.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, April 24, 2011

ဦးဖိုးကျား

ဦးဖိုးကျားသည် အပြော အဟော သဘော ကောင်းလှသော ပညာဝန်ဖြစ်သည်။
ဦးဖိုးကျား
ဦးဖိုးကျား

မွေးသက္ကရာဇ် ၁၈၉၁-၁၉၄၃
အမည်ရင်း ဦးဖိုးကျား
နိုင်ငံ မြန်မာ
အလုပ်အကိုင် အမျိုးသားပညာဝန်
ထင်ရှားကျော်ကြားမှု စာရေးဆရာ၊ ပညာဝန်
ကိုးကွယ် ယုံကြည်သည့် ဘာသာ ဗုဒ္ဓဘာသာ

Contents

[hide]

[ပြင်ဆင်ရန်​] ဦးဖိုးကျား (၁၂၅၂-၁၃၀၃) (၁၈၉၁-၁၉၄၃)

မြန်မာသက္ကရာဇ် ၁၂၅၂ခုနှစ်၊ နှောင်းတန်ခူးလပြည့်၊၁၈၉၁-ခုနှစ်၊ မတ်လ(၂၃)ရက် တနင်္လာနေ့တွင် အဖ-ပရိက္ခရာကုန်သည် ဦးဖေနှင့် အမိ ဒေါ်ဒေါင်းတို့က ဟင်္သာတခရိုင် နိဗ္ဗာန်ရွာ၌ဖွားမြင်သည်။ သားချင်း(၄)ဦးတွင် အငယ်ဆုံးဖြစ်သည်။

[ပြင်ဆင်ရန်​] ပညာရေး

၁၈၉၇ - အသက်(၆)နှစ်အရွယ်၌နိဗ္ဗာန်ရွာ ဦးသာသနကျောင်းတွင် ပညာစသင်သည်။ ၁၉၀၀ - အသက်(၉)နှစ်အရွယ်တွင် လေးမျက်နှာမြို့နယ် ကံကုန်ရွာ ဆရာတော်၏ကျောင်း၌ ပညာဆက်လက် ဆည်းပူးသည်။ ထိုကျောင်းမှမြန်မာ(၇)တန်းစာမေးပွဲနှင့် ဆရာဖြစ်သင်အောင်မြင်သည်။ ဆရာဖြစ်သင်အောင်ပြီး ပုသိမ်ခရိုင် အသုတ်မြို့တွင် အလယ်တန်းပြဆရာအဖြစ်ဆောင်ရွက်။ တစ်ဖန် ကျောင်းဆရာအလုပ်မှထွက်၍ ပုသိမ် မြို့တိုင်တရာ(စကောကရင်)ကျောင်းတွင်
ပညာဆက်လက်ဆည်းပူးသည်။
၁၉၁၇ - မြန်မာသက္ကရာဇ် (၁၂၇၈)ခုတွင်-ထိုတိုင်တရာကျောင်းမှပင် အင်္ဂလိပ် မြန်မာ(၉)တန်းအောင်မြင်သည်။ ထို့နောက် ဆန်စက်တစ်ခုတွင် တာလီစာရေးဝင်လုပ်ပြန်သည်။ ခေတ္တသာလုပ်ပြီး ပညာဆက်လက်ဆည်ပူးလိုပြန် သဖြင့် တိုင်တရာကျောင်းတွင်ပင် ဆက်လက်ဆည်းပူးသည်။
၁၉၁၈ - အသက်(၁၇)နှစ်အရွယ်တွင် ထိုတိုင်တရာကျောင်းမှပင် အင်္ဂလိပ်မြန်မာ(၁၀)တန်းအောင်မြင်ခဲ့။ ထိုနှစ်တွင်ပင် ဂျပ်ဆင်ကောလိပ်ဆက်တက်သည်။ (မြန်မာစာ၊ မြန်မာသမိုင်း)ကို လိုက်စားခဲ့သည်။ ဂျပ်ဆင်ကော လိပ်တွင် ဦးဖိုးလတ် (နောင်ယဉ်ကျေးမူအတွင်းဝန်)၊ ဦးမြင့်(နောင်-နေရှင်နယ်ဦးမြင့်) တို့နှင့်အတူ ဗုဒ္ဗ္ဓဘာသာ အသင်းတည်ထောင်သည်။ ဦးဖိုးလတ်၊ ဦးမြင့်တို့၏ လမ်းညွှန်မှုဖြင့် ပါဠိဆရာစော၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ဆရာလွန်း(သခင်ကိုယ်တော်မှိုင်း)တို့ထံတွင် တပည့်ခံ၍ မြန်မာမှု၊မြန်မာစာပေ၊ မြန်မာ့သမိုင်းတို့ကို ဆည်းပူးသည်။ ဦးဖိုးကျားသည် ကျောင်းသားကြီးဘ၀ကပင် မြန်မာ့အလင်းသတင်းစာ၌ စာပေအရေးအသားကိုအစပြုခဲ့သည်။ ၁၉၂၂-ခုနှစ်ခန့်တွင် ဘီအေစာမေးပွဲ အောင်သည်။

