.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, June 6, 2011

အစ္စရေး ပစ်ခတ်မှုကြောင့် ဆီးရီးယား ဆန္ဒပြသမား ၂၀ သေဆုံး

အစ္စရေးတို့ ထိန်းချုပ်ထားတဲ့ ဂိုလန်ကုန်းမြင့် ဒေသနဲ့ ဆီးရီးယား နယ်ခြားမှာ တားဆီးထားတဲ့ သံဆူးကြိုးတွေကို ကျော်ဖြတ်ဖို့ ကြိုးစားကြတဲ့ ရာနဲ့ချီတဲ့ ပါလက်စတိုင်း လိုလားသူ ဆန္ဒပြသူတွေကို အစ္စရေး စစ်သားတွေက ပစ်ခတ်ခဲ့ပါတယ်။
အမျိုးသမီး ၁ ယောက်နဲ့ ကလေး ၁ ယောက် အပါအဝင် လူ ၂၀ သေဆုံးပြီး ၃၂၅ ယောက်ကျော် ဒဏ်ရာရတယ်လို့ ဆီးရီးယား အစိုးရ သတင်းမီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
ဆီးရီးယားဆေးရုံ တာဝန်ရှိသူတွေကလည်း သေဆုံးသူ စာရင်းကို ထုတ်ပြန်ပြီး သေဆုံးသူ အရေအတွက်ကို အတည်ပြုပါတယ်။
၁၉၆၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ၆ ရက်ကြာ အရှေ့အလယ်ပိုင်း စစ်ပွဲ ၄၄ နှစ်မြောက် နှစ်ပတ်လည် အဖြစ်နဲ့ ဆန္ဒပြကြတာ ဖြစ်ပါတယ်။ အဲဒီစစ်ပွဲမှာ အစ္စရေးတို့က ဆီးရီးယားဘက်က ဂိုလန်ကုန်းမြင့်ကို သိမ်းပိုက်လိုက်တာ ဖြစ်ပါတယ်။
ညနေပိုင်းမှာတော့ ဆန္ဒပြ လူအုပ်ဟာ ၁,၀၀၀ ကျော်အထိ များလာပြီး အဝေးမှာရှိတဲ့ အစ္စရေး စစ်သားတွေရှေ့မှာ ဆုတောင်း ကြွေးကြော်မှုတွေ လုပ်ခဲ့ကြပါတယ်။
အစ္စရေး စစ်သားတွေက နှုတ်အားဖြင့်ရော မိုးပေါ်ထောင် ပစ်ပြီးတော့ပါ အကြိမ်ကြိမ် သတိပေးနေတဲ့ကြားက ဆီးရီးယားတွေဟာ နယ်စပ်ဘက်ကို ကပ်လာကြတဲ့အတွက် တခြားရွေးစရာ မရှိတော့ဘဲ ဆန္ဒပြသူတွေရဲ့ ခြေထောက်တွေကို ပစ်ခတ်ခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောခွင့်ရသူက ပြောပါတယ်။
ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဒေသက စစ်ဆေးရေးဂိတ် တခုမှာ ရာနဲ့ချီတဲ့ ပါလက်စတိုင်း လူငယ်တွေနဲ့ အစ္စရေး စစ်သားတွေ ပဋိပက္ခဖြစ်ပြီး အစ္စရေး စစ်သားတွေဘက်က မျက်ရည်ယိုဗုံးတွေ၊

အလုပ်သမားဆန္ဒပြမှု ဖြစ်စေသည့် အလုပ်ရှင်များ အရေးယူ ခံရမည်

စက်ရုံ၊ အလုပ်ရုံများ အတွက် အလုပ်သမား ခေါ်ယူရာတွင် သူ့ထက်ငါ အခွင့်အရေးပိုပေး၍ စည်းရုံး ကြော်ငြာခြင်းဖြင့် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက နိုင်ငံတော် ဆူပူစေရန် လှုံ့ဆော်မှုဖြင့် လုပ်ငန်းရှင်များကို အရေးယူ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၀ ဖေဖော်ဝါရီလ အတွင်းက ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတရုံတွင် အလုပ်သမားများ ဆန္ဒပြနေစဉ် (ဓာတ်ပုံ - niknayman ဘလော့)
ရန်ကုန်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်လိုသူ နည်းပါးလျှက် ရှိရာ အလုပ်ရှင်များက လုပ်ခလစာနှင့် အခွင့်အရေး ပိုပေးမည်ဟု ကြော်ငြာပြီး အလုပ်သမား အပြိုင်အဆိုင် ခေါ်ယူနေကြကြောင်း၊ ထို့ကြောင့် အခွင့်အရေး ပိုမပေးနိုင်သော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများက ထိုကြော်ငြာများကို ဖတ်မိပြီး ဆန္ဒပြမှုများ လုပ်ဆောင် လာနိုင်သဖြင့် တည်ငြိမ်မှုကို ထိခိုက်လာနိုင်ကြောင်း၊ ထိုသို့ထိခိုက်လာလျှင် အခွင့်အရေး ပိုပေးမည်ဟု ကြော်ငြာခြင်းဖြင့် တခြားသော စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ ဆန္ဒပြစေရန် လုပ်ဆောင်သည့် လုပ်ငန်းရှင်များကို နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး ပျက်ပြားစေမှု၊ နိုင်ငံတော် ဆူပူ ဆန္ဒပြမှုများ ဖြစ်စေမှု တို့နှင့် အရေးယူသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ တာဝန်ရှိသူ တဦးက ပြောသည်။

“စက်ရုံထဲမှာ ဆန္ဒပြတာက ကိစ္စမရှိဘူး။ လမ်းမပေါ် ထွက်လာရင် ဆန္ဒပြမှုတွေက အစိုးရ ဆန့်ကျင်ရေးဘက် အချိန်မရွေး ပြောင်းသွားနိုင်တယ်။ အဲဒီလို မဖြစ်ရအောင် လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ်တကယ် မပေးနိုင်ဘဲနဲ့ တခြားစက်ရုံက အလုပ်သမားတွေ ကိုယ့်ဆီရောက်လာဖို့ အခွင့်အရေးတွေ ပေးမယ်ဆိုပြီး ကြော်ငြာ တာမျိုးတွေကို အရေးယူသွားမယ်” ဟု UMFCCI ဗဟိုအလုပ်အမှုဆောင် တဦးက ဆိုသည်။

