.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, March 28, 2012

အယုဒ္ဓယ ကား​မှောက်မှု မြန်မာအလုပ်သမား​ ၆ ဦး​ ​သေဆုံး

 March 28, 2012 by ဒီဗွီဘီ     

ထိုင်း ​နိုင်ငံမှာ ရဲစခန်း​စစ်​ဆေး​ရေး​ဂိတ်တခုကို ဖြတ်​မောင်း​ပြေး​ဖို့​ ကြိုး​စား​တဲ့​ ပစ်ကပ်ကား​တစီး​ ​မြောင်း​ထဲထိုး​ကျပြီး​ မြန်မာ​ရွှေ့​ပြောင်း​ အလုပ်သမား​ ၆ ဦး​ အပါအဝင် လူ ၇ ဦး​လောက် ​သေဆုံး​သွား​တယ်လို့​ ​အေအက်ဖ်ပီသတင်း​မှာ ​ဖော်ပြပါတယ်။
ဘန်​ကောက်မြို့​ ​မြောက်ဘက် ၇၅ ကီလိုမီတာ​လောက်​ဝေး​တဲ့​ အယုဒ္ဓယခရိုင် ဘန့်​ဖရတ် မြို့​နယ်ထဲမှာ ဗုဒ္ဓဟူး​နေ့​က ဖြစ်ပွား​ခဲ့​တာပါ။
ထိုင်း​ကား​ မောင်း​သမား​ အပါအဝင် အမျိုး​သား​ ၂ ဦး​နဲ့​ အမျိုး​သမီး​ ၅ ဦး​ ​သေဆုံး​ပြီး​ ၁၂ ဦး​လောက် ဒဏ်ရာရှိသွား​တယ်လို့​ ဆိုပါတယ်။ ဒဏ်ရာရသူ​တွေထဲမှာ ၁ ဦး​ရဲ့​ အ​ခြေအ​နေက စိုး​ရိမ်ရတယ်လို့​လည်း​ သတင်း​မှာ​ရေး​သား​ထား​ပါတယ်။ ​ဒေသခံ ထိုင်း​ရဲက​တော့​ ကား​မောင်း​သမား​ဟာ လမ်း​ချိုး​ လမ်း​ကွေ့​ကို မထိမ်း​နိုင်ဘဲ တူး​မြောင်း​ထဲကို ကား​ထိုး​ကျသွား​တာဖြစ်တယ်လို့​ ​ပြောပါတယ်။
ဒီကား​ မှောက်မှုနဲ့​ ပတ်သက်ပြီး​ အ​သေး​စိပ်သိရဖို့​အတွက် ဒီဗွီဘီက ဘန့်​ဖရက်ရဲစခန်း​ကို ဆက်သွယ် ​မေး​မြန်း​ကြည့်​ရာမှာ တာဝန်ကျ ဒုရဲမှူး​ကြီး​ ဝမ်း​လုမ်း​တေချား​က “ဖြစ်ပွား​တာက မနက် ၈ နာရီ​လောက်မှာပါ။ ကား​မောင်း​သမား​ဟာ လမ်း​ချိုး​လမ်း​ကွေ့​ကို မထိမ်း​နိုင်ဘဲ တူး​မြောင်း​ထဲကို ကား​ထိုး​ကျသွား​တာ ဖြစ်တယ်၊​ တူး​မြောင်း​ရေက ၄ မီတာ ​လောက်နက်​တော့​ အပြင်ထွက်လို့​ မရဘဲ ​သေဆုံး​ရတာ ဖြစ်တယ်။ ကား​မောင်း​သမား​နဲ့​အတူ အမျိုး​သမီး​ ၄ ​ယောက်၊​ အမျိုး​သား​ ၁ ​ယောက်၊​ အသက် ၁၂ နှစ်ရွယ် မိန်း​က​လေး​တ​ယောက် ပွဲချင်း​ပြီး​သေတယ်။ ဒဏ်ရာရတဲ့​သူ​တွေကို အယုဒ္ဓယ ​ဆေး​ရုံ​ခေါ်သွား​ပြီး​ ကျန်တဲ့​သူ​တွေ​တော့​ ရဲစခန်း​မှာ ထိန်း​သိမ်း​ထား​တယ်၊​ သူတို့​မှာ ဘာလက်မှတ် အ​ထောက်အထား​လည်း​မရှိ ထိုင်း​စကား​လည်း​ နား​မလည်​တော့​ ထိုင်း​နိုင်ငံထဲကို တရား​မဝင်​တော့​ တရား​မဝင် မြန်မာအလုပ်သမား​တွေလို့​ပဲ ယူဆတယ်၊​ စစ်​ဆေး​နေတုန်း​ပဲ”လို့​ ​ပြောပါတယ်။
ဘန့်​ဖရက် ရဲစခန်း
ကား​ပေါ်မှာ စုစု​ပေါင်း​လူ ၂၁ ဦး​ပါလာပြီး​ ကား​မောင်း​သမား​ဟာ အသက် ၂၀ အရွယ် ထိုင်း​လူမျိုး​ဖြစ်​ကြောင်း​၊​ စစ်​ဆေး​ရေး​ဂိတ်မှာ တရား​ဥပ​ဒေအရ အစစ်ခံလိုက်ရင် ဒီလို ​သေ​ကြေဒဏ်ရာရတဲ့​ အဖြစ်ဆိုး​နဲ့​ ကြုံရမှာ မဟုတ်ဘူး​လို့​လည်း​ ထိုင်း​ရဲက ​ပြောပါတယ်။
လတ်တ​လော ​သေဆုံး​သူ​တွေရဲ့​ အ​လောင်း​ကို ပထုမ်ဌာနီခရိုင် ဓမ္မသတ်​ဆေး​ရုံမှာ ထား​ရှိပြီး​ မိမိ​ဆွေမျိုး​ အသိ​တွေ ပါမယ်လို့​ ယူဆရတဲ့​ သူ​တွေအ​နေနဲ့​ ဘန့်​ဖရက်ရဲစခန်း​ ဖုံး​နံပတ် ၀၃၅-၃၈၆၁၁ရကို ၃ ရက် အတွင်း​ ဆက်သွယ် အ​ကြောင်း​ကြား​ဖို့​ ရဲစခန်း​က ဒီဗွီဘီကို ​ပြောပါတယ်။

