.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, June 11, 2011

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား
တူမောင်ညို
မိုးမခ၊ ဇွန် ၁၁၊ ၂၀၁၁
 
(မိုးမခမှ ကူးယူဖော်ပြသည်)
ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးက ဆီနိတ်တာဂျွန်မက်ကိန်းနဲ့တွေ့ဆုံစဉ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပတ်သက် ပြီး  စုစုပေါင်းအဖွဲ့ကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရယူခဲ့ကြောင်း၊ ယင်းအဖွဲ့များ အနက် (၃) ဖွဲ့က ငြိမ်းချမ်းရေးမယူသေးတဲ့ အဖွဲ့ ၂ ဖွဲ့နဲ့ ပူးပေါင်းပြီး အစိုးရကိုဆန့်ကျင်နေကြောင်း၊ ကျန် (၁၄) ဖွဲ့ ကတော့ အခြေခံဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ပြော သွားပါတယ်။ ဒီလိုဆိုထားလေတော့ အဲဒီအဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာကို ကျနော်တို့စိစစ်ကြည့်ကြရအောင်။
 ဒီလိုစိစစ်တာမှာ (နအဖ)စစ်အစိုးရရဲ့နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖေါ်ပြခဲ့ကြတဲ့ ဆောင်းပါးရှင်ဆိုသူတွေရဲ့ ဆောင်းပါးတွေ ထဲကအချက်အလက်တွေကိုပဲ ကိုးကားဖေါ်ပြပါမယ်။

၂၀၀၂ စက်တင်ဘာ ၂၆ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာမှာဖေါ်ပြထားတဲ့ “တက္ကသိုလ်မြတ်သူ” ရဲ့ “ သွေးခွဲမှု မှန်သမျှ အပေါ်ထာဝရအောင်နိုင်သည့် စည်းလုံးညီညွတ်မှု”ဆိုတဲ့ ဆောင်းပါး အပိုင်း (၁) မှာ “ (၃၁/၃/၁၉၈၉) မှ (၆/၄/၁၉၉၈) အတွင်း တိုင်းရင်းသားလက်နက်ကိုင်(၁၇) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့၊ (၁၆) ဖွဲ့မှာ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ပြီး ကျန် (၁) ဖွဲ့မှာ ရခိုင်ပြည်နယ်မှ ဦးစောထွန်းဦး ခေါင်းဆောင်သောအဖွဲ့ဖြစ်သည်” လို့ ရေးသားဖေါ်ပြထားပါတယ်။
ဦးစောထွန်းဦးခေါင်းဆောင်တဲ့အဖွဲ့ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရခိုင်ပြည်နယ်အဖွဲ့ဖြစ်ပါတယ်။ (၂၉/၁၀/၁၉၉၆)မှာ နှစ်ဘက် စတင်ဆွေးနွေးကြပြီး၊   (၆/၄/၁၉၉၇) ရက်နေ့၊ မောင်တောမြို့မှာ “လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်” ခဲ့ကြတာပါ။
ဒါ့အပြင် အဲဒီ (၁၇) ဖွဲ့ထဲမှာ ဘိန်းဘုရင်ခွန်ဆာရဲ့ (MTA) ကိုထည့်သွင်းရေတွက်ထားတာဖြစ်ပါတယ်။ အောက်ပါ ဇယား လေးကိုကြည့်ရင်ရှင်းပါတယ်။

