.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, March 15, 2012

အနာဂတ်မှာ မြန်မာအလုပ်သမား ရှားပါးလာမှာ ထိုင်းလုပ်ငန်းရှင်များ ပူပင်


၂ဝ၁၅ ခုနှစ် နောက်ပိုင်း AEC ခေါ် အာဆီယံ စီးပွားရေးအဖွဲကြီး ပေါ်ပေါက် လာပြီးတဲ့အခါ ထိုင်းနိုင်ငံအနေနဲ့ မြန်မာ အလုပ်သမားတွေကို ရရှိနိုင်ဖို့ မလွယ်ကူတော့ဘဲ အလုပ်သမား ရှားပါးမှု ပြဿနာနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်-ပစ်ဆူဝမ်က ထိုင်းလုပ်ငန်းရှင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။
Photo: AFP
မြန်မာနိုင်ငံမှ မိန်းကလေးငယ်များစွာသည် ပြည်တွင်းတွင် စားဝတ်နေရေး မဖူလုံသောကြောင့် အခြားနိုင်ငံများသို့ စွန့်စား သွားရောက်ပြီး အလုပ် လုပ်ကိုင်နေကြရပါသည်။ (Photo: AFP)
ဘန်ကောက်မြို့မှာ မနေ့က ပြုလုပ်တဲ့ စီမံခန့်ခွဲရေး စည်းဝေးပွဲတရပ်မှာ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင်က အဲဒီ အချိန်ကာလ ရောက်တဲ့အခါမှာ မြန်မာနိုင်ငံအနေနဲ့ သူ့နိုင်ငံသား အလုပ်သမားတွေကို သူ့ ပြည်တွင်းက စီးပွားရေးဇုံနယ်မြေ သုံးခုမှာ အလုပ်အကိုင်တွေပေးဖို့ ပြန်လည် ခေါ်ယူသွားမှာ ဖြစ်လို့ မြန်မာ အလုပ်သမားတွေအပေါ် အဓိက အားထားလုပ်ကိုင်နေတဲ့ ထိုင်းအလုပ်ရှင်တွေ ထိုင်းစက်ရုံတွေ အနေနဲ့ အခက်အခဲ တွေ့လာရနိုင်ကြောင်း ပြောသွားပါတယ်။

ဒါ့အပြင် ထိုင်း လုပ်ငန်းရှင်တွေအနေနဲ့ လူ့လုပ်အား များများ အသုံးမလိုတဲ့ ခေတ်ပေါ် နည်းပညာတွေကို ရှာဖွေကြဖို့နဲ့ တခြား အာဆီယံနိုင်ငံတွေကို လုပ်ငန်းတွေ ချဲ့ထွင်နိုင်အောင် ကြိုးစားကြဖို့ လိုကြောင်း၊ အစိုးရ အာဏာပိုင်တွေကလည်း ဒီလုပ်ငန်းရှင်တွေကို အခုလက်ရှိထက် ပိုပြီး ပံ့ပိုးအားပေးဖို့ လိုကြောင်း မစ္စတာ ဆူရင်က တိုက်တွန်း ပြောကြားသွားပါတယ်။

RFA သတင်းဌာနမှ ကူးယူဖော်ပြပါသည်။

Wednesday, March 14, 2012

ထိုင်းနိုင်ငံရောက်မြန်မာ နိုင်ငံသားများအားယာယီနိုင်ငံကူးလက်မှတ်အသစ်များထုတ်ပေးနေပြီ

ထိုင်းရောက်မြန်မာအလုပ်သမားများအား ယာယီနိုင်ငံကူးလက်မှတ်အသစ်များကို ထုတ်ပေးနေသည်မှာ ၇ ရက်ခန်.ရှိပြီဖြစ်ပြီး စာအုပ်အတွက်ကျသင့်ငွေကို ဆိုင်ရာ ပွဲစားများမှ ၅၀၀ ဘတ်နှုန်း တိုးမြင့်ကောက်ခံလျှက်ရှိကြောင်းသိရှိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်စာရွက် (ဘတ်)ဖြင့် နေခွင့်မရှိတော့ပဲ မဖြစ်မနေ ယာယီနိုင်ငံကူးလက်မှတ်များကို ပြုလုပ်နေရပြီး တစ်ဦးလျှင် ကုန်ကျမှု.မှာ နေရာဒေသအလိုက် အနည်းအများကွာခြားမှု.ရှိကြောင်းသိရသည်။

