(က)
နှစ်ပေါင်း (၃၀) ၀န်းကျင် အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေထိုင်သူပေါင်း သန်းချီပြီး ရောက်ရှိ နေကြသည်ကို မည်သူမှ ငြင်းချက် မထုတ်နိုင်။ ဒီကာလတွေမှာ လုပ်ငန်းခွင် အသီးသီး၊ နေရာ အသီးသီးမှာ သေသင့်လို့ သေသွားသူများ ရှိမှာဖြစ်သလို အကြောင်းမဲ့ သတ်ဖြတ်ခံရ တာတွေက ဘယ်လောက် အထိ ရှိခဲ့ပြီ ဆိုတာလည်း မည်သူမှ မသိနိုင်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကာယဉာဏ ကို တန်ဘိုး ထားရကောင်း မသိတဲ့ ထိုင်းနဲ့ မြန်မာ စစ်အစိုးရတို့ရဲ့ တာဝန်မဲ့ခဲ့မှု လျစ်လျူ ရှုမှုတွေကြောင့် ယနေ့တိုင် ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတဲ့ တိကျ၊ နီးစပ်တဲ့ အရေအတွက်ကို မသိရှိနိုင် ဖြစ်တာကိုလည်း အများသိပြီး ဖြစ်တယ်။
မကြာသေးခင်က နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများအဖွဲ့ IOM နဲ့ ထိုင်းအစိုးရတို့ တရားဝင် ထုတ်ပြန် ကြေညာချက်ထဲမှာ (၂၀၁၀) ခုနှစ်က ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ၊ ကမ္ဘောဒီယားနဲ့ လာအို နိုင်ငံတို့က တရားဝင် မှတ်ပုံတင်ခဲ့သော အလုပ်သမားပေါင်း (၉၃၂,၂၅၅ ) ဦးရှိခဲ့တယ်။ ဒါပေမယ့် (၂၀၁၁) ခုနှစ် ဖေဖေါ်ဝါရီလ အထိ နောက်ဆုံး စာရင်းအရ (၅၅၀,၀၀၃) ဦး မှတ်ပုံတင် လုပ်ထားပြီး ဖြစ်တယ်လို့ ဖေါ်ပြ ထားပါတယ်။ ဒီအထဲ မြန်မာ (၃၅၂,၇၄၈) ဦး ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့် မှန်း ထားချက်တွေအရ ထိုင်းနိုင်ငံ အတွင်းမှာ တရားဝင် နေထိုင် အလုပ်လုပ် ကိုင်ခွင့် ရှိသူရော မရှိသူပါ သုံးသန်းထက် မနည်း ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။ ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အထဲ မြန်မာ အလုပ်သမားက (၉၀) ရာခိုင်နှုန်း ရှိတယ်လို့လည်း ပြောကြပါတယ်။
(ခ)
ထိုင်းနိုင်ငံရဲ့ အခင်းအကျင်းကို ခြုံငုံ ပြောရမယ် ဆိုရင် ဘုရင်ကို ပြောဆို တိုက်ခိုက်တာ တစ်ခုက လွဲရင် အကုန်လုံး ဖွင့်ထားတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုကို အထူး ကြိုဆို အားပေးတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ၀န်ဆောင်မှုတိုင်းမှာ ဆက်နွယ်သူ ဟူသမျှကို စိတ် ကျေနပ် စေပါတယ်။ တောနေ လူတန်းစားတွေဖြစ်တဲ့ တောင်သူ လယ်သမားတွေ သက်သာ ချောင်ချီရေးနဲ့ မသင်မနေရ အခမဲ့ မူလတန်း ပညာတန်း သင်ကြားရေး စံနစ် သတ်မှတ်ထားတယ်။ အခြားသော လူသားတန်ဘိုးထားမှုတွေကို နိုင်ငံတကာ