.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, May 31, 2012

ကျနော်တို့ နှစ်နိုင်ငံက တနိုင်ငံတည်း နီးပါး ဖြစ်နေပါပြီ


Published on May 30, 2012 by နေသွင်   ·  
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အပေါ် ထိုင်းလူမျိုးတွေရဲ့ အမြင်ကို သိရအောင် ထိုင်းနိုင်ငံက အထက်လွှတ်တော် အမတ်ဟောင်း ခရိုင်ဆတ် ချွန်ဟာဗန် နှင့် မေးမြန်းချက်ဖြစ်ပါတယ်။
မစ္စတာ ခရိုင်ဆတ် ချွန်ဟာဗန်
မစ္စတာ ခရိုင်ဆတ်ဟာ မြန်မာ့ ဒီမိုကရေစီ အရေးကို အစဉ်တစိုက် ထောက်ခံသူဖြစ်ပြီး ထိုင်းရောက် မြန်မာ အတိုက်အခံတွေ နဲ့ အလုပ်သမားရေး လုပ်ဆောင်နေ တဲ့ အဖွဲ့တွေကို နှစ်ပေါင်းများစွာ ကူညီ အားပေးနေသူဖြစ်ပါတယ်။
အခုဆိုရင် ထိုင်းနိုင်ငံ ဟာ ဒေါ်အောင်ဆန်းစုကြည် ကို လက်ခံတဲ့ ပထမဆုံး နိုင်ငံဖြစ်လာ ပါတယ်။ ဒါဟာ ထိုင်းပြည်သူတွေနဲ့ ထိုင်းအစိုးရအတွက် ဘယ်လောက် ထူးခြားတယ်လို့ ပြောလို့ ရမလဲ။
“အခုလိုမျိုး ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံကို ပထမဆုံး လာရောက်တဲ့ အတွက် ထိုင်းပြည်သူတွေတော့ ၀မ်းသာပီတိဖြစ်နေကြတယ်။ ဘာကြောင့်လဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာရှင် စနစ်ကို တွန်းလှန်တဲ့ သင်္ကေတလည်း ဖြစ်တယ်။ မြန်မာပြည် တခုတည်းအတွက် မဟုတ်ပါဘူး၊ ဒေသတခုလုံးအတွက်ပါ။ သိတဲ့အတိုင်းပဲ ကျနော်တို့ ဒေသက နိုင်ငံတွေ အားလုံးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့ကြတယ် ဆိုပေမယ့် နိုင်ငံတော်တော်များများမှာ အပြည့်အ၀ မလွတ်မြောက်ကြသေးပါဘူး၊ အကန့်အသတ်တွေ ရှိနေတုန်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံ ခရီးကတော့ နိုင်ငံအားလုံးအတွက်၊ အဲဒီနိုင်ငံတွေက ပြည်သူတွေ အားလုံးအတွက် အလွန်အရေးကြီးတဲ့ သမိုင်းဝင်ပြယုဂ်တခု ဖြစ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံကို လာတာဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ဖို့ လာတာပေါ့လေ။ ဒါပေမယ့် အဲဒီ ဖိုရမ်ကို မတက်ခင်မှာ ထိုင်းမှာ ရှိနေတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဆီကို သွားခဲ့တယ်၊ ထိုင်းနိုင်ငံ အတွက်ဆိုရင် ဒီလုပ်ရပ်က ဘယ်လို အဓိပ္ပာယ်ဖြစ်မလဲ၊ ဘယ်လိုယူဆလဲ။
“အရင်တုန်းဆိုရင် မြန်မာရွှွေွှ့ပြောင်းအလုပ်သမားတွေကို တွေ့ဖို့ဆိုတာမျိုးကို ထိုင်းအစိုးရက အလွယ်တကူ ခွင့်မပြုတတ်ပါဘူး၊ ဒီလုပ်ရပ်မျိုးက တခါတလေကျတော့ ထိုင်းအစိုးရ ကိုယ်တိုင်အတွက် ရှက်စရာကောင်းပါတယ်။ အခုတခါမှာတော့ ထိုင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို စမွတ်စခွန် ခရိုင်ထဲမှာ ပါတဲ့ မဟာချိုင်တ၀ိုက်က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို တွေ့ခွင့် ဖွင့်ပေးလိုက်တယ်။ တကယ်တမ်းကျတော့ မဟာချိုင်ဒေသမှာ မြန်မာပြည်သား လူဦးရေက ထိုင်း လူဦးရေထက် ပိုများနေတယ်။ တခြား ရနောင်း၊ တာ့ခ် ခရိုင်တွေမှာလည်း ဒီလိုပဲ မြန်မာပြည်ဘက်က လူဦးရေက ထိုင်းနိုင်ငံသားတွေထက် ပိုများပါတယ်။ ထိုင်းတော်တော်များများက ထိုင်းနိုင်ငံနဲ့ မြန်မာပြည်ဆိုတာ အတိုင်းအတာတခုအထိ နှစ်အိမ့်တအိမ် ဖြစ်နေပြီလို့ ယူဆနေကြပါတယ်။ အခုဆိုရင် ကျနော်တို့ နှစ်နိုင်ငံက တနိုင်ငံတည်း နီးပါး ဖြစ်နေပါပြီ။”
