.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, May 23, 2012

ထိုင်းနိုင်ငံ အတွင်း ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ သိထားသင့်သည့် ရက်(၉၀) တံဆိပ်နှင့် ရက်ကျော်ခ ဒဏ်ငွေ





  1. ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများတွင် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် သူများအနေဖြင့် ရက်(၉၀) တွင် တစ်ကြိမ် မိမိတို.အလုပ်လုပ်ရာ နယ်မြေရှိ လူဝင်မှု.ကြီးကြပ်ရေး စခန်း(ထိုင်း) များတွင် သွားရောက်ကာ တိုင်ကြားကြရမည်ဖြစ်သည်။
    သို.သော်မြန်မာအလုပ်သမားအများစုသည် အကြောင်းအမျိုးမျိုး အခက်အခဲ အမျိုးမျိုးကြောင့် သတ်မှတ်ရက်ထက် ကျော်လွန်သွားခြင်းများကိုတွေ.ရှိရပြီး ထိုသို. ရက်ကျော်လွန်မှု.အတွက် ထိုင်း လူဝင်မှု.ကြီးကြပ်ရေးမှ ဒဏ်ကြေးငွေ (၅၀၀၀) ဘတ် သတ်မှတ်ထားပြီး ဒဏ်ရိုက်လျှက်ရှိကြောင်းသိရသည်။
    သတ်မှတ်ရက်မှာ ရက်(၉၀) ပြည့်ပြီး (၇) ရက် အထိ မပါဝင်ပဲ (၇)ရက်ထက်ကျော်လွန်သွားပါက ဒဏ်ငွေ (၅၀၀၀)ဘတ်ကို ပေးဆောင်ရမည်ဖြစ်သည်ဟု ထိုင်းလူဝင်မှု.ကြီးကြပ်ရေးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့ပါသည်။
    မည်သို.ဆိုစေ ထိုကဲ့သို. မြန်မာအလုပ်သမားများအပေါ် ကြီးမြင့်သော ဒဏ်ကြေးငွေများကို ဆောင်စေခြင်းသည် ထိုင်းရောက်မြန်မာတိုင်း ကြုံတွေ.ရသည်မဟုတ်သော်လည်း ကြုံတွေ.ရသူ မြန်မာအလုပ်သမားအနေနှင့် (၅၀၀၀)ဘတ်ဆိုသော ပမာဏမှာ ရှာဖွေရန်ခက်ခဲကြောင်း နှင့် မြန်မာအလုပ်သမား များအတွက် ကြီးမာသော ဒုက္ခ ဖြစ်ကြောင်း ထိုင်းတောင်ပိုင်းရှိ ရော်ဘာခြံအလုပ်သမားတစ်ဦးမှ ပြောသည်။


    (ဖြေရှင်းရန်နည်းလမ်း)

    မြန်မာအလုပ်သမားအနေနှင့် အထက်ဖော်ပြပါ ရက်(၉၀) တံဆိပ်တုံးထုခြင်း ရက်ကျော်လွန်ခဲ့ပါက
    ၁။ မိမိ တို. အလုပ်ရှင်အား အကူအညီတောင်းပြီး မိမိအပါအ၀င် လ၀က(တာမော) ရုံးသို. သွားရောက် ကာ ရက်ကျော်ရခြင်းအကြောင်းကို အလုပ်ရှင်မှ မေတ္တာရပ်ခံ ပြီး ပြောစေခြင်းဖြင့် ဒဏ်ကြေးငွေ လျှော့စေပါသည်။



    မင်းလွမ်းနောင်(ပန်းတနော်)

Sunday, May 20, 2012

တောင်ကိုရီယားသမ္မတလာစဉ်က လုံခြုံေ၇းတာဝန်ခံအ၇ာ၇ှိတစ်ယောက် ပေးပို့သောစာ


------------------------------------------------------------------------------------------
အဖြစ်မှန်မသိတဲ့ ရမ်းတုတ်များသို့ ရှင်းလင်းခြင်း

