.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, June 30, 2011

KIO နှင့် အစိုးရတပ် တွေ့ဆုံဆွေးနွေး


E-mail Print
အစိုးရ တာဝန်ရှိသူများနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ ယနေ့ တွေ့ဆုံဆွေးနွေးရာ နေ့လယ်ပိုင်းတွင် ဆွေးနွေးပွဲပြီးဆုံးကြောင်း KIO က ပြောသည်။

ယင်းဆွေးနွေးပွဲ၌ အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ ကချင်ပြည်နယ် အမျိုးသား လွှတ်တော် အမတ် ဦးခက်ထိန်နန် အပါအ၀င် ၃ ဦး လာရောက်ကြောင်း၊ KIO က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်ပြီး ၆ ဦး တွေ့ဆုံကြောင်း သိရသည်။

KIA-Talk400
ကချင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIO ကိုယ်စားလှယ်များ ယနေ့ ကချင်ပြည်နယ် လဂျားယံ တွင် တွေ့ဆုံဆွေးနွေးနေစဉ်(ဓာတ်ပုံ - ဧရာဝတီ)
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရာ၌ KIO ဘက်က တရားဝင် အထောက်အထေား ခိုင်ခိုင်မာမာ ပြရန် တောင်းဆိုရာတွင် အစိုးရဘက်က အထက်ကို တင်ပြမည်ဟု ပြန်လည် ပြောဆိုကြောင်း KIO ပြောသည်။

အမှန်တကယ် အပစ်ရပ်ကြောင်း အစိုးရအဖွဲ့အစည်းက တာဝန်ရှိ ပုဂ္ဂိုလ် သို့မဟုတ် စစ်ဘက်ဆိုင်ရာ အရာရှိတဦးက အာမခံ ချက်ပေးရန် မကြာသေးခင်ကပင် KIO က ပြောဆိုထားသည်။

ယခုဆွေးနွေးပွဲသည် ပဏာမ ဆွေးနွေးပွဲအဆင့်ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဂွမ်မော်၏ ပြောကြားချက်အရ သိရသည်။ မည်သည့် နေ့ရက်၌ ထပ်မံ ဆွေးနွေးမည်ကို မသိရသေးဘဲ အစိုးရဘက်က

လူ၏သွေးအပါအ၀င် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ရောင်းချခြင်း၊ ၀ယ်ယူခြင်း ပြုလုပ်ပါက အရေးယူခံရမည်


PDF Print
Wednesday, 29 June 2011 15:07
AddThis Social Bookmark Button

b41306
သွေးလှူဒါန်းပွဲတစ်ခု မြင်ကွင်း
လူ၏သွေး အပါအ၀င် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ရောင်းချခြင်း၊ ၀ယ်ယူခြင်း ပြုလုပ်ပါက အရေးယူခံရမည် ဖြစ်ကြောင်း သွေးနှင့်သွေးပစ္စည်းများ ဆိုင်ရာ ဥပဒေနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းခြင်း ဆိုင်ရာ ဥပဒေပါ ပြဋ္ဌာန်းချက်များ အရ သိရသည်။

b41301
ခွဲစိတ်ကုသမှုတစ်ခုကို တွေ့ရစဉ်
သွေးကို စီးပွားရေး အလို့ငှာ ရောင်းချခြင်း၊ ၀ယ်ယူခြင်း ပြုလုပ်ပါက ထောင်ဒဏ် သုံးနှစ် အထိ ချမှတ်ခံရနိုင်ကြောင်းနှင့် ကိုယ်အင်္ဂါ အစိတ်အပိုင်းများကို ရောင်းချခြင်း၊ ၀ယ်ယူခြင်း ပြုလုပ်ပါက ထောင်ဒဏ် သုံးနှစ် အထိ
ချမှတ်ခံရမည့် အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။
မည်သူမဆို သွေးကို စီးပွားရေး အလို့ငှာ ငွေကြေးဖြင့် ဖြစ်စေ ငွေကြေးအစား ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုဖြင့် ဖြစ်စေ ရောင်းချခြင်း သို့မဟုတ် ၀ယ်ယူခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် သုံးနှစ် အထိ ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်ဟူ၍ သွေးနှင့်သွေးပစ္စည်းများ ဆိုင်ရာ ဥပဒေပုဒ်မ ၂၃ တွင် ပြဋ္ဌာန်းထားချက် အရ သိရသည်။
ထို့အတူ မည်သူမဆို ကိုယ်အင်္ဂါ အစိတ်အပိုင်းကို အဖိုးစားနားဖြင့် ရောင်းချခြင်း သို့မဟုတ်

