.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, July 20, 2011

အနာဂတ်မြန်မာ့နိုင်ငံရေးတွင် ဒေါ်စုကြည်၏အခန်းကဏ္ဍ သူမအပေါ်တွင်သာမူတည်ဟု ဦးကိုကိုလှိုင် ပြောကြား


ဦးကိုကိုလှိုင်
 
အနာဂတ်မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုင်ငံရေးအခန်းကဏ္ဍနဲ့ မြန်မာအစိုးရသစ်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ ဖြစ်ပေါ်လာရေးဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာပဲ ပိုပြီးမူတည်နေတာဖြစ်ကြောင်းသမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးကိုကိုလှိုင် က RFA သတင်းဌာန နဲ့တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာထုတ်ဖော် ပြောကြားလိုက်ကြောင်းသိရပါတယ်။
အစိုးရအဖွဲ့ရက်ပေါင်း ၁၀၀ အတွင်းဆောင်ရွက်မှုတွေအတွက်

Tuesday, July 19, 2011

ဘန်ကောက်သွားမည့်သူများ နယ်စပ်တွင် အဖမ်းခံရ

E-mail Print
ဘန်ကောက်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသား ၅၀၀ ခန့် ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့တွင် ယမန်နေ့က အဖမ်းခံလိုက်ရသည်။

"ဒီလူတွေက တရားမ၀င်တဲ့ နည်းနဲ့ ထိုင်းနိုင်ငံ အတွင်းပိုင်းကို ခိုးဝင်မှာ ဖြစ်တဲ့ အတွက် ဖမ်းဆီးရတာ ဖြစ်တယ်" ဟု မဲဆောက်မြို့ ရဲတပ်ဖွဲ့ ရဲဗိုလ်မှူးကြီး ဒေချာဝထနဖနုံက ဒေသခံ သတင်းထောက်များကို ပြောသည်။

news_Maesot2
ယမန်နေ့က အဖမ်းခံရသည့် မြန်မာပြည်သားများ (ဓာတ်ပုံ - ဧရာဝတီ)
၎င်းတို့အား မည်သို့  အရေးယူနိုင်ဖွယ် ရှိကြောင်း ပြောဆိုခြင်း မရှိပေ။

မဲဆောက်တွင် ယာယီ နေထိုင်ခွင့်လက်မှတ် လျှောက်ထားပြီး ဘန်ကောက်သို့ သွားရောက်ရေးအတွက် အလုပ်ရှင်၊ ပွဲစားများနှင့် ညှိနှိုင်းစဉ် ကာလအတွင်း အဖမ်းခံရခြင်းဖြစ်သည်ဟု အလုပ်သမားတဦးက

Sunday, July 17, 2011

ကျနော်ဆွဲဖွင့်မိသောတံခါးများ (နေဇော်နိုင်)


ကေအိုင်အေ မှတ်တမ်းဗီဒီယို အပိုင်း ၂


KIA ဒေသ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု မှတ်တမ်းရုပ်သံ Sunday, July 17, 2011 zarny win 2 comments အပိုင်း ၁။ KIA ထိန်းချုပ်ရာ ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ ဖမ်းဆီးနှိပ်စက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေနဲ့ ပတ်သက်တဲ့ ရုပ်သံဖိုင်တွေ ဖြစ်ပါတယ်။ အမှုဖြစ်ပွားတုန်း အဲဒီနယ်ဘက်မှာ အစိုးရစစ်တပ် တာဝန်ရှိသူဟာ လက်ရှိ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ မှတ်ချက် (၁) ဒီမှတ်တမ်းဖိုင်တွေမှာ ရုပ်အလောင်းပုံတွေကို အနီးကပ် ရိုက်ကူးထားပါတယ်။ လူတိုင်း ကြည့်ရှုဖို့ မသင့်တော်ပါ။ မှတ်ချက် (၂) YouTube က ဒီပုံတွေဟာ သူတို့မူဝါဒနဲ့ မကိုက်ညီဘူးလို့ ယူဆရင် သူတို့ ၀က်ဆိုက်ကနေ ဖယ်ရှားမှာပါ။ စိတ်ဝင်စားသူများ အခုကတည်းက ကူးယူထားမှ စိတ်ချရပါမယ်။ အပိုင်း ၁။


