.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Saturday, June 11, 2011

ကရင်တပ်ဖွဲ့၏ ချုံခိုတိုက်ခိုက်မှုကြောင့် အစိုးရစစ်တပ်မှ ၈ဦး ကျဆုံးကာ ၇ဦးထိခိုက်

 Saturday, 11 June 2011--
ဇွန်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကေအ်ုငစီမှကူးယူဖော်ပြသည်
ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် (၁၉)မိုင်ခန့် အကွာအဝေးရှိ လမ်းဖားကျေးရွာတွင် ယမန်နေ့က အစိုးရစစ်တပ်နှင့် ကရင်ပူးပေါင်း တပ်ဖွဲ့ဝင်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ရာ အစိုးရစစ်တပ်ဘက်က ၈ဦးသေဆုံးပြီး ၇ဦးဒဏ်ရရှိသည်ဟု ကရင်တပ်ဖွဲ့ ဘက်က ပြောသည်။
ယမန်နေ့မနက် ၁၀နာရီခန့်တွင် လမ်းဖားကျေးရွာအတွင်း ၀င်ရောက်လှုပ်ရှားသည့် အစိုးရစစ်တပ် တပ်မ ၂၂လက်အောက်ခံ ခမရ ၂၀၁တပ်ရင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၇)နှင့် တိုးတက်သော ဗုဒ္ဓဘာသာကရင်အမျိုး သားတပ်မတော်(DKBA) ကလိုထူးဘောဗျူဟာ တပ်ဖွဲ့တို့ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNLA က ပြောသည်။
KNLA (၁၀၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဗိုလ်မှူးစောဖောဒိုက “မနေ့က ၁၀နာရီအချိန် လမ်းဖားကျေးရွာမှာ ၀င်ရောက်လာတဲ့ ရန် သူ့တပ်ဖွဲ့ကို ကျနော်တို့ ကရင်ပူးပေါင်းတပ်ဖွဲ့က ၂နာရီကြာ စောင့်ကြိုပစ်ခတ်တယ်။ ရန်သူ့ဘက်က ၈ယောက်သေတယ်။ ၇ ယောက် အထိနာတယ်။ ကျနော်တို့ဘက်က ထိမှန်တာမရှိဘူး။”ဟု ပြောသည်။
အဆိုပါ တိုက်ပွဲအခြေအနေကို ကရင်တပ်ဖွဲ့ဘက်က ယင်းသို့ ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အစိုးရစစ်တပ်ဘက်မှ ယနေ့အထိ တစုံတရာ သတင်းထုတ်ပြန်ခြင်း မရှိပေ။
ထိုဒေသတွင် ကရင်တပ်ဖွဲ့များနှင့် အစိုးရတပ်များ ယခုလို တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်နေ ကြပြီး ဆက်သွယ်ရေးအတွက် ဖုန်းများကိုပင် ပိတ်ထားရကြောင်း လမ်းဖားကျေးရွာနှင့်ကပ်လျှက် ကော့ဆိုင်ရွာမှ ရွာသူ အမျိုးသမီး တစ်ဦးက ကေအိုင်စီကို ယခုလို ပြောသည်။
“တက်လာမယ့် ဗမာစစ်တပ်ကို ကရင်တပ်ဖွဲ့ဘက်က လမ်းဖားရွာမှာ စောင့်နေတာ ၂ရက်ရှိပြီ။ မနေ့က တိုက်ပွဲဖြစ်လာတော့ အခု ဆို တရွာလုံး ကြောက်လှန့်ကြတာပေါ့။ ဒီလို ရှုတ်ရှုတ်ယှက်ယှက်အချိန်မှာ ဖုန်းတွေ အားလုံး ပိတ်လိုက်ရတယ်။”ဟု ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်များတွင် စစ်ရေး ပိုမို လှုပ်ရှားလာသည့် ကရင်ပူးပေါင်း တပ်ဖွဲ့ကို ရှင်းလင်းတိုက်ထုတ်သွားရန်အတွက် အစိုးရစစ်တပ်ဘက်က စစ်ရေးပြင်ဆင်များ လုပ်ဆောင်နေချိန်တွင် ယခုလို ပစ် ခတ်ခံရခြင်း ဖြစ်သည်။
မြန်မာစစ်တပ်၏ စစ်ဆင်ရေးကွပ်ကဲမှု ပျက်ပြားစေရန် စစ်ဆင်ရေးများကို ရှေ့ဆက်၍ အရှိန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယခုလ ၆ရက်နေ့တွင် ကရင်နှင့် ကျောင်းသားတပ်မတော်တို့က “မာနယ်စိုးစစ်ဆင်ရေး (အောင်မြင်စိုးမိုးမှု)”ဟု အမည်ရသော ပူး ပေါင်းစစ်ဆင်ရေး ကြေညာချက်တစ်စောင် ထုတ်ပြန်ထားသည့်အတွက် ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ရှေ့ဆက်ဖြစ်လာအုံး မည့် အခြေအနေရှိကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်သည်။

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား

အဖွဲ့ကြီး (၁၇) ဖွဲ့ တဲ့လား
တူမောင်ညို
မိုးမခ၊ ဇွန် ၁၁၊ ၂၀၁၁
 
(မိုးမခမှ ကူးယူဖော်ပြသည်)
ဒုတိယသမ္မတဦးတင်အောင်မြင့်ဦးက ဆီနိတ်တာဂျွန်မက်ကိန်းနဲ့တွေ့ဆုံစဉ်မှာ လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပတ်သက် ပြီး  စုစုပေါင်းအဖွဲ့ကြီး (၁၇) ဖွဲ့နဲ့ ငြိမ်းချမ်းရေးရယူခဲ့ကြောင်း၊ ယင်းအဖွဲ့များ အနက် (၃) ဖွဲ့က ငြိမ်းချမ်းရေးမယူသေးတဲ့ အဖွဲ့ ၂ ဖွဲ့နဲ့ ပူးပေါင်းပြီး အစိုးရကိုဆန့်ကျင်နေကြောင်း၊ ကျန် (၁၄) ဖွဲ့ ကတော့ အခြေခံဥပဒေနှင့်အညီပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ပြော သွားပါတယ်။ ဒီလိုဆိုထားလေတော့ အဲဒီအဖွဲ့ကြီး (၁၇) ဖွဲ့ဆိုတာကို ကျနော်တို့စိစစ်ကြည့်ကြရအောင်။
 ဒီလိုစိစစ်တာမှာ (နအဖ)စစ်အစိုးရရဲ့နေ့စဉ်ထုတ်သတင်းစာတွေမှာ ရေးသားဖေါ်ပြခဲ့ကြတဲ့ ဆောင်းပါးရှင်ဆိုသူတွေရဲ့ ဆောင်းပါးတွေ ထဲကအချက်အလက်တွေကိုပဲ ကိုးကားဖေါ်ပြပါမယ်။