မြန်မာနိုင်ငံ၌ နှစ်အလိုက် ဘိန်းစိုက်ဧရိယာများကို ဂြိုဟ်တုဓာတ်ပုံဖြင့် တိုင်းတာခြင်းလုပ်ငန်း မြန်မာ၊ တရုတ်နှင့် UNODC တို့ ပူးပေါင်းဆောင်ရွက်နေ


PDF Print
Wednesday, 29 June 2011 16:18
AddThis Social Bookmark Button
၂၀၁၅ ခုနှစ်၌ အရှေ့တောင်အာရှနိုင်ငံများတွင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေး Drug Free Asean ကို သတ်မှတ်ထားသည့်အတွက် မူးယစ်ဆေးဝါး ပပျောက်ရေးကို ဦးစားပေး လုပ်ငန်းတစ်ရပ်အနေ ဖြင့် ဆောင်ရွက် သွားရမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းနှင့်

မစ္စတာဒန်ကလေ အမှု အပြီးသတ် စီရင်ချက်ချ


PDF Print
Thursday, 30 June 2011 15:54
AddThis Social Bookmark Button
udan1
ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၃၁၈၊ ၃၄၁၊ ၃၂၃၊ ၃၅၂၊ မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး လတ်တလော ပြဋ္ဌာန်းချက်များ အက်ဥပဒေ ပုဒ်မ ၁၃(၁) များဖြင့် အမှုရင်ဆိုင်နေရသော မြန်မာတိုင်း(မ်) ဂျာနယ်၏ အယ်ဒီတာချုပ် သြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေ၏ အမှုအတွက် အပြီးသတ်

နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများနှင့် နိုင်ငံရေးပင်စင်လစာများ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာ

PDF Print
Thursday, 30 June 2011 19:32
AddThis Social Bookmark Button
     ပြည်ထောင်စုသမ္မတ မြန်မာင်ငံတော်အစိုးရ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၀န်ကြီးရုံး နေပြည်တော်၏ အမိန့်ကြော်ငြာစာအမှတ် ၁၀၇/၂၀၁၁ ကို ၂၀၁၁ ခုနှစ်ဇွန်လ ၃၀ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ပါသည်။
အကြောင်းအရာမှာ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား

ဇူလိုင်လ မြန်မာ့ ကျောက်မျက်ရတနာ အရောင်းပြပွဲ ယခင်အကြိမ်များထက် ကျောက်စိမ်းတွဲ အရေအတွက် ပိုမိုတိုးမြှင့် ရောင်းချမည်ဖြစ်ပြီး ကျောက်မျက်ရတနာ ရောင်းရငွေ၏ ၁၀ ရာခိုင်နှုန်းကိုသာ ၀င်ငွေခွန်ကောက်ခံ

PDF Print
Wednesday, 29 June 2011 15:59
AddThis Social Bookmark Button
4135 ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကျင်းပ ပြုလုပ်သွားမည့် မြန်မာ့ ကျောက်မျက်ရတနာ အရောင်းပြပွဲတွင် ယခင်အကြိမ်များထက် ကျောက်စိမ်းကျောက်မျက် အတွဲများ ပိုမိုတိုးမြှင့် ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်၌ ယခုနှစ်အတွင်း နောက်ဆုံးအကြိမ် ပြုလုပ်ခဲ့သည့် ၄၈ ကြိမ်မြောက် မြန်မာ့ကျောက်မျက်

အမောင်လုလင်သို.


