.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, June 10, 2012

နောက်ဆုံးရသတင်းတို

By Eleven Media Group
ညနေ ၃ နာရီ ၄၀ မိနစ် အချိန်က စစ်တွေမြို့တောင်ဘက်တွင် ရှိနေသော စစ်တွေဟိုတယ်အနီးမှ စံပြရွာကို ဘင်္ဂါလီများက မီးရှို့ခဲ့ကြောင်း သိရသည်။ အဆိုပါ မီးရှို့မှုကြောင့် အိမ်ခြေ တစ်ရာခန့်ရှိသော စံပြရွာရှိ အိမ်အများစုမှာ မီးလောက်ကျွမ်းခဲ့ကြောင်း သိရပါသည်။ စံပြရွာသည် စစ်တွေဟိုတယ်နှင့် ပေ ၁၀၀၀ ခန့် အကွာတွင် တည်ရှိပါသည်။

သမ္မတရုံးတာဝန်ရှိသူတစ်ဦးဧ။်ဖေ့ဘွတ်စာမျက်နာမှ သဘောထား

(ပုဂ္ဂလိက သဘောထား ဖြစ်ပါသည်)
မိဘပြည်သူများ ခင်ဗျား-
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်အာဏာကို လွှဲပြောင်း ရယူထမ်းဆောင်ချိန်ကပင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မိမိနိုင်ငံသား တိုင်းရင်းသားလူမျိုးများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး၊ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး၊ အချုပ်အခြာအာ ဏာတည်တံ့ခိုင်မြဲရေးအတွက် အစွမ်းကုန်ကြိုးပမ်းထမ်းဆောင်ရန် သံဓိဌာန် ချမှတ်ထား ပါသည်။

ဖြစ်ပေါ်နေသော အခြေအနေများကို မိဘပြည်သူများအားလုံး နားလည်သဘော ပေါက်ရန် လိုအပ်ပါသည်။ အဘက်ဘက်မှ အပြုသဘောမဆောင်သော အတွေးများ၊ အမြင် များဖြင့် ခြေလှမ်းတစ်ချက်မှားလျှင် ၀ိုင်းဝန်း ပြစ်တင်ဝေဖန်ကြမည့် သူများ၊ အဖွဲ့အစည်းများ ပြည်တွင်း၊ ပြည်ပ၌ ရှိနေသည်ကိုလည်း တွေ့မြင်ရပါသည်။ မည်သို့ပင် ဆိုစေကာမူ နိုင်ငံ တော်အစိုးရအနေဖြင့် မိမိနိုင်ငံသား တိုင်းရင်းသားပြည်သူများ လုံခြုံဘေးကင်းရေး၊ တည်ငြိမ် အေးချမ်းရေးအတွက် ဥပဒေနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူများမှ စိုးရိမ်ပူပန်မှုများစွာ တိုက်တွန်းပြောကြာနေသည်များ အားလုံးကိုလည်း ကောင်း၊ ပြည်သူများ စိတ်တွင် ဖြစ်ပေါ်နေသည့် ခံစားချက်များကိုလည်းကောင်း နိုင်ငံတော် အကြီးအကဲများအနေဖြင့် ကောင်းစွာ စာနာ နားလည် သဘောပေါက်ကြပါသည်။ နိုင်ငံတော် ကို အုပ်ချုပ်နေရသော အကြီးအကဲများအနေဖြင့် မိမိပြည်သူများအပေါ် မည်မျှအထိ စာနာ နားလည်နေသည်ကိုလည်း ပြည်သူများ သိစေချင်ပါသည်။

တရားဥပဒေစိုးမိုးရေးသည် ပြည်သူများ၏ ၀ိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်မှုများ များစွာ လိုအပ်ပါသည်။ နိုင်ငံတော်အနေဖြင့် ပုံမှန်အနေအထားသို့ အမြန်ဆုံး ရောက်ရှိ စေရန် လုပ်သင့်လုပ်ထိုက်သည်များကို တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် မြန်မြန် ဆန်ဆန် လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြည်သူလူထု၏ ထောက်ခံမှု၊ ပူးပေါင်းပါဝင်မှု များကိုလည်း မျှော်လင့်လျက် ရှိပါသည်။