၂၀၀၂ စက်တင်ဘာ ၂၆ ရက်နေ့၊ မြန်မာ့အလင်းသတင်းစာမှာဖေါ်ပြထားတဲ့ “တက္ကသိုလ်မြတ်သူ” ရဲ့ “ သွေးခွဲမှု မှန်သမျှ အပေါ်ထာဝရအောင်နိုင်သည့် စည်းလုံးညီညွတ်မှု”ဆိုတဲ့ ဆောင်းပါး အပိုင်း (၁) မှာ “ (၃၁/၃/၁၉၈၉) မှ (၆/၄/၁၉၉၈) အတွင်း တိုင်းရင်းသားလက်နက်ကိုင်(၁၇) ဖွဲ့နှင့် အပစ်အခတ်ရပ်စဲနိုင်ခဲ့၊ (၁၆) ဖွဲ့မှာ တိုင်းရင်းသားအဖွဲ့အစည်းများဖြစ်ပြီး ကျန် (၁) ဖွဲ့မှာ ရခိုင်ပြည်နယ်မှ ဦးစောထွန်းဦး ခေါင်းဆောင်သောအဖွဲ့ဖြစ်သည်” လို့ ရေးသားဖေါ်ပြထားပါတယ်။
ဦးစောထွန်းဦးခေါင်းဆောင်တဲ့အဖွဲ့ဆိုတာ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ရခိုင်ပြည်နယ်အဖွဲ့ဖြစ်ပါတယ်။ (၂၉/၁၀/၁၉၉၆)မှာ နှစ်ဘက် စတင်ဆွေးနွေးကြပြီး၊   (၆/၄/၁၉၉၇) ရက်နေ့၊ မောင်တောမြို့မှာ “လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်” ခဲ့ကြတာပါ။
ဒါ့အပြင် အဲဒီ (၁၇) ဖွဲ့ထဲမှာ

KIA က မြန်မာတပ်အရာရှိ ၂ ဦး ပြန်လွှတ်ပေး

 
(မဇ္ဈိမ) မှ ကူးယူဖော်ပြသည်
နယူးဒေလီ (မဇ္ဈိမ) ။       ။ နှစ်ဖက် ဖမ်းဆီးထားသူများ လဲလှယ်ရေး သဘောတူကာ ကချင်လွတ်မြောက်ရေးတပ် KIA က မြန်မာတပ်အရာရှိ ၂ ဦးနှင့် တပ်သားတဦးကို ကြာသပတေးနေ့ ညနေပိုင်းတွင် လွှတ်ပေးလိုက်ကြောင်း စောင့်ကြည့် အကဲခတ်နေသော တရုတ်-မြန်မာနယ်စပ်နေ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။

မေလ ၉ ရက်တွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုအပြီး ညနေပိုင်းတွင် ယခင်ဖမ်းဆီးထားသည့် မြန်မာစစ်တပ်မှ ခလရ ခြေလျင်တပ်ရင်း ၄၃၇ မှ ဗိုလ်ကြီးကိုကိုဝင်း၊ ဗိုလ်မြတ်ကိုကိုနှင့် တပ်သားတဦးကို KIA က ပြန်လွှတ်ပေးခြင်း
 ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်ဘက်က ဖမ်းဆီးထားသည့် KIA ဝန်ထမ်းအချို့အနက် မည်ရွေ့မည်မျှ လွတ်လာပြီကို မသိသေးကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။

“ဖမ်းထားတဲ့ မြန်မာတပ် ၄၃၇ က အရာရှိ ၂ယောက်နဲ့

တပ်သား ၁ ယောက်ကိုလွှတ်ဖို့၊ KIA ဘက်မှာလည်း မြို့ပေါ်မှာ အရင်တုန်းက ဖမ်းထားတဲ့ KIA က လူတွေနဲ့ လဲဖို့ သဘောတူပြီး ညနေ ၅ နာရီလောက်မှာ KIA က သူတို့ဖမ်းထားတဲ့ မြန်မာစစ်တပ်က လူတွေကို လွှတ်ပေးလိုက်တယ်” ဟု သူက ဆိုသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ပြောခွင့်ရ ဂျိမ်းစ်လွန်ဒေါင်းကမူ ၉ ရက်နေ့ တိုက်ပွဲတွင် ဖမ်းဆီးခဲ့သူများ ပြန်လွှတ်ရေးကို ၎င်းတို့ အဖွဲ့ခေါင်းဆောင်များအကြား ဆွေးနွေးခဲ့သည်ဟု
 ပြောသည်။

“ခေါင်းဆောင်တွေ ညှိနှိုင်းကြပါတယ်။ ဒီကိစ္စက ပြေလည်သွားမှာပါ။ ဘာလို့လဲဆိုတော့ အပစ်အခတ် ရပ်စဲထားတဲ့ အချိန်က ကတိထားတဲ့အတိုင်းပဲ၊ ကျနော်တို့က လုပ်လာကြတာပါ” ဟု သူက ဆိုသည်။

သို့သော်လည်း အသေးစိတ်ကိုပြောကြားရန် သူက ငြင်းဆန်သည်။

မေလ ၈ ရက်နေ့ ညနေတွင် KIA နယ်မြေအတွင်း အစိုးရ တပ်သားများ ဝင်လာသဖြင့် KIA က ဖမ်းဆီးလိုက်ပြီး၊
 နောက်ရက်တွင် တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးတွင် KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နှင့် ၎င်းနယ်မြေကပ်လျက် တပ်စွဲထားသည့် ခလရ ၄၃၇ တို့ မနက် ၇ နာရီခန့်မှ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး
 နှစ်ဖက်အကျအဆုံး ရှိခဲ့သည်။

အစိုးရတပ်မှ အင်အား ၂ဝဝ ခန့်ရှိကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ဗိုလ်မှူးတဦး အပါအဝင် ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဦးအောင်ကျော်ဇော အဆိုအရ သိရသည်။