“၀န်ကြီး ဦးကျော်ဆန်း ဗိုလ်ချုပ်အောင်ဆန်းအား ထပ်မံ လုပ်ကြံလိုက်ပြီ” ဆိုတဲ့ သတင်းကို ဒီရက်ပိုင်းမှာ အင်တာနက် စာမျက်နှာတွေမှာ ရေးသား လာတာတွေ့ရပြီး facebook တွေမှာလည်း ရှယ်ယာတွေပေးပြီး ဒီသတင်းကို လုပ်ကြံ ဖွလာတာ တွေ့ရတော့ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် ခရီးစဉ်မှာ လုံခြုံရေး တာဝန်ယူရသူ တစ်ယောက် အနေနဲ့ အဖြစ်မှန်ကို ပြည်သူတွေ သိစေဖို့ ချပြချင်တဲ့ စိတ်တွေ တစ်ဖွားဖွား ပေါ်ပေါက် လာလို့ အခုလို ရေးဖြစ်တာပါ။ တကယ်တော့ ကျွန်တော့် အနေနဲ့ ၀န်ကြီး ဦးကျော်ဆန်းက ဗိုလ်ချုပ်အောင်ဆန်းကို ထပ်မံ လုပ်ကြံတယ် ဆိုတော့ အတော် အံသြသွားတယ်။ သတင်း ခေါင်းစဉ်ကြီးက ထူးဆန်း နေလို့ပါ။ ဒါနဲ့ တစ်ဆက်ထဲပဲ မြန်မာပြည်က မြန်မာ လူမျိုးတွေ ဖြစ်ပြီး ကိုယ့်လူမျိုးအချင်းချင်း ချောက်တွန်းတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က အတွေးအခေါ်တွေ လုံးဝ မပျောက် သေးပါလားလို့လဲ ဒီသတင်းကို ဖတ်ပြီး သံဝေဂ ပွားမိပါတယ်။
တကယ်တော့ တောင်ကိုရီးယား သမ္မတ လီမြောက်ဘက်ဟာ အာဇာနည် ဗိမာန်မှာ သွားရောက် ဂါရ၀ ပြုတယ်ဆိုတာ တကယ်ပဲ ၁၉၈၃ ခုနှစ်တုန်းက သူတို့ရဲ့ သမ္မတ ချန်ဒူးဝမ် လာစဉ်က ဗုံးပေါက်ကွဲမှုမှာ သေဆုံး ကျဆုံးသွားတဲ့ တောင်ကိုရီးယား ၀န်ကြီးတွေကို ဂါရ၀ပြုဖို့ သွားခဲ့တာပါ။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီး တွေကို ဂါရ၀ပြုဖို့ သွားခဲ့တာ မဟုတ်ပါဘူး။
တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်ဟာ အခု မြန်မာနိုင်ငံ ခရီးစဉ်မှာ အရင် ၁၉၈၃ ခုနှစ်က ဖြစ်စဉ်လိုမျိုး မဖြစ်စေဖို့ အတွက် သူတို့ရဲ့ လုံခြုံရေးကို အထူး ဂရုစိုက် ခဲ့တာကြောင့် သူတို့ရဲ့ မြန်မာပြည် အတွင်း လှုပ်ရှား သွားလာမှု တွေကိုလည်း မကြာခဏ အစီစဉ်တွေ ပြောင်းပြီး အခုသွားမယ် အခု မသွားဘူး ဆိုတဲ့ အကြောင်းကြားမှု တွေနဲ့ ကျွန်တော်တို့ လုံခြုံရေး သမားတွေ အလွန်ကို ဗျာများ ခဲ့ရပါတယ်။
နေပြည်တော်လို နေရာမျိုးမှာ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဖို့ သွားတဲ့ လမ်းကြောင်း တွေမှာတောင် သူတို့ လုံခြုံရေး တွေဟာ ရဟတ်ယာဉ်နဲ့ အပေါ်ကနေ လိုက်ခဲ့တာပါ။ ရန်ကုန်ကို ရောက်ပြန်တော့လည်း အာဇာနည် ဗိမာန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆီကို သွားမယ် မသွားဘူးနဲ့ အမျိုးမျိုး ပြောနေလို့ လုံခြုံရေးတွေ အတွက် အခက်အခဲတွေ ဖြစ်ခဲ့ရတဲ့ အပြင် နောက်ဆုံးမှ အဲဒီနေရာတွေကို သွားမယ်လို့ ပြောပြီး သံချပ်ကာ ကားနဲ့ လုံခြုံရေး

Friday, May 11, 2012

ခက်တယ် ရိုဟင်ဂျာဆိုတာ ဘာလဲဆိုတာ သိသိကြီးနဲ့ ထောက်ခံနေတဲ့လူတွေကြောင့် ခက်တယ်

အပိုဆာဒါးတွေ ဒီပို့စ်ထဲမှာ ထပ်မပြောချင်တော့ပါဘူး။ မြန်မာတွေ အင်တာနက်စာမျက်နှာတွေပေါ်မှာ သက်သေသက္ကာရ မြောက်မြားစွာ၊ သမိုင်းအထောက်အထားပေါင်း မြောက်မြားစွာနဲ့ ဖြေရှင်းခဲ့ကြပြီးပါပြီ။ အဲဒါကိုတောင်မှ လက်မခံပဲ ဒီဘင်္ဂလီနာမည်အတုကို ထပ်ခါတလဲလဲ ပရိုမိုးရှင်းလုပ်နေကြတဲ့ အနောက်နိုင်ငံအစိုးရတွေနဲ့ NGO တွေ၊ ပြည်ပသတင်းဌာနတွေ၊ နိုင်ငံရေးအုပ်စုတချို့တွေ၊ပြည်တွင်းက မြန်မာပြည်ကို ချစ်မြတ်နိုးလှပါချည်ရဲ့ဆိုတဲ့ မြန်မာပြည်ပေါက် နိုင်ငံသားစစ်စစ် မူဆလင်အချို့နဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးရဲ့ သမိုင်းကို ချရောင်းစားနေတဲ့ ပညာရှင်ဆိုတဲ့လူတွေ...ဒီလိုလူတွေကြောင့် ခက်တယ်။ ထွန်းခင်တို့အုပ်စုကိုတော့ အပြစ်မတင်ပါဘူး။ သူတို့က ဒါနဲ့ ထမင်းစားနေရတာကိုး။ ရိုဟင်ဂျာဆိုတာကို အကြမ်းဖက်သမားတွေလို့ စွပ်စွဲပြောဆိုနေကြတာဟာ အာဏာရှင်ဦးနေ၀င်းရဲ့ ဇနက်လို့ မန္တလေးသား မူဆလင်ဆရာဝန် ရိုဟင်ဂျာထောက်ခံသူ တစ်ယောက် ပြောဖူးတာ တွေ့လိုက်တယ်။ အဲတော့ခါ စဉ်းစားကြည့်တာပေါ့လေ။ အာဏာရှင်ဦးနေ၀င်းကို မြန်မာတစ်နိုင်ငံလုံးက အရမ်းချစ်ခင်ကြည်ညိုလေးစားကြတယ် ဆိုတော့ခါ သူပြောတဲ့စကားကြောင့် အင်မတန်ရိုးသားဖြူစင်လှပါတယ်ဆိုတဲ့ ရိုဟင်ဂျာသည် မြန်မာတစ်မျိုးသားလုံးရဲ့ အမြင်မှာ အကြမ်းဖက်သမားတွေအဖြစ်  မြင်လာရတယ်ပေါ့လေ။ အမေရိကန်အစိုးရ၊ ဥရောပ သမဂ္ဂတို့လို မြင့်မြတ်လှပါတယ်ဆိုတဲ့ အဖွဲ့အစည်းတွေကတောင် အသိအမှတ်ပြုထားရပါတယ်ဆိုတဲ့ ရိုဟင်ဂျာတွေနဲ့ သူတို့ကိုလက်မခံလိုတဲ့ မြန်မာနိုင်ငံအပေါ်မှာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်က စစ်ဖက်အရာရှိတွေ ဘယ်လိုရှုမြင်ထားသလဲဆိုတာ ရှုစားကြရအောင်...:p



