.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, June 7, 2011

လျှပ်တပျက်ဂျာနယ်တွင် တင်ထားသော ဗိုလ်ချုပ်မိန်.ခွန်း

ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း


မြန်မာတိုင်း သတ္တိသွေးပြရန်အချိန် ဗိုလ်ချုပ်ကြီး ကာနယ်အောင်ဆန်းက မြန်မာပြည် တစ်ပြည်လုံးသို့ အသံလွှင့်ပြောဆိုချက် ကိုင်း အခုလက်တွေ့စမ်းကြည့်မယ်၊ ခုခင်ဗျားတို့ ဒီအခွင့်အရေးတွေရ တော့မယ်၊ယူကြမလား တပ်ထဲဝင်ကြမလားပြောကြစမ်း၊ စစ်ထဲမဝင်ချင်တဲ့လူ တွေများလျှင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး၊ ရှေ့တန်းက ရာဇဝင်ပြန်ပြောင်းပြောနေတဲ့ယုံတမ်းစကားဖြစ်နေမှာဘဲ၊ ရှေးကမြန်မာသူရဲ ကောင်းတွေ မြေကြီးထဲနေပြီး ရှက်စရာဖြစ်နေမှာ သတိထားကြနော်။''
''အသက်(၁၈)နှစ်ရှိပြီး ကျန်းမာရေးနှင့်၊ ပြည့်စုံလျှင်လက်ခံရန်ရှိခြင်း''
မြန်မာပြည် ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ တန်ဆောင်မုန်းလဆုတ် (၂)ရက်နေ့က၊ မြန်မာပြည်အသံလွှင့်ရုံမှ နေ၍ မြန်မာကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ်အောင်ဆန်းက အသံလွှင့်ပြောဆိုသည်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း။
ယနေ့မြန်မာ့ကာကွယ်ရေး တပ်မတော်အကြောင်း ပြောရသည့်အတွက် ကျွန်တော်အထူးဘဲ ဝမ်းမြောက်ပါတယ်။ မြန်မာ့ကာကွယ်ရေး တပ်မတော်နဲ့ ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေရှိတာ သိပေမဲ့ ပြောဘို့ရှင်းဘို့ အခွင့်အရေး လမ်းရှာလို့ မရသေးတဲ့အတွက် အသာဘဲငုံ့နေခဲ့ရတယ်။ ယနေ့ပြော ခွင့်ရတဲ့အခါ မြန်မာ့ကာကွယ်ရေး တပ်မတော်အကြောင်း အတော်အတန်ပြောပြ ရတာပေါ့။
နိပွန်ပြည်နန်းရင်ဝန်ကြီးတိုဂျိုက မြန်မာပြည်ဟာ နိပွန်ပြည်၏ စိတ်နေစိတ်ထားဝါဒတို့ကို နားလည်သဘောကျပြီး ၄င်းတို့နှင့် အရှေ့အာရှတိုက် ခေတ်သစ်ထူထောင်ရေးမှာ ပါမယ်ဆိုယင် လွတ်လပ်သော တိုင်းနိုင်ငံအနေအထားမျိုး ဖြစ်ပါစေ့မယ်လို့ ကတိပေးထားပါတယ်၊ ဒီကတိဟာ ပေါ့ပေါ့ဆဆပေးတဲ့ ကတိမဟုတ်ဘူး၊ ဒီကတိဟာ နိပွန်ပြည်ကြီးရဲ့ အစိုးရအထိကရ ခေါင်းဆောင်ကြီးက တစ်ကမ္ဘာလုံး