.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, December 14, 2011

ဘန်ကောက်ရေဘေးဒုက္ခသည် မြန်မာများအတွက် ရွှေတွံတေးဆရာတော်နဲ့ FED အဖွဲ့ ပူးပေါင်းအလှူ

ထိုင်းနိုင်ငံ ရေးဘေးဒုက္ခသည် မြန်မာပြည်သားတွေအတွက် ရွှေတွံတေးဆရာတော်နဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး FED အဖွဲ့တို့ ပူးပေါင်းကာ ရေဘေးဒဏ်ခံခဲ့ရတဲ့ အယုဒ္ဓယ ဒေသမှာ မြန်မာပြည်သား အပါအဝင် ဒုက္ခသည် ၄၀၀၀ ကျော်ကို ယခုလ ၆ – ၇ –  ၈ – ၉ ရက်နေ့တွေက စားစရာများ ပေးလှူခဲ့ပါတယ်။ အလှူအတွက် ကုန်ကျငွေကို FED အဖွဲ့က အကုန်အကျ ခံခဲ့ပါတယ်။
  • DSC_5541<br>
  • DSC_5638<br>
  • DSC_5668<br>
  • DSC_5672<br>
  • DSC_5680<br>
  • DSC_5687<br>
  • DSC_5699<br>
  • DSC_5709(2)<br>
  • DSC_5709<br>

Powered By Cincopa
ထိုင်းနိုင်ငံရောက် ရေးဘေးဒုက္ခသည် မြန်မာပြည်သားများအတွက် ရည်ရွယ်ကာ ရွှေတွံတေးဆရာတော်ဦးစီးပြီး နိုဝင် ဘာ ၄ ရက်နေ့က စတင်ပြီး ထိုင်းနိုင်ငံ မဟာချိုင်ဒေသက ဝပ်ခေါင်မဒယာ ဘုန်းတော်ကြီးကျောင်းမှာ ယာယီကယ်ဆယ်ရေးစခန်း အမှတ် (၂) ရေဘေးဒုက္ခ သည်စခန်းကို စဖွင့်ခဲ့ပြီး ကူညီရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ခုချိန်မှာ ဖွင့်ထားတဲ့ ဒုက္ခသည်စခန်း မှာ ရေဘေးဒုက္ခသည် မြန်မာပြည်သား ၂၀၀ ကျော် တည်ခိုနေလျက်ရှိပါတယ်။
ရွှေတွံတေးဆရာတော်၊ ကိုကျော်သောင်း၊ ကိုခိုင်ကြီးတို့ ဦးဆောင်ပြီး ဝပ်ခေါင်မဒယာ ဘုန်းကြီးကျောင်းမှာ စခန်းစဖွင့်စ မှာပဲ မြန်မာသံရုံးက ဘတ်ငွေ ၅ သောင်း လာရောက်လှူဒါန်းသွားပါတယ်။ ရေဘေးသင့်ရာ မြန်မာပြည်သားတွေရှိတဲ့ အုံးမနွဲ၊ အုံးယိုင်၊ ဆွိုင်ဟ၊ ဆွိုင်စီ၊ ပထုံထာနီ၊ နခွန်ပထွန်၊ အယုဒ္ဓယ စတဲ့ နေရာတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေ လုပ်ကိုင်ပေးခဲ့တယ်။ လူတဦးကို ဆန် ၃ ပြည်၊ အာပြဲခြောက် ၁၀ ကောင်၊ ကြက်သွန်နီ/ဖြူ ကီလိုဝက်၊ ရေသန့် ၁ ဘူး၊ ယုဇနလက်ဖက် ၂ ထုပ်၊ ငါသေတ္တာ ၁ ဘူး၊ မာမားခေါက်ဆွဲခြောက် ၂ ထုပ် စတဲ့ စားစရာတွေပါတဲ့ အထုပ်များ ပေးလှူနိုင်ခဲ့ကြတယ်။ ကယ်ဆယ်ရေးအဖွဲ့က တာဝန်ခံတဦးဖြစ်တဲ့ ကိုခိုင်ကြီး ပြောပြတာက …
“ကျနော်တို့ ပထုံထာနီ ဘက်မှာ ကျနော်တို့ သွားလှူကြတုန်းက အဲဒီဒေသမှာရှိတဲ့ မြန်မာအပါအဝင် ထိုင်း လာအို ကမ္ဘောဒီယား စတဲ့ လူမျိုးတွေကိုပါ အခွဲခြားပဲ လှူခဲ့ပါတယ်။ ဒီအချိန်မှာ အားလုံး ဒုက္ခဖြစ်နေတာ လူမျိုးရေးခွဲရမယ့် အချိန်မဟုတ်ဘူး လို့ နာလည်ထားပါတယ်။ အခု အယုဒ္ဓယ တခုပဲ ရေကျသေးတယ်၊ လမ်းသွယ်တွေက ရေက ပေါင်ရင်း လောက်ထိ ရှိနေတုန်းပဲ၊ စက်ရုံအသေးတွေနဲ့ အိမ်ရုံတွေတော့ ပြန်ဖွင့်ကုန်ပါပြီ ဒါပေမယ့် စက်ရုံပိုင်ရှင်က ထမင်းတနပ်ပဲ တာဝန်ယူ ကျွေးသေးတော့ ကျန်တဲ့ တနပ်စာအတွက် အခက်အခဲရှိနေပါတယ်။”