ဖိုရမ်မှာတင်ထားတဲ့ အကြောင်းအရာကတော့ခါ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ရေကြောင်းတိုက်ပွဲဖြစ်ရင် ဘယ်ဖက်ကနိုင်မလဲဆိုတဲ့အကြောင်းအရာကို စစ်ဖက်ဆိုင်ရာကျွမ်းကျင်သူတွေ ၀င်ရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ ကြည့်ရတာ နိုင်ငံတကာရေပိုင်နက်တရားရုံးကနေ ဆုံးဖြတ်ပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာရေပိုင်နက်အငြင်းပွားမှု စတင်ဖြစ်ပွားတဲ့အချိန်တုန်းက နှစ်နိုင်ငံရေတပ်ချင်း ထိပ်တိုက်တွေ့ခဲ့တဲ့အကြောင်းရယ် တရားရုံးဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ်က သူတို့မျှော်မှန်းထားတဲ့ ပမာဏထက်ပိုပြီးရသွားတယ်ဆိုတဲ့အပေါ်မှာ မြန်မာဖက်ကမကျေနပ်လို့ နှစ်နိုင်ငံတင်းမာမှုတွေဖြစ်ပေါ်လာပြီး စစ်ခင်းကြမယ်ဆိုရင် ဖြစ်လာနိုင်မယ့်အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ၀င်ရောက်ဆွေးနွေးသူတွေကြားမှာလည်း အငြင်းပွားတာတွေအများကြီး တွေ့ခဲ့ပါတယ်။ အဲဒီထဲက ဆွေးနွေးချက်အချို့ကို ဆွဲထုတ်တင်ပြချင်ပါတယ်။ပထမဆုံး ဘင်္ဂလားဒေ့ရှ်က နိုင်ငံရေးသမား(သို့) စစ်ဖက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးရဲ့ မြန်မာနိုင်ငံအပေါ်မြင်တဲ့အမြင်ကို စတင်လေ့လာကြည့်ရအောင်ပါ။



အပေါ်ပုံထဲက ဆွေးနွေးသူကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက madx ဖြစ်ပါတယ်။ သူပြောတာက-
" မြန်မာဟာ ဘယ်တော့မှ ဒီလိုမျိုးဆုံးဖြတ်ချက်(စစ်တိုက်ဖို့)ကို ဘယ်တော့မှ ချမှာမဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ အဲဒီလိုဆုံးဖြတ်မယ်ဆိုရင် ဒီလုပ်ရပ်ဟာ ၂၁ရာစုကာလအတွင်း အဆိုးရွားဆုံး ဆုံးဖြတ်ချက်ဖြစ်သွားပါလိမ့်မယ်။ဒီဆုံးဖြတ်ချက်ကြောင့် သူတို့ဟာ သူတို့ကိုယ်သူတို့ဖျက်ဆီးလိုက်သလိုဖြစ်သွားပါလိမ့်မယ်။နောက်ပြီး သူတို့ရဲ့နာမည်လည်း သမိုင်းထဲမှာ ဆိတ်သုန်းပျောက်ကွယ်သွားပါလိမ့်မယ်။ငါတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သူတို့ထက်ပိုပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ဆက်ဆံရေး ပိုအဆင်ပြေတယ်၊ သူတို့ထက်လည်း စီးပွားရေးပိုကောင်းတယ်။ဒါကြောင့် ငါတို့အနေနဲ့ တိုက်မယ်ဆိုရင် သူတို့ထက်ပိုကောင်းအောင် တိုက်နိုင်တယ်၊ ပိုပြီး ကြာကြာလည်းတိုက်နိုင်တယ်။ အဓိကအချက်တစ်ခုက ငါတို့နိုင်ငံဟာ မြန်မာထက်လူဦးရေ လေးဆပိုများတယ်ဆိုတာပဲ။ အဲဒါကြောင့် ငါတို့လူတွေဟာ လူနည်းနည်းလေးပဲရှိတဲ့ မြေဧရိယာအကျယ်ကြီးကိုသိမ်းပိုက်နိုင်တဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ ငါတို့မှာ မြေတွေလိုနေတယ် အဲဒီတော့ ဒီစစ်ပွဲကို ငါတို့ဖက်က စသင့်တယ်"


ဒါက အဲဒီ Captain madx ရဲ့ ဆွေးနွေးချက်တစ်ခုပါ။
"သူတို့ဝင်လာပစေ ငါတို့မှာ ငါတို့ရဲ့ စစ်ရေးစွမ်းရည်ရှိတယ် ဒီတော့ ဘာကြောက်စရာလိုလဲ တကယ်တော့ သူတို့က ငါတို့ဖက်က စတိုက်မှာကိုကြောက်နေကြတယ်လေ ဒါပေမယ့် ငါတို့က သူတို့ကိုမျက်ခြေမပြတ်စောင့်ကြည့်နေတာ အကယ်၍ သူတို့ဖက်က မလိုအပ်ပဲတစ်ခုခု စလုပ်လာတာနဲ့ ဆော်ပြီးသားပဲ စိတ်ချ"



