.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, May 29, 2011

လူကုန်ကူးမူ တိုင်ကြားသော်လည်း အရေးယူ မခံရ

လူကုန်ကူးမူ တိုင်ကြားသော်လည်း အရေးယူ မခံရ

Font size: Decrease font Enlarge font
တောင်ကုတ်မြို့မှ လူကုန်ကုးသူများအား အရေးယူပေးရန် စာရေးသားပြီး နိုင်ငံတော် သမ္မတထိ တိုင်ကြား သော်လည်း ယနေ့ထက်ထိ တစုံတရာ အရေးယူခြင်း မရှိကြောင်း လူ့အခွင့်အရေး လူပ်ရှားသူ လူငယ် တစ်ဦးက ပြောသည်။




တိုင်ကြားသူမှာ တောင်ကုတ်မြို့က ဒေါ်မခင်ဝင်း ဖြစ်ပြီး သူမ ယောင်္ကျား ဖြစ်သူနှင့် သူမ၏ သားသမက် ဖြစ်သူတို့အား လူကုန်ကူးသူများက ထိုင်းနိုင်ငံတွင် ရောင်းစားခံရပြီးနောက် ထိုသို့ တိုင်ကြားခြင်း ဖြစ်သည်။

" သူမက အစပထမ တောင်ကုတ်ရဲကို တိုင်ကြားပါတယ်။ ရဲက ဘယ်လိုမှ အရေးမယူတဲ့ အတွက် နောက်ပိုင်းမှာ သမ္မတ စာရေးတိုင်ကြားတာ ဖြစ်ပါတယ်။ မိတ္တူတွေကိုတော့ လူ့အခွင့်အရေး လူပ်ရှားနေတဲ့ ရှေ့နေတွေဆီလည်း ပို့ပေးထားပါတယ်"ဟု အဆိုပါ လူငယ်မှ ပြောသည်။

လူကုန်ကူးသူ အမျိုးသားနှင့် အမျိုးသမီးမှာ ရဲအဖွဲ့နှင့် နီးစပ်သူ ဖြစ်ပြီး ရဲအဖွဲ့အား ငွေပေးထားနိုင်သဖြင့် ယခုကဲ့သို့ အဖမ်းမခံရခြင်း ဖြစ်ကြောင်း သူက ပြောသည်။

" သူတို့ လင်မယား ဖြစ်ပါတယ်။ လူတစ်ဦးဆီက ကျပ် (၆) သိန်းစီ ယူပါတယ်။ ထိုင်းကို ရောက်ရင် အလုပ်ပါရမယ်ဆိုတော့ လူတွေက လိုက်သွားကြပါတယ်။ ထိုင်းကိုရောက်ရင် လူတွေကို ရောင်းစားပါတယ်။ အခု ရောင်းစား ခံထားရတာက တောင်ကုတ် မြို့နယ် တစ်ခုတည်းက လူပေါင်း (၆၀)ကျော်ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ရမ်းဗြဲဘက်က လူတွေနဲ့ ဆိုရင် (၁၀၀) ကျော်နေပါပြီ။"

ယခုကဲ့သို့ လူကုန်ကူးမူကို သက်သေ အထောက်အထားများနှင့် တကွ တိုင်ကြားသော်လည်း အရေးယူမူ တစုံတရာ မရှိသဖြင့် ယခုအခါ လူကုန်ကူးခံရသူများက ရန်ကုန်ရှိ ရှေ့နေ ဦးအောင်သိန်း အပါအ၀င် တခြား လူမူ အဖွဲ့အစည်းများကိုပါ အဆိုပါ ကိစ္စ ဖြေရှင်း ပေးရန် အကူအညီတောင်းခံ ထားကြောင်း သိရသည်။

စစ်ပြန်တွေ အောက်မေ့ဖွယ် အခမ်းအနား ၀ါရှင်တန်မှာ ကျင်းပ

Memorial Day အထိမ်းအမှတ် Rolling Thunder ဆိုင်ကယ်သမားအုပ်ကြီး စီတန်း လှည့်လည် မောင်းနှင်နေစဉ်။
ဓာတ်ပုံ AP
Memorial Day အထိမ်းအမှတ် Rolling Thunder ဆိုင်ကယ်သမားအုပ်ကြီး စီတန်း လှည့်လည် မောင်းနှင်နေစဉ်။ မေ ၂၉၊ ၂၀၁၁။