ယာဉ်တိုက်မှုကြောင့် မြန်မာ ၂၅ ဦး ဒဏ်ရာရ




သန်းထိုက်ဦး

ထိုင်းနိုင်ငံတွင် ယနေ့ နံနက်က ဖြစ်ပွားသည့် ယာဉ်တိုက်မှု တခုတွင် မြန်မာနိုင်ငံသား ၂၅ ဦး ဒဏ်ရာ ရရှိသွားသည်။

ကန်ဖန်ဖက် (Kamphaeng Phet) ခရိုင်၊ ကိုးစန်ဖရပ်နခေါ (Kosamphi Nakhon) မြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မယ်ဆိုင်မြို့နယ်တွင် ယာယီနိုင်ငံကူး လက်မှတ် သွားလုပ်ပြီး နခေါစ၀မ်မြို့နယ်သို့ ပြန်လာစဉ် ၁၈ ဘီးကားကို ၀င်ရောက် တိုက်မိခဲ့သည်ဟု ဆိုသည်။

ကားတွင် လိုက်ပါသွားသူ တဦး၏ အဆိုအရ မယ်ဆိုင်မြို့နယ်တွင် အလုပ်သမား ၅၀ ကျော် ယာယီ နိုင်ငံကူး လက်မှတ် သွားလုပ်ခဲ့ပြီး အပြန်လမ်းတွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း၊
ဒဏ်ရာရသူများကို ကန်ဖန်ဖက် မြို့နယ် ဆေးရုံကြီးတွင် ဆေးကုသမှု ပေးနေကြောင်း သိရသည်။

အလုပ်သမားများကို ဦးဆောင်သည့် ထိုင်းနိုင်ငံသားတဦးက “ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ကားသမား ၂ ယောက် စလုံးကို ရဲတွေက ခေါ်ယူ စစ်ဆေးမှုတွေ လုပ်နေတယ်၊ ဥပဒေ အရ အရေးယူ ဆောင်ရွက်သွားဖို့ ရှိတယ်” ဟု ပြောသည်။

ယာဉ်တိုက်မှု ဖြစ်ပွားရသည့် အကြောင်းရင်း အသေးစိတ်ကို မသိရှိရပေ။


(ထိုင်းသတင်းဌာန ( thairath Online )အင်တာနက် စာမျက်နှာ http://m.thairath.co.th/content/region/223470 တွင် ဖော်ပြထားသော သတင်းကို ကိုးကား ရေးသားသည်)




မြန်မာတဦး မြင်းဆေးနဲ့အဖမ်းခံရဟု ထိုင်းသတင်းတွင် ရေးသား



ရာဘ ( ခေါ် ) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၄၅၀ သယ်ဆောင်လာတယ်လို့ စွပ်စွဲခံထားရတဲ့ ကိုမောင်လတ်ရဲ့ အလုပ်သမားကတ်

သန်းထိုက်ဦး ရေးသားသည်
မြန်မာနိုင်ငံသား တဦးဆီက စိတ်ကြွဆေးပြား ၄၅၀ ကို ထိုင်းနိုင်ငံ တောင်ပိုင်းဘက်ကို သွားမယ့် ကားပေါ်မှာ အင်္ဂါနေ့က ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်း အာဏာပိုင်များက ပြောပါတယ်။

အဖမ်းခံရတဲ့ မြန်မာနိုင်ငံသားက စိတ်ကြွဆေးပြားတွေကို ထိုင်းနိုင်ငံ တောင်ပိုင်း မြို့နယ် ၃ မြို့မှာ ရှိတဲ့ လူငယ်တွေကို သွားရောင်းဖို့ အစီအစဉ်ရှိကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

စိတ်ကြွဆေးပြားတွေကို အပြာရောင် အိတ် ၂ လုံးထဲမှာ တွေ့ရတာ ဖြစ်ပြီး ဖုန်းတလုံး၊ ATM ကတ် တခု၊ ထိုင်းဘတ် ၂၂၃၀ တို့ကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

မြင်းဆေး ခေါ် ရာဘ စိတ်ကြွဆေးတွေနဲ့ အဖမ်းခံရတယ် ဆိုတဲ့ ကိုမောင်လတ်က အသက် ၂၇ နှစ်ပါ။ ထိုင်းအာဏာပိုင်တွေက လော လောဆယ် သူ့ကို မူးယစ်ဆေး ရောင်းဝယ် ဖောက်ကားမှုနဲ့ ထိန်းသိမ်းထားပြီးတော့ ကွင်းဆက် တရားခံများကို ဖော်ထုတ်သွားမယ်လို့ ပြောပါတယ်။
ကိုးကားသတင်းနှင့်ဓာတ်ပုံများ - မန်နေဂျာ အွန်လိုင်း အင်တာနက် စာမျက်နှာ http://manager.co.th/Local/ViewNews.aspx?NewsID=9540000158406






