.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, June 15, 2011

လူကုန်ကူးခံရသူ မြန်မာ ၅၇ ဦးကို ကယ်တင်


ထိုင်းနိုင်ငံအလယ်ပိုင်း ဆူဖန်ဘူရီခရိုင်မှာ ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေး (ဗဟို) ရဲတပ်ဖွဲ့နဲ့ မြန်မာ့အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ TACDB တို့ ပူးပေါင်းပြီး လူကုန်ကူးတဲ့ အဖွဲ့ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ အဲသလို ဖမ်းဆီးရာမှာ ပိတ်လှောင်ခံထားရသူ မြန်မာ ၅၇ ဦးကို ယမန်နေ့နံနက်က ကယ်တင်လိုက်ကြောင်း သိရပါတယ်။ လူကုန်ကူးသူ မြန်မာနိုင်ငံသား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၅ ဦး၊ မော်တော်ယာဉ် ၃ စီး၊ လူကုန်ကူးရာမှာ သုံးတဲ့ ငွေစာရင်း စာရွက်စာတမ်းများကိုပါ ဖမ်းဆီးရမိပါတယ်။ သတင်းအပြည့်အစုံ ဖတ်ရန်။ (ဓာတ်ပုံ - TACBD)








“ထိုးစစ်တွေကို ရပ်လိုက်ပါ”

မြန်မာ့တပ်မတော်နှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တို့ အပစ်အခတ် ရပ်စဲပြီး ၁၇ နှစ် အကြာတွင် နှစ်ဘက် တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပေါ် လာသည်။

kia_soldier_0906_sm
ကချင်ပြည်နယ် ဖားကန့်ဒေသတွင် တွေ့ရသော KIA စစ်သားတဦး (ဓာတ်ပုံ - KNG)
လအတန်ကြာ စစ်ရေး တင်းမာမှုများနောက်ပိုင်း ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး လွန်ခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲများ ပြန်လည် အစပြုခဲ့ပြီး၊ KIA ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ဖြစ်သော ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးတချို့ကို ပိတ်လိုက်ရသည်။


ထိုတိုက်ပွဲအခြေအနေများနှင့် ပတ်သက်ပြီး ဧရာဝတီ၏ အကြီးတန်းသတင်းထောက် ဝေမိုးက KIO ၏ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်ကို တနင်္လာနေ့က ဆက်သွယ် မေးမြန်းထားသည်။

မေး ။     ။ တိုက်ပွဲတွေ ဘယ်လို စပြီး ဖြစ်တာလဲ။

ဖြေ ။     ။ တိုက်ပွဲက ၉ ရက်နေ့ မနက် ၃ နာရီလောက် ကတည်းက အစိုးရတပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခွင်းပြီးတော့ ကျနော်တို့ တပ်ဘက်ကို ချဉ်းကပ်လာတယ်။ မနက် ၇ နာရီလောက်မှာ ကျနော်တို့ဘက်က ပြန်ပြီးတော့ ပစ်ခတ်ကြတာပေါ့။ အဲဒီနေ့ကပွဲကတော့ ကျနော်တို့ဘက်က ၁၁ နာရီ ၄၅ မှာ အပစ်ရပ်လိုက်တယ်။ ဒါပေမယ့် သူတို့ဘက်ကတော့ ၁၂ ခွဲလောက် အထိ ဆက်ပြီးတော့ ပစ်နေကြတယ်။ ၉ ရက်နေ့ တိုက်ပွဲကတော့ အဲဒီမှာ ပြီးသွားပြီ။ အဲ့ဒါပြီးတော့ သူတို့ဘက်က လိုက်လျောပေးတဲ့အပိုင်းတွေ မရှိဘူးပေါ့။ သုံ့ပန်းတွေကို ပြန်အပ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့ပြောတဲ့ အချက်တွေကို လိုက်လျောခြင်း မရှိဘဲနဲ့ ပြန်ပြီးတော့ ဖိတင်းတဲ့ အခြေအနေ ဖြစ်လာတယ်။ အဲ့ဒီလို ဖိတင်းရင်းနဲ့ ၁၀ ရက်နေ့ ညနေပိုင်း ၃ နာရီ ၄၅ မိနစ်လောက်မှာ သူတို့ ဘက်က စပြီးတော့ ထိုးစစ် ပြန်ဆင်တယ်။ အခုချိန်ထိပါပဲ။ တပ်ရင်း ၁၅ ကို သူတို့တွေ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းပစ်တာ။ တပ်ရင်း ၁၅ ဆိုတာက ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်က တာပိန်မြစ်ရဲ့

