူး။  

သူတို့အတွက် အဲဒီ အာဆီယံ ဆိုတဲ့ အရာကတော့ ဘိန်းဖြူနဲ့ တခြား မူးယစ်ဆေးဝါးလိုပဲ တရားမ၀င် ဆေးဝါးတမျိုး ဖြစ်ပါတယ်။ မြန်မာတွေက “ဘိန်းစာရွက်” လို့ ခေါ်ကြပြီး ထိုင်းဘာသာစကားနဲ့ “ကထော့” လို့ ခေါ်တဲ့ အရွက်ကို ရေနွေးပူနဲ့ ပြုတ်၊ အဲဒီကရတဲ့ အခါးရေကို ချောင်းဆိုးပျောက်ဆေး၊ ကော်ဖီမစ်၊ နို့ချဉ်တွေနဲ့ ရောစပ်ရပြီး သောက်ရတာကို မြန်မာငါးဖမ်း ရေလုပ်သားတွေက အာဆီယံလို့ ခေါ်နေကြတာ ဖြစ်ပါတယ်။

အာဆီယံဟာ ခွန်အားကောင်းစေပြီး ပင်လယ်ထဲမှာ နေ့တိုင်း အလုပ်ကြမ်း လုပ်နိုင်တယ်လို့ မြန်မာ

မြန်မာ အတိုက်အခံများ ချင်းမိုင်၌ ကန့်သတ်ခံရ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားနေသော အတိုက်အခံ အဖွဲ့အစည်းများကို မြန်မာ အစိုးရ၏ ဖိအားပေးမှုကြောင့် ထိုင်းအာဏာပိုင်များက မကြာသေးခင် ရက်ပိုင်းမှ စတင်၍ ကန့်သတ် တင်းကျပ်မှုများ ပြုလုပ်နေသည်။

Burma-Conference-Banned-From-Chiang-Mai
ချင်းမိုင်တွင် ၂၀၀၇ ခု အောက်တိုဘာ ၈ ရက်က မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ ချီတက် ဆန္ဒပြနေစဉ် (ဓာတ်ပုံ - flickr.com)
ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီမှတဆင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ အစည်းအဝေးများ မပြုလုပ်ရန် အပါအ၀င် လူများစွာ မစုဝေးကြရန် ညွန်ကြားထားခြင်း ဖြစ်ကြောင်း ထိုင်းထောက်လှမ်းရေး သတင်းရပ်ကွက်က ဧရာဝတီသို့ ပြောသည်။

“ထိုင်းမှာ အတိုက်အခံ အစည်းအဝေးလုပ်တဲ့ သတင်းအချက်အလက်တွေ မြန်မာ အစိုးရလက်ထဲမှာ အားလုံးရှိတယ်၊ အစည်းအဝေးလုပ်တဲ့ အဖွဲ့ထဲမှာ သတင်းပေးတွေ ရှိနေတယ်”ဟု ထိုင်း ထောက်လှမ်းရေး တဦးက ဆိုသည်။

ထိုင်းအာဏာပိုင် တချို့ကလည်း ချင်းမိုင်မြို့တွင်ရှိသော မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသော အဖွဲ့အစည်းတချို့ကို မကြာသေးခင် ရက်ပိုင်းက တွေ့ဆုံခဲ့ရာ လုံခြုံရေးအရ အစည်းအဝေး မကျင်းပရန်

အမျိုးအမည်မသိ ထူးဆန်းသောယာဉ်ပျံနှစ်စင်း ရွှေဘိုမြို့ပေါ် ပျံဝဲခဲ့

Sunday, May 8, 2011

(The Yangon Times ဂျာနယ်ထဲက တွေ့လို့ စိတ်ဝင်စားတာနဲ့ ကူးယူဖော်ပြလိုက်ပါတယ်။ ပန်းကန်ပြားပျံလား၊ မြန်မာ့လေတပ်ရဲ့ မောင်းသူမဲ့ လေယာဉ်လား၊ ဘယ်က ထောက်လှမ်းရေး လေယာဉ်လဲ။ ဆက်သွယ်ရေးလိုင်းတွေက ဘာကြောင့် ပြတ်တောက်ရတာလဲ။ ဘင်လာဒင်အိမ်ကို ဝင်စီးဖို့ ပါကစ္စတန်နိုင်ငံထဲ ဝင်ရာမှာ ပါကစ္စတန် ရေဒါတွေ ဖမ်းမမိအောင်လုပ်ပြီး အမေရိကန်က ဝင်ရောက်ခဲ့တဲ့အကြောင်းတော့ ဟိုလေးတကြော် ဖြစ်နေတုန်းပါပဲ)