စက်ရုံ၊ အလုပ်ရုံများတွင် အထွေထွေ အလုပ်သမားတဦး၏ အခြေခံလစာမှာ ကျပ် ၃ သောင်းဖြစ်ပြီး အချိန်ပို ဆင်းရလျှင် တလ ကျပ် ၅ သောင်းကျော် ရရှိကြောင်း၊ သို့သော် အဆိုပါ ငွေကြေးသည် အလုပ်သမား တဦးအတွက်ပင် ဖူလုံမှု မရှိဘဲ အဆိုပါ အလုပ်သမားကို မှီခိုနေရသည့် မိသားစုများမှာ စားဝတ်နေရေး အကျပ်အတည်း ရင်ဆိုင် နေကြရကြောင်း သိရသည်။

စက်မှုဇုန်များတွင် အလုပ်သမား ဆန္ဒပြမှုများကို ဖြေရှင်းနိုင်ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှူး၊ မြို့နယ် သမ၀ါယမ ဦးစီးမှူး၊ မြို့နယ် ကျန်းမာရေးမှူးများ ပါဝင်သော မြို့နယ်အဆင့် အလုပ်သမား ကြီးကြပ်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်နေပြီး အလုပ်သမား ၀န်ကြီးဌာနက အလုပ်အကိုင် ခန့်ထားခြင်းဆိုင်ရာ ဥပဒေသစ် တရပ်ကို ရေးဆွဲနေပြီဖြစ်ကြောင်း၊ သို့သော်လည်း အလုပ်သမားသမဂ္ဂများ ဖွဲ့စည်းခွင့်ကိုမူ ပိတ်ပင်မည် ဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာနရုံးမှ တာဝန်ရှိသူ တဦးက ပြောသည်။

“အလုပ်သမား သမဂ္ဂ ဖွဲ့စည်းစရာ မလိုတဲ့အထိ အလုပ်သမား ၀န်ကြီးဌာနက အလုပ်သမားတွေဘက်က ရပ်တည် သွားရ မယ်ပေါ့။ သမဂ္ဂ ဖွဲ့စည်းခွင့် ပေးလိုက်ရင် အဲဒီ သမဂ္ဂက နိုင်ငံတော် ဆူပူအောင် လွယ်လွယ်နဲ့ လုပ်နိုင်တဲ့ အဖွဲ့အစည်းကြီး တခု ဖြစ်လာနိုင်တယ်။ ဒါကြောင့် ဖွဲ့စည်းခွင့် ပေးမှာမဟုတ်ဘူး” ဟု နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် တဦးက ဆိုသည်။

အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပေါ်လာလျှင် ချက်ချင်းဖြေရှင်းရန် အောက်ခြေအဆင့် အလုပ်သမား ၀န်ကြီးဌာနနှင့် ဒေသခံ အာဏာပိုင်များကို နေပြည်တော် ဗဟိုအစိုးရက ညွှန်ကြားထားပြီး အလုပ်သမားများ လမ်းမပေါ်ထွက် ဆန္ဒပြလာလျှင် သက်ဆိုင်ရာ လုံထိန်း ရဲတပ်ဖွဲ့ဝင်များ၊ စစ်တပ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဌာနများနှင့် ပူးပေါင်းဖြိုခွဲ နှိမ်နင်းရမည်ဟု တရားဝင် ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သူက ပြောသည်။

အလုပ်သမား ဆန္ဒပြမှုများသည် ကူးစက်မှုမြန်ဆန်ပြီး ထိန်းချုပ်ရန် ခက်ခဲကြောင်း၊ အစိုးရ ဆန့်ကျင်သည့် နိုင်ငံရေး သမားများက အလုပ်သမားထုကို အသုံးချပြီး အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများတွင် ဖြစ်ပေါ်နေသကဲ့သို့ လူထု လှုပ်ရှားမှု အသွင် ဖော်ဆောင်လာ နိုင်ကြောင်း၊ ထို့ကြောင့် အလုပ်သမား လူတန်းစားကို ဒေသခံ အာဏာပိုင်များက အဓိကထား စောင့်ကြည့် ထောက်လှမ်းမှုများ ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“စက်မှုဇုန်တိုင်းမှာ နယ်မြေခံရဲ၊ အာဏာပိုင်တွေ အချင်းချင်း အလုပ်သမား လူတန်းစားကြားမှာ ဘာတွေ ဖြစ်နေသလဲဆိုတာ စုံစမ်း ထောက်လှမ်းကြတယ်။ နေ့စဉ် အခြေအနေကို သက်ဆိုင်ရာတိုင်း၊ ခရိုင်အဖွဲ့အစည်းတွေဆီ တင်ပြရတယ်” ဟု ရွှေပြည်သာ စက်မှုဇုန်မှ ဒေသခံ အာဏာပိုင်တဦးက ဆိုသည်။

ရန်ကုန်မြို့မှ အထည်ချုပ်စက်ရုံ ပိုင်ရှင်တဦးကမူ အလုပ်သမားများကို လစာတိုးပေးနိုင်ရန် အလုပ်ရှင်များတွင် ၀င်ငွေတိုးရန် လိုအပ်ပြီး အရည်အသွေးမြင့် ထုတ်ကုန်များရရန် လိုအပ်ကြောင်း၊ အစိုးရပိုင်း ကလည်း ကြန့်ကြာနေသည့် မလိုလားအပ်သော လုပ်ငန်းစဉ်များကို လုပ်ငန်းမြန်ဆန်ရေးအတွက် လျှော့ချပေးသင့်ကြောင်း ပြောသည်။

“အစိုးရဘက်ကလည်း လိုအပ်တဲ့ အစိတ်အပိုင်း တွေမှာ အားတက်သရော ကူညီရမယ်။ အခွန်၊ လိုင်စင်လို ကိစ္စမျိုးတွေ ချက်ချင်း လုပ်ပေးဖို့ လိုတယ်။ အခု အခြေအနေ အတိုင်းက ဘယ်လိုမှ အလုပ်သမားကို လစာတိုးမပေးနိုင်ဘူး။ လစာတိုး မပေးနိုင်လို့ အလုပ်မလုပ်ရဘူး ဆိုရင်လည်း စက်ရုံကို ပိတ်လိုက်ရုံပဲ” ဟု သူက ဆိုသည်။