ကေအိုင်အေ သုံ့ပန်းဓာတ်ပုံ

(ဧရာဝတီင်္မှ ကူးယူဖော်ပြသည်)


ဒီ ဓာတ်ပုံကို AP နဲ့ Reuters သတင်းဌာနတွေကလည်း ဖြန့်နေကြပါတယ်။
(ကချင်ဘာသာနဲ့ ဖော်ပြတဲ့ http://jinghpawkasa.blogspot.com/ မှာလည်း တွေ့ရပါတယ်။
သေဆုံးသူရဲ့ ဒဏ်ရာဒဏ်ချက် အနီးကပ်ပုံတွေလည်း တင်ထားပါတယ်။ နှလုံးရောဂါ ရှိသူများ မကြည့်သင့်ပါ။)

ဒီဓာတ်ပုံအကြောင်းကို
KIO ခေါင်းဆောင် ဦးလနန် နဲ့ ဧရာဝတီ အင်တာဗျူးမှာ အခုလို တွေ့ရပါတယ်။

ဆန်ဂမ် မှာရှိတဲ့ ရေအားလျှပ်စစ် စီမံကိန်းဘေးမှာရှိတဲ့ ဆက်ဆံရေးရုံးတခုရှိတယ်။ ၉ ရက်နေ့တုန်းက အဲဒီမှာ တာဝန်ကျတဲ့ ရဲဘော်က ရန်သူရဲ့ လက်ထဲမှာ အဖမ်းခံရတယ်။ အဖမ်းခံရပြီးတော့ ရန်သူရဲ့ လက်ထဲမှာပဲ ရိုက်နှက်ပြီး သတ်ဖြတ်လိုက်တယ် -----

Tuesday, June 14, 2011

နေပြည်တော် ဈေးအိမ်သာ ဗုံးကွဲမှု မသင်္ကာသူ ဖမ်းဆီး

နေပြည်တော် မြို့မဈေး အိမ်သာအတွင်း ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ပဲခူးတိုင်း ရေနီမြို့ အမှတ် (၅) စစ်အခြေခံ လေ့ကျင့်ရေး တပ်နေ မသင်္ကာသူ ကိုအောင်ကိုလတ် ဆိုသူအား ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညပိုင်း၌ နေပြည်တော် အထူး သတင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

Nay-Pyi-Taw-market
နေပြည်တော် မြို့မဈေး (ဓာတ်ပုံ - panoramio.com)

အဖမ်းခံရသူ ကိုအောင်ကိုလတ်မှာ အသက် ၃၀ ခန့်ရှိ၍ ရေနီမြို့နှင့် အနီးတ၀ိုက်တွင် နှစ်လုံးထီ ရောင်းချသူတဦးဖြစ်ပြီး ဖခင်မှာ လေ့ကျင့်ရေးတပ်မှ ရဲဘော်တဦးဖြစ်ကြောင်း၊ ပြီးခဲ့သည့် စနေနေ့ အခင်းဖြစ်ပွားစဉ်က မြို့မ ဈေးအိမ်သာအတွင်း ၎င်း၏ မှတ်ပုံ တင် ကျန်ရစ်ခဲ့သည်ကို တွေ့ရသည့်အပြင် မသင်္ကာဖွယ်ရာ လူနှစ်ဦးကိုလည်း ဖမ်းဆီးမိကြောင်း၊ အဆိုပါ ကွင်းဆက်အရ ကိုအောင်ကိုလတ် ကိုလည်း ဆက်လက် ဖမ်းဆီးခြင်းဖြစ်ကြောင်း နေပြည်တော် သတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးက ပြောပြသည်။