မုံရွာ၊ အမျိုးအမည်မသိ ထူးဆန်းသော ယာဉ်ပျံနှစ်စင်း ဧပြီ ၂၁ ရက်က ရွှေဘိုမြို့ပေါ် ဖြတ်ပျံသန်းသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီ ၂၁ ရက် ညနေ ၃ နာရီ ၁၅ မိနစ်ခံတွင် ထုလုံးရှည် (စလင်ဒါ) ပုံသဏ္ဌာန် ယာဉ်ပျံ နှစ်စင်း သည် ရွှေဘိုမြို့အထက်ကောင်းကင်ပေါ်တွင် အချိန်အတော်ကြာ ပျံသန်းခဲ့ပြီး အဆိုပါအမျိုးအမည်မသိ ယာဉ်ပျံနှစ်စင်း ပျံသန်းချိန်တွင် ရွှေဘိုမြို့အတွင်း ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ခဲ့ကြောင်း မြို့ခံသတင်းထောက်ဦးကျော်ဇောက သတင်းပို့သည်။

“အဲဒီအချိန်က မှန်သာဘုန်းတော်ကြီးကျောင်းဝင်းအတွင်းမှာ ကိုရင်အပါး ၃၀ လောက်က ကောင်းကင်ကို လက်ညှိုးထိုးပြီး ဝိုင်းကြည့်နေတာကို ကိုရင်တစ်ပါးကလာပြောလို့ သွား ကြည့်မိတော့ ဂျက်လေယာဉ်ပျံသွားတဲ့ အမြင့်လောက်နီးနီးမှာ ထုလုံးရှည်ပုံသဏ္ဌာန် ယာဉ်ပျံ နှစ်စင်းကို တွေ့ခဲ့ရတယ်။

တစ်စင်းက ခပ်မွဲမွဲ အနက်ရောင်နဲ့ တစ်စင်းက ဂျက်လေယာဉ်ရဲ့ အရောင်မျိုး၊ ဂျက်လေ ယာဉ် အရောင်မျိုးနဲ့ ယာဉ်က ခပ်မွဲမွဲ အနက်ရောင်ယာဉ်ရဲ့ အထက်တော်တော် လေးမြင့် မြင့်မှာ ရှိတယ်”ဟု မှန်သာဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဇနက မိန့်ကြား ခဲ့သည်။

အဆိုပါ လေယာဉ်နှစ်စင်းသည် ကောင်းကင်ယံရှိနေစဉ် ရွှေဘိုမြို့သူ၊ မြို့သားများက မြင် တွေ့ လိုက်ရကြောင်း သိရသည်။ “အဲဒီယာဉ်နှစ်စင်းက တော်တော်နဲ့ မရွေ့လျားဘဲ ဒေါင် လိုက် အလျားလိုက်ပုံစံအမျိုးမျိုး ပြောင်းပြီး ကောင်းကင်ယံမှာ တည်နေတယ်။ တစ်ခါတစ် လေ ဘယ်ဘက်လှိမ့်လိုက် ညာဘက်လှိမ့်လိုက် လုပ်နေကြတယ်။

အဲဒီလို ကောင်းကင်ယံမှာ ရှိနေချိန်မှာ မြို့သားအားလုံး နီးပါး မြင်လိုက်ကြတယ်။ ထူးဆန်း တဲ့ တိုက်ဆိုင်မှုလား မသိဘူး။ အဲဒီအချိန်မှာ မြို့ပေါ်က စလောင်းတီဗွီတို့၊ မိုဘိုင်းဖုန်းတို့၊ ရေဒီယိုလှိုင်းတို့ ခေတ္တ ပြတ်တောက်သွားတာကို သိလိုက်ရတယ်”ဟု မြို့ခံတစ်ဦးက ပြော သည်။

ယင်းနှင့်ပတ်သက်၍ မှန်သာကျောင်းမှ ကိုရင်အရှင်ဝိမလက “ဒီလို မြင်တာ ဒါပါနဲ့ဆို လေးခါ ရှိပြီ။ သင်္ကြန်မတိုင်မီတစ်ပတ်အလိုက ရွှေဘိုဈေးကြီး အထက်မှာ တစ်ခါ၊ သင်္ကြန် မတိုင်မီ နှစ်ရက်လောက်က ရွှေဘိုဘောလုံးကွင်းအထက်မှာ တစ်ခါ၊ သင်္ကြန်တွင်းမှာလဲ ရွှေသိမ်တော် ဘုရားရဲ့အထက်မှာ တစ်ခါတွေ့ခဲ့သေးတယ်”ဟု မိန့်သည်။

