.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Thursday, May 5, 2011

ဗမာစစ်တပ် ဗမာစစ်သား ဆိုတာ (ဆောင်းပါး)

ဗမာစစ်တပ် ဗမာစစ်သား  ဆိုတာ

  (မင်းလွမ်းနောင်)


ဗမာစစ်တပ် ဆိုပြီးသုံးနှုံးနေသူများ ဖေ့ဘွတ်စာမျက်နာပေါ်တွင်တွေ.မြင်လာရ သည်မှာ နေ.စဉ်လိုလိုဖြစ်လာပြီး ကျွန်တော်နောင်တော်ကြီး(စစ်အင်ဂျင်နီယာချင်းတူလို.ပါ)ကိုမျိုးမြင့် ရဲ. ဗမာစစ်သား ဗီဒီယီုဖိုင်ထဲမှာ ပြောထားတဲ့ ဗမာစစ်တပ်နဲ.ဗမာစစ်သားဆိုတာလေးကို ထုတ်နုတ်ပြီးတော့ ပြောချင်ပါတယ်...(ဆရာလုပ်ခြင်းမဟုတ်ပါ ပညာရှိသတိဖြစ်ခဲ ဆိုသလို သတိပေးခြင်းသာဖြစ်ပါတယ်) ကျွန်တော်အမြင်အရတော့ စစ်အစိုးရကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ တပ်မတော်သည် တိုင်းရင်းသားအားလုံးနှင့်ပေါင်းစပ်ဖွဲ.စည်းထားသော တပ်မတော်(၀ါ) စစ်တပ်ဖြစ်ပါသည်။
ဒီနေရာမှာ ပြောပြချင်တာကတော့ ကျွန်တော်ဟာ စာရေးဆရာမဟုတ်သလို ဝေဖန်ရေးသမားလဲမဟုတ်ပါဘူး အားလုံးဟာ ကျွန်တော်ထက်ပညာတတ်ကြမဲ့သူတွေပါ ..ဒီတော့ကျွန်တော့်ဘက်ကလဲ အပြုသဘောဆောင်တဲ့ ဖြစ်ရပ်မှန်လေးတွေကို ပြောပြထောက်ပြပေးဖို. ရေးချင်လာတာကြောင့် ဒီပိုစ်လေးကိုရေးတင်ရခြင်းပါ...။....။
ဒီတော့ ဗမာစစ်တပ် ဗမာစစ်သား လို. သုံးနှုံးခဲ့တာတွေကိုပြန်လေ့လာကြရပါမယ်...ယခုလက်ရှိတပ်မတော်(၀ါ)စစ်တပ်သည် တိုင်းရင်းသားများပါဝင် သည့်တပ်မတော်ဖြစ်ပါတယ်..ဒီလိုပြောလို. ကျွန်တော်အနေနဲ.ကိုယ်တွေ.လေးတစ်ခုပြောပြချင်ပါတယ် ကျွန်တော်တပ်ထဲဝင်တော့ အသက်က ၁၉ နှစ်ပါ တပ်ထဲကိုစ၀င်တော့ တွေ.ရတဲ့အတွေ.အကြုံလေးတွေကတော့မမေ့စရာပါပဲ (အမှန်တရားအတွက် နောက်တင်မဲ့ပိုစ်မှာ တင်ပေးပါမယ်..) ကျွန်တော် တို.အသုတ်မှာ တသသလို.ခေါ်တဲ့ တပ်သားသစ်တွေဟာ ၂၅၀ ယောက်ပါ တပ်စု(၃)စုနဲ. ခွဲပြီး ထားပါတယ်...အဲဒီမှာ ကျွန်တော် မြင်တွေ.ခဲ့ရတဲ့ တိုင်းရင်းသားတွေပေါ့ဗျာ..ရခိုင် ပါတယ်(ကျွန်တော့်တပ်စုက) ကရင်ပါတယ် မွန်ပါတယ် ..နောက်ပြီး ကျွန်တော်တစ်ခါမှ မမြင်ဖူးတဲ့

Wednesday, May 4, 2011

စစ်သားဘ၀အတွေ.အကြုံများ (ဒုတိယပိုင်း)

..ကျွန်တော်နဲ. ဆက်သွယ်ရေးတပ်က သူငယ်ချင်းကလဲ ရေချိန်ကိုက်သွားပါပြီ ..ဒီလိုနဲ.ပဲ အောင်တံခွန်(၃)ပေါ်မှာ တောခြင်ရိုင်းတွေနဲ. နပန်းလုံးရင်း အိပ်ပျော်လိုက်နိုးလိုက် ကုတ်လိုက်ဖဲ့လိုက်နဲ. သူငယ်ချင်းနှစ်ယောက် သား အနားယူခဲ့ကြပါတော့တယ်ဗျာ..........