“ဗုံးပေါက်ပြီးတဲ့နောက်ပိုင်း သူကပုန်းနေတာ၊ သူ့ဓာတ်ပုံတွေ ဖြန့်ပြီး ရဲစခန်းတိုင်းကို ပို့ထားတယ်၊ သူက အားလုံးငြိမ်ပြီဆိုပြီး အိမ်ပြန် ပိုက်ဆံယူတော့မှ ကင်းပုန်းဝပ်ပြီး ဖမ်းလိုက်တာ”ဟု ၎င်းက ဆိုသည်။

ရေနီမြို့ခံတဦးကလည်း ကိုအောင်ကိုလတ်သည် ဗုံးဖောက်ခွဲမှု မသင်္ကာ၍ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ ည ကိုးနာရီ နောက်ပိုင်း တပ်တွင်းရှိ ဖခင်ထံသို့အလာ စောင့်၍ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆိုသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ နေပြည်တော် အထူးသတင်းတပ်ဖွဲ့အား ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုသည်။

ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့တွင် နေပြည်တော်အလွန် ဆင်သေဘူတာ၌ ရန်ကုန်-မန္တလေး အမှတ် ၃ အဆန် ရထားပေါ်တွင် ဗုံး  ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာ ရခဲ့သည်။

ယင်းဖောက်ခွဲမှုနှင့်ပတ်သက်၍ ကရင်ပြည်နယ် သံတောင်မြို့နယ်မှ လူတဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ လက်ချက်ဖြစ်ကြောင်း ဇွန်လ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာများက စွပ်စွဲရေးသားခဲ့သည်။

ယခု အကြိမ် ဗုံးပေါက်ကွဲမှုသည် အစိုးရသစ်တက်လာပြီးနောက် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်တွင်မူ တတိယအကြိမ်မြောက် ဗုံးကွဲခြင်းဖြစ်သည်။

Monday, June 13, 2011

တိုက်ပွဲဖြစ်နေတဲ့ KIA စခန်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ တိုင်းမှူးထံ KIA စာပို့


2011-06-12(အာရ်အက်ဖ်အေ မှ ကူးယူဖော်ပြသည်)
ကချင်ပြည်နယ် တာပိန်ရေအားလျှပ်စစ် စက်ရုံ အနီးမှာရှိတဲ့ KIA ကချင် လွတ်မြောက်ရေးတပ်စခန်းနဲ့ ပတ်သက်ပြီး ညှိနှိုင်းဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဇေယျာအောင်ဆီကို KIA က စာတစောင် ပေးပို့လိုက်တယ်လို့ သိရပါတယ်။
တာပိန် ရေကာတာအနီး ဆန်ဂန်ဒေသမှာ ရှိတဲ့ KIA စခန်းတခုကို မြန်မာအစိုးရတပ်တွေက မနေ့က မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှာ လက်နက်ကြီးတွေနဲ့ စတင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်နေစဉ် KIO ဗဟို ကော်မတီ အစည်းအဝေး ထိုင်ပြီး မြန်မာအစိုးရနဲ့ ညှိနှိုင်းဖို့ ဆုံးဖြတ်ချက် ချလိုက်တာလို့ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး နိုင်ငံရေး အကဲခတ်ပုဂ္ဂိုလ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

KIA က ပေးပို့တဲ့စာမှာ ဆန်ဂန်မှာ အခုလ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြောက်ပိုင်းတိုင်းမှူးရဲ့ သံတမန်နည်းအရ ဖြေရှင်းဖို့ ညှိနှိုင်းချက်အရ KIA က ဖမ်းဆီးထားတဲ့ ခမရ (၄၃၇) က ဗိုလ်ကြီးမြတ်ကိုကိုနဲ့ အရာရှိတဦးကို ပြန်လည် လွှဲပြောင်းအပ်နှံခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။