ကျေညာထားတဲ့ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေထိုင်နေလို့ ရတာမထင်ကြနဲ့၊ ပဋ္ဌမဆုံးဗြိတိသျှနဲ့ နိပွန်စစ်မဖြစ်မီက မြန်မာ့လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လိုလူမျိုးတွေ မြန်မာပြည်က လူငယ်တွေ နိပွန်ပြည်က သိလိုတဲ့ မြန်မာပြည်အကြောင်း အမျိုးမျိုးရှာပေး၊ နောက်စစ်ဖြစ်တဲ့အခါလဲ ဒိုးတူပေါင်ဘက်လျှောက်လုပ်၊ တိုက်ခိုက်၊ အမျိုးတူ မြန်မာတွေကလဲ ဝိုင်ဝန်းထောက်ပံ့ခဲ့တာတွေကြောင့် ဒီကတိကို ပေးတယ်မှတ်ပါ၊ အလကားထိုင်နေရင်း ရတယ်မထင်နဲ့၊ လုပ်တဲ့လူတွေရှိလို့ ရတယ်မှတ်ပါ။
''မငြင်းနိုင်သောအချက်တစ်ရပ်''
အဲဒီနန်းရင်းဝန်ကြီးတိုဂျို၏ကတိအတိုင်း
မြန်မာပြည်တော့လွတ်လပ် တော့မယ်ဘဲဆိုကြပါစို့ လွတ်လပ်ပြီး ကိုင်း ဘာကကျုပ်တို့ တိုင်းပြည် စကြမလဲ ဘယ်လိုတိုင်းပြည်အသစ်ထောင်မလဲ ယခုအစိုးရအဖွဲ့ကအတော်အတန် မြန်မာ ပြည်ခေတ်သစ် ထူထောင်ရေးအတွက် လုပ်ငန်းအစီအစဉ်တွေ ပြောသွားတာ ကြားလိုက်ပါရဲ့ ဒါပေမဲ့အဲဒီအစီအစဉ်တွေလုပ်ဖြစ်ပါပြီတဲ့တစ်နေ့ဒီဟာတွေကို ကာကွယ်ဘို့အားမရှိရင် ဘယ်မှာအသုံးချတော့မလဲ ဒါကြောင့် မြန်မာပြည်ရဲ့ ကာကွယ်ရေးသည် ပဌမမြန်မာပြည်ရဲ့လွတ်လပ်ရေးသည် မြန်မာ့ကာကွယ်ရေး အပေါ်မူတည်၏။ ထို့ကြောင့် မြန်မာ့ကာကွယ်ရေးသည် မြန်မာ့လွတ်လပ်ရေး နှင့်ညီမျှ၏ ဒီအချက်ကိုဘယ်သူမှမငြင်းနိုင်ဘူး မြန်မာ့အဓိက ပြဿနာဟာ မြန်မာ့ကာကွယ်ရေးဘဲလို့ တစ်ထစ်ချမှတ်လိုက်ပါ။
ကိုင်း မြန်မာ့ကာကွယ်ရေးလုပ်ကြစို့ဘယ်လိုလုပ်မလဲ မြန်မာ့ကာကွယ်ရေး သက်သက်ကြီး မဖြစ်တော့ဘူး၊ မြန်မာ့ကာကွယ်ရေးဟာ အရှေ့အာရှ တိုက် ကာကွယ်ရေးမှာ အကျုံးဝင်ပုံ ကို တစ်နေ့က ကျောင်းဆရာတွေကို မြန်မာ့ကာကွယ်ရေးအကြောင်းဟောပြောတုန်းက ရှင်းခဲ့ပြီ ကာကွယ်ရေးဆိုတာမှာလဲ ရန်သူကတစ်ချက်ခုတ်လျှင် ကျုပ်တို့ကနှစ်ချက်ပြန်ခုတ်မယ်။ ရန်သူကကျုပ်တို့ပြည်တိုက်မယ်ဆိုရင် ကျုပ် တို့ကသူ့ပြည်အရင်ဦးအောင်တိုက်မယ်။ အဲဒီကာကွယ်ရေးမျိုး ဒီကာကွယ်ရေး မျိုးအတွက်ဆိုရင် လူလည်းများဘို့လိုတယ်။လူတွေစိတ်ဓာတ်လဲရင့်ဘို့ လိုတယ်။ လက်နက်ကိရိယာ ခဲယမ်းမီးကျောက်လဲပြည်စုံဘို့လိုတယ်။ မြန်မာပြည်ဟာ လူဦးရေနည်းတော့မြန်မာ့ကာကွယ်ရေးဟာ မြန်မာတိုင်း မြန်မာတိုင်းကလေးမှစ အဖိုးကြီးအမယ်ကြီးထိ အားလုံးပါနိုင်မှ မြန်မာ့ကာကွယ်ရေးက တောင့်တင်းမှာ ဘယ်လိုပါရမလဲဆိုရင် စစ်တိုက်တယ်ဆိုတာဟာ စစ်သားချည်းနဲ့မပြီးဘူး။ စစ်သားရိက္ခာထောက်ဘို့၊ ရိက္ခာစိုက်ပျိုးစုဆောင်းရေး၊ရိက္ခာတင်ပို့ရေးအစရှိ သဖြင့်စစ်တိုက်ခြင်းနဲ့တိုက်ရိုက်မဆိုင်တဲ့အလုပ်တွေ၊တိုင်းပြည်ရဲ့စီးပွားရေး အင်အားကို စစ်အင်အားနဲ့ ညီမျှအောင်လုပ်ဖို့တွေ အတွက်အားလုံး ယောက်ျား- မိန်းမ မကျန်လုပ်မှဖြစ်မယ်။ ဒါကအကြမ်းပြောပြခြင်းဘဲ၊တစ်နေ့ကလဲ ကာ ကွယ်ရေးအကြောင်းအတော်အတန်ပြောခဲ့ပြီ။
လွတ်လပ်ရေး လက်တလှမ်း
သို့ပေမဲ့ ခုပြောခဲ့တဲ့ဟာတွေ လုပ်ဖို့နေနေသာသာ ကျုပ်တို့မှာကာကွယ် ရေးလုပ်ဖို့ အခုဘာမှမရှိသေးဘူး။ အားလုံး စလုံးရေက စရမယ်။ ဒါကြောင့် ယခုနှစ်အဖို့မှာ အရင်မြန်မာ့လွတ်လပ်ရေးတပ်မတော်မှ စစ်ထုတ်ပြီး စနစ်ကျကျ အသစ်ဖွဲ့တဲ့ မြန်မာ့ကာကွယ်ရေးတပ်မတော်ဟာ ပဋ္ဌမစလုံးရေစခြင်းဘဲ။ အစကရှိတဲ့မြန်မာ့လွတ်လပ်ရေးတပ်မတော်ဟာအမှန်ပြောရရင် မြန်မာပြည် အတွင်းလောက်တော့ အသင့်အတင့်အသုံးကျပါရဲ့ဒါပေမဲ့ တခြားသွားတိုက် နိုင်တဲ့အရည်အစွမ်းမရှိပါဘူး။ တကယ့်တော့ ခေတ်ပျက်ကြီးမှာ ဖြစ်ကတတ် ဆန်း စီစဉ်ရတာမို့ချို့ယွင်းချက်အများကြီးတွေ့ရတယ်။ အဲဒီတော့ ဒီအတိုင်း သာဆက်သွားမယ်ဆိုရင် ဒီမြန်မာပြည်လွတ်လပ်ရေးတပ်မတော်ဟာ မြန်မာ ပြည်ကအားကိုးနိုင်တဲ့တပ်လည်း ဖြစ်မှာမဟုတ်ဘူး။
မြန်မာတွေ အမြဲရင်လေးနေတဲ့ တပ်မျိုးအဖြစ်သာ ရှိနေတယ်။ အဲဒါကြောင့် မြန်မာ့လွတ်လပ်ရေး တပ်မတော်ကို အသစ်ပြန်ဖွဲ့စည်းပြီး မြန်မာ့ကာကွယ်ရေး တပ်မတော်လို့ တည်ထောင်ခဲ့တယ်။ မြန်မာ့လွတ်လပ်ရေး တပ်မတော်လို့ ဘာလို့ မခေါ်ဘဲ မြန်မာ့ကာကွယ်ရေး တပ်မတော် ဖြစ်လာသလဲ။ မြန်မာပြည် လွတ်လပ်ရေးသည် ယခင်က ကျွန်တော်တို့အဓိက ရည်ရွယ်ချက်၊ ယခုဒီလွတ် လပ်ရေးရဘို့ကိစ္စဟာ အဓိကမဟုတ်တော့ဘူး။ ရတော့မယ်၊ လက်တလှမ်းထဲ လိုတော့တယ်။ ရပြီးဘယ်လို ကာကွယ်ရမယ်ဆိုတာက ပိုပြီးအရေးကြီးလာပြီ။ အဲဒါကြောင့် ရှေ့နောက် အနာဂါတ်ကို