ပတ်စ်ပို့နှင့် ပွဲစားလောက လုပ်စားကြရာဝယ်



ထိုင်းနိုင်ငံတွင်အလုပ်လာရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများကို ထိုင်းအစိုးရနှင့် မြန်မာအစိုးရတို့ သဘောတူညီချက်အရ ပတ်စ်ပို့ပြုလုပ်ရန် လုပ်ဆောင်ကြပြီး ပတ်စ်ပို့များပြုလုပ်စေပါသည်။
ထို့သို့လုပ်ဆောင်ကြရာဝယ် အစိုးရရုံးသို့ တိုက်ရိုက်သွားရောက်လုပ်ဆောင်နိုင်ခြင်းမရှိသောသူများအတွက် ပတ်စ်ပို့လုပ်ဆောင်နိုင်ရန်အ တွက် ပွဲစားကုမ္မဏီများဖွင့်ပြီး လုပ်ဆောင်ပေးကြရာတွင် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၅၅၀၀ အနည်းဆုံးဖြင့် ဆောင်ရွက်ကြပါတယ်။ မှန်မှန် ကန်ကန်ဆောင်ရွက်ကြသည့်ကုမ္မဏီမှာ အနည်းငယ်သာရှိပြီး မမှန်မကန် ကိုယ့်မြန်မာအချင်းချင်း လိမ်လည့်လှည့်ပတ်ပြီး လုပ်စားနေကြ သူက များပါတယ်။
အခုရက်ပိုင်း စုံစမ်းရသလောက်ကတော့ အမှန်တစ်ကယ် ကြုံတွေခံစားနေရသူတစ်ဦးရဲ့ရင်ဖွင့်သံကတော့ “ကျွန်တော်တို့မှာ နေထိုင်ခွင့် လက်မှတ်အစစ်နဲ့ ပတ်စ်ပို့တင်လိုက်တယ်။ ဘန်ကောက်ရုံးဆိုတဲ့ဆီကကျလာတဲ့စာရွက် အများခေါ် (သုံးကွက်ကျား) တံဆိပ်တုံးအနီရောင် အ၀ိုင်း ပါရှိပါတယ်။ နေထိုင်ခွင့်ရဲ့ကျောဘက်မှ ပါလာတာတွေရပါတယ်။ နံပါတ် ၁၃ လုံးနဲ့ပါ။ ဒီနေရာမှာ ကုမ္မဏီတွေက MOU လို့ခေါ်တဲ့ ဘာလက်မှတ်မှမရှိတဲ့သူ (လူသစ်) ကို ပတ်စ်ပို့လုပ်ဆောင်လို့ရတယ်ဆိုပြီး ကျွန်တော်တို့ကျနေတဲ့ အဲဒီစာရွက်ပေါ်မှာ နာမည်ပြောင်း ဓါတ် ပုံပြောင်းပြီး အစားထိုးပတ်စ်ပို့လုပ်ပါတယ်။ ပြီးမှ အစစ်အမှန်ဖြစ်တဲ့ ကျွန်တော်တို့ကို ဘတ်ကောက်ရုံးကမကျသေးပါ စသဖြင့် အကြောင်း အမျိုးမျိုးပြပြီး အချိန်ဆွဲထားပါတယ်။ မခြေမငံပြောတာက တမျိုး၊ ဟောက်ငေါက်ပြီးတစ်မျိုး ခြိမ်းခြောက်တာက တမျိုးပါ။ မစောင့်နိုင်ပါက စားရွက်တွေပြန်ယူသွား စရံကတော့ ပြန်မရပါ။ ဒီလိုနှင့် စိတ်ရှည်သည်းခံစောင့်လိုက်တော့ ပတ်စ်ပို့ရလာပါတယ်။
ရလာတဲ့စာအုပ်က ကျွန်တော်ရဲ့ ၁၃ လုံးနံပါတ်အမှန်ဖြစ်သော်လည်း ၁၃ လုံး နံပါတ်တူစာအုပ် ဘယ်နှအုပ်ထွက်ရှိသွားပြီဆိုသည်ကိုတော့ ကျွန်တော်တို့ မသိရတော့ပါ။ ကျွန်တော်တို့ အစစ်အမှန်စာရွက်ရှိသူများကို ၅၅၀၀ ယူသော်လည်း MOU သမားများမှာ (၁၂၀၀၀ ဘတ်မှ ၁၅၀၀၀) ထိ ပေးကြရပါတယ်။ အချို့MOU များမှာ အစစ်အမှန်ဖြစ်ပြီး (၂) လခန့်ကြာအောင် စောင့်ရပါတယ်။ အတုများကတော့ (၃) ရက်နှင့် (၅) ရက်အတွင်း ပတ်စ်ပို့ရတယ်လို့ သိရပါတယ်။” လို့ သူက ရှင်းပြပါတယ်။
မဲဆောက်မှာ ဘာတွေဖြစ်နေကြပီလည်းဆိုတာ မတွေးတတ်အောင်ပါဘဲ။ သတင်းရတာကတော့ အဲလိုစာအုပ်ကို အတုသဘောလုပ်ပြီး ဘန်ကောက်တက်တာ ကွန်ပျူတာစစ်တော့ ၁၃ လုံးနံပါတ်က လူပုံ၊ လက်ဗွေတွေမတူတာကြောင့် စာရွက်စာတမ်းအတုလုပ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချတယ်ဆိုတာတော့ ကြားသိရပါတယ်။ မြန်မာလူမျိုးအချင်းချင်း ဒီလိုမလုပ်စားသင့်ဘူးလို့ ထင်ပါတယ်။ အမျိုးကိုစောင့်ရှောက် ရမည့်အစား နှိပ်စက်နေသလိုဖြစ်နေပါကြောင်း ….။

မိုးမခ ၀က်ဆိုက်မှ ကူးယူဖော်ပြပါသည်

Wednesday, March 21, 2012

Hlaing Thar Yar Farmer Case with Wah Wah Win Company လယ်သမားတွေကို ငွေအားနဲ.အနိုင်ကျင့်နေမှု.တွေကို လွှတ်တော်ကထိုင်ကြည့်မနေသင့်ဘူးကာကွယ်ပေးသင့်တယ်