အိပ်ယာကနိုးတော့ မနက်(၇)  နာရီ ထိုးနေပါပြီ .သဘောင်္ကတော့ ရေတက်စောင့်ရင်းနဲ. မနက်(၈)နာရီလောက်မှ ထွက်ဖြစ်တာပါ....ဒီတော့ဘာမှ မယ်မယ်ရရလုပ်စရာမရှိတာနဲ.အာမီရမ်နောက်တစ်လုံးကို ဖောက်ပြီး ခေါင်းကိုက်ဖြေပြန်တာပေါ့ဗျာ.
.ရေချိန်မကိုက်ခင်မှာပဲ ..သူငယ်ချင်းက ကဲ သူငယ်ချင်း ငါတို. အပျင်းပြေ ပိုကာဒေါင်းကြစို. ကွာ..ဆိုပြီ လူစုတော့တာပဲ..ဒီလီိုနဲ. သူငယ်ချင်း ၃ယောက်သားထိုင်းပြီး ၀ိုင်းဖွဲ.ပါပြီ..ကျွန်တော်တို.၀ိုင်းကိုစိတ်ဝင်စားတဲ့
ထောက်လှမ်းရေးပြုတ် အဖွဲ.မှ ၂ ယောက်ကလာပြီးတော့  အကိုတို. ကစားတာကျွန်တော်ဝင်ဆော့လို.ရမလား ..အကိုတို. ပိုကာဒေါင်းတာ ပျင်းစရာကြီးပါဗျာ..ဘူကြီးကစားကြမယ်လေ..ဘယ်လိုလဲ  ဆိုပြီးပြောလာတော့ ကျွန်တော်တို.ကလဲ ရပါတယ်ပေါ့...သူတို.ကထက်ပြောသေးတယ်ဗျ..ဘယ်လောက်ကြေးကစားကြတာလဲ  ` ဆိုတော့ ကျွန်တော်က အပျင်းပြေပေါ့ညီလေးရာ ..၅၀ ကြေးပေါ့  ဆိုတော့ သူတို.နှစ်ယောက်ကရီ ပြီး ဟာ အကိုတို.ကလဲ ကလေးတွေကြနေတာပဲ ၅၀၀ အလယ်ပုံချမယ်ဗျာ  ဆိုပြီး စိန်ခေါ်သံဆန်ဆန် ပြောလာပါတယ်..ဒီတော့ ကျွန်တော်လဲ မခံချင်ပဲ (ရေချိန်လဲအနည်းငယ်ကိုက်နေတာ)နဲ. ချကွာ ဆိုပြီး ၀ိုင်းထိုင်လိုက်ကြတာပေါ့ (ထောက်လှမ်းရေးကလာလို.လားမသိပါဘူး ငွေတော့တော်တော်ရွှင်ကြတယ်ဗျ) ကျွန်တော်ကတော့
ကျွန်တော်လစာ လက်ကျန်ငွေလေး ၄၅၀၀ လောက်ပဲရှိပါတယ် ဒီလိုနဲ. ကစားလိုက်တာ ပထမနေ. မှာ ကျွန်တော့်အိတ်ထဲမှာ ၁၀၀၀ ပဲကျန်ပါတော့တယ်  (ရှုံးတာပေါ့ဗျာ) မိုးချုပ်ပြန်ပေါ့ ..သဘောင်္ကလဲ နီးစပ်တဲ့ကမ်းမှာ ကပ်ပြန်တယ်လေ...ညအိပ်ဖို.ပေါ့..ဒီလိုနဲ. ၃ရက်မြောက်နေ.မှာတော့ ကျွန်တော့် အိတ်ထဲမှာ  ဖဲနိုင်တဲ့ငွေ ၅၀၀၀၀ ကျော်လောက်ရောက်နေပါပြီ..ထောက်ပြုတ်တွေကတော့ မွဲပြီလေ..
ဒီလိုနဲ. ကျောက်ဖြူ သဘောင်္ဆိပ်ကိုရောက်တော့ ထမင်းတွေဘာတွေ စားပြီး

(စစ်သားဘ၀အတွေ.အကြုံများ) (မင်းလွမ်းနောင်)