ဒီတပတ် ရုံးပိတ်ရက်ဟာ အမေရိကန်မှာ စစ်အတွင်း ကျဆုံးသွားသူတွေအတွက် ရည်ရွယ်ထားတဲ့အတွက် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွေ၊ အလှပြ ချီတက်ပွဲတွေကို မြို့တော်အပါအဝင် နိုင်ငံအနှံ့မှာ ကျင်းပနေကြပါတယ်။
မေလရဲ့ နောက်ဆုံးသီတင်းပတ် တနင်္လာနေ့ကို Memorial Day အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ပြီး နိုင်ငံအတွက် အသက်ပေးသွားကြတဲ့ စစ်သား စစ်သမီးတွေကို ဂုဏ်ပြုကြတာပါ။
ဝါရှင်တန်ဒီစီ (Washington DC) မြို့တော်မှာရှိတဲ့ အထင်ကရ အာလင်တန် (Arlington) စစ်သင်္ချိုင်း

ဆာဘီးယား စစ်ခေါင်းဆောင် ဖမ်းဆီးမှု ကန့်ကွက်ဆန္ဒပြန


ဆာဘီးယားမှာ စစ်ရာဇဝတ်မှုတွေနဲ့ တရားစွဲခံထားရသူ ရတ်ကို မလာဒစ်ရှ် (Ratko Mladic) ကို ဖမ်းဆီးခဲ့မှုအပေါ် ကန့်ကွက်ကြတဲ့ ဘဲလ်ဂရိတ် (Belgrade) မြို့တော်က ဆန္ဒပြပွဲ အဆုံးသတ်ချိန်မှာ ဆန္ဒပြသူတွေက ရဲတွေကို ပုလင်းတွေ၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့လို့ အကြမ်းဖက်အသွင် ပြောင်းခဲ့ပါတယ်။
မလာဒစ်ရှ်ကို ဖမ်းတဲ့အတွက် ဆန့်ကျင် ဆန္ဒပြကြဖို့ ဆာဘီးယားက အမျိုးသားရေး အယူစွဲပြင်းထန်တဲ့ ရက်ဒီကယ်လ် (Radical) ပါတီက ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြဖို့ ဆော်သြထားတာပါ။ ဒါပေမဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာ ကြမ်းကြမ်းရမ်းရမ်းရှိသူ တချို့က အမှိုက်ပုံးတွေကို မှောက်၊ မီးရှူး မီးပန်းတွေ ပစ်ဖောက်၊ ဆိုင်ပြတင်းပေါက်တွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြပါတယ်။
အနည်းဆုံး အယောက် ၇၀ အဖမ်းခံရသလို ၁၂ ယောက်လောက် ဒဏ်ရာရသွားကြပြီး တချို့လည်း တော်တော်လေး အခြေအနေ ဆိုးတယ်လို့ ဆာဘီးယား ရုပ်သံသတင်းက ထုတ်လွှင့်သွားပါတယ်။
ရဲ ၁ ယောက်နဲ့ လူ ၃ ယောက်ကို အရေးပေါ်ကို ပို့ခဲ့ရပါတယ်။ လူပေါင်း ၁၀,၀၀၀ လောက်ရှိမယ့် ဆန္ဒပြပွဲမှာ မလာဒစ်ရှ်ရဲ့ ဇနီးနဲ့ သားတို့လည်း ပါဝင် ဆန္ဒပြကြပါတယ်။
၁၉၉၅ ခုနှစ်တုန်းက ဆာဘရန်နီဆာ (Serbrenica) မြို့မှာ မွတ်ဆလင် အမျိုးသားနဲ့ ယောက်ျားလေးပေါင်း ၈,၀၀၀ လောက်အထိကို သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး မလာဒစ်ရှ်ကို လူမျိုးတုံး သတ်ဖြတ်မှုနဲ့ တရားစွဲထားပါတယ်။
ဒုတိယကမ္ဘာစစ်ပွဲ နောက်ပိုင်း ဥရောပမှာ အဆိုးဝါးဆုံး လူတွေ အစုလိုက် အပြုံလိုက် အသတ်ခံရမှုမှာ သူ့အဖေနဲ့ လုံးဝ မပတ်သက်ပါဘူးလို့ မလာဒစ်ရှ်ရဲ့သားက သတင်းထောက်တွေကို တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
သူ့ဖခင်ဟာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ လက်နက်စွဲကိုင် တိုက်ခိုက်သူတွေ အများကြီးကိုတောင် ကယ်ဆယ်ပေးခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ တခြားဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေက သူ့အဖေမသိဘဲ ဖြစ်ခဲ့တာလို့ ဒရေကို မလာဒစ်ရှ် (Drako Mladic) က ပြောပါတယ်။

