.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, June 7, 2011

ရခိုင်လူထု စိတ်ပိုင်းဆိုင်ရာ အောင်ပွဲရရှိ

(ဧရာဝတီ မှ ကူးယူဖော်ပြသည်)
မကြာသေးခင်က တူးဖော်ရရှိခဲ့သော ရခိုင် ရှေးဟောင်းဗုဒ္ဓ ဆင်းတုတော်များအား မြန်မာအစိုးရသစ်က နေပြည်တော်သို့ သယ်ယူမည့် အစီအစဉ်ကို ကန့်ကွက်နိုင်ခြင်းသည် ရခိုင်လူထုအတွက် စိတ်ပိုင်းဆိုင်ရာ အောင်ပွဲတရပ် ရရှိလိုက်ခြင်းပင် ဖြစ်သည်။

Maha_Muni_Buddha
လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ပြည်မှ အမရပူရသို့ သယ်ဆောင်သွားခဲ့ပြီး ယခုအခါ မန္တလေး ချမ်းမြသာစည်ရပ်တွင် စံနေတော်မူသော မဟာမုနိရုပ်ရှင်တော်
ရခိုင်ပြည်နယ် မြောက်ဦး ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ၌ ရွှေဆင်းတုတော် တဆူနှင့်အတူ ဆင်းတုတော်ပေါင်း ၃၇ ဆူအား မေလ ၃၀ ရက်နေ့က တူးဖော်တွေ့ရှိခဲ့သည်။

တူးဖော်ရရှိခဲ့သော ရှေးဟောင်း ဆင်းတုတော် အားလုံးမှာ အေဒီ ၈ ရာစု၊ ဝေသာလီခေတ်က ဆင်းတုတော်များ ဖြစ်သည်ဟု ရှေးဟောင်းသုတေသန ဦးစီးဌာန၏ အငြိမ်းစားဒု-ညွှန်မှူးတဦးဖြစ်သည့် မြောက်ဦးမြို့ခံ ဦးကျော်ထွန်းအောင်က ပြောသည်။

ရှေးဟောင်း ဗုဒ္ဓဆင်းတုတော်သည် ရွှေချိန် ၄ ပိဿာနှင့် ၆၄ ကျပ်သား အလေးချိန်ရှိသည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ပြီး နောက်တနေ့တွင် နေပြည်တော်သို့ သယ်ယူရန် အာဏာပိုင်များက ကြိုးစားခဲ့သော်လည်း ဒေသခံပြည်သူများက ဇွန် ၄ ရက်နေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ခြင်းကြောင့် သယ်ယူမည့်အစီ အစဉ်ပျက်သွားခဲ့သည်။

ရွှေအစစ်ဟု သတင်းထွက်ပေါ်ခဲ့သော ဗုဒ္ဓဆင်းထုတော်ကို ထပ်မံစစ်ဆေးခဲ့ရာ ကြေးတချို့ပါဝင်နေကြောင်း သိရသည်။

“ဒေသခံတွေရဲ့ ဆန္ဒအရ မြောက်ဦးမြို့မှာပဲ တည်ထားကိုးကွယ်သွားဖို့
လုပ်ဆောင်နေကြပါတယ်။ ရှေးဟောင်းပုံစံ မပျက်အောင် ဆောင်ရွက်သွားမှာပါ။ ကျနော့်ဆန္ဒလည်း အဲဒီလိုပဲ ကိုယ့်ဒေသမှာပဲ ထားချင်ပါတယ်” ဟု ရခိုင်ပြည်နယ် ယဉ်ကျေးမှုဝန်ကြီး ဦးအောင်သန်းတင်က ဧရာဝတီကို ပြောသည်။

ရှေး ရခိုင်ဘုရင်များ ထီးနန်းစိုးစံခဲ့ရာ မြောက်ဦးမြို့၌ ရှေးဟောင်း လက်ရာ ဘုရား၊ ပုထိုးစေတီများနှင့် ရှေးဟောင်း အဆောက်အအုံ ထောင်ပေါင်းများစွာ ရှိနေပြီး တချို့သော စေတီပုထိုးများ၊ အဆောက်အအုံများမှာ ပျက်စီးနေပြီဖြစ်ကြောင်း၊ မြန်မာအစိုးရက မြောက်ဦးမြို့ကိုဖြတ်၍ ဖောက်လုပ်နေသော မီးရထားလမ်း အတွက်လည်း ရှေးဟောင်း စေတီ ပုထိုးများနှင့် အဆောက်အအုံတချို့ကို ၂၀၁၀ ပြည့်နှစ်အတွင်းက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်နိုင်ငံတော်အား ဗမာဘုရင်က သိမ်းပိုက်၍ ရခိုင်လူမျိုးတို့၏ အထွဋ်အမြတ်ထားရာ မဟာမုနိ ရုပ်ရှင်တော် ဘုရားကြီးကို ရခိုင်နိုင်ငံတော်မှ အမရပူရ မြို့တော်သို့ သယ်ဆောင် သွားခဲ့သည်။