ရန်ကုန်တိုင်းတွင် စက်ရုံ၊ အလုပ်ရုံပေါင်း ၄၀၀၀ ကျော်ရှိပြီး အလုပ်သမား စုစုပေါင်း ၂ သိန်းနီးပါး ရှိကြောင်း UMFCCI မှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်ခရီး အစိုးရကို အသိပေးမည်

မကြာမီ ပြုလုပ်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အာဏာပိုင်တို့ကို ကြိုတင် အသိပေးမည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောလိုက်သည်။

nld_aung_san_suu_kyi_trip
ကြာသပတေးနေ့က သတင်းထောက်များနှင့် တွေ့ဆုံနေသော မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရ ဘယ်ဒေသ၊ ဘယ်အချိန်၊ နေ့၊ ရက်၊ နာရီတွင် သွားမယ် ဆိုတာကိုတော့ လက်ရှိအစိုးရကို အကြောင်းကြားဖို့  ရှိတယ်။ ခွင့်ပြုချက် ယူတာမျိုးလည်း မဟုတ်ဘူး” ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

ခရီးစဉ်ကို  ယခုလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၆ နှစ်ပြည့် မွေးနေ့အပြီး ရက်ပိုင်း အတွင်း စတင် နိုင်ဖွယ်ရှိသည်ဟုလည်း NLD အဖွဲ့ဝင်များထံမှ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စများ တာဝန်ယူထားသူတဦးဖြစ်သည့် NLD မှ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကမူ “ခရီးစဉ်နဲ့ ပတ်သက်ပြီး ပြောဖို့ အများကြီး စောနေသေးတယ်။ လုံခြုံရေးကြောင့် ကျနော်တို့က အသေးစိတ်ကို မပြောသေးပါဘူး” ဟု ဧရာဝတီကို ရှင်းပြသည်။

မကြာခင်က မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း၊ အမေရိကန် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းတို့ကလည်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန်ယူရန် အစိုးရကို တိုက်တွန်းခဲ့သည်။ 

အစိုးရကမူ ဒေါ်အောင်ဆန်းစုကြည်ကို သာမန် အရပ်သားတဦးအဖြစ်သာ သဘောထားကြောင်း ဂျွန်မက်ကိန်းကို ပြန်လည် တုန့်ပြန်လိုက်သည်။

“ဥပဒေနှင့်အညီ သွားလာ လှုပ်ရှား ဆောင်ရွက်မှုများကို ကန့်သတ်ရန် မရှိပါကြောင်း၊ သို့သော်လည်း နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုမူ အလေးထား စောင့်ထိန်းရန် လိုအပ်ပါကြောင်း” ဟု ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးက ဂျွန်မက်ကိန်းနှင့် နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ပုံကို အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

အများအပြားက စိတ်ဝင်တစား စောင့်ကြည့်သွားမည့် ခရီးစဉ်အတွင်း စာနယ်ဇင်းသမားများ လိုက်ပါ သတင်းယူနိုင်လျှင် လုံခြုံရေး ပိုမို ကောင်းမွန်မည် ဖြစ်ကြောင်း သံတမန် အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက သုံးသပ်သည်။

ဤအတောအတွင်း NLD လူငယ်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ အစီအစဉ်ဖြင့် ပေါ်ပေါက်လာသည့် လူငယ် ကွန်ရက် အဖွဲ့ဝင်များ၊  နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများက စနစ်ကျသော လုံခြုံရေး အစီအမံများ လုပ်ဆောင်နေကြကြောင်း လူငယ်ကွန်ယက် ဦးဆောင်သူ တဦး ဖြစ်သည့် ကိုဖြိုးမင်းသိန်းက ပြောသည်။

“ခရီးစဉ် အသေးစိတ်ကိုတော့ ကျနော်တို့ မသိရသေးပါဘူး။ အခု လူငယ်တွေ အနေနဲ့ စနစ်ကျ တဲ့ ကြိုတင် ပြင်ဆင်မှုတွေနဲ့ လုံခြုံရေး ယူပေးကြဖို့ စီစဉ်နေကြပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို စိုးရိမ် ပူပန်ကြသော်လည်း လူထုနှင့် အနီးကပ် တွေ့ဆုံနိုင်မှ လူထုအကျိုးကို ပို၍ ဖော်ဆောင်နိုင်မည်ဟု NLD လူငယ်ခေါင်းဆောင် ကိုရာဇာက မှတ်ချက်ပေး ပြောဆိုသည်။ 

ဒေါ်အောင်ဆန်းစုကြည် နောက်ဆုံး ခရီးထွက်ခဲ့သည့် အချိန်မှာ ၂၀၀၃ ခုနှစ် မေလက ဖြစ်သည်။

ထိုစဉ်က ဒီပဲယင်းမြို့အနီးတွင် အာဏာပိုင်တို့က ကျောထောက် နောက်ခံပြုထားသည်ဟု အများက ယူဆသော တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကားများက ဒေါ်အောင်ဆန်းစုကြည်တို့၏ ယာဉ်တန်းကို စောင့်ဆိုင်း တိုက်ခိုက်ခဲ့သည်။

နောက်တနေ့တွင် အာဏာပိုင်တို့က ထိုဖြစ်ရပ်အကြောင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ပဋိပက္ခဖြစ်ခဲ့သည့် လူအုပ်၏ အင်အားမှာ အရေအတွက် ၅၀၀၀ ရှိသည်ဟု ပြောဆိုခဲ့သည်။

တိုက်ခိုက်မှုအပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ယာဉ်တန်းတွင် ပါဝင်သူ အများအပြား အထိန်းသိမ်းခံလိုက်ရသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလက နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာသည့် နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်မြို့ အတွင်းသာ သွားလာခဲ့ပြီး NLD လုပ်ငန်းများကို ဦးဆောင်လျက်ရှိသည်။