(၅-၅-၂၀၁၁)
ရခိုင်ပြည်နယ် တောင်ကုတ်မြို. စကခ(၅)တွင် တွဲဘက်အဖြစ်တာဝန်ထမ်းဆောင်စဉ်ကဖြစ်ပါသည်။ကျွန်တော်တို. စကခ(၅)တစ်ခုလုံး ရခိုင်ပြည်နယ်မြေပုံမြို.နယ်အပိုင်ကမ်းနီ သို.သွားရောက်ပြီး တပ်မတိုက်ပွဲဝင်မွန်းမံသင်တန်း သွားရောက်လေ့ကျင့်နေစဉ်ဖြစ်ပါသည်။ ကျွန်တော်ကတော့ နောက်တန်းတွင် တပ်ခွဲ အတွက် ဦး/ရေး/ထောက် လုပ်ကိုင်ရန် ကျန်နေခဲ့ရပါတယ်..တပ်ခွဲအနေနှင့် ကြေးနန်းအထွက်/အ၀င်  များမှာ နေ.စဉ်ရှိသောကြောင့် နောက်တန်းတာဝန်ခံအဖြစ် တပ်ခွဲမှာနေစဉ် စစ်သည်များဧ။်လစာ/ရိက္ခာများကို ပြေလည်အောင် ဖြေရှင်းပေးနေဖို.ပါ... ထိုစဉ်က တပ်ခွဲမှုးဖြစ်သူ ဗိုလ်မှူး က တပ်ခွဲမှူးသင်တန်း သွားရောက်တက်နေသောကြောင့် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦးက ယာယီတပ်ခွဲမှူးအဖြစ် ကျွန်တော်တို.တပ်ခွဲတွင် လာရောက်တာဝန်ထမ်းဆောင်နေစဉ်ဖြစ်ပါသည်။
ဗိုလ်ကြီးမှာ ရုပ်ချောချောဖြစ်ပြီး စိတ်သဘောထားကောင်းမွန်သူတစ်ဦးဖြစ်ပါတယ်..ကျွန်တော်နှင့် ညီအကိုလိုနေထိုင်သူဖြစ်ပြီး တပ်ခွဲရှိ စစ်သည်များနှင့်လဲ အဆင်ပြေစွာ ညှာတာစွာ ဆက်ဆံပြောဆိုတတ်သူတစ်ဦးဖြစ်ပါတယ်....တပ်မတစ်ခုလုံး သင်တန်းတက်ရောက်နေစဉ်အတွင်း ကျွန်တော်တို. တပ်ခွဲ နောက်တန်းကျန် စစ်သည် ရဲမေ အင်အားမှာ အနည်းငယ်သာကျန်ရစ်ခဲ့သောကြောင့် တပ်ခွဲ ဗဟိုကင်းနှင့် ဖထိပ်ခေါ် လုပ်အားပေးကိစ္စများမှာ ကျွန်တော်အတွက်အခက်အခဲဖြစ်နေပါတယ် ဒါကြောင့်လဲ တပ်ရံပုံငွေထဲမှ ငွေသားအနည်းငယ်ကိုထုတ်ပြီး (ရေဗူးပေါက်တာမလိုချင်ရေပါတာပဲလိုချင်တယ်)ဆိုတဲ့ အမိန်.ကို ငွေသုံးပြီး လုပ်သားငှားရပါတယ်..ငှားတဲ့နေရာမှာလဲ အရပ်သားမဟုတ်ပါ ..ကျွန်တော် တို.တပ်ဘေးချင်းကပ်မှ ခမရ(၃၄၆) ယခု ဒီကေဘီအေနှင့် တိုက်ပွဲ ဖြစ်နေသောတပ်မှ စစ်သည်များဧ။် သားသမီးများ အပြင်ဝင်ငွေရှာသည့် အနေဖြင့် လာရောက်လုပ်ကိုင်ကြသူများဖြစ်ပါတယ်...ဒီနေရာမှာ ခမရ(၃၄၆) အကြောင်းကို အနည်းငယ်ပြောပြလိုပါတယ်...အမှန်စင်စစ်အားဖြင့် ဖွဲ.စည်းပုံ လူအင်အား(၅၅၀)ကျော်ရှိရမှာဖြစ်ပေမဲ့ အင်အား(၂၀၀)ကျော်သာသာရှိသော တပ်ရင်းဖြစ်ပါတယ်...ဖထိပ်(၀ါ)လုပ်အားပေးကြမ်းသောတပ်ရင်းလဲဖြစ်ပါတယ်..အများစုမှာ နေ.စဉ် စားဝတ်နေရေးအတွက် ပြင်ပအလုပ်အဖြစ် ဆောက်လုပ်ရေး(ပန်းရံ)အလုပ် တောင်ကုတ်မြို.အတွင်းရှိ ကင်းပွန်ခေါ်(ပြည်ကြီးငါး) စက်ရုံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသူ စစ်သားသားသမီးများမှာ အလွန်များပြားလှပါတယ်...တပ်ရင်းအတွင်း  ကိုယ်ပိုင် ဈေးဆိုင်လေးဖွင့်သူကဖွင့်