မျှော်ကိုးပြီး ရာဇဝင်အကြောင်းထောက်လို့ မြန်မာ့ကာကွယ်ရေးလို့ အမည်ပေးတာပဲ တခြားအထင်လွှဲနေစရာ မလိုပါဘူး။ ပြီတော့ နာမည်အရေးမကြီးပါဘူးဗျ လူအရေးကြီးပါတယ်။ လုပ်တဲ့လူတွေ လုပ်တဲ့လူတွေ၊ အဲဒီမြန်မာ့ကာကွယ်ရေး တပ်မတော်တွင်သာ ယခုနှစ်ကျွန်တော်တို့ စခဲ့သလား မဟုတ်ဘး။ ဒီပြင်ဟာ တွေလည်း လုပ်ထားပါတယ်။ ပထမ အရေး ကြီးဆုံးက အမြဲတပ်ကြီးဘဲ။ လုပ်လျှင် လုပ် ချင်း အဲဒီတပ်တွေကို ဗိုလ်လုပ်နိုင်တဲ့ လူတွေအလုံအလောက်ရှိဘို့ လိုတယ်။ အဲဒါ ကြောင့်မင်္ဂလာဒုံမှာယခုနှစ်ဗိုလ်သင်တန်း ဖွင့်ပြီး အမြောက်အများသင်ပေးနေတယ်။
ရန်ကုန်မြို့ကြီးမှာ ဒီမြန်မာ့ကာကွယ် ရေးတပ်မတော်ကြီးအတွက် စည်းကမ်း စနစ်တွေလုပ်။ ရိက္ခာတွေထောက်၊ ငွေပေး၊ တပ်မတော်လုပ်ငန်းဆိုင်ရာဌာနကြီးအဖြစ် နဲ့' 'ဟေဘီချိုကု''ခေါ်တဲ့နောက် ကာကွယ် ရေးဝန်ကြီးရုံးဖြစ်မယ့် ရုံးကိုလည်းတည် ထောင်ထားပါတယ်။ ပျဉ်းမနားမြို့မှာတော့ တပ်တွေချထားပြီး ကျွန်တော်ကိုယ်တိုင်ဘဲ အုပ်ချုပ်နေကြပါတယ်။ နိပွန်အတိုင်ပင်ခံတွေကလည်း စစ်ရေးနည်းနာတွေကို ကူညီသင်ပြပေးပါတယ်။ နိပွန်အတိုင်ပင်ခံတွေကလည်း စစ်ရေးနည်းနာတွေကို ကူညီသင်ပြပေးကြပါတယ်။ အဲဒါတွေဟာ ကျွန်တော်တို့စလုံးရေးစခြင်းဘဲ ရှေ့ကိုတဖြည်းဖြည်း လူတွေတိုး၊တပ်တွေချဲ့၊လက်နက်တွေတိုး၊ တင့်ကား အမြောက်ကြီးတွေလေယာဉ်ပျံတွေရအောင် တဆင့်ဆင့်ကြိုးစားကြရလိမ့် မယ်။ အခုလာမဲ့နှစ်အတွက် တပ်ကိုချဲ့ရအုံးမယ်။ ဘယ်လောက်အထိ ဆိုတာ တော့ ကျုပ်တို့ပြောပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ စစ်သားအသစ်တွေ မကြာမီ ခေါ် တော့မယ်။ ဒါမြန်မာတွေအားလုံးရဲ့တာဝန်ဘဲ။ ဟိုအရင်တုန်းက မြန်မာပြည် ကာကွယ်ရေးအတွက် မြန်မာ့ကာကွယ်ရေးကို မြန်မာလက်ထဲအပ်ပါ။ မြန်မာ တွေကိုယ့်ပြည်ကိုကာကွယ်ချင်လွန်းလို့ပါ။ လက်နက်သာအပ်စမ်းပါ၊ တိုက်ပြ ပါ့မယ်လို့ မြန်မာတွေကပြောနေကြတယ်။ ကိုင်း ခုလက်တွေ့စမ်းကြည့်မယ်၊ ခု ခင်းဗျားတို့ ဒီအခွင့်အရေးတွေရတော့မယ်၊ယူကြမလားတပ်ထဲဝင်ကြမလား ပြောကြစမ်း။ ဒို့မြန်မာတို့ စစ်ထဲမဝင်ချင်ကြတဲ့လူတွေများယင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့မထိုက်တန်းဘူး။ အရင်တုန်းကပြောခဲ့တဲ့စကားတွေ လည်းအပို ဘဲ။ ရှေးတုန်းက ရာဇဝင်ကို ပြန်ပြောင်းပြောနေယင်လည်း ယုံတမ်းစကားဖြစ် နေမှာဘဲ။ ရှေးက မြန်မာသူရဲကောင်းတွေ မြေကြီးထဲကနေပြီး ရှက်စရာဖြစ် နေမှာ သတိထားကြနော်။
