.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 9, 2011

ဖူးကက်၌ အလုပ်သမားလက်မှတ် လုပ်ရက် တိုးချဲ့သတ်မှတ်ပေး

ထိုင်းနိုင်ငံ ဖူးကက်ဒေသ အတွင်းရှိ မြန်မာ အလုပ်သမားများ အပါအ၀င် ရွှေ့ ပြောင်း အလုပ်သမားများ အတွက် အလုပ်သမား လက်မှတ်သစ် ပြုလုပ်ရန် မူလ သတ်မှတ်ရက်ထက် ၂ လ ခန့် တိုးချဲ့ သတ်မှတ်လိုက်သည်။

Burmese_workers_at_the_Noom_Broker_offices_in_Rassada
ဖူးကက် ဒေသရှိ အလုပ်သမားလက်မှတ် ရရှိရေး ဆောင်ရွက်ပေးသည့် နေရာတခု (ဓာတ်ပုံ - phuketgazette.net)
ထိုင်းနိုင်ငံအတွင်းသို့ တရားမ၀င်ရောက်ရှိလာကြသော ရွှေ့ ပြောင်းအလုပ်သမားများကို အလုပ်သမား လက်မှတ်သစ် ပြုလုပ်  ပေးရန် မူလက ရက်ပေါင်း ၃၀ သာသတ်မှတ်ပေးခဲ့သည်။ ယင်းကာလမှာ ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ ဖြစ် သည်။

ဖူးကက်ခရိုင် အလုပ်သမား ခန့်ထားရေးဌာနမှ အကြီးအကဲ Mr. Noppadon Ployoudee က လုပ်ခ လစာ နည်းပါးသည့် အိမ်နီးချင်း လာအို၊ ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံမှ ရွှေ့ ပြောင်းအလုပ်သမားများအတွက် အလုပ်သမား မှတ်ပုံတင်ပြုလုပ်ရန် ရက်တိုးပေးခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်ဟု Phuket gazette အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

“တိုးချဲ့သတ်မှတ်လိုက်တာက ဇွန်လ ၁၅ ရက်ကနေ စက်တင်ဘာလ ၁၂ ရက်ထိဖြစ်ပါတယ်။ ဇွန်လ ၁၅ရက် ကနေ ဇူလိုင်လ ၁၄ရက်နေ့အထိ ရက် ၃၀ အတွင်းမှာ မှတ်ပုံတင်ဖို့ ပုံစံ(၁)ကို ပြီးအောင် ဖြည့်ရမယ်။ ဇူလိုင်လ ၁၄ ရက်နေ့ နောက်ပိုင်း ကျန် တဲ့၂လတာအတွင်းမှာ ကျန်းမာရေး ဆေးစစ်တာကို အပြီးဆောင်ရွက်ရမှာ ဖြစ်တယ်”ဟု Mr. Noppadon Ployoudee က ပြောကြားသည်။

ဖောင်ဖြည့်ခြင်းနှင့် ဆေးစစ်ခြင်း လုပ်ငန်းစဉ်များကို ရက် ၉၀ အတွင်း အပြီးအစီး ဆောင်ရွက်ရမည်ဟု သိရသည်။ ယင်း မတိုင်မီ ရှေးဦးစွာ ရွှေ့ ပြောင်းအလုပ်သမားများသည် မည်သည့်နိုင်ငံသား ဖြစ်ကြောင်း တင်ပြရမည်ဖြစ်သည်။

အလုပ်သမားလက်မှတ်သစ် ရရှိသူများသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် လျှောက်ထားနိုင်မည် ဖြစ်သည်။ ယင်း ယာယီ နိုင်ငံကူး လက်မှတ်သည် သုံးနှစ် သက်တမ်းရှိပြီး နေထိုင် အလုပ်လုပ်ခွင့် ဗီဇာ၂ နှစ် ရရှိမည်ဖြစ်သည်။