အရှင်ဖျားများသို. တင်ပါသည်ဖျာ့




ဗုဒ္ဓသာသနာမှာ ညစ်နွမ်းခြင်းတွေမရှိဘူးဖျာ့....ရှိခဲ့ရင်လဲ ဘုရားသားတော်တွေကပဲလုပ်တာပါဖျာ့..........မြတ်စွာဘုရားရှင် ချမှတ်တော်မူခဲ့တဲ့ ၂၇၇ သွယ်သောသိက္ခာပုဒ်တို.ကို မိမိတို.လောကီ စိတ်အရ နင်းချေတာတွေမြင်ရတော့ စိတ်ထဲအင်မတန် သောကဖြစ်မိပါတယ်ဖျာ့...၀ိနည်း ကိုမှ မလိုက်နာ ဘုရားရှင်ရဲ.အဆုံးမကိုမေ. လောကီအရေးမှာ ဒို.အရေးလုပ်နေရုံနဲ.သာသနာ့တာဝန်တွေကျေပါပြီလားဖျာ့....သင်အံလေ့ကျက် ဟောကြားထွေထွေ ကျင့်ကြံအားထုတ် ဆိုတာတွေချောင်ထိုး ပရိယတ်ပရိပတ် နှစ်ဖြာသောအကျိုးကိုမလုပ်........တင်ပါ့ ...... ကိုယ်ကျိုးတော့နည်းပါပေါ့ဘုရား...ကိုယ်ကျိုးတော့နည်းပါပေါ့......

လောကီအတွက်အကျိုးပြုရမဲ့နည်းလမ်းတွေအများကြီး နဖူးစည်း စည်းဖို.လဲမလိုပါဘူးဖျာ့ ...
သာသနာမျက်နာကိုငဲ့ကွက် ပါးမှာစတစ်ကာကပ်ဖို.လဲ မလိုပါဘူးဖျာ့
သာသနာရောင်ညှိုးအောင် လောကီအလံထောင်ကာလဲ မသွားသင့်ပါဘူးဖျာ့
သာသနာ မျက်နာပျက် ဆိုင်ကယ်စီးထွက်တာကတော့ လွန်လွန်းပါတယ်ဖျာ့
လူလယ်ခေါင်မှာရပ် အနီရောင်တွေနဖူးပါတ်လို. လက်သီးထောင် အသံကြောင်နှင့် မာတုဂါမကို
ကြိုဆို...၀ိနည်းအတွက်ရင်နည်းနည်းလေးတောင်မဖိုဘူးလားဖျာ့
ကြိုတာ အော်တာ နဖူးစည်းတာ အပြစ်ပြောလိုခြင်းမဟုတ် သာသနာတော်ကိုငဲ့ကွက် စဉ်းစားတတ်စေချင်တာပါဖျာ့ .....
သာသနာတော်ရဲ.အရေခြုံ လက်နက်ကိုင်လောကီသားတွေကြားသွားရောက်တွေ.ဆုံတာကလဲ အမြင်မှာမသင့်တော်လှပါဖျာ့ ....
ပြည်တွင်းမှာ သာသနာနွယ်ဝင် ပုထုဇဉ် ရဟန်း အဆန်းဆန်းတို. ထူးဆန်းထွေလာ လုပ်နေတာလဲ အမြင်မှာမတင့် ဘ၀င်မှာမချင့်ဖြစ်မိပါလေရဲ.ဖျာ့ ......
သာမာန် ကြိုဆို တရားဟောလိုရင်လဲ သူနေထိုင်ရာအိမ်ဂေဟာကိုအရောက်ကြွလှမ်း တရားဟောခန်းဖွင့်သင့်ပါတယ်ဖျာ့.....
သာသနာ့အရေးကြိုတွေစိတ်ပူ တပည့်တော်လိုလူကို အမြင်မတူလို.ရန်သူလို.ထင်လိုကထင် ဖြေရှင်းမည်တော့မဟုတ်ပါဖျာ့ ......
မှန်ရာမှန်ကြောင်းနည်းလမ်းကောင်းနှင့် လောကီအကျိုးလောကုတ္တရာအပါ ဒီနှစ်ဖြာကို သိက္ခာဝိနည်း ရှောင်ကျဉ်နည်းဖြင့် လုပ်ဆောင်လှကြောင်း ထပ်လောင်းကာလျှောက်တင် ရင်း လက်ဆယ်ဖျာထိပ်မှာမိုး ရှိခိုးလို.ဦးခိုက်လိုက်ပါတယ်ဘုရားးးးး

ဒီစာရေးသူ ကြံ.ဖွတ်လူလိုပြောဆိုလာက ဒေါမပွပဲ မေတ္တာရေစင် ပက်ဖျန်ချင်သည့် သာသနာတော်အကျိုး ရုပ်မဆိုးလိုသူ တပည့်တော်လိုလူကား အတွေးရှင်းရှင်း မောင်ဝေမင်းပါဖျာ့ ......


