.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Tuesday, October 25, 2011

ရေဘေး ဒုက္ခသည်များအား ကူညီရန် နှိုးဆော်ခြင်း


PDF Print E-mail
လေးစားအပ်ပါသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများခင်ဗျား။
20111025aယခုအချိန်တွင် ထိုင်းလူမျိုးများနှင့် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင် စားသောက်နေကြသော မြန်မာရွှေ့ပြောင်း အလုပ် သမားများသည် အလွန်ဆိုးရွားသော သဘာဝ ရေဘေးဒဏ်ကို ခံနေကြရပါသည်။ အတည်ပြု ပြောဆိုနိုင်သော ထိုင်းအစိုးရ၏ ကိန်းဂဏန်းများအရ ထိုင်းလူမျိုး (၉)သန်းကျော်သည် ရေဘေးဒဏ် ခံနေကြရပြီး ထိုင်းလူမျိုး (၃၂၀)ကျော်မှာ ရေဘေးကြောင့် အသက်ဆုံးရှုံး ခဲ့ရပါသည်။ ထောင်ပေါင်းများစွာမှာလည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြပါသည်။ ကျနော်တို့သည် ထိုင်းနိုင်ငံတွင် လာရောက်၍ စီးပွားရှာပြီး လုပ်ကိုင်စားသောက် မှီတင်း နေထိုင်ကြသူများ ဖြစ်သဖြင့် ထိုင်းလူမျိုးများနှင့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ လက်ရှိကြုံတွေ့ နေရသော အခက်အခဲများကို အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ အတတ်နိုင်ဆုံး ဝိုင်းဝန်း ကူညီ ဆောင်ရွက် ပေးသင့်ပါသည်။ ကျနော်တို့ အနေဖြင့် ထိုင်နိုင်ငံအတွင်း ရေဘေးဒဏ် ခံနေရသော ရေဘေး ဒုက္ခသည်များအား တတ်အားသရွေ့ကူညီရန် စတင် ဆောင်ရွက်လျက် ရှိပါသည်။ လူသားချင်း စာနာသောအားဖြင့် ကျနော်တို့ ရွှေ့ပြောင်းမြန်မာ နိုင်ငံသားများ အနေဖြင့် မိမိတို့ စေတနာအလျောက် အစားအသောက်များ၊ ငွေကြေးများနှင့် အခြား လှူဖွယ် ပစ္စည်းများကို ကူညီ လှူဒါန်းပေးကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။
လေးစားစွာဖြင့်
ထူးချစ်
အမှုဆောင် ဒါရိုက်တာ
ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED)
လှူဒါန်းနိုင်သည့် ပစ္စည်းများ
ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် (မာမား)၊ ငါးပိ၊ ငါးခြောက်၊ သောက်ရေသန့်၊ အ၀တ်အထည်၊ ငွေကြေးနှင့် လွယ်ကူစွာ သယ်ယူနိုင်သည့် အစားအသောက်များ။
ဆက်သွယ်ရန်- ( ထိုင်းနိုင်ငံတောင်ပိုင်း- FED တာဝန်ခံများ)
၁။ ကိုမိုးဝေ (၀၈-၇၂၇၇၃၄၂၄)
၂။ ကိုအောင်ကြည် (၀၈-၃၃၉၆၃၃၂၉)
၃။ ကိုသောမတ်စ် (၀၈-၁၀၈၇၁၅၃၅)
၎။ ကိုထွန်းထွန်းနိုင် (၀၈-၁၇၈၈၅၄၂၁)
၅။  ဒေါ်မိစိန် (၀၈-၄၈၂၆၃၁၁၅)
၆။ ကိုမြတ်သူ (၀၈-၁၂၇၂၉၁၅၈)
၇။ ဒေါ်စိန်အေး (၀၈-၆၁၇၄၇၉၆၃)
၈။ ဒေါ်လှစိန် (၀၈-၄၈၃၉၄၂၁၇)
20111025b
20111025c
20111025d
20111025e
20111025f
20111025g
(ဓာတ်ပုံများကို facebook မှ ရယူပါသည်။)
 