စဉ်
အဖွဲ့အမည်
အခြေပြုရာဒေသ
အပစ်ရပ်သည့်နေ့စွဲ
၁။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၁) MNDA
လောက်ကိုင်
၃၁ /၃/၁၉၈၉
၂။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၂) UWSP
ပန်ဆန်း
၉/၅/၁၉၈၉
၃။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) NDAA
မုံးလား
၃၀/၆/၁၉၈၉
၎။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၃) SSA
စိန်ကျော့
၂၄/၉/၁၉၈၉
၅။
ကချင်ပြည်နယ် အထူးဒေသ (၁) NDA (K)
ပန်ဝါ
၁၅/၁၂/၁၉၈၉
၆။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၅) KDA
ကောင်ခါး
၁၁/၁/၁၉၉၁
၇။
ရှမ်းပြည်နယ်(တောင်ပိုင်း) အထူးဒေသ (၆) PNO
ကျောက်တလုံး
၁၈/၂/ ၁၉၉၁
၈။
ရှမ်းပြည်နယ်(မြောက်ပိုင်း) အထူးဒေသ (၇) PSLF
နမ္မတူ
၂၁/၄/၁၉၉၁
၉။
ကယားပြည်နယ်အထူးဒေသ (၁) KNG
မိုးဗြဲ၊ ဖယ်ခုံ
၂၇/၂/၁၉၉၂
၁၀။
ကချင်ပြည်နယ်အထူးဒေသ (၂) KIO
လိုင်စင်
၂၄/၂/၁၉၉၄
၁၁။
ကယားပြည်နယ်အထူးဒေသ (၂) KNPLF
ဟိုယာဘီယာ
၉/၅/၁၉၉၄
၁၂။
ကယားပြည်နယ်အထူးဒေသ (၃) KNLP
ပြင်ဆောင်
၂၆/၇/၁၉၉၄
၁၃။
(ရလလဖ) SNPLO
နောင်ထော်
၉/၁၀/၁၉၉၄
၁၄။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP
ဒေါတမကြီး၊ ထီးပိုးကလိုး
၂၁/၃/၁၉၉၅
၁၅။
မွန်ပြည်သစ်ပါတီ NMSP
ရေးချောင်းဖျား
၂၉/၆/၁၉၉၅
၁၆။
ဘိန်းဘုရင်ခွန်ဆာ (MTA)
ဟိုမိန်း၊ လွယ်လန်း
၅/၁/၁၉၉၆
၁၇။
ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်အဖွဲ့)
ဘူးသီတောင်၊ မောင်တော
၆/၄/၁၉၉၇
 ဒါက (နအဖ) စစ်အစိုးရ ဝါဒဖြန့်ကြွားလုံးထုတ်လေ့ရှိတဲ့အဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာဖြစ်ပါတယ်။
အဲဒီအထဲမှာအပစ်ရပ်ပြီးရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲရေးပြန်လည်ပျက်ပြားသွားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)ကို ဒီစာရင်းထဲကဖယ်ရမှာဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ကို ဖယ်ထုတ်လိုက်ရင် ၁၆ ဖွဲ့ ကျန် ပါတယ်။
 ဒါပေမယ့် စာရင်းထဲက ဖယ်ထုတ်မပစ်ဘဲ အဖွဲ့ကြီး ၁၇ဖွဲ့ ဆိုပြီးပြောနေတော့တာပဲဖြစ်ပါတယ်။
ဒါ့အပြင် ၂၀၀၄ ခုနှစ် မတိုင်ခင် အမျိုးသားညီလာခံ( ၁၉၉၃ - ၁၉၉၆) တက်ရောက်တဲ့ “အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ် များအစုအဖွဲ့” စုစုပေါင်းဟာ (၅၇) ဦးသာရှိတာပါ။
 ဒါပေမယ့် ၈ နှစ်နီးပါး ရပ်နားခဲ့ရပြီး  (၂၀၀၄)မှာ ပြန်လည်ကျင်းပရတဲ့ “အမျိုးသားညီလာခံ” မှာတော့  (၁၀၅) ဦး ဖြစ်လာ ပါတယ်။ ဒါကလည်း မူလအဖွဲ့အစည်းတွေဖြစ်ကြတဲ့ (KNU)က ခွဲထွက်ကြတဲ့ (DKBA) ၊ ဟောင်သယော၊ ဘုရားကုန်းအဖွဲ့၊ နဲ့ (KNPP)ကနေ ပဲ့ထွက်တဲ့ KNPP ခွဲထွက်(ဟိုယာ)အဖွဲ့ ၊ နဂါးအဖွဲ့၊ မွန်(ခွဲထွက်) နိုင်စိုက်ချန်းအဖွဲ့ စတဲ့ ဗြုတ်စဗျင်းတောင်း ၁၂ ဖွဲ့ကို ညီလာခံ တက်ရောက်စေခဲ့လို့ အခုလိုအရေအတွက်တွေတိုးလာတာဖြစ်ပါတယ်။
ဒါဆိုရင် အဲဒီ ၁၇ ဖွဲ့လို့ပြောနေတဲ့အထဲက နယ်ခြားစောင့်တပ် (BGF)အဖြစ် ပြောင်းလဲခဲ့တဲ့အဖွဲ့တွေစာရင်းကိုကြည့်လိုက် ကြပါဦး။
(BGF) နယ်ခြားစောင့်တပ်အဖြစ်ပြောင်းလဲခဲ့သည့်အဖွဲ့အစည်းများ
(၂၀၀၉ ခုနှစ်၊ နိုဝင်္ဘာလ ၈ ရက်နေ့ မှ ၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်အထိ )
စဉ်
ရက်စွဲ
မူလအဖွဲ့အစည်းအမည်
ပြောင်းလဲသည့်တပ်ဖွဲ့အမှတ်နှင့်ဒေသ