SSPP/SSA နှင့် မြန်မာတပ် တိုက်ပွဲပြင်းထန် ဓါတုလက်နက်ပါအသုံးပြု

သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် မြန်မာတပ် တို့အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဆက်ဖြစ်နေရာ မြန်စစ်တပ်ဘက် ဓါတုလက်နက် အသုံးပြုသည်ဟု ယူဆကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
“ဒီနေ့မနက် ၅ နာရီ ၁၅ မိနစ် ကတည်းက စဖြစ်တာတိုက်ပွဲက။ မွန်းတဲ့အချိန်အထိဘဲ။ တန့်ယန်းမြို့ နယ် မိုင်းကောဝ် တိုက်နယ်ရဲ့ တောင်ဘက် ၇ မိုင်လောက်ဝေးတဲ့ သျှမ်းတပ်ကို ဗမာတပ်က တက်တိုက်တာ” - ဟု တရုတ်နယ်စပ်သတင်းရပ်ကွက်က ပြောပါသည်။
sspp-ssa
သျှမ်းပြည်တပ်မတော် SSPP/SSA မှ တပ်သားများ

ဂျွန် ၃ ရက် ယနေ့မနက်အစောကြီးမှ စ၍ မြန်မာစစ်တပ်က တန့်ယန်း နှင့် မိုင်းရှူးကြားရှိ သျှမ်းပြည်တပ် မတော် SSPP/SSA  ၇ မိုင်စခန်းအား တက်တိုက်ခြင်းဖြစ်ကြောင်း၊ ထိုမတိုင်မီ ဖြတ်သွားဖြတ်လာရာမှ ယခု ပထမ ဆုံး ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ အဆိုပါတိုက်ပွဲ၌ မြန်မာစစ်တပ်ကဓါတုလက်နက်စတင် အသုံးပြုလာသည် ဟုပြောနိုင်ကြောင်း အမည် မဖေါ်လိုသည့် SSPP/SSA အရာရှိတဦးက ပြောပါသည်။

“ဗမာတပ်ဘက် အင်အား ၁၀၀ ကျော်တယ်၊ ဒေသတွင်းလှုပ်ရှားနေတဲ့တပ်တွေဘဲ၊SSPP/SSA  တပ်မဟာ ၃၆ က လူအင်အားလဲ ၈၀ ကျော်လောက်ရှိမှာပေါ့။ ဒီစခန်း က SSPP/SSA  နယ်မြေရဲ့ တောင်နဲ့မြောက်ကို ဆက် သွယ်ပေးတဲ့ စခန်း၊ အဓိက မဟာဗျူဟာမြောက်နေရာတခုဘဲ။ အဲဒီတိုက်ပွဲမှာ ထူးဆန်းတာက ဗမာတပ်တွေ ဓါတုလက်နက် စ သုံးတယ်။ ဗုံးတလုံးကျလာရင် မျက်ရည်ကျတယ်။ မူးတယ်။အသက်ရှူ ကျပ်တယ်။ ဒီမွန်းလွဲပိုင်း သျှမ်းတပ် ဖက်က ဆုတ်ပေးလိုက်တယ် ” ဟု အဆိုပါ အရာရှိကသျှမ်းသံတော်ဆင့် သို့ပြောပြ၏။

“ပြီးခဲ့တဲ့လနှောင်းပိုင်းတုန်းကလဲ ကျနော်တို့ သီပေါ မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်သေးတယ်။တိုက်ပွဲကျ  ဗမာတပ်က ဗိုလ်မှူးတဦးရဲ့ အသုဘတောင်  သီပေါမှာ လာလုပ်သေးတယ်” - ဟု သီပေါမြို့ခံတဦးကလည်း ပြောပြပါ သည်။

အဆိုပါကိစ္စသည် ပြီးခဲ့သည့် မေလ ၂၆ ရက် ညနေ ၁၆:၃၀ မှ ၁၇:၃၀ အထိ သီပေါမြို့နယ် ဆောင်ကြဲ တိုက်နယ်၊ နောင်တွမ်အုပ်စု နမ့်မော်အက်ကျေးရွာ စိန်ကျော့(ဌာနေပြည်သူ့စစ်) ဌာနချုပ် အနောက်ဖက် ၁၂ မိုင်အနီး၌ မြန်မာစစ်တပ် စကခ ၁ လက်အောက်ခံ ခမယ ၅၀၄ နှင့် သျှမ်းတပ် တပ်မဟာ ၁ လက်အောက်ခံ ၆၄၁ တပ်ရင်း တို့ တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း မြန်မာစစ်တပ်ဘက် ဗိုလ်မှူးတ ယောက် အပါအဝင် ၁၀ ယောက်ထက် မနည်း သေဆုံးကြောင်း၊ သျှမ်းတပ်ဘက်က နယ်မြေကျွမ်း ကျင် လက်ဦးမှု ရရှိသော ကြောင့် ဒဏ်ရာအနည်းငယ် သာရရှိကြောင်း သီပေါမြို့နယ်ရှိ သျှမ်းအရာရှိတဦးက ပြောပါသည်။

မြန်မာမှ အဆင့်မှီ လေဆိပ် တစ်ခုတွင် ဘီးလေထိုးစက်မရှိ၍ လေယာဉ် တစီး ညအိပ်ရပ်နားခဲ့ရ

မြန်မာနိုင်ငံကို အုပ်ချုပ်သူ အစိုးရ တာဝန်ရှိသူများမှ နိုင်ငံတကာ အဆင့်မှီ လေဆိပ် တစ်ခု အဖြစ် တိုးချဲ့ တည်ဆောက်နေပါသည်ဟု ဆိုသော စစ်တွေ လေဆိပ်တွင် လေယာဉ်ဘီးများကို လေထိုးရန် စက်မရှိသဖြင့် လေယာဉ် တစီး ညအိပ် ရပ်နားခဲ့ရ သည်ဟု သိရသည်။
အဆိုပါ လေယာဉ်မှာ မေလ ၂၉ ရက်နေ့က ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များကို တင်ဆောင် ပျံသန်းလာသော အစိုးရပိုင် မြန်မာလေကြောင်းလိုင်း XY- AIB လေယာဉ် ဖြစ်ကြောင်း သိရသည်။
sittwe-airport" ညအိပ်ရပ်နားခဲ့ရတာက မှန်ပါတယ်။ နေုာက်တစ်နေ့ နေ့လည်ပိုင်းမှ ရန်ကုန်ကို ပြန်သွားခဲ့ရပါတယ်။ ဘီးက လေလျော့နေတဲ့ အတွက် ဘီးတစ်လုံး ရန်ကုန်က ရောက်လာပီးမှ ပြန်လဲကာ ထွက်ခွာသွားခဲ့ပါတယ်" ဟု လေဆိပ်တွင် အလုပ် လုပ်ကိုင်နေသူ ကိုထွန်းရွှေက ပြောသည်။

