.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Wednesday, June 8, 2011

ဦးဝင်းတင်နဲ့ မေးခွန်းများ

မျက်မှောက်ရေးရာ - အင်တာဗျူး(မိုးမခ မှ ကူးယူဖော်ပြသည်)
Tuesday, 07 June 2011
လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့အတူ ယှဉ်တွဲပြီး ရှိရတယ်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ၊ ဇွန် ၈၊ ၂၀၁၁
ယမန်နေ့ နေ့ခင်း ဆရာဦးဝင်းတင် နေ့စဉ်ဆေးခန်းပြ ဆေးကုသမှုကအပြန် နေအိမ်မှာ ခေတ္တတွေ့ဆုံ စကားပြောခွင့်ရတယ်။ ခြေထောက်က အနာတွေ သက်သာတယ်ဆိုပေမယ့် အာရုံကြော နာကျင်ကိုက်ခဲမှုတွေက ရှိနေတုန်းပဲ။ သူက သူရဲ့ အိုခြင်း၊ နာခြင်း ဒုက္ခတွေကို မပြောဘူး၊ ပြောတာလဲ ကြိုက်ပုံမရဘူး။ သူ လက်ရှိ သွားလာလှုပ်ရှားမှုတွေဟာ ဝေဒနာကြောင့် ကန့်သတ်ခံထားရချိန်၊ အင်န်အယ်ဒီပါတီရုံးကို နေ့စဉ် ရုံးဆင်း ရုံးတက် လုပ်ခွင့်မသာဘဲ နေအိမ်မှာ အနားယူနေရချိန်ကို အခွင့်ကောင်းယူပြီးတော့ ဒေါ်စု ခရီးသွားမယ် ဆိုတဲ့ ကိစ္စကို မေးဖြစ်တယ်။

ဒေါ်စုက ခရီးထွက်မယ်လို့ ပြောလဲ ပြောလိုက်ကော တော်တော်ကို တုန့်ပြန်ချက်တွေ မျိုးစုံကြားရတယ်။ စိုးရိမ်တာတွေ၊ ၀မ်းသာတာတွေ၊ ကြိုဆိုတာတွေ အများကြီး ကြားရတယ်။ ရန်ကုန်မှာ၊ နယ်မှာ၊ ပြည်တွင်း ပြည်ပမှာ အစုံပဲ ကြားရတယ်။ မက်ကိန်းနဲ့ တွေ့အပြီး သတင်းထောက်တွေကလည်း မေးကြတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဆရာက ဘယ်လို ထင်မြင်ချက်ရှိသလဲ။
လူထုဆီက တိုက်ရိုက်အသံကို နားထောင်ကြည့်တော့ ကြိုဆိုမှုနဲ့ စိုးရိမ်မှု ၂ ခု ဖြစ်လာတာ တွေ့ရတယ်။ ကြိုဆိုမှုကတော့ ဘာမှထူးပြီး ပြောစရာမရှိဘူး။ လူထုနဲ့ ဒေါ်စုဟာ တိုက်ရိုက်တွေ့ဆုံတာတွေ ကင်းကွာနေတာ ကြာပြီ။ လူထုက ဒေါ်စုကို တွေ့ဆုံလိုတယ်၊ ကြိုဆိုလိုတယ်။ ဒါဟာ လူထုခေါင်းဆောင်တဦးနဲ့ လူထုကြားမှာ မဆန်းပါဘူး။ ကြိုဆိုကြမှာပဲ။ လှိုက်လှဲ ၀မ်းသာစွာ ကြိုဆိုကြမှာပဲ။ သဘာဝကျတဲ့ ကိစ္စပါပဲ။
ဒါပေမယ့် စိုးရိမ်မှုမှာကတော့ အရေးကြီးတဲ့ အချက်တခု ဖြစ်လာတယ်။ ၀ိဝါဒလို ဖြစ်လာတယ်။ တချို့က ဘယ်လောက်တောင် ပြင်းပြင်းထန်ထန်ပြောသလဲဆိုတော့ လုပ်ကြံခံရရင် ခင်ဗျားတို့ တာဝန်ခံမလားလို့ ပြောကြတယ်။ နောက်ပြီးတော့ ဒေါ်စုကို လုပ်ကြံဖို့ အန္တရာယ်တွေ ရှိသေးတယ်။ ခင်ဗျားတို့ကိုယ်တိုင် ခိုင်မာအောင် လုပ်ပါဦး။ ဘာတွေ စီမံတာတွေ ရှိလို့လဲလို့ မေးလာကြတာတွေ ရှိတယ်။ အစိုးရကကော အာမခံမှာ မို့လားဆိုပြီးတော့ မေးလာကြတာတွေလည်း ရှိတယ်။
"ဆိုတော့ ဒီလိုမျိုး စိုးရိမ်တာတွေ၊ ကြိုဆိုတာတွေက ဟိုတုန်းကကော ပေါ်ခဲ့တာလား၊ အယင်တုန်းကကော မရှိခဲ့ဘူးလား ဆရာ"
ဒါမျိုးတွေက လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်တုန်းကတည်းက၊ ၈လေးလုံး ကာလမှာကတည်းက ရှိခဲ့တာပဲ ဆိုတာကို ကျနော်က မီးမောင်းပြန်ထိုးပြချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုနဲ့ ပထမဦးဆုံး ထိတွေ့ပြီး ဟောပြောမယ်၊ စသည်ဖြင့် စီစဉ်ကြတုန်းကလည်း တချို့အနီးမှာ ရှိတဲ့သူတချို့က ခင်ဗျားတို့ အာမခံမလား။ ပစ်သတ်ရင် ဘယ်လိုလုပ်မလဲလို့ ပြင်းပြင်းထန်ထန် ပြောကြတာတွေ