နေတိုးတပ် လစ်ဗျားမြို့တော်ကို နေ့ညမပြတ် ဗုံးကြဲ

ထပ်ဆင့် ဖြန့်ဝေရန်

နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီ (Tripoli) မှာ ကြီးမားတဲ့ ပေါက်ကွဲမှုကြီးတွေ ဒီကနေ့ ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ နေတိုးတပ်ဖွဲ့က နေ့ဘက်မှာ ရှားရှားပါးပါး တိုက်ခိုက်ခဲ့တာပါ။
လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ (Moammar Gadhafi) တခါတလေ နေတတ်တဲ့ မော်တော်ယာဉ် သိုလှောင်ရေး အဆောက်အဦးကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာလို့ နေတိုးတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနေရာမှာ မီးခိုးဖြူတွေ ထွက်နေတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။
ဒီကနေ့ သန်းခေါင်ကျော် အချိန်တွေမှာလည်း နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ထရီပိုလီမြို့မှာ ရှိခဲ့လို့ ညဘက် ကောင်းကင်မှာ ပေါက်ကွဲမှုတွေကို မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။
လစ်ဗျားရဲ့ ရေရှည် မဟာမိတ်ဖြစ်တဲ့ ရုရှားကတော့ လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီ အာဏာကို စွန့်ခွာဖို့အရေး ကြားဝင် ညှိနှိုင်းပေးမယ်လို့ ကမ်းလှမ်းထားပါတယ်။
မစ္စတာ ဂဒါဖီ ထွက်ပေးသင့်တယ်လို့ ရုရှားသမ္မတ ဒီမီထရီ မက်ဗီယဲဒဲ့ဖ် (Dmitry Medvedev) က ပြင်သစ်နိုင်ငံမှာ ကျင်းပတဲ့ စက်မှုအင်အားကြီး ၈ နိုင်ငံ ထိပ်သီးဆွေးနွေးပွဲအတွင်း မနေ့က ပြောခဲ့ပါတယ်။ ရုရှားဘက်က ကိုယ်စားလှယ် တဦးကို လစ်ဗျားအစိုးရ ဆန့်ကျင်ရေး သူပုန်အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ ဘန်ဂါဇီ (Benghazi) မြို့ကို လွှတ်ထားတယ်လို့လည်း ရုရှားသမ္မတက ပြောပါတယ်။
အနောက်အင်အားကြီးနိုင်ငံ တော်တော်များများက လစ်ဗျားခေါင်းဆောင် မိုမာ ဂဒါဖီကို အာဏာစွန့်ဖို့ ပြောနေကြတာပါ။
သူပုန်တွေ ထိန်းချုပ်ထားတဲ့ လစ်ဗျားနိုင်ငံက တတိယ အကြီးဆုံး မီစ်ရာတာ (Misrata) မြို့ကို မစ္စတာ ဂဒါဖီကို ထောက်ခံတဲ့ တပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ဖို့ မနေ့ကတခါ ကြိုးပမ်းခဲ့လို့ အပြန်အလှန် တိုက်ခိုက်မှုတွေ မြို့ရဲ့ နေရာအနှံ့အပြားမှာ ဖြစ်ပွားခဲ့ပါတယ်။