Sunday, November 27, 2011

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများဗီဇာသက်တမ်းတိုးရန်နှင့် သိကောင်းစရာများ

ထိုင်းရောက်မြန်မာအလုပ်သမားများ (ယာယီနိုင်ငံကူးလက်မှတ်ရှိသူများ) အနေဖြင့် ထိုင်းအစိုးရမှ ပေးထားသော ဗီဇာသက်တမ်း (၂)
ပြည့်ရန် (၁) လအလိုတွင် မိမိတို.နေထိုင်ရာ လူဝင်မှု.ကြီးကြပ်ရေး ရဲစခန်းများသို.သွားရောက်အကြောင်းကြားကာ ဗီဇာသက်တမ်း တိုးရန် သတိပေးလိုပါတယ်။
လိုအပ်သည့်အချက်အလက်များ.........
၁။ Passport မူရင်း(သက်တမ်း တိုးပြီးဖြစ်ရပါမယ်)
၂။ Work permit မူရင်း
၃။ ဆေးစစ်လက်မှတ်
၎။ အလုပ်၇ှင်ဧ။် အိမ်လိပ်စာ   တို.ပဲဖြစ်ပါတယ်......။

မှတ်ချက်(၁) Work Permit မရှိသူများအနေနှင့် ဗီဇာ သက်တမ်း တိုးပေးမည်မဟုတ်ပါ
မှတ်ချက်(၂) ဗီဇာသက်တမ်း ကုန်လွန်ပြီး (၇) အတွင်း ဒဏ်ငွေပေးရန်မလိုပဲ (၇)ရက်ကျော်ပါက (၁)ရက်ဒဏ်ငွေ (၅၀၀) ဘတ့်ဖြင့်
                 ရက်ကျော်သလောက် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပါတယ်။
မှတ်ချက်(၃) (၁) လနှင့်အထက်ကျော်သူများမှာ ဒဏ်ငွေ (၂၀၀၀၀) ဘတ် ပေးဆောင်ရမည်ဖြစ်ပါတယ်။
မှတ်ချက်(၄) ပါတ်စပို. သက်တမ်း (၃) နှစ်သမားများအနေနှင့်  နောက်တစ်ကြိမ် သက်တမ်း (၃) နှစ်တိုးပြီးဖြစ်ရပါမယ်။
မှတ်ချက်(၅) ဗီဇာ သက်တမ်း တိုးကြေး ပေးဆောင်ရန်မှာ (၃၀၀၀) ဘတ် ဖြစ်ပါတယ်။(နယ်မြေအလိုက်ကွာခြားနိုင်သလို ပွဲစားများ
                 နှင့်လုပ်ပါက ဈေးကွားဟနိုင်ပါတယ်) ။
မှတ်ချက်(၆) ဗီဇာ သက်တမ်းတိုးပြီးပါက အလုပ်လုပ်ကိုင်ခွင့်  Work Permit ကိုလဲ သက်တမ်း ထပ်မံတိုးရမည် ဖြစ်ပါတယ်...။

ထိုင်းနိုင်ငံရောက်မြန်မာ အလုပ်သမားများအနေနှင့် မိမိတို.ဧ။် ယာယီနိုင်ငံကူးလက်မှတ်များအား အထူးဂရုစိုက်စွာ လုပ်သင့်သည်များကို
အချိန်နောက်မကျစေပဲ လုပ်ကိုင်နိုင်ရန်အတွက် အသိပေးအပ်ပါတယ်ဗျာ.......။

မင်းလွမ်းနောင်(ပန်းတနော်)

Friday, November 25, 2011

ကောင်းနိုးရာရာ Website လေးများ

Post  
[color=cyan]ဗုဒ္ဓဘာသာ website များ
www.dhammadownload.com
www.dhammanet.org
www.edhamma.com
www.mora.gov.mm
www.dhammasearch.net

မြန်မာစာ website များ
www.mchronicle.com.mm
www.planet.com.mm
www.zawlinyouth.net
www.myanmarelibrary.com
www.burmalibrary.org
www.ainmat.com
www.myanmarelibrary.net
www.elibrary.edu.com.mm
www.myanmarinternetjournal.com
www.art.com
www.ad-artbiz.com
www.itmyanmar.com
www.myanmarhosting.com
www.myanmarbookaid.org
www.foreverspace.com.mm
www.myawady.net
www.myanmar.com
www.pansagar.com
www.mysuboo.com
www.mmblogs.net
www.yawainwe.net
www.people.com.mm
www.popularmyanmar.com
www.myanmar.mmtimes.com
www.modinst.net
www.bagan.net.mm
www.myanmarpyithar.com
www.all-channel.com
www.bobo.6te.net
www.burmeseclassic.com
www.myanmarcelibrary.com
www.ainmat.com
www.foreverspace.com.mm
www.mcf.org.mm
www.ayeyarwady.com
www.nanmyintmyanmar.com
www.city.com.mm


