.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, June 11, 2011

နေပြည်တော် မြို့မဈေးတွင် ဗုံးကွဲ


နေပြည်တော် မြို့မဈေးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သတင်း ရရှိသည်။

“ည ၈ နာရီကျော်ကျော်လောက်မှာ အုံးကနဲ အသံကြားလိုက်တယ်။ အဲဒါနဲ့ ပြေးသွားကြည့်တော့ ဗုံးကွဲတာတဲ့။ ဈေးအတွင်းထဲက သန့်စင်ခန်းမှာ ဖြစ်တာ။ ဒဏ်ရာရတဲ့ သူတွေက ဗုံးစထိတာမဟုတ်ပါဘူး။ ဗုံးကွဲတဲ့ အရှိန်ကြောင့် လွင့်လာတဲ့ အုတ်ခဲကျိုးတွေထိပြီး ဒဏ်ရာရတာပါ။ သိပ်မပြင်းထန်ပါဘူး” ဟု နေပြည်တော် မြို့မဈေး ပွဲရုံတန်းတွင်
နေထိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။

Myoma_Zay1
နေပြည်တော် မြို့မဈေး (ဓာတ်ပုံ - Minnyoonthit Blog)
“အုတ်ခဲက သန့်စင်ခန်းနားက ဆိုင်မှာ ထိုင်ပြီး စကားပြောနေတဲ့ နှစ်ယောက်ကို ထိတာ။ ကျောနဲ့ ခေါင်းမှာ ဒဏ်ရာရသွားကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒဏ်ရာရရှိသူများကို နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံသို့ အာဏာပိုင်များက ခေါ်ဆောင်သွားကြောင်း သိရသည်။

ဗုံးကွဲမှုနှင့် ပတ်သက်၍ နေပြည်တော် အမှတ် ၄ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားနိုင်ခြင်းမရှိကြောင်း တာဝန်မှုးက ပြောကြားသည်။ နေပြည်တော် မြို့မဈေးမှ တာဝန်ရှိသူများကလည်း ဖြေကြားခြင်း မရှိပေ။

“ဖြစ်ဖြစ်ချင်းပဲ ဈေးအစောင့်ရဲတွေ ရောက်လာတယ်။ မကြာဘူး၊ နေပြည်တော် အမှတ် ၄ ရဲစခန်းက ရဲတွေ၊ ထောက်လှမ်းရေးတွေ ချက်ခြင်းရောက်လာတယ်။ ပြီးတော့ ဓာတ်ပုံရိုက်၊ အပျက်အစီးရှင်း၊ လုံခြုံရေးချထားခဲ့ပြီး
ပြန်သွားကြတယ်” ဟု မြို့မ ဈေးပွဲရုံးတန်းတွင်နေသူက ပြောသည်။

ထိုသို့ ဗုံးကွဲမှုဖြစ်ပွားအပြီးတွင် လုံခြုံရေးတပ်ဖွဲ့များက လမ်းများကို ပိတ်ဆို့ရှာဖွေခြင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှုးများက ဧည့်စာရင်းများ လိုက်လံစစ်ဆေးခြင်း၊ ဟိုတယ်နှင့် တည်းခိုခန်းများသို့ ၀င်ရောက်စစ်ဆေးခြင်း၊ အနှိပ်ခန်းများကိုလည်း
ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော် မြို့မဈေးသည် အစိုးရဝန်ထမ်းများနှင့် စည်ကားလေ့ရှိသော ဈေးကြီးဖြစ်ကြောင်း၊ ယမန်နေ့ညက ဗုံးကွဲမှုကြောင့် ယနေ့တွင် ဈေးဆိုင်အများစု ပိတ်ထားကြောင်း နေပြည်တော်မှ ဝန်ထမ်းတဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် နေပြည်တော်အလွန် ဆင်သေဘူတာ၌ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် ရထားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရခဲ့သည်။

ယင်းဖောက်ခွဲမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် သံတောင်မြို့နယ်မှ လူတဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ လက်ချက်ဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာများမှ စွပ်စွဲရေးသားခဲ့သည်။

ယခု အကြိမ်ဗုံးပေါက်ကွဲမှုသည် အစိုးရသစ် တာဝန်ယူပြီးနောက် ဒုတိယအကြိမ်မြောက် ဗုံးကွဲခြင်းဖြစ်ပြီး နေပြည်တော်တွင်မူ တတိယအကြိမ်မြောက် ဗုံးကွဲခြင်းဖြစ်သည်။

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