ဂျိန်းစ်လွန်ဒေါင်းက “အထက်အမိန့်မရလို့ ပြန်မလွှတ်ပေးသေးတဲ့ အချိန်ပေါ့ဗျာ။ မနက်ပိုင်းက လူအင်အား အများကြီးနဲ့ လာတိုက်တယ်။ နှစ်ဖက် အကျအဆုံးရှိတယ်။ အတိအကျ ကျနော် မပြောချင်ဘူး” ဟု ဆိုသည်။

မဇ္ဈိမမှ စုဆောင်းရရှိသည့် သတင်းများအရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) က KIO ဘက်မှ ဖားကန့်ခရိုင် တပ်ရင်း ၆ နယ်မြေမှ ဝန်ထမ်း ၂ ဦးဖြစ်သည့် ဦးဘရန်မိုင်နှင့် ကိုလဆိုင်း၊ တရုတ်နယ်စပ် ဆန်ပိုင်အခြေစိုက် တပ်ရင်း ၃ မှ ဝန်ထမ်း ဦးဇော်နန်နှင့် တပ်ရင်း ၁၁ မှ ဝန်ထမ်း ဦးယော်ဘောမ်တို့ကို ၂ဝ၁၁ မတ်လအတွင်း ဖမ်းဆီးခဲ့သည်။

အစိုးရတပ်များက KIA ထိန်းချုပ်ရာ တပ်ရင်း ၅ ဒေသတွင်း ဝင်ရောက်လှုပ်ရှားနေမှုကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာချုပ်ကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ တပ်များရုပ်သိမ်းပေးရန် သတိပေးခဲ့သေးသည်။

“ရှေ့လျှောက်ပြီး ဒီလိုပဲ ဆက်လုပ်လာမယ်ဆိုရင်တော့၊ လူကြီးတွေက ရှေ့တန်းက လူတွေကို မင်းတို့ ကြိုက်ရာလုပ် ဆိုတဲ့ပုံစံမျိုး ပေါ်လာတယ်ဆိုရင်တော့ မကောင်းတော့ဘူးဗျာ” ဟု ဂျိမ်းစ်လွန်ဒေါင်းက ဆိုသည်။

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ခဲ့သော KIO သည် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်ခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် KIO က လက်မခံသဖြင့် စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာ ကတည်းက KIO ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ခဲ့သည်။

ထို့အပြင် ၂ဝ၁ဝ အောက်တိုဘာတွင် KIA ကို သောင်းကျန်းသူဟု အစိုးရ သတင်းစာ၌ ပြန်လည် သုံးနှုန်းခဲ့သည်။
 နိုဝင်ဘာလထဲတွင် KIO ၏ ဆက်ဆံရေးရုံးများ ပိတ်သိမ်းရန် ညွှန်ကြားလာခဲ့ပြီးနောက် နှစ်ဖက်ကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။

မြိုင်ကြီးငူတိုက်ပွဲ အကြောင်း ပြောပြချက်


နေပြည်တော် မြို့မဈေးတွင် ဗုံးကွဲ


နေပြည်တော် မြို့မဈေးတွင် ယမန်နေ့ညက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သတင်း ရရှိသည်။

“ည ၈ နာရီကျော်ကျော်လောက်မှာ အုံးကနဲ အသံကြားလိုက်တယ်။ အဲဒါနဲ့ ပြေးသွားကြည့်တော့ ဗုံးကွဲတာတဲ့။ ဈေးအတွင်းထဲက သန့်စင်ခန်းမှာ ဖြစ်တာ။ ဒဏ်ရာရတဲ့ သူတွေက ဗုံးစထိတာမဟုတ်ပါဘူး။ ဗုံးကွဲတဲ့ အရှိန်ကြောင့် လွင့်လာတဲ့ အုတ်ခဲကျိုးတွေထိပြီး ဒဏ်ရာရတာပါ။ သိပ်မပြင်းထန်ပါဘူး” ဟု နေပြည်တော် မြို့မဈေး ပွဲရုံတန်းတွင်
နေထိုင်သူတဦးက ဧရာဝတီသို့ ပြောသည်။

Myoma_Zay1
နေပြည်တော် မြို့မဈေး (ဓာတ်ပုံ - Minnyoonthit Blog)
“အုတ်ခဲက သန့်စင်ခန်းနားက ဆိုင်မှာ ထိုင်ပြီး စကားပြောနေတဲ့ နှစ်ယောက်ကို ထိတာ။ ကျောနဲ့ ခေါင်းမှာ ဒဏ်ရာရသွားကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒဏ်ရာရရှိသူများကို နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံသို့ အာဏာပိုင်များက ခေါ်ဆောင်သွားကြောင်း သိရသည်။

ဗုံးကွဲမှုနှင့် ပတ်သက်၍ နေပြည်တော် အမှတ် ၄ ရဲစခန်းသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖြေကြားနိုင်ခြင်းမရှိကြောင်း တာဝန်မှုးက

ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ် လမ်းဖားရွာအနီးမှာ ရင်ဆိုင်ထား


ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းက လမ်းဖါးရွာအနီးမှာ ကေအန်ယူ ဒီကေဘီအေ ပူးပေါင်းတပ်တွေနဲ့ ကျိုက်ဒုံဘက်ကို တက်လာတဲ့ တပ်မ ၂၂ လက်အောက်ခံ ခမရ ၂၀၂ တပ်တို့ ဇွန်လ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ကြံ့ဖွံ့ အစိုးရ တပ်မှ အရာရှိတဦး အပါအဝင် ၄ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ သိရှိရပါတယ်။
ဒီကေဘီအေ ဗျူဟာ ၂ မှ ဗိုလ်မှူးကြီး စိန်မြင့် ဦးဆောင်တဲ့ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်ရင်း ၁၈ တို့ ပူးပေါင်းတိုက်ခိုက်ကြတာ ဖြစ်ပြီး ယမန်နေ့ နေ့လည် ၁၁ နာရီခန့်မှ ၁၂ နာရီခန့်ထိ ၁ နာရီကြာ ဖြစ်ပွားခဲ့ပါတယ်။ အခြေအနေဟာ ရင်ဆိုင်တိုက်ပွဲတခု ဖြစ်နေပြီး ညနေပိုင်း ၄ နာရီလောက်မှာလည်း ထပ်မံ ဖြစ်ပွားခဲ့ပါသေးတယ်။ ကြံ့ဖွံ့စစ်တပ်ဘက်မှ ၄ ယောက်ကျ၊ ၂ ဦး ဒဏ်ရာရရှိတယ်လို့ သိရှိရပြီး အသေစိတ်ကိုတော့ မသိရှိရသေးပါ။ လမ်းဖါးရွာအနီးမှာ ဒီနေ့ ဇွန်လ ၁၁ ရက်နေ့အထိ ၂ ဖက်တပ်တွေ ရင်ဆိုင်ထားတုန်းပဲလို့ ဒီကေဘီအေ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကော်ဒိုစိုး က အခုလို့ ဆက်သွယ်ပြောပြလာပါတယ် …
“မနေ့ကတည်းက ဖြစ်နေတာ ခုထိ ရင်ဆိုင်ထားတုန်းပဲ သူတို့ဘက်က လူနာတွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်။ အနီးအနားရွာက စက်လှေတွေ၊ ထော်လာဂျီတွေ ချောဆွဲထားတယ်။ ကျနော်တို့ ဘက်က သူတို့ ပြန်ထွက်မယ့် လမ်းပေါက်တွေ အားလုံးကို ပိတ်ထားတယ်။”
ပြီးခဲ့တဲ့ မေလ အတွင်းမှာ နယ်ခြားစောင့်ကို လက်မခံတဲ့ ဒီကေဘီအေတပ်ဖွဲ့တွေနဲ့ ကေအန်ယူတပ်ဖွဲ့တွေ ပူးပေါင်းကာ မြိုင်ကြီးငူဌာနချုပ်ကို သိမ်းပိုက်လိုက်ပြီးနောက် ကရင်ပြည်နယ် ကော့ကရိတ် မြဝတီ ကျိုက်ဒုံ မြို့နယ်တွေအတွင်းမှာ ဒီကေဘီအေ ဘက်က စစ်ရေးလှုပ်ရှားမှု စည်းရုံးရေး လှုပ်ရှားမှုတွေ တိုးမြှင့်လာတာကို တွေ့မြင်နေရပါတယ်။

Friday, June 10, 2011

မျိုးမြတ်သာကီ

ဝေမှိုင်းမှောင်ရီ ပြန်မာပြည်ဝယ်
လည်သူကလည် ကြွယ်သူကြွယ်နှင့်
နိုင်ငံအရေး ပြည့်အရေးထက်
ဝမ်းရေး ခက်စွာ ရုန်းကန်လာတည့်
လူကော်လူမော် လူ ငစော်တွေ
တိုးပွားပေါက်ပုံ အလုံစုံကား
ကြောက်ဖွယ်လိလိ တွေ.ရမိ.......။
မေတ္တာ ဂရုဏာ မုဒိတာ ပွား
ထိုသူများကို ဇရပ်ကျောင်းကန်
မြေလှန်ရှာသော်ကံကောင်းထောက်မ
တွေ.မြင်ရမူ ကံကောင်းသူတည့်......။
စားဝတ်နေရေး စီးပွားရေးကြောင့်
ကမ္ဘာမီးလောင်သားတောင်ချနင်း
ဒီဖြစ်ခြင်းကား စိုးရမြန်ပြည်
ကောင်းမတည်သည့် လူမူ.စီးပွား
ကြောင်းရာများသာဖြစ်ပေတော့သည် ဖြစ်လိမ့်မည်.....။
ထို.ကြောင့်သာလျှင်
သာကီနွယ်ဖွားမြန်ပြည်သားတို.
ပြည်ပထွက်ရှောင် လူရောင်ပြောင်ဖို.
ကိုယ့်ကျိုးစီးပွား ဇွဲနှင့်အားကို
တပါးပြည်ထံပေးအပ်နှံရင်း
ဖိနှိပ် စော်ကား ပြည်ခြားသား ကို
အံကြိတ်ရင်းခံ ခေါင်းမလှန်ခဲ့ သည်းခံခဲ့..........။
ချိန်တန်ရွယ်ရောက် မြန်ပြည်တောက်ပ
လွတ်မြောက်မှပင် တို.ပြည်ဝင်အံ့
ဆုံးဖြတ်စိတ်ထား တို.ခွန်အားတွေ
ပြည်တော်ပြန်ဝင် သုံးပြုရန်ပင်ရှိမယ်မထင်......။
သို.သော်သို.ငြား တို.စိတ်ထားက
မျိုးမြတ်မြန်မာ သခင်သာတည့် ကျွန်  မရှိ......။.......။


မင်းလွမ်းနောင်(ပန်းတနော်)

ကျမနှင့်စကာင်္ပူ အလုပ် အင်တာဗျူးအတွေ့အကြုံများ

( ဒီဆောင်းပါးလေးဟာ ဆောင်းပါးရှင်ကြည်ဝါ ရဲ.ပထမဆုံးရေးတဲ့ဆောင်းပါးဖြစ်ပေမဲ့ အရေးအသားနှင့်မြန်မာမိန်ကလေးများပြည်ပ တိုင်းပြည်များတွင် ထားရှိသောစိတ်ဓါတ်ကောင်းလေးများ အလုပ်အကိုင်ဝင်ရန်ကြိုးပမ်းသူများဧ။်အခက်အခဲနှင့် ကြုံတွေ.နိုင်ခြင်းများကို ထင်ဟပ်စေသောဆောင်းပါးကောင်းလေးတစ်ပုဒ်ဖြစ်သည့်အတွက် ဘလောဂ်တွင်ဝေမျှပေးလိုက်ပါတယ်ဗျာ..။     မင်းလွမ်းနောင်  (ပန်းတနော်) .............)