ကရင်ပြည်နယ် ထိုးစစ်အတွက် မြန်မာစစ်တပ် စတင် တပ်စွဲ


 
ကရင်ပြည်နယ် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည့် ကရင်ပူးပေါင်း တပ်ဖွဲ့များကို အပြီးပြတ် သုတ်သင်မည့် မိုးတွင်းကာလ အထူးစစ်ဆင်ရေး တရပ် ပြုလုပ်ရန် တပ်မ ၂၂ လက်အောက်ခံ ဗျူဟာတခု ၎င်းဒေသအတွင်း ၀င်ရောက်တပ်စွဲထားသည်ဟု သိရသည်။

mwd-car
မြ၀တီ-ကော့ကရိတ် တရက်ခြားပြေးဆွဲနေသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)

မြ၀တီခရိုင် အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက “အရှေ့တောင်တိုင်းက တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၃ ရင်း ကော့ကရိတ် တောင်ဘက်ခြမ်းမှာရှိတဲ့ဒေသနဲ့ ကြာအင်းဆိပ်ကြီး နယ်စပ်ဘက်ကို ဒီရက်ပိုင်းမှာပဲ တက်သွားတယ်။ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းရဲ့အမိန့်နဲ့ မကြာခင်မှာ ဒီစစ်ဆင်ရေးကို စတော့မှာဖြစ်တယ်။ ဘားအံကိုရောက်နေတဲ့ နေပြည်တော်က ကာကွယ်ရေးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ဗိုလ်ချုပ် သက်နိုင်ဝင်းက

အလုပ်သမားလက်မှတ် အစီအစဉ် ထိုင်းအာဏာပိုင်များ ရှင်းလင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လာမယ့် ဇွန်လ ၁၅ ရက်နေ့က စတင် အသစ် ဖွင့်လှစ်ပေးမယ့် အလုပ်သမား လက်မှတ် အစီအစဉ်နဲ့ ပတ်သက်လို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ILO အရာရှိများ NGOs များ၊ ရွှေ့ပြောင်း အလုပ်သမား အရေး လုပ်ဆောင်နေကြတဲ့ လူထု အခြေပြု အဖွဲ့အစည်းများ ပါဝင်တဲ့ လုပ်ငန်းစဉ် ရှင်းလင်းပွဲ တခုကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
(Photo: AFP)
ထိုင်းနိုင်ငံတွင် အလုပ်လုပ်မည့် မြန်မာနိုင်ငံမှ အလုပ်သမားများ နယ်စပ်ဂိတ်တွင် စောင့်ဆိုင်းနေပုံ ဖြစ်ပါသည်။ မြန်မာ အလုပ်သမား အများစုသည် တရားဝင် စာရွက်စာတမ်းမရှိပဲ ထိုင်းနိုင်ငံထဲတွင် နေထိုင် အလုပ်လုပ်နေကြသည်။ (Photo: AFP)
အစည်းအဝေးကို ဘန်ကောက်မြို့ ဆူကွန်ဗစ် ဒေသရှိ ရမ်းဘရင့် ဟော်တယ်မှာ ပြုလုပ်ခဲ့တဲ့

Tuesday, June 7, 2011

အလုပ်အကိုင်ကြေငြာများ

အလုပ်အခွင့်အလမ်းများ အလွယ်တကူရှာဖွေနိုင်ရန် ‘အခွင့်အလမ်းဂျာနယ်’မှ ကူးယူးဖော်ပြပါသည်။
အမှတ်(၁၁၁၇-D)၊ ရွှေနှင်းဆီ(၅)လမ်း၊ ၉မိုင်၊ ဖုန်း - ၆၆၇၀၉၇၊ ၆၅၆၁၁၂။
Engineer      ကျား (၁) ဦး
- အသက် ၂၅ နှစ်အထက်
- B.E(Civil)၊ ဆောက်လုပ်ရေးလုပ်ငန်းအတွေ့အကြုံရှိရမည်။
Sales and Maketing Manager     ကျား/မ (၂) ဦး
- အသက် ၂၅ နှစ်အထက်
- Construction Material Distribution အတွက် လုပ်ငန်းအတွေ့အကြုံ ရှိသူဖြစ်ရမည်။
Secretary     မ (၂) ဦး
- အသက် ၂၃ နှစ်အထက်
- ဘွဲ့တစ်ခုခုရရှိပြီး အနည်းဆုံး လုပ်ငန်းအတွေ့အကြုံ ၅ နှစ်ရှိရမည်။ Microsoft Office, Excel, Email, lnternet အသုံးပြုနိုင်ပြီး အင်္ဂလိပ်စာ ရေး၊ ဖတ်၊ ပြော ကျွမ်းကျင်ရမည်။
Admin Assistant      မ (၁) ဦး
- အသက် ၂၀-၂၅ နှစ်အတွင်း
- ဘွဲ့တစ်ခုခုရရှိပြီး Microsoft Office (အင်္ဂလိပ်-မြန်မာ)၊ Excel အသုံးပြုနိုင်ရမည်။ ရုံးတွင်း ရုံးပြင် လိုက်လျောညီထွေစွာ ပြောဆိုဆက်ဆံတတ်ရမည်။
Assistant Account မ (၁) ဦး
- အသက် ၂၀-၂၅ နှစ်အတွင်း
- ဘွဲ့တစ်ခုခုရရှိပြီး LCCl Level 2 အောင်မြင်ပြီး သူဖြစ်ရမည်။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၂နှစ်ရှိရမည်။
Driver    ကျား (၂) ဦး
- အသက် ၂၅ နှစ်အထက်
- လိုင်စင်အနီရောင်ကိုင်ထားသူ၊ ကားကြီးများမောင်းသည့်အတွေ့အကြုံ ရှိရမည်။
လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်၊ ပညာအရည်အချင်းထောက်ခံချက်၊ ဓာတ်ပုံ ၂ပုံ၊ မှတ်ပုံတင်မိတ္တူ၊ ရဲစခန်းထောက်ခံစာ မူရင်းနှင့်အတူ (၁၄-၆-၂၀၁၁) နောက်ဆုံးထား၍ လူကိုယ်တိုင်လာရောက်လျှောက်ထားနိုင်ပါတယ်။