ဧပြီ ၂၁ ရက်က မြင်ရသော ယာဉ်နှစ်စင်းသည် ကောင်းကင်ယံတွင် အချိန်အတော်ကြာ ရှိ နေခဲ့ပြီး အထက်မှာ တစ်စင်းက အရှေ့မြောက်ဘက်ဆီကိုလည်းကောင်း၊ အောက်ဘက်ရှိ အစင်းသည် အနောက်ဘက်ဆီကို ပျံသန်းသွားကြကြောင်း မြို့ခံများက ဆိုသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် တပ်တွင်းအပြောင်းအလဲ စတင်လုပ်ဆောင်

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေး ဦးစီးချုပ် တာဝန်ရယူပြီး သည့်နောက် စစ်တပ်အတွင်း ရာထူးအပြောင်းအလဲများ စတင်ပြုလုပ်နေကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန စစ်ဘက်အသိုင်းအ၀န်းမှ သိရသည်။

General-Min-Aung-Hlaing-Mar-30-11
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ - Getty Images)
အဆိုပါ ရာထူးအပြောင်းအရွေ့များကို မေလ ၅ ရက်နေ့က စတင်ပြုလုပ်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်ရာထူးမှ အနားယူပြီးနောက် ပထဆုံးအကြိမ်အဖြစ် ပြုလုပ်သည့် တပ်တွင်း ရာထူးအပြောင်းအရွှေ့များဖြစ်သည်ဟု စစ်ဘက်နှင့် နီးစပ်သူတဦးက ဆိုသည်။

“ကာချုပ်က လူဟောင်းတွေထဲက မကြိုက်တဲ့သူတချို့ကို ဖယ်ပြီး ကြိုက်တဲ့သူတွေကို ဆွဲတင်ဖို့လုပ်တာပါ။ ဘယ်လောက်တော်တော် မကြိုက်ရင် နေရာမရှိဘူး၊ စစ်တပ်မှာ ဖြစ်ရိုးဖြစ်စဉ်ပဲ” ဟု ၎င်းက ဆိုသည်။

ယခုပြောင်းရွေ့မှုတွင် တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ မပါဝင်ဘဲ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူးများနှင့် ခြေမြန် တပ်မဌာနချုပ် တပ်မမှူးများကိုသာ အပြောင်းအလဲလုပ်ကြောင်း သိရသည်။

ယခုပြောင်းရွှေ့မှုတွင် ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ အခြေစိုက် အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ် (စကခ) မှူး ဗိုလ်မှူးကြီး အောင်ရဲဝင်းအား  ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်အခြေစိုက် စကခ (၁ဂ)၊ အမှတ်(၁၈) စကခမှူး ဗိုလ်မှူးကြီး မင်းဇော်အား တပ်မတော် သူနာပြုတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်၊  ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်( ၉) စကခမှူး ဗိုလ်မှူးချုပ်

တိုက်ပွဲသတင်း

ကော့ကရိတ် တိုက်ပွဲများတွင် နှစ်ဘက် ထိခိုက်သေကျေမှုရှိ

E-mail Print
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်း ယခုရက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ကရင်ပူးပေါင်းတပ်များနှင့် မြန်မာအစိုးရ စစ်တပ်တို့၏ တိုက်ပွဲများကြောင့် နှစ်ဘက်ထိခိုက် သေကျေမှုများ ရှိသည်ဟု ကရင် တပ်မှူး များက ပြောသည်။

Battle-News-9-5-11
KNLA တပ်ရင်း ၂၀၁ မှ တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကော့ကရိတ်မြို့နယ် ဝေါ်လေဒေသ ဖောမူ့ဘောထာ့ရွာတွင် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၂၀၁ နှင့် ကနဲလေးရွာ အခြေစိုက် မြန်မာ အစိုးရ၏ ခြေမြန်တပ်ရင်း (ခမရ - ၃၇၂) တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ မြန်မာစစ်တပ်ဘက်က တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

KNLA တပ်ရင်း ၂၀၁ မှ ဗိုလ်ခုဝါးက “မနေ့က ကျနော်တို့ ပြောက်ကျားနည်းနဲ့ သွားတိုက်တာ သူတို့ဘက်က အကျအဆုံး များတယ်။ အားလုံး ၆ ယောက်ကျတယ်။ လက်နက်၊ လူသူနဲ့ အင်အားခြင်းက ကွာတော့ ကျနော်တို့ ဒီနည်းကိုပဲ သုံးတယ်” ဟု ပြောသည်။