ထိုင်းရေဘေးသင့် မြန်မာအလုပ်သမားများ ကယ်ဆယ်ရေးဌာနကို အကူအညီ တောင်းခံနိုင်

Published on October 17, 2011 by မန်းစိုင်းမွန်   ·  
ရေလွှမ်းမိုးခံနေရတဲ့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမား ရေဘေးဒုက္ခသည်တွေဟာ ထိုင်း ရေဘေးကယ်ဆယ်ရေးဌာနတွေဆီ တယ်လီဖုန်းနဲ့ ဆက်သွယ် အကြောင်းကြား နိုင်တယ်လို့ မြန်မာရေဘေးဒုက္ခသည်အရေး တာဝန်ခံက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းက စီးဆင်းလာတဲ့ ရေထုကြောင့် ဘန်ကောက်မြို့ အထက်က နခွန်စ၀မ်၊ အယုဒ္ဓယနဲ့ ပထုံဌာနီဒေသတို့မှာ ခရိုင်တခုလုံး ရေလွှမ်းမိုးနေပါတယ်။
ဒီခရိုင်တွေမှာ အလုပ်လုပ်နေပြီး ရေဘေးဒုက္ခရောက်နေတဲ့ မြန်မာ အလုပ်သမားတွေဟာ ထိုင်းအစိုးရက ဖွင့်လှစ်ထားတဲ့ ဘန်ကောက် ဒွန်မောင်း လေဆိပ်က အရေးပေါ် ရေဘေးကယ်ဆယ်ရေးစင်တာကို ဆက်သွယ်နိုင် ပါတယ်လို့ တာဝန်ခံက ပြောပါတယ်။
“ဖုန်းဆက်လာတာ သိပ်မများသေးဘူး။ မြန်မာအလုပ်သမားတွေက စင်တာရဲ့​ဖုန်းနံပါတ်တွေကိုမသိသေးဘူး။ ကျမတို့ စင်တာက ခုမှ စဖွင့်တာလည်း ပါတယ်လေ။ သူတို့ကို ပြောပြပါ။ စင်တာကို ဖုန်းနဲ့ ဆက်သွယ်အကူအညီတောင်းနိုင်တယ်။ သူတို့ ရှိနေတဲ့ နေရာတွေနဲ့ သိမြင်နိုင်တဲ့အမှတ်အသားတွေနဲ့ အချက်အလက်တွေကို တိတိကျကျ ပြောပြစေချင်တယ်။ သွားပြီးကူညီတဲ့အဖွဲ့တွေက အလွယ်တကူ သိရှိနိုင်ဖို့ပေါ့။”
ဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ကတော့ ၀၈၅ ၃၃၂၇၅၅၃ ဖြစ်ပြီး အမည်က ‘ဖိနုတ်’ ဖြစ်ပါတယ်။
ထိုင်းစကားမပြောနိုင်တဲ့ မြန်မာအလုပ်သမားတွေအတွက် ၀၈၅-၃၇၀၀၅၉၆၀၈၀-၅၅၂၂၀၆၂၊ ၀၈၉-၆၃၇၅၂၇၁ စတဲ့ ဖုန်းနံပါကို ဆက်သွယ်ပြီး မြန်မာစကားပြန်တွေကို အကြောင်းကြားနိုင်ပါတယ်။
ထိုင်းစကားတတ်တဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ ၀န်ကြီးချုပ်ရုံးကို အရေးပေါ်ဖုန်းနံပတ် ၁၁၁၁ ကနေ ၂၄ နာရီပတ်လုံး အခမဲ့ တိုက်ရိုက်ဖုန်းဆက် အကြောင်းကြားနိုင်ကြောင်း ၀န်ကြီးချုပ်ရုံး တာဝန်ခံတဦးက ပြောပါတယ်။
“ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားဆိုရင် ဖုန်းဆက် အကြောင်းကြားပါ။ အမည်နဲ့ ပြန်ပြီးဆက်သွယ်လို့ ရတဲ့ ဖုန်းနံပါတ်တွေကိုပြောပါ။ ပြီးတော့ မိမိ ရေဘေးဒုက္ခ ရောက်နေတဲ့ ခရိုင်အမည်တွေကို အကူအညီတောင်းခံမယ်။ ဥပမာ သဲအိတ်လိုလား၊ ဆေးဝါးလား၊ အစားအသောက်၊ အသုံးအဆောင် စသဖြင့်ပေါ့။ တိုက်ရိုက်သက်ဆိုင်တဲ့ အနီးဆုံးဌာန အမှုထမ်းတွေကို ဆက်သွယ် အကြောင်းကြား ဆောင်ရွက်ပေးဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ခရီးသွားလာရာမှာ ဘယ်လမ်းတွေကို ရှောင်ပြီး ဘယ်လမ်းတွေကနေ သွားရမယ်ဆိုတာကို သိဖို့  ဖုန်းနံပါတ် ၁၄၉၀ ကို ဆက်သွယ်နိုင်တယ်။ အရေးပေါ်ဆေးကုသရေး လိုအပ်ရင် အရေးပေါ်ကျန်းမာရေးဌာန ဖုန်းနံပါတ် ၁၆၆၉ ကို ဆက်သွယ်နိုင်ပါတယ်။”
၂ လကြာ ရေလွှမ်းမိုးမှုကြောင့် ထိုင်းနိုင်ငံမှာ လူ ၃၀၇ ဦး သေဆုံးခဲ့ပြီး ဘန်ကောက် အထက်က နခွန်စ၀မ် အယုဒ္ဓယနဲ့ ပထုံဌာနီ စတဲ့ခရိုင်တို့မှာ အိမ်ခြေ ၃ သန်းနီးပါး ရေမြုပ်ပြီး လူဦးရေ ၈ သန်းခွဲကျော် ဒုက္ခရောက်နေပါတယ်။
ပထုံဌာနီခရိုင်နဲ့ နယ်နိမိတ်ချင်းဆက်စပ်နေတဲ့ ဘန်ကောက်အနောက်ဘက်က ရပ်ကွက်ဇုန် ၁၅ ခုကို ရေမလွှမ်းနိုင်ဘူးလို့  ထိုင်းအစိုးရက ကြေညာထားပေမယ့် ဘန်ကောက်မြို့တော်ဝန်နဲ့  ၀န်ကြီးချုပ်ဟောင်း အဘီဆစ်ကတော့ အစိုးရက ရေမလွှမ်းဘူးလို့ ကြေညာခဲ့တဲ့ ခရိုင်တွေမှာ ရေလွှမ်းသွားတာကြောင့် ခုကြေညာချက်ကို ရာနှုန်းပြည့် စိတ်မချဘူးသေးဘူးလို့ မီဒီယာတွေကို ပြောပါတယ်။