ယခုကဲ့သို့ ဘီးလေလျာ့နေသဖြင့် လေယာဉ်မပျံနိုင်၍ ခရီးသည် တစ်ချို့မှာ ကြောက်ပြီး ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီး တစ်ချို့ ခရီးသည်များမှာ တခြား လေယာဉ်များဖြင့် ရန်ကုန်သို့ လိုက်ပါ သွားခဲ့ရသည်ဟု သိရသည်။

" လူတွေကတော့ အများစု အိမ်ကို ပြန်သွားကြပါတယ်။ စစ်တွေမှာ လေယာဉ် လက်မှတ် ချက်ချင်းရဖို့ဆိုတာ အစိုးရ အာဏာပိုင်တွေမှ အပ သာမန် လူတွေက သိပ်မလွယ်ပါဘူး။ အများစုကတော့ ခရီးစဉ်ကို ဖျက်လိုက်တာ ရှိပါတယ်။ တစ်ချို့လည်း နောက်နေ့မှာ လိုက်ပါသွားကြပါတယ်" ဟု သူက ဆက်ပြောသည်။

စစ်တွေနှင့် ရန်ကုန် ခရီးစဉ်တွင် လေကြောင်းလိုင်း ၃ ခုခန့် နေ့စဉ် ပျံသန်းနေပြီး ပုဂ္ဂလိကလေကြာင်းလိုင်း များတွင် လေယာဉ်ခ တစ်ကြောင်းတည်းမှာ ကျပ် ရှစ်သောင်းကျော် ရှိပြီး အစိုးရပိုင် မြန်မာ့လေကြောင်း လိုင်းမှာ ငါးသောင်း လေးထောင်ကျပ်သာ ယူသည်ဟု သိရသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲမူကြောင့် စစ်တွေ လေဆိပ်မှာ ခရီးသည်အသွားအလာများသော လေဆိပ် တစ်ခု ဖြစ်သော်လည်း အစိုးရ အာဏာပိုင်များက ခေတ်မှီ တိုးတက်အောင် ပြုပြင်ပေးမူ မရှိသဖြင့် လမ်း လျော်ခြင်း၊ လေယာဉ်များ အချိန်နှင့် တပြေးညီ ပျံသန်းနိုင်ခြင်း မရှိဘဲ ဖြစ်နေခြင်း၊ လေယာဉ် လက်မှတ်များ ရရှိရန် ခက်ခဲ ကြန့်ကြားခြင်းစသည့် အခြေအနေများနှင့် ကြုံတွေ့နေကြရ ကြောင်း သိရသည်။

Sunday, June 5, 2011

ဂျွန်မက်ကိန်း မြန်မာပြည်မှအပြန်တွင် တွစ်တာကို ပြေးသုံး

မိုးမခအထောက်တော် အမှတ် ၀၁၂
ဇွန် ၃၊ ၂၀၁၁
 မြန်မာပြည်မှ ပြန်ခဲ့ပြီဖြစ်ကြောင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက Twitter (တွစ်တာ) စာမျက်နှာတွင် လွန်ခဲ့သည့် တနာရီက ရေးသားလိုက်သည်။ "၁၅ နှစ် အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် ပြန်တွေ့ရပါပြီ။ သူကတော့ အမြဲတမ်း လေးစားစရာ ကောင်းနေတာပါပဲ" ဟု ဂျွန်မက်ကိန်းက ရေးထားသည်။ "နေပြည်တော်မှာ ရှိတဲ့ အစိုးရက အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းချင်နေတယ်။ ဒါပေမယ့်လည်း မဖြစ်မနေ လုပ်ရမယ့်ဟာတွေ ရှိပါတယ်" ဟု ဆိုကာ ရန်ကုန်တွင် ယနေ့ ဖြန့် ဝေသည့် ထုတ်ပြန်ချက် ကို ဖတ်ရှုနိုင်မည့် အင်တာနက် လိပ်စာကို ဖော်ပြထားသည်။
ဂျွန်မက်ကိန်းက မြန်မာပြည်မှ ပြန်လည်ထွက်ခွာပြီးနောက် အင်တာနက်နှင့် ထိတွေ့ခွင့် ရသည်ကို ၀မ်းမြောက်နေဟန် ရှိသည်။ "မြန်မာပြည်က ကံဆိုးစွာနဲ့ပဲ တွစ်တာကို ဆင်ဆာ လုပ်ထားတယ်" ဟု သူက ရေးထားသည်။
သူနှင့် ရန်ကုန်တွင် တွေ့ခဲ့သည့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တွစ်တာကို သုံးလိုကြောင်း အောက်တိုဘာလက ပြောကြားခဲ့ဖူးသည်။ ထိုစဉ်က ဒေါ်စုသည် ထိန်းသိမ်းခံရဆဲ ဖြစ်သည်။ ယခု ပြန်လွတ်မြောက်လာပြီး အင်တာနက်အသုံးပြုနေသော်လည်း တွစ်တာနှင့် ထိတွေ့ခြင်း ရှိမရှိ မသိရသေးပေ။
တွစ်တာသည် သတင်းကွန်ရက် အင်တာနက် စာမျက်နှာ ဖြစ်သောကြောင့် ယနေ့ခေတ် စာနယ်ဇင်းသမားများ၏ လက်စွဲ ဖြစ်နေသည်။
ယမန်နှစ်က ထိုင်းနိုင်ငံအခြေစိုက် ဧရာဝတီမဂ္ဂဇင်းမှ သတင်းထောက်များအတွက် ဘာသာပြန်ပေးနေသူ ထိုင်းအမျိုးသမီးကို ဆန္ဒပြသူတို့ ဖမ်းဆီးလိုက်သည့် သတင်းသည် တွစ်တာမှတဆင့် လက်တို့ ဖြန့်ဝေသဖြင့် စာနယ်ဇင်းသမားတို့ အလျင်အမြန် သိရှိခဲ့ရသည်။

ထိုင်းသတင်းစာ၊ ထိုင်းရွေးကောက်ပွဲ နဲ့ မြန်မာပြည်သားတို့ ဆင်ခြင်စရာများ


မနေ့က ထိုင်းမှာ ထုတ်တဲ့ The Nation မျက်နှာဖုံးပါ။  (ဧရာဝတီ မှ )