တချို့ စည်းရုံးလှုပ်ရှားနေတဲ့အဖွဲ့တွေက မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ ဆိုကြတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကြောင့် ရှေ့မှာ ထိုင်းမှာရောက်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် အခြေအနေပိုကောင်းလာမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်လာမလား။
“အခွင့်အရေး ချိုးဖောက်မှုတွေ၊ ခေါင်းပုံဖြတ်မှုတွေကတော့ ဆက်ရှိနေပါတယ်။ ဒါပေမယ့် အခြေအနေတွေကတော့ သိသိသာသာ လျော့နည်းလာပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ် မတိုင်ခင်ကတည်းကပါပဲ။ ဒီလိုဖြစ်လာတဲ့ အကြောင်းရင်း ၂ ခု ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့ ခရီးစဉ်ကလည်း အခြေအနေ တစုံတရာ တိုးတက်လာမယ်လို့ ပြောလို့ရပါတယ်။ ကျနော်ဆိုလိုတာက မြန်မာပြည်မှာ ပွင့်လင်းလာတဲ့အမျှ ထိုင်းနိုင်ငံအတွက် ချက်ချင်းဆိုသလို လုပ်သား လိုအပ်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် အလုပ်ရှင်တွေက လုပ်အားခတွေ တိုးပေးလာရတယ်။ အလုပ်သမားတွေအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံလာရမယ်။ ထိုင်းအစိုးရ အလုပ်သမားရေးရာ ဌာနကလည်း အလုပ်သမားတွေရဲ့ အခက်အခဲတွေအပေါ်မှာ ပိုပြီး အာရုံစိုက်လာပါ တယ်။ ဒီ အလုပ်သမားတွေက ထိုင်း စီးပွားရေးရဲ့ အလွန် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေလို့ပါပဲ။ မြန်မာပြည်က အလုပ်သမားတွေမရှိရင် ထိုင်းစီးပွားရေးဆိုတာလည်း ဆက် မရှိနိုင်ပါဘူး။ တတိယ အချက်ကတော့ မြန်မာသံရုံးနဲ့ တွဲပြီးတော့ ထိုင်းအလုပ်သမားရေးရာ ဌာနကနေ မြန်မာနိုင်ငံတွေသားတွေကို တရားဝင် စာရွက်စာတမ်းတွေကို စနစ်တကျ မှတ်ပုံတင်ပြီး ထုတ်ပေးနေပါတယ်။ ဆိုလိုတာက အရင်ထက် ပိုပြီး အသိအမှတ်ပြုလာတဲ့ သဘောပါ။ ဒါပေမယ့် လိုအပ်နေတာက အလုပ်သမားသမဂ္ဂတွေမှာ အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်တွေ ပါဝင်ခွင့်မရသေးတာပါ။ ဒီကိစ္စကို ဥပဒေနဲ့အတည်ပြုဖို့ လိုပါတယ်။ နောက်တခုကတော့ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍမှာ လိုအပ်ချက်တွေ ရှိနေပါတယ်။ ဒီလိုကဏ္ဍတွေမှာ တနိုင်တပိုင်လုပ်နေကြတာတွေတော့ ရှိပါတယ်။ မဲဆောက်က ဒေါက်တာ စင်သီယာဆေးခန်းနဲ့ ဖန်ငက  ကိုထူးချစ်ရဲ့ ဖောင်ဒေးရှင်းလိုမျိုးပေါ့။ ဒါပေမယ့် ဒီလောက်နဲ့ မရပါဘူး။ ဒီလို တနိုင်တပိုင်အဖွဲ့တွေက လုပ်ပေးနိုင်တဲ့ အင်အားဟာ တကယ်လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းတောင် မရှိပါဘူး။”
မစ္စတာခရိုင်ဆတ် ကိုယ်တိုင်ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ အစီအစဉ်ရှိပါသလား။
“ကျနော် သိပ်ကို တွေ့ချင်ပါတယ်။ အခွင့်အရေးရမယ် ဆိုရင်ဖြင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ချင်ပါတယ်။ ဒါပေမယ့် သူ သိပ်ကို အလုပ်များနေတယ် ထင်တယ်။ မြန်မာပြည်သူ ပြည်သားတွေနဲ့ အရင် တွေ့ပါစေဦးဗျာ၊ ဒါအကောင်းဆုံးပါပဲ။ ဒါပေမယ့် ကျနော်အနေနဲ့ သူနဲ့ တွေ့ခွင့်ရမယ်ဆိုရင်ဖြင့် သိပ်ကို ပျော်မှာပါပဲ။”