ကိုယ်ရံတော် အထူးချေမှုန်းရေးတပ်ဖွဲ့ဝင်များ



အမ်အေ-၃ ၅.၅၆မမ (ကပစထုတ်) စက်သေနတ်များကိုင်ဆောင်ထားသော စစ်သည်များ

မြန်မာ့တပ်မတော်မှ အထူးချေမှုန်းရေး (ကိုယ်ရံတော်) စစ်သည်များဖြစ်ပါသည်။

မြင်သာ ကညန ရုံးအနီး တက္ကစီ တစ်စီး ပေါက်ကွဲမှုဖြစ်ပွား၊ လူတစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

by The Voice Weekly on Wednesday, October 26, 2011 at 12:55am


ရန်ကုန်၊ အောက်တိုဘာ ၂၅

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (မြင်သာ) အနီးတွင် အောက်တိုဘာ ၂၅ ရက်နေ့ ယနေ့ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က တောင်ဥက္ကလာ ဘေလီတံတားဘက်မှ သင်္ဃန်းကျွန်း စံပြဈေးဘက်သို့ မောင်းနှင်လာသော တိုယိုတာ ကိုရိုလာ အမျိုးအစား အငှားယာဉ် တက္ကစီတစ်စီး၏ ကားရှေ့ခန်း ယာဉ်မောင်းထိုင်ခုံ အောက်မှ အမျိုးအမည် မသိရှိရသေးသော ပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့သဖြင့် ယာဉ်မောင်းဖြစ်သူ အသက် ၂၅ ဝန်းကျင် အမျိုးသားမှာ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ခေါင်းခန်းတွင် လိုက်ပါလာသူ အသက် ၄၀ ဝန်းကျင် ခရီးသည် အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