ယခုလက်ရှိထုတ်ပေးလျှက်ရှိသော ယာယီနိုင်ငံကူးလက်မှတ်(ပုံစံသစ်)


အတွင်းစာမျက်နာ




 ယခု ထုတ်ပေးလျှက်ရှိသော စာအုပ်မှာ ရေစိုခံစာရွက်အမျိုးအစားဖြစ်ပြီး စာအုပ်မှာအရင်ကနဦးထုတ်ပေးထားသော စာအုပ်ထက်များစွာကောင်းမွန်သော်လည်း မြန်မာအလုပ်သမားများအတွက် စာအုပ်ပြုလုပ်မှု.ဈေးနှုန်းမှာ ကြီးမြင့်လျှက်ရှိကြောင်းသိရှိသည်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရုံနှင့်လဲမပြီးသေး အလုပ်လုပ်ခွင့်လက်မှတ်(၂ )နှစ်စာအားထပ်မံပြုလုပ်ရပြီး ကုန်ကျမှု.နှုန်းမှာ မိမိအလုပ်ရှင်ကိုယ်တိုင်လုပ်ပေးလျှင် ၂၂၀၀ ခန်. ပွဲစားဖြင့်ပြုလုပ်ပါက လူသက်သာသော်ဲငြားလည်း ၃၅၀၀ ခန်. ကုန်ကျလျှက်ရှိသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်လျှင်လဲ ၆၀၀၀/၅၀၀၀/၄၅၀၀ ဘတ် စသဖြင့် ခရီးအနီးအဝေး/ပွဲစားများ  အလိုက် ဈေးနှုန်းကွာခြားမှု.ရှိသည်။
ယခုအခါတွင် စာအုပ်အသစ် ပြုလုပ်မှု.ကြောင့်  ၅၀၀ ဘတ် တိုးမြင့် ကောက်ခံလျှက်ရှိခြင်းကြောင့် မြန်မာအလုပ်သမားများအနေနှင့် ငွေကြေးအခက်အခဲများ
နှင့်ကြုံတွေနေရပြီး စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်သူများကဆိုသည်။

မင်းလွမ်းနောင်(ပန်းတနော်)

မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်


မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ
ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်

မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက် ပြေးဆွဲနေသည့်အတွက် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒပြအရေးဆိုမှုများ ပြုလုပ်တော့မည်ဟု မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်းများက ပြောသည်။

ထိုင်းယာဉ်မောင်းတဦးဖြစ်သည့် နိုင်စုံချိုင်းက “ကျနော်တို့ ယာဉ်လိုင်းက အစီးရေ ၆၀ နီးပါး ရှိတယ်။ ကားတစီး တနေ့ သုံးလေးခေါက်ရဖို့ မလွယ်ဘူး။ ဒီအနေအထားနဲ့ ရေရှည်ရပ်တည်ဖို့ ခက်တယ်။ မဲဆောက်ကို လာတဲ့ မြန်မာခရီးသည်တင်ကားက တနေ့ကို အစီးရေ ၁၀၀ အထက်မှာ ရှိတယ်။ မြန်မာကားတွေ စနစ်တကျ ပြေးဆွဲဖို့ ထိုင်းတာဝန်ရှိသူတွေကို တင်ပြထားတာရှိပေမယ့် ဒီနေ့အထိ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိသေးဘူး။ ဒီရက်ပိုင်းမှာမှ အဆင်မပြေရင် ကျနော်တို့ဘက်က မြန်မာကားတွေကို ဆန္ဒပြဖို့ အစီအစဉ်ကို လုပ်ရတော့မယ်” ဟု ပြောသည်။