အလုပ်သမားနေ. (မဲဆောက်မြို.) ထိုင်းနိုင်ငံ

လယ်သမားကြီးများဧ။်ရင်ဖွင့်သံ

အတောင်မစုံခင်ပျံတဲ့ငှက်လေးများ

အတောင်မစုံမီ ပျံသန်းနေကြတဲ့ ငှက်ငယ်များ

သူမအသက်အရွယ်ကို ကြည့်မယ်ဆိုရင် မိဘရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ နားခိုပြီး သူငယ်ချင်း တွေနဲ့အတူ စာသင်ကျောင်းမှာ ကျောင်းစာ သင်ကြားရမယ့် အရွယ်လေးပါ။ ဒါပေမဲ့ အသက်ရွယ်နဲ့ မလိုက်အောင် သူမရုပ်ရည်ကတော့ နေထိပန်းတပွင့်လို စိုပြေခြင်းမရှိ၊ ပင်လယ်ပြင်ကျယ်ကို လက်ပစ်ကူးလို့ ခြေကုန်လက်ပန်းကျ နွမ်းလျနေဘိသကဲ့သို့ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်ကတည်းက အိန္ဒိယ-မြန်မာနယ်စပ်မြို့လေးဖြစ်တဲ့ အိုက်ဇောလ်မြို့ကို ရောက်ရှိလာခဲ့တဲ့ သူမဟာ မိသားစု စားဝတ်နေရေး အတွက် တလ အိန္ဒိယ ရူပီးငွေ ၁ဝဝဝ (မြန်မာငွေ ၂၅၀၀၀ ကျပ်) နဲ့ မိသားစု အိမ်တအိမ်မှာ အိမ်ဖော် အဖြစ် လုပ်ကိုင် နေသူတဦးပါ။

“မြန်မာပြည်မှာ စီးပွားရေးအဆင်မပြေလို့ ဒီဘက်ကိုထွက်လာပြီး အိမ်ဖော် အလုပ်လာလုပ်တာပါ။ ကျပ်ငွေ ၂၅ဝဝဝ ကျော်ဆိုတော့ မြန်မာပြည်က မိဘတွေဆီကို အနည်းကျင်းတော့ ပို့နိုင်တာပေါ့နော်” ဟု သူမက ဆိုသည်။

ရရှိတဲ့ လခငွေလေးကို မသုံးရက်ဘဲ မြန်မာပြည်က မိသားစုကို တလ ကျပ်ငွေ ၁ဝဝဝဝ ခန့် ပုံမှန်ပြန်ပို့လေ့ရှိတယ်လို့လည်း သူမက ပြောပါတယ်။

အိမ်ဖော် အလုပ်ဆိုတဲ့အတိုင်း အိမ်ရှင်မိသားစုတွေရဲ့အဝတ် အစားတွေကို နေ့တိုင်း လျှော်ဖွတ်၊ ထမင်း၊ ဟင်းချက်ပြုတ်၊ အိမ်မှုကိစ္စမှန်သမျှကို သူမတဦးတည်း ဒိုင်ခံ လုပ်ကိုင်နေရတာပါ။

မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတွေရဲ့ စားဝတ်နေရေး ချောင်လည်စေဖို့အတွက် ပင်ပန်းတဲ့ဒဏ်ကို ခဏတာ မေ့လျော့ထားပြီး ကြိုးစားရုန်းကန်နေရသူပါ။

သူမအတွက် အားလပ်ရက်ဆိုလို့ တနင်္ဂနွေနေ့ တရက်ပဲ ရှိတာမို့ အဲဒီနေ့မှာ ဘုရားကျောင်းတက် ၀တ်ပြုအပြီး အိမ်ပြန်ရောက်တာနဲ့ ထုံးစံအတိုင်း ထမင်း၊ ဟင်း ချက်ပြုတ်ခြင်းနဲ့ တနေ့တာ အားလပ်ရက် ကုန်ဆုံးသွားပြန်ပါတယ်။

အိန္ဒိယနိုင်ငံ၊ အရှေ့မြောက်ဒေသမှာ ရှိတဲ့ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့မှာ သူမလို အိမ်ဖော် ၀င်ရောက်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား စုစုပေါင်း ၁၀၀၀ ထက်မနည်း ရှိပါတယ်။ အများစုဟာ ချင်းလူမျိုးတွေဖြစ်ပြီး၊ အိန္ဒိယနယ်စပ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နဲ့ ချင်းပြည်နယ်က လာကြပါတယ်။

အိမ်ဖော် လုပ်ငန်းမှာ ၀င်ရောက်လုပ်ကိုင်သူတွေရဲ့ ပျမ်းမျှလစာဟာ တလမှာ ရူပီး ၈၀၀ ကနေ ၁၂၀၀ အထိ ပုံမှန် ရရှိကြပါတယ်။ နေ့တွက် စရိတ်နဲ့ တွက်ကြည့်ရင် တနေ့ ရူပီး ၃၀ သာသာ ရှိတဲ့အတွက် ကမ္ဘာမှာ လုပ်အားခ အနည်းဆုံး ရရှိကြသူတွေလို့လည်း ပြောနိုင်ပါတယ်။