ယခုရက်ပိုင်း အတွင်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချူးကလိဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲ

ခရီးသွား စာတမ်း

Monday, May 9, 2011

ထိုင်း-မြန်မာနယ်စပ် နိုပိုးဒုက္ခသည်စခန်းသို့ အလည်တခေါက်

ထိုင်း-မြန်မာနယ်စပ် နိုပိုးဒုက္ခသည်စခန်းသို့ အလည်တခေါက်
ထက်အောင်ကျော်
ဓာတ်ပုံ-ကိုလတ် 

ဒီခရီးနီးသလား (၇) နာရီကြာ ကားနှစ်ဆင့်စီးရသည်

မြန်မာအတိုက်ခံတွေအများစုအခြေစိုက်ရာ မဲဆောက်မြို့ရဲ့မြောက်ဘက် (၇) နာရီလောက် လိုင်းကားနှစ်ဆင့် စီးပြီးသွားရတဲ့ နိုပိုးစခန်းခရီးစဉ်ဟာ ကျနော်အတွက်တောာ့ အသစ်အဆန်းခရီးတခုပါပဲ။ ဒီခရီးလမ်းရှိ အုန်း ဖျန်ဒုက္ခသည်စခန်း အပါအ၀င် နယ်စပ်တကြောက ဒုက္ခသည်စခန်း တဒါဇင်နီးပါးခန့်ကို လွန်ခဲ့တဲ့ နှစ် (၂၀) ကျော်အတွင်း ကျနော်ရောက်ခဲ့ဖူးပြီးဖြစ်ပေမယ့် နိုပိုးကိုတော့ ဒါ ပထမဆုံးခရီးစဉ်ပါ။ အဲဒီမှာ ရောက်နေတဲ့ ကျနော်တို့မင်းသမီးစခန်းက (တနင်္သာရီတိုင်းအခြေစိုက် ABSDF - 201 တပ်ရင်းကို ဆိုလိုပါတယ်) ရဲဘော် ဟောင်းတွေအတွက် အလှူငွေပေးရင်း၊ စခန်းအခြေနေကိုလည်း လေ့လာရင်းဆိုပြီး ဒီခရီးစဉ်ကို သွားဖို့စိတ် ကူးခဲ့တာပါ။

မဲဆောက်ကနေ နိုပိုးကို ဘယ်လိုသွားရမလဲ၊ ဘယ်သူလိုက်ပို့နိုင်မလဲဆိုပြီး မဲဆောက်က

Sunday, May 8, 2011

မှတ်မှတ်ရရ တသသ (အပိုင်း-၂)

ကျွန်တော် အပါအ၀င် စုဆောင်းရေးအပို.ခံရသူ (၆)ယောက် ထဲမှာ အသက်
(၁၂)နှစ်သားကလေးတစ်ယောက်ပါလာပါတယ်..ကျွန်တော်တို. တပ်ရဲ အိုအိုကြီးရဲ. မညှာမတာ ဆံပင်နုတ်(အဲလေ) ညှပ် ပြီးတော့ တသသ(တပ်သားသစ်)များထားရှိရာ အဆောင်ကို စုဆောင်းရေးမှ ရဲဘော်တစ်ယောက်က ခေါ်ဆောင်သွားပါတယ် ။ အဆောင်ထဲမပို.ခင် အပြင်မှာ အရင်ဆုံး ကျွန်တော်တို.တွေ  လက်ဗွေနှိပ် လက်မှတ်ထိုးပေါ့ဗျာ  ..မှတ်မိသလောက်ဆိုရင်တော့  ဖောင်ထဲမှာ ကျွန်တော်တို.ရဲ. ကိုယ်ရေးအကျဉ်းနဲ.အတူ တပ်မတော်မှာ (၁၀)နှစ်တာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့ ကတိ ခံဝန်ချက်တွေ ပါတယ်ဗျ...။အဲဒီမှာ ပြီးသွားတော့မှ အတွင်းရုံးကိုခေါ်သွားတယ် အတွင်းရုံးမှာကတော့ တသသ တွေထဲကပဲ စာရေးလုပ်နေကြတဲ့ သူတွေ (အကူပေါ့) စည်း/ထိမ်း လုပ်နေကြတဲ့သူတွေ  ရှိပါတယ်..သူတို.လဲ တသသ တွေပါ ..တာဝန်ခံ ကတော့ တပ်မတော် လေ မှ

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