အဆိုပါဖြစ်ရပ် ဖြစ်ပွားချိန်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ကြားလိုက်ရကြောင်း၊ ကားမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ရှေ့သို့ ပေနှစ်ရာခန့် ဆက်လိမ့်ပြီးမှ စက်ရပ်သွားကြောင်း၊ ထို့နောက် ကားနောက်ခန်းမှ အမျိုးသမီး တစ်ဦးထွက်လာပြီး " လာကြပါဦး၊ ဒါရိုင်ဘာကို ကယ်ကြပါဦး " ဟု အော်ဟစ် အကူအညီ တောင်းခံကြောင်း၊ သို့ဖြစ်၍ အကူအညီ ပေးရန် သွားရောက်ရာတွင် ယာဉ်မောင်းဖြစ်သူမှာ ထိုင်လျက် အနေအထားဖြင့်ပင် ပွဲချင်းပြီး သေဆုံးနေ ကြောင်း၊ ယာဉ်မောင်း၏ဘေး ကပ်လျက်ခုံတွင် ထိုင်နေသူ ခရီးသည် အမျိုးသားမှာ မျက်နှာတစ်ခုလုံး သွေးများ ပေကျံလျက် မေ့မျောနေပြီး ၎င်းဝတ်ဆင်ထားသော လုံချည်မှာ ဇကာပေါက်သဖွယ် ဖြစ်၍ နေသည်ကို တွေ့ရှိရကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးချိန်တွင် ကားမှာ အချက်ပြမီးများ ပွင့်လျက်ရှိပြီး နောက်ခန်းတွင် တပ်ဆင်ထားသည့် CNG ဓာတ်ငွေ့အိုးမှာလည်း အကောင်းပကတိ အနေအထားအတိုင်း တွေ့ရှိရကြောင်း အဆိုပါ ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံ ခဲ့ရပြီး သွားရောက် အကူအညီ ပေးခဲ့သူ အသက် ၃၅ နှစ် ဝန်းကျင်ရှိ အမျိုးသား တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်သည်ဟု မှန်းဆ ပြောဆိုမှုများ ရှိနေပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော မော်တော်ယာဉ်ကို ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သက်ဆိုင်ရာမှ ကရိန်းကားဖြင့် လာရောက် တင်ဆောင်သွားခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် ရဲတပ်ဖွဲ့မှူးကိုယ်တိုင် ဦးစီး၍ သက်ဆိုင်ရာ တာဝန်ရှိသူများ လာရောက် စုံစမ်း စစ်ဆေးလျက် ရှိကြောင်း အဆိုပါနေရာသို့ သွားရောက် သတင်းရယူနေသူ The Voice Weekly အကြီးတန်း သတင်းထောက် တစ်ဦးက သတင်းပေးပို့သည်။

အတည်မပြုနိုင်သော သတင်းတစ်ရပ်အရ ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ခရီးသည် အမျိုးသားမှာလည်း ကွယ်လွန်သွားပြီ ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