ဒါကတော့ ဆွေးနွေးသူတစ်ဦးဖြစ်တဲ့ Asad71 ဆွေးနွေးသွားတာပါ။ သူရဲ့ရာထူးကို ဒုဗိုလ်မှူးကြီးလို့ဖော်ပြထားပြီး ကနေဒါနိုင်ငံကနေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ သူပြောတာက-
"၁။ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ရေတပ်မတော်၊ ဗမာရေတပ်ဟာ လေတပ်လိုပဲ ကြည်းတပ်ကကြီးစိုးထားတဲ့ စစ်အစိုးရလက်အောက်မှာ လျှစ်လျှူရှုခံနေရပါတယ်။ ဒီလိုမျိုးဟာတွေကြောင့် သူတို့ဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ ပရော်ဖက်ရှယ်နယ်ပီသမှုနဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို လာနှိုင်းယှဉ်လို့ရမှာ မဟုတ်ပါဘူး။"
"၂။ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံအနေနဲ့ ဒီနယ်မြေမှာ သူများထက်ပိုတော်တယ်၊ သတ္တိရှိတယ်၊ အစပိုင်းကတည်းက သောင်းကျန်းသူတွေကို တိုက်ခိုက်နိုင်တဲ့ စိတ်ဓာတ်မာကြောပြီး

Thursday, May 10, 2012

စူပါချိပ် ကုမ္ပဏီ မှ အလုပ်သမားများအခက်အခဲ.


Work Permit  ပြုလုပ်ရန် အမှန်ကုန်ကျငွေမှာ  ၂ နှစ်စာ ၁၉၀၀ ဘတ် ဖြစ်ပြီး စာရွက်စာတမ်းကြေး အပါအ၀င် ၂၂၀၀ ဘတ်ခန်. ဖြစ်သည်။  သို.သော် စူပါချိပ်တွင်ကောက်ခံငွေမှာ 4700 ဘတ် ဖြစ်နေသည်ကိုတွေ.ရှိပါသည်။  ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများသည် ယခုကဲ့သို. နည်းအမျိုးမျိုးဖြင့် ခေါင်းပုံဖြတ်ခံရလျှက်ရှိပြီး အလုပ်သမားအခွင့်အရေး အပြည့်အ၀ ခံစားရသူများမဟုတ်ပါ။
ထို.ကြောင့် ထိုင်းနိုင်ငံ အတွင်းသို. မြန်မာနိုင်ငံသားများအနေနှင့် လာရောက် အလုပ်လုပ်ကိုင်မည်ဆိုပါက အထူး သတိထား ကြဖို. လိုမည်ဖြစ်ပါသည်။


(ဓါတ်ပုံပေးပို.လာသော ကိုဟန်ဝင်းအား အထူးကျေးဇူးတင်ရှိပါတယ်)

ထိုင်းနိုင်ငံ ဖိကစင်မှ အလုပ်သမားများ အကျပ်တွေ.နေရ

ယနေ့ကြားရပြန်ပါပြီ ဖိကစင် ၁၂၂ ကကျောက်သွေးရုံ မှာ အင်္ဂါနေက အလုပ်သမား
ရုံးတွေကို မြန်မာပြည်သားများ(၄၉)ဦး သွားရောက်တိုင်ကြားကြသည့်အတွက်
ထိုင်းနိုင်ငံ အလုပ်သမားရုံး တရားရေးပါသက်သူများက ၄င်းစက်ရုံကို
ယ္ခုကဲ့သိုပြသနာဖြစ်မည်ဆိုပါက မြန်မာအလုပ်သမားများကို
သုံးဆွဲခွင်ပြုမည်မဟုတ်ကြောင်း တနင်္လလာနေ့ ၁၀ နာရီတွင်
ရုံးချိန်းတက်ရောက်ရမည်ဖြစ်ကြော
င်း ရုံးချိန်းစာ
ပို့လာခဲ့ပါသည်။၎င်းကိစ္စနှင့် ပါသက်၍ ယနေ့  ၁၀- ၅- ၂၀၁၂ အဖွဲ့လိုက်ခွဲ၍
စက်ရုံရုံးခန်းတွင် ခေါ်တွေ့၍ ပလိပ်ဖန်းခိုင်းမည် ဘယ်သူတိုင်တာလဲ
ခေါင်းဆောင် ဘယ်သူလဲစသည်ဖြင့် ခေါ်မေခံကြရကြောင်း။ယ္ခင်
အလုပ်ထုတ်လိုက်သူများကို စက်ရုံးက လျှော်ကြေးပေးပြီး
နောက်ပိုင်းထက်ဖြစ်ခြင်းဖြစ်ပါတယ် ။ ISO ရုံဖြစ်သည်အတွက်
ဘယ်လိုဆက်ဖြစ်မယ်ဆိုတာကိုမသိရသေးပါ ။နောက်ထက်အလုပ်သမားရုံး
များကိုသွားမည့်သူများကို စက်ရုံမှစောင့်ကြည့်ထားသည်ဟုလည်းသိရှိရပါသည်။


ပေးပို.သူ ..မင်းဇမ္ဗူထွန်း 

Sunday, May 6, 2012

အကျိုးဆောင်ကြောင့် အညွန့်မကျိုးစေချင်။

( ရှင်မင်းယာ)