ဝေမင်း

Tuesday, March 20, 2012

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာမှပြန်လာသူများကိုထိုင်းရဲမှတားဆီးစစ်ဆေးခြင်းများရှိလာမည်




 တားဆီးစစ်ဆေးသော ခူရပူရီရဲစခန်း ထိုင်းတောင်ပိုင်း ဖန်ငခရိုင်







ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ သည် မိမိတို.ချွေးနဲစာလေးဖြင့် မဖြစ်မနေ ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်လျှက်ရှိကြပြီး အများစုမှာ အလုပ်ရှင်အမည်မတူခြင်းနေရာဒေသမတူခြင်း တို.ကြောင့် အလုပ်ရှင်ဧ။်ကိုယ်စာလှယ်လွှဲစာကို မရရှိပဲ နီးစပ်ရာ စိတ်ချရသော ကိုယ်စာလှယ်ရုံးများတဆင့် ပြုလုပ်ကြရသည်။
ဖန်ငခရိုင် နှင့်ကဘီခရိုင်မှ အလုပ်သမား ၁၀ဦးနှင့် ကိုယ်စာလှယ်ထိုင်းလူမျိုးတစ်ဦးမြန်မာတစ်ဦး အပါအ၀င် ၁၂ ဦးတို.သည် ရနောင်းမြို.သို. ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ပြီး အပြန်ခရီးတွင် ခူရပုရီ မြို. ဈေးကြီးအနီး နယ်မြေခံရဲစခန်းမှ ဂိတ်ချကာ တာဆီးပြီးစစ်ဆေးခြင်းများကိုပြုလုပ်လျှက်ရှိသည်။
စစ်ဆေးသည်ဆိုသော်လည်း ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပေးထားသော စာများ ကိုယ်ရေးအချက်အလက်များနှင့် ယာယီနိုင်ငံကူးလက်မှတ် များ အားစစ်ဆေးပြီးသည့်တိုင်  ဆက်လက်သွားခွင့်မပြုပဲ အချိန်ကြာမြင့်စွာ ရဲစခန်းဝင်းအတွင်း အချိန်ကုန်စေသည်။



တားဆီးစစ်ဆေးခြင်းခံရသော မြန်မာအလုပ်သမားများ

အမှန်စင်စစ် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ စာများနှင့်ယာယီနိုင်ငံကူးလက်မှတ်တို.ကို ပြသနိုင်လျှင် ဆက်လက်ထွက်ခွာခွင့်ပေးရမည်ဖြစ်သည်။ သို.သော် ခူရပူရီရဲစခန်းမှာမူဆက်လက်ထွက်ခွာခွင့်မပြုခဲ့ပါ။
မြန်မာအလုပ်သမားအများစုမှာ သားသမီးကလေးငယ်များ ပါ လိုက်ပါခြင်းကြောင့် အချို.မှာ စိတ်ဒုက္ခရောက်လျှက်ရှိကြသည်။ ထိုသို.တားဆီးစစ်ဆေးပြီး ၃ နာရီခန်.အကြာမှ ပြန်လည်ကာထွက်ခွာခွင့်ပြုခဲ့သည်။


အတူလိုက်ပါလာသောကိုယ်စားလှယ်မှ ထိုစခန်းတွင် ဘတ်ငွေ ၂၀၀၀ ဘတ် ပေးခဲ့ရကြောင်းသိရှိရသည်။

မင်းလွမ်းနောင်(ပန်းတနော်)