နုနယ်ပျိုမျစ်၊ အားမာန်သစ်
  စိတ်ဓါတ်ဖွံထွား၊ မြန်ပြည်သား
ခံ့ညားရုပ်သွင်း၊အိုလုလင်
အသင်ဘယ်သို. ချီတက်မလဲ....။
လှိုင်းလေမုန်တိုင်း၊ ဒို.သမိုင်းအား
လှပရှု.မြင်အောင်ပွဲဆင်ရန်
အသင်ဘယ်သို.ပါဝင်မလဲ.........။
အစဉ်အလာကောင်း၊ သမိုင်းကြောင်း
ရှိကောင်းမှတ်ထင် ၊အိုလုလင်ကား
အဘယ်လမ်းသို. လျှောက်မလဲ.........။
တိုင်းဝန်ပြည့်ကျိုး၊ ထမ်းသည်ပိုး
မျိုးချစ်ဇာနည်၊ သင့်စွမ်းရည်
ဘယ်ဆီဘယ်မျှရှိပါစ
အားကျတို.လျှင်၊ သိပါချင်
ပြောပြပါလား အိုလုလင် ..........။
တိုင်းပြည်နုနုမုန်းတိုင်းစုရပ်
မြန်ပြည်ထက်ဝယ်
မယိမ်းမယိုင် ၊ဒို.ပန်းတိုင်ကို
အမောင်လုလင် ၊အောင်ပွဲဆင်ရန်
အဘယ်လမ်းသို. ၊ လျှောက်မည်လဲ...........။
လျှောက်ရမည့်လမ်း၊ခယောင်းလမ်းပမ
တွေ.မြင်ပါလဲ၊ စိတ်ဓါတ်ကျဆင်း
အလျှင်းမရှိ၊လျှောက်လှမ်းမည်လော................ရပ်မည်လော............။
မင်းလွမ်းနောင်(ပန်းတနော်)

သဘာဝထဲကကျနော်



ဇဝေဇ၀ါနဲ. ၊မညီမညာ ပေတရာမှာလမ်းလျှောက်ခဲ့
အလင်းမဲ့တဲ့ နီယွန်မီးသီးတွေအောက်
ငါ.....ပရစ်ကောက်ဖို.မကြိုးစားေ

တာ့ပါဘူး......
လေအဝှေ.မှာ ကကြိုးပျောက်နေတဲ့
တရားသဘောတွေနဲ.စုဝေးနေတဲ့အမှိုက
်ပုံဆီက
စူးရှရှ အနံ.ကိုရှူပြီး အိပ်ကပ်ထဲကဆေးလိပ်တို
နေမညိုခင်ထဲက ခုထိမသောက်ရသေးပါဘူး....
အပြာရောင်တွေကိုယ်စီနဲ. ပါဝါတွေသီလို.
လမ်းလျှောက်ဆေးလိပ်သောက် ...ဂျေးထဲရောက်ဖို.ရှိတယ်လေ....
..
ကံကောင်းခြင်းသီချင်းလေးညဉ်းတွာ
းလို.
ကံကောင်းစွာ ခရမ်းချဉ်သီးတစ်လုံးကျနော်အထက်မ
ှာအားယူပြီးပြုံးနေလေရဲ......း)
ပြည်တွင်ဖြစ်ယမ်းမီးခြစ် ထောက်ကနဲချစ်လို.
ဆေးလိပ်တိုကိုညှိ  ဖီးလ် ရှိရှိနဲ. သောက်နေမိပါရဲ...
လမ်းဘေးကအုတ်ခုံ ဘယ်သူအရောင်ဆိုးသွားတာပါလိမ့်
အဖြူမှနီကျင်ကျင်ရောင် ကာလာကပျောက်ကျား
သြော်...မြန်မာ့ကွမ်းယာပါလား...
......
ကံကောင်းတဲ့ ကျနော် ......
ညရဲ. အလှတွေကိုအပြည့်ခံစား
ကဗျာတွေဖွဲ. စာတွေချဲ. ....
ကဗျာတွေသီ..စာတွေစီ...
အိမ်ပြန်ရောက်ရင် ရေးရမည်ပေါ့.......
ညအလှတွေရဲ.ဖမ်းစား..သဘာဝတရားတွေ
ပြည့်နေတဲ့
တို.တိုင်းပြည်၊  သဘာဝထဲမှာရှိနေတာကိုတောင်
ကျေနပ်မိသယောင်ယောင်......
ဒီလိုနဲ.အိမ်ပြန်ရောက် ...
သဘာဝထဲကကျနော် .....
သဘာဝကျကျ ...ဖယောင်တိုင်မီးနဲ.
ကဗျာတွေရေး  စာတွေရေးပေါ့..........။။      