ယခု ဖြစ်စဉ်သည် ရှေးရခိုင် သမိုင်းကြောင်းအား ပြန်ပြောင်း သတိရစေခဲ့ကြောင်း မြောက်ဦးမြို့ခံတချို့က ပြောသည်။

“နေပြည်တော်ကို သယ်ယူမယ့် အစီအစဉ်ကို ကန့်ကွက်နိုင်ခဲ့တာဟာ ကျမတို့ဒေသခံ ရခိုင်လူမျိုးတွေရဲ့အောင်မြင်မှု ရလဒ်ပါ။ ဖြစ်နိုင်ရင် မဟာမုနိ ဘုရားကြီးကိုလည်း မြောက်ဦးကို အမြန်ဆုံး ပြန်ရောက်စေချင်တယ်” ဟု အသက် ၆၉ နှစ်အရွယ် မြောက်ဦးမြို့ခံ အငြိမ်းစား ကျောင်းဆရာမကြီး တဦးက ဆိုသည်။

ဆက်လက်၍ ၎င်းက ယခု တူးဖော်ရရှိသည့် ဗုဒ္ဓဆင်းတုတော် ရွှေစစ်ခြင်း၊ မစစ်ခြင်းက အရေးမကြီးကြောင်း၊ ရခိုင်လူမျိုးများ၏ ရှေးဟောင်း အမွေအနှစ် ဖြစ်သောကြောင့် ဤမြေ၌ပင် ထားရမည် ဖြစ်ကြောင်း ပြောသည်။

“ကျမတို့ရဲ့ရှေးဟောင်း အမွေ မှန်သမျှကို အသက်ပေးပြီး ကာကွယ် စောင့်ရှောက် သွားမှာပါ” ဟု သူက ဆိုသည်။

အာဏာပိုင်များက အာဏာအားကိုးနှင့် ယဉ်ကျေးမှု အမွေများကို ဖျက်စီးလေ့ရှိကြောင်း၊ ရှေးဟောင်း ပစ္စည်းများကို စစ်ဆေးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ယူဆောင်သွားကာ ပြန်မပို့တော့ကြောင်း အငြိမ်းစား ကျောင်းအုပ်ဆရာမ ကြီးက ဆက်ပြောသည်။

သူက “ဒါတွေကို မကန့်ကွက်ဘူးဆိုရင် နောက်ပိုင်းကျ အုတ်ခဲကျိုးတွေတောင် သယ်သွားတော့မယ့် အနေအထားနဲ့ ရင်ဆိုင် ရနိုင်တယ်” ဟု ဆိုသည်။

ဗုဒ္ဓဆင်းတုတော် များအား ယခုအခါ မြောက်ဦးမြို့ရှိ ရတနာ့မာန်အောင် ကျောင်းတိုက်၌ ထားရှိရာ ဒေသခံ အများအပြား လာရောက် ဖူးမျှော်နေကြကြောင်း၊ ဗုဒ္ဓဆင်းတုတော် အားလုံးကို သာသနာ့ ဗိမာန် တခုတည်ဆောက်၍ တည်ထား ကိုးကွယ်သွားမည် ဖြစ်ကြောင်း ရတနာ့ မာန်အောင် ကျောင်းတိုက်မှ ဆရာတော်  တပါးက ဧရာဝတီကို မိန့်ကြားသည်။

“အခု ဘုန်ကြီးကျောင်းမှာပဲ အပူဇော်ခံထားပါတယ်။ ဒေသခံတွေက တအားကို ၀မ်းမြောက်ဝမ်းသာနဲ့ လာရောက် ဖူးမျှော်နေကြတယ်။ နေပြည်တော်ကို သယ်ယူဖို့ နောက်တကြိမ် လုပ်လာမလား ဆိုပြီးလည်း တချို့က စိုးရိမ်နေဆဲပါ” ဟု
ဆရာတော်က ဆိုသည်။

ရခိုင်ပြည်သူ လူထုက ဒေသတွင်းရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေကြသော် လည်း အာဏာပိုင်များသည် ရခိုင်ပြည်နယ်အတွင်းမှ ယဉ်ကျေးမှု အမွေများကို တဖြည်းဖြည်း ပျောက်ကွယ်စေရန် လုပ်ဆောင်နေသည်ဟု အတိုက်အခံ ရခိုင်နိုင်ငံရေးသမား ဦးအေးသာအောင်က ပြောသည်။

“ရခိုင်ပြည်က ရှေးဟောင်း ဘုရားတွေ၊ ရှေးဟောင်း ပစ္စည်းတွေ တဖြည်းဖြည်းနဲ့ ယူနေတာ ကုန်သလောက်ဖြစ်ပြီ” ဟု ၎င်းက ဆိုသည်။