ထိုင်းနိင်ငံ ရောက်မြန်မာအလုပ်သမားများအခြေနေ

kolynn  ရဲ.ရင်ဖွင့်သံလေးပါ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာ အလုပ်သမားတွေညည်းညူနေကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေဟာ တရက်ကို လုပ်ခ200မှ250ထိရကြပေမဲ့ ကိုယ့်စားရိတ်ကိုစား ကိုယ်ဘာသာကိုယ်နေကြရပြီး လခစားဆိုတာမရှိသလောက်ပါဘဲ။အလုပ်ခွင်မှာတော့ရေဘဲတိုက်ပါတယ်။ယာယီပတ်စ်ပို့စ်ကိုင်ဆောင်ထားတဲ့အလုပ်သမားတစ်ယောက်ကိုမေးကြည့်တော့  ဒီမှာအလုပ်လုပ်တာတစ်ရက်ကို 220ဘဲရတယ် ကိုယ့်စားရိတ်ကိုယ်စားပေါ့ ပတ်စ်ပို့လုပ်တာက10500ဘတ်လောက်ကျတယ်။လက်ရှိပတ်စ်ပို့လုပ်တာ 6500ပေါ့ အလုပ်သမားကဒ်တွေလုပ်တာ မပါပါဘူး။တချို့ကလုပ်လို့ရပေမဲ့မလုပ်နိုင်ကြဘူး။ဒီမှာက တစ်လကို 1500လောက်ပိုတယ်ဆိုတာ တော်တော်ရှားတယ်။ပတ်စ်ပို့စ်ကုမ္မဏီတွေက ယူတာများတယ် မြန်မာအာဏာပိုင်တွေကဈေးနူန်းညိနိုင်းပေးရင်ကောင်းမယ်။ကျနော်တို့မြန်မာတွေ အရမ်းသနားဖို့ကောင်းတယ်။
နောက်တစ်ယောက်ကတော့   အကိုရေပိုက်ဆံမပို့နိုင်ပေမဲ့ ဒီမှာနေရတာ ဘာကြေးညာကြေးမရှိဘူး မီးကင်းကြေးမရှိဘူး ပြည့်စုံတယ် လူနေမှုအဆင့်အတန်းမှီတယ်။ဗမာပြည်မှာလုပ်စားရတာထက်နေရေးစားရေး ပညာရေးအားလုံးအဆင်ပြေတော့မပြန်ဖြစ်တော့ဘူး။ပြန်ဖို့လဲမလွယ်ပါဘူး ပိုက်ဆံကိုနှစ်နဲ့ချီစုရဦးမယ်။အခုတက်မဲ့ဝန်ကြီးချူပ်အသစ်ကပြောတာတော့ ရွေ့ပြောင်းအလုပ်သမားတွေ အောက်ခြေတရက်ကို 300ဘတ်အနည်းဆုံးရမယ်လို့ပြောတာဘဲ။လွယ်တော့မလွယ်ပါဘူးဗျာ။ဒီယာယီပတ်စပို့စ်ဟာ7လပိုင်း1ရက်နေ့ကစပြီး သက်တမ်6းနှစ်ပေးတာပါ။ဒါကို ထိုင်းကုမ္မဏီတွေက ခြောက်နှစ်အတွက်ပိုက်ဆံပိုကောက်ဖို့ပြင်ဆင်နေကြပါတယ်။အာဏာပိုင်တွေက ဘယ်လိုလုပ်မလဲဆိုတာတော့စောင့်ကြည့်ချင်ပါသေးတယ်။တချို့ထိုင်းတွေဟာ မသိနားမလည်တဲ့မြန်မာတွေကို ပါးပါးနဲ့သွေးထွက်အောင်လှီးနေကြတယ်။အရင်ကဘာမှမရှိတဲ့ထိုင်းတွေဟာယာယီပတ်စ်ပို့စ်ပေါ်လာမှ တိုက်ဆောက်ကားစီးနေကြပါတယ်။မြန်မာအလုပ်သမားတွေကတော့ ကြိုထုတ်တဲ့ပိုက်ဆံကိုကျေအောင်မနည်းရုန်းကန်နေကြရပါတယ်။မြန်မာနိုင်ငံကြီးမြန်မြန်တိုးတက်ပြောင်းလဲပြီါ်မြန်မာပြည်သူပြည်သားတွေပြန်လာဖို့ဘဲ မျှော်လင့်ပါတယ်..............