Elegant Myanmar Tours Co.,Ltd

အလုပ်အခွင့်အလမ်းများ အလွယ်တကူရှာဖွေနိုင်ရန် ‘အခွင့်အလမ်းဂျာနယ်’မှ ကူးယူးဖော်ပြပါသည်။
No.(20), Building (D), Upper Foor, Mya Yiek Nyo Hotel Compountd, Pa-Le Road, Bahan Township. Ph: 548310-7(Ext.2242)
၁။ စာရင်းကိုင်   F (1) Post
၂။ ရုံးဝန်ထမ်း   M (1) Post
၃။ ကိုရီးယားစကားပြန်   M/F (1) Post
၎။ ကိုရီးယား ဧည့်လမ်းညွှန် On Call Guides များလည်း လျှောက်ထားနိုင်ပါသည်။
အမှတ်စဉ် (၁)အတွက် လုပ်ငန်းအတွေ့အကြုံ (၂)နှစ်အထက်ရှိရမည်။
အမှတ်စဉ် (၂)အတွက် လုပ်ငန်းအတွေ့အကြုံမလို ဆယ်တန်းအောင်ဖြစ်ရမည်။
အမှတ်စဉ် (၃)အတွက် ဧည့်လမ်းညွှန်လိုင်စင်ရှိရမည်။
Web Designer   M/F (1) Post
Job Requirements
- Strong in HTML/CSS Layout Skill+Design tools such as photos
- Competent in Javascript and its framework such as JQuery
- Prior work experience is not necessary, but will be added advantage
- Other programming knowledge such as OHP will be added advantage.
Closing date (14-6-2011).

Top Partner Co.,Ltd

အလုပ်အခွင့်အလမ်းများ အလွယ်တကူရှာဖွေနိုင်ရန် ‘အခွင့်အလမ်းဂျာနယ်’မှ ကူးယူးဖော်ပြပါသည်။
Room No.(720), 7th Floor, A-Block, Nyaung Pin Lay Plaza, Lanmadaw Township. Ph: 216185, 211233.
Marketing   M/F (8) Posts
-သွက်လက်ချက်ချာ၍ စကားပြောကောင်းသူ ဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
Office Staff    M/F (2) Posts
- ကွန်ပျူတာစာစီစာရိုက် ကျွမ်းကျင်ရမည်။ (အင်္ဂလိပ်၊ မြန်မာ)
• Chinese Translator   M (3) Posts
• Mechanic    M (2) Posts
- စက်ပစ္စည်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။
လျှောက်ထားသူများသည် အကျင့်စာရိတ္တကောင်းမွန်သူများ ဖြစ်ရမည်။ CV ဓာတ်ပုံ (၁)ပုံ၊ ကျွမ်းကျင်မှုဆိုင်ရာ အသိအမှတ်ပြု လက်မှတ်များ လိုအပ်သော အထောက်အထား စာရွက် များနှင့် အတူ (၁၅-၆-၂၀၁၁) နေ့ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လျှောက်ထားနိုင် ပါသည်။

IT (Elite Tech IT Services Co.,Ltd.)

အလုပ်အခွင့်အလမ်းများ အလွယ်တကူရှာဖွေနိုင်ရန် ‘အခွင့်အလမ်းဂျာနယ်’မှ ကူးယူးဖော်ပြပါသည်။
Block (c), Room No.CF-02/04,Conor of Sayar San St., and Kabar Aye Pagoda Road, Pearl codominium, Bahan Tsp., Ph: 400950, 400951.
1. Linux Asministrator     M/F (2) Posts

မြန်မာ့ကုန်သွယ်ဖက်နိုင်ငံများရဲ့ ငွေကြေးရက်သတ္တပတ်

ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် အာရှဒေသတွင်းရှိ ဗဟိုဘဏ်တွေက
ဗဟိုဘဏ် အတိုးနှုန်းတွေကို မြှင့်တင်ပေး ထားတဲ့အတွက် ဒေသတွင်းရှိ အက်ဆက် တွေရဲ့ ဝယ်လိုအားမြင့်မားနေပါတယ်။ ဒါကြောင့် အာရှငွေကြေးတွေဟာ တတိယမြောက် ရက်သတ္တပတ်အဖြစ် တန်ဖိုးဆက်လက်မြင့်တက်နေပါတယ်။