အိမ်ပွဲစား၊ ကားပွဲစား၊ အိမ်ဖော်ပွဲစား၊ အလုပ်ပွဲစား .... စသဖြင့် ရှင်မင်းယာတို့  မြန်မာပြည်တွင် ပွဲစားနှင့် ကင်းအောင် နေနိုင်သူ ရှားပါးလှသည်။ အရပ်အခေါ် 'ပွဲစား' ဟု အမည်တွင်သော ဤအကျိုးတော်ဆောင် များကား အခကြေးငွေယူ၍ ဆိုင်ရာပိုင်ရာ ဝန်ဆောင်မှုပေးသူများပင် ဖြစ်သည်။ ဤစာစုတွင် အကျိုးဆောင် ကောင်းမှုအကြောင်းကို တစေ့တစောင်း တင်ပြပါမည်။
.
ရှင်မင်းယာ ကြုံတွေ့ ခဲ့ရသော အကျိုးဆောင်သည်ကား နိုင်ငံရပ်ခြားသို့  သွားရောက် အလုပ်လုပ်ကိုင်သူများကို အခကြေးငွေယူ၍ ဝန်ဆောင်မှုပေးသော အလုပ်ပွဲစားတပိုင်း လူပွဲစားတပိုင်းများ ဖြစ်ပါသည်။ လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ပါသည်။ ထိုစဉ်က ရှင်မင်းယာသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ပါသည်။ မတွေ့တာ ကြာပြီဖြစ်သော မိခင်ကြီးအား ခဏတာ ရန်ကုန်ပြန်၍ တွေ့ဆုံပြီးနောက် အပြန်ခရီးကို MAS (Malaysia Lines) ဖြင့် စီးနင်းလိုက်ပါ လာပါသည်။ စပ်စပ်စုစုနိုင်လှသော ရှင်မင်းယာသည် ဟိုဟိုသည်သည် တောင်ကြည့်မြောက်ကြည့် ငေးမောရင်း ဘေးခုံမှ မြန်မာတိုင်းရင်းသားဖြစ်ဟန်တူသော ခရီးသည်များကို သတိထားမိသွားပါသည်။ ပျင်းပျင်းရှိသည်နှင့် သူတို့ နှင့် စကားစမြည် ပြောဆိုပါသည်။
.
အဆိုပါ တိုင်းရင်းသားကလေးများကား မြန်မာပြည်အနောက်ပိုင်းရှိ တောင်ထူထပ်သော ပြည်နယ်တစ်ခုမှ ဖြစ်ပါသည်။ စုစုပေါင်း ကျားမ လူငယ် လေးငါးခြောက်ဦးခန့်  စုစည်း၍ ထိုလေယာဉ်ပေါ်တွင် လိုက်ပါလာပါသည်။ အသက် ၁၉ နှစ်သာသာ ကလေးများ ဖြစ်ကြပါသည်။မိန်းကလေး နှစ်ဦးပါပါသည်။ သူတို့ ၏

Wednesday, May 2, 2012

အမြဲခံနေရသော(ယာယီမဟုတ်)နိုင်ငံကူးလက်မှတ်


  ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့ စူပါချိပ်ကုမ္ပဏီတွင် ယာယီနိုင်ငံကူးလက်မှတ်လုပ်ရန်အတွက်စူပါချိပ်
ကုမ္ပဏီမှ တစ်ယောက်လျှင်၅၀၀၀ဘတ်ဖြတ်ထားပြီးပါပြီ။၂၀၁၀ခုနှစ်တုန်းကပါ၂၀၁၀ခုနျစ်တုန်းကဖြတ်ထားသောလူတွေလဲ့စူပါချိပ်ကုမ္ပဏီမလုပ်ပေး၍အပြင်အေးဂျင်းမှာလုပ်ကြပါသည်။အပြက်အေးဂျင်းမှာသွားမလုပ်ဘဲကျန်နေသောလူတွေ(အနည်းစုပါ)
စူပါချိပ်ကုမ္ပဏီမှလုပ်ပေးပါသည်။၂၀၁၁ခုနှစ်တုန်းကလဲ့ဒီလိုဘဲဖြတ်
ထားပြီးမလုပ်ပေးဘူးအပြင်အေးဂျင့်(ပွဲစား)မှာဘဲလုပ်ကြပါတယ်။အေးဂျင့် မှာမလုပ်ဘဲကျန်နေတဲ့(အနည်းစုပါ)လူတွေကိုစူပါချိပ်ကုမ္ပဏီပေးပါတယ်။၂၀၁၂ခုနှစ်မှာလဲဒီလိုဘဲတစ်ချို.
လူတွေကအပြင်အေးဂျင်းမှာလုပ်ကြပြန်တယ်။မလုပ်ဘဲကျန်နေသောစူပါချိပ်ကုမ္ပဏီအလုပ်သမား
၇၂ယောက်ကို၃၀-၄-၂၀၁၂ရက်နေ့စွဲနဲ့စူပါချိပ်
ကုမ္ပဏီမှစာကပ်ထားပါတယ်။ဒီလူ ၇၂ယောက်ကို၅၅၀၀ဘတ်လက်ငင်းငွေရှင်းပြီး ဖီနွန်အိမ်ကုမ္ပဏီ
(အေးဂျင်း)မှာလုပ်ရမယ်လို့ကြေငြာထားပါတယ်။၇၂ယောက်ကိုစူပါချိပ်ကုမ္ပဏီမှမလုပ်ပေးတော့ဘူးတဲ့၇၂
ယောက်မှာဖြတ်ထားသော၅၅၀၀ဘတ်ကိုworkpermit(ဝဋ္ဋ်ပါမစ်)လုပ်ရန်အတွက်ဆိုပြီးကြောင်းပြပ်ါတယ်။
စူပါချိပ်ကုမ္ပဏီမှwork
permit(ဝဋ္ဋ်ပါမစ်)ဖိုးဆိုပြီးလဲဒီ၇၂ယောက်မှာဖြတ်ထားပြီးပါပြီ။ကျွန်တော်တို့မြန်မာအ
အလုပ်သမားများကိုအလုပ်သမားအခွင့်ရေးအမျိုးမျိုးချိုးဖောက်ခံနေရတာတွေကို
သမ္မတဦးသိန်းစီန်နဲ့တကွ
မြန်မာ ဒု အလုပ်သမားဝန်ကြီး
ဦးမြင့်သိန်းပါဝင်တာဝန်ရှိသူအားလုံးသီကြပါ။သီအောင်လဲကဖြန်ဝေပေးကြပါ
အစိမ်းနုရောင် စာအုပ်ထွက်ပြန်တော့မယ်။မြန်မာရွှေပြောင်းအလုပ်သမားများကိုဘယ်လို့ထိုင်းရဲတွေလုပ်
တာခံရအုန်းမယ်။ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးတာမြန်မာအစိုးရကဘယ်လောက်ဝင်ငွေရတယ်ဆိုတာမသိဘူး။မြန်မာရွှေပြောင်းအလုပ်သမားတွေခံရပြီးထိုင်းတွေကတော့အမြတ်ငွေအများစွာပါ။မြန်မာအစိုးရကတရားဝင်(၅၅၀)ဘတ်ပါ။ကျွန်တော်တို့ပေးနေရတာက(၅၅၀၀)ဘတ်ပါ။သမ္မတဦးသိန်းစိန်သိပါစေခင်ဗျား။
ရွှေပြောင်းမြန်မာအလုပ်သမားတွေကိုယ်စားကျွန်တော် ဟန်ဝင်းမှအသိပေးခြင်းပါခင်ဗျား။
၆/လ လ န(နိုင်)၀၆၉၁၉၆