KIA နဲ့ မြန်မာအစိုးရ တိုက်ပွဲဖြစ်ပွား

2011-05-28
ကချင် လွတ်လပ်ရေးတပ်မတော် KIA နဲ့ မြန်မာအစိုးရတပ်တို့ မနေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
KIA တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၂၇) နဲ့ မန်စီမြို့အနီးမှာ နှစ်ဘက်တပ်တွေ ထိပ်တိုက် ရင်ဆိုင်တွေ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“မနေ့က မနက် ၁ဝ နာရီ ၄၅ လောက်မှာ ဖြစ်တာ။ ပွဲကတော့ ပက်ပင်းဖြစ်တာပါ။ တိုက်ပွဲကြီး ဖြစ်တယ်တော့ မဟုတ်ဘူး။ KIA တပ်မဟာ (၃) နဲ့ တပ်ရင်း (၂၇) က တပ်စုတစုနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ခလရ (၁ဝ၅) တပ်ခွဲတခွဲနဲ့ ဖြစ်တာ။ နာရီဝက်လောက် အပြန်အလှန် ပစ်ကြတာ။ KIA ဘက်ကလည်း ဆုတ်သွားတယ်။ ညနေပိုင်းမှာ နှစ်ဘက်တပ်ဖြည့်တယ်။ ဗမာစစ်တပ်ဘက်မှာလည်း ခမရ (၃၉) လာဖြည့်တယ်။ KIA ကလည်း သူ့တပ်ကို အင်အားဖြည့်ပြီးတော့ ဆိုင်နေကြတာ အခုထက်ထိတော့ သေနတ်သံ ထပ်မကြားရသေးဘူး”

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ KIA တပ်စခန်းတွေအနီးမှာရှိတဲ့ အစိုးရတပ်တွေကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ KIA က ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာမှာ အခုလို ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

KIA အဖွဲ့ဟာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာစစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး တောင်းဆိုချက်ကို ငြင်းဆန်ခဲ့အတွက် နှစ်ဘက် အခြေအနေ တင်းမာခဲ့ပါတယ်။

(အာအက်ဖ်အေမှကူးယူသည်)

ဝန်ကြီးတွေ လုံခြုံရေးကြောင့် ရပ်ရွာလုံခြုံရေး လျော့ကျ

2011-05-29
ကချင်ပြည်နယ် ဝန်ကြီးတွေရဲ့ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားတာမို့ မြစ်ကြီးနားမြို့နဲ့ ပတ်ဝန်းကျင်မှာ ရဲအစောင့် တာဝန်ယူသူ နည်းသွားပြီး ရာဇဝတ် မှုခင်းတွေ တိုးများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
(Photo: AFP)
မြို့တွင်း လုံခြုံရေး အစောင့်တာဝန်ကျ စစ်သားတဦး ဖြစ်ပါသည်။ (Photo: AFP)
မြစ်ကြီးနားမြို့နဲ့ ပတ်ဝန်းကျင်မှာ ရပ်ရွာလုံခြုံရေး တာဝန်ယူတဲ့ ရဲတပ်ဖွဲ့အင်အားဟာ နဂိုကထဲက သတ်မှတ်ချက် အရေအတွက် မပြည့်မီဘူးလို့ သိရပါတယ်။ ဒါ့အပြင် မေလ ၁၇ ရက်နေ့က ဦးသိန်းစိန် အစိုးရ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ ရာဇဝတ်အကျဉ်းသားတွေ လွတ်လာပြီးနောက်ပိုင်းမှာ ရာဇဝတ်မှုတွေ ပိုများလာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ည ၇ နာရီ ၈ နာရီ၊ မှောင်ရိပ် သမ်းလာတာနဲ့ လုယက်မှုတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

မြစ်ကြီးနားမြို့ဟာ နဂိုကတည်းက လူဝင်လူထွက်များတဲ့ မြို့ဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းရှာဖို့ မြန်မာနိုင်ငံ အနှံ့က လူတွေ လာရောက်နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။ ဒါကြောင့် လုယက်ပြီး မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသူတွေ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကို ရဲက ခြေရာခံလို့ မလွယ်ကူဘဲ အရေးလည်း မယူနိုင်ဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပြည်နယ်ဝန်ကြီးတွေရဲ့ လုံခြုံရေးတာဝန် ယူထားရတဲ့အတွက် ပတ္တရောင် သိပ်မလှည့်နိုင်ဘူးလို့လည်း ဆိုပါတယ်။

အစိုးရ ထုတ်ပြန်ခဲ့တဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် မြန်မာတနိုင်ငံလုံးက အကျဉ်းသား တသောင်း လေးထောင်ကျော် လွတ်မြောက်လာပေမယ့် အများစုက ရာဇဝတ်သားတွေပဲ ဖြစ်ပြီး လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဦးရေ ၅ဝ ဝန်းကျင်သာ ရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံသား ၁ဝဝ ကျော် မလေးရှားအာဏာပိုင်တွေ ဖမ်းဆီး