ထိုင်းရောက်မြန်မာအလုပ်သမား သက်တမ်းတိုးရေးရုံးထပ်ဖွင့်



ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို နိုင်ငံသားစီစစ်ပြီး ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးဖို့ ဘန်ကောက်အပါအ၀င် မြို့ကြီး ၅ မြို့မှာ ရုံးသစ်ဖွင့်ပြီးလုပ်ပေးဖို့ မြန်မာဝန် ထမ်းတွေ ရောက်နေ ပြီဖြစ်ပေမယ့် လက်တွေ့ အကောင် အထည်ဖော်လုပ်လို့ မရသေးဘူးဖြစ်နေပါတယ်။
ဖေဖော်ဝါရီလ ၂၈ရက်နေ့ကစပြီး ဘန်ကောက်၊ ချင်းမိုင်၊ မဟာချိုင်၊ စမွန်ပကန်းနဲ့ စူရတ်ထာနီမြို့တွေမှာ နိုင်ငံသားစီစစ်ရေး ရုံးတွေဖြစ်ပြီး အလုပ်သမားတွေ အတွက် ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးဖို့ ထိုင်းဘက်က တောင်းဆိုထားတဲ့ အတိုင်း မြန်မာအလုပ် သမားဝန်ကြီးဌာနက ၀န်ထမ်းအယောက် ၄၀ ထိုင်းနိုင်ငံကို ရောက်လာခဲ့ပြီဖြစ်တယ်။ အခုအချိန်အထိ တရားဝင်ရုံးဖွင့်ပြီး အကောင်အထည်ဖော်လုပ်ဆောင်ပေးဖို့ ထိုင်းဘက်က အဆင်သင့်မဖြစ်သေးဘူးလို့ ဘန်ကောက်မြန်မာ သံရုံးဘက်က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပရာ့ဝစ်ခီးယန်းဖွန်က အခုလို နှောင့်နှေးခဲ့ရတာကတော့ အလုပ်သမားတွေအတွက် မြန်မာအစိုးရက ထုတ်ပေးမယ့် ယာယီနိုင်ငံ ကူးလက်မှတ်ကို ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနက အသိအမှတ်ပြုတဲ့ စာထုတ်ဖို့ အချိန်ကြာမြင့်သွားတယ်။ အစိုးရရုံးလုပ်ငန်းအရ ဒီလိုနှောင့်နှေးခဲ့ပေမယ့် လာမယ့် ရက်ပိုင်းအတွင်းမှာ ရုံးတွေတရား ၀င်ဖွင့်ပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေး နိုင်တော့မှာ ဖြစ်တယ်လို့  ဘီဘီစီ ကို ပြောသွား တာ ဖြစ်ပါတယ်။
အလုပ်သမားတွေအတွက် နိုင်ငံကူးလက်မှတ်ကို အခုထုတ်ပေးထားတဲ့ အနီရောင်အစား ခရမ်းရောင် အဖြစ်ပြောင်းလဲ ထုတ်ပေးမှာဖြစ်တယ်။ ထိုင်းပြည်ဝင်ခွင့် ဗီဇာက ၂ နှစ်သက်တမ်းရှိပြီး ဗီဇာကြေး ကတော့ ဘတ် ၅၀၀ ဖြစ်ပါတယ်။
မြန်မာအလုပ်သမား ၇ သိန်းကျော်ကို ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးခဲ့ပြီဖြစ်တယ်။ နောက်ထပ် ထုတ်ပေးဖို့ ကျန်သူ ၇ သိန်းကျော်ကို လာမယ့် ဇွန်လ ၁၄ ရက်နေ့အတွင်း ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးနိုင်လိမ့်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်က ခန့်မှန်းပြောပါတယ်။
Credit To.....BBC

Thursday, March 15, 2012

အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်


၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။
Photo: AFP
မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။

RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

Wednesday, March 14, 2012

ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများအားယာယီနိုင်ငံကူးလက်မှတ်အသစ်များထုတ်ပေးနေပြီ