တရုတ်ယွမ်

ဇွန် ၃ရက်နေ့က အမေရိကန်ဒေါ်လာနဲ့ ဖလှယ်ရာမှာ သုည ဒဿမ ၄ ရာခိုင်နှုန်း မြင့်တက် ပြီး တစ်ဒေါ်လာကို ၆ ဒဿမ ၄၈၄၆ ယွမ်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားငွေ ဖလှယ် ရောင်းဝယ်ရေးအဖွဲ့ရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။ ဇွန် ၁ရက်က ယွမ် ငွေကြေးရဲ့ ဗဟိုဘဏ် ဗဟိုနှုန်းက တစ်ဒေါ်လာကို ၆ ဒဿမ ၄၈၃၇ နှုန်းထိ ရောက်ရှိ ပြီး တစ်ခါမျှမကြုံသေးဘူးတဲ့နှုန်းနဲ့ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
အိန္ဒိယရူပီး
အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်တွေနဲ့ ဘဏ်တွေရဲ့ ဝယ်လိုအားက ထပ်မံမြင့်တက်လာတဲ့ အတွက် ပင်လယ်ရပ်ခြားဒေသမှာ ဒေါ်လာတန်ဖိုးမြင့်တက်တာတွေကြောင့် ဇွန် ၃ရက် မနက်ပိုင်းက ဈေးကွက်မှာ ရူပီးတန်ဖိုးက သုည ဒဿမ ၀၈ ရူပီးနှုန်းကျဆင်းပြီး တစ် ဒေါ်လာကို ၄၄ ဒဿမ ၉၀ ရူပီးနှုန်းဖြစ်ခဲ့ပါတယ်။
ဘဏ်အချင်းချင်းနိုင်ငံခြားငွေဖလှယ်ရေး အိတ်ချိန်းမှာ တစ်ဒေါ်လာကို ၄၄ ဒဿမ ၈၀ ရူပီးနဲ့ အနည်းငယ်မြင့်ခဲ့ရာမှာ တစ်ဒေါ်လာကို ၄၄ ဒဿမ ၈၅ ရူပီးနှုန်းနဲ့ တန်ဖိုးပြန်ကျခဲ့ ပါတယ်။
ဂျပန်ယန်း
အမေရိကန်ပြည်ထောင်စုရဲ့ ငွေဈေးနှုန်းအဆင့်နှုန်းကို ချလိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ စိုးရိမ်မှုနဲ့ စီးပွားရေးကိန်း ဂဏန်းတွေကျဆင်းမှုကြောင့် အမေရိကန်ဒေါ်လာဟာ ယူရို၊ ယန်းနဲ့ ဗြိတိသျှ စတာလင်ပေါင်တို့နဲ့ ဖလှယ်ရာမှာ တန်ဖိုးကျဆင်းခဲ့ပါတယ်။
ဂျပန်ယန်းငွေတန်ဖိုးဟာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ ဇွန် ၁ ရက်က တစ်ဒေါ်လာကို ၈၀ ဒဿမ ၉၂ ယန်းနှုန်း ရှိခဲ့ရာမှ ၂ ရက်နေ့မှာ တစ်ဒေါ်လာကို ၈၀ ဒဿမ ၈၈ ယန်းနှုန်း ထိရောက်ရှိပြီး ယန်းငွေတန်ဖိုးမြင့်တက်ခဲ့ပါတယ်။
မလေးရှားရင်းဂစ်
အမေရိကန်ပြည်ထောင်စုရဲ့ ကြွေးမြီကို လျှော့ချနိုင်ခြင်းမရှိရင် အမေရိကန်ပြည်ထောင်စုရဲ့ ချေးငွေအဆင့်ကို နှိမ့်ချမယ်လို့ Moody's Inverstors Service ကသတိပေးခဲ့ပါတယ်။ ဒါကြောင့် ရင်းနှီးမြှပ်နှံသူတွေရဲ့ ဒေါ်လာဝယ်လိုအား ကျဆင်းခဲ့တဲ့အတွက် မလေးရှား ရင်းဂစ်ရဲ့ တန်ဖိုးဟာ ယခုရက်သတ္တပတ်အတွင်းမှာ တစ်လအတွင်း အမြင့်ဆုံးနှုန်းကို ရောက်ရှိပါတယ်။
ကွာလာလမ်ပူမှာ မေ ၂ရက်နေ့ မနက် ၁၀ နာရီခွဲက ရင်းဂစ်ငွေကြေးတန်ဖိုးဟာ ဒေါ်လာနဲ့ ဖလှယ်ရာမှာ တစ်ဒေါ်လာကို ၃ ဒဿမ ၀၁၅၅ ရင်းဂစ်နှုန်း ဖြစ်ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ်
အမေရိကန်ပြည်ထောင်စုရဲ့ ချေးငွေအဆင့်ကို Aaa အဆင့်မှ လျှော့ချတော့မည့် အခြေ အနေကြောင့် ဒေါ်လာတန်ဖိုးကျဆင်းခဲ့တဲ့အတွက် ကိုရီးယား ဝမ်ငွေတန်ဖိုးဟာ ဧပြီလ အတွင်းရက်သတ္တပတ်အလိုက် အမြင့်ဆုံးအနေအထားကို ရောက်ရှိခဲ့ပါတယ်။
ဇွန် ၂ရက်နေ့ မနက် ၉ နာရီ ၅၁ မိနစ်က ဝမ်ငွေရဲ့ တန်ဖိုးက သုည ဒဿမ ၆ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၁၀၇၅ ဒဿမ ၆၀ ဝမ်နှုန်း ကို ရောက်ရှိခဲ့ပါတယ်။ ဧပြီ ၂၉ ရက်နောက်ပိုင်း အမြင့်ဆုံးနှုန်း ဖြစ်ခဲ့ပါတယ်။
ထိုင်းဘတ်
ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် ထိုင်းဗဟိုဘဏ်က ဗဟိုဘဏ်အတိုးနှုန်းကို မြှင့်တင်ပေးခဲ့တဲ့အပြင် ထပ်မံတိုးမြှင့်ပေးဦးမည့် အလားအလာတွေရှိနေပါတယ်။ ဒါကြောင့် ဘတ်ငွေတန်ဖိုးဟာ ဧပြီနောက်ပိုင်းမှာ ရက်သတ္တပတ်အလိုက် တိုးတက်မှုအမြင့်ဆုံး ဖြစ်ပါတယ်။
ထိုင်းဘတ်ငွေတန်ဖိုးမှာ ဇွန် ၂ရက် ညနေ ၃နာရီ ၁၃မိနစ်က ဘန်ကောက်ဈေးကွက်မှာ ယခုရက်သတ္တပတ်အတွင်း သုည ဒဿမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး တစ်ဒေါ်လာကို ၃၀ ဒဿမ ၃၃ ဘတ်နှုန်းရှိခဲ့ပါတယ်။