အနုပညာရှင်တို့၏ website များ
www.luminn.com
www.lwinmoe.com
www.nawaratt.com
www.zinzinzawmyint.com
www.nansuyatisoe.com
www.htunaeindrabo.com
www.supanhtwar.com
www.wynesukhinethein.com
www.saisaionline.com
www.yelayonline.com
www.minmawkunn.com
www.westlife.com
www.thebackstreetboys.com
www.koreanwiz.org
www.linkinpark.com
www.aungaungayeoo.co.cc

Mp3 Website များ
http://beemp3.com
www.goldenlandpages.com
www.bamarlay.com
www.irazoo.com
www.myanmarmp3.net
www.ayinepan.com
www.alinyaung.com
www.flashband.net
www.myanmar-music.com
http://music.all-channel.com
http://myanmarmp3album.com
www.emusic.com
www.thewiplist.com
www.mp3raid.com
www.pansagar.com
www.airmp3.com
www.thanakha.com
www.innwa.com
www.nyakabyar.com
www.mrtv3.net.mm
www.freemyanmarvcd.com
www.myanmarmp3.net
www.flashband.net
www.yinkhonthanfm.com
www.luckyseven.com
www.myintzuri.com

အားကစားဆိုင်ရာ Website များ
www.fitst-11.com
www.uefa.com
www.premireleague.com
www.sportingnews.com
www.livesocore.com
www.asianbookie.com
www.euro2004.com
www.yadanarbonfc.com
www.espnstar.com
www.ygnutd.com
www.soccernet.espn.go.com
www.soccerbase.com
www.weeklyeleven.com
www.biweeklyeleven.com

ကျန်းမာရေးဆိုင်ရာ Website များ
www.healthy.net
www.tripprep.com
www.nantalhelp.net

Thursday, November 24, 2011

မြန်မာနိုင်ငံမှ တံဆိပ်ခေါင်းများ စုစည်းမှု.

MM001.48, S.G 83 (½a. green) ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ပထမဆုံး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးမှ အမှတ်စဉ် (၁)၊ ၆ - ပိုင်တန် ( အစိမ်းရောင် ) ၄၀ x ၃၀ မီလီမီတာ။
MM002.48, S.G 84 (1a. pink) ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ပထမဆုံး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးမှ အမှတ်စဉ် (၂)၊ ၁ - ပဲ တန် ( ပန်းရောင် ) ၄၀ x ၃၀ မီလီမီတာ။
MM003.48, S.G 85 (2a. red) ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ပထမဆုံး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးမှ အမှတ်စဉ် (၃)၊ ၂ - ပဲ တန် ( အနီရောင် ) ၄၀ x ၃၀ မီလီမီတာ။
MM004.48, S.G 86 (3½a. blue) ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ပထမဆုံး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးမှ အမှတ်စဉ် (၄)၊ ၃ - ပဲ၊ ၆ - ပိုင်တန် ( အပြာရောင် ) ၄၀ x ၃၀ မီလီမီတာ။
MM005.48, S.G 87 (8a. brown) ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးနေ့ ပထမဆုံး အထိမ်းအမှတ် တံဆိပ်ခေါင်း ငါးမျိုးမှ အမှတ်စဉ် (၅)၊ ၈ - ပဲ တန် ( အညို - ချောကလက်ရောင် ) ၄၀ x ၃၀ မီလီမီတာ။
MM001.53, S.G 134 (14p. green - 22×18 mm) ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ငါးကြိမ်မြောက် လွတ်လပ်ရေးနေ့ နှင့် တိုက်ဆိုင်လျှက် ပြည်တော်သာစီမံကိန်း အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း အသစ်သုံးမျိုးမှ အမှတ်စဉ် (၁)၊ တစ်ဆယ့်လေးပြားတန် ( အစိမ်းရောင် ) ၂၄ x ၂၁ မီလီမီတာ။
MM002.53, S.G 135 (20p. red - 36½×26½ mm) ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ငါးကြိမ်မြောက် လွတ်လပ်ရေးနေ့ နှင့် တိုက်ဆိုင်လျှက် ပြည်တော်သာစီမံကိန်း အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း အသစ်သုံးမျိုးမှ အမှတ်စဉ် (၂)၊ နှစ်ဆယ်ပြားတန် ( အစိမ်းရောင် ) ၃၉ x ၃၀ မီလီမီတာအရွယ်။
MM003.53, S.G 136 (25p. blue - 36½×26½ mm) ၁၉၅၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ငါးကြိမ်မြောက် လွတ်လပ်ရေးနေ့ နှင့် တိုက်ဆိုင်လျှက် ပြည်တော်သာစီမံကိန်း အထိမ်းအမှတ်အဖြစ် တံဆိပ်ခေါင်း အသစ်သုံးမျိုးမှ အမှတ်စဉ် (၃)၊ နှစ်ဆယ့်ငါးပြားတန် ( အပြာရောင် ) ၃၉ x ၃၀ မီလီမီတာအရွယ်။
MM001.68, S.G 193 (15p. multicoloured) ၁၉၆၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် နှစ် ၂၀ မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၁ မျိုး။ ၁၅ ပြားတန် ( နောက်ခံ အပြာရောင် ) ၄၅ x ၃ရ မီလီမီတာ။
MM001.92, S.G 324 (50p. Warrior defending personification of Myanmar and map- poster, Khin Thein) ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၁)၊ ၅၀ ပြားတန်။
MM002.92, S.G 325 (2k) ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၂)၊ ၂ ကျပ်တန်။
MM001.98, S.G 355 (2k. multicoloured) ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် နှစ် ၅၀ မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၁ မျိုး။ ၂ ကျပ်တန်။
MM001.00, S.G 369 (2k. multicoloured) ၂၀၀၀ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် နှစ် ၅၂ မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၁ မျိုး။ ၂ ကျပ်တန်။
MM001.01, S.G 375 (2k. multicoloured) ၂၀၀၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၁ မျိုး။ ၂ ကျပ်တန်။
MM001.02, S.G 376 (2k. Type 111) ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၅၄ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၁)၊ ၂ ကျပ်တန်။
MM002.02, S.G 377 (30k. As No. 376 but inscriptions and face value in English) ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၅၄ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၂) ၃၀ ကျပ်တန်။
MM001.03, S.G 378 (2k. Type 112) ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၅၅ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၁)၊ ၂ ကျပ်တန်။
MM002.03, S.G 379 (30k. As No. 378 but inscriptions and face value in English) ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၅၅ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၂)၊ ၃၀ ကျပ်တန်။
MM001.07 ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၅၉ နှစ် မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၁)၊ ၂ ကျပ်တန်။
MM002.07 ၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၅၉ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၂) ၅ ကျပ်တန်။
MM001.08 ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် နှစ် ၆၀ မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၁)၊ ၅၀ ကျပ်တန်။
MM002.08 ၂၀၀၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် နှစ် ၆၀ မြောက် လွတ်လပ်ရေး နေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၂)၊ ၁၀၀ ကျပ်တန်။
MM001.09 ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၆၁ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၁)၊ ၂၀၀ ကျပ်တန်။
MM002.09 ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၆၁ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၂)၊ ၃၀၀ ကျပ်တန်။
MM001.10 ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၆၂ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် တံဆိပ်ခေါင်းသစ် ၂ မျိုးမှ အမှတ်စဉ် (၁)၊ ၁၀၀ ကျပ်တန်။
MM002.10 ၂၀၁၀ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ထုတ် ၆၂