အောင်သာနီ ရဲ. ပေးစာ

သို့ 
မြန်မာဘာသာ အသံလွှင့်ဋ္ဌါနများ ( BBC- VOA -RFA- DVB )
ဂျာနယ်သတင်းဋ္ဌါနများ ( ဧရာဝတီသတင်းဋ္ဌါနနှင့်ဂျာနယ်၊ မိဇျိမ္မသတင်းဋ္ဌါနနှင့်ဂျာနယ် ။ နရိန်ဉ္ဖရာသတင်းဋ္ဌါနနှင့်ဂျာနယ် )
ရခိုင်လူမျိုး အဖွဲ့ အစည်းများနှင့် သတင်းဋ္ဌါနများ
လေးစားစွာဖြင့် ။ ။။။ သက်ဆိုင်ရာမြန်မာနိုင်ငံ အစိုးရ၏ ပေါ်လီစီများကို အတည်ပြုချက် မယူဘဲ မခိုင်လုံသည့် သတင်းများ၊ အင်တာဗျူးများ၊ အာဘော်များကို ထုတ်လွှင့်ခြင်း နှင့် ရေးသားခြင်းများ မပြုလုပ်ကြပ...ါရန်ယနေ့  အောက်တိုဘာလ-၂၄-ရက် - ၂၀၁၁- နေ့ တွင် ဘီဘီစီ အသံလွှင့်ဋ္ဌါန မြန်မာပိုင်းအစီအစဉ်မှ ညနေ - ၈ နာရီ-၁၅- မိနစ်၌ ထုတ်လွှင့်ခဲ့ သော သတင်းများ၌ သတင်းများကို ကြားကြရပါပြီ ။ ယင်းသတင်းမှာ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို မေးမြန်းရာ၌ ရိုဟင်ဂျာဆိုသော လူမျိုးများ မရှိကြောင်း အတိအလင်း အတည်ပြု ပြောဆိုသွားပါသည်။ဦးမောင်မောင်သန်းမှာ လူဝင်မှုကြီးကြပ်ရေးမှုး ညွှန်ကြားရေးမှုးချုပ်ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ည်သည့်တိုင်းရင်းသား လူမျိုးများနှင့် လူမျိုးစုနွယ်များက မည်မျှ ရှိသည်ကို သိရှိထားသော တာဝန်ရှိအစိုးရအဆင့်မြင့်အရာရှိဖြစ်ပါသည်။သို့ အတူ ဗိုလ်ချုပ်ခင်ရီမှလည်း မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ( ၁၃၅ ) မျိုး ရှိကြောင်း ကြေညာထားခဲ့ ပြီး ဖြစ်ပါသည် ။ မျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒုဥက္ကဌဖြစ်သူ ဦးတင်ဦးကလည်း ယင်းသို့  ပြောဆိုခဲ့ ပြီးဖြစ်ပါသည်။ အသက်(၈၅ ) နှစ်အရွယ် ရှိပြီဖြစ်သော ဦးတင်ဦးမှာ ယင်းသို့ ပြောဆိုခဲ့ ၍ ခြိမ်းခြောက်ပြောဆိုခြင်း ခံနေရပါသေးသည်။ မြန်မာနိုင်ငံ၏ ခေတ်အဆက်ဆက်အစိုးရများမှ ယခုကဲ့ သို့  မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အကြောင်းကို တိတိကျကျ ဖေါ်ပြရှင်းလင်းထားပြီးဖြစ်ခြင်းကိုလည်း မီဒီယာများမှ သိရှိပြီး ဖြစ်ကြပါသည် ။ သို့ သော် ၈၈-အရေးအခင်းဖြစ်လာပြီးနောက် စစ်အစိုးရ၏ လမ်းဘေးမြောင်းပုပ်မှ အနံ့  ဆိုး နံခြင်းလည်း ဗိုလ်ချုပ်ကြီးတွေ မကောင်းလို့  လူ့ခွင့်အရေးချိုး ဖေါက်ခြင်းခံရခြင်းဆိုပြီး မီဒီယာတွေက လုပ်လာသောအခါ လူ့ အခွင့်အရေးချိုးဖေါက်ခံနေရပါသည်ဟု ဆိုသောသတင်းများမှာ ခေတ်စားလာပါတော့သည်။ ယင်းသို့ ခေတ်စားလာရာမှာ ယခုလို သမိုင်းလိမ်သော ပြသနာက ထိပ်ဆုံးမှသိမသာနှင့် နေရာဝင်ယူလာခဲ့ ခြင်းဖြစ်ပါသည် ။မည်သို့ ပင်ဆိုစေကာမူ အသံလွှင့်သတင်းဋ္ဌါနများနှင့် ဂျာနယ်မီဒီယာများအနေဖြင့် ယခုအချိန်တွင် တင်းထုတ်ပြန်ရေးသား လွှင့်ထုတ်ဖြန့် ချီကြလျှင် အထူးသတိပြုစရာ အချက်တခုကိုတိကျကျ ဆောင်၇ွက်ကြရန်လိုပါသည်။ ယခင်က လွှင့်ထုတ်ခဲ့ သော သမိုင်းလိမ်လူမျိုးများ၏ အင်တာဗျူးများ ၊ သတင်းများ၊ အာဘော်များကို ဆက်လက် မလွှင့်ထုတ်ရန်နှင့် ရေးသားခြင်းမပြုကြရန် အသိပေးအပ်ပါသည် ။ ယနေ့  ကြားလိုက်ရသော ဘီဘီစီမြန်မာပိုင်း သတင်းဋ္ဌါနမှ သတင်းသည် သက်ဆိုင်ရာမြန်မာနိုင်ငံအစိုးရ၏ တာဝန်ရှိအဆင့်မြင့်အရာရှိမှ အစိုးရ၏ ပေါ်လစီသတင်းကို ကြေညာခြင်း ဖြစ်ရာ ယင်းသတင်းကို အတည်ပြုထုတ်လွှင့်ခြင်းပင် ဖြစ်ပါသည် ။ သတင်းဋ္ဌါနများနှင့် ဂျာနယ်မီဒီယာများသည် ယခုကဲ့ သို့  သတင်းအရင်းအမြစ်များကို အတည်ပြုချက်ရယူပြီးမှ ရေးသားထုတ်လွှင့်ရန် သာ လိုအပ်ပါသည် ။သို့ ဖြစ်ပါ၍ ခိုင်လုံသော သတင်းအရင်းအမြစ် မရှိသည်များကို အတည်ပြုချက်များ မပြုလုပ်ဘဲ နောက်နောက် ထုတ်လွှင့်ခြင်း ၊ ရေးသားနေကြခြင်းများအား မပြုလုပ်မိကြစေရန် မိမိတို့  ဂုဏ်သိက္ခာ ပိုင်းဆိုင်ရာ စာနယ်ဇင်းကျင့်ဝတ်များနှင့်အညီ ဆောင်၇ွက်ကြပါရန်နှင့် ဘီဘီစီဋ္ဌါနကဲ့ သို့  အတည်ပြုချက်ရယူပြီးမှ အခြားသော အသံလွှင့်ဋ္ဌါနများက ထုတ်လွှင့်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အောင်သာနီ