အင်တာနက်လုပ်ငန်းလိုင်စင်ကြေး ငါးသောင်းမှ သုံးသောင်းထိ လျှော့ချပေး

 မေ ၁၇ - မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ယူလိုက်ပြီဖြစ်သည့် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းလိုင်စင် (PAC) ကြေးကို ကျပ်နှစ်သောင်းခန့် လျှော့ပေါ့ ပေးလိုက်ကြောင်း သိရသည်။
“အရင်ကတော့ (PAC) လိုင်စင်ကြေးကို (MICT Pack) မှာ သွားဆောင်ရတာပါ။ အခုက တော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှာ သွားဆောင်ရတော့မယ်လို့ သိရပါတယ်။
လိုင်စင်ကြေး တစ်လနှစ်သောင်းလောက် သက်သာသွားရင် ဘာပဲပြောပြော တစ်နှစ်စာဆို အများကြီးကို သက်သာသွားမှာဆိုတော့ အဆင်ပြေတာပေါ့”ဟု တာမွေမြို့နယ်တွင် အင်တာနက်ဆိုင် ဖွင့်ထားသော ကိုဇေယျက ပြောသည်။
အဆိုပါ အင်တာနက်ဆိုင်များအတွက် (PAC) လိုင်စင်ကြေးများလျှော့ချပေးခြင်းအား မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ စတင်တာဝန်ယူလိုက်သည့် မေလမှစ၍ လျှော့ပေးခဲ့ခြင်း ဖြစ်ကာ (PAC) လိုင်စင်အသစ် စတင်လျှောက်ထားမည့်သူများကိုလည်း နေ့ချင်းပြီး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
“အများသုံး အင်တာနက်ဆိုင် ဖွင့်ထားတဲ့သူတွေဆိုရင် (PAC) လိုင်စင်ကြေးကို အရင်က တော့ တစ်လကို ကျပ် ၅၀၀၀၀ ဆောင်ရတယ်။ ကိုယ်ဆောင်နိုင်သလောက်ပေါ့။ တစ်နှစ် စာ၊ ခြောက်လစာ အဲဒီလိုဆောင်ရတာပါ။
အခု ၃၀၀၀၀ ဆိုတော့ အရင်ထက် ထက်ဝက်နီးပါးလောက်ပဲ ဆောင်ရမှာဆိုတော့ တစ်နှစ် စာလောက် ကြိုဆောင်သွားနိုင်တာပေါ့နော်”ဟု ကျောက်တံတားမြို့နယ်အတွင်း အင်တာနက် ဆိုင်ဖွင့်လှစ်ထားသော မမေသော်က ပြောသည်။