Tuesday, May 29, 2012

ထိုင်းရောက်မြန်မာတစ်ဦးဧ။် ဆန္ဒ


မြန်မာနိုင်ငံတွင် လျှပ်စစ်မီးရရှိရေးဆန္ဒပြတောင်းဆိုနေတာအများသိပါ။ကျွန်တော်တို့ငယ်ကတည်းက
မီးခွက်နဲ့နေလာခဲ့တာ နှစ် ၄၀ဆယ်ပြည့်ပါပြီ။မိမိ နိုင်ငံမှာတော့လျှပ်အလင်းရောင်းမရှိအမှောင်နိုင်ငံ သူများတိုင်းပြည်မှာတော့ မြန်မာပြည်မှ ဂစ်တွေ ရေအားလျှပ်စစ်တွေနဲ့မီးလင်းနေတယ်။ဒါကိုလျှပ်စစ်မီးရရှိ
ရေးတောင်းဆိုတာကို လူတစ်စုက ဖမ်းလားဆီးလားလုပ်နေသေးတယ်။အဲဒီလူတွေ အခန်း-အီမ်တွေမှာ
တော့ လျှပ်စစ်မီး လိုလောက်မူရရဲလား ရရင်လဲ ခရမ်းချင်သီးအရောင် မီးလုံးလောက်ရမှာပေါ့ သူတို့ကိုအ
အမိန့်ပေးနေတဲ့အိမ်မှာတော့ မီးအားအပြည့် ၂၄နာရီရမှာပါ။လျှပ်စစ်မီးရရှိရေးဆန္ဒပြတောင်းဆိုနေတာ
ဖမ်းလား ဆီးလား လုပ်နေတဲ့လူတွေအတွက်လဲပါတယ်။အကယ်၍မီးရပြီဆိုရင် သူတို့ အခန်း-အိမ်တွေမှာအ
ရင်ရမှာ။ရွှေညဝါဆရာတော် မေတ္တာပို့သလို့ ရွာတောင်ပိုင်းမှ ငတုတ်ကြီးအိမ်မပါ လို့ဆိုရမယ်။
မြန်မာပြည်ရဲ့ လျှပ်စစ်သုံးစွဲမှု မီဂါဝပ် ၁၅၀၀ နဲ့ ကျေနပ်နေရမှာလား။ အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံနဲ့ လုံးတူဒေါက် တူ နိုင်ငံတွေရဲ့လျှစ်စစ်သုံးစွဲမှုကိုကြည့်ရင် ထိုင်းနိုင်ငံရဲ့လျှပ်စစ်သုံးစွဲနိုင်မှုက ၁၃၄. ၄ ဘီလီယံ ကီလိုဝပ်ရှိတယ်။ ဗီယက် နမ်က ၈၅ ဘီလီယံ ကီလိုဝပ်၊ အင်ဒိုနီးရှားက ၁၁၉ ဘီလီယံ ကီလိုဝပ်တွေ သုံးစွဲနေချိန်မှာ မြန်မာပြည်က ၄.၄ ဘီလီယံ ကီလိုဝပ်ပဲ ရှိတာကိုတွေ့ရပါတယ်။
ဖမ်းလားဆီးလားလုပ်နေသောသူတွေ အရှေ့ အနောက် တောင် မြောက်စဉ်းစားပြီးလုပ်စေချင်တယ်
အမိန့်ပေးတဲ့လူတွေက လူငါးယောက်အထက် လူပိုပြီးစုလိုမရဘူးဆိုနေတယ် လာဖမ်းတဲ့လူတွေက ငါးယောက်မကဘူး သူတို့လဲ ငါးယောက်အထက် လူပိုပြီးမစုနဲ့ပေါ့လို့ပြောလိုက်ပါတယ်။တခေတ် ထက် တခေတ် ပိုပြီးကောင်းအောင်လုပ်ရမှာပါ။မ္မတ ခေတ်မှာ ရေမီးစုံအောင်တော့နေချင်ပါတယ်။လျှပ်စစ်မီးရရှိ
ရေးက ကဓိကပါ လျှက်စစ်မီးရှိလာမှာ ခေတ်မီဖွင့်ဖြိုးတိုးတတ်သော နိုင်ငံဖြစ်လာမှာပါလိုဆိုပါရစေ။
ဟိုဖက်ကမ်းက မီးထိန်ထိန် ထိုင်းနိုင်ငံတို့အိမ် ဒီဖက်ကမ်းက မီးမှိန်မှိန်ကျွန်တော်တို့နေတဲ့ မြန်မာနိုင်ငံအိမ်။
လျှပ်စစ်မီးမြန်မြန်ရပါစေလို့ဆုတောင်းပါတယ်။