၆၄ နှစ်မြောက် အာဇာနည်နေ့အတွေး

ပန်းချီ .. မောင်လူရှင်
ဘာလိုလိုနဲ့ ဗိုလ်ချုပ်တို့ကျဆုံးခဲ့တာ ၆၄ နှစ်တင်းတင်းပြည့်သွားပြီကော…
ကိုယ်တွေ့ သိမီလိုက်သူတွေအဖို့ မနေ့တနေ့က အဖြစ်အပျက်လို ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ထိရှကြေကွဲ ခံစားမှုကိုယ်စီ ရှိနေမှာအမှန်ပါ… မသိမမီလိုက်တဲ့ ကျနော်တို့အတွက်လည်း နှစ်စဉ်မပျက် အမှတ်တရရှိနေလျက်ပါပဲ..
ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်တွေထဲမှာ ဗိုလ်ချုပ်က အသက်အငယ်ဆုံး ရာထူးအမြင့်ဆုံး.. ကျဆုံးချိန်မှာ သူ့အသက်က ၃၂ နှစ်သာသာ.. ဆိုတော့.. သူမရှိတော့တဲ့ကာလဟာ သူ့အသက်နှစ်ပြန်တောင်ရှိပြီပေါ့..
ဒါပေမယ့် ဗိုလ်ချုပ်ရဲ့ သူရဲကောင်း စိတ်ဓာတ်နဲ့ မြတ်နိုးအတုယူဖွယ် ဂုဏ်သတင်းက ဗမာပြည်ရာဇ၀င်မှာ ကမ္ဘာတည် သရွေ့ မော်ကွန်းကမ္ဗည်းတင် ကျန်ရစ်နေမှာပါ၊ လတ်တလောမှာပဲ.. အာဇာနည်နေ့ နီးလာခိုက် ဗိုလ်ချုပ်အကြောင်း ရေးထားတဲ့ စာအုပ်တွေ၊ ဗိုလ်ချုပ်ဓာတ်ပုံပါတဲ့ သော့ချိတ်လေးတွေ အရောင်းသွက်လာတယ်၊ လက်ကားဈေးနှုန်း ၃၀၀ ကျပ် ပေါက်တဲ့ သော့ချိတ်တခုကို

ရှမ်းပြည်တပ်မတော် စခန်းတချို့ ဆုတ်ခွာ


Published on July 17, 2011 by နန်းမြနဒီ   ·   No Comments
ရှမ်းပြည်နယ် ကျေးသီးမြို့နယ်တွင်း ဖြစ်ပွားနေတဲ့ အစိုးရတပ်နဲ့ ရှမ်းပြည်တပ်မတော်ရဲ့ တိုက်ပွဲ ၇ ရက်မြောက်နေ့မှာ ရှမ်းပြည်တပ်မတော်က တောင်ကုန်းတချို့ကို လက်လွတ်ဆုတ်ခွာပေးလိုက်ပြီလို့ နယ်စပ် စစ်ဖက် သတင်းရပ်ကွက်က ပြောပါတယ်။
ဒေသခံတဦး
အစိုးရဘက်က လက်နက်ကြီးတွေဟာ ရှမ်းတပ်မတော် တည်ရှိရာ တောင်ကုန်းတွေကို သာမက ရွာတွေထဲကိုပါ ကျမှန်ပေါက်ကွဲပြီးတဲ့နောက် ရွာသားတွေ ကစဉ့်ကလျား ဖြစ်ကုန်ကြသလို ရှမ်းတပ်က ဆုတ်ခွာပေးလိုက်တာလို့ ဆိုပါတယ်။
ဝမ်ဟိုင်း အနောက်မြောက်ဖက် ၁၆ မိုင်အကွာ နမ့်ပုတ်၊ လွယ်ကုန်၊ လွယ်ဆိုင်း၊ ဖတ်နမ်