လျှပ်တပျက်ဂျာနယ်တွင် တင်ထားသော ဗိုလ်ချုပ်မိန်.ခွန်း

ပြည်သူချစ်သော ဗိုလ်ချုပ်အောင်ဆန်း


မြန်မာတိုင်း သတ္တိသွေးပြရန်အချိန် ဗိုလ်ချုပ်ကြီး ကာနယ်အောင်ဆန်းက မြန်မာပြည် တစ်ပြည်လုံးသို့ အသံလွှင့်ပြောဆိုချက် ကိုင်း အခုလက်တွေ့စမ်းကြည့်မယ်၊ ခုခင်ဗျားတို့ ဒီအခွင့်အရေးတွေရ တော့မယ်၊ယူကြမလား တပ်ထဲဝင်ကြမလားပြောကြစမ်း၊ စစ်ထဲမဝင်ချင်တဲ့လူ တွေများလျှင် မြန်မာပြည်ဟာ လွတ်လပ်ရေးနဲ့ မထိုက်တန်ဘူး၊ ရှေ့တန်းက ရာဇဝင်ပြန်ပြောင်းပြောနေတဲ့ယုံတမ်းစကားဖြစ်နေမှာဘဲ၊ ရှေးကမြန်မာသူရဲ ကောင်းတွေ မြေကြီးထဲနေပြီး ရှက်စရာဖြစ်နေမှာ သတိထားကြနော်။''
''အသက်(၁၈)နှစ်ရှိပြီး ကျန်းမာရေးနှင့်၊ ပြည့်စုံလျှင်လက်ခံရန်ရှိခြင်း''
မြန်မာပြည် ကာကွယ်ရေး တပ်မတော်သို့ ဝင်ရောက်စစ်မှုထမ်းရန် ကိစ္စနှင့် ပတ်သက်၍ တန်ဆောင်မုန်းလဆုတ် (၂)ရက်နေ့က၊ မြန်မာပြည်အသံလွှင့်ရုံမှ နေ၍ မြန်မာကာကွယ်ရေး တပ်မတော် သေနာပတိကြီး ကာနယ်အောင်ဆန်းက အသံလွှင့်ပြောဆိုသည်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း။
ယနေ့မြန်မာ့ကာကွယ်ရေး တပ်မတော်အကြောင်း ပြောရသည့်အတွက် ကျွန်တော်အထူးဘဲ ဝမ်းမြောက်ပါတယ်။ မြန်မာ့ကာကွယ်ရေး တပ်မတော်နဲ့ ပတ်သက်ပြီး နားမရှင်းတာတွေ သိချင်တာတွေရှိတာ သိပေမဲ့ ပြောဘို့ရှင်းဘို့ အခွင့်အရေး လမ်းရှာလို့ မရသေးတဲ့အတွက် အသာဘဲငုံ့နေခဲ့ရတယ်။ ယနေ့ပြော ခွင့်ရတဲ့အခါ မြန်မာ့ကာကွယ်ရေး တပ်မတော်အကြောင်း အတော်အတန်ပြောပြ ရတာပေါ့။
နိပွန်ပြည်နန်းရင်ဝန်ကြီးတိုဂျိုက မြန်မာပြည်ဟာ နိပွန်ပြည်၏ စိတ်နေစိတ်ထားဝါဒတို့ကို နားလည်သဘောကျပြီး ၄င်းတို့နှင့် အရှေ့အာရှတိုက် ခေတ်သစ်ထူထောင်ရေးမှာ ပါမယ်ဆိုယင် လွတ်လပ်သော တိုင်းနိုင်ငံအနေအထားမျိုး ဖြစ်ပါစေ့မယ်လို့ ကတိပေးထားပါတယ်၊ ဒီကတိဟာ ပေါ့ပေါ့ဆဆပေးတဲ့ ကတိမဟုတ်ဘူး၊ ဒီကတိဟာ နိပွန်ပြည်ကြီးရဲ့ အစိုးရအထိကရ ခေါင်းဆောင်ကြီးက တစ်ကမ္ဘာလုံး ကျေညာထားတဲ့ကတိ ဖြစ်တယ်။ ဒီကတိဟာ မြန်မာတွေထိုင်နေလို့ ရတာမထင်ကြနဲ့၊ ပဋ္ဌမဆုံးဗြိတိသျှနဲ့ နိပွန်စစ်မဖြစ်မီက မြန်မာ့လွတ်လပ်ရေး လုပ်ငန်းကို အသက်နဲ့လဲပြီး ဆောင်ရွက်ခဲ့ကြတဲ့ သာယာဝတီ သူပုန်လိုလူမျိုးတွေ မြန်မာပြည်က လူငယ်တွေ နိပွန်ပြည်က သိလိုတဲ့ မြန်မာပြည်အကြောင်း အမျိုးမျိုးရှာပေး၊ နောက်စစ်ဖြစ်တဲ့အခါလဲ ဒိုးတူပေါင်ဘက်လျှောက်လုပ်၊ တိုက်ခိုက်၊ အမျိုးတူ မြန်မာတွေကလဲ ဝိုင်ဝန်းထောက်ပံ့ခဲ့တာတွေကြောင့် ဒီကတိကို ပေးတယ်မှတ်ပါ၊ အလကားထိုင်နေရင်း ရတယ်မထင်နဲ့၊ လုပ်တဲ့လူတွေရှိလို့ ရတယ်မှတ်ပါ။
''မငြင်းနိုင်သောအချက်တစ်ရပ်''
အဲဒီနန်းရင်းဝန်ကြီးတိုဂျို၏ကတိအတိုင်း

စစ်ဘက် အရာရှိနှင့် အချင်းများမှု လူငယ်တဦး ဒဏ်ရာရ


ချင်းမိုင် (မဇ္စျိမ) ။       ။ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စားသောက်ဆိုင်တဆိုင်၌ စစ်ဘက်အရာရှိတဦး ပါဝင် ပတ်သက်သော အချင်းများမှု တခုတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦး ဒဏ်ရာရသွားသည်။

တာမွေမြို့နယ်နေ အသက် ၂၈ နှစ်အရွယ်ရှိ အန်အယ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ကိုစိုးမြတ်သူနှင့် သူ၏ သူငယ်ချင်း နှစ်ဦးသည် ဇွန်လ ၄ ရက် ည ၈ နာရီခန့်၌ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အေးရှားလိုက် စားသောက်ဆိုင်၌ စားသောက်စဉ် အခြားဝိုင်းတဝိုင်းတွင် ဗိုလ်ကြီးအဆင့် ရှိသူတဦးနှင့် အငြိမ်းစား ဗိုလ်ကြီးတဦး၊ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတဦးတို့ စားသောက်နေခဲ့သည်။