2011-05-29
မလေးရှားနိုင်ငံ နီဂါရီ ဆန်ဘိလန် ပြည်နယ် စရမ်ဘန်းမြို့က စားသောက် ဆိုင်တွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၃၅ ဦးလောက်ကို မေလ ၂၈ ရက်နေ့မှာ မလေးရှား လူဝင်မှုကြီးကြပ်ရေး နဲ့ အရပ်ဝတ် ပြည်သူ့စစ် RELA အဖွဲ့တွေက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
(Photo: AFP)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ရဲလာခေါ် အရပ်သား လုံခြုံရေး တပ်ဖွဲ့ဝင်များက ညသန်းခေါင်ကျော် စစ်ဆင်ရေးဖြင့် တရားမဝင် နိုင်ငံခြား အလုပ်သမားများကို ဖမ်းဆီးထားသော မှတ်တမ်း ဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)
ဖမ်းဆီးခံရတဲ့ အထဲမှာ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၆ ဦး ပါဝင်ပြီး အရေအတွက် အတိအကျ မသိနိုင်တဲ့ ကလေးသူငယ်တွေလည်း ပါဝင်တယ်လို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် NLD- LA မလေးရှား အလုပ်သမားရေးရာ တာဝန်ခံ ကိုဥာဏ်လင်းက ပြောပါတယ်။

“ကျနော်တို့အဖွဲ့ဝင် ကိုအယ်လ်စိုင်းအောင်နဲ့ ရင်းနှီးတဲ့ မိန်းကလေးတယောက်က ဖုန်းနဲ့ လှမ်းအကြောင်းကြားတာပါ။ ကိုစိုင်းအောင် အပါအဝင် ၃၅ ယောက်လောက်နဲ့ ကလေးတွေကို ကို ရဲအချုပ်ကားနဲ့ တနေရာကို ခေါ်သွားတယ်တဲ့”

အလားတူ မနေ့က ည ၈ နာရီခွဲလောက်မှာ စီလန်ခေါပြည်နယ် ပူချွန်းမြို့က မြန်မာစားသောက်ဆိုင်တွေနဲ့ မြန်မာပစ္စည်း အရောင်းဆိုင်တွေကို မလေးရှား အာဏာပိုင်တွေက စီးနင်းပြီး ဖမ်းဆီးခဲ့ရာမှာ မြန်မာနိုင်ငံသား ၁ ရာလောက် အဖမ်းဆီးခံရတယ်လို့ ကိုဥာဏ်လင်းက ပြောပါတယ်။

မလေးရှားနိုင်ငံရောက် တရားမဝင် နိုင်ငံခြားသားတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်ပြီး အများစုဟာ ဒုက္ခသည်အဖြစ် နိုင်ငံရေး ခိုလှုံခွင့် လျှောက်ထားနေထိုင်ကြတဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။ မလေးရှားအစိုးရရဲ့ တရားဝင် စာရင်းတွေအရ မလေးရှားမှာ မြန်မာဒုက္ခသည် ၈ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။

NLD-LA ကဒ်အတုပြုလုပ်မှုနဲ့ အဖမ်းခံရသူများ မြန်မာ့အရေး လှုပ်ရှားသူတွေ ဖြစ်

2011-05-29
မလေးရှားနိုင်ငံ ကဒါးပြည်နယ်မြို့တော် အာလော်စတားမှာ မေလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရ တဲ့ မြန်မာနိုင်ငံသား ၁၁ ဦးဟာ NLD-LA လူငယ်အဖွဲ့ခွဲ ကို ကဒါးပြည်နယ်မှာ သီးခြား ထူထောင်ထားပြီး မလေးရှားရောက် မြန်မာမိသားစုတွေအတွက် အကူအညီ ပေးနေသူတွေဖြစ်ကြောင်း သိရပါတယ်။
နောက်ဆုံးရရှိတဲ့ သတင်းတွေအရ အဖမ်းဆီးခံရတဲ့ ခေါင်းဆောင် ကိုချစ်အေးဟာ အရင် မလေးရှား NLD-LA အလော်စတား ဌာနခွဲ တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့သူလို့ သိရပါတယ်။