အာဇာနည်နေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

Published on July 17, 2011 by ဒီဗွီဘီ   ·   No Comments
ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ ဂူဗိမာန်မှာ လာမယ့် ၁၉ ရက်နေ့မှာ ကျင်းပမယ့် နိုင်ငံတော် အာဇာနည်နေ့ အခမ်းအနားမှာ  ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါရ၀ပြုမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောပါတယ်။
၂၀၁၁ ဇူလိုင် ၁၂ ရက်နေ့က အာဇာနည်ကုန်းကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိစဉ် (ဓာတ်ပုံ- ရိုက်တာ)
အဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးတင်ဦးက “အရင်တုန်းက အချုပ်အနှောင်ခံရတော့ သူဟာ သွားပြီးတော့ ဖခင်အတွက် ပြန်လာလည်း အချုပ်ထဲနေရမယ်ဆိုတော့ မလွတ်လပ်တဲ့ လူတယောက်အနေနဲ့ မတက်ဘူးပေါ့ အခုတော့ လွတ်လပ်တဲ့ လူတယောက်အနေနဲ့ ကတော့ သူ့ရဲ့ဖခင် အာဇာနည်နေ့မှာတော့ တက်ရောက်ပြီးတော့ ဂါရ၀ပြုမယ်. ကန်တော့မယ်ပေါ့ဗျာ။ နောက် သူ့မိခင်ရှိတဲ့ ဂူလည်း သွားကန်တော့တတ်တယ်။ အဲဒါတော့ လုပ်မှာပါ အဲဒီနေ့ကျတော့၊”လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဌာနချုပ်မှာတော့ သံဃာတော်တွေကို ဆွမ်းဆက်ကပ်ပြီး

ဧဒင် ဥယျဉ် ထဲမှ တွေ.ရှိသော ပြည်တွင်းမှ ပေးစာ

ကာယကံရှင်) ကျွန်တော်ပြောချင်တဲ့ အကြောင်းအရာကတော့ တော်တော့ ကို မခံမရပ်ဖြစ်နေလို့ပါ။ သူငယ်ချင်းတို့ အားလုံးဟာ မြန်မာလူမျိုးတွေပါ၊