“ ဗိုလ်ကြီးတယောက် ထပြီးတော့ တဆိုင်လုံးကို စိန်ခေါ်တယ်လို့ ပြောတယ်။ အဲဒီမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတော့ ကျနော်တို့လူငယ်က အပြင်ကို ထွက်ဖို့ ကြိုးစားတဲ့ အချိန်မှာ သူ့ကို လူမှားထိုးတာပဲ” ဟု အခြားသော အန်အယ်ဒီ ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

ဓားထိုးသူဟု စွပ်စွဲခံရသူ ကိုဝင်းကိုလှိုင် ဆိုသူမှာ မင်္ဂလာတောင်ညွန့် ရဲစခန်းတွင် အဖမ်းခံနေရသဖြင့် အသေးစိတ် သိရှိရန် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ ဖြေဆိုရန် ငြင်းဆန်သည်။

ကိုစိုးမြတ်သူ ကိုယ်တိုင် ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားခဲ့ပြီးမှ ရန်ကုန် ဆေးရုံကြီးသို့ ကုသမှု ခံယူခဲ့သည်။ ကိုဝင်းကိုလှိုင်မှာ တောင်ဥက္ကလာအခြေစိုက် ခမရ ၄၃၅ မှ ဗိုလ်ကြီးနေတိုးရွှေနှင့် ဗိုလ်ကြီးဟောင်း ညီညီမင်းတို့အတူ စားသောက်နေခဲ့ခြင်း ဖြစ်သည်ဟု ဦးကြည်တိုးက ပြောသည်။

“အဆုတ်ကို ချွန်ထက်တဲ့အရာနဲ့ အထိုးခံလိုက်ရတာ။ Internal bleeding လို့ ခေါ်တဲ့ အတွင်းသွေးယိုစီးမှု ဖြစ်နေတယ်။ ဆရာဝန်တွေတော့ အနီးကပ် စောင့်ကြပ်မှုအောက်မှာ ရှိနေသေးတယ်” ဟု ဦးကြည်တိုးက မဇ္ဈိမကို ပြောသည်။

ကိုဝင်းကိုလှိုင်ကလည်း ရဲစခန်းတွင် ကိုစိုးမြတ်သူအပေါ် အမှု ပြန်လည်ဖွင့်ထားသည်။

BG အဖွဲ့ရဲ့ သွေးအကူအညီ စစ်ဆေးရုံကိုလည်း ရောက်ပါတယ်

ဟိန်းသူ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် သွေးလှူကြဖို့ လှုံ့ဆော်နေတဲ့ BG သွေးကူညီပေးရေးအဖွဲ့က ရန်ကုန်စစ်ဆေးရုံတွေကိုလည်း သွေး ထောက်ပံ့နေရတယ်လို့ ဆိုပါတယ်။

“အစောပိုင်းက အာဏာပိုင်တွေ တောက်လျှောက်လိုက်တယ်။ နှောက်ယှက်ဟန့်တားတာတွေ အများကြီး ကြုံခဲ့ရတယ်။ ကျနော်တို့က ပုံမှန် သွေးလှူမှုတွေ ပြုလုပ်လာခဲ့တော့ နောက်ပိုင်းမှာ အမှတ် ၁ စစ်ဆေးရုံတို့၊ အမှတ် ၂ စစ်ဆေးရုံတို့ကပါ သွေးလှမ်းတောင်းတဲ့ အဆင့်ထိ ဖြစ်လာခဲ့တယ်” လို့ အဖွဲ့ခေါင်းဆောင် ကိုညီညီက ပြောပြပါတယ်။

လာမယ့် ၁၉ ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် သွေးလှူတဲ့အစီအစဉ် ဒီကနေ့ အစပြုပါပြီ တဲ့။ သင်္ကန်းကျွန်း၊ စံပြဆေးရုံမှာပါ တဲ့။

“အမေစုကို အသက်ရာကျော်ရှည်စေချင်တဲ့အတွက် ကျနော်တို့က အခုလို့ ရည်ရွယ်ပြီး သွေးလှူဒါန်းပွဲ ပြုလုပ်ပေးတာပါ။ အမေစု မွေးနေ့ အထိ လှူဒါန်းသွားမှာပါ” လို့ ကိုညီညီက ရှင်းပြပါတယ်။

BG အဖွဲ့ နဲ့ အတူ ပုံမှန် သွေးလှူနေကျဖြစ်တဲ့ အသက် ၄၅ နှစ် ၀န်းကျင် ရှိပြီဖြစ်တဲ့ အမျိုးသမီးတဦးက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အတွက် ရည်ရွယ်ပြီး သွေးလှူခဲ့တာ ဒါဟာ သူ့အတွက် အကြိမ် ၄၀ မြောက်ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်သူအတွက် အများကောင်းကျိုးအတွက် ဆောင်ရွက်နေတဲ့ အန်တီစုကို ဂုဏ်ပြုတဲ့အနေနဲ့ ရည်ရွယ်ပြီး လှူဖြစ်တာပါ” တဲ့။