[ပြင်ဆင်ရန်​] နိုင်ငံရေး

၁၉၂၀ - ရန်ကုန်တက္ကသိုလ် အက်ဥပဒေကိစ္စနှင့် သပိတ်မှောက်ရာ (ဦးဖိုးလတ်၊ ဦးမြင့်)တို့နှင့်အတူပါဝင်ခဲ့။ ဦးဖိုးလတ်၊ ဦးမြင့် တို့နှင့် အတူ ဦးဖိုးကျားသည် ဂျက်ဆင်ကောလိပ်တွင် ဗုဒ္ဓဘာသာ အသင်းကို တည်ထောင်ခဲ့သည်။ စကား အဟော အပြော ကောင်းသူ ဦးဖိုးကျားသည် မြန်မာပြည်အရပ်ရပ်သို့ လှည့်၍ သပိတ်တရား ဟောသည်။ သုံးခွတွင်တရားဟောရာ နယ်ချဲ့ဗြိတိသျှတရားဥပဒေ နှင့် ငြိစွန်းသည်ဆိုကာ ဒဏ်ငွေ(၁၀၀)ကျပ်အတပ်ခံရသည်။ နောက်ပိုင်းတွင် ဗြိတိသျှပညာရေးနှင့်စင်ပြိုင် အမျိုးသားပညာရေး တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။
အင်္ဂလိပ် သက္ကရာဇ် ၁၉၂ဝ ပြည့်နှစ်တွင် ကျောင်းသား သပိတ်ကြီး ဖြစ်ပေါ်လာသော အခါ၌ မူကား မျိုးချစ်စိတ် ရင့်သန်ရင်း ရှိသော ဦးဖိုးကျား သည်လည်း လက်ပိုက် လျစ်လျူ ရှု၍ မနေနိုင်။ ပါဝင် ဆင်နွှဲကာ အမျိုးသား ကျောင်းများ ပေါ်ပေါက် လာသည်နှင့် တပြိုင်နက် အမျိုးသား ပညာဝန် အဖြစ် အစိုးရ ရာထူးကို မယူဘဲ ဆောင်ရွက် ခဲ့လေသည်။ ထိုစဉ် အတွင်း ပညာဝန် အဖြစ် ထမ်းရွက်ရင်းလည်း ကျမ်း အမျိုးမျိုးကို ပြုစုသည်။ တိမ်မြုပ် ပျောက်ကွယ် နေသည် တို့ကိုလည်း တည်းဖြတ် ပုံနှိပ် ထုတ်ဝေ ဖြန့်ဖြူးသည်။
၁၉၂၁ - အမျိုးသားပညာရေးကောင်စီ(စီအင်အီး)၌ ဦးစိုးဝင်း၊ မစ္စတာအိုင်းယား တို့နှင့်အတူ အမျိုးသားပညာရေးအား ကြိုးပမ်းဆောင်ရွက်၍ အမျိုးသားပညာဝန်အဖြစ် တာဝန်ထမ်းဆောင်။


[ပြင်ဆင်ရန်​] စာပေရေးသားပြုစုခြင်း

အမျိုးသားတက္ကသိုလ်၊ အမျိုးသားကျောင်းများ ပေါ်လာသောအခါ မြန်မာစာ၊ မြန်မာ့သမိုင်းတို့ကို လေးထားသင်ကြားပေးခဲ့သည်။ ၁၉၂၇-ခုနှစ်တွင် မိမိနေထိုင်ရာ (ထိုစဉ်က)ကာလဘတ်လမ်း နေအိမ်တွင် မြန်မာ့ဂုဏ်ရည် ပုံနှိပ်စက် နှင့် မြန်မာ့ဂုဏ်ရည် စာအုပ်တိုက်တို့ကို တည်ထောင်သည်။ လွတ်လပ်ရေးရပြီး ခေတ်တွင် ဦးဖိုးကျားကို ဂုဏ်ပြုသောအားဖြင့် ကာလဘတ်လမ်းကို မြန်မာ့ဂုဏ်ရည်လမ်းဟု ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြန်မာရာဇ၀င်ကို သင်ကြားလေ့လာနိုင်စေရန် လွယ်ကူသော စကားပြေဖြင့်မြန်မာ့ဂုဏ်ရည်ဟူသော စာတစ်အုပ်ကို ရေးသားပြုစုခဲ့သည်။ ထို့နောက် ထိုစာအုပ်ကိုပင် အနည်းငယ်ပြင်ဆင်၍မြန်မာ့ဂုဏ်ရည် ရာဇ၀င်ဖတ်စာပထမတွဲနှင့်ဒုတိယတွဲနှစ်တွဲထုတ်ဝေခဲ့သည်။
ကျောင်းများတွင် လေ့လာသင် ကြားနိုင်ရန်နှင့် ဗုဒ္ဓ၀ါဒီမြန်မာလူမျိုးတို့ လွယ်လင့်တကူ ဖတ်ရှူနိုင်စေရန် ငါးရာ့ငါးဆယ် ကောက်နှုတ်ချက်များကို ပြုစုရေးသားခဲ့။ ထို့ပြင် ဦးပုညအတ္ထုပ္ပတ္တိနှင့်ရေသည်ပြဇာတ်။ ဦးပုညအတ္ထုပ္ပတ္တိနှင့် ၀ိဇယပြဇာတ်။ ပေါရာဏအဘိဓာန်၊ ပုသိမ်ရာဇ၀င်နှင့်ဦးထွန်းရှိန် အတ္ထုပ္ပတ္တိတို့ကိုလည်း ပြုစုရေးခဲ့သည်။ ပညာဝန်အဖြစ်ဆောင်ရွက်စဉ် အတွေ့အကြုံများကိုလည်း ကိုယ်တွေ့ဝတ္ထုများအမည်ဖြင့် တိုးတက်ရေးမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ သတင်း စာ၊ဂျာနယ်၊မဂ္ဂဇင်းများတွင်လည်းထူးခြားထက်မြက်သော ဆောင်းပါးများရေးသားခဲ့သည်။

