by Nyolinn Htun

Orn Eak’s Case (28-Years Old) Maid from Cambodia
အိမ်ဖော်၊ အိမ်အကူအလုပ်သမတို့သည်အိမ်တစ်အိမ်တည်းတွင် နေ့စဉ်ရက်ဆက်၊ လုပ်ကိုင်နေရသောကြောင့်လည်းကောင်း၊ ပြင်ပပတ်ဝန်းကျင် နှင့် ဆက်သွယ်ချိန်မရ၊ ဆက်သွယ်ခွင့်မရကြ၍လည်းကောင်း၊ သူတို့သည် အိမ်ရှင်၏မတရားမှုကိုကြုံတွေ့ခံစားရသော်လည်း မိမိကိုယ်ကို ကာကွယ်နိုင်သော ဥပဒေအခွင့်အရေးများနှင့်အလှမ်းကွာဝေးခြင်း၊ မသိရှိခြင်း စသည်တို့ဖြစ်ကြရသည်။
၂၀၁၀- ခုနှစ်တွင် မလေးရှားနိုင်ငံတွင် မလေးနိုင်ငံသား အိမ်ရှင်တို့၏ မတရားပြုမှုများကြောင့် အိမ်ဖော်၊အိမ်အကူအလုပ်သမများစွာ ဒုက္ခရောက်၊ ဒဏ်ရာရ (အချို့မှာ သေရာပါဒဏ်ရာ)၊ အသတ်ခံခဲ့ရသော်လည်း၊ အမျိုးသမီးများအခွင့်အရေးကိုကာကွယ်တိုက်ခိုက်ပေးနေသော WAO သို့ အမှုအနည်းငယ်သာ ရောက်ရှိခဲ့သည်။ (WAO Annual Report 2010)
အမှုများတွင် လုပ်ခလစာကိုအချိန်မှန်မရခြင်းနှင့် လပေါင်းများစွာလစာ