BG က မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင့် ကချင်ပြည်နယ် တို့မှာလည်း အဖွဲ့ခွဲတွေ ရှိတယ်၊ သွေးလှူဒါန်းပွဲတွေ တပြိုင်နက် လုပ်မယ်လို့ ဆိုပါတယ်။

တနိုင်ငံလုံး၊ တကမ္ဘာလုံးမှာ ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်မြတ်နိုးသူ အားလုံး သွေးလှူဒါန်းကြဖို့လည်း သူတို့က တိုက်တွန်းထားပါတယ်။

BG ကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး တို့ရဲ့ တိုက်တွန်းမှုကြောင့် ၂၀၀၆ မှာ ဖွဲ့ခဲ့တယ်၊ သွေး အကူအညီပေးဖို့ စာရင်းပေးထားသူ သွေးလှူရှင် အရေအတွက်ဟာ ရန်ကုန်တိုင်းအတွင်းမှာ ၃ သောင်း ကနေ ၄ သောင်းကြား ရှိတယ်လို့ သိရပါတယ်။

သွေးလှူဒါန်းလိုသူများ ဆက်သွယ်ရန်

ကိုညီညီ 09 4932 8055
ဒေါ်သီတာ 01 396 476

ကိုလင်းထက် 09 7312 5885
ကိုကောင်းထက်ကျော် 09 992 7082

ကိုသီဟန် 09 4930 8433
မထိုက် 09 7317 0165

(ဧရာဝတီမှ ကူးယူဖော်ပြသည်)

မလေးရောက်မြန်မာပြည်သားတို့အတွက် သတင်းကောင်း

မလေးရှားက အိုဗာစတေးသမားတွေ၊ ခိုးဝင် နေထိုင်သူတွေ အကျုံးဝင်မယ် ထင်တယ် -(ဧရာဝတီမှကူးယူဖော်ပြသည်)

PHOTO: UTUSAN M'SIA


တရားမ၀င် နေထိုင်သူများကို မလေးရှားမှာ မဖမ်းဆီးတော့ဘဲ အလုပ်လုပ်ခွင့် ပေးလိမ့်မယ် ဆိုတဲ့ ခေါင်းစဉ်နဲ့ AFP သတင်းတပုဒ် မနေ့က ရက်စွဲနဲ့ ထွက်လာပါတယ်။


စိုက်ပျိုးရေးလုပ်ငန်း၊ ၀န်ဆောင်မှု လုပ်ငန်းတွေမှာ လူနည်းနေတဲ့အတွက် တရားမ၀င်နေတဲ့ နိုင်ငံခြားသား ၂ သန်း ၀န်းကျင်ထဲက တချို့ကို အလုပ်လုပ်ခွင့် ပေးမယ် တဲ့။ ပြည်တွင်းလုံခြုံရေးဝန်ကြီး Hishammuddin Hussein က ပြောတယ်လို့ ဆိုပါတယ်။
"သူတို့ကို နိုင်ငံသားဖြစ်ခွင့်ပြုဖို့ မဟုတ်ပါဘူး။ မလေးမှာ တရားဝင် နေထိုင် လုပ်ကိုင်ခွင့် ပေးဖို့ပါ" လို့ ၀န်ကြီးက ဆိုပါသတဲ့။
စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံ အလုပ်ရုံတွေအပြင် အိမ်အကူ နဲ့ ကလေးထိန်းတဲ့ အလုပ်မျိုးတွေ အတွက် အရှေ့တောင်အာရှနိုင်ငံက အလုပ်သမားတွေကိုပဲ သုံးနေကြတယ်လို့ သတင်းက ဆိုတယ်။
အများစုက လုပ်ခ နည်းတယ်၊ ပြီးတော့ အင်ဒို အလုပ်သမားတွေဆို အလုပ်ချိန် များလွန်းတယ်လို့ ဆိုတယ်။
တရားဝင် အသိအမှတ် ပြုလိုက်ရင် အလုပ်ရကြမယ်၊ လူပွဲစားတွေ အမြတ်ထုတ်တာလည်း မခံရတော့ဘူးလို့ ၀န်ကြီးက ဆိုတယ်။
နိုင်ငံစုံက အလုပ်သမားတွေထဲကမှ ဘယ်သူတွေ အလုပ်လုပ်ခွင့် ရနိုင်တယ်၊ ဒီအစီအစဉ် ဘယ်တော့ အစပြုမယ် ဆိုတာကတော့ မသိရသေးပါဘူး တဲ့။

မူရင်း -



Malaysia to offer illegals amnesty to work

KUALA LUMPUR - MALAYSIA is to offer amnesty to some of its two million illegal immigrants in a plan to ease labour shortages in the plantation and service industries, a senior minister said on Monday.

'(It's) not legalising them to be citizens but legalising them to stay (and work in Malaysia) legally,' Hishammuddin Hussein, who is responsible for internal security, told reporters.

With one of Asia's largest populations of foreign labourers, Malaysia relies heavily on immigrants, especially from neighbouring Southeast Asian countries, to clean homes, care for children and work in construction, plantations and factories.

Many of the illegals are poorly paid Indonesians who work long hours in menial jobs shunned by locals.

Mr Hishammuddin said the scheme to legalise the workers would allow them to gain employment and not be exploited by human traffickers.

The minister did not specify who among Malaysia's illegal immigrant population would be offered the chance to stay, nor were the terms under which they would be granted asylum immediately clear. -- AFP

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