ထိုင်းယာဉ်မောင်းများ၏ အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ

Monday, February 20, 2012

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းအလုပ်သမားများနှင့် ပတ်သတ်၍ ၀န်ကြီးများအဖွဲ့ အစည်းအဝေးမှတ်တမ်း


(တရားဝင်ဘာသာပြန်မဟုတ်ပါ)


၂၀၁၂ခု ဖေဖေါ်ဝါရီလ (၁၃)ရက်

အမှတ်စဉ် ၁၀။ လော၊ မြန်မာ ၊ ကမ်ဖူးချား တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂

အလုပ်သမားရေးဝန်ကြီးဌာနတင်ပြချက်အရ ရွှေ့ပြောင်းအလုပ်သမားကြီးကြပ်ရေး ကော်မတီမှ၂၀၊ ၁၊ ၂၅၅၅ ရက်နေ့ တွင်သဘောတူပြီးသော တရားမ၀င်အလုပ်သမားများအတွက်စီစဉ်ချက် ၂၀၁၂ ကို ၀န်ကြီးများအဖွဲ့ အစည်းအဝေးအမှတ်စဉ် ၁/၂၅၅၅ မှ အောက်ပါအချက်များကိုအတည်ပြု လိုက်ပါသည်။
၁)-၁၉။ ၁။ ၂၀၀၉ ရက်နေတွင်ကျင်းပခဲ့သော ၀န်ကြီးများအဖွဲ့အစည်းအဝေးဆုံးဖြတ်ချက်အရ၊ ၂၈၊ ၂၊ ၂၀၁၂ နေ့ထိသက်တမ်းတိုးခွင့်ပြုခဲ့သော မြန်မာ၊ လော၊ ကမ်ပူးချားမှရွှေ့ပြောင်းအလုပ်သမားများအား နိုင်ငံသား စိစစ်ရေးကိစ္စအား အမြန်ဆုံးအကောင်ထည်ဖေါ် ဆောင်ရွက်ရေးတွင် ၂၈၊ ၂၊ ၂၀၁၂ ရက်နေ့ အတွင်း ပြီးစီးစွာ လုပ်ဆောင်ခြင်းနှင့် ပတ်သက် ၍ ၁၄၊ ၆၊ ၂၀၁၂ ရက်နေ့မကျော်လွန်မီ ဆက်လက်ဆောင်ရွက်နိုင်ရန် အချိန်တိုးပေး ရန်အောက်ပါအတိုင်းဆုံး ဖြတ်ချက်ချမှတ်ခဲ့သည်၊

၁-၁) ပြည်ထဲရေးဝန်ကြီးဌာနမှ ဘီအီး၂၅၂၂ လူဝင်မှုကြီးကြပ်ရေးဥပဒေပုဒ်မ - ၁၇ အရ ထိုင်းနိုင်ငံအတွင်းခေတ္တ နေထိုင်ခွင့်ပေး ထားခြင်းနှင့်ဆိုင်ရာအချက် ၁နှင့်ပတ်သက်၍ နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အား နိုင်ငံသား စိစစ်နေစဉ်အတွင်း ၁၄၊ ၆၊ ၂၀၁၂ အထိပေးရန်ချမှတ်ခဲ့သည်။ နိုင်ငံသားစိစစ်မှုလုပ်ဆောင်နေစဉ်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဥပဒေ ဘီအီး-၂၅၂၂ ပုဒ်မ-၅၄ အရ လုပ်ဆောင်ရန်မလိုအပ်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနမှ မြန်မာ၊ လော၊ ကမ်ဖူးချား အလုပ်သမားများအား နိုင်ငံသား စိစစ်မှုပြုလုပ်ရန်အတွက် နယ်မြေပြင်ပထွက်ခွါခွင့် အားပြုသည့်ကြေညာ ချက်အား ထုတ်ပြန်ပေးရမည်။
လူဝင်မှုကြီးကြပ်ရေးဥပဒေ ဘီအီး၂၅၂၂ ပုဒ်မ - ၁၂ (၃)အရနိုင်ငံသားစိစစ်မှုခံယူပြီးသော မြန်မာ၊ လော၊ ကမ်ဖူးချားမှ ရွှေ့ပြောင်းအလုပ်သမားများအား ယာယီပတ်စပို့(သို့) (Certificate of Identity) အသုံးပြုနေထိုင်ခွင့်ဗီဇာ ၂ နှစ်ပေးမည်ဖြစ်သည်။ နောက်ထပ်၂ နှစ်ထက် မကျော်သော သက်တမ်းတိုးခွင့် ပေးမည်ဖြစ်ပြီး လုပ်အားနှင့်ရင်း၍ လုပ်ကိုင်ရသည့် အထွေထွေအလုပ်သမားအဖြစ်သာ လုပ်ကိုင်ခွင့်ပြုသည်။