ဒီဆောင်းပါးကကြည်ဝါ့အကြောင်းကို
ပြောပြခြင်းဆိုတာထက် ကြည်ဝါ့ရဲ့အတွေ့အကြုံတွေကိုဖလှယ်တာပါ..။ ပထမဆုံးရေးတဲ့ဆောင်းပါးမို့လို့ အမှားပါရင် ခွင့်လွှတ်ကြပါနော်..။ ပြောပြမယ်ဆိုရင်တော့ စင်ကပူကို စရောက်တဲ့အချိန်ကနေစပြောမယ်နော်..ရောက်ခါစအလုပ်တွေစရှာနေတဲ့အချိန်ပေါ့..မနက်စောစောထ..၊ အလုပ်တွေဖုန်းဆက်၊အီးမေးတွေပို့..ဘုမသိဘမသိအလုပ်ရှုပ်နေတဲ့အချိန်..။တနေ့ Lavender မှာရှိတဲ့ Textile Centre ငါးလွှာက ကြည်ဝါ့ကို အင်တာဗျူးခေါ်ရော..အဲ့ဒါနဲ့ကြည်ဝါသွားတော့ အင်တာဗျူးတဲ့မိန်းမက ငယ်ငယ်ဘဲ...Singaporean ပီးတော့ Smart ကျတယ်...ကြည်ဝါရောက်တော့ သေချာကြည့်ပီး အင်တာစဗျူးတယ်...တော်တော်များများလဲမေးပီးရော..သူကကြည်ဝါ့ကိုအလုပ်ခန့်မယ်..pass လျှောက်ပေးမယ်..လစာက xxxx  ပေါ့..မက်လောက်စရာလစာတခုဘဲ..Raffles Place -Downtown Area မှာလုပ်ရမှာဆိုဘဲ..အဲ့ဒီအတွက် ကြည်ဝါက Pass Application ဘိုး စင်ကပူဒေါ်လာ၂၀၀ ပေးထားရမယ်တဲ့...လျှောက်ပီး approved ဖြစ်ရင်.သူတို့လှမ်းအကြောင်းကြားမယ်တဲ့..ကြည်ဝါ့စိတ်ထဲထောင်းကနဲဖြစ်သွားတယ်..စိတ်ထဲမှာတော့ အောင်မာ ငါ့ကိုဒီလိုမျိုးလာစမ်းလို့မရဘူး..နင်လိမ်နေတာငါသိတယ်..(ဒါမျိုးငါတို့နိုင်ငံမှာရိုးနေဘီ..ဒါမျိုးငါ့လာမလုပ်နဲ့ဆိုပီးကျုံးဝါးလိုက်သေးတယ်....) ဒါပေမဲ့ဟန်ဆောင်ပီး အဲ့ဒါဆိုနေပါအုံးလို့..ငါပိုက်ဆံ(Cash)ပါမလာလို့သွားယူလိုက်ပါအုံးမယ်..ပြန်လာခဲ့ပါ့မယ်ဆိုပီး ရိုရိုကျိုးကျိုးလှည့်ထွက်လာခဲ့တယ်..လူက အဲ့ဒီနေရာကိုရောက်ဘို့ Lavendar ကနေတော်တော်လမ်းလျှောက်သွားခဲ့ရတာဆိုတော့ မောနေဘီ.. လိမ်နေတဲ့ကုမ္မဏီမှန်းသိသွားတဲ့အချိန်မှာ ပိုအမောဆို့တာပေါ့နော်..ဒါပေမဲ့ဘာမှစိတ်ထဲမထားတော့ဘဲ အဲ့ဒီကပြန်လာပီးသာမာန်လုပ်နေကြအတိုင်း နောက်ရက်တွေမှာ အလုပ်တွေဆက်ရှာတယ်..နောက် ၁ပတ်လောက်လဲကြာရော..အင်တာဗျူးတခုခေါ်ခံရလို့ သွားတော့ အဲ့ဒီမှာ မြန်မာ စုံတွဲတတွဲတွေ့တယ်..Singaporean နဲ့ Malay မလေးတွေလဲ အင်တာဗျူးလာဖြေကြတယ်..မြန်မာစုံတွဲစကားပြောကြရင်းနဲ့ သူကသတင်းစာက အလုပ်ကြော်ငြာတခုကိုပြတယ်..jssjs နဲ့စတဲ့ ကုမ္မဏီတခုဘဲ..အဲ့ဒီကုမ္မဏီကခေါ်ထားတဲ့ပို့စ်တွေ နေ့တိုင်းနဲမှမနဲဘဲ..အခန်းဖော်က သတိပေးထားဘူးတော့ အဲ့ဒီကုမ္မဏီအကြောင်းကကြိုသိနေပီးသား..အဲ့ဒါသူတို့ပြတော့ ကြည်ဝါက အဲ့ဒါလိမ်တဲ့ကုမ္မဏီလို့ မသွားနဲ့..စင်ကပူဒေါ်လာ ၁၀တောင်းပီး ဘာမှလုပ်မပေးဘဲ နင့်ကိုပြန်လွှတ်လိုက်လိမ့်မယ်ဆိုပီးပြောလိုက်တယ်..သာမာန်ဘဲလေ..