ထိုင်းနိုင်ငံရေဘေးကြောင့် မြန်မာ အလုပ်သမားများ ရပ်တည်ရန်ခက်ခဲ

ထိုင်းနိုင်ငံတွင် ရေကြီးမှုကြောင့် မြန်မာအလုပ်သမားများ ရပ်တည်ရန် အခက်အခဲနှင့် ရင်ဆိုင်နေရပြီး မြန်မာအလုပ်သမား ၂၀၀၀၀ခန့် နေရပ်သို့ ပြန်သွားပြီ ဖြစ်ကြောင်း သိရသည်။
ဘန့်ဘူထောင်မြို့နယ် ဖုစာစမ်ပ်ရပ်ကွက် ၃ ရေကြီးနေစဉ် (ဓာတ်ပုံ - ငြိမ်းဇော် / ဧရာဝတီ)
မြန်မာအလုပ်သမားများသည် ယခင်တပတ် စနေနေ့မှ စတင်၍ နေ့စဉ်လူ ၅၀၀ ခန့် နေရပ်သို့ ပြန်နေကြခြင်းဖြစ်ပြီး ထိုင်း – မြန်မာ နယ်စပ် မြ၀တီမြို့တွင် လူပွဲစားများက နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနှင့်ပေါင်း၍ အဓမ္မ ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေကြောင်း၊ လမ်းခရီးတွင် အခက်အခဲနှင့်ကြုံတွေ့ကြရကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ပြောသည်။
နေရပ်ပြန်သူများအနက် ကရင်ပြည်နယ် ဘားအံမြို့အထိ လုံခြုံစွာ အခမဲ့ သွားရောက်နိုင်သူ ဦးရေမှာ ၄၁ ဦးသာရှိသည်။
ထိုသူများကို ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးက ကားဖြင့် ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရေဘေးဒုက္ခ အခံစားရဆုံးဖြစ်သည့် ပထုံဌာနီဒေသရှိ ဘုန်းကြီးကျောင်း တကျောင်းတွင် ယာယီ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားကြောင်း၊ ဒုက္ခသည် စုစုပေါင်း လူ ၄၀၀ အနက် မြန်မာပြည်သား ၂၀၀ ခန့် ရှိနေကြောင်း Migrant Working Group အဖွဲ့မှ အမည်မဖော်လိုသူ ကယ်ဆယ်ရေး လုပ်သား တဦးက ဧရာဝတီကို ပြောသည်။
ရေဘေးဒုက္ခသည် မြန်မာပြည်သားများကို လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF)၊ ထိုင်းနိုင်ငံရှိ မြန်မာ သံရုံးမှ သံအမတ်ကြီးတို့က အကူအညီများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုင်းအဖွဲ့အစည်းများနှင့် မြန်မာ အဖွဲ့အစည်းတချို့က အကူအညီများ ထောက်ပံ့ပေး သော်လည်း လူဦးရေ များပြားလွန်းသည့် အတွက် အဆင်မပြေကြောင်း ရေဘေးဒုက္ခသည် မြန်မာတဦးက ပြောသည်။
ထိုင်းနိုင်ငံတွင် မြန်မာပြည်သား ၂ သန်းမှ ၄ သန်းကြားရှိပြီး နေထိုင်လုပ်ကိုင်ခွင့် အထောက် အထား လက်မှတ် ပြုလုပ်ထားသူ ၁ သန်းကျော် ရှိရာ ရေဘေးသင့်ဒေသတွင် အလုပ်လုပ်နေသူ မြန်မာအရေအတွက် သိန်းနှင့်ချီ၍ ရှိနိုင်သည်။
ထိုင်းနိုင်ငံ အနှံ့ ရေကြီးမှုကြောင့် အနည်းဆုံး လူ ၃၅၆ ဦး သေဆုံး၍ လူဦးရေ ၁၁၃၀၀၀ ခန့် ရေဘေး ဒုက္ခသည် အဖြစ် အခက် အခဲနှင့် ကြုံနေရကြောင်း အပတ်စဉ် ထုတ်လွှင့်နေသည့် ရေဒီယို မိန့်ခွန်းတွင် ထိုင်းဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်က ပြောခဲ့သည်။
နောက်ဆုံးရသတင်းများအရ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်အတွင်း ရေဝင်သဖြင့် လေဆိပ်ကို ပိတ်ထားရကြောင်း၊ ဆေးရုံတချို့မှ လူနာများကို ဘေးလွတ်ရာသို့ ရွှေ့ထားရကြောင်းနှင့် ဘန်ကောက် အပါအဝင် မြို့နယ်ပေါင်း ၂၁ မြို့နယ်ကို ယခုလ ၂၇ မှ ၃၁ ရက်နေ့အထိ ရုံးပိတ်ရက်အဖြစ် ထိုင်းအာဏာပိုင်များက အရေးပေါ် ကြေညာထားကြောင်း သိရသည်။
ယခုလက်ရှိတွင် ရေကြီးမှုကြောင့် ဘဏ်ခွဲပေါင်း ၃၀၀ နီးပါးနှင့် ၂၄ နာရီဖွင့်လှစ်သော 7-11 စတိုး ၂၇၀ ကျော် ပိတ်လိုက်ရပြီဟု ဘန်ကောက်ပို့စ် သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအနှံ့အပြား ရေကြီးမှုကြောင့် လူသုံးကုန် ပစ္စည်းတချို့လည်း ဈေးတက်သွားသည်။ ယခင် ၅ ဘတ်သာ ပေးရသော ရေသန့်ဗူး တဗူးလျှင် ရေဘေးကျရောက်သည့် ဒေသများ၌ ယခုအခါ ၄၅ ဘတ်အထိ ပေးဝယ် နေရကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် ရေလှောင်တမံ ၃၃ ခုရှိပြီး တချို့ ရေလှောင်တမံများမှ ရေများ ဖွင့်ချခဲ့မှုကြောင့် ဆူခိုထိုင်း၊ ဖိကျစ်၊ နခွန်စ၀မ်၊ ဦးထိုင်းဌာနီ၊ ချိုင်န၊ ဆင်ဘူရီ၊ အန်ထောင်း၊ အယုဒ္ဓယ၊ လွတ်ဘူရီ၊ ဆလာဘူရီ၊ ဆူဖန် ဘူရီ၊ ပထုံ ဌာနီ စသည့် မြို့နယ်များတွင် ရေလွှမ်းမိုးမှုများ ဆက်လက်ဖြစ်ပွားခဲ့ရာ ယခုလက်ရှိတွင် ဘန်ကောက်မြို့တွင်း ရေလွှမ်းနေပြီ ဖြစ်သည်။
အောက်တိုဘာ ဒုတိယပတ်အတွင်း ထိုင်းနိုင်ငံ ဗဟိုဘဏ်၏ တွက်ချက်မှုအရ ယင်းရေကြီးမှုကြောင့် ဘတ် ဘီလီယံ ၁၀၀ ခန့် (အမေရိကန် ဒေါ်လာ ၃. ၃ ဘီလီယံခန့်) ဆုံးရှုံးမှု ရှိခဲ့ကြောင်း သိရသည်။