Sunday, November 20, 2011

ဦးဇင်းများဖျာ့


ဦးဇင်းများဖျာ့

ပြည်တွင်းစစ်ရပ်ရေး .. ဒို့ အရေး
နိုင်ကျဉ်းအရေး .. ဒို့ အရေး
ကမ္ဘာ့ငြိမ်းချမ်းရေး .. ဒို့ အရေး
... ......... သိမ် အလုံပိတ်ပြီး
တရားဟောတဲ့ ဦးဇင်းများဖျာ့ ..

စစ်တပ်ကို တရားဟော
စစ်သားတွေ လူထွက်လို့ 
မြို့ တွေကို သူပုန်စီးရင်
တပည့်တော် ကြောက်ရယ်ဖျာ့ ..

မြစ်ကြီးနားမှာ ဝိုင်းဒိုင်းကြဲ
ဗုံးခွဲတဲ့ ကေအိုင်အေကြောင့်
မြေဇာမြက်ဖြူ များပြည်သူတို့ 
သေကြေခဲ့ရသတဲ့
ကေအိုင်အေ ကိုလည်း
ငြိမ်းချမ်းရေးအကြောင်း ဟောပါအုံးဖျာ့ ..

ရိုဟင်ဂျာကို ရှေ့ တန်းတင်
ပြည်ပမှာ လူရာဝင်တဲ့
ခေါတောထွန်းခင် နဲ့  ဟန်ညောင်ဝေတို့ ကိုလည်း
မဟုတ်တရုတ် မလုပ်ဖို့ 
သွန်သင်ပါအုံးဖျာ့ ..

ဘင်္ဂလားနယ် ကော့ဘဇားက
ဆရာတော်တပါးပေါ့ .. ဦးဇင်းရယ်
ခေါတောသတ်လို့  ပျံလွန်စော
နတ်မြစ်မှာ ပက်လက်မျှောသတဲ့
ဘကုန်းကို ကြွရောက်ပြီး
တရားလေး ဘာလေး ပြပါအုံးဖျာ့ ..

ကဗျာပါဒများကြောင့်
ရွှေစိတ်တော် ညိုညင်ခဲ့ရင်
ဦးဇင်းများက မေတ္တာရှင်မို့ 
အမိုက်မဲလေး ဗမာ့သွေးကို
ဗွေမယူပါနဲ့ ဖျာ့ ..... ။

ဗမာ့သွေး@Bamar Blood

ပြည်တွင်းစစ်ရပ်ရေး .. ဒို့ အရေး
နိုင်ကျဉ်းအရေး .. ဒို့ အရေး
ကမ္ဘာ့ငြိမ်းချမ်းရေး .. ဒို့ အရေး
... ......... သိမ် အလုံပိတ်ပြီး
တရားဟောတဲ့ ဦးဇင်းများဖျာ့ ..