မြန်မာလူမျိုးတွေဖြစ်ကြတဲ့ အတိုင်း အားနွဲ့ တဲ့ မိန်းမသားတွေကိုကူညီစာနာကြတယ်ဆို တာ လက်ခက်မလွဲပါဘူး၊ အခုပြောပြမယ့်အကြောင်းအရာက မြန်မာလူမျိုးများဖြစ်နေပြီး ငွေ မျက် နှာတစ်ခုတည်းအတွက် နဲ့ ကိုယ်ဝန်သည်မိန်းကလေးတစ်ယောက်ကို အနိုင်ကျင့်လိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်လူကြီးတွေအကြောင်းပါ
   ဖြစ်စဉ်က  ၁၂ ရက်၊၇လ(ဇူလှိုင်)၊2011ခုနှစ် ညနေ ၅နာရီ ၃၀ ခန့် မှာ ကျွန်တော်နှင့်ကျွန်တော်၏ဇနီး၊အိမ်နီးနားချင်းမိန်းကလေးတစ်ယောက် တို့နှင့် အတူ ရွှေပြည်သာမြို့နယ် တ/၁၅ ရပ်ကွက်အနီး သိမ်ချောင်းကျေးရွာတွင်နေထိုင်သော ဆရာလေး(သီလရှင်) တစ်ပါးထံ သို့ သွားခဲ့ပါတယ်၊ထိုမှ အပြန်မှာ သိမ်ချောင်းကျေးရွာအထွက် လမ်းအရောက်မှာ ၄င်းရွာတွင်နေထိုင်သော အသက်(၄၀)ခန့် ဟန်ညွှန့်(စုံစမ်းသိရှိရသည်) ဆိုသူသည် ကျွန်ုပ်တို့နောက်ဘက်မှ စက်ဘီးကို ဘဲလ်မတီးပဲ ကျော်တက် ပြီး အစ်မ၊ညီမ မကြားဝံ့သော ဆဲနည်းများဖြင့် ဆဲရေးတိုင်းထွာ ပြီး ကျွန်ုပ်တို့ နားသို့ရောက်လာသသည်။ ကျွန်ုပ်လည်း အသက်ငယ်သူဖြစ်သောကြောင့် "ခင်ဗျား ဆဲစရာမလိုပါ ဘူး စက်ဘီးဘဲလ်ကို တီးရင် ကြားရပါတယ်" ဟုပြန်လည်ပြောကြားသောအခါ "မင်းကဘာကောင်လဲ ကွ" ရှေ့သို့တိုးလာကာ ကျွန်ုပ်အား ထိုးကြိတ်ရန် ၀င်လာသည်။ထို အချိန်တွင် ကျွန်ုပ်၏ဇနီး ကိုယ်ဝန်(၆လ) ရှိသူ ပြသနာ မဖြစ်အောင် ကြားမှ ၀င်ရောက်တောင်းပန်သည်ကို ပါးကို လက်ဖြင့်ရိုက်ကာ ၀မ်းဗိုက်အား ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သသည်။ကျွန်ုပ်၏ဇနီး လဲကျ သွားသောအခါ ကျွန်ုပ်အား ထပ်မံပြီး ၀င်ရောက်ထိုးကြိက်ပါသည်။ ၁၀ မိနစ်ခန့် အကြာမှာ လမ်းသွားလမ်းလာများက ၀င်ရောက်ဟန့် တားသဖြင့် "ဒါ ငါ့ ရပ်ကွက်၊ ငါ့ရွာ " ဟု ပြောကြားပြီးရွာထဲ သို့ ပြန်လည်ထွက်ခွာသွားသည်။ ကျွန်ုပ်မှာ ဖူးယောင်ဒဏ်ရာ အနည်းအကျည်းသာရရှိခဲ့သော်လည်း ကျွန်ုပ်၏ ဇနီးမှာ ရွှေပြည်သာဆေးရုံတွင် အတွင်းလူနာအဖြစ်တက်ရောက်ကုသနေရသည်။၎င်းဖြစ်စဉ်ကို လှော်ကားရဲစခန်းနှင့် ရပ်ကွက်လူကြီး ၊သက်ဆိုင်ရာတာဝန်ရှိသူများကို တိုင်ကြားအမှုဖွင့်ထားသော်လည်း လှော်ကားရဲစခန်းမှ ထိရောက်သော စုံစမ်းစစ်ဆေးမှုကိုမပြုလုပ်ခဲ့ပါ။ ရပ်ကွက်ထဲမှ သူများက ကျွန်ုပ်တို့ အား စုံစမ်းပေးရာ မှာ ထိုသူ မှာ ၂လုံး၃လုံး ချဲထီ ရောင်းသူဟုသိရပြီး တာဝန်မှူး(တိုင်ကြားချက်) လက်ခံသူ တပ်ကြပ်ကြီး တင်ဆန်းရွှေနှင့် နယ်ဖြေခံရဲတပ်ဖွဲ့ ကို တံစိုးလက်ဆောင် များ လက်ထိုးထားသည်ဟုသိရှိရပါတယ်.......မည်သို့ပင်ဖြစ်စေကာမူ ယခုဖြစ်ရပ် သည် လူမဆန်သည့်အပြုအမူ ဖြစ်သည်ကို သူငယ်ချင်းတို့တွေ့ရပါလိမ့်...ဒါကြောင့် ကျွန်ုပ်တိုင်ကြားထားသော အမှုကို တရားရုံးသို့မတင် ပဲ အမှုဖျောက်မည်ကို စိုးရိမ်သဖြင့် သူငယ်ချင်းတို့ တက်နိုင်သလောက် အွန်လိုင်း သတင်းဖြန့်ကူညီပေးစေချင်ပါတယ်။
တစ်ဖက်သက်ခံ ရသူမှာ ကျော်ဇင်လတ်(၁၄/ဖပန(နိုင်)၁၄၀၅၀၉) နှင့် မအိအိဖြူ(၁၄/ဖပန(နိုင်)၁၃၂၀၉၆)

လေလှိုင်းကြားမှာပျောက်ကွယ်ခဲ့သောချစ်သူ





နံနက်ခင်းဧ။်အလှပတရားတို. ထွန်းတောက်ချိန်…ကျေးငှက်လေးများဧ။် အိပ်တန်းမှ နိုးထသံ နှင့်အတူ ရောထွေးလျှက်ပါလာသည်က နေ.စဉ်နှင့်အမျှ တိုးတက်ထွန်းကားနေသော ထိုင်းနိုင်ငံ အတွင်းရှိမော်တော်ကား အင်ဂျင်သံများနှင့်အတူ ပန်းရံတန်းလျားလေးလဲ နိုးထ အသက်ဝင်ခဲ့ပါပြီ။ ဒီတန်းလျားလေးအတွင်းတွင် မြန်မာ ရွှေ.ပြောင်းအလုပ်သမား တစ်ယောက်ဖြစ်တဲ့ မင်းကို တစ်ယောက်လဲ နံနက်ခင်းများရဲ.ဗာရိဟ များဖြစ်သော ထမင်းချက် ဟင်းချက် နံနက်စာ ကော်ဖီတစ်ခွက် သောက်ပြီး ယာစင်း ခေါ် ပွတ်ချွန်း ဆေးလိပ်ကလေးဖြင့် မိမိ လက်ကိုင်တယ်လီဖုန်းမှ နာရီလေးကိုကြည့်ကာ တစ်ခုခုကု စဉ်းစားနေဟန်တူသည်။ အချိန်ကား ထိုင်းစံတော်ချိန် နံနက် ၆း၃၀ ခန်.   ၊ ဒီအချိန်ဆိုလျှင်  မင်းကိုရဲ.ချစ်သူ ကောင်မလေး မြတ်နိုး တစ်ယောက် အိပ်ယာမှ နိုးလောက်ပြီပေါ့ …အတွေးကလေးနှင့် မိမိဧ။် တယ်လီဖုန်းလေးဖြင့် ချစ်သူထံပါးသို. ခေါ်ဆိုလျှက်ရှိပြီး သူဧ။်မျက်ဝန်းတွင်လဲ အပျော်များနှင့် ပြည့်လျှံလျှက်ရှိပေသည်။   
မင်းကို   ဆိုတာ မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ မြို.ငယ်လေးတစ်မြို.မှ အမေဖြစ်သူ ကွယ်လွန်ပြီးနောက် မိမိဧ။်မိသားစု စားဝတ်နေရေးအတွက် အရဲစွန်.ကာ ကော့သောင်းမြို.သို. လာရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး ထိုင်းနိုင်ငံသို. လူပွဲစားများဧ။် ကြေငြာကောင်းခြင်းကြောင့် ထိုင်းနိုင်ငံသို. လူပွဲစားများတဆင့် ရေလမ်းခရီးဖြင့် သေကံမရောက်သက်မပျောက် ရောက်ရှိအလုပ်လုပ်ကိုင်နေခြင်းဖြစ်သည်။ လူငယ်ဖြစ်သည့်အားလျှော်စွာ မြန်မာနိုင်ငံတွင် စိတ်ဖြင့်မကူးခဲ့ဖူးသော လက်ကိုင်ဖုန်းလေးတစ်ခုကို ရရှိသောလုပ်အားခလေးဖြင့် ခြစ်ကုတ်ပြီးဝယ်ယူထားပြီး မိတ်ဆွေသူငယ်ချင်းများနှင့် အဆက်အသွယ် ပြုလုပ်ရန် အချိန်မှီ ထိုင်းရဲများဧ။်အခြေအနေကို သိရန်အတွက် အဓိက ရည်ရွယ်ထားခြင်းသာ။  ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် လက်ကိုင်ဖုန်းများကို မဖြစ်မနေ ၀ယ်ယူတတ်ကြသည် ၀ယ်ယူရသည့်အကြောင်းရင်းကလဲရှိနေတာကြောင့်လဲဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းသို. တရားမ၀င် ၀င်ရောက်လာပြီး အလုပ်လုပ်ခွင့် လက်မှတ်(ဘတ်) မရှိပါပဲ လုပ်ကိုင်နေရသည့်အတွက် အဖမ်းအဆီးသတင်းများ အချိန်နှင့်တပြေးညီ သိရှိရန် အကူအညီတောင်းရန် စသော အကြောင်းများကြောင့် ပင်ဖြစ်သည်။  သို.