ဖူးကက်ဒေသတွင် မြန်မာ ရွှေ့ပြောင်းအလုပ်သမား၂ သိန်းကျော်ရှိကြောင်း ဖူကက်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်း တနိုင်ငံလုံးတွင်မဟုတ်ဘဲ ဖူးကက် ဒေသ၌သာ ယခုကဲ့သို့ ရက်တိုးချဲ့ရခြင်းအကြောင်းတခုမှာ ယင်းဒေသများတွင် ရေ လုပ်သားများ ရှိသောကြောင့် ဖြစ်နိုင်ကြောင်း အလုပ်သမားများအရေး ကူညီဆောင်ရွက် ပေးနေသော မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်း လှုပ်ရှားမှု ကော်မတီ(TACDB) မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက ဧရာဝတီသို့ ပြောသည်။

“ဖူးကက်မှာ ရက် ၉၀ သတ်မှတ်ရတာက အဲဒီမှာ ရေလုပ်သားတွေရှိတယ်။ ပင်လယ်ပြင်ကို ထွက်နေရတော့ ဒီ ရက် ၃၀ အတွင်း ရေလုပ်သား အားလုံး လက်မှတ်သစ်လုပ်ရာမှာ ပါဝင်ဖို့ မလွယ်ဘူး။ လှေ အ၀င်အထွက်က အမြဲတမ်းရှိနေတယ်လေ။ နောက်တခုက ဖူးကက် အလုပ်သမား ခန့်ထားရေးမှာ သိန်းနဲ့ချီ ရှိနေတဲ့ အလုပ်သမားတွေကို တလ အတွင်း လုပ်ငန်းစဉ် ပြီးပြတ်အောင် ဆောင်ရွက်ဖို့ လူအင်အား မရှိလို့။ မလွယ်လို့လည်း ဖြစ်နိုင်ပါတယ်”ဟု သူက ဆိုသည်။

ဖူးကက်ကဲ့သို့ပင် အခြားသော ခရိုင်များတွင်လည်း မိမိတို့ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေပေါ်မူတည်ပြီး ရက်တိုးချဲ့မှုများရှိနိုင်ကြောင်း၊ သို့သော် ဘန်ကောက်မြို့တွင်မူ ရက် ၃၀ အတွင်း အပြီးသတ်ပြုလုပ်မည်ဟု ထုတ်ပြန် ကြေ ညာကြောင်း ၎င်းက ဖြည့်စွက် ပြောဆိုသည်။

ဖူးကက်ဒေသရှိ မြန်မာ ရွှေ့ ပြောင်း အလုပ်သမားများသည် ဆောက်လုပ်ရေး၊ ဟိုတယ်လုပ်ငန်းနှင့် ရေလုပ်ငန်းများတွင် အဓိက လုပ်ကိုင်နေကြခြင်းဖြစ်သည်။

ယင်းသို့ အလုပ်သမားမှတ်ပုံတင်အသစ် ပြုလုပ်ရန် ရက်တိုးချဲ့သတ်မှတ်ပေးခြင်းမှာ အလုပ်သမား အများစုအတွက် ၀မ်းသာ စရာဖြစ်ကြောင်း ဖူးကက်မြို့မှ ကိုအတ က ပြောသည်။

“အရင်တခေါက် လက်မှတ်လုပ်ပေးတုန်းကတော့ ရေလုပ်သားတွေအတွက် ဆိုပြီး ရက်၂၀ တိုးပေးတာ ရှိခဲ့ဖူးတယ်။ အခုက ၂လလောက်တောင် တိုးချဲ့ပေးတာဆိုတော့ ကျနော့်အမြင်အရ အင်မတန်ကောင်းပါတယ်။ မပြေလည်တဲ့သူတွေလည်း အတင်းအကျပ်ကြီး ငွေချေးရ ငှားရတာတွေ မဖြစ်တော့ဘူးပေါ့။ ဒီသတင်းကတော့ အလုပ်သမားတွေအတွက် ၀မ်းသာစရာသတင်း ကောင်း တခုပါ”ဟု ကိုအတက ဆိုသည်။

ထိုင်းနိုင်ငံအတွင်းတွင် ၀င်ရောက်အလုပ်လုပ်နေကြသော ရွှေ့ ပြောင်းမြန်မာ အလုပ်သမားများမှာ၂ သန်းခွဲမှ ၄ သန်း အတွင်း ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းပြောဆိုကြသည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