ခုလို အိမ်ဖော် လုပ်ကိုင်သူတွေထဲမှာ မြန်မာပြည်က တက္ကသိုလ်နဲ့ ကောလိပ်အဆင့်ရှိသူ ကျောင်းသူတချို့လည်း ရှိကြပါတယ်။ ကျောင်းဆက်တက်နိုင်ရေးအတွက် လိုအပ်တဲ့ ကျောင်းစရိတ်တွေကို အိမ်ဖော် လုပ်ရင်း ရှာဖွေစုဆောင်းနေရတာပါလို့ ကလေးမြို့နယ်၊ ပျဉ်းတော်ဦး ရွာက ချင်းအမျိုးသမီး ပွီးသဲက အခုလို ပြောပြပါတယ်။

“တက္ကသိုလ်လည်း ဆက်တက်ချင်တယ်။ အိမ်ကလည်း အဆင်မပြေဘူး ဆက်မထားနိုင်တော့ဘူးလို့ ပြောတယ်။ ဒါနဲ့ ကျမလည်း ဒီဘက်ကို လာပြီး ကျောင်းစရိတ် အတွက် အလုပ် လာလုပ်နေရတာပါ” ဟု သူမ အခြေအနေကို ပြန်ပြောပြနေသည်။

သူမဟာ လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်က ၁၀ တန်းစာမေးပွဲ အောင်မြင်ခဲ့သူ ဖြစ်ပေမယ့် မိသားစု စားဝတ်နေရေးခက်ခဲမှုကြောင့် တက္ကသိုလ်ပညာ ဆက်လက်သင်ကြားဖို့ အရေးကို ခေတ္တ ရပ်နားလိုက်ရတာပါ။

ပြည်ပမှာ အိမ်ဖော် လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဘ၀ဟာ လုံခြုံမှုမရှိတဲ့အပြင် ကြိမ်ဖန်များစွာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု များလည်း ကြုံတွေ့နေကြပါတယ်။

လွန်ခဲ့တဲ့၂၀၀၆ ခုနှစ်က၊ အိုင်ဇောလ်မြို့၊ ဇာကော့တ် ရပ်ကွက်၊ မိသားစုအိမ်တခုမှာ အိမ်ဖော် လုပ်နေတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့ ဇာတိဖြစ်တဲ့ ဘွဲနိုက်ဆုန်း အသက် (၁၉)နှစ် ကို ဒေသခံတဦးက သတ်ဖြတ်ခဲ့ပါတယ်။

အဲဒီအဖြစ်ပျက်ဟာ လက်ရှိ အိမ်ဖော်လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီးတွေအတွက် ခြိမ်းခြောက်မှု တခုဖြစ်နေသည့်အပြင်၊ စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ ကျန်ခဲ့တဲ့ မိသားစုတွေရဲ့ စားဝတ်နေရေးအတွက် တွေးကာ အရဲစွန့်ပြီး လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးအခြေအနေမတည်မငြိမ်မှု ဂယက်ကြောင့် အဖက်ဖက်က ချို့တဲ့နေတဲ့ ပြည်သူလူထုတွေဟာ ပိုမိုဆိုးရွားလာတဲ့ အခြေအနေကို လတ်တလော ဖြေရှင်း နိုင်ရေး အတွက် နီးစပ်ရာ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြီး အလုပ်လုပ်ကြပါတယ်။

မြန်မာ့ အိမ်နီးခြင်းနိုင်ငံ၊ မီဇိုရမ်ပြည်နယ် မှာ ဒေသထွက်ကုန်ဆိုလို့ ၀ါး၊ ဂျင်းနဲ့ ငရုတ်သီး စတဲ့ သီးနှံတွေသာ ထွက်ပါတယ်။ ဒါပေမယ့် အိမ်တိုင်းလိုလိုမှာ လျှပ်စစ် အသုံးအဆောင်တွေဖြစ်တဲ့ တီဗီ၊ ရေခဲသေတ္တာတွေကို တွေ့နိုင်ပါတယ်။

မိသားစု တစုမှာ အစိုးရ၀န်ထမ်း တယောက်ရှိရင် အပိုဝင်ငွေ မရှိခဲ့ရင်တောင် မိသားစု စားဝတ်နေရေးက အဆင်ပြေနေပြီး၊ အသင့်တင့် နေနိုင်တာကို တွေ့နိုင်ပါတယ်။

အခုလို ဖြစ်နေတာဟာ ဒီမိုကရေစီကိုအခြေခံထားတဲ့ နိုင်ငံဖြစ်နေတာက တကြောင်း၊ ပြည်နယ်ကို အုပ်ချုပ်တဲ့ အစိုးရခေါင်းဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် လို့လည်း ယေဘုယျ ထင်မြင်သုံးသပ်နိုင်ပါတယ်။