[ပြင်ဆင်ရန်​] အိမ်ထောင်ရေး

၁၉၂၉ - မက္ကဆင့်ကုမ္ပဏီစာရေးကြီး ဦးမောင်ကလေး၊ သိမ်ကြီးဈေးကွမ်းရွဲကြီး ဒေါ်ဒ်ါသိန်းတို့၏သမီး မအေးကြည်နှင့် ကာလဘတ်လမ်း အိမ်၍ပင် လက်ထပ်သည်။ ၁မအေးကြည်သည် ပုံနှိပ်စက်ဘက်ကို ဂရုစိုက်၍ လုပ်သည်။ မအေးကြည်သည် ၁၉၃၉ ခု နှစ်ဦးတွင် ကွယ်လွန်ခဲ့လေသည်။ သားတစ်ဦး(ဇော်ဝင်းကျား) တစ်ယောက်သာ ထွန်းကားခဲ့သည်။ ဦးဖိုးကျားသည် ဒု-ကမ္ဘာစစ်ပြီးသည်အထိ အမျိုးသားပညာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။

[ပြင်ဆင်ရန်​] နောက်ဆုံးအချိန်

၁၃၀၃ - စစ်အတွင်း အင်းစိန်ခရိုင် ထန်းတပင်မြို့တွင် စစ်ဘေးတိမ်းရှောင်ရင်း နှောင်းတန်ခူးလပြည့်ကျော်(၆)ရက်၊ ၁၉၄၂-ခုနှစ်၊ ဧပြီလ(၁၁)ရက်၊ သောကြာနေ့တွင် ထန်းတပင်မြို့တွင်ကွယ်လွန်ခဲ့သည်။

[ပြင်ဆင်ရန်​] ထင်ရှားသည့်စာအုပ်အချို့

  1. ကိုယ်တွေ့ဝတ္ထုများ (၆)တွဲ
  2. ခေတ်မီ မြန်မာရာဇဝင် အကျဉ်းချုပ် - (၁၉၃၇ ခုနှစ်)
  3. ငါးရာ့ ငါးဆယ် ကောက်နုတ်ချက်များ
  4. ပုသိမ်ရာဇဝင် - ၁၉၂ဝ ပြည့်နှစ်
  5. ပေါရာဏ အဘိဓာန်
  6. မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ(၂)တွဲ
  7. ဦးထွန်းရှိန် အတ္ထုပ္ပတ္တိ - (၁၉၂၃ ခုနှစ်)
  8. စလေဦးပုည အတ္ထုပ္ပတ္တိနှင့် ရေသည်ပြဇာတ်
  9. ဦးပုည အတ္ထုပ္ပတ္တိနှင့် ဝိဇယပြဇာတ်
  10. သီပေါမင်းပါတော်မူ အရေးတော်ပုံ
  11. ၃၇မင်း
  12. မြောက်ပိုင်းဗုဒ္ဓဘာသာ မဟာယနဂိုဏ်း
  13. အလောင်းတော်ကဿပ
  14. အလယ်တန်း မြန်မာရာဇ၀င်အကျဉ်း

[1]

[ပြင်ဆင်ရန်​] ကိုးကား

  1. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့က စုဆောင်း ပြုစုသော ‘နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း’ စာအုပ် (ပညာရွှေတောင် စာအုပ်တိုက် ၂ဝဝ၃ ခုနှစ်၊ ဧပြီလ၊ ပထမ အကြိမ်)

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