ထိုင်းရောက်မြန်မာအလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ်အသစ်များကို ထုတ်ပေးနေသည်မှာ ၇ ရက်ခန်.ရှိပြီဖြစ်ပြီး စာအုပ်အတွက်ကျသင့်ငွေကို ဆိုင်ရာ ပွဲစားများမှ ၅၀၀ ဘတ်နှုန်း တိုးမြင့်ကောက်ခံလျှက်ရှိကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်စာရွက် (ဘတ်)ဖြင့် နေခွင့်မရှိတော့ပဲ မဖြစ်မနေ ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်နေရပြီး တစ်ဦးလျှင် ကုန်ကျမှု.မှာ နေရာဒေသအလိုက် အနည်းအများကွာခြားမှု.ရှိကြောင်းသိရသည်။

ယခုလက်ရှိထုတ်ပေးလျှက်ရှိသော ယာယီနိုင်ငံကူးလက်မှတ်(ပုံစံသစ်)


အတွင်းစာမျက်နာ




 ယခု ထုတ်ပေးလျှက်ရှိသော စာအုပ်မှာ ရေစိုခံစာရွက်အမျိုးအစားဖြစ်ပြီး စာအုပ်မှာအရင်ကနဦးထုတ်ပေးထားသော စာအုပ်ထက်များစွာကောင်းမွန်သော်လည်း မြန်မာအလုပ်သမားများအတွက် စာအုပ်ပြုလုပ်မှု.ဈေးနှုန်းမှာ ကြီးမြင့်လျှက်ရှိကြောင်းသိရှိသည်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရုံနှင့်လဲမပြီးသေး အလုပ်လုပ်ခွင့်လက်မှတ်(၂ )နှစ်စာအားထပ်မံပြုလုပ်ရပြီး ကုန်ကျမှု.နှုန်းမှာ မိမိအလုပ်ရှင်ကိုယ်တိုင်လုပ်ပေးလျှင် ၂၂၀၀ ခန်. ပွဲစားဖြင့်ပြုလုပ်ပါက လူသက်သာသော်ဲငြားလည်း ၃၅၀၀ ခန်. ကုန်ကျလျှက်ရှိသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်လျှင်လဲ ၆၀၀၀/၅၀၀၀/၄၅၀၀ ဘတ် စသဖြင့် ခရီးအနီးအဝေး/ပွဲစားများ  အလိုက် ဈေးနှုန်းကွာခြားမှု.ရှိသည်။
ယခုအခါတွင် စာအုပ်အသစ် ပြုလုပ်မှု.ကြောင့်  ၅၀၀ ဘတ် တိုးမြင့် ကောက်ခံလျှက်ရှိခြင်းကြောင့် မြန်မာအလုပ်သမားများအနေနှင့် ငွေကြေးအခက်အခဲများ
နှင့်ကြုံတွေနေရပြီး စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများကဆိုသည်။

မင်းလွမ်းနောင်(ပန်းတနော်)

မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်


မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ
ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်

မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက် ပြေးဆွဲနေသည့်အတွက် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒပြအရေးဆိုမှုများ ပြုလုပ်တော့မည်ဟု မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်းများက ပြောသည်။

ထိုင်းယာဉ်မောင်းတဦးဖြစ်သည့် နိုင်စုံချိုင်းက “ကျနော်တို့ ယာဉ်လိုင်းက အစီးရေ ၆၀ နီးပါး ရှိတယ်။ ကားတစီး တနေ့ သုံးလေးခေါက်ရဖို့ မလွယ်ဘူး။ ဒီအနေအထားနဲ့ ရေရှည်ရပ်တည်ဖို့ ခက်တယ်။ မဲဆောက်ကို လာတဲ့ မြန်မာခရီးသည်တင်ကားက တနေ့ကို အစီးရေ ၁၀၀ အထက်မှာ ရှိတယ်။ မြန်မာကားတွေ စနစ်တကျ ပြေးဆွဲဖို့ ထိုင်းတာဝန်ရှိသူတွေကို တင်ပြထားတာရှိပေမယ့် ဒီနေ့အထိ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိသေးဘူး။ ဒီရက်ပိုင်းမှာမှ အဆင်မပြေရင် ကျနော်တို့ဘက်က မြန်မာကားတွေကို ဆန္ဒပြဖို့ အစီအစဉ်ကို လုပ်ရတော့မယ်” ဟု ပြောသည်။

ထိုင်းယာဉ်မောင်းများ၏ အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