မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းမော်တော်ယာဉ်လိုင်းများ
ဆန္ဒပြအရေးဆိုမှု ပြုလုပ်တော့မည်
သတင်း - မြနှယ်စိမ်းစိမ်း (အင်းစိန်)
မတ်လ ၁၂ ရက်၊ ၂၀၁၂ ခုနှစ်
မဲဆောက်မြို့တွင် မြန်မာနိုင်ငံ မြ၀တီဘက်မှ ခရီးသည်တင်မော်တော်ယာဉ် အစီးရေ ၁၀၀ ကျော် နေ့စဉ် ၀င်ရောက် ပြေးဆွဲနေသည့်အတွက် ထိုင်းမော်တော်ယာဉ်လိုင်းများ နစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေရသဖြင့် ဆန္ဒပြအရေးဆိုမှုများ ပြုလုပ်တော့မည်ဟု မဲဆောက်-မြ၀တီ ကမ်းနား ပြေးဆွဲနေသည့် ထိုင်းယာဉ်မောင်းများက ပြောသည်။
ထိုင်းယာဉ်မောင်းတဦးဖြစ်သည့် နိုင်စုံချိုင်းက “ကျနော်တို့ ယာဉ်လိုင်းက အစီးရေ ၆၀ နီးပါး ရှိတယ်။ ကားတစီး တနေ့ သုံးလေးခေါက်ရဖို့ မလွယ်ဘူး။ ဒီအနေအထားနဲ့ ရေရှည်ရပ်တည်ဖို့ ခက်တယ်။ မဲဆောက်ကို လာတဲ့ မြန်မာခရီးသည်တင်ကားက တနေ့ကို အစီးရေ ၁၀၀ အထက်မှာ ရှိတယ်။ မြန်မာကားတွေ စနစ်တကျ ပြေးဆွဲဖို့ ထိုင်းတာဝန်ရှိသူတွေကို တင်ပြထားတာရှိပေမယ့် ဒီနေ့အထိ အဆင်ပြေအောင် စီစဉ်ပေးတာ မရှိသေးဘူး။ ဒီရက်ပိုင်းမှာမှ အဆင်မပြေရင် ကျနော်တို့ဘက်က မြန်မာကားတွေကို ဆန္ဒပြဖို့ အစီအစဉ်ကို လုပ်ရတော့မယ်” ဟု ပြောသည်။
ထိုင်းယာဉ်မောင်းများ၏ အဆိုအရ စည်းကမ်းတကျ သွားလာပြေးဆွဲခြင်းမရှိဘဲ မဲဆောက်မြို့တွင်းမြို့ပြင်ရှိ