ဟန်ဝင်း

မ၀ယ်မနေရ ဖိနွန်အိမ်ကုမ္ပဏီ(အေးဂျင်း)အင်္ကျီ

 
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးကစ်မြို့ စူပါချီပ်ကုမ္ပဏ မြန်မာအလုပ်သမားများကို စူပါချီပ်ကုမ္ပဏမှ ယာယီနိုင်ငံကူး
လက်မှတ်လုပ်ရန်အတွက်ဆိုပြီး အလုပ်သမားတစ်ယောက်လျှင် 5500Bဖြတ်ထားပါသည်။ယာယီနိုင်ငံကူး
လက်မှတ်လုပ်ရန်အတွက် ဖိနွန်အိမ်ကုမ္ပဏီ(အေးဂျင်း)နဲ့လုပ်ရပါတယ်။မြန်မာအလုပ်သမားများကို စူလတ်ဌာနီ ခရိုင်မှာဖွင့်ထားသော ရုံးမှာ ယာယီနိုင်ငံကူး လက်မှတ်လုပ်ရန်အတွက် 17.18.5-2012ရက်နေ့မှာ စူပါချီပ်ကုမ္ပဏီ အလုပ်သမားများ 50 ဦးခန့် 22-5-2012ရက်နေ့တွင် 50ဦးခန့် သွားလုပ်ပါတယ်။24-52012ရက်နေ့တွင်50ဦးခန့်သွားလုပ်နေ့ပါသည်။စူပါချီပ်ကုမ္ပဏ
မြန်မာအလုပ်သမားများကို ဖိနွန်အိမ်ကုမ္ပဏီ(အေးဂျင်း)မှ အင်္ကျီ ရောင်းပါတယ်။မဝယ်မနေရပါ တစ်ထည်လျှင်500Bပါ။ စူလတ်ဌာနီ ခရိုင်မှာဖွင့်ထားသော ယာယီနိုင်ငံကူး လက်မှတ် ရုံးမှာက120B
ပေးရပါတယ်။ဒီလိုမီူးမတရားအတင်းရောင်းနေသော လုပ်ရပ်ကို မြန်မာသံရုံးမှ သံအမတ်ကြီး ဦးထွန်းနိုင်နှင့်
တကွ တာဝန်ရှိသူအားလုံးသိစေရန် ပေးပိုခြင်းဖြစ်ပါသည် ခင်ဗျား။အင်္ကျီအရောင်ကတော့ အမီူးမီူးပါ။ ဖိနွန်အိမ်(အေဂျင်း)ဖုန်း 083 6438811       076 373 262

Wednesday, May 23, 2012

ထိုင်းနိုင်ငံ အတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သိထားသင့်သည့် ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ





  1. ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ကြိမ် မိမိတို.အလုပ်လုပ်ရာ နယ်မြေရှိ လူဝင်မှု.ကြီးကြပ်ရေး စခန်း(ထိုင်း) များတွင် သွားရောက်ကာ တိုင်ကြားကြရမည်ဖြစ်သည်။
    သို.သော်မြန်မာအလုပ်သမားအများစုသည် အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်သွားခြင်းများကိုတွေ.ရှိရပြီး ထိုသို. ရက်ကျော်လွန်မှု.အတွက် ထိုင်း လူဝင်မှု.ကြီးကြပ်ရေးမှ ဒဏ်ကြေးငွေ (၅၀၀၀) ဘတ် သတ်မှတ်ထားပြီး ဒဏ်ရိုက်လျှက်ရှိကြောင်းသိရသည်။
    သတ်မှတ်ရက်မှာ ရက်(၉၀) ပြည့်ပြီး (၇) ရက် အထိ မပါဝင်ပဲ (၇)ရက်ထက်ကျော်လွန်သွားပါက ဒဏ်ငွေ (၅၀၀၀)ဘတ်ကို ပေးဆောင်ရမည်ဖြစ်သည်ဟု ထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။
    မည်သို.ဆိုစေ ထိုကဲ့သို. မြန်မာအလုပ်သမားများအပေါ် ကြီးမြင့်သော ဒဏ်ကြေးငွေများကို ဆောင်စေခြင်းသည် ထိုင်းရောက်မြန်မာတိုင်း ကြုံတွေ.ရသည်မဟုတ်သော်လည်း ကြုံတွေ.ရသူ မြန်မာအလုပ်သမားအနေနှင့် (၅၀၀၀)ဘတ်ဆိုသော ပမာဏမှာ ရှာဖွေရန်ခက်ခဲကြောင်း နှင့် မြန်မာအလုပ်သမား များအတွက် ကြီးမာသော ဒုက္ခ ဖြစ်ကြောင်း ထိုင်းတောင်ပိုင်းရှိ ရော်ဘာခြံအလုပ်သမားတစ်ဦးမှ ပြောသည်။


    (ဖြေရှင်းရန်နည်းလမ်း)

    မြန်မာအလုပ်သမားအနေနှင့် အထက်ဖော်ပြပါ ရက်(၉၀) တံဆိပ်တုံးထုခြင်း ရက်ကျော်လွန်ခဲ့ပါက
    ၁။ မိမိ တို. အလုပ်ရှင်အား အကူအညီတောင်းပြီး မိမိအပါအ၀င် လ၀က(တာမော) ရုံးသို. သွားရောက် ကာ ရက်ကျော်ရခြင်းအကြောင်းကို အလုပ်ရှင်မှ မေတ္တာရပ်ခံ ပြီး ပြောစေခြင်းဖြင့် ဒဏ်ကြေးငွေ လျှော့စေပါသည်။



    မင်းလွမ်းနောင်(ပန်းတနော်)

