.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, June 5, 2011

မြန်မာအမျိုးသမီးတွေ တရုတ်ပြည်မှာ သတို့သမီးအဖြစ် ရောင်းစားခံနေရ(အာအက်ဖ်ေ

2011-06-04 (အာအက်အေ မှ ကူးယူဖော်ပြသည်)
မြန်မာ-တရုတ် နယ်စပ်ဖြတ်ကျော် လူမှောင်ခိုလုပ်ငန်းတွေမှာ ရောင်းစား ခံရတဲ့ အမျိုးသမီး အများစုဟာ တရုတ်ပြည်မှာ အလုပ်အကိုင်ရမယ်လို့ လှည့်ဖြားခေါ်ဆောင်ခံရပြီး နောက်ပိုင်းမှာ တရုတ် လူမျိုးတဦးရဲ့ သတို့သမီးအဖြစ် ရောင်းစားခံရတာမျိုး ဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဌာနက ထုတ်ဝေတဲ့ IRIN စာစောင်က ဇွန်လ ၃ ရက်နေ့မှာ ထုတ်ဖော် ရေးသားလိုက်ပါတယ်။
RFA
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် စိုက်ထူထားသော လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေး ပိုစတာ ဆိုင်းဘုတ်တခု ဖြစ်ပါသည်။ (Photo: RFA)
ကုလသမဂ္ဂ ဌာနပေါင်းစု လူကုန်ကူးမှု တိုက်ဖျက်ရေးစီမံကိန်း UNIAP ရဲ့ အဆိုအရ ၂ဝ၁ဝ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံက လူမှောင်ခိုကူးမှု ၇ဝ ရာခိုင်နှုန်းဟာ တရုတ်ပြည်ကို လှည့်ဖြား ခေါ်ဆောင်ပြီး သတို့သမီးအဖြစ် ရောင်းစားခံရတဲ့ အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ အမျိုးသမီးတွေဟာ မိုင်ပေါင်း ၁၂ဝဝ ကျော်ရှိတဲ့ တရုတ်မြန်မာ နယ်စပ်တလျောက်ကနေ တရုတ်နိုင်ငံဘက်မှာ လူပွဲစားတွေက တဆင့် အရောင်းစားခံရတာဟာ ပြီးခဲ့တဲ့ ၁ဝ နှစ်တာ ကာလကတည်းက ဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံက အိမ်ထောင်ဖက်မယ့် အမျိုးသားတွေက မင်္ဂလာဆောင်ဖို့ စီစဉ်သူပွဲစားကို အမေရိကန် ဒေါ်လာ ၈ ထောင် ဝန်းကျင် ပေးလေ့ရှိပြီး မြန်မာဘက်က ဆင်းရဲတဲ့ မိဘတွေကတော့ မိသားစု အဆင်ပြေဖို့ ဒေါ်လာ ၁ ထောင်လောက်နဲ့ လက်ခံ လိုက်လျောတာတွေ ရှိတယ်လို့ UNIAP က ဆိုပါတယ်။

ဒီလို တရုတ်နယ်စပ်ဖြတ် မင်္ဂလာဆောင်မှု စီစဉ်တာတွေဟာ ၂ဝဝ၂ ခုနှစ်လောက်ကတည်းက စခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှာ နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့တွေက သတိထားလာမိခဲ့ကြောင်း၊ ၂ဝဝ၉ ခုနှစ်မှာ ဒီလို စီစဉ်တာတွေကို လူမှောင်ခိုကူးမှုအဖြစ် နှစ်နိုင်ငံ အစိုးရတွေက အသိအမှတ်ပြုပြီး တိုက်ဖျက်နှိမ်နင်းဖို့ သဘောတူခဲ့ကြောင်း Save The Children အဖွဲ့က ပြောပါတယ်။

၂ဝ၁ဝ ပြည့်နှစ်အတွင်း တရုတ်မြန်မာနယ်စပ်က လူမှောင်ခိုကူးသူ ၅ဝ၂ ဦးကို ဖမ်းဆီး အပြစ်ပေးနိုင်ခဲ့ပြီး လူမှောင်ခို ကူးခံရသူ အမျိုးသား ၈၉ ဦးနဲ့ အမျိုးသမီး ၂၉၂ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