စစ်တပ်ကို တရားဟော
စစ်သားတွေ လူထွက်လို့ 
မြို့ တွေကို သူပုန်စီးရင်
တပည့်တော် ကြောက်ရယ်ဖျာ့ ..

မြစ်ကြီးနားမှာ ဝိုင်းဒိုင်းကြဲ
ဗုံးခွဲတဲ့ ကေအိုင်အေကြောင့်
မြေဇာမြက်ဖြူ များပြည်သူတို့ 
သေကြေခဲ့ရသတဲ့
ကေအိုင်အေ ကိုလည်း
ငြိမ်းချမ်းရေးအကြောင်း ဟောပါအုံးဖျာ့ ..

ရိုဟင်ဂျာကို ရှေ့ တန်းတင်
ပြည်ပမှာ လူရာဝင်တဲ့
ခေါတောထွန်းခင် နဲ့  ဟန်ညောင်ဝေတို့ ကိုလည်း
မဟုတ်တရုတ် မလုပ်ဖို့ 
သွန်သင်ပါအုံးဖျာ့ ..

ဘင်္ဂလားနယ် ကော့ဘဇားက
ဆရာတော်တပါးပေါ့ .. ဦးဇင်းရယ်
ခေါတောသတ်လို့  ပျံလွန်စော
နတ်မြစ်မှာ ပက်လက်မျှောသတဲ့
ဘကုန်းကို ကြွရောက်ပြီး
တရားလေး ဘာလေး ပြပါအုံးဖျာ့ ..

ကဗျာပါဒများကြောင့်
ရွှေစိတ်တော် ညိုညင်ခဲ့ရင်
ဦးဇင်းများက မေတ္တာရှင်မို့ 
အမိုက်မဲလေး ဗမာ့သွေးကို
ဗွေမယူပါနဲ့ ဖျာ့ ..... ။

ဗမာ့သွေး@Bamar Blood

Saturday, November 19, 2011

သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်"




သာဓုခေါ်လိုက်ပါတော့


"သာဓုခေါ်လိုက်ပါတော့ မရင်ငြိမ်းပွင့်"

စင်ကာပူနိုင်ငံ၊ Serangoon Central, Block 420 နေမရင်ငြိမ်းပွင့်သည် ၁၇.၁၁.၂၀၁၁ နံနက်ပိုင်းတွင် သူမနေထိုင်ရာတိုက်ခန်းမှ ခုန်ချပြီးမိမိကိုယ်ကိုအဆုံ
းစီရင်သွားခဲ့ကြောင်းသတင်းအားနာရေးကူညီမှုအသင်း(ရန်ကုန် )မှ သိရှိလိုက်ရသောအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/ သားများသည် များစွာအံ့သြခဲ့ရသည်။ မရင်ငြိမ်းပွင့်သည် စင်ကာပူနိုင်ငံနန်ယန်ပိုလီတက္ကနစ်မှ သူနာပြု ဒီပလိုမာဘွဲ့ရရှိခဲ့ပြီးKan dangKerbauအမျိုးသမီးနှင့် ကလေးသူငယ်ဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်းသိ ရှိရသည်။

(၃၁) ဘုံတွင်ရခဲလှသော လူ့ဘ၀တွင် အို၍သေခြင်း၊ နာ၍သေခြင်းစသည့် သေခြင်းတရားများအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အတက်နိုင်ဆုံးကူညီဖေးမပေးလျှက်ရှိရာယခုကဲ့သို့ လူ့ဘ၀သက်တမ်းမကုန်ဆုံးခင် မိဘ၊ ဆွေမျိုး၊ မောင်နှမများအားလိမ္မာရေးခြားရှိစွာဖြင့် မိမိတတ်စွမ်းသောပညာရပ်ဖြင့်  အလုပ်အကျွေးပြုနေရှာသော နိုင်ငံ၏ သားကောင်း၊ သ္မီးကောင်းများအချိန်မတန်ဘဲ  လူ့ဘ၀မှ ထွက်ခွာသွားရခြင်းအတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါသည်။

မရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအားစင်ကာပူနိုင် ငံမှ ရန်ကုန်မြို့သို့ ၁၈.၁၁.၂၀၁၁ ရက်နေ့ ညနေပိုင်းတွင် မိဘများမှ ပြန်လည်သယ်ဆောင်လာခဲ့သည်။ လေဆိပ်သို့ ရောက်ရှိလာသောမရင်ငြိမ်းပွင့်၏ ရုပ်အလောင်းအားနာရေးကူညီမှုအ သင်း(ရန်ကုန်)သို့ အကြောင်းကြားခဲ့၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အသင်းသားများ၊ ၀န်ထမ်းများမှ သယ်ဆောင်ပို့ဆောင်ပေးခဲ့ပါသ ည်။ ယနေ့ ၁၉.၁၁.၂၀၁၁ နေ့လည် (၁း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအအေးခန်းမှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှ ပို့ဆောင်မီးသင်္ဂြိုလ်ပေးခဲ့သည်။ မီးသင်္ဂြိုလ်ခြင်းအခမ်းအနားပြီးဆုံးချိန်တွင် ကျန်ရစ်သူမိသားစု နှင့် ဆွေမျိုးသားချင်းများမှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်၍ မရင်ငြိမ်းပွင့် အသက် (၂၂)နှစ်အတွက် ရည်စူး၍ အလှူငွေပေးအပ် လှူဒါန်းခဲ့ပါသည်။