နှင့် မိတ်ဆွေများ မှ တဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို.ရှိ မြတ်နိုး ဆိုသူ ကောင်မလေးဖြင့် လူချင်းမမြင်ဖူးပဲ လေလှိုင်းကြားမှ ဖုန်းလေးဖြင့် ချစ်သူဘ၀ ရောက်ရှိနေရခြင်းလဲ ဖြစ်သည်။ နံနက်တိုင်း ဖုန်းဆက်နေကျ ညစဉ် ဖုန်းဆက်နေကြ ဖြစ်သောကြောင့် အချိန် မှန် ဖုန်းဆက် စကားပြောနေရခြင်းကိုက မင်းကို တစ်ယောက် ပင်ပန်းသမျှတွေ ပျောက်ကွယ်ရသည်မဟုတ်ပါလား။
ကြားရပါပြီ…..မြတ်နိုးဧ။် အသံ ကြည်ကြည်လေး  ကိုကို မနက်စာစားပြီးပြီလားတဲ့…..မင်းကိုတစ်ယောက် ဒီအသံလေးကိုပဲစွဲမက်နေရသည်မဟုတ်ပါလား….ပျော်လိုက်သည့်ဖြစ်ချင်း စကားတွေ ဆက်တိုက်ပြောနေရင်း အချိန်ဆိုတာကလဲ တိုးတောင်းလိုက်သည့်ဖြစ်ရပ် အလုပ်ဆင်းဖို. သံချောင်းခေါက်လေပြီ။  မင်းကိုတစ်ယောက်လဲ ဖုန်းကလေး ထဲမှ ချစ်သူအား ရက်ရက်ရောရော KISS တွေပေးရင်း  နှမျောတသစွာ ဖုန်းကလေးချရန် ချစ်သူကိုပြောလေ တော့ မထင်မှတ်သည့်စကားလေးတစ်ခွန်းကို ချစ်သူထံမှ ကြားလိုက်ရချေပြီ ။  ကိုကို နဲ. မြတ်နိုး ဒီည မိုးလင်းပေါက် စကားပြောကြမယ်နော်..တဲ့…မင်းကိုတစ်ယောက် အလုပ်လုပ်နေရင်းပင် စဉ်းစားနေပေပြီ..ဘာအကြောင်း ဘာအတွက်ပါလိမ့် အင်းလေ ဘာပဲဖြစ်ဖြစ် ချစ်သူနှင့်စကားပြောနေရရင်ကိုက မိမိရဲ. ရင်နှစ်မြွှာ ခုန်ပေါက် ပျော်ရွှင်နေရတာလဲ မင်းကို နှစ်သက်မိနေသည်မဟုတ်ပါလား။
အလုပ်လုပ်ရင်း မင်းကိုတွေးမိတာတော့ ယနေ.အဖို. နေ.တာ ရှည်လျားလွန်းလှ သည်ဟုသာ၊ သို.နှင့် အချိန်တွေ တအိအိ ကုန်ဆုံး လို. အလုပ်သိမ်းချိန်လဲ ရောက်ပါပြီ…အလုပ်ခွင်မှ နေ၍ သွက်လက်သောခြေလှမ်းများဖြင့် အခန်းသို.ပြန်လာခဲ့လေပြီ..ရေချိုး ထမင်းဟင်းချက် ဖုန်း ထဲသို. ဖုန်းကဒ်ဝယ်ထည့် ပြီး ညအတွက် ကြိုတင်ပြင်ဆင်လေပြီ…။ မင်းကိုနှင့် မြတ်နိုးမှာ ချစ်သက် ကြာလှသည်ဟုမဆိုသာသော်လည်း ၆ လ အတွင်းလေးမှာပင် အရမ်းချစ်ခဲ့ကြသော လေလှိုင်းကြားမှ ချစ်သူနှစ်ယောက်ပင်ဖြစ်ပေသည်။
မျှော်လင့်ထားသော အချိန်သို. ရောက်လာပေပြီ..ဆန္ဒ စောနေသော မင်းကိုတစ်ယောက်

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