၁-၂) နိုင်ငံသားစိစစ်ပြီး မြန်မာ၊ လော၊ ကမ်ဖူးချားမှရွှေ့ပြောင်းအလုပ်သမားများကို လူဝင်မှုကြီးကြပ်ရေးရုံးမှ ၂ နှစ်ထက်မကျော်သော ယာယီနေထိုင်ခွင့်အမျိုးအစား (Non-Immigrant-LA) ဗီဇာကိုထုတ်ပေးရမည်။ အလုပ်ရှင်များမိမိအလုပ်သမားများအား နိုင်ငံသားစိစစ်ရေးအဆင်ပြေချောမွေ့စွာသွားရောက်ပြုလုပ်ပြီးနောက် တရားဝင်ဂိတ်များလမ်းကြောင်းများမှ ၀င်ရောက်လာရာတွင်အဆင်ပြေချောမွေ့ရန်အတွက်

မဲဆောက်က မြန်မာလုပ်ငန်းများအတွက် သတိပြုရန် (ပေးစာ)


မဲဆောက်သားလေး
ဖေဖော်ဝါရီ ၁၉၊ ၂၀၁၂
မဲဆောက်မြို့ ဈေးကြီးအတွင်း ၁၆၊ ၂၊ ၂၀၁၂ ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံစစ်တပ်နှင့် ရဲများပူးပေါင်းအဖွဲများသည် အဖွဲ့လိုက်စုပြီး ဈေး ကိုဝိုင်းဝန်ဖမ်းဆီးကြရာ မြန်မာနိုင်ငံသား လက်မှတ်မရှိသူ ၂၀၀ ကျော်ခန့်အဖမ်းအစီးခံခဲ့ရပါတယ်။ ဒီလိုဖမ်းဆီးစဉ် လက်မှတ်ရှိပြီး ဈေး ရောင်းသူများကိုလည်း ဖမ်းဆီးသွားပါတယ်။
နောက်ဆုံးကြားသိရတာကတော့ ဈေးရောင်းတဲ့သူတွေဟာ ထိုင်းနိုင်ငံသားတွေရဲ့ လုပ်ငန်းလုပ်ပိုင်ခွင့်ကို လုပြီးလုပ်ဆောင်တယ်ဆိုတဲ့ ပုဒ်မနဲ့ပါ (ဒီဥပဒေနဲ့ဆိုရင် ထောင် ၆ လ ကျခံရပါတယ်) ယခု ဖမ်းခံရတဲ့သူတွေကို တရားစွဲဆိုဖို့လုပ်ဆောင်နေပြီလို့လည်း ကြားသိရပါတယ်။
မဲဆောက်ဒေသတွင် မြန်မာလူမျိုးပိုင် ကွမ်းယာဆိုင်၊ ကုန်စုံဆိုင်၊ လမ်းဘေးဈေးဆိုင်ငယ်များမှစပြီး ကွန်ပြူတာ ဓာတ်ပုံဆိုင်များအထိ ရှိပါ တယ်။ ဒီဆိုင်တွေအားလုံးကို လာမယ့် မတ်လဆန်းတာနဲ့ စပြီး ပိုက်စိုက်တိုက်ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ထိုင်းတာ ၀န်ရှိသူတစ်ဦးက ရင်နှီးသူမြန်မာမိတ်ဆွေဆိုင်များကို သတိပေးပါတယ်။ (သစ္စာပန်း-စည်ပင်သာယာ) လိုင်စင်ရှိသော်လည်း မရကြောင်း မြန်မာပြည်သားဖြစ်သည့်အတွက် မရကြောင်း ထိုင်းနိုင်ငံသားတို့လုပ်ရမယ့် အလုပ်ကို လုလုပ်တာဘဲဖြစ်တယ်လို့ဆိုပါတယ်။ တစ်ကယ်လို့ ဆိုင်ဖွင့်မယ်ဆိုရင် ထိုင်းနိုင်ငံသားတစ်ဦးအမည်ဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး နှစ်စဉ် ၀င်ငွေခွန်နှင့် အခြားသတ်မှတ်ထားသောအခွန်အခများ ကိုပေးဆောင်ကြ ရမည်ဖြစ်ပါသည်။ ထိုသို့ပေးဆောင်ရမည်ဆိုလျှင် ရိုးရိုးသာမန်ကွမ်းယာဆိုင်တစ်ဆိုင်ပင် တစ်နှစ်ဘတ် (၃၀၀၀) ခန့်ရှိကြောင်းသိရသည်။ ဆိုင်လိုင်စင်မှာ ထိုင်းလူမျိုးဖြစ်သော်လည်း လုပ်ကိုင်သူမြန်မာများမှာ ထိုထိုင်းလူမျိုး၏ အလုပ်သမားလက်မှတ်ဖြင့် သာ လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ်ပြီး ပတ်စ်ပို့ရှိရန်လည်းလိုအပ်ကြောင်းသိရသည်။ မတ်လအတွင်း လက်မှတ်မဲ့များ၊ မြန်မာပိုင်ဆိုင်များ၊ လုပ် ငန်းများကို တိတိကျကျကိုင်တွယ်ဖို့ လုပ်ဆောင်နေပါပြီလို့လည်း သိရပါတယ်။
မူရင်း -http://maesotnews007.blogspot.com/