ရောက်ရာဘုံဘ၀မှ မရင်ငြိမ်းပွင့်အားအမျှ … အမျှ … အမျှ ပေးဝေလိုက်ပါသည်။

တို့သေရတဲ့တစ်နေ့ အနှစ်မပါ ဗလာပြန်သွားရမှာကိုသာကြောက်ပါ။ အနှစ်ပါပါ ပြန်ရရင်တော့ မြေအိုးနဲ့ ရွှေအိုးလဲရတော့မယ်လို့ ၀မ်းမြောက်လိုက်ပါတော့ . . . . ။ (၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး)

အေဒင်မှ ကူးယူဖော်ပြပါသည်

Tuesday, November 15, 2011

သမ္မာ ကျမ်းစာ သမိုင်း

 

ခရစ်ယာန်တွေမှာ ဘုရားနှုတ်ကပတ်တော်ဆိုတဲ့ ကျမ်းစာကို ရှေးက ကျမ်းတတ်ပုဂ္ဂိုလ်၊ ယာဇ်ပရောဟိတ်များ နှုတ်နဲ့အာဂုံဆောင်ခဲ့ကြပါတယ်။ ပေ၊ပရပိုက်၊ သားရေပြား တွေပေါ်မှာ ရေးသားမှတ်တမ်တင်ထားပေမဲ့ အုပ်စိုးသူမင်းများ၊ သာသနာပိုင်ဘုန်းတော်ကြီးများကပဲ သိမ်းဆည်းထားပါတယ်။ သာမန်လူများ နှုတ်ကပတ်တော်ကို ဖတ်ရှုဖို့မပြောနဲ့ ကြားဖို့တောင် တော်တော်ခဲယဉ်းလှပါတယ်။  BC 1445 - BC400 ကာလအတွင်းမှာ ဓမ္မဟောင်းကျမ်းစာ ၃၉ကျမ်း ကို ဟီဘရူးဘာသာ (ဂျူးဘာသာစကား) နဲ့ စတင်ရေးသားပါတယ်။ ဓမ္မဟောင်းကာလမှာ ဂျူးလူမျိုးများရဲ့ ဘာသာဖြစ်လို့ ဘာသာပြန်ခြင်းမရှိခဲ့ပါဘူး၊ သခင်ယေရှုကာတိုင်မှာအသေခံပြီး  AD30 နောက်ပိုင်း နှစ်၁၀၀အတွင်းမှာ ဓမ္မသစ် ၂၆ကျမ်းကို ဂရိဘာသာနဲ့ရေးခဲ့ပါတယ်။ ရိုမင်ကတ်သလစ်တွေမှာ -  အပိုခရာဖာ APOCRYPHA (ဂျူးရာဇ၀င်) ၁၁ကျမ်း ပိုပါတယ်။သခင်ယေရှုဟာ ဘုရားရဲ့သားတော်အဖြစ် လောကကိုကြွဆင်းလာပြီး ဂျူးလူမျိုး သာမက လူတိုင်း ကိုးကွယ်ရတဲ့ ဘုရားအဖြစ် ဟောပြောခဲ့ပါတယ်။ ကျေးဇူးတော် Grace Period ကို ကျမ်းစာလာတဲ့အတိုင်း သားကောင်များယာဇ်ပူဇော်ခြင်းကို ရပ်တံ့စေပြီး ဓမ္မဟောင်းကျမ်းကို ပြည့်စုံစေပါတယ်။ (1)  ဂျူးလူမျိုးများကတော့ ဓမ္မဟောင်းကျမ်းတွေကိုပဲ သုံးစွဲလျှက်ရှိပါတယ်။ အာရပ် မွတ်ဆလင်များက ဓမ္မဟောင်း၊ဓမ္မသစ်များ
 ကို တမန်တော်မိုဟာမက်အားဖြင့် ပိုမိုပြည့်စုံတဲ့ ကိုရမ်ကျမ်းစှာQur'an အဖြစ် အာရပ်ဘာသာစကားနဲ့ AD632 မှာပြုစုပြီးစီးခဲ့ပါတယ်။ သဘောကတော့ ဂျူး၊ အာရပ်၊ ခရစ်ယန်များ အားလုံးဟာ ထာဝရဘုရားခြင်းတူကြတယ်။ ဂျူးဘာသာက ရဟိုးဝါ လိုခေါ်တယ်။ မွတ်ဆလင်ဘာသာများက အလ္လာအရှင်မြတ် လို့ခေါ်ကြပြီး ခရစ်ယာန်တွေက ထာဝရဘုရား၊ သခင်ယေရှု၊ သန့်ရှင်သောဝိညာဉ် (၃)ပါးတစ်ဆူ အဖြစ် ခေါ်ဝေါကြတယ်။ ခြုံကြည့်ရင် ဒီဘာသာ၃ရပ် အခြေခံကတော့ ဓမ္မဟောင်းကျမ်း နဲ့ တစ်ဆူတည်းသောဘုရားဖြစ်ပြီး၊  ဘာသာရေးယုံကြည်ချက် နဲ့ ကျင့်ဝတ်များမှာ ကွဲလွဲမှုကြီးများ ရှိပါတယ်။ သမ္မာကျမ်းစာ သမိုင်းမှာ အာရပ် နဲ့ ဂျူးလူမျိုး သမိုင်းမပါရင် မဖြစ်ဘူးလို့ ပြောရပါမယ်။ (2)