ရခိုင်ပြည်နယ် အမြန်ဆုံး တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားများ အားလုံး ဘေးရန် အပေါင်း၊ စိုးရိမ်ကြောင့်ကြမှုအပေါင်းမှ ကင်းဝေးကြပါစေ။

နှိုးဆော်ချက်

 သမ္မတရုံး တာဝန်ရှိသူတစ်ဦးဧ။် ဖေ့ဘွတ်တွင်ရေးသားထားသည့် နှိုးဆော်ချက်
 
မိဘပြည်သူများ ခင်ဗျား-
နိုင်ငံတော်အစိုးရသည် မိမိနိုင်ငံသား တိုင်းရင်းသားပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို တရားဥပဒေနှင့်အညီ ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ရန် အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားရန် စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်ကြောင်း သိစေအပ်ပါသည်။ ပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုကို မျှော်လင့် နေပါသည်။ တရားဥပဒေစိုးမိုးရေးသည် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု ခိုင်မာအားကောင်းမှ အောင်မြင်မည် ဖြစ်ပါသည်။

ရခိုင်မျိုးချစ်များ

ဘင်္ဂလီများလာရာ လမ်းကြောင်းတွင် ကင်းစောင့်လျက်ရှိသော ရခိုင်မျိုးချစ်များ
(မြစ်မခ ရခိုင်ပြည်နယ်သတင်းထောက် သတင်းပေးပို့သည်)

BREAKING NEWS



ရခိုင် ၄ မြို့နယ် ပုဒ်မ (၁၄၄) ထုတ်

နေ့လည် ၃ နာရီ ၅၉ မိနစ်၊ ဇွန် ၁၀၊ ၂၀၁၂ (YPI)

စစ်တွေ၊ သံတွဲ၊ ကျောက်ဖြူနှင့် ရမ်းဗြဲတို့တွင် ပုဒ်မ (၁၄၄) အမိန့်ထုတ်ပြန်လိုက်ကြောင်း ရုပ်မြင်သံကြားများမှ ထုတ်လွှင့်သွားသည်။

သို့ဖြစ်ရာ ရခိုင်ပြည်နယ်တွင် မောင်တော၊ ဘူးသီးတောင်အပါအ၀င် ပုဒ်မ (၁၄၄) အထုတ်ခံရသည့် မြို့နယ် ၆ မြို့နယ်ရှိလာပြီဖြစ်သည်။ ။

အကြံပြုချက်

ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်များနှင့် (အစ္စလာမ်ဘာသာကို အကြောင်းပြု၍) အကြမ်းဖက်မှုများ လုပ်ဆောင်နေသော ဘင်္ဂါလီများ ခွဲခြားပြီး ကြည့်မြင်ကြရန် လိုအပ်ပါသည်။

ပြည်သူများအတွင်း မသင်္ကာစရာများ တွေ့ရှိရပါက သက်ဆိုင်ရာသို့ အမြန်ဆုံး အကြောင်းကြရန် လိုအပ်ပါသည်။

နိရဉ္စရာသတင်းဌာနခြိမ်းခြောက်ခံနေရ။

By Thu Zar


ဘင်္ဂလာနှိုင်ငံတွင်တည်ရှိသောနိရဉ္စရာသတင်းဌာနသည် ရခိုင်တွင်ဖြစ်ပေါ်နေသော သတင်းများကိုဖော်ပြရာတွင် ယခုအခါအကြမ်းဖက်သမားဘင်္ဂလာလူမျိုးတို
့မှခြိမ်ခြောက်ခံရကြောင့်သတင်းရရှိသည်။

