ကျွန်တော်တို့ နေတဲ့ မြို့ကလေးကို ``ကော့သောင်း´´လို့ ခေါ်ပါတယ်…..။
ဒီမြို့ကလေးက
အရင်က မြန်မာနိုင်ငံရဲ့ မြို့တော် ရန်ကုန်နဲမိုင်၁၀၀၀ ကျော် ဝေးပါတယ်….
လေယာဉ်ခရီးစဉ်ဖြင့် (၁)နာရီကျော်ကျော်… ကြယ်ငါးပွင့် သင်္ဘောခရီးစဉ်ဖြင့်
(၂)ရက်မှ (၁၀)ရက်အထိ၊ ကားလမ်းဖြင့် ပုံမှန်(၃)ရက် လမ်းအခြေအနေပေါ် မူတည်ပြီး
ဒိထက်လဲ ကြာပါတယ်….။
အခုလက်ရှိ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်နဲ့ကတော့ ရန်ကုန်ထက် ပိုဝေးသွားပြီ….
တစ်နိုင်ငံလုံးမှာ ကျွန်တော်တို့ မြို့လေးက မြို့တော်နဲ့ အဝေးဆုံး….၊ နောက်ပြီး တောင်ဘက်အစွန်းဆုံး… ။
ကျွန်တော်တို့ ကော့သောင်းမြို့လေးမှာ တစ်မြို့နယ်လုံး ဒေသခံလူဦးရေ (၆)သောင်းကျော်နေတယ်…။
ကမ်းရိုးတန်းမြို့တော် မြိတ်မြို့နဲ့လည်း မိုင်(၂၀၀)ကျော်ဝေးတယ်…၊ တိုင်းမြို့တော် ထားဝယ်နဲ့လည်း ဒီလိုပဲ အဝေးကြီး….။
နိုင်ငံတော်အစိုးရရော
တိုင်းဒေသကြီး အစိုးရကရော…. ကော့သောင်းမြို့လေးမှာ ရှိတဲ့ ပြည်သူတွေကို
ဘာမှ ထိထိရောက်ရောက်ထောက်ပံ့ပေးထားတာ မရှိဘူး…။
အခြေခံစားကုန်ကအစ…..
ဆန်… ဆန်ကုန်သည်ကြီးများ အသင်းရဲ့ အစီအစဉ်နဲ့ ပြည်မက တစ်ဆင့် တင်သွင်းတယ်… (သယ်ယူစရိတ်အရ
အနည်းငယ်ဈေးတင်ပြီး ပြန်ရောင်းတယ်…၊)
ဆီ….. ပြည်တွင်းကထုတ်လုပ်တဲ့ စားအုန်းဆီက (၁၀)ရာခိုင်နှုန်းလောက်ပဲ ရောက်တယ်… ကျန်တာကို တစ်ဘက်နိုင်ငံက ၀ယ်စားရတယ်….။
ဆား/ငြုပ်/ ကြက်သွန်….. ဒါတွေကတော့ ကြယ်ငါးပွင့်သင်္ဘောအစီအစဉ်၊ ပုဂ္ဂိက စက်လှေများဖြင့် တရားဝင်
ကုန်သွယ်ပြီး လာရောက်ရောင်းချနေကြတယ်။ လုံလောက်မှု မရှိပါဘူး…. (၄၀)ရာခိုင်နှုန်းကို တစ်ဘက်နိုင်ငံကို
အားကိုးနေရတယ်… ကျန်တာတွေ အကုန်လုံးကို ရနောင်းကိုပဲ အားကိုးနေရတယ်……။
ဒေသမှာက အဓိကသက်မွေးဝမ်းကျောင်းမှုက ရေလုပ်ငန်း….၊
ပြီးတော့ ကုန်သွယ်ရေးလုပ်ငန်း…..။
ဒေသမှာ
အချိန်မရွေး ၀ယ်စားနိုင်တာ… ငါးတစ်မျိုးပဲရှိတယ်…။ ဒါတောင်
ပုစွန်ကောင်းကောင်း ငါးကောင်းကောင်းတွေကို တစ်ဘက်နိုင်ငံကို ရောင်းတယ်….။
ဟင်းသီး ဟင်းရွက်ကအစ ဒေသထွက် လုံလောက်မှု မရှိဘူး… အကုန်လုံးနီးပါး ရနောင်းက ၀ယ်စားရတယ်…
အားလုံးဆိုမှ အားလုံးပဲဗျာ…. အခြေခံစားကုန်ကနေ အစ အကုန် ၀ယ်စားရတယ်…..။
သို့သော် ကျွန်တော်တို့ မြို့လေးကို ခေတ်မီအောင် ဖွံ့ဖြိုးတိုးတက်အောင်ကိုတော့ ကျွန်တော်တို့ မြို့ကလူတွေပဲ