St. Jerome ဂျာရောမ် c347-420

လက်တင်ဘာသာ ခရစ်ယာန် သမ္မာကျမ်းစာ ဘာသာပြန်သူအနေနဲ့ စိန့်အောဂတ်စတင်း နဲ့ စိန့်ဂျာရောမ် တို့၂ဦးတို့ဟာ ထင်ရှားပါတယ်။ ယခင်က ဓမ္မဟောင်းကျမ်းကို ဟီဗရူး နဲ့ ဂရိ နှစ်ဘာသာနဲ့ ရေးသားထားတဲ့အချိန် လက်တင်ဘာသာနဲ့ ဘာသာပြန်ထားတာ အနည်းအကျဉ်းရှိပါတယ်။ စိန့် ဂျာရောမ် ကတော့ ကျမ်းစာတစ်ခုလုံးကို ဘုန်းတော်ကြီးကောင်စီခွင့်ပြုချက်နဲ့ ဘာသာပြန်ခဲ့ပါတယ်။ သမ္မာကျမ်းစာကို အခြားဘာသာများသို့ ပြန်ဆိုခြင်းခွင့်မပြုတဲ့ပါ။ ဟီဗရူး၊ ဂရိ နဲ့ လက်တင်ဘာသာ များနဲ့ AD1400 အထိ ကျမ်းတတ်ပုဂ္ဂိုလ်များသာ သမ္မာကျမ်းစာကို ဖတ်ခွင့်ရခဲ့ပါတယ်။ စိန့်ဂျာရောမ် ဘာသာပြန်တဲ့ လက်တင်ဘာသာ သမ္မာကျမ်းစာကို နှစ်တထောင်လောက်  (AD 400  to 1400) သုံးစွဲခဲ့တယ်ဆိုတာ တော်တော်အံ့သြဘွယ်ပါပဲ။  စိန့်ဂျာရောမ် ဟာ ဂရိလူမျိုးဖြစ်ဟန်ရှိပါတယ်။ ငယ်စဉ်က ရောမမြို့ကို

Monday, November 14, 2011

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ပဏာမဆန်းစစ်ခြင်း




၁၃-၁၁-၂၀၁၁          မင်းလွမ်းနောင်(ပန်းတနော်)






နေ.စဉ်နှင့်အမျှ စက်မှု.ပညာ နှင့်စီးပွားရေး
တိုးတက်ကောင်းမွန်လျှက်ရှိသော ထိုင်းနိုင်ငံ အတွင်းသို.   တစ်ချိန်က
သခင်မျိုးဟေ့ ဒို.ဗမာဟု ကြွေးကြော် ခဲ့ကြသော
ရွှေမြန်မာများ တစ်နေ.တစ်ခြား တိုးပွားဝင်ရောက်လျှက်ရှိသည်မှာ ယခုအခါ
အလုပ်သမားရေး လေ့လာဆောင်ရွက်သူများအဆိုအာြး
ဖင့် လူဦးရေ ၄သန်းကျော်မျှသော
ပမာဏသို.ရောက်ရှိနေပြီဖြစ်ပြီး ထိုအထဲမှ ၁ သန်းခွဲမျှလောက်သော
ရွှေမြန်မာများသည် ထိုင်းအစိုးရမှ ထုတ်ပေးသော ၁နှစ်ခံ
အလုပ်လုပ်ကိုင်ခွင့်(ဘတ်) ၊ပြည်နယ်ဒေသများတွင်
(၁၀)နှစ်ခံ နေထိုင်ခွင့် နှင့် နှစ်နိုင်ငံသဘောတူ ဆောင်ရွက်ထားသော
ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပေသည်။သို.သော်အများစုမှာ
မည်သည့် စာရွက်စာတမ်းမှ မရှိပဲ တရားမ၀င်နေထိုင်အလုပ်လုပ်ကိုင်နေသူများ
ဖြစ်သည့်အားလျော်စွာ အဘက်ဘက်မှ
လူ.အခွင့်အရေးကိုချိုးဖောက်ခံနေကြရသူများလဲဖြစ်သည်။
တရားဝင်စာရွက်စာတမ်းကိုင်ဆောင်ထားသော်လည်း အများစုမှာ ဖိနှိပ်ခံ

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