တချိန်က သယံဇာတပေါကြွယ်ဝပြီး၊ ချမ်းသာတဲ့ နိုင်ငံအဖြစ် ကျော်ကြားခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် နိုင်ငံရေးက မတည်ငြိမ်၊ ကုန်ဈေးနှုန်းက တရိပ်ရိပ်တက်၊ ရရှိတဲ့ လစာနဲ့ မမျှတဲ့အတွက် လူထုဟာ ဆင်းရဲတွင်းထဲ ရောက်နေပါတယ်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၅ သောင်းကနေ ၁ သိန်းအကြား ရှိတယ်လို့ လူ့အခွင့်အရေး အစီရင်ခံစာတချို့မှာ ဖော်ပြထားပါတယ်။

လက်ရှိ မီဇိုရမ်ပြည်နယ်ကိုရောက်လာကြတဲ့ မြန်မာနိုင်ငံသားအများစုတွေဟာ နေ့စားအလုပ်တွေဖြစ်တဲ့၊ စားပွဲထိုး၊ လွှဆွဲ၊ အိမ်ကူ၊ ယက်ကန်း၊ အရက်ချက် စတဲ့လုပ်ငန်း တွေမှာ ၀င်ရောက် လုပ်ကိုင်နေကြပါတယ်။

ကျောင်းပညာ သင်ယူတဲ့အရွယ်မှာ တိုင်းတပါးကိုထွက်ခွာပြီး မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြတဲ့ လူငယ်တွေဟာ အမှန်တကယ်တော့ အတောင်မစုံခင် မိခင်အသိုက်အမြုံကို စွန့်ပြီး မိုးပေါ်ပျံသန်းနေကြတဲ့ အပျံသင်စ ငှက်တွေလိုပါပဲ။