အဲ့ဒါနဲ့ဆက်စပ်သွားပီး သူတို့အတွဲက ပြောရော...အစ်မရေ.အဲ့ဒါဆို Textile Centre ငါးလွှာကခေါ်တဲ့အလုပ်မျိုးရှိရင်လဲမသွားနဲ့နော်တဲ့..ကျွန်တော်တို့ တယောက် စင်ကပူဒေါ်လာတယောက်၂၀၀ဆီပေးခဲ့ရတယ်တဲ့ .. ပီးတော့ ကျနော်တို့ applications က reject ဖြစ်တယ်ဆိုပီးအကြောင်းကြားတယ်တဲ့ ... ကျနော်တို့ လိမ်ခံလိုက်ရတယ်ထင်တယ်တဲ့...သေရော..သွားဘီ.. ။ လိမ်ခံလိုက်ရတာဘွင်းဘွင်းကြီးကိုတောင် သူကထင်တယ်လုပ်နေသေးတယ်..။ လူကလဲ ကိုယ့်ကိုလိမ်တုန်းကကိုယ်ကရှောင်ထွက်နိုင်ခဲ့ပီး ကိုယ့်နဲ့ဘာမှမဆိုင်ပေမဲ့ ကိုယ့်လူမျိုးကို ဒီနိုင်ငံကလူက လိမ်တယ်ဆိုတော့ တင်းသွားတယ်..။ဒေါသက အဲ့မှာပိုးစိုးပက်စက်ပေါက်ကွဲတော့တာပဲ....။ စဉ်းစားကြည့်လေ..မျက်စိရှေ့ကလူနဲ့တင် ၄၀၀ ဖြစ်နေဘီ..။ အဲ့ဒါနဲ့ ဘာရမလဲ ..Message တွေပို့တာ အဲ့ဒီကုမ္မဏီကလူတွေကို.။ ကြည်ဝါ့မှာဖုန်းနံပါတ်ရှိတယ်လေ..။ သူတို့ကိုပိုးစိုးပက်ဆက်.ဆဲတာ။ F တွေနဲ့ဂျီးဘဲကိုင်ဆဲတာ..။ သူတို့ကပြန်ပို့တယ်.ကြည်ဝါ့ရဲ့ ရိုင်းဆိုင်းတဲ့ Message တွေကို ရဲကိုပြပီးတိုင်မယ်..ကြည်ဝါဘယ်ကလဲပေါ့....။ ကြည်ဝါကထပ်ဆဲတယ်..''နင်တို့ငါ့ကိုရဲတိုင်မယ်လို့ပြောနိုင်သေးတယ်နော်...ငါမြန်မာတယောက်ဘဲ..နင်လိမ်နေမှန်းသိလို့ နင့်ကိုပက်ဆံပေးမသွားတဲ့တယောက် "ဆိုပီးတော့ကိုပြောပီးဆဲ့တာ..(အဲ့လိုပြောရဲတာပေါ့..ကိုယ့်ရဲ့ CV ကို သူ့ကို Soft copy မှမပေးခဲ့တာ..Hard Copy ကိုလဲ ပြန်ယူခဲ့တယ်လေ.ဟိဟိ) ..။ နင်တို့ကုမ္မဏီလိပ်စာပေးပီး ရဲလက်အပ်လိုက်လို့ရတယ်..ဘာညာပေါ့..( ရောက်ခါစပဲရှိသေးတယ်..စွာနေတာလေ..)။သူတို့ကလဲမခေဘူး..ဖုန်းတွေဆက်တယ်..နံပါတ်မပေါ်တဲ့ဖုန်းတွေနဲ့ ..ဘယ်ဖုန်းကိုသုံးတာလဲ ဘာလဲညာလဲနဲ့ ကြည်ဝါ့သတင်းကိုနှိုက်တယ်..။ ကြည်ဝါကလဲထပ်ဆဲတယ်..။အဲ့လိုနဲ့ တပတ်လောက်ဆဲပီးသကာလ လူကအချိန်လဲရှိတော့တာမဟုတ်လို့ရပ်လိုက်ရတယ်..။ သူတို့လဲရပ်သွားတယ်..။ အဲ့ဒီအလုပ်ကလဲ နောက်ပိုင်းVacancy ကြော်ငြာတာမတွေ့တော့ဘူး....(လိပ်စာပြောင်းပီးခေါ်ရင်တော့မသိဘူးလေ.) အဲ့ဒါက ပထမအတွေ့အကြုံ ....။ ဒုတိယအတွေ့အကြုံက မနှစ်ကတင်ဖြစ်တာ..။ ကြည်ဝါကအဲ့ဒီတုန်းက Ang Mo Kio မှာနေတယ်..။ အလုပ်ပြောင်းချင်လို့ အင်တာဗျူးတွေဝင်နေတဲ့အချိန်..။ အေးဂျင့်တခုကဖုန်းဆက်တယ်..။ ကြည်ဝါ့အတွက် အလုပ်ရှိတယ်တဲ့..။ ကြည်ဝါက အလုပ်ရှာတာ ဘယ်အေး၈ျင့်မှမသုံးတော့ နဲနဲကြောင်သွားတယ်..။အဲ့ဒါသေချာမေးကြည့်တော့ သူတို့အေးဂျင့်က Job Vacancies Website တွေမှာလဲ အလုပ်ခေါ်ထားလို့