အလော်စတား လူငယ်အဖွဲ့ခွဲဟာ မြန်မာဒုက္ခသည်တွေနဲ့ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကျန်းမာရေး၊ လူမှုရေး၊ အလုပ်သမားရေး အခက်အခဲတွေကို ကူညီ ဆောင်ရွက်ပေးပြီး၊ နိုင်ငံရေးအသိ စိတ်ဓာတ် နိုးကြား တက်ကြွစေဖို့နဲ့ ပြည်တွင်းက နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ကူညီ ထောက်ပံ့ကြဖို့ ဟောပြောစည်းရုံး နေသူတွေဖြစ်ပြီး အလော်စတား မြန်မာ အသိုင်းအဝိုင်းက ကလေးသူငယ်တွေအတွက် စာသင်ကျောင်း ဖွင့်လှစ်ဖို့ စီစဉ်နေစဉ် အခုလို အဖမ်းဆီး ခံခဲ့ရတာလို့ မလေးရှား မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ တဦးဖြစ်တဲ့ ကိုကျော်ထူးအောင်က ပြောပါတယ်။

မလေးရှား အာဏာပိုင်တွေက ဖမ်းဆီးထားဆဲ ဖြစ်ပြီး မိသားစုနဲ့ NLD-LA မှတ်ပုံတင်ကဒ် အတု ပြုလုပ်မှုနဲ့ ဖမ်းဆီးခဲ့ကြောင်း မေလ ၂၁ ရက်နေ့က မလေးရှားနိုင်ငံထုတ် New Straight Times က ရေးသား ဖော်ပြခဲ့ပြီး ဒီသတင်းကို အာအက်ဖ်အေ ကလည်း ထုတ်လွှင့်ခဲ့ပါတယ်။

သတင်းစာမှာ ရေးသားထားသလို မလေးရှား လဝက ဥပဒေ၊ ရဲ ဥပဒေနဲ့ ဆန့်ကျင်ငြိစွန်းတဲ့ ကိစ္စတွေကို လုပ်ဆောင်ခဲ့တာ မရှိကြောင်း၊ အဖွဲ့ဝင်တွေထံက ရင်းဂစ်ငွေ ၅ဝဝ တောင်းခံတယ် ဆိုတာလည်း အဖွဲ့ဝင်ကြေးနဲ့ လစဉ်ကြေး ကောက်ခံခြင်းသာ ဖြစ်ကြောင်း အဖွဲ့ဝင်တွေကို ကိုးကားပြီး ကိုကျော်ထူးအောင်က ပြောပါတယ်။

သစ်ခြောက်ပင် စခန်းကို ဒီကေဘီအေ တပ်ဖွဲ့ တိုက်ခိုက်

photo by .. http://www.demotix.com
ကရင်ပြည်နယ် မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ အကြားက ကြံ့ဖွတ်အစိုးရ စစ်တပ်ထိုင်တဲ့ သစ်ခြောက်ပင် စခန်းကို ဗိုလ်ကျော်သက် ဦးစီးတဲ့ ဒီကေဘီအေ စစ်ကြောင်းမှ မေလ ၂၈ ရက် ညနေ ၄ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် နာရီဝက် ကြာမြင့်ခဲ့ပါတယ်။
သစ်ခြောက်ပင် စခန်းဟာ တောင်သုံးလုံးနဲ့ တောင်ပြတ်ကြားက မြဝတီနဲ့ ကော့ကရိတ် ကုန်သည်ကားလမ်းပေါ်မှာ ရှိပြီး စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၁ တာဝန်ယူထားတဲ့ နေရာ ဖြစ်ပါတယ်။

အရေးပေါ်အကူအညီတောင်းခြင်း

zaw gyi

ထိုင်းနိုင်ငံရောက် မြန်မာအမျိုးသမီးတစ်ဦး အသက်အန္တရာယ်ရင်ဆိုနေရ ( အဆက် ၂ )