ကျွန်တော်ပို့လိုက်သောဓာတ်ပုံမဖော်ပြလဲရပါတယ်။သက်သေတစ်ခုဖြင့်သိမ်းထားပါ။

ဟန်ဝင်း

Monday, April 30, 2012

မျောက်လက်သေနတ်အပ်တော့မှာလား


ကန့် ဘလူမြို့ နယ်မှ အစ္စလမ်ဘာသာဝင် လ/ထ လ၀ကမှူး
ခင်မောင်သန်းမောင်တောမြို့ နယ်သို့ ပြောင်းရွေ့ ရန် စာထွက်
နေပါသည်။ ပြောင်းရွေ့ မည့်ကိစ္စကို တားမြစ်ပေးပါရန်သက်
ဆိုင်ရာသို့ တောင်းဆိုအပ်ပါသည်။


 http://www.facebook.com/permalink.php?story_fbid=318232988246278&id=100001787388697

"ရောင်းကုန် မဟုတ်ပါ။"


'မချစ်မနှစ်သက်သောသူနှင့် ပေါင်းဖက်ရခြင်းသည် ဝဋ်ကြွေးတစ်ခုဖြစ်သည်' ဟု မြန်မာအမျိုးသမီး အများစုက ယုံကြည်ထားကြသည်။ ဤသို့ ဆိုလျှင် မိမိကိုယ်မိမိ သက်မဲ့ရောင်းကုန်တစ်ခုသဖွယ် တနယ်တကျေးတွင် သူစိမ်းတရံ၏ လက်သို့  ဝကွက်အပ်၍ ရောင်းချခံရသည့် ညီမငယ်များ၏ အဖြစ်ကိုမူ အရှင်လတ်လတ် ငရဲတွင်းသို့ သွတ်သွင်းခံရသည်ဟု ဆိုလျှင် လွန်အံ့မထင်ချေ။
.
စစ်တမ်းများအရ နှစ်စဉ် သိန်းဂဏန်းချီသော မြန်မာများသည် ထိုင်း၊ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ တောင်ကိုရီယား အစရှိသော နိုင်ငံများသို့  လူကုန်ကူးခံရသည်ဟု ဆိုသည်။ အမျိုးသားများသည် ငါးဖမ်းစက်လှေများသို့  အလုပ်လုပ်ရန် ရောင်းချခြင်းခံရပြီး ကလေးများမှာမူ သူတောင်းစားအဖြစ် ထိုင်းနိုင်ငံသို့  တင်ပို့ ခြင်း ခံရသည်။ အမျိုးသမီးများမှာ ပြည့်တန်ဆာအဖြစ် လည်းကောင်း၊ သတို့ သမီးအဖြစ်လည်းကောင်း ရောင်းချခြင်း ခံရသည်ဟု ဆိုသည်။ ထိုကဲ့သို့ ရောင်းချခံရသူ အမျိုးသမီးအများစုမှာ အသက် ၁၄ နှစ်မှ ၁၉ နှစ်အတွင်း ဟု ဆိုသည်။
.
ဥပဒေအရ မြန်မာနိုင်ငံတွင် ယင်းသို့ လူကုန်ကူးမှုအတွက် ငွေဒဏ်နှင့် ပူးတွဲ၍ ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်နိုင်သည် ဆိုသော်လည်း နှစ်စဉ်နှစ်တိုင်း ထောင်ပေါင်းများစွာသော မြန်မာ့သမီးပျိုများသည် တဖက် နိုင်ငံသို့ ရောင်းချခြင်း ခံနေရသည်။ မိန်းကလေးအများစုမှာ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်းနှင့် ကချင်ပြည်နယ်တို့ မှ ဖြစ်သည်။ ထိုမိန်းကလေးတို့ အား အိမ်နီးချင်း တရုတ်နိုင်ငံမှ အမျိုးသားများမှ ဇနီးအဖြစ် ဝယ်ယူပေါင်းသင်းသည်ဟု သိရသည်။
.
တရုတ်နိုင်ငံ၏ နှစ် ၃၀ကျော် ကျင့်သုံးခဲ့လေသော တစ်မိသားစုတွင် ကလေးတစ်ယောက်နှုန်းထက် ပိုယူခွင့် မရှိ ဟူသော စနစ်ကြောင့် ယခုအခါ တရုတ်နိုင်ငံ၏ ကျားမ ဦးရေ အချိုးအစားမှာ သိသိသာသာ မမျှမတ ဖြစ်လာ ချေ၏။ အကြောင်းမှာ အယူသီးသော တရုတ်မိဘများမှ သမီးမိန်းကလေးဆိုပါက မမွေးလိုကြသဖြင့် တိတ်တဆိတ် ကိုယ်ဝန်ဖျက်ချခြင်း၊ စွန့် ပစ်ခြင်း စသော နည်းလမ်းများဖြင့် သုတ်သင်ပစ်ကြသောကြောင့် ယခုအခါ တရုတ်နိုင်ငံတွင် အမျိုးသမီးဦးရေ သိသိသာသာ နိမ့်ပါးလာပြီး များစွာသော တရုတ်အမျိုးသားများမှာ အိမ်ထောင်ဖက်ရှာရာတွင် အခက်အခဲ ရှိလာလေသည်။ ထိုအခါ ယင်းတရုတ်အမျိုးသားတို့ သည် နွမ်းပါးသော အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ မြန်မာ၊ မြောက်ကိုရီးယား စသော