နီးကပ်လာတဲ့ ထိုင်းရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်လောင်းတွေ ဘယ်လို မဲဆွယ်နေသလဲ ဆိုတာတွေ ရေးထားတယ်။
လက်ရှိဝန်ကြီးချုပ် အဖိဆစ်ဝေ့ချာချီဝရဲ့ဓာတ်ပုံတွေဖော်ပြပြီး အစားအသောက်၊ ဆုတောင်းမှု၊ အချစ် လို့ စာတန်းထိုးတယ်။


အဖိဆစ်က သူ့ကို လူကြိုက်နည်းတဲ့ ထိုင်းမြောက်ပိုင်းခရိုင်တွေဘက် ခရီးလှည့်နေတာပါ။

(အစိုးရဆန့်ကျင်တဲ့ ရှပ်နီတို့ရဲ့ အမာခံမြို့တော် ချင်းမိုင်ကိုလည်း သူ မနေ့က ရောက်လာတယ်။ ရဲတွေလည်း လုံခြုံရေးပေးရတာ အတော် အလုပ်ရှုပ်သွားတယ်။)

အဖိဆစ် ဆုတောင်းနေတဲ့ပုံအောက်မှာ - သူ မလုပ်ချင်တာ တွေ အများကြီး လုပ်နေရတယ်။ အဲဒါတွေကတော့
-- အရင်က မစားဖူးတာတွေ စားတယ်၊
-- လန်ဖွန်း ခရိုင်က ဘုန်းကြီးကျောင်းမှာ သူ့လူတွေလုပ်တဲ့ အန္တရာယ်ကင်း ဆုတောင်းပွဲကို တက်ရတယ်၊
-- သူ့ပြိုင်ဘက် ရှပ်နီတွေနဲ့ သွားတွေ့ရတယ် ဆိုတာတွေပါပဲ လို့ ရေးထားတယ်။

ဝန်ကြီးချုပ်အကြောင်းကို လွတ်လပ်စွာ ရေးနေကြ၊ ကလိနေကြတာပါပဲ။ မြန်မာပြည်မှာ သတင်းစာထုတ်ခွင့်ရရင် ဦးသိန်းစိန်တို့က ဒီလို ရေးတာတွေကို ခွင့်ပြုပါ့မလား စဉ်းစားစရာပါ။

ဒီအချိန်မှာ အဖိဆစ်ရဲ့အဓိကပြိုင်ဘက် ရင်လပ် ရှင်နာဝပ်က ဘန်ကောက်ဝန်းကျင်မှာ မဲဆွယ်နေတယ်။
Siriraj ဆေးရုံက ထိုင်းဘုရင်အတွက်ဆုတောင်းမေတ္တာပို့ရေးသားတဲ့ စာအုပ်မှာလည်း လက်မှတ်သွားထိုးတယ်လို့ ဆိုတယ်။ သတင်းကတော့ ဒါပါပဲ။

ရင်လပ် ရှင်နာဝပ်ဟာ ပြည်ပရောက်ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ရဲ့ နှမပါ။ ဒီရွေးကောက်ပွဲအကြိုကာလမှာ သူက သူ့အစ်ကိုနောက်လိုက်တွေရဲ့ ခေါင်းဆောင် ဖြစ်လာတယ်။

ထိုင်းနိုင်ငံရောက် မြန်မာပြည်သားတွေ စိုးရိမ်စရာတွေ ရှိနေတယ်။

ကြိုတင်မဲပေးရတဲ့ ဒီလ ၂၄-၂၅-၂၆ ရက်နေ့တွေ၊ ရှေ့လ ၃ ရက်နေ့ ရွေးကောက်ပွဲနေ့တွေမှာ အရက်ရောင်းခွင့် ပိတ်မယ်လို့ သတင်းတချို့မှာ ရေးထားတယ်။ ယမကာလုလင်တွေ အခက်အခဲ ကြုံနိုင်ချေပါပဲ။

ရွေးကောက်ပွဲကာလ ဆူပူမှု၊ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ ခရိုင် ၁၀ ခုမှာ လုံခြုံရေးတိုးမြှင့်မယ်လို့
မေ ၂၆ ဘန်ကောက်ပို့စ်က ဆိုတယ်။

ဘန်ကောက်၊ ခွန်ခန် (Khon Kaen)
ချွန်ဘူရီ၊ ချင်းမိုင်
နခွန်ရာချစီမာ၊ ဘူရီရမ်
Roi Et (ဘယ်လိုအသံထွက်ရမှန်း မသိ)၊ ဥဒေါင်းဌာနီ
စမွတ်ပရာကန်၊ ဥဘွန် ရချဌာနီ
တို့ ဖြစ်ပါတယ်။

ဒီဒေသတွေမှာ မြန်မာပြည်သား အများအပြား တရားမ၀င် နေကြတာတွေ ရှိတယ်။ လုံခြုံရေးကို အနီရောင်အဆင့် သတ်မှတ်ထားလို့ ယုန်ထောင်ကြောင်မိ ဖြစ်ရပ်တွေ ဖြစ်လာနိုင်တယ်။ ရွေးကောက်ပွဲကာလမှာ အနေအထိုင် ဆင်ခြင်ပါမှ အန္တရာယ်ကင်းကြမှာပါ။ ။

ဘုရားသုံးဆူမြို့မှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်

2011-06-05  (အာရ်အက်အေမှကူးယူဖော်ပြသည်)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ မှာ ဒီကနေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားတဲ့အတွက် ၁၂ နှစ် အရွယ် ကလေးတဦး သေဆုံး ပြီး ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ သိရပါတယ်။
RFA
ဘုရားသုံးဆူမြို့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံး အဆောက်အဦတွင် ၂ဝ၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက် တွေ့ရပုံ။ (Photo: RFA)
ဘုရားသုံးဆူမြို့က စရဖ ရုံးကို မျက်နှာဖုံး စွပ်ထားတဲ့ လူ ၂ ယောက်က ဝင်ရောက် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားပုံ အသေးစိတ်ကို မျက်မြင်တွေ့ခဲ့သူ တဦးက RFA ကို အခုလို ပြောပါတယ်။