တိုင်းမှူးက ဒီလို ပြန်လည်အပ်နှံပြီးရင် အပစ်အခတ်ရပ်ပြီး တပ်တွေ ပြန်ဆုတ်ခွာမယ်လို့ ကတိပေးတာကို လူကြီးစကား ဖြစ်တဲ့အလျှောက် ယုံကြည် လက်ခံခဲ့တယ်လို့လည်း RFA က လက်ခံရရှိတဲ့ စာမိတ္တူမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် ဇွန်လ ၁ဝ ရက်နေ့မှာ ဆက်လက် ပစ်ခတ်တဲ့အကြောင်း၊ ဒါ့အပြင် တပ်အင်အား တိုးချဲ့ချထားပြီး ထုံးဖိုစခန်းကနေ KIA တပ်တွေ ဆုတ်ခွာဖို့နဲ့ မဆုတ်ခွာရင် အင်အားသုံး ဖယ်ရှားမယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တဲ့ အကြောင်းကြားချက်တွေ ရှိနေပါတယ်လို့ စာမှာ ပါရှိပါတယ်။

ဒါကြောင့် တိုင်းမှူးအနေနဲ့ အမှန်တကယ် အင်အားသုံး ဖြေရှင်းဖို့ ယတိပြတ် ဆုံးဖြတ်ချက် ရှိမရှိ သိလိုတဲ့အကြောင်း၊ KIA အနေနဲ့ လုံးဝ ဆုတ်ခွာပေးဖို့ မရှိကြောင်းနဲ့ တကယ်လို့ အင်အားသုံးမယ်ဆိုရင် တိုင်းမှူးရဲ့တာဝန်သာ ဖြစ်မယ့်အကြောင်းလည်း စာမှာ ဖော်ပြထားပါတယ်။

KIA တပ်တွေနဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲနဲ့ စစ်ရေးတင်းမာမှုတွေနဲ့ ပတ်သက်ပြီး တရုတ်-မြန်မာ နယ်စပ်ကို ရောက်နေတဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးကို ကိုဥာဏ်ဝင်းအောင်က တိုက်ရိုက် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မြန်မာစစ်တပ်နှင့် KIA နှစ်ရက်ဆက်တိုက် စစ်ပွဲဖြစ်



ဇွန် ၁၂၊ ၂၀၁၁ ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်) မြို့နယ် ဆန်ဂန်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် မြန်မာစစ်တပ်ကြား နှစ်ရက် ဆက်တိုက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။

ယမန့်နေ့ ဇွန် ၁၁၊ ညနေ ၃ နာရီမှ ညသန်းခေါင်အထိ စစ်ပွဲဖြစ်ပွားသည်။ ယနေ့ ဇွန် ၁၂၊ တနင်္ဂနွေ နံနက် ၇ နာရီတွင် တိုက်ပွဲစတင်နေသည်ဟု KIA အရာရှိများပြောသည်။
sang-gang-wa-bur
နှစ်ဖက်ထိခိုက်ဒဏ်ရာရမှုရှိသော်လည်း အရေအတွက် အတိအကျကို မသိရပါ။