Saturday, February 18, 2012

အလုပ်သမားထုကိုအားပေးပါကူညီပါ

http://www.facebook.com/media/set/?set=a.10150570916854611.382909.535524610&type=3
တိုင်ရီဖိနပ်စက်ရုံမှာ

တို.တွေရဲ. ညီမလေးတစ်ယောက်များသာ အဲဒီမှာအလုပ်လုပ်နေတယ်ဆိုရင်....တို.တွေရဲ.ညီမလေးတွေသာ အဲဒီမှာ ၁ နာရီ လုပ်အားခအတွက် နေပူခံ ရေဆာခံဒုက္ခခံနေရတယ်ဆိုရင်..........တို.တွေရင်ထဲမှာဘယ်လိုနေမလဲ.......နောက်တစ်ခုက သူတို.လေးတွေ ငွေကြေးအခက်အခဲကြောင့် (သို.) အကြောင်းအရာမျိုးစုံကြောင့် လမ်းမှားကိုရောက်သွားခဲ့ရင်...တို.တွေ ရင်ကျိုးရချည်ရဲ. .....ဒီတော့ တို.တွေ ဘာများလုပ်ပေးနိုင်ကြမလဲ.........အခု .........သူတို. ...ကိုဘယ်အဖွဲ.အစည်း(အာဏာရအစိုးရ)တွေ အားလုံး က......ပါးစပ်ပိတ် နားပိတ် မျက်စိမှိတ်
ကိုယ့်အိတ်ထဲကိုယ်ဖိတ်နေကြတာကတေ
ာ့ ယုတ်မာလွန်းလှပါတယ်......ပြောတော့ ဒီမီုကရေစီ.ပြောတော့ နိုင်ငံနဲ.ချီ ပြောတော့ ပြည်သူ.အစိုးရ ပြောတော့ ပြည်သူ.ခေါင်းဆောင်...ဆိုတာတွေ ဘယ်ချောင်မှာများသွားခွေနေလဲမသိပါဘူးဗျာ.....ဘာပဲပြောပြော..တို.တွေ ၀ိုင်းပြီးတတ်နိုင်တဲ့ဘက်ကနေ ကြိုးစားပေးကြရင်မကောင်းဘူးလား.....တတ်နိုင်သလောက်ပေါ့............ဘယ်သူ.ကိုမှ အပြစ်လဲမတင်ချင်တော့ပါဘူး..........တူတာလေးတွေစုပြီးလုပ်ကြဖို. အချိန်တန်ပါပြီ.............

