
ဗဟိုဘဏ် အတိုးနှုန်းတွေကို မြှင့်တင်ပေး ထားတဲ့အတွက် ဒေသတွင်းရှိ အက်ဆက် တွေရဲ့ ဝယ်လိုအားမြင့်မားနေပါတယ်။ ဒါကြောင့် အာရှငွေကြေးတွေဟာ တတိယမြောက် ရက်သတ္တပတ်အဖြစ် တန်ဖိုးဆက်လက်မြင့်တက်နေပါတယ်။
တရုတ်ယွမ်
ဇွန် ၃ရက်နေ့က အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ သုည ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက် ပြီး တစ်ဒေါ်လာကို ၆ ဒဿမ ၄၈၄၆ ယွမ်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားငွေ ဖလှယ် ရောင်းဝယ်ရေးအဖွဲ့ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ဇွန် ၁ရက်က ယွမ် ငွေကြေးရဲ့ ဗဟိုဘဏ် ဗဟိုနှုန်းက တစ်ဒေါ်လာကို ၆ ဒဿမ ၄၈၃၇ နှုန်းထိ ရောက်ရှိ ပြီး တစ်ခါမျှမကြုံသေးဘူးတဲ့နှုန်းနဲ့ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
အိန္ဒိယရူပီး
အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေရဲ့ ဝယ်လိုအားက ထပ်မံမြင့်တက်လာတဲ့ အတွက် ပင်လယ်ရပ်ခြားဒေသမှာ ဒေါ်လာတန်ဖိုးမြင့်တက်တာတွေကြောင့် ဇွန် ၃ရက် မနက်ပိုင်းက ဈေးကွက်မှာ ရူပီးတန်ဖိုးက သုည ဒဿမ ၀၈ ရူပီးနှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၄၄ ဒဿမ ၉၀ ရူပီးနှုန်းဖြစ်ခဲ့ပါတယ်။
ဘဏ်အချင်းချင်းနိုင်ငံခြားငွေဖလှယ်ရေး အိတ်ချိန်းမှာ တစ်ဒေါ်လာကို ၄၄ ဒဿမ ၈၀ ရူပီးနဲ့ အနည်းငယ်မြင့်ခဲ့ရာမှာ တစ်ဒေါ်လာကို ၄၄ ဒဿမ ၈၅ ရူပီးနှုန်းနဲ့ တန်ဖိုးပြန်ကျခဲ့ ပါတယ်။
ဂျပန်ယန်း
အမေရိကန်ပြည်ထောင်စုရဲ့ ငွေဈေးနှုန်းအဆင့်နှုန်းကို ချလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ စိုးရိမ်မှုနဲ့ စီးပွားရေးကိန်း ဂဏန်းတွေကျဆင်းမှုကြောင့် အမေရိကန်ဒေါ်လာဟာ ယူရို၊ ယန်းနဲ့ ဗြိတိသျှ စတာလင်ပေါင်တို့နဲ့ ဖလှယ်ရာမှာ တန်ဖိုးကျဆင်းခဲ့ပါတယ်။
ဂျပန်ယန်းငွေတန်ဖိုးဟာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဇွန် ၁ ရက်က တစ်ဒေါ်လာကို ၈၀ ဒဿမ ၉၂ ယန်းနှုန်း ရှိခဲ့ရာမှ ၂ ရက်နေ့မှာ တစ်ဒေါ်လာကို ၈၀ ဒဿမ ၈၈ ယန်းနှုန်း ထိရောက်ရှိပြီး ယန်းငွေတန်ဖိုးမြင့်တက်ခဲ့ပါတယ်။
မလေးရှားရင်းဂစ်
အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီကို လျှော့ချနိုင်ခြင်းမရှိရင် အမေရိကန်ပြည်ထောင်စုရဲ့ ချေးငွေအဆင့်ကို နှိမ့်ချမယ်လို့ Moody's Inverstors Service ကသတိပေးခဲ့ပါတယ်။ ဒါကြောင့် ရင်းနှီးမြှပ်နှံသူတွေရဲ့ ဒေါ်လာဝယ်လိုအား ကျဆင်းခဲ့တဲ့အတွက် မလေးရှား ရင်းဂစ်ရဲ့ တန်ဖိုးဟာ ယခုရက်သတ္တပတ်အတွင်းမှာ တစ်လအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိပါတယ်။
ကွာလာလမ်ပူမှာ မေ ၂ရက်နေ့ မနက် ၁၀ နာရီခွဲက ရင်းဂစ်ငွေကြေးတန်ဖိုးဟာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၃ ဒဿမ ၀၁၅၅ ရင်းဂစ်နှုန်း ဖြစ်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
အမေရိကန်ပြည်ထောင်စုရဲ့ ချေးငွေအဆင့်ကို Aaa အဆင့်မှ လျှော့ချတော့မည့် အခြေ အနေကြောင့် ဒေါ်လာတန်ဖိုးကျဆင်းခဲ့တဲ့အတွက် ကိုရီးယား ဝမ်ငွေတန်ဖိုးဟာ ဧပြီလ အတွင်းရက်သတ္တပတ်အလိုက် အမြင့်ဆုံးအနေအထားကို ရောက်ရှိခဲ့ပါတယ်။
ဇွန် ၂ရက်နေ့ မနက် ၉ နာရီ ၅၁ မိနစ်က ဝမ်ငွေရဲ့ တန်ဖိုးက သုည ဒဿမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၁၀၇၅ ဒဿမ ၆၀ ဝမ်နှုန်း ကို ရောက်ရှိခဲ့ပါတယ်။ ဧပြီ ၂၉ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။
ထိုင်းဘတ်
ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် ထိုင်းဗဟိုဘဏ်က ဗဟိုဘဏ်အတိုးနှုန်းကို မြှင့်တင်ပေးခဲ့တဲ့အပြင် ထပ်မံတိုးမြှင့်ပေးဦးမည့် အလားအလာတွေရှိနေပါတယ်။ ဒါကြောင့် ဘတ်ငွေတန်ဖိုးဟာ ဧပြီနောက်ပိုင်းမှာ ရက်သတ္တပတ်အလိုက် တိုးတက်မှုအမြင့်ဆုံး ဖြစ်ပါတယ်။
ထိုင်းဘတ်ငွေတန်ဖိုးမှာ ဇွန် ၂ရက် ညနေ ၃နာရီ ၁၃မိနစ်က ဘန်ကောက်ဈေးကွက်မှာ ယခုရက်သတ္တပတ်အတွင်း သုည ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒဿမ ၃၃ ဘတ်နှုန်းရှိခဲ့ပါတယ်။
No comments:
Post a Comment