“သုံးနာရီ ခွဲဖို့ ငါးမိနစ် အလိုပေါ့နော်၊ မြန်မာနာရီနဲ့ဆိုရင်။ စရဖ ရုံးက Informer တယောက် ပြေးထွက်လာတယ်။ ကျနော်လည်း ဘာဖြစ်တာလဲဆိုပြီး သွားကြည့်လိုက်တော့ မျက်နှာဖုံးစွပ်နဲ့ လူ နှစ်ယောက် စရဖ ရုံးကို သေနတ်နဲ့ ပစ်ပြီးတော့ ပြန်ထွက်လာတယ်။ ပြန်ထွက်လာတော့ ကျနော်တို့ဘက် ပြေးလာပြီးတော့ ဓမ္မာရုံအရှေ့ ရောက်လာတယ်။ ရောက်လာပြီးတော့ တယောက်က ဓမ္မာရုံထဲ ဝင်သွားတယ်။ လူတွေက အကုန်လုံး ပြေးကုန်ပြီးတော့ သူက လူထုကိုတော့ မပစ်ဘူး။ ဟိုမှာ စရဖ ရုံးက အသံကြားပြီးသား ဆိုတော့ လူတွေက ပြေးကုန်ကြတယ်။ ကျနော်တို့လည်း အိမ်ထဲ ပြန်ပြေးဝင်တာပေါ့။ သူတို့လည်း ထွက်သွားရော ကားတစီးကို သေနတ်နဲ့ ချိန်ပြီးတော့ တားပြီးတော့ သူတို့ပြန်ထွက်သွားတယ်။ သူတို့ ထွက်သွားတဲ့အချိန်မှာ ကျနော်တို့လည်း လိုက်ထွက်လာတော့ ဓမ္မာရုံနားပဲ ရောက်သေးတယ် ဓမ္မာရုံမှာ ထ,ကွဲတာ။ ချိန်ကိုက်ဗုံး ဖောက်ပြီး ထွက်သွားတာပေါ့။ စရဖ ရုံးမှာ အရင်ကွဲတယ်”

စစ်သားတွေ အမြဲတမ်း စောင့်နေလေ့ရှိတဲ့ ဓမ္မာရုံထဲကို မျက်နှာဖုံးစွပ်နဲ့ တယောက်က ဝင်ရောက်သွားပြီး ချိန်ကိုက်ဗုံး ထောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းကို ဈေးဝယ်ရင်း မျက်မြင် ကိုယ်တွေ့မြင်ခဲ့တဲ့ ကိုကြည်ဝင်းက RFA ကို အခုလိုပြောပါတယ်။

“သေနတ်သမားက နှစ်ယောက်ပေါ့ဗျာ။ ခေါင်းစွပ် စွပ်ထားတယ်။ ဆင်းလာပြီးတော့ အဲဒီမှာ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတော့ လူတွေ ထွက်ပြေးတယ်။ ထွက်ပြေးပြီးတော့ တမိနစ်လောက်အကြာမှာပဲ ကျနော်တို့လည်း ဆိုင်ကယ်နဲ့ ထွက်ပြေးဖို့ စီစဉ်နေတုန်းမှာ ပေါက်ကွဲသံကြားတော့ ကျနော်တို့လည်း လဘက်ရည်ဆိုင်ထဲ ပြေးဝင်တာပေါ့။ အဲဒီမှာ သူတို့ လူ ၂ ယောက် ဗုံးချပြီးတော့ ဖောက်တယ်ဗျာ။ ဖောက်ပြီးတော့ သူတို့ကားဆီကို တက်ဖို့ လျှောက်သွားတာပေါ့။ အဲဒီ အချိန်မှာ စရဖရုံး ဘက်ကလား ဘယ်ကလဲ မသိဘူး၊ ၂ ချက် ၃ ချက်ပစ်တယ်။ ပစ်တော့ သူတို့ 79 နဲ့ နောက်ထပ်တလုံး ထပ်ချတာ။ ပြီးတော့ သူတို့ သုံးလေးချက် ထပ်ပစ်တယ်။ စုစုပေါင်း လူ ၄ ယောက်။ ကားပေါ်တက်သွားပြီးတော့ တိုင်တရာကုန်း ဘက်ကို မောင်းပြေးသွားတယ်”

ဗုံး ၂ လုံး ပေါက်ကွဲတာဖြစ်ပြီး နောက်ထပ် မကွဲသေးတဲ့ ဗုံးတလုံးကိုလည်း အိမ်တအိမ်ရှေ့မှာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အခု ချိန်ကိုက်ဗုံးထောင် ဖောက်ခွဲမှုကြောင့် လူအသေအပျောက် အတိအကျ မသိရသေးပေမယ့် အသက် ၁၂ နှစ်အရွယ် ကလေးမတဦးလည်း သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် သေဆုံးသွားပြီး စရဖ ရုံးက တပ်ကြပ်ကျော်အောင်ဆိုသူ အပြင်းအထန် ဒဏ်ရာ ရရှိသွားပါတယ်။ ဒါ့အပြင် အငှားဆိုင်ကယ် မောင်းသူတဦးလည်း ဒဏ်ရာ ရရှိသွားကြောင်း သိရပါတယ်။

ဆန္ဒပြမယ်ဆိုလို့ မြို့တော်ခန်းမ ရှေ့မှာ လူတွေ စောင့်ကြည့်နေ

2011-06-05  (အာရ်အက်အေမှ ကူးယူဖောယ်ပြသည်)
နိုင်ငံရေးပါတီတချို့ ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ကြောင့် ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ နေ့လည်ပိုင်းက လူနှစ်ရာ ဝန်းကျင်လောက် စုရုံးခဲ့ပြီး ရဲနဲ့ လုံထိန်းတွေ၊ အရပ်ဝတ် လုံခြုံရေး ဝန်ထမ်းတွေ ရောက်ရှိလာတယ်လို့ သိရပါတယ်။
wikipedia
ရန်ကုန် မြို့တော်ခမ်းမ။ (wikipedia)
ဒီလို လူစုလူဝေး ဖြစ်နေချိန်မှာ အရပ်ဝတ် လုံခြုံရေးအရာရှိတဦးက အရင် စစ်အစိုးရ ထုတ်ပြန်ထားတဲ့ ‘ငါးယောက်ထက် လူ ပိုမစုရ’ ဆိုတဲ့အမိန့်ကို သိသလားလို့ ခြိမ်းခြောက် မေးမြန်းတဲ့အတွက် စောင့်ကြည့်နေသူ တချို့နဲ့ စကား အချေအတင် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။