နိုင်ငံများမှ အမျိုးသမီးငယ်များကို ဇနီးအဖြစ် ဝယ်ယူကြလေသည်။ အသက် ၁၈နှစ်အရွယ် အရွယ်ကောင်း ရုပ်ရည်သင့်တင့်သူ မိန်းမငယ် တစ်ဦးအား ဈေးကွက်ပေါက်ဈေး တရုတ်ငွေ ယွမ် ၅၀,၀၀၀ အထိ ရောင်းချသည်ဟု ရွှေလီဒေသမှ ဒေသခံများမှ ဆိုသည်။ လူပွဲစားတို့ သည် သမာသောနည်းဖြင့် ဖြစ်စေ၊ မသမာသောနည်းဖြင့် ဖြစ်စေ သူရို့ တင်သွင်းလာသော ညီမငယ်များကို မြို့လယ်ခေါင်ရှိ တစ်ခုသောဈေးရှေ့တွင် ကုန်ပစ္စည်းများသဖွယ် အပြထား၍ 'လာပါ၊ ဝယ်ပါ' တကြော်ကြော်ခေါ်ကာ ရောင်းဝယ်ဖောက်ကားကြသည်။ မိန်းကလေးတစ်ဦးလျှင် အသက်အရွယ်အရ ယွမ် ၆၀၀၀ မှ ယွမ် ၅၀,၀၀၀ အတွင်း ဈေးအမျိုးမျိုးရှိသည်ဟု သိရသည်။
.
ထိုသို့ ထောင်ပေါင်းများစွာသော မြန်မာမိန်းကလေးများအား ဇနီးမယားအဖြစ် ရောင်းကုန်သဖွယ် ရောင်းချခြင်း ခံရပါသော်ငြား မြန်မာလူထုသည် အနှီကိစ္စကို အဘယ်ကြောင့် ကျယ်ကျယ်ပြန့် ပြန့်  မသိကြလေသနည်း။ အကြောင်းမှာ ထိုမိန်းကလေးများသည် အသွားသာ ရှိပြီး အပြန်မရှိသောကြောင့်ပင်တည်း။ သနားစရာ ညီမငယ်အများစုအား သူရို့၏ ခင်ပွန်းများမှ ငွေပေး၍ဝယ်လာသော (နားနှင့်မနာ၊ ဖဝါးနှင့်နားပါ) အဝှာပြုစရာ သတ္တဝါတစ်ကောင်ဟုသာ သဘောထား ဆက်ဆံကြကုန်၏။ ယင်းခင်ပွန်း၏ မိသားစုမှလည်း မိသားစုပိုင် ကျေးကျွန်သဖွယ် အနိုင့်ထက်ပြုကြကုန်၏။ ဤသို့ ဖြင့် ကာလကြာသော် များစွာသော မြန်မာညီမငယ်များသည် ထိုဝဋ်ကြွေးမှ လွတ်မြောက်ရန် မိမိကိုယ်မိမိ အဆုံးစီရင်ကြကုန်၏။
.
အဘာဟူသော တိုင်းရင်းသားမလေးသည် မူဆယ်ဇာတိဖြစ်သည်။ သူမ အသက် ၁၂ နှစ်အရွယ်တွင် လူမဆန်သော လူပွဲစားအချို့၏ ဖမ်းဆီးခြင်းကို ခံရပြီး တဖက်နိုင်ငံ ယူနန်ပြည်နယ်တွင် ရောင်းချခြင်း ခံခဲ့ရသည်။ သူမအား လယ်သမားမိသားစုတစ်ခုမှ ယွမ်၂၀,၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။ ထိုစဉ်က သူမသည် အသက်အရွယ် ငယ်လွန်းသဖြင့် ယာထဲတွင်သာ အလုပ်လုပ်စေခဲ့သည်။ သူမအား ထိုမိသားစု၏ သားဖြစ်သူ အတွက် ဇနီးအဖြစ် ပေါင်းသင်းရန် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ဘာသာစကား အခက်အခဲကြောင့် အဘာသည် မည်သူနှင့်မျှ စကားစမြည် ပြောဆိုနိုင်ခြင်း မရှိခဲ့ချေ။ နေ့ စဉ်လို ထိုမိသားစုဝင်များ၏ ရိုက်နှက်မှု ကို ခံရရှာသည်။ အဘာ အသက် ၁၆ နှစ်အရွယ်ရောက်သော် ယင်းမိသားစုမှ သူမအား သူရို့၏ သားဖြစ်သူနှင့် ထိမ်းမြားပေးရန် စီစဉ်လေသည်။ သူမ ကံကောင်းပါသည်။ မင်္ဂလာဆောင်မတိုင်မီတွင် ဒေသတွင်း ကင်းလှည့်လာသော ရဲတပ်ဖွဲ့ဝင်များနှင့် အဘာတစ်ယောက် ပက်ပင်းတိုးခဲ့ရပြီး သူမ၏ အဖြစ်အပျက်ကို တိုင်ကြားနိုင်ခဲ့သည်။ ထိုစဉ်က ရွှေလီတွင် သုံးနှစ်တာ ကျင်လည်ခဲ့ရသော အဘာသည် သူတို့ ဘာသာစကားကို ရေလည်စွာ ပြောဆိုတတ်ပြီ ဖြစ်သည်။ ဤသို့ဖြင့် အဘာတစ်ယောက် သုံးနှစ်ကျော် ခွဲခွာနေရသော မိသားစုနှင့် ပြန်လည်ဆုံစည်းခဲ့ရသည်။ သူမ မိဘများ၏ ပြောကြားချက်အရ
.
'သမီးကလေး ပျောက်သွားတော့ ကျွန်မတို့  မူဆယ်ရဲကို တိုင်ခဲ့ပါတယ်။ ရဲကအမှုဖွင့်ပြီး ရှာပေးမယ်။ တရုတ်ငွေ ယွမ် ၆၀၀၀ တောင်းပါတယ်။ ကျွန်မတို့  ဘယ်လိုမှ မတတ်နိုင်ပါဘူး။ အဲဒါကြောင့် ကျွန်မတို့ သမီးလေး ပျောက်ဆုံးမှုအတွက် သက်ဆိုင်ရာကို တိုင်ကြားသော်ငြား အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပါဘူး။'