မြဝတီကားလမ်း လုံခြုံရေး နေရာ (၄) ခု တိုက်ခိုက်ခံရ

http://www.demotix.com/photo/538275/jungle-war-between-dkba-and-spdc-burma
မြဝတီမြို့ကိုလာမယ့် တိုင်းမှူးခရီးစဉ်အတွက် မြဝတီ အဝေးပြေးကားလမ်းပေါ်က ကားလမ်းလုံခြုံရေးယူထားတဲ့ ကြံ့ဖွံ့ အစိုးရ စစ်တပ်တွေကို တနင်ငူး၊ တံတားကြီးရှေ့၊ တံတားညီနောင်၊ သစ်ချောက်ပင် စတဲ့ နေရာလေးနေရာမှာ ဒီကေ ဘီအေ နဲ့ ကေအန်ယူ ပူးပေါင်းတပ်ဖွဲ့တွေက ယမန်နေ့ည ၉ နာရီ မိနစ် ၃၀ လောက်မှာ တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပါတယ်။
တိုက်ပွဲဖြစ်ခဲ့တဲ့ ယမန်နေ့ညက အခြေအနေကို ဆက်သွယ်မေးမြန်ခဲ့ရာ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကော်ဒို စိုး က ယခုလို ပြောကြားလာပါတယ်။
“ကျနော်တို့ဘက်က ညတုန်းက လမ်းလုံခြုံရေးတွေကို နေရာ လေးခုမှာ တပြိုင်တည်းဝင်တိုက်တယ်။ ဒီကေဘီအေက ဗိုလ်မှူးကြီး ကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်မဟာ (၇) တပ်ရင်း ၁၀၁ တပ်ဖွဲ့တွေ ပူးပေါင်းပီး စစ် ဆင်ခဲ့တာဖြစ်တယ်။ ည ၉ နာရီခွဲလောက်က စတိုက်တာ ည ၁၂ လောက်မှ ပြီးတယ်။ ကျနော်တို့ ဘက်က ထိခိုက်မရှိ ဘူး။ သူတို့ ဘက်က ထိလား မထိလား မသိရသေးဘူး။ အရှေ့တောင်တိုင်း တိုင်းမှူး မြဝတီလာဖို့ရှိတော့ မြဝတီကုန် သည် ကားလမ်းမှာ ကြံ့ဖွံ့အစိုးရ စစ်တပ်တွေ လုံခြုံရေး အပြည့်ချထားတယ်လေ။”
အရှေတောင်တိုင်း တိုင်းမှူး မြဝတီမြို့ကိုလာမယ့် ခရီးစဉ်ရှိနေတဲ့အတွက် ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်ရင်း ၁၀ ရင်းနဲ့ လမ်းလုံခြုံရေးယူထားတယ်လို့ မြဝတီဒေသခံ ကုန်သည်တွေ ပြောပြချက်အရ သိရှိရပါတယ်။

Sunday, June 12, 2011

ဆဋ္ဌသင်္ဂါယနာတင် မြန်မာဘာသာပြန် ပိဋကတ်သုံးပုံ

ပိဋကတ်သုံးပုံ ဆိုသည်မှာ  ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓ၀စန) များကို ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။ တနည်းအားဖြင့်  ၀ိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ဝိနည်းပိဋကတ် = ၀ိနည်း (၅)ကျမ်း
အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ(၇)ကျမ်း
သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ် ၌ ထည့်သွင်းသည်။ (၃၇)ကျမ်း


စုစုပေါင်း (၄၉)ကျမ်း ဖြစ်သည်။ ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာ အရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် (၂၁၀၀၀) ၀ိနည်းပိဋကတ်တွင် (၂၁၀၀၀) အဘိဓမ္မာပိဋကတ်တွင် (၄၂၀၀၀) စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ရှိသည်
ထို(ဗုဒ္ဓ၀စန) တရားတော်များတွင် ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ၀ိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြားဆုံးမချက်များကို `၀ိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓ၀စန များကို `ဓမ္မ´ဟု ခေါ်ဆိုသည်။ ၀ိနယမှ ကြွင်းသော ဗုဒ္ဓ၀စနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်လျက် ရှိသည်။
ဝိနည်းပိဋက (မြန်မာပြန်)
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒုကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် တိကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် စတုက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် သတ္တကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် အဋ္ဌကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် န၀ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကာဒသကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ၀ိမာန၀တ္ထုပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပေတ၀တ္ထုပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဗုဒ္ဓ၀ံသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် စရိယာပိဋကပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် မိလိန္ဒပဥှာပါဠိတော် မြန်မာပြန်

အဘိဓမ္မာပိဋက (မြန်မာပြန်)

ရပ်ပြစ်ရှစ်ပါး

ရပ်ပြစ်ရှစ်ပါးဆိုသည်မှာ
….