     အဆိုပါ အမျိုးသမီး မပပမိုး ( အသက် ၁၈ နှစ် ) သည်  ၂၄ ရက် ၅ လပိုင်း ၂၀၁၁ တွင် လပ်ဘူရီဆေးရုံကြီး ၊
အဆောင် ကန်ကျနာဖိစေ့တ် ၅ ထပ်မြောက် ၊ ကုဋင်နံပါတ် ၁၂ တွင် ခွဲစိပ်ကုသမှုခံယူရန်စောင့်မျှော်နေပါသည်။
     မိန်းကလေးသည် ပဲခူးတိုင်း မှ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ရန် လွန်ခဲ့သော သုံးလခန့်က ထွက်လာခဲ့သည်....
အလုပ်ပင်အတိကျမလုပ်ရသေးပါ ဗိုက်အောင့်၍ ဆေးရုံတက်နေရာမှ အသည်း၌ ကြ်ီးလေးသော အနာတစ်ခုဖြင့်
ခွဲစိပ်ကုသရမည်ဖြစ်ကြောင်း ဆရာဝန်မှပြောကြားခဲ့သည်။ခွဲစိပ်ကုသရန်စရိတ်မှာ သုံးသောင်းခန့်ဖြစ်သည်........
ခွဲစိပ်ကုသရန်ငွေမရှိ ၊ ဆွေမျိုးအသိုင်းဝိုင်းမရှိ ကြည့်ရှုစောင့်ရှောက်မည့်သူမရှိသည့်အလျောက် ဆေးရုံ၌ပင်
ဆယ်ရက်ခန့် ကြာမြင့်ခဲ့သည်။ ထို့ နောက် ဆရာဝန်များမှ ၄င်းဆေးရုံ၌ရှိသော မြန်မာစကားပြန်တစ်ဦးအား
အခြေနေကိုပြောကြားခဲ့သည်။ထို စကားပြန်မှတစ်ဆင့် ကျနော်တို့ ဧဒင်သို့ အလှူခံဝင်သည် အခြေနေသို့ 
ရောက်ရှိခဲ့ပါသည်။ သို့ သော်လဲ အခက်အမျိုးမျိုးကြောင့် အချိန်ဟာ ၉ ရက်ခန့်ကြာသွားခဲ့သည့်အလျောက်
လူနာအခြေနေမှာ ပိုမိုဆိုးရွားလာသောကြောင့် ဆေးရုံပြောင်းလိုက်ရသည့်အခြေနေအထိဖြစ်လာခဲ့သည်........
       ယခုဆိုလျင် နိုင်ငံအသီးသီးနေရာဒေသအသီးသီးမှ ညီအစ်ကိုမောင်နှမများ၏အကူအညီဖြင့် ညီမငယ်သည်
လပ်ဘူရီဆေးရုံကြီးသို့ ရောက်ရှိနေပြီဖြစ်ပါသည်။ သို့သော်လဲ လူတစ်ယောက်ကို ခွဲစိပ်ကုသမည့် စရိတ်မှာမည်မျှကုန်မည်နည်း
သုံးသောင်းခန့်ဟုခန့်မှန်းထားသော်လဲ အခြေနေက ပြောင်းလဲသောကြောင့် ကုန်ကျစရိတ်မှာ ပြောင်းလဲလာသည်
သွေးမစပ် အမျိုးမတော်သော်လဲ အသက်ရှင်ခွင့်ရှိနေပါလျက်နဲ့ သေပေးရမည့် ညီမငယ်ဟာ ကျနော့် ညီမဖြစ်နေပါက
ကျနော် မည်သို့ ပြုလုပ်မည်နည်း.....လူ့ အသက်တစ်ချောင်းကယ်ရန်နှင့် ကူညီရန်ငွေမတတ်နိုင်သောကျနော်
ဝမ်းနည်းမှုများစွာနဲ့ ပျာယာခတ်နေခဲ့သည်။ကျနော်ကိုယ်တိုင်ပင်လျင် ဆင်းရဲနွမ်းပါး၍သာ နိုင်ငံရပ်ခြားသိုရောက်လာသည်
မဟုတ်ပါလားခင်ဗျား....အကြံတစ်ခုတော့ရလိုက်ပါသေးသည် စကားပြန်နှင့်ဆွေးနွေးလိုက်သည်ကျနော့်ပတ်စ်ပို့ ကိုပေးထားပါမည်
ကျနော့်လုပ်အားခထဲမှ လတိုင်းပုံမှန် တစ်လ ငါးထောင်နှုန်းဖြင့် ကျနော်ဆပ်သွားပါမည်....သို့သော်လဲ မည်သူမျှ လက်မခံခဲ့ပါ....
နောက်ဆုံးတော့ ဧဒင်သို့ အလှူခံဝင်ခဲခြင်းဖြစ်သည်။။။   ပထမခြေလှမ်းကို ကျနော်တို့ နောက်ကျခဲ့သည်........................
ဒုတိယခြေလှမ်းသည် လူနာ၏ နောက်ဆုံးအချိန်ဖြစ်နိုင်ပါသည်။။။။
အားလုံးသော ညီအစ်ကိုမောင်နှမများခင်ဗျ ...အသက်ကိုလှူရန်မှာ အင်မတန် ကြုံတောင့်ကြုံခဲသော အခွင့်အလမ်းတစ်ခုဖြစ်ပါသည်
ကျနော်တို့ ညီအစ်ကိုမောင်နှမများညီညာစုပေါင်း၍ မွန်မြတ်လှစွာသော အသက်လှူခြင်းဒါနကို မိမိတို့ ၏ ချွေးစက်များကို
အရင်းပြုထားသော မိမိတို့ ၏လုပ်အားခများထဲမှ တစ်ပြားနိုင်နိုင် နှစ်ပြားနိုင်နိုင် ပေးလှူကြပါကုန်စို့ ဗျာ......
ဒီဘလော့ဟာ မိန်းကလေး၏ အသက်ဖြစ်ပါတယ်ခင်ဗျ...