Sunday, May 20, 2012

တောင်ကိုရီယားသမ္မတလာစဉ်က လုံခြုံေ၇းတာဝန်ခံအ၇ာ၇ှိတစ်ယောက် ပေးပို့သောစာ


------------------------------------------------------------------------------------------
အဖြစ်မှန်မသိတဲ့ ရမ်းတုတ်များသို့ ရှင်းလင်းခြင်း

“၀န်ကြီး ဦးကျော်ဆန်း ဗိုလ်ချုပ်အောင်ဆန်းအား ထပ်မံ လုပ်ကြံလိုက်ပြီ” ဆိုတဲ့ သတင်းကို ဒီရက်ပိုင်းမှာ အင်တာနက် စာမျက်နှာတွေမှာ ရေးသား လာတာတွေ့ရပြီး facebook တွေမှာလည်း ရှယ်ယာတွေပေးပြီး ဒီသတင်းကို လုပ်ကြံ ဖွလာတာ တွေ့ရတော့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ခရီးစဉ်မှာ လုံခြုံရေး တာဝန်ယူရသူ တစ်ယောက် အနေနဲ့ အဖြစ်မှန်ကို ပြည်သူတွေ သိစေဖို့ ချပြချင်တဲ့ စိတ်တွေ တစ်ဖွားဖွား ပေါ်ပေါက် လာလို့ အခုလို ရေးဖြစ်တာပါ။ တကယ်တော့ ကျွန်တော့် အနေနဲ့ ၀န်ကြီး ဦးကျော်ဆန်းက ဗိုလ်ချုပ်အောင်ဆန်းကို ထပ်မံ လုပ်ကြံတယ် ဆိုတော့ အတော် အံသြသွားတယ်။ သတင်း ခေါင်းစဉ်ကြီးက ထူးဆန်း နေလို့ပါ။ ဒါနဲ့ တစ်ဆက်ထဲပဲ မြန်မာပြည်က မြန်မာ လူမျိုးတွေ ဖြစ်ပြီး ကိုယ့်လူမျိုးအချင်းချင်း ချောက်တွန်းတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အတွေးအခေါ်တွေ လုံးဝ မပျောက် သေးပါလားလို့လဲ ဒီသတင်းကို ဖတ်ပြီး သံဝေဂ ပွားမိပါတယ်။
တကယ်တော့ တောင်ကိုရီးယား သမ္မတ လီမြောက်ဘက်ဟာ အာဇာနည် ဗိမာန်မှာ သွားရောက် ဂါရ၀ ပြုတယ်ဆိုတာ တကယ်ပဲ ၁၉၈၃ ခုနှစ်တုန်းက သူတို့ရဲ့ သမ္မတ ချန်ဒူးဝမ် လာစဉ်က ဗုံးပေါက်ကွဲမှုမှာ သေဆုံး ကျဆုံးသွားတဲ့ တောင်ကိုရီးယား ၀န်ကြီးတွေကို ဂါရ၀ပြုဖို့ သွားခဲ့တာပါ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေကို ဂါရ၀ပြုဖို့ သွားခဲ့တာ မဟုတ်ပါဘူး။
တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်ဟာ အခု မြန်မာနိုင်ငံ ခရီးစဉ်မှာ အရင် ၁၉၈၃ ခုနှစ်က ဖြစ်စဉ်လိုမျိုး မဖြစ်စေဖို့ အတွက် သူတို့ရဲ့ လုံခြုံရေးကို အထူး ဂရုစိုက် ခဲ့တာကြောင့် သူတို့ရဲ့ မြန်မာပြည် အတွင်း လှုပ်ရှား သွားလာမှု တွေကိုလည်း မကြာခဏ အစီစဉ်တွေ ပြောင်းပြီး အခုသွားမယ် အခု မသွားဘူး ဆိုတဲ့ အကြောင်းကြားမှု တွေနဲ့ ကျွန်တော်တို့ လုံခြုံရေး သမားတွေ အလွန်ကို ဗျာများ ခဲ့ရပါတယ်။
နေပြည်တော်လို နေရာမျိုးမှာ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဖို့ သွားတဲ့ လမ်းကြောင်း တွေမှာတောင် သူတို့ လုံခြုံရေး တွေဟာ ရဟတ်ယာဉ်နဲ့ အပေါ်ကနေ လိုက်ခဲ့တာပါ။ ရန်ကုန်ကို ရောက်ပြန်တော့လည်း အာဇာနည် ဗိမာန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီကို သွားမယ် မသွားဘူးနဲ့ အမျိုးမျိုး ပြောနေလို့ လုံခြုံရေးတွေ အတွက် အခက်အခဲတွေ ဖြစ်ခဲ့ရတဲ့ အပြင် နောက်ဆုံးမှ အဲဒီနေရာတွေကို သွားမယ်လို့ ပြောပြီး သံချပ်ကာ ကားနဲ့ လုံခြုံရေး