ရှေးရခိုင် ဘုရင်များသည် ရခိုင်နိုင်ငံတော်အဖြစ် တည်ထောင်ကာ မြောက်ဦးမြို့၌ နန်းစိုက်၍ မင်းအဆက်ဆက် အုပ်ချုပ်လာခဲ့ သော်လည်း ၁၇၈၄ ခုနှစ်တွင် ဗမာဘုရင် ဘိုးတော်ဘုရား ခေါ် ဘိုးတော်ဦးဝိုင်း  လက်ထက်က ၎င်း၏ သားတော်ကြီး ဦးဆောင်သော တပ်များက သိမ်းပိုက်ခဲ့၍ ရခိုင်နိုင်ငံတော် တခုလုံး ကျဆုံးခဲ့ပြီး ရခိုင်လူမျိုးများ၏ အထွဋ်အမြတ်ထားရာ မဟာမုနိရုပ်ရှင်တော် ဘုရားကြီး ကိုလည်း သယ်ဆောင် သွားခဲ့သည်။

ထိုအချိန်က ရခိုင်နိုင်ငံတော်အား အုပ်ချုပ်နေသူမှာ ဘုရင် မဟာသမ္မတရာဇာ ဖြစ်သည်။ ဘိုးတော်ဦးဝိုင်းသည် ရခိုင် နိုင်ငံတော်အား သိမ်းပိုက်ပြီးနောက် အပိုင်း ၄ ပိုင်း ခွဲခြား၍ မြို့စောင့်တပ် ၄ ခု ထားရှိကာ အခွန်အခများ ကောက်ခံ၍ အမရပူရမြို့ နေပြည်တော်သို့ ဘဏ္ဍာငွေများ ပို့ဆောင်ပေးခဲ့ရသည်။

အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အုပ်ချုပ်စဉ်က ယူဆောင်သွားသော သီဟာသန ပလ္လင်အား လွပ်လပ်ရေး ရပြီးနောက်  မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင် ပေးခဲ့သကဲ့သို့ ရခိုင်ပြည်သူများကလည်း မဟာမုနိ ဘုရားကြီးကို ရခိုင်ပြည်နယ်သို့
ပြန်လည် ပို့ဆောင်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်သူများက ဆိုသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရန် လုပ်ဆောင်နေသည့် အတွက် မဟာမုနိ ဘုရားကြီးအား ရခိုင်ပြည်သို့ ပြန်လည် ပို့ဆောင်ပေးပါက ကောင်းမွန်သော လုပ်ရပ်တခုဖြစ်မည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဧရာဝတီကို ပြောသည်။

“သမိုင်းဝင်တဲ့ အရာတွေကို သူ့နေရာမှာ သူ့အတိုင်းထားတာဟာ အကောင်းဆုံးပါ။ သီဟာသန ပလ္လင်ကြီးတောင် မြန်မာနိုင်ငံကို ပြန်ပေးခဲ့တာပဲ။ မဟာမုနိကို ပြန်ပြီး ပို့ပေးသင့်တယ်။ တိုင်းရင်းသားစည်းလုံးရေး ဆိုတာက ပါးစပ်က ပြောနေရုံ၊ စာရွက်တွေနဲ့ ပြောနေရုံနဲ့ မရဘူး” ဟု သူက ဆိုသည်။

ဘီစီ ၅၄၃ မတိုင်မီနှစ်များက ဓညဝတီပြည်ဘုရင် စန္ဒသူရိယမင်းကြီး သွန်းလုပ်ပူဇော်ခဲ့သော မဟာမုနိ ရုပ်ရှင်တော် ဘုရားကြီးကို မြန်မာသက္ကရာဇ် ၁၁၄၆ တပေါင်းလတွင် ဘိုးတော်ဘုရား၏ သားတော်ကြီး အိမ်ရှေ့ ဥပရာဇာ ရွှေတောင်မင်းက  တောင်ကုတ်လမ်းမှ ပန်းတောင်း၊ ထိုမှ ဧရာဝတီ မြစ်အတိုင်း ပင့်ဆောင်ခဲ့ရာ မြန်မာသက္ကရာဇ် ၁၁၄၇ ခုနှစ် ကဆုန်လတွင် အမရပူရနေပြည်တော်သို့ ရောက်ရှိခဲ့သည်၊ မဟာမုနိ ရုပ်ရှင်တော်မြတ်သည် နှစ်ပေါင်း ၂၃၂၈ နှစ်တိုင် ရခိုင်ပြည်နယ်ရှိ သီရိဂုတ္တ တောင်တွင် စံတော်မူခဲ့၍ မန္တလေးတွင် နှစ် ၂၀၀ ကျော်ကြာ စံတော်မူခဲ့ပြီး ဖြစ်သည်ဟု နေထွတ်ပြုစုသော မန္တလေး အဘိဓာန်တွင် ပါရှိသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