(၁) ငရဲ။


(၂) တိရစ္ဆာန်။


(၃) ပြိတ္တာ (အသူရကာယ် - အပါအ၀င်)။


(၄) အသက်ရှည်သော အရူပဘုံ အသညသတ်ဘုံ။


(၅) ဘုရားနဲ့ ရဟန္တာများ မရောက်သော ပစ္စန္တရာဇ်အရပ်။


(၆) မိစ္ဆာဒိဋ္ဌိ အယူရှိခြင်း။


(၇) တရားကို
နားလည်နိုင်အောင် ဥာဏ်မရှိသူဖြစ်ခြင်း။



(၈) ဥာဏ်ရှိသော်လည်း
ဘုရားမပွင့်သည့်အခါ လူဖြစ်ရခြင်းတို့ ဖြစ်သည်တဲ့။


မင်းလွမ်းနောင်(ပန်းတနော်)

Saturday, June 11, 2011

ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်

 Saturday, 11 June 2011--
ဇွန်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအ်ုငစီမှကူးယူဖော်ပြသည်
ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။
ယမန်နေ့မနက် ၁၀နာရီခန့်တွင် လမ်းဖားကျေးရွာအတွင်း ၀င်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ ၂၂လက်အောက်ခံ ခမရ ၂၀၁တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၇)နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မတော်(DKBA) ကလိုထူးဘောဗျူဟာ တပ်ဖွဲ့တို့ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA က ပြောသည်။
KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးစောဖောဒိုက “မနေ့က ၁၀နာရီအချိန် လမ်းဖားကျေးရွာမှာ ၀င်ရောက်လာတဲ့ ရန် သူ့တပ်ဖွဲ့ကို ကျနော်တို့ ကရင်ပူးပေါင်းတပ်ဖွဲ့က ၂နာရီကြာ စောင့်ကြိုပစ်ခတ်တယ်။ ရန်သူ့ဘက်က ၈ယောက်သေတယ်။ ၇ ယောက် အထိနာတယ်။ ကျနော်တို့ဘက်က ထိမှန်တာမရှိဘူး။”ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအခြေအနေကို ကရင်တပ်ဖွဲ့ဘက်က ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစိုးရစစ်တပ်ဘက်မှ ယနေ့အထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုဒေသတွင် ကရင်တပ်ဖွဲ့များနှင့် အစိုးရတပ်များ ယခုလို တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြပြီး ဆက်သွယ်ရေးအတွက် ဖုန်းများကိုပင် ပိတ်ထားရကြောင်း လမ်းဖားကျေးရွာနှင့်ကပ်လျှက် ကော့ဆိုင်ရွာမှ ရွာသူ အမျိုးသမီး တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“တက်လာမယ့် ဗမာစစ်တပ်ကို ကရင်တပ်ဖွဲ့ဘက်က လမ်းဖားရွာမှာ စောင့်နေတာ ၂ရက်ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်လာတော့ အခု ဆို တရွာလုံး ကြောက်လှန့်ကြတာပေါ့။ ဒီလို ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ ဖုန်းတွေ အားလုံး ပိတ်လိုက်ရတယ်။”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များတွင် စစ်ရေး ပိုမို လှုပ်ရှားလာသည့် ကရင်ပူးပေါင်း တပ်ဖွဲ့ကို ရှင်းလင်းတိုက်ထုတ်သွားရန်အတွက် အစိုးရစစ်တပ်ဘက်က စစ်ရေးပြင်ဆင်များ လုပ်ဆောင်နေချိန်တွင် ယခုလို ပစ် ခတ်ခံရခြင်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ပျက်ပြားစေရန် စစ်ဆင်ရေးများကို ရှေ့ဆက်၍ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလ ၆ရက်နေ့တွင် ကရင်နှင့် ကျောင်းသားတပ်မတော်တို့က “မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)”ဟု အမည်ရသော ပူး ပေါင်းစစ်ဆင်ရေး ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည့်အတွက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရှေ့ဆက်ဖြစ်လာအုံး မည့် အခြေအနေရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