မင်းလွမ်းနောင်(ပန်းတနော်)





        

Wednesday, June 29, 2011

ဂျပန်က မြန်မာ့ ဒီမိုကရေစီရေး ဆက်ကူညီမည်


E-mail Print
မြန်မာ့ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး အတွက် ဂျပန်နိုင်ငံက ဆက်လက် ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ ပါလီမန် ဆိုင်ရာ ဒု နိုင်ငံခြားရေး ၀န်ကြီး မစ္စ မခိကို ခိခုတနှင့် ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) သို့ ယနေ့ လာရောက်တွေ့ဆုံစဉ် ပြောဆိုသည်။

Makiko_Kikuta
ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘက်မြို့၌ ၂၀၁၀ နိုဝင်ဘာ အတွင်းက ကျင်းပသော ဖွံ့ဖြိုးရေး ဖိုရမ်တွင် ပြောဆိုရှင်လင်းနေသည့် မစ္စ မခိကို ခိခုတ (ဓာတ်ပုံ - uk.emb-japan.go.jp)
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်များနှင့် မစ္စ မခိကို ခိခုတ တို့သည် ရန်ကုန်မြို့ရှိ NLD ရုံးချုပ်၌ နေ့ လယ် ၁ နာရီခန့်က ၄၅ မိနစ်ကျော်ကြာ တွေ့ဆုံခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့တယ်။ ကျနော်တို့ NLD ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်”ဟု NLD လူငယ် ခေါင်းဆောင်တဦးဖြစ်သူ ကိုရာဇာ က ဧရာဝတီကို ပြောသည်။

ဂျပန် ဒု နိုင်ငံခြားဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သို့ လာရောက်တွေ့ဆုံချိန်သည် ယနေ့ထုတ် အစိုးရ သတင်း စာတွင် ပါရှိသည့် NLD လုပ်ဆောင်နေသော လုပ်ငန်းများကို ရပ်တန့်ရန် သတိပေးထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဆောင်းပါးရှင် ပြည့်စုံအောင် ၏ “ရွေးချယ်ခွင့်က

ဗုံးခွဲမှုများအတွက် ရှမ်းအမည်နှင့် လူ ၃ ဦးကို အစိုးရ စွပ်စွဲ


E-mail Print
နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်၍ ရှမ်းအမည်နှင့် လူ ၃ ဦးကို ထုတ်ဖော်ပြီး ၎င်းတို့ ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

MDL_Bomb2
ဇွန်လ ၂၄ ရက်နေ့က မန္တလေး ဈေးချို ဟိုတယ်ရှေ့တွင် ကားဗုံးပေါက်ပြီးနောက် စစ်တပ်က စစ်ဆေးနေစဉ် (ဓာတ်ပုံ - AP)

ဖောက်ခွဲမှု ပြုလုပ်သူများမှာ အသက် ၂၅ နှစ် အရွယ်ခန့်ရှိကြသည့် စိုင်းဆမ်၊ စိုင်းအိုက်နှင့် စိုင်းကျော်မြင့်ဦးတို့ဖြစ်ပြီ ဗုံးများကို ဖောက်ခွဲရန် နေအိမ်များ ကြိုတင်ငှားရမ်းခြင်း၊ လိုင်စင်မဲ့ကား ၀ယ်ယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းစာတွင် ရေးသားထားပြီး ၎င်းတို့ သုံးဦး၏ ပုံပန်းသဏ္ဍန်များကို ဖော်ပြကာ ဗုံးဖောက်ခွဲခဲ့သည့် တရားခံများ ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးသိန်းဦးက “တရားရုံး အမိန့်မချခင် တရားခံလို့တော့ ဥပဒေမှာ သုံးခွင့်မရှိဘူး။ သံသယရှိ သူလို့ပဲ သုံးရမယ်” ဟု ဆိုသည်။

ယခု သတင်းစာတွင် သုံးနှုန်းထားသည့် တရားခံဆိုသည့် အသုံးအနှုန်းမှာ အဆိုပါ ၃ ဦး၏

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