Thursday, June 9, 2011

လာပြီ…လာပြီ….VIP

by Seaman Nayminthu on Friday, June 10, 2011 at 1:16pm

“အခြေအနေ ဘာထူးသေးလဲ အောင်ဘု..”
“VIP မလာတော့ဘူး တဲ့”
“ဟေ့ကောင် မင်းစကားအတည်ပြောစမ်း.. ဒါနောက်စရာမဟုတ်ဘူးကွ”
“ဆရာကြီးရယ်… ဌာနချုပ်ရုံးမှာ ပြောနေကြတာကို ကျနော်ကြားခဲ့တာပါ”
“မလာလို့မဖြစ်ဘူးကွ လာကိုလာရမယ်”
“သြော်.. ဆရာကြီးကလည်း VIP မလာတော့ ကျနော်တို့စောစော တန်းဖြုတ်ရတာပေါ့.. ပိုမကောင်းဘူးလား”
“မင်းမသိပါဘူးကွာ”
တပ်ကြပ်ကြီး မောင်နီတစ်ယောက် နဖူးပြင်ပေါ်ကချွေးစီးကြောင်းတွေကို စစ်ဦးထုပ် နွမ်းနွမ်းကြီးနှင့် တအား ဖိသုတ်လိုက်ရင်း နီးစပ်ရာ မလေးရှားပိတောက်ပင်တစ်ပင်ကို မှီပြီးထိုင်ချလိုက်လေသည်။ ပြီးတော့မှ ကောင်းကင်ကိုမော့ကြည့်ကာ တစ်စုံတစ်ခု ရေရွတ်လိုက်သည်။ သူတို့တစ်တွေ ရဟတ်ယာဉ်ကွင်း လုံခြုံရေး တာဝန်ယူထားရသည်။
………………………………………………………………………………………………………………………………………
နှစ်စဉ်နှစ်တိုင်း မိုးလေကင်းစင်ခါစ ပွင့်လင်းရာသီရောက်လာတိုင်း VIP တစ္ဆေက ခြောက်ခြောက်လာ တတ်မြဲ။ VIP လာမည်ဟု သတင်းရပြီဆိုလျင် ဌာနချုပ်တစ်ခုလုံး ခေါင်းကိုဆင်နင်းတဲ့ကိန်းဆိုက်ပြီ။ ခရီးစဉ် မတိုင်မီ တစ်လလောက်အကြိုကတည်းက မနေမနား အားသွန်ခွန်စိုက် ပြင်ဆင်ကြရသည်။ မြက်တွေအသေ အလဲ ခုတ်ရသည်။ ဟိုင်းကြီးဒေသမှာ ပေါက်သည့်ကြိမ်မြက်ရိုင်းတွေက သန်စွမ်းထူထဲလွန်းလှသည်။ တပ်ထောက်က ပေါက်တူး မတိုးနိုင်လောက်အောင် မာကြောသည်။ မြက်ခုတ်ဓားနှင့်ဆိုလျင်တော့ မဖြုံရေးချ မဖြုံ။ သုံးထပ်လောက်ခုတ်မှ မြေသားပေါ်သည်။ သည်ကြားထဲ တပ်ဧရိယာက ကျယ်ဝန်းတော့ မြက်ခုတ်ခြင်း သည်ပင်လျှင် အလုပ်ကြီးတစ်ခုလို ဖြစ်နေသည်။ ပမ္မ၀တီရေတပ်စခန်းဌာနချုပ်(ပရခ)မှာ တာဝန်ထမ်းဆောင် ဖူးသည့် စစ်သည်တိုင်းလိုလို မြက်ခုတ်နည်း အထူးကျွမ်းကျင်သွားတော့သည်။
တစ်မိုးတွင်းလုံး ဂျီအီးကားတွေ ပစ္စည်းသယ်ထားတာကြောင့် ပျက်စီးချင်တိုင်းပျက်စီးနေသော ချိုင့်ခွက်ဗလပွ လမ်းများကို ပြုပြင်ဖာထေးရသည်။ ဆေးရောင်မှိန်မှိန် တပ်ဆိုင်းဘုတ်များ၊ အဆောက်အဦးနံရံများကိုလည်း သည်အတိုင်း ပစ်ထား၍မရ။ ဆောက်လက်စ ဟိုင်းကြီးရွာဟောင်းက ပြည်ခိုင်ဖြိုးရုံးနှင့် ရွာသစ်က မူလတန်း ကျောင်းတွေ အချိန်မီပြီးစီးအောင် လုပ်အားပေးရာမှာလည်း စစ်သည်များ၏တာဝန်ဖြစ်လာသည်။ ဟိုင်းကြီးမှာ ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးက ပရခဌာနချုပ် G1 နှင့် တိုက်ရိုက်ဆက်ဆံသည်။ ထို့ပြင် ပင်လယ်ကမ်းခြေရှိ ဂေါက်ကွင်းကိုလည်း ညီညာပြန့်ပြူးနေအောင် မြေဖို့၊မြေညှိ၊ မြက်စိုက် သေချာဂရုတမထား ပြင်ဆင်ရသည်။ VIP ဂေါက်သီး လမ်းကြောင်းမဖြောင့်ဖြူးပါက နဂါးမျက်စောင်း သင့်တတ်၍ဖြစ်သည်။
အိမ်ထောင်သည်လိုင်းခန်းများ ပတ်ဝန်းကျင်သာယာလှပရေးကတော့ ရဲမေများ၏ တာဝန်။ ပြီးတော့ ကြိုဆိုရေး၊ ဧည့်ခံကျွေးမွေးရေး။ ခေါင်းစဉ်လေးတွေလှသလောက် ခေါင်းတွေခဲအောင် ကြိုးစားစီမံဆောင်ရွက် ကြရသည်။ ဗူးသီးကြော်၊ ကောက်ညှင်းပေါင်းမှသည် ခေတ်မီဟော်တယ် အစားအစာတွေထိ ပြင်ဆင် ချက်ပြုတ် ရသဖြင့် အ၀ယ်တော်တွေ ရန်ကုန်မြို့အထိခြေဆန့်ကာ လိုအပ်တာတွေ ရှာရဖွေရသည်။ လိုအပ်လျင် အကောင်းဆုံး ဟော်တယ်စားဖိုးမှူးများ ငှားရမ်းကြရသည်။
ယခင်က တည်းခိုစရာနေရာကောင်းကောင်းမရှိသဖြင့် VIP တွေ ညအိပ်နားနေလေ့မရှိကြ။ ယခုတော့ ဟိုင်းကြီး တောင်စွန်း view ကောင်းကောင်းတစ်နေရာမှာ VIP House ကို နန်းတော်ကြီးပမာဆောက်ထားသည်။ ပင်လယ်ပြင်ကို အထက်စီးယူထားတဲ့ အဲဒီနေရာမှာ လေညှင်းခံရင်း၊ ပင်လယ်အော်သံနားထောင်ရင်း၊ ဆုံးစမဲ့ မိုးကုတ်စက်ဝိုင်းကိုငေးမောကြည့်ရှုရင်း၊ ဆက်ရက်မင်း စည်းစိမ်ခံစားရင်း မိနစ်ပိုင်းအတွင်းမှာ ဘ၀အမောတွေ ပြေပျောက်သွားနိုင်သည်။ ပင်လယ်ပြာနှင့် လိုက်ဖက်ညီအောင် Blue Label နှင့်ဧည့်ခံမှ အဆင်ပြေသည်။
ပမ္မ၀တီရေတပ်စခန်းဌာနချုပ် တည်နေရာက VIP လမ်းကြောင်းပေါ်မှာ သာစည်ဘူတာလိုဖြစ်နေသောကြောင့် ကိုကိုးကျွန်းကိုသွားသွား၊   ပါလီပါလဲ့ကိုသွားသွား၊   မော်တင်စွန်းဘုရားပဲဖူးဖူး၊   ပုသိမ်ခရီးစဉ်ပဲဖြစ်ဖြစ် ဟိုင်းကြီးကျွန်းကို ခလုတ်တိုက်မြဲ။ ပရခ မှာ ခရီးတစ်ထောက် ၀င်နားနိုင်သည်။ တစ်နှစ်တစ်ခေါက်တော့ ပုံမှန် ရောက်လာ တတ်မြဲမို့လည်း မလာမချင်း ရတက်မအေးနိုင်။
သည်တော့ ကိုယ့်ဆီကိုဦးတည်လာမှ မဟုတ်။ ကိုယ်နှင့် ဆက်စပ်နေသည့် ခရီးစဉ်ရှိတိုင်း လိုရမယ်ရ ပြင်ဆင် ထားရသည်။ VIP တစ်ခါလာတိုင်းလည်း တပ်ပိုင်ရံပုံငွေစာရင်းမှာ ကျပ်သိန်းဆယ်နှင့်ချီပြီး minus ပြသွားလေ့ရှိ သည်။ VIP ပြန်သွားတဲ့အခါ ဌာနချုပ်မှူးရဲ့မျက်နှာ အလှူရေစက်ချပြီးခါစ ကျောင်းဒကာကြီးလို မရွှင်ပြနိုင်တာ အမှန်။ (ထိုအချိန်က ဌာနချုပ်မှူး ကိုသာဆိုလိုပါသည်။)
ဧည့်သည်အတွက်တော့ ခရီးတစ်ထောက်နားရုံသာ။ အိမ်ရှင်ခမျာမှာက အီးပေါက်ချိန်မရအောင် ဗျာများရသည်။ သည်လို အချိန်ကုန်၊ ငွေကုန်၊ လူတွေလည်း ခြေကုန်လက်ပမ်းကျအောင် လုပ်ကိုင်ပြင်ဆင်ထားပြီးမှ VIPခရီးစဉ် ပျက်ပြယ်သွားသည် ဆိုသောစကားကို ဘွာတေးလုပ်၍ အလွယ်တကူ ကျေအေးနိုင်ပါ့မလား။
သည့်အတွက် တပ်ကြပ်ကြီး မောင်နီ ကျွဲမြီးသွားခြင်း ဖြစ်ပုံရသည်။