ကိုယ်တွေ့မျက်မြင်တစ်ခု
ရှေးမြန်မာတွေကတော့ တကယ့်ယောက်ျားဘဲ၊ ဒါတွေတင်မဟုတ်ပါဘူး၊ ကိုယ်တွေ့မျက်မြင် ယိုးဒယားပြည်နေတုန်းက ရှေးမြန်မာများ စွမ်းပကားသတ္တိ လက်ရာတွေမြင်ခဲ့ရတယ်။ ယိုးဒယားပြည်မှတောတောင် အတန်တန်ကျော်ပြီး ကျုပ်တို့လာခဲ့ကြလို့ ရှေးတုန်းကဘုရင့်နောင်တို့၊ အလောင်းဘုရားတို့၊ စစ်သည် တော်သားများ၏ဇွဲသတ္တိကိုအဖန်ဖန်ချီးကျူးမိတယ်။ အဲသလိုမြန်မာ့သွေး မြန်မာ့သတ္တိကိုပြကြစမ်းပါ။ မြန်မာပြည်ဟာ လူသတ်မှုစတဲ့အမှုအခင်းများ အမေရိကန်ပြည်ချီကာဂိုဒုတိယစွဲတယ်လို့ ကြားဘူးတယ်။ မြန်မာ-မြန်မာချင်း သတ်ဖြတ်တိုက်ခိုက်တာဟာ မြန်မာ့သတ္တိအစစ်မဟုတ်ဘူး။ မြန်မာပြည်လည်း အကျိုးမရှိဘူး။ သည်လိုလုပ်မဲ့အစား မြန်မာပြည်အတွက် ကမ္ဘာမှာထွက်ပြီး မိုက်ပြလိုက်စမ်းပါ။ ဒါမှ ရာဇဝင်ပြောင်မှာ။ ဒါပေမဲ့ ကျွန်တော်တွေ့ခဲ့သလိုတော့ မတွေ့ပါရစေနဲ့တော့။ ရွာတွေရွာတွေဖြတ်ခဲ့တယ်။ အို ဒီရွာတွေကလူတွေရဲ့ သတ္တိတော့စိတ်ချ၊ တကယ့်လူဆိုးချည်းဘဲ၊ စစ်ထဲလိုက်မဲ့လူထွက်ခဲ့စမ်းဆို တော့ နှစ်ယောက်သုံးယောက်ထဲ ဒါတောင်ပြန်ထွက်ပြေးလိုက်သေးတယ်။ တက်လူဆိုတဲ့လူငယ်တွေ ဘောင်းဘီနီ၊အင်္ကျီနီတွေနဲ့တွေ့ပါရဲ့ စစ်ထဲလိုက်ရ မယ်ဆိုတော့ တီဆားနဲ့တို့သလို ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြတာ တွေ တွေ့ခဲ့ရတယ်။
အဲဒါမျိုးဖြစ်ယင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်လို့ ကျွန်တော် တထစ်ချဆိုတယ်။ ဒီလိုပြည်မျိုးလဲ ကျုပ်တော့ဖြင့် မနေတော့ဘူး။ ဒါမျိုးတွေထပ်မတွေ့ပါရစေနဲ့၊ ဒီတစ်ခါတော့ ဝင်ကြစမ်းပါ။ များများစားစား ဝင်ချင်တဲ့လူတွေ များလွန်းလို့ ပြန်လွှတ်လိုက်ရတယ် ဆိုတာကို ကြားချင်ပါတယ်။ လူလိုနေတယ်ဆိုတာ မကြားချင်ဘူး။ အဲဒါကြောင့် ယခုမြန်မာ့ကာကွယ်ရေး တပ်မတော်တပ်ချဲ့မယ်။ ထပ်ချဲ့ရင်မြန်မာတွေ အသက်(၁၈)နှစ်ရှိပြီး ကျန်းမာရေးနဲ့ပြည်စုံတယ် ဆိုရင် ဝင်နိုင်တယ် လက်ခံဘို့အသင့်ဘဲ။ ဝင်ကြစမ်းပါ။ ထောင်လိုက်၊ ရာလိုက်၊ သောင်းလိုက်။ ဒါပေမဲ့တစ်ခုတော့ နားလည်စေချင်တယ်။ ဒီစစ်တပ်ကို ငွေလိုချင်လို့၊ လခလိုချင်လို့ဝင်ရင်တော့ အလကားဘဲရမှာ မဟုတ်ဘူး။ ကျုပ်တွေ့ခဲ့ရတယ်။ ကျွန်တော်တို့ မြန်မာကာကွယ်ရေးအတွက် မည်မျှ စိတ်အားထက်သန်ပါတယ်၊ ဒါကြောင့် ဘယ်ရာထူးမစပေးပြီး ခန့်ပါလို့ပြောတယ်။ ကျွန်တော်ဘယ်တော့မှ မခန့်ဘူး။ ဘယ်မှာဘဲဖြစ်ဖြစ် စစ်ထဲတန်း ဝင်ဝင်ချင်း စစ်ဗိုလ်ဖြစ်ချင်လို့လဲ မဟန်ဘူး။ တချို့က စစ်ပညာနဲနဲရဘူးပါရဲ့ ရတာက တပ်ကြပ်လောက် ဖြစ်ချင်တာက ဗိုလ်ကြီးလောက် အဲဒါမျိုးတွေ တွေ့ ရတယ်။
လခကို မမျှော်ရဟုဆိုခြင်း
စစ်သားလုပ်ချင်တဲ့လူတွေကလည်း လခနည်း၊ အစားအသောက်လည်း ဆိုးတယ်။ အနေကြပ်တယ် ဆိုရင်ဘဲ ချူသံပါအောင် ညည်းလာတာဘဲ။ တချို့လည်း ထွက်ချင်ကြတယ်။ ဒါမျိုးတွေကို နောက်ထပ်မတွေ့ကြရ၊ မတွေ့ရပါစေ နဲ့။ လာတဲ့လူတွေဟာ ဒါတွေနားလည်ပြီး ငွေမမက်ရာထူးမမက် မြန်မာပြည် သက်သက်သမားတွေ လိုချင်တယ်။ ဒီတပ်ဟာ လာဘ်စားတဲ့လူတွေ၊ ငွေလိုတဲ့ လူတွေ၊ ရာထူးမက်တဲ့လူတွေ၊ ဆွေမျိုးတွေ အလုပ်ပေးမဲ့လူတွေ လိုချင်တဲ့တပ် မဟုတ်ဘူး။ မြန်မာ့ကာကွယ်ရေး အတွက် မြန်မာပြည်မှာ ငွေအများဆုံး သုံးရမယ်။ မှန်ပါတယ်။ ဒါပေမဲ့ လခတွေအပေါ်မှာ မသုံးဘူး၊ ဒါက ရှေးအင်္ဂလိပ်စနစ် ဟန်မကျလို့ အင်္ဂလိပ်တွေ ခွေးပြေးဝက်ပြေး ပြေးကုန်ရပြီမဟုတ်လား၊ နီပွန် စစ်တပ်လို စိတ်ဓာတ် ထက်သန်တဲ့လူတွေရှိအောင် လုပ်ရမယ်၊ လခကို ပဓာန မထားရဘူး၊ နီပွန်တပ်မှာ စစ်သားတစ်ယောက် လေးကျပ်၊ လေးကျပ်ရှစ်ဆယ်၊ ခြောက်ကျပ်သာ ရတယ်၊ ယိုးဒယားစစ်တပ်မှာ စစ်သားတစ်ယောက် (၂)ကျပ်ဘဲရတယ်။ အဲဒါတွေကို အားကျကြရမယ်၊ လခတွေပေါ် နည်းနည်းသုံး၊ လက်နက်တွေ ခဲယမ်းမီးကျောက်တွေအပေါ် အများဆုံးသုံး ဒါမှ ပထမတန်း စစ်တပ်ရမှာ၊ အဲဒါမှ ကျွန်တော်အစက ပြောသလို ရန်သူကတစ်ချက် ခုတ်လျှင် နှစ်ချက်ပြန်ခုတ်နိုင်မှ ရန်သူမတိုက်ခင် ကိုယ်က ဦးအောင်တိုက်နိုင်မှာ။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