NLD အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဒေါ်ခင်ဝင်းခိုင်က အခုလို ပြောပါတယ်။

“မြို့တော်ခန်းမမှာ လူနှစ်ရာကျော်လောက်၊ ဘုရားကျောင်းရှေ့မှာ ဒီဘက်က ပန်းခြံထောင့်မှာ လေးငါးဆယ်ယောက် အဲဒီလို လူတွေက စုနေတာ။ ဒီနေရာတွေက တနင်္ဂနွေနေ့ဆိုရင် လူရှင်းတယ်။ အခုကျတော့ လူအများကြီး ရောက်နေတယ်။ လုံခြုံရေးတွေလည်း အများကြီးပဲ။ တအောင့်လောက်နေတော့ ရဲမှူးလား ဘာလားမသိဘူး သူက လာပြီးတော့ ဒီမှာ ဘာလာလုပ်တာလဲတဲ့။ ခင်ဗျားတို့ မာရှယ်လော မသိဘူးလား တဲ့။ ကျမတို့ဘက်က လူတွေကလည်း ပြန်ပြောတယ်၊ အရပ်သားအစိုးရ ဖြစ်တဲ့အတွက် ဒီ ပုဒ်မတွေ မာရှယ်လောတွေ ရှိသေးလို့လား ဆိုတော့ သူတို့က ‘မဟုတ်ပါဘူး၊ မရှိပါဘူး’ တဲ့။ မရှိရင် ကျမတို့ကို လာမပြောနဲ့ဆိုပြီး ကျမတို့နဲ့ စကားများပြီး ကျမတို့လည်း တအောင့်လောက်နေတော့ ကိုယ့်လမ်းကိုယ် ပြန်လာကြတယ်”

နိုင်ငံရေးပါတီ တချို့က ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့စွဲနဲ့ ဦးသိန်းစိန် အစိုးရဆီမှာ ဆန္ဒပြခွင့် တင်ပြ တောင်းခံထားကြပါတယ်။ ဒီအတွက် ဆန္ဒပြပွဲ ဖြစ်မဖြစ် အကဲခတ်ကြသူတွေ စုရုံး ရောက်ရှိနေကြတာလို့ သိရပါတယ်။

အဲဒီ ဆန္ဒပြခွင့် တင်ပြချက်ကို အာဏာပိုင်တွေက ခွင့်မပြုဘဲ ဇွန်လ ၂ ရက်နေ့က ငြင်းဆန်ထားပြီးပြီလို့လည်း သိရပါတယ်။

မြန်မာအမျိုးသမီးတွေ တရုတ်ပြည်မှာ သတို့သမီးအဖြစ် ရောင်းစားခံနေရ(အာအက်ဖ်ေ

2011-06-04 (အာအက်အေ မှ ကူးယူဖော်ပြသည်)
မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုလုပ်ငန်းတွေမှာ ရောင်းစား ခံရတဲ့ အမျိုးသမီး အများစုဟာ တရုတ်ပြည်မှာ အလုပ်အကိုင်ရမယ်လို့ လှည့်ဖြားခေါ်ဆောင်ခံရပြီး နောက်ပိုင်းမှာ တရုတ် လူမျိုးတဦးရဲ့ သတို့သမီးအဖြစ် ရောင်းစားခံရတာမျိုး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဌာနက ထုတ်ဝေတဲ့ IRIN စာစောင်က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA)
ကုလသမဂ္ဂ ဌာနပေါင်းစု လူကုန်ကူးမှု တိုက်ဖျက်ရေးစီမံကိန်း UNIAP ရဲ့ အဆိုအရ ၂ဝ၁ဝ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံက လူမှောင်ခိုကူးမှု ၇ဝ ရာခိုင်နှုန်းဟာ တရုတ်ပြည်ကို လှည့်ဖြား ခေါ်ဆောင်ပြီး သတို့သမီးအဖြစ် ရောင်းစားခံရတဲ့ အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ အမျိုးသမီးတွေဟာ မိုင်ပေါင်း ၁၂ဝဝ ကျော်ရှိတဲ့ တရုတ်မြန်မာ နယ်စပ်တလျောက်ကနေ တရုတ်နိုင်ငံဘက်မှာ လူပွဲစားတွေက တဆင့် အရောင်းစားခံရတာဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်တာ ကာလကတည်းက ဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံက အိမ်ထောင်ဖက်မယ့် အမျိုးသားတွေက မင်္ဂလာဆောင်ဖို့ စီစဉ်သူပွဲစားကို အမေရိကန် ဒေါ်လာ ၈ ထောင် ဝန်းကျင် ပေးလေ့ရှိပြီး မြန်မာဘက်က ဆင်းရဲတဲ့ မိဘတွေကတော့ မိသားစု အဆင်ပြေဖို့ ဒေါ်လာ ၁ ထောင်လောက်နဲ့ လက်ခံ လိုက်လျောတာတွေ ရှိတယ်လို့ UNIAP က ဆိုပါတယ်။

ဒီလို တရုတ်နယ်စပ်ဖြတ် မင်္ဂလာဆောင်မှု စီစဉ်တာတွေဟာ ၂ဝဝ၂ ခုနှစ်လောက်ကတည်းက စခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာ နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေက သတိထားလာမိခဲ့ကြောင်း၊ ၂ဝဝ၉ ခုနှစ်မှာ ဒီလို စီစဉ်တာတွေကို လူမှောင်ခိုကူးမှုအဖြစ် နှစ်နိုင်ငံ အစိုးရတွေက အသိအမှတ်ပြုပြီး တိုက်ဖျက်နှိမ်နင်းဖို့ သဘောတူခဲ့ကြောင်း Save The Children အဖွဲ့က ပြောပါတယ်။

၂ဝ၁ဝ ပြည့်နှစ်အတွင်း တရုတ်မြန်မာနယ်စပ်က လူမှောင်ခိုကူးသူ ၅ဝ၂ ဦးကို ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့ပြီး လူမှောင်ခို ကူးခံရသူ အမျိုးသား ၈၉ ဦးနဲ့ အမျိုးသမီး ၂၉၂ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