ဟိန်းသူ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် သွေးလှူကြဖို့ လှုံ့ဆော်နေတဲ့ BG သွေးကူညီပေးရေးအဖွဲ့က ရန်ကုန်စစ်ဆေးရုံတွေကိုလည်း သွေး ထောက်ပံ့နေရတယ်လို့ ဆိုပါတယ်။
“အစောပိုင်းက အာဏာပိုင်တွေ တောက်လျှောက်လိုက်တယ်။ နှောက်ယှက်ဟန့်တားတာတွေ အများကြီး ကြုံခဲ့ရတယ်။ ကျနော်တို့က ပုံမှန် သွေးလှူမှုတွေ ပြုလုပ်လာခဲ့တော့ နောက်ပိုင်းမှာ အမှတ် ၁ စစ်ဆေးရုံတို့၊ အမှတ် ၂ စစ်ဆေးရုံတို့ကပါ သွေးလှမ်းတောင်းတဲ့ အဆင့်ထိ ဖြစ်လာခဲ့တယ်” လို့ အဖွဲ့ခေါင်းဆောင် ကိုညီညီက ပြောပြပါတယ်။
လာမယ့် ၁၉ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် သွေးလှူတဲ့အစီအစဉ် ဒီကနေ့ အစပြုပါပြီ တဲ့။ သင်္ကန်းကျွန်း၊ စံပြဆေးရုံမှာပါ တဲ့။
“အမေစုကို အသက်ရာကျော်ရှည်စေချင်တဲ့အတွက် ကျနော်တို့က အခုလို့ ရည်ရွယ်ပြီး သွေးလှူဒါန်းပွဲ ပြုလုပ်ပေးတာပါ။ အမေစု မွေးနေ့ အထိ လှူဒါန်းသွားမှာပါ” လို့ ကိုညီညီက ရှင်းပြပါတယ်။
BG အဖွဲ့ နဲ့ အတူ ပုံမှန် သွေးလှူနေကျဖြစ်တဲ့ အသက် ၄၅ နှစ် ၀န်းကျင် ရှိပြီဖြစ်တဲ့ အမျိုးသမီးတဦးက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်ရွယ်ပြီး သွေးလှူခဲ့တာ ဒါဟာ သူ့အတွက် အကြိမ် ၄၀ မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။
“ပြည်သူအတွက် အများကောင်းကျိုးအတွက် ဆောင်ရွက်နေတဲ့ အန်တီစုကို ဂုဏ်ပြုတဲ့အနေနဲ့ ရည်ရွယ်ပြီး လှူဖြစ်တာပါ” တဲ့။
BG က မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် တို့မှာလည်း အဖွဲ့ခွဲတွေ ရှိတယ်၊ သွေးလှူဒါန်းပွဲတွေ တပြိုင်နက် လုပ်မယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံး၊ တကမ္ဘာလုံးမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသူ အားလုံး သွေးလှူဒါန်းကြဖို့လည်း သူတို့က တိုက်တွန်းထားပါတယ်။
BG ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ရဲ့ တိုက်တွန်းမှုကြောင့် ၂၀၀၆ မှာ ဖွဲ့ခဲ့တယ်၊ သွေး အကူအညီပေးဖို့ စာရင်းပေးထားသူ သွေးလှူရှင် အရေအတွက်ဟာ ရန်ကုန်တိုင်းအတွင်းမှာ ၃ သောင်း ကနေ ၄ သောင်းကြား ရှိတယ်လို့ သိရပါတယ်။
သွေးလှူဒါန်းလိုသူများ ဆက်သွယ်ရန်
ကိုညီညီ 09 4932 8055
ဒေါ်သီတာ 01 396 476
ကိုလင်းထက် 09 7312 5885
ကိုကောင်းထက်ကျော် 09 992 7082
ကိုသီဟန် 09 4930 8433
မထိုက် 09 7317 0165
(ဧရာဝတီမှ ကူးယူဖော်ပြသည်)
စာမျက်နာ
ကြိုဆိုပါဧ။်
အကြို့်များသောပိုစ်များ
Subscribe to:
Post Comments (Atom)
စကားလက်ဆုံပြောကြမယ်
ဗိုလိချုပ်မိန်.ခွန်း
ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း
ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။
(ဗိုလ်ချုပ်အောင်ဆန်း)
မိဘဆိုတာ
သတင်းဌာနများ
ပြည်တွင်းမီဒီယာများ
ရုပ်ရှင် ဗီဒီယီု သီချင်း များရှာဖွေရန်
သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ
ဒီနေ.ဘာနေ့.လဲ
ယနေ. ကမ္ဘာ့ သတင်းများ
ငွေလဲနှုန်းများကြည့်ရန်
လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်
အကြိုက်များသော Posts
-
ဆရာတာရာမင်းဝေ၏ကဗျာများ၊စာများကိုတစုတစည်းတည်းဖတ်ရှုနိုင်ကြစေရန်စုဆောင်းတင်ပြထားခြင်းဖြစ်ပါသည်။ ကျနော်တင်ပြထားသည်များအပြင်အခြ...
-
Thursday, 27 October 2011 00:0...
-
ရန်ပိုင် Thursday, 07 July 2011 16:10 ရန်ကုန်တိုင်း တိုင်း...
-
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထပ်ပို.မြို. ကျွန်တော်တို. ပန်းရံအလုပ်သမားတန်းလျားကကားလမ်းနဲ့.နီးတယ်လေ... ဒါကြောင့်လဲညစဉ်အိပ်ရေးမ၀တဲ့ဒ...
-
[color=cyan]ဗုဒ္ဓဘာသာ website များ www.dhammadownload.com www.dhammanet.org www.edhamma.com www.mora.gov.mm www.dhammasearch.net မြ...
-
မြန်မာနိုင်ငံသားများအပါအ၀င်ရွှေ့ပြောင်းအလုပ်သမားများ အတွက် အထူး မီဒီယာသင်တန်းဖွင့်မည် Posted by ကိုဝိုင်း (မိုးညှင်း) at 9:23 PM တစ်နိ...
-
ဆဲလ် Robert Hooke သည် Micrographia ဖြင့် မြင်ရသော cork ၏ ပုံသဏ္ဌာန်ကို ဆွဲထားပုံ။ ၎င်းများ သက်ရှိကို ပထမဆုံး ဆဲလ် ဟုခေါ်ခြင်းဖြစ်သည်။ မွေး...

No comments:
Post a Comment