စစ်မုန်းလူ

ငွေကြေးအတွက် ပစ်မှတ်ဖြစ်လာသော ဒုက္ခသည်


မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ပြည်တွင်းစစ်မီးနဲ့ နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနေမှုတို့ကြောင့် နည်းမျိုးစုံနဲ့ အိမ်နီးချင်း နိုင်ငံတွေကို ရောက်ရှိလာကြတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ အနာဂတ် ဟာ နေဝင်ချိန်ကို ရောက်ရှိနေပါပြီ။
ပြည်တွင်းအစိုးရနဲ့ ပြည်ပအတိုက်အခံတွေကြား အခြေအနေ ပျက်ခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေဟာ သူတို့ရဲ့ ဘဝ ကိုယ်စီကို အသစ် တဖန် ပြန်လည် တည်ဆောက်နိုင်ရေးတွက် ကုလသမဂ္ဂ ဒုက္ခသည် များ ဆိုင်ရာ မဟာမင်းကြီး ရုံး (UNHCR) တခုတည်းကိုပဲ အားကိုးမှီခို နေခဲ့ရတာပါ။
ဒီလိုယုံကြည်အားထားနေရတဲ့ UNHCR ရဲ့ မြန်မာဒုက္ခသည်တွေအပေါ် စာနာကူညီလိုစိတ်ဟာ ဝိသမ လောဘသား မြန်မာ တချို့ကြောင့် အခွင့်အရေးတွေ ဆုံးရှုံး လုမတတ် ဖြစ်နေပြီးတော့ ဒုက္ခသည်တွေရဲ့ အနာဂတ် ဘဝသစ် တည်ဆောက်ရေး မျှော်လင့်ချက်တွေ ဟာလည်းပဲ မကြာခင်မှာ အိပ်မက်တခုလို ပျောက်ကွယ်သွား ရပါတော့မယ်။
ကြမ်းတမ်းလှတဲ့ လမ်းခရီးတွေကို အသက်စွန့်ပြီး နယ်စပ်အသီးသီးကို ကျော်ဖြတ်လာခဲ့ကြတဲ့ မြန်မာဒုက္ခသည် တွေဟာ ဒေသခံ အစိုးရရဲ့ အိမ်ပြန်ဖို့ ဖိအားပေးသံကို ရင်တမမနဲ့ စောင့်နေကြရပါပြီ။ ဘဝတစ်ခု အသစ်ကနေ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်ဖို့ ဆိုပြီး ရည်ရွယ်ဖွဲ့စည်းထားကြတဲ့ ဒုက္ခသည်ကိုယ်စားပြု ရုံးတွေရဲ့ ရည်ရွယ်ချက်ဟာ ဖွဲ့စည်းခဲ့စဉ်ကနဲ့ မတူတော့ဘဲ ငွေကြေးကို အခြေခံ ဝိသမလောဘတွေ တက်လာတာကို တွေ့လာရပါတယ်။
ဒုက္ခသည်အချင်းချင်း ကူညီရိုင်းပင်းရမယ့် အနေအထားကနေ နည်းမျိုးစုံနဲ့ ရောက်ရှိလာကြတဲ့ ဒုက္ခသည်တွေကို အသုံးချပြီး ကိုယ်ကျိုးရှာ ကြီးပွားမှုကိုသာ ရှေးရှုလာကြပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြဌာန်းထားတဲ့ စည်းကမ်းချက်တွေထဲမှာ တတိယနိုင်ငံ ထွက်ခွာဖို့နဲ့ ဘဝတခု ပြန်လည်နေရာချထားရေး စ၊ လယ်၊ ဆုံး ဆောင်ရွက်ချက်ဟာ အခမဲ့သာ ဖြစ်ပါတယ်။ ဒီဘောင်စည်းမျဉ်းကို ကျော်လွန်ပြီးတော့ ဒုက္ခသည် ကိုယ်စားပြုရုံးတွေဟာ UNHCR Registration တွက် ဒုက္ခသည် တစ်ဦးဆီကနေ မလေးရင်းဂစ်ငွေ ၅၀၀ ကနေ ၁၀၀၀ အထိ တောင်းယူနေကြတာကို တွေ့ရပါတယ်။
မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ မြန်မာဒုက္ခသည်တွေရဲ့ ဘဝလုံခြုံမှုကို ရရှိစေမည့် တစ်ခုတည်းသော UNHCR ရဲ့ အထောက်အထား ရဖို့အတွက် သူတို့အနေနဲ့ ပေးနေရတာပါ။ ဒါကို သိသိလျက်နဲ့ စီးပွားရေး ဆန်ဆန် ပြုလုပ်နေကြတာဟာ ဒုက္ခသည်အချင်းချင်း ကူညီရိုင်းပင်းနေတာ မဟုတ်ဘဲ ရက်စက်နေတာလို့ ပြောရင် လွန်မယ် မထင်ပါဘူး။
အဲဒီလို ရရှိလာခဲ့တဲ့ သောင်းပေါင်းများစွာသော ရင်းဂစ် ငွေကြေးတွေဟာ မလေးရှားနိုင်ငံကို ရောက်ရှိနေကြတဲ့ ဒုက္ခသည် မြန်မာတွေရဲ့ ငွေကြေးသာ ဖြစ်ပြီးတော့ သူတို့အနေနဲ့ ထိန်းသိမ်းပေးခြင်းသာ ဖြစ်တယ်လို့ ယုံတမ်း စကားကို ပိပိရိရိ ပြောဆိုနေကြပါတယ်။ တကယ်တမ်း မလေးရှားနိုင်ငံမှာ ထောင်၊ ကမ့် တွေထဲမှာ ထိန်းသိမ်းခံ နေရတဲ့ ဒုက္ခသည် မြန်မာတွေကို ဘာတခုမျှ ကူညီထောက်ပံ့ပေးမှု မရှိကြပါဘူး။
ဒါပေမယ့်လည်း တောမီးလောင် သားကောင်ချနင်း ဆိုသလိုမျိုး အဖြစ်ပျက်တွေက ဒုက္ခသည်တွေအဖို့ ရင်နာ စရာ ကောင်းလွန်းပါတယ်။
ဒီကြားထဲမှာ UNHCR ရဲ့ မြန်မာဒုက္ခသည်တွေအပေါ် ထားရှိတဲ့ စေတနာမေတ္တာကို ခမ်းစေတဲ့ လုပ်ရပ်တွေကိုလည်းပဲ မြန်မာဒုက္ခသည်တွေကပဲ ဆက်တိုက်လုပ်ဆောင်လာကြတာကို တွေ့ရှိရပါတယ်။ တတိယနိုင်ငံထွက်ခွာဖို့ စောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည်တွေထဲက တချို့ဟာ UNHCR ရဲ့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု ကဒ်ပြားတွေကို အတုထုတ်လုပ်ပြီး တစ်ကဒ်ကို မလေးရင်းဂစ် ၂၀၀ နဲ့ ၃၀၀ ကြား ရောင်းချနေကြသလို ဘယ်နိုင်ငံကမှ ခွင့်မပြုတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားမှုတွေကို ကျူးလွန် နေကြပါတယ်။
နည်းမျိုးစုံနဲ့ မလေးရှားကို နေ့စဉ်လိုလို ဝင်ရောက်လာကြတဲ့ မြန်မာဒုက္ခသည်

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး မြန်မာအစိုးရသစ် ဂရုစိုက်သင့်