ဝေမင်း


Saturday, January 28, 2012

ကပစ (၉)၊ ပန်းတောင်း၊ ကျောက်ဖြူမှ စစ်သည်များ နစ်နာနေရခြင်းအကြောင်း



ကျနော်တို့တပ်တွင် ၂၀၀၈ ခု ဇွန်လမှ စ၍ တပ်သားအဆင့်မှ တပ်ကြပ်အထိ တလလျှင် ၃၀၀၀ ကျပ်၊ တပ်ကြပ်အဆင့်မှ အရာခံဗိုလ်အထိ တလလျှင် ၅၀၀၀ ကျပ်၊ ပြည်မြို့ အင်းဝဘဏ်တွင် တပ်ရင်းမှူး အမိန့်အရ မစုမနေရ ငွေစုခဲ့ရပါသည်။ ဦးပိုင်ကုမ္ပဏီတွင် ထည့်ရန်ဟု သိရပါသည်။ ယခုအခါ ဦးပိုင်ကုမ္ပဏီတွင်လည်း ထိုစုငွေများကို လက်မခံတော့ကြောင်း သိရပါသည်။ ငွေလို၍ မိမိ၏စုငွေကို ထုတ်ယူလိုလျှင်လည်း စုငွေကို ထုတ်ယူခွင့်မပေးပါ။ တပ်ပြောင်းသည့်အခါနှင့် သက်ဆိုင်သူ ရဲဘော် သေဆုံးလျှင်မှသာ ထုတ်ပေးပြီး မိသားစုအား အပြည့်အ၀ ထုတ်မပေးပါ။ တပ်ရင်း ငွေစာရင်းဌာနတွင် ဒု-အရာခံဗိုလ် ဘုန်းကျော်နှင့် ညှိလျှင် စုငွေကို ထုတ်၍ ရနိုင်ပြီး ငွေတသောင်း ထုတ်ယူရန် ၎င်းနှင့် အဖွဲ့ကို နှစ်ထောင်ကျပ် ပေးရပါသည်။ ဘဏ်သို့သွားရန် မလိုဘဲ ၎င်းတို့က ထုတ်ပေးပါသည်။ ဤသို့ ခေါင်းပုံဖြတ် ခံနေရခြင်းကြောင့် ဆင်းရဲကျပ်တည်းလှသည့် စစ်သည်များမှာ အလွန်နစ်နာနေရပါသဖြင့် အထက် လူကြီးများ သိရှိဖြေရှင်းပေးနိုင်ပါရန် တင်ပြလိုက်ရပါသည်။

စစ်သည်များ

ပြည်သူတို.ဧ။်ရင်ဖွင့်သံ

သို့/

သမ္မတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံ

အကြောင်းအရာ။ ။ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့မှ လူမှောင်ခိုများကိစ္စ