နေမင်းသူ
၈ ဇွန် ၂၀၁၁

မြန်မာအလုပ်သမား(၄)ဦးအား ထိုင်းအလုပ်ရှင်မှ မတရားငွေတောင်း


9/6/2011

ထိုင်းနိုင်ငံတောင်ပိုင်း ကဘီ ခရိုင် အောက်လစ် မြို.နယ် အပိုင်တွင် တည်ရှိသော ဆီစက်ရုံမှ မြန်မာအလုပ်သမား လေးဦး သည် ထိုင်းအစိုးရဧ။် တရားဝင်ထုတ်ပေးထားသော အလုပ်လုပ်ခွင့်လက်မှတ် ကိုယ်စီရှိသော်လည်း ထိုင်းအလုပ်ရှင်မှ ထပ်ဆင့်ရောင်းစားခြင်းကို ခံခဲ့ရပါတယ် ။ ဆီစက်ရုံတွင် အလုပ်မမှန်ခြင်း လုပ်ခ လစာ နည်းခြင်း နှင့် လုပ်ခလစာ ငွေများအား အကြောင်း မျိုးစုံပြပြီး ဖြတ်တောက်ခြင်းများ များလွန်းခြင်းတို.ကြောင့် မြန်မာအလုပ်သမား လေးဦးမှာ မိမိတို. စားဝတ်နေရေး အခက်အခဲ များဖြင့်ရင်ဆိုင်နေရပြီး စားဝတ်နေရေးအဆင်ပြေစေရန် အလုပ်သစ်ရှာဖွေခဲ့ကြပါတယ်။   အလုပ်အသစ်မှာ ကဘီမြို.နယ်အတွင်းရှိ ရော်ဘာ ကိုင်းကူး လုပ်ငန်းဖြစ်ပြီး မြန်မာအလုပ်သမား လေးဥင်္ီး မှာ ဆီစက်ရုံမှ အလုပ်ထွက်ရန် မန်နေဂျာ အမျိုးသမီးထံသွားကာ မိမိတို.ဧ။် အလုပ်သမားလက်မှတ်များကို တောင်းခံရာတွင် မန်နေဂျာ ထိုင်းအမျိုးသမီးမှ ထိုင်းဘတ်ငွေ  ၂၅၀၀၀ ပေးမှသာ အလုပ်ထွက်ရမည်ဖြစ်ကြောင်း ၊ ငွေမပေးပဲ အလုပ်ထွက်မည်ဆိုပါက ထိုင်းရဲ များဖြင့် ခေါ်ယူပြီးဖမ်းဆီးခိုင်းမည်ဖြစ်ကြောင်း ပြောဆိုပြီး မြန်မာအလုပ်သမားများထံမှ
ငွေတောင်းခံခဲ့ပါတယ်။အရောင်းခံရသူ တစ်ဦးဧ။်ပြောပြချက်မှာ  (ကျနော် တို.က အမှန်တကယ်ပေးရမှာက တစ်ယောက်တစ်ထောင်ပါပဲ လေးယောက်ဆိုတော့ လေးထောင်ပေါ့ဗျာ ..ဒါပေမဲ့ မန်နေဂျာ အမျိုးသမီးက
၂၅၀၀၀ ဘတ် တောင်းတော့ ကျနော်တို.မှာ စားဖို.တောင်အနိုင်နိုင် ဘယ်လိုပေးနိုင်မှာလဲဗျာ.. ဒါပေမဲ့ အခု အလုပ်ရှင် အသစ်က ကြိုပြီးစိုက်ပေးထားပြီးကျနော်တို.ကို ခေါ်လာတာပါပဲ ..အလုပ်သမား အဖွဲ. အစည်းတွေကို အကူအညီတောင်းဖို.ကလဲ ကဘီ ခရိုင်ထဲမှာ ရှိလားမရှိလားတောင်မသိပါဘူး ..ဒါပေမဲ့ ခုတော့လဲ ငွေလဲပေးပြီးသွားပြီဆိုတော့ ပြီးပါစေတော့ဗျာ  ကျနော်တို.ကတော့ ဒီငွေကို အလုပ်လုပ်ရင်း ပြန်ဆပ်ရအုံးမှာပေါ့  ..)  ဆိုပြီး ပြောပြသွားပါတယ်။
ကဘီခရိုင်အတွင်းရှိရွှေ.ပြောင်းမြန်မာအလုပ်သမားများမှာ အခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်နေရလေ့ရှိပြီး မကြာခဏ အလုပ်ရှင် များဧ။် အနိုင်ကျင့်မှု. ဖိနှိပ်မှု. များကို အားကိုးရာမဲ့ ခံနေကြရသူအများစု ပင်ဖြစ်ပါတယ်။ အေ၇ာင်းစားခံရတဲ့ လေးဦးကတော့ မြန်မာနိုင်ငံ ပဲခူးတိုင်း သနပ္ပင် မြို.နယ် မှ ဖြစ်ပြီး အမျိုးသား နှစ်ဦး အမျိုးသမီး နှစ်ဦး  ဖြစ်ပါတယ်။ အလုပ်သမားအဖွဲ.များဧ။် ထိရောက်သော အကူအညီ နှင့် ကောင်းမွန်သော ဆက်သွယ်ရေး တွင်ကျယ်တဲ့ အသိပညာပေးလုပ်ငန်းများကို မြန်မာရွှေ.ပြောင်းအလုပ်သမားတို. မျှော်လင့်နေပါကြောင်း တင်ပြအပ်ပါတယ်...။

မင်းလွမ်းနောင်(ပန်းတနော်)

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