၁။
၂၀၀၉ နိုဝင်ဘာ ၈
ကချင်ပြည်နယ်၊ အထူးဒေသ(၁) (NDAK)
အမှတ်(၁၀၀၁) နယ်ခြားစောင့်တပ် (ဂန့်ဂွင်း)
အမှတ်(၁၀၀၂) နယ်ခြားစောင့်တပ်(လုပီ)
အမှတ်(၁၀၀၃) နယ်ခြားစောင့်တပ် (စင်ကြိုင်)
၂။
၂၀၀၉ နိုဝင်ဘာ ၈
ကယားပြည်နယ်၊ အထူးဒေသ(၂) (ကလလတ)
အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ်(စွပ်ပိုင်)
အမှတ်(၁၀၀၅) နယ်ခြားစောင့်တပ် (ပန်တိန်း)
၃။
၂၀၀၉ ဒီဇင်ဘာ ၎
ရှမ်းပြည်နယ်(မြောက်ပိုင်း)အထူးဒေ(၁) 
(ကိုးကန့်အဖွဲ့ )
အမှတ်(၁၀၀၆) နယ်ခြားစောင့်တပ်
 စီအောဒေသ /လောက်ကိုင်ခရိုင်
၎။
၂၀၁၀ မတ် ၃၀
ရှမ်းပြည်နယ် (အရှေ့ပိုင်း) 
ပြည်သူ့စစ် (ဌာနေ) အဖွဲ့ အစည်းများ

အမှတ် (၁၀၀၇) နယ်ခြားစောင့်တပ်
၁။ မိုင်းတုန်မြို့နယ်/ပုံပါကျင်မြို
အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်
၂။ မိုင်းယောင်းမြို့နယ်/မိုင်းယုမြို့
၂၀၁၀ ဧပြီ  ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် မြို့တွင်
ပြည်သူ့စစ်(ဌာနေအဖွဲ့အစည်းများ )
နော်ခမ်းဘိန်းဂိုဏ်းခွဲထွက်များ
/ဒေသခံရှမ်းကာကွယ်ရေးပြည်သူ့ စစ်/
ခွန်ဆာကာကွယ်ရေးလက်ကျန်အဖွဲ့များနှင့်
တာချီလိတ်အနီး က ပြည်သူ့စစ်အဖွဲ့များဖြစ်သည်။
အမှတ် (၁၀၀၉) နယ်ခြားစောင့်တပ်
တာချီလိတ်
၂၀၁၀ မေလ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
အမှတ် (၁၀၁၀) နယ်ခြားစောင့်တပ် (မက်မန်း)

၂၀၁၀ သြဂုတ် ၁၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊
မြိုင်ကြီးငူဒေသ၊
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
သတင်းတွင်ဖေါ်ပြခြင်း မရှိ

၂၀၁၀ သြဂုတ် ၂၀
ကရင်ပြည်နယ်/လှိုင်းဘွဲ့မြို့နယ်/ 
ပိုင်ကျုံမြို့/ ထန်းတပင်ကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၁၅) နယ်ခြားစောင့်တပ်
အမှတ် (၁၀၁၆) နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၀
ကရင်ပြည်နယ်/မြဝတီမြို့နယ်/ မဲပလဲ့ဒေသ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
သတင်းတွင်ဖေါ်ပြခြင်းမရှိ

၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/ကော့ကရိတ်မြို့နယ်/ 
ထီးဟူးသံကျေးရွာ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၂၁) နယ်ခြားစောင့်တပ်


၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/မြဝတီမြို့နယ်/ အတွင်း
ကွင်းကလေးဒေသ
တိုးတက်သောဗုဒ္ဓဘာသာ
ကရင်အမျိုးသားအစည်းအရုံး  (ဒီကေဘီအေ)
အမှတ် (၁၀၂၂)  နယ်ခြားစောင့်တပ်

၂၀၁၀ သြဂုတ် ၂၁
ကရင်ပြည်နယ်/ကြာအင်းဆိပ်ကြီးမြို့နယ်/
ကျိုက်ဒုံမြို့နယ်/ ကျိုက်ဒုံ ဒေသ
ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ (ဟောင်သရော အထူးဒေသ)
အမှတ် (၁၀၂၃) နယ်ခြားစောင့်တပ်





 

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