.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Sunday, April 24, 2011

မြန်မာပြည်နှင့်အလံများသမိုင်း

List of Myanmar flags



မြန်မာ အလံများ(List of Myanmar flags)


ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ


ဖြစ်ပေါ်လာပုံ

၁၉၄၇-ခုနှစ်တွင် မြန်မာနိုင်ငံသည် လုံးဝအချုပ်အချာ အာဏာပိုင်လွတ်လပ်ရေး ရရှိတော့မည်ဖြစ်၍ နိုင်ငံတော်နှင့်တကွ တမျိုးသားလုံးကို၎င်း၊ နိုင်ငံ၏ အုပ်ချုပ်ရေး အာဏာကို၎င်း ကိုယ်စားပြုသည့် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းကို
မရှိမဖြစ် လိုအပ်လာတော့သည်။ ထို့ကြောင့် တိုင်းပြည်ပြုလွှတ်တော်သည် နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်သီချင်းအတွက် ကော်မီတီတစ်ရပ်ဖွဲ့စည်းခဲ့သည်။ ထိုကော်မီတီတွင် မူလက သဘာပတိအဖြစ် ဒီးဒုတ်ဦးဘချို ကြီးမှူး၍ အဖွဲ့ဝင်များအဖြစ်
  1. ဦးအောင်ဇံဝေ
  2. ဗိုလ်မှူးအောင်
  3. မွန်ထွန်းရင်
  4. ဗိုလ်အောင်ကြီး
  5. ဒေါ်ခင်လှ
  6. ဆရာလှမင်း
  7. မိုင်းပွန်စော်ဘွား စ၀်စံထွန်း
  8. ဦးဇော်လွန်း
  9. ဦးဝမ်ကိုဟော တို့ပါဝင်ခဲ့သည်။ (နောင်တွင် ဦးဝမ်ကိုဟော နှုတ်ထွက်၍ ဦးငွန်းတိုးအား အစားခန့်ထား၏) ထို့နောက် မြန်မာမှုနှင့် အနုပညာဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်သော ပန်းချီဆရာကြီး ဦးငွေကိုင် နှင့် ဦးအုန်းလွင်၊ ဂီတဆိုင်ရာ ဦးဘသန်းနှင့် ဒဂုန် ဆရာတင်၊ အသံလွှင့်ဌာနမှ ဦးခင်ဇော်နှင့် ဦးထင်ဖတ်တို့ကို ဖြည့်စွက်ခန့်ထားပြီးနောက် အတိုင်ပင်ခံအဖြစ် ဦးသိန်းဟန် (ဆရာဇော်ဂျီ)ကိုလည်း ထည့်သွင်းခဲ့ပေသည်။