.
သူမကဲ့သို့ သော မိန်းကလေးများ မြန်မာပြည် အနှံ့ အပြားတွင် မည်ရွေ့မည်မျှ ရှိလေသတည်း။ ဆင်းရဲ နွမ်းပါးသော နိုင်ငံငယ်များတွင် လူကုန်ကူးမှုနှုန်း မြင့်မားသည်ဟု သိရသည်။ အကြောင်းမှာ ပြည်တွင်းတွင် နိုင်ငံရေး မငြိမ်သက်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ စားသောက်ကုန်ရှားပါးမှု၊ အလုပ်အကိုင် ရှားပါးမှုတို့ အပြင် အာဏာပိုင်များ၏ လစ်လျူရှုမှုတို့ ကြောင့် ဖြစ်သည်။ စစ်တမ်းများအရ မြန်မာနိုင်ငံသည် လူကုန်ကူးမှုနှုန်း အမြင့်ဆုံး နိုင်ငံများထဲတွင် ပါဝင်ပြီး Tier - 3 ဝင် နိုင်ငံဖြစ်သည်။ ဆိုလိုသည်မှာ လူကုန်ကူးခြင်းနှင့် ပတ်သက်၍ နိုင်ငံတစ်နိုင်ငံအနေဖြင့် ရှိသင့်ရှိအပ်သော လမ်းစဉ်၊ မူဝါဒ၊ စီမံကိန်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း အလျင်း မရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။
.
'စောင့်လေမျိုးနွယ်' ဟူသော စကားရှိပါသည်။ အမျိုးကောင်း မြန်မာမလေးများကို ထိုအဖြစ်ဆိုးမျိုးမှ ကာကွယ်ရန် အမျိုးသားရေးတစ်ရပ် အဖြစ်သတ်မှတ်၍ ကျွန်တော်/မ တို့ မှ တတ်အားသရွေ့ ပါဝင်စေလိုပါသည်။
.
'ငါတို့ လို အုပ်ချုပ်ခံ သာမန်ပြည်သူတွေက ဘာများ လုပ်ပေးနိုင်မှာလဲ' ဟု စောဒက တက်ကောင်း တက်ကြပေမည်။ ဟုတ်ကဲ့။ အုပ်ချုပ်သူ လူကြီးများမှ တိုင်းရေးပြည်ရေး တိုက်ရေးခိုက်ရေးများဖြင့် ရှုပ်ထွေးနေလေသောကြောင့် ယခုအရေးကို မေ့လျော့ကောင်း မေ့လျော့နေလိမ့်မည်။ ပြိုင်တူတွန်းလျှင် ရွေ့ပါသည်။ ကျွန်တော်/မ တို့ ၏ သမီးငယ် ညီမငယ်လေးများအား မြန်မာပြည်ဝယ် ဤသို့ သော အဖြစ်အပျက်များ ရှိပါသည်ဆိုသည်ကို သတင်းလက်ဆင့် ကမ်းပေးနိုင်ပါသည်။
.
'ကဲ .. သင့်မျက်စိရှေ့တွင် share ခလုတ်လေး ရှိနေပါသည်။ ညီညီညာညာ နှိပ်လိုက်ကြပါစို့ ။'
.
မှီညွှန်းကိုးကား
.
http://www.humantrafficking.org/countries/burma
.
http://www.telegraph.co.uk/news/worldnews/asia/burmamyanmar/8739403/Burmas-women-forced-to-be-Chinese-brides.html
.
http://eversion.news-eleven.com/index.php?option=com_content&view=article&id=375:cases-of-human-trafficking-to-china-account-for-691-percent-last-year&catid=43:bi-weekly-eleven-news&Itemid=110
.
http://www.allgirlsallowed.org/sex-trafficking-china-myanmar-border
.
http://www.trust.org/trustlaw/news/women-fleeing-myanmar-trafficked-as-china-brides/
.
http://www.foxnews.com/world/2012/01/11/us-envoy-myanmar-weak-against-human-trafficking/
.
http://www.globalpost.com/dispatch/china/100729/photos-human-trafficking-burma-myanmar
.
ကမ္ဘာ့နိုင်ငံအသီးသီး၏ လူကုန်ကူးမှု အခြေအနေ။ (Myanmar- Tier3)

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