Friday, May 11, 2012

ခက်တယ် ရိုဟင်ဂျာဆိုတာ ဘာလဲဆိုတာ သိသိကြီးနဲ့ ထောက်ခံနေတဲ့လူတွေကြောင့် ခက်တယ်

အပိုဆာဒါးတွေ ဒီပို့စ်ထဲမှာ ထပ်မပြောချင်တော့ပါဘူး။ မြန်မာတွေ အင်တာနက်စာမျက်နှာတွေပေါ်မှာ သက်သေသက္ကာရ မြောက်မြားစွာ၊ သမိုင်းအထောက်အထားပေါင်း မြောက်မြားစွာနဲ့ ဖြေရှင်းခဲ့ကြပြီးပါပြီ။ အဲဒါကိုတောင်မှ လက်မခံပဲ ဒီဘင်္ဂလီနာမည်အတုကို ထပ်ခါတလဲလဲ ပရိုမိုးရှင်းလုပ်နေကြတဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ NGO တွေ၊ ပြည်ပသတင်းဌာနတွေ၊ နိုင်ငံရေးအုပ်စုတချို့တွေ၊ပြည်တွင်းက မြန်မာပြည်ကို ချစ်မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ မြန်မာပြည်ပေါက် နိုင်ငံသားစစ်စစ် မူဆလင်အချို့နဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို ချရောင်းစားနေတဲ့ ပညာရှင်ဆိုတဲ့လူတွေ...ဒီလိုလူတွေကြောင့် ခက်တယ်။ ထွန်းခင်တို့အုပ်စုကိုတော့ အပြစ်မတင်ပါဘူး။ သူတို့က ဒါနဲ့ ထမင်းစားနေရတာကိုး။ ရိုဟင်ဂျာဆိုတာကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲပြောဆိုနေကြတာဟာ အာဏာရှင်ဦးနေ၀င်းရဲ့ ဇနက်လို့ မန္တလေးသား မူဆလင်ဆရာဝန် ရိုဟင်ဂျာထောက်ခံသူ တစ်ယောက် ပြောဖူးတာ တွေ့လိုက်တယ်။ အဲတော့ခါ စဉ်းစားကြည့်တာပေါ့လေ။ အာဏာရှင်ဦးနေ၀င်းကို မြန်မာတစ်နိုင်ငံလုံးက အရမ်းချစ်ခင်ကြည်ညိုလေးစားကြတယ် ဆိုတော့ခါ သူပြောတဲ့စကားကြောင့် အင်မတန်ရိုးသားဖြူစင်လှပါတယ်ဆိုတဲ့ ရိုဟင်ဂျာသည် မြန်မာတစ်မျိုးသားလုံးရဲ့ အမြင်မှာ အကြမ်းဖက်သမားတွေအဖြစ်  မြင်လာရတယ်ပေါ့လေ။ အမေရိကန်အစိုးရ၊ ဥရောပ သမဂ္ဂတို့လို မြင့်မြတ်လှပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေကတောင် အသိအမှတ်ပြုထားရပါတယ်ဆိုတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကိုလက်မခံလိုတဲ့ မြန်မာနိုင်ငံအပေါ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က စစ်ဖက်အရာရှိတွေ ဘယ်လိုရှုမြင်ထားသလဲဆိုတာ ရှုစားကြရအောင်...:p



ဖိုရမ်မှာတင်ထားတဲ့ အကြောင်းအရာကတော့ခါ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေကြောင်းတိုက်ပွဲဖြစ်ရင် ဘယ်ဖက်ကနိုင်မလဲဆိုတဲ့အကြောင်းအရာကို စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူတွေ ၀င်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ကြည့်ရတာ နိုင်ငံတကာရေပိုင်နက်တရားရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာရေပိုင်နက်အငြင်းပွားမှု စတင်ဖြစ်ပွားတဲ့အချိန်တုန်းက နှစ်နိုင်ငံရေတပ်ချင်း ထိပ်တိုက်တွေ့ခဲ့တဲ့အကြောင်းရယ် တရားရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်က သူတို့မျှော်မှန်းထားတဲ့ ပမာဏထက်ပိုပြီးရသွားတယ်ဆိုတဲ့အပေါ်မှာ မြန်မာဖက်ကမကျေနပ်လို့ နှစ်နိုင်ငံတင်းမာမှုတွေဖြစ်ပေါ်လာပြီး စစ်ခင်းကြမယ်ဆိုရင် ဖြစ်လာနိုင်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၀င်ရောက်ဆွေးနွေးသူတွေကြားမှာလည်း အငြင်းပွားတာတွေအများကြီး တွေ့ခဲ့ပါတယ်။ အဲဒီထဲက ဆွေးနွေးချက်အချို့ကို ဆွဲထုတ်တင်ပြချင်ပါတယ်။ပထမဆုံး ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးသမား(သို့) စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးရဲ့ မြန်မာနိုင်ငံအပေါ်မြင်တဲ့အမြင်ကို စတင်လေ့လာကြည့်ရအောင်ပါ။