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံ

  • ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်အလံကို ၁၉၇၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၉၀ အရ နိုင်ငံတော်အလံ၏ အရောင်အသွေး၊ အမှတ်အသား၊ ပုံသဏ္ဌာန်နှင့် အရွယ်အစားကို ပြဌာန်းထားသည်။ ထို့ပြင် ၁၉၇၄ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ် ၁ နှင့် ပြည်သူ့လွှတ်တော် နည်းဥပဒေ အမှတ် ၁ တို့အရလည်း ထပ်မံ၍ အသေးစိတ် ပြဌာန်းထားသည်။
  • ထိုဥပဒေများအရ နိုင်ငံတော်အလံမှာ ထောင့်မှန်စတုဂံပုံဖြစ်၍ အောက်ခံအရောင်မှာ အနီရောင်ဖြစ်သည်။ လက်ဝဲဘက် အထက်ထောင့်ရှိ အပြာရောင် အောက်ခံလေးထောင့်ကွက်ပေါ်တွင် အရွယ်တူကြယ်ဖြူ ၁၄ လုံး ၀န်းရံထားသော ပင်နယံနှင့် စပါးနှံ နှစ်ခက်ရှိသည်။။ ပင်နယံတွင် တူညီသော စက်သွားစိတ်ပေါင်း ၁၄ ခုရှိသည်။ ပင်နယံအတွင်းရှိ စပါးနှံများတွင် စပါးစေ့ပေါင်း ၃၄ စေ့ရှိသည်။ စပါးနှံများ၏ တစ်ဖက်တစ်ချက်စီတွင် စပါးရွက်နှစ်ရွက်စီရှိသည်။
  • စပါးနှံနှင့် စက်သွားသည် အခြေခံ လူတန်းစားနှစ်ရပ်ဖြစ်သော တောင်သူလယ်သမားများနှင့် အလုပ်သမားများကို ရည်ညွှန်းသည်။ အရွယ်တူကြယ်ဖြူ ၁၄ လုံးသည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် ပြည်နယ်ခုနစ်ခုနှင့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်း ခုနစ်တိုင်းတို့၏ တန်းတူညီတူရှိမှုကို ဖော်ဆောင်ထားသည်။
  • အလံတော်ရှိ အဖြူရောင်သည် သန့်ရှင်းခြင်းနှင့် စင်ကြယ်ခြင်းကို လည်းကောင်း၊ အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်းကိုလည်းကောင်း ဖော်ဆောင်သည်။ အပြာရောင်မှာ ငြိမ်းချမ်းခြင်းနှင့် တည်ကြည်ခြင်းကို ဖော်ဆောင်သည်။
  • နိုင်ငံတော်အလံကို လွှင့်ထူရမည့်အဆောက်အဦး၊ နေရာဌာနများနှင့် လွှင့်ထူရမည့် နေ့ကြီးရက်ကြီးများ၊ လိုက်နာရမည့်အချက်များ၊ တားမြစ်ချက်များနှင့် ပြစ်ဒဏ်များကိုလည်း ဥပဒေအရတိကျစွာ ပြဌာန်းထားသည်။ ၁၉၄၈ ခုနှစ် အခြေခံဥပဒေတွင် အတည်ပြုထားခဲ့သော တော်လှန်ရေးကြယ်ကြီး တစ်လုံးကို ခြံရံထားသည့် ကြယ်ငါးလုံးပါအလံကို ၁၉၇၄ ခုနှစ် အခြေခံဥပဒေဖြင့် ရုတ်သိမ်းခဲ့သည်။
  • ကိုးကား - မောင်အုန်းဖေရေးသည့် “ဒီဟာအစ ဒီလိုက” စာအုပ်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အလံ

၂၀၀၈ ခုနှစ်၊ မေလ ၁၅-ရက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအသစ် ဖြစ်သည်။ ၂၀၁၀-ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့ မွန်းလွဲ ၃ နာရီ၌ တစ်နိုင်ငံလုံးတွင် စတင်လွှင့်တင်သည်။
ရည်ညွှန်းချက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်တွင် အဝါရောင်၊ အစိမ်းရောင် နှင့် အနီရောင်အောက်ခံပေါ်တွင် ရောင်ခြည်လက်တံ ၅ ခုပါသော ကြယ်ဖြူကြီး တစ်လုံးပါရှိသည်။


  • အဝါရောင်သည် စည်းလုံးခြင်း၊ ညီညွတ်ခြင်း၊ ဉာဏ်ပညာ ကြီးမားခြင်း၊ ပျော်ရွှင်ခြင်းနှင့် တိုင်းရင်းသားအားလုံး ချစ်ခင်ရင်းနှီးစွာ စည်းလုံးညီညွတ်မှုရှိခြင်း။
  • အစိမ်းရောင်သည် မြေဆီဩဇာ ကြွယ်ဝခြင်း၊ ညီညွတ်မျှတခြင်းနှင့် အေးချမ်းသာယာ၍ စိမ်းလန်းစိုပြည်သည့် နိုင်ငံဖြစ်ခြင်း။
  • အနီရောင်သည် ရဲရင့်ခြင်းနှင့် ပြတ်သားခြင်း။
  • ကြယ်၏ အရောင်ဖြစ်သော အဖြူရောင်သည် သန့်ရှင်းစင်ကြယ်ခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်း၊ ကရုဏာတရား ပြည့်ဝခြင်းနှင့် စွမ်းအင်နှင့် ပြည့်စုံခြင်း။ [1]
--Mayor mt 04:01, 26 မတ် 2009 (UTC)

Historic flags of Burma


သာသနာ့ အလံ

သာသနာ့ အလံ ကိုအသေးစိတ် လေ့လာနိုင်ပါသည်။

သာသနာ့ အလံ

ကိုးကား

  1. ၂၀၁၁-၁၂ ပညာသင်နှစ်မှ စတင်၍ ဒုတိယတန်း မြန်မာဖတ်စာမှ "ဒို့အလံ" သင်ခန်းစာမှ

No comments:

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