            ဆက်လက်၍ လူနာအခြေနေကို တင်ပြပေးလိုပါသည်.....
လူနာသည် ခွဲစိပ်ကုသမှုခံယူရန်စောင့်နေသည် ၊ ခွဲစိပ်ကုသမှုသည် ငွေကိုစောင့်နေသည် ၊ ကျနော်သည် ပျာယာခတ်နေသည်
ခွဲစိပ်ကုသရန် ကုန်ကျစရိပ်သက်သက်ပင် အနည်းဆုံး ငါးသောင်း ဟုခန့်မှန်းနေကြပါသည်။ အထွေထွေကုန်ကျစရိတ်ပေါင်းလိုက်ပါက
တစ်သိန်း နီးပါးဖြစ်သွားနိုင်ပါသည်။ မည်မျှကုန်မည်ဆိုတာကိုတော့ အတိကျတော့ ဆရာဝန်ပင် ခန့်မှန်းရခက်နေဟန်တူပါသည်....

အစ မှ အဆုံးအထိ သိလိုသူများ   ပထမဘလော့ ကိုဖတ်ကြပါခင်ဗျ....
http://www.edinooyin.com/profiles/blogs/4347155:BlogPost:1565175?xg...

မှတ်ချက်။    ။ လူနာသို့ တိုက်ရိုက်ဖုန်းဆက်မေးမြန်းခြင်းသီးခံကြပါရန် အထူးမေတ္တာရပ်ခံပါသည်
                  လူနာသည် အားအင်ကုန်ခမ်း၍အလွန်မောပန်းနေပါသည်....အသက်ရှူကျပ်နေပါသည်
                  အသံပင်သိပ်မထွက်တော့ပါ.....
                  သူ့ ခမျာ အသက်သခင်အလှူ့ ရှင်များဖြစ်နေ၍သာ ကြိုးစား၍ဖြေကြားနေရရှာပါသည်


 အလှူငွေပို့ ရန် .........

A/C Name          : Mr. Kyaw Oo
A/C Number    : 169-2-42583-5  
A/C Type            : Saving A/c
Bank Name       : KASIKORNBANK PCL
Branch                : Tha Rue,Kanchanaburi, Thailand

မင်္ဂလာပါခင်ဗျား....
အလှူရှင်များ စာရင်းကို တင်ပြချင်လို့ ပါ

                
                  အလှူရှင်များ စာရင်းနှင့် အလှူငွေ
No
      Name
  Country / Region
          Amount
1
       Nee
        Canada
      2988 Bahts
2
  ကိုထူးဆန်း
        Thailand
      5000
3
  Mone tine
        Malaysia
      1012
4
နာမည်မဖော်လိုသူ

      1500
5
      ကိုမျိုး
        Thailand
      2000
6
ကိုထူးဆန်း သူငယ်ချင်း

      5000
 7        ကိုကျော်စိုးမိုး                                Japan                                     10000   ( ဂျပန်ယန်းငွေ )
 8  .. Khun Hin & Khun Aey(ကိုထူးဆန်းတပည့်)  Thailand                             1000  
 9      တိုမ နှင့် သူငယ်ချင်းများ                    Thailand                                   9000                               

              နတ်လူ သာဓုခေါ်စေသော်ဝ်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