အပေါ်ပုံထဲက ဆွေးနွေးသူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက madx ဖြစ်ပါတယ်။ သူပြောတာက-
" မြန်မာဟာ ဘယ်တော့မှ ဒီလိုမျိုးဆုံးဖြတ်ချက်(စစ်တိုက်ဖို့)ကို ဘယ်တော့မှ ချမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ အဲဒီလိုဆုံးဖြတ်မယ်ဆိုရင် ဒီလုပ်ရပ်ဟာ ၂၁ရာစုကာလအတွင်း အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်သွားပါလိမ့်မယ်။ဒီဆုံးဖြတ်ချက်ကြောင့် သူတို့ဟာ သူတို့ကိုယ်သူတို့ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။နောက်ပြီး သူတို့ရဲ့နာမည်လည်း သမိုင်းထဲမှာ ဆိတ်သုန်းပျောက်ကွယ်သွားပါလိမ့်မယ်။ငါတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ထက်ပိုပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ဆက်ဆံရေး ပိုအဆင်ပြေတယ်၊ သူတို့ထက်လည်း စီးပွားရေးပိုကောင်းတယ်။ဒါကြောင့် ငါတို့အနေနဲ့ တိုက်မယ်ဆိုရင် သူတို့ထက်ပိုကောင်းအောင် တိုက်နိုင်တယ်၊ ပိုပြီး ကြာကြာလည်းတိုက်နိုင်တယ်။ အဓိကအချက်တစ်ခုက ငါတို့နိုင်ငံဟာ မြန်မာထက်လူဦးရေ လေးဆပိုများတယ်ဆိုတာပဲ။ အဲဒါကြောင့် ငါတို့လူတွေဟာ လူနည်းနည်းလေးပဲရှိတဲ့ မြေဧရိယာအကျယ်ကြီးကိုသိမ်းပိုက်နိုင်တဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ ငါတို့မှာ မြေတွေလိုနေတယ် အဲဒီတော့ ဒီစစ်ပွဲကို ငါတို့ဖက်က စသင့်တယ်"


ဒါက အဲဒီ Captain madx ရဲ့ ဆွေးနွေးချက်တစ်ခုပါ။
"သူတို့ဝင်လာပစေ ငါတို့မှာ ငါတို့ရဲ့ စစ်ရေးစွမ်းရည်ရှိတယ် ဒီတော့ ဘာကြောက်စရာလိုလဲ တကယ်တော့ သူတို့က ငါတို့ဖက်က စတိုက်မှာကိုကြောက်နေကြတယ်လေ ဒါပေမယ့် ငါတို့က သူတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာ အကယ်၍ သူတို့ဖက်က မလိုအပ်ပဲတစ်ခုခု စလုပ်လာတာနဲ့ ဆော်ပြီးသားပဲ စိတ်ချ"



ဒါကတော့ ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ Asad71 ဆွေးနွေးသွားတာပါ။ သူရဲ့ရာထူးကို ဒုဗိုလ်မှူးကြီးလို့ဖော်ပြထားပြီး ကနေဒါနိုင်ငံကနေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူပြောတာက-
"၁။ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ရေတပ်မတော်၊ ဗမာရေတပ်ဟာ လေတပ်လိုပဲ ကြည်းတပ်ကကြီးစိုးထားတဲ့ စစ်အစိုးရလက်အောက်မှာ လျှစ်လျှူရှုခံနေရပါတယ်။ ဒီလိုမျိုးဟာတွေကြောင့် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ ပရော်ဖက်ရှယ်နယ်ပီသမှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို လာနှိုင်းယှဉ်လို့ရမှာ မဟုတ်ပါဘူး။"
"၂။ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့ ဒီနယ်မြေမှာ သူများထက်ပိုတော်တယ်၊ သတ္တိရှိတယ်၊ အစပိုင်းကတည်းက သောင်းကျန်းသူတွေကို တိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မာကြောပြီး

Thursday, May 10, 2012

စူပါချိပ် ကုမ္ပဏီ မှ အလုပ်သမားများအခက်အခဲ.


Work Permit  ပြုလုပ်ရန် အမှန်ကုန်ကျငွေမှာ  ၂ နှစ်စာ ၁၉၀၀ ဘတ် ဖြစ်ပြီး စာရွက်စာတမ်းကြေး အပါအ၀င် ၂၂၀၀ ဘတ်ခန်. ဖြစ်သည်။  သို.သော် စူပါချိပ်တွင်ကောက်ခံငွေမှာ 4700 ဘတ် ဖြစ်နေသည်ကိုတွေ.ရှိပါသည်။  ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများသည် ယခုကဲ့သို. နည်းအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ်ခံရလျှက်ရှိပြီး အလုပ်သမားအခွင့်အရေး အပြည့်အ၀ ခံစားရသူများမဟုတ်ပါ။
ထို.ကြောင့် ထိုင်းနိုင်ငံ အတွင်းသို. မြန်မာနိုင်ငံသားများအနေနှင့် လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက အထူး သတိထား ကြဖို. လိုမည်ဖြစ်ပါသည်။


(ဓါတ်ပုံပေးပို.လာသော ကိုဟန်ဝင်းအား အထူးကျေးဇူးတင်ရှိပါတယ်)