ကျွန်တော်သည် ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ လွန်ခဲ့သောရှစ်လခန့်က အလုပ်သွားရောက်လုပ်ကိုင်ခဲ့ ပါသည်။ 18.01.2012 နေ့တွင် ထိုင်းရဲမှ အလုပ်သမားလက်မှတ်မရှိ၍ ဖမ်းဆီးပြီး မဲဆောက်သို့ ပြန်လည် ပို့ဆောင်ခံခဲ့ရပါသည်။ ထို့နောက် ချစ်ကြည်ရေးတံတားမှ ပြန်မလွှတ်ပဲ ၁၀ ခွဲဂိတ် (ယခင် DKBA ယခု BGF) ဂိတ်သို့ ပို့ဆောင်ခဲ့ပါသည်။ မြန်မာဘက်ကမ်းရောက်တော့ ဂိတ်တာဝန်ခံနှင့် လူပွဲစား ကျော်ဦးဆိုသူမှ ဘတ်ငွေ ၁၅၀၀ မပေးနိုင်လျင် လွှတ်မပေးနိုင်ဟု ပြောပါသည်။ ကျွန်တော် တို့မှာ ပိုက်ဆံမပါပါဘူး၊ အဖမ်းခံထိပြီးပြန်လာတာပါဟု တောင်းပန်သော်လည်းမရပါ။ ထို့နောက် ကျွန်တော့ မိဘများထံဖုန်းဆက်ခိုင်းပြီး ပိုက်ဆံ ၁၅၀၀ ဘတ်ပေးပြီးမှ ပြန်လွတ်ခဲ့ပါတယ်။ အခုမြန်မာပြည်မှာ ဒီမိုကရေစီလဲရပြီ၊ လွတ်လပ်ပွင့်လင်းလာပြီ ဆိုသော်လည်း ယခုကဲ့သို့ ငွေမတရား တောင်းခံမှုမျိုးကို နိုင်ငံတော်အစိုးရအနေဖြင့် လက်ပိုက်ကြည့်နေလျင် မရှိဆင်းရဲသားများဘဝ ပိုမို ဒုက္ခရောက်မည်ဖြစ်ပါ၍ နိုင်ငံတော်သမ္မတကြီးမှ ကူညီဖြေရှင်းပေးပါရန် ကျွန်တော် ခိုင်ထွန်းလေးမှ လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်။ ။၎င်းလူပွဲစား ကျော်ဦးနှင့် ဇနီးမှာ လူကုန်ကူးမှုဖြင့် ဝရမ်းထုတ်ခံထားရတာ ကြာနေပြီ ဖြစ်သော်လည်း နယ်မြေခံအာဏာပိုင်များကို ငွေနှင့်ပေါက်၍ လွတ်မြောက်နေကြောင်း သိရပါသည်။ ကျွန်တော်ကဲ့သို့အလားတူခံခဲ့ရသော ဘဝတူအလုပ်သမားများ နေ့စဉ်နှုင့်အမျှ များစွာရှိပါသည်။
ခိုင်ထွန်းလေး

ငါ့အတွေးပေါ့လေ.....



ဖေ့ဘွတ်လိုနေရာမှ ကြုံတွေ.ရတဲ့ အခက်အခဲလေးတစ်ခုကို
လက်တွေ.ဘ၀အထိ မသယ်ဆောင်စေချင်ဘူး...ဘာကြောင့်
လဲဆိုတော့
ဖေ့ဘွတ်ဆိုတာ လူမှု.အသိုင်းအ၀ိုင်းဆိုတာမှန်ေ
ပမဲ့....လက်တွေ.ကျကျဘ၀ထဲကိုတော့
မဖြတ်ကျော်စေချင်ဘူး..... အမှန်ကတော့ ဖေ့ဘွတ်ဆိုတာဖေ့ဘွတ်ဖြစ်ပြီး လက်တွေ.ကျသောဘ၀ဟာ ပင်ကိုယ်ဘ၀ဖြစ်တယ်...ဒါပေမဲ့ ဖေ့ဘွတ်ဟာလဲ လူအချို.ရဲ. ဘ၀အစိတ်အပိုင်းအဖြစ်အသုံးချခံနေရတာတွေရှိသလို ....ဖေ့ဘွတ်ကလဲ လူအချို..ကို သူ.ရဲ.သားကောင်အဖြစ် ဖမ်းစားထားတယ်......ဒါ့ကြောင့်မှန်ဧ။်မှားဧ။်မပြောလိုပါဘူး...
သေချာတာကတော့ လက်တွေ.ကျသောဘ၀မှာ လက်တွေ.ဆန်ဆန်လုပ်ကြရင်း လူမှု.ကွန်ယက်ကို လူမှု.ကွန်ယက်လို. မြင်လာရင်တောင် သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ...

ဝေမင်း

တွဲသောလက်တွေခိုင်မြဲစေ



စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