  (က)
နှစ်ပေါင်း (၃၀) ၀န်းကျင် အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေထိုင်သူပေါင်း သန်းချီပြီး ရောက်ရှိ နေကြသည်ကို မည်သူမှ ငြင်းချက် မထုတ်နိုင်။ ဒီကာလတွေမှာ လုပ်ငန်းခွင် အသီးသီး၊ နေရာ အသီးသီးမှာ သေသင့်လို့ သေသွားသူများ ရှိမှာဖြစ်သလို အကြောင်းမဲ့ သတ်ဖြတ်ခံရ တာတွေက ဘယ်လောက် အထိ ရှိခဲ့ပြီ ဆိုတာလည်း မည်သူမှ မသိနိုင်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကာယဉာဏ ကို တန်ဘိုး ထားရကောင်း မသိတဲ့ ထိုင်းနဲ့ မြန်မာ စစ်အစိုးရတို့ရဲ့ တာဝန်မဲ့ခဲ့မှု လျစ်လျူ ရှုမှုတွေကြောင့် ယနေ့တိုင် ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတဲ့ တိကျ၊ နီးစပ်တဲ့ အရေအတွက်ကို မသိရှိနိုင် ဖြစ်တာကိုလည်း အများသိပြီး ဖြစ်တယ်။
မကြာသေးခင်က နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများအဖွဲ့ IOM နဲ့ ထိုင်းအစိုးရတို့ တရားဝင် ထုတ်ပြန် ကြေညာချက်ထဲမှာ (၂၀၁၀) ခုနှစ်က ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ၊ ကမ္ဘောဒီယားနဲ့ လာအို နိုင်ငံတို့က တရားဝင် မှတ်ပုံတင်ခဲ့သော အလုပ်သမားပေါင်း (၉၃၂,၂၅၅ ) ဦးရှိခဲ့တယ်။ ဒါပေမယ့် (၂၀၁၁) ခုနှစ် ဖေဖေါ်ဝါရီလ အထိ နောက်ဆုံး စာရင်းအရ (၅၅၀,၀၀၃) ဦး မှတ်ပုံတင် လုပ်ထားပြီး ဖြစ်တယ်လို့ ဖေါ်ပြ ထားပါတယ်။ ဒီအထဲ မြန်မာ (၃၅၂,၇၄၈) ဦး ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့် မှန်း ထားချက်တွေအရ ထိုင်းနိုင်ငံ အတွင်းမှာ တရားဝင် နေထိုင် အလုပ်လုပ် ကိုင်ခွင့် ရှိသူရော မရှိသူပါ သုံးသန်းထက် မနည်း ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။ ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အထဲ မြန်မာ အလုပ်သမားက (၉၀) ရာခိုင်နှုန်း ရှိတယ်လို့လည်း ပြောကြပါတယ်။
(ခ)
ထိုင်းနိုင်ငံရဲ့ အခင်းအကျင်းကို ခြုံငုံ ပြောရမယ် ဆိုရင် ဘုရင်ကို ပြောဆို တိုက်ခိုက်တာ တစ်ခုက လွဲရင် အကုန်လုံး ဖွင့်ထားတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုကို အထူး ကြိုဆို အားပေးတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ ၀န်ဆောင်မှုတိုင်းမှာ ဆက်နွယ်သူ ဟူသမျှကို စိတ် ကျေနပ် စေပါတယ်။ တောနေ လူတန်းစားတွေဖြစ်တဲ့ တောင်သူ လယ်သမားတွေ သက်သာ ချောင်ချီရေးနဲ့ မသင်မနေရ အခမဲ့ မူလတန်း ပညာတန်း သင်ကြားရေး စံနစ် သတ်မှတ်ထားတယ်။ အခြားသော လူသားတန်ဘိုးထားမှုတွေကို နိုင်ငံတကာ

Tuesday, May 3, 2011

မြန်မာနိုင်ငံသား ၄၀ ကျော် မီဇိုရမ်ရဲကထပ်ဖမ်း

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် မြန်မာနိုင်ငံသား အယောက် ၄၀ ကျော်ကို မီဇိုရမ်ရဲများက ယနေ့ ထပ်မံဖမ်းဆီးလိုက်သည်ဟုသိရသည်။
အိုင်ဇောလ်မြို့ပေါ် Chawlhhmun ရပ်ကွက်တွင် အိမ်ငှါးပြီးနေထိုင်နေကြသည့် မြန်မာနိုင်ငံမှ ချင်းလူမျိုး အယောက် ၃၀ ခန့်ကို ရပ်ကွက်ကောင်စီအဖွဲ့၊ ရပ်ကွက်လူငယ်အဖွဲ့နှင့် vaivakawn ရဲများကပူးပေါင်းပြီး ယနေ့နံ နက်ပိုင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
“ဘာကြောင့်ဖမ်းတာလဲဆိုတာတော့အတိအကျမသိရဘူး၊ ရပ်ကွက်ကောင်စီအဖွဲ့ နှင့်

လွတ်ငြိမ်းချမ်းသာခွင့် မကြာခင် ပေးဖွယ်ရှိ

2011-05-02
အစိုးရသစ် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်က လာတဲ့ AFP သတင်းတရပ်က ဖော်ပြပါတယ်။
Photo: AFP
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဦးဆောင်ကာ မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတခု အဖြစ် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါပေမဲ့ အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပါမပါတော့

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