ထိုင်းနိုင်ငံ ဖိကစင်မှ အလုပ်သမားများ အကျပ်တွေ.နေရ

ယနေ့ကြားရပြန်ပါပြီ ဖိကစင် ၁၂၂ ကကျောက်သွေးရုံ မှာ အင်္ဂါနေက အလုပ်သမား
ရုံးတွေကို မြန်မာပြည်သားများ(၄၉)ဦး သွားရောက်တိုင်ကြားကြသည့်အတွက်
ထိုင်းနိုင်ငံ အလုပ်သမားရုံး တရားရေးပါသက်သူများက ၄င်းစက်ရုံကို
ယ္ခုကဲ့သိုပြသနာဖြစ်မည်ဆိုပါက မြန်မာအလုပ်သမားများကို
သုံးဆွဲခွင်ပြုမည်မဟုတ်ကြောင်း တနင်္လလာနေ့ ၁၀ နာရီတွင်
ရုံးချိန်းတက်ရောက်ရမည်ဖြစ်ကြော
င်း ရုံးချိန်းစာ
ပို့လာခဲ့ပါသည်။၎င်းကိစ္စနှင့် ပါသက်၍ ယနေ့  ၁၀- ၅- ၂၀၁၂ အဖွဲ့လိုက်ခွဲ၍
စက်ရုံရုံးခန်းတွင် ခေါ်တွေ့၍ ပလိပ်ဖန်းခိုင်းမည် ဘယ်သူတိုင်တာလဲ
ခေါင်းဆောင် ဘယ်သူလဲစသည်ဖြင့် ခေါ်မေခံကြရကြောင်း။ယ္ခင်
အလုပ်ထုတ်လိုက်သူများကို စက်ရုံးက လျှော်ကြေးပေးပြီး
နောက်ပိုင်းထက်ဖြစ်ခြင်းဖြစ်ပါတယ် ။ ISO ရုံဖြစ်သည်အတွက်
ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုမသိရသေးပါ ။နောက်ထက်အလုပ်သမားရုံး
များကိုသွားမည့်သူများကို စက်ရုံမှစောင့်ကြည့်ထားသည်ဟုလည်းသိရှိရပါသည်။


ပေးပို.သူ ..မင်းဇမ္ဗူထွန်း 

Sunday, May 6, 2012

အကျိုးဆောင်ကြောင့် အညွန့်မကျိုးစေချင်။

( ရှင်မင်းယာ)


အိမ်ပွဲစား၊ ကားပွဲစား၊ အိမ်ဖော်ပွဲစား၊ အလုပ်ပွဲစား .... စသဖြင့် ရှင်မင်းယာတို့  မြန်မာပြည်တွင် ပွဲစားနှင့် ကင်းအောင် နေနိုင်သူ ရှားပါးလှသည်။ အရပ်အခေါ် 'ပွဲစား' ဟု အမည်တွင်သော ဤအကျိုးတော်ဆောင် များကား အခကြေးငွေယူ၍ ဆိုင်ရာပိုင်ရာ ဝန်ဆောင်မှုပေးသူများပင် ဖြစ်သည်။ ဤစာစုတွင် အကျိုးဆောင် ကောင်းမှုအကြောင်းကို တစေ့တစောင်း တင်ပြပါမည်။
.
ရှင်မင်းယာ ကြုံတွေ့ ခဲ့ရသော အကျိုးဆောင်သည်ကား နိုင်ငံရပ်ခြားသို့  သွားရောက် အလုပ်လုပ်ကိုင်သူများကို အခကြေးငွေယူ၍ ဝန်ဆောင်မှုပေးသော အလုပ်ပွဲစားတပိုင်း လူပွဲစားတပိုင်းများ ဖြစ်ပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ပါသည်။ ထိုစဉ်က ရှင်မင်းယာသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ပါသည်။ မတွေ့တာ ကြာပြီဖြစ်သော မိခင်ကြီးအား ခဏတာ ရန်ကုန်ပြန်၍ တွေ့ဆုံပြီးနောက် အပြန်ခရီးကို MAS (Malaysia Lines) ဖြင့် စီးနင်းလိုက်ပါ လာပါသည်။ စပ်စပ်စုစုနိုင်လှသော ရှင်မင်းယာသည် ဟိုဟိုသည်သည် တောင်ကြည့်မြောက်ကြည့် ငေးမောရင်း ဘေးခုံမှ မြန်မာတိုင်းရင်းသားဖြစ်ဟန်တူသော ခရီးသည်များကို သတိထားမိသွားပါသည်။ ပျင်းပျင်းရှိသည်နှင့် သူတို့ နှင့် စကားစမြည် ပြောဆိုပါသည်။
.
အဆိုပါ တိုင်းရင်းသားကလေးများကား မြန်မာပြည်အနောက်ပိုင်းရှိ တောင်ထူထပ်သော ပြည်နယ်တစ်ခုမှ ဖြစ်ပါသည်။ စုစုပေါင်း ကျားမ လူငယ် လေးငါးခြောက်ဦးခန့်  စုစည်း၍ ထိုလေယာဉ်ပေါ်တွင် လိုက်ပါလာပါသည်။ အသက် ၁၉ နှစ်သာသာ ကလေးများ ဖြစ်ကြပါသည်။မိန်းကလေး နှစ်ဦးပါပါသည်။ သူတို့ ၏

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