ကာဖျူး ထုတ်လိုက်ပြီ

စစ်တြွေုမို့ကို ပုဒ်မ-၁၄၄ ထုတ်ပြန်လိုက်ပြီ ဖြစ်ဖြစ်ကြောင်း

သမ္မရုံးမှ အရာရှိတစ်ဦးဖေ့ဘွတ်စာမျက်နာတွင် ဖော်ပြထားပါသည်


အစ္စလာမ်ဘာသာကို ခုတုံးလုပ် အသုံးချ၍ မင်းမဲ့စရိုက်များ ကျူးလွန်လာသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း

ညီအစ်ကို မောင်နှမများ ခင်ဗျား-

နိုင်ငံတော်အစိုးရသည် အုပ်ချုပ်ရေးနည်းလမ်းများဖြင့် နိုင်ငံသားများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။

နိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီ အသိအမှတ်ပြုထားပြီး ဖြစ်ပါသည်။

အရေးကြီးသည်မှာ နိုင်ငံတော်သည် အစ္စလာမ်ဘာသာဝင်များကို ပစ်ခတ်တိုက်ခိုက်နေခြင်း မဟုတ်ပါ။ (နိုင်ငံတကာ သတင်းမီဒီယာများမှ လုပ်ကြံဖန်တီးဖော်ပြနေကြပါသည်။) ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များကို အသုံးချ၍လည်းကောင်း၊ အစ္စလာမ်ဘာသာကို အသုံးချ၍လည်းကောင်း မိမိတိုင်းရင်းသား ရခိုင်လူမျိုးများအပေါ် ဆူပူအကြမ်းဘက်မှုများ ပြုလုပ်လာသော ရိုဟင်ဂျာ ဘင်္ဂါလီလူမျိုးများကို ဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတိပြုစေလိုပါသည်။

နိုင်ငံတော်အစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စောင့်ထိန်းလိုက်နာဆောင်ရွက် နေပြီး ဘာသာရေးအကြောင်းပြုလျက် ခွဲခြားခြင်းသော်လည်းကောင်း၊ လူမျိုးရေးအကြောင်း ပြုလျက် ခွဲခြားခြင်းသော်လည်းကောင်း လုံးဝ မရှိပါကြောင်း၊ အစ္စလာမ်ဘာသာကို ခုတုံးလုပ် အသုံးချ၍ မင်းမဲ့စရိုက်များ ကျူးလွန်လာသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ခြင်းသာ ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
 သမ္မတရုံး အရာရှိတစ်ဦးဧ။် ဖေ့ဘွတ်စာမျက်နာ မှ
 

စစ်တွေမြို့၏ ဇွန်လ ၁၀ ရက်နေ့ မြင်ကွင်းဓာတ်ပုံများ

 ဘင်္ဂလီ များဖျက်ဆီးမှု.ကြောင့် ထွက်ပြေးတိမိးရှောင်နေရသော ရခိုင်သွေးချင်းများ


 စုပေါင်းညီညာစွာဖြင့် မီးငြိမ်းသတ်ကြ
 ပစ္စည်းမရရင်နေပါစေဘိုးဘွားလက်ထက်က ဆင်းတုတော်ကိုတော့အပါသယ်ဆောင်သူ သွေးချင်းတစ်ဦး

 ဘင်္ဂလီများလက်ချက်ကြောင့် မီးစွဲလောင်နေသည့် မြင်ကွင်း

 လုံထိန်းတပ်ဖွဲ.များမှာ သွေးချင်းတို.အားကာကွယ်မှု.ပေးနေစဉ်
 ဆင်းရဲဒုက္ခများကို ဖြေရှင်းနိုင်ကြစေရန် ဆုတောင်းနေကြသည့် သွေးချင်းများ
ရရာလက်နက်ကိုင်ဆွဲပြီး အမျိုးသားရေးအတွက် ထွက်ပေါ်လာကြတဲ့ အာဇာနည်သွေးချင်းများ

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