Monday, October 24, 2011

ရေ​ဘေး​ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာ အကူအညီလိုအပ်​နေ

Published on October 24, 2011 by နော်နိုရင်း   · 
လွန်ခဲ့ ​တဲ့​ရက်ပိုင်း​က လူ ၂၀၀ ​ကျော် ​သေဆုံး​ပျောက်ဆုံး​ခဲ့​တဲ့​ မ​ကွေး​တိုင်း​အတွင်း​ ​ရေကြီး​မှုမှာ ​ကျေး​ရွာအ​တော်များ​များ​ ​ရေ​ဘေး​သင့်​ခဲ့​ရပြီး​ လူ​ထောင်​ပေါင်း​များ​စွာ အကူအညီ လိုအပ်​နေပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်း​ဒေသ မ​ကွေး​တိုင်း​မှာ ပြီး​ခဲ့​တဲ့​အပတ်က မိုး​သည်း​ထန်စွာရွာသွန်း​မှု​ကြောင့်​ ဆည်တချို့​ရေ​ဖောက်ချခဲ့​ရသလို ​ချောင်း​ရေလျှံပြီး​ အိမ်​တွေ ​မျောပါပျက်စီး​ခဲ့​ရတာပါ။
ရေ​ဘေး​သင့်​ ပြီး​ အ​သေအ​ပျောက်အများ​ဆုံး​ဖြစ်တဲ့​ ပခုက္ကူမြို့​ကို ဒုတိယသမ္မတ စိုင်း​မောက်ခမ်း​ မ​နေ့​က လာ​ရောက်ကြည့်​ရှုခဲ့​တယ်လို့​ ​ဒေသခံ​တွေက ​ပြောပါတယ်။
ပခုက္ကူမှာ ​ရွှေ​ချောင်း​တံတား​ ​ရေအား​နဲ့​ထိုး​လို့​ ကျိုး​သွား​ခဲ့​ရပြီး​ ကမ်း​နား​နေ ပြည်သူ​တွေ ​ရေထဲ​မျောပါ ​သေဆုံး​ခဲ့​ကြသလို ​ထောင်ချီတဲ့​ ​ရေ​ဘေး​သင့်​သူ​တွေကို တိ​လောကရာမ၊​ မိုး​ကုတ်ဝိပဿနာအပါအဝင် ဘုန်း​ကြီး​ကျောင်း​လေး​ခုမှာ ​နေရာချထား​ပေး​ပါတယ်။
ပခုက္ကူ​ရေ​ဘေး​ဒုက္ခသည်​တွေအ​ခြေအ​နေကို ဆရာ​တော်တပါး​က ခုလို မိန့်​ပါတယ်။
ရေ ဘေးဒုက္ခသည်အချို့ (ကယ်ဆယ် ရေးစခန်း မတ္တ ထောင်ဘုန်း ကြီး ကျောင်း )
“ပခုက္ကူ​တော့​ မ​နေ့​က နိုင်ငံ​တော်သမ္မတကြီး​ လာသွား​တယ်။ လိုအပ်တာ​တွေကို ညွှန်ကြား​သွား​ပြီး​တော့​ ကုမ္ပဏီ​တွေ​တော့​ ​ငွေလှူသွား​တယ်လို့​ကြား​တယ်။ ​တော်​တော်များ​များ​လည်း​ ရန်ကုန်တို့​က လှမ်း​ပို့​တာတို့​၊​ မန္တ​လေး​က​တော့​ ကိုယ်တိုင်လာလှူတာ​ပေါ့​။ မွတ်စလင်နာ​ရေး​ကူညီမှုအသင်း​တို့​လည်း​လာတယ်။ ပခုက္ကူမှာရှိတဲ့​ ကုန်သည်ပွဲစား​တို့​လည်း​ လုပ်ကြပါတယ်။”
ပခုက္ကူ​ရေ​ဘေး​ဟာ အနည်း​ဆုံး​ လူ ၂၀၀ ဝန်း​ကျင် ​သေတယ်လို့​ ခန့်​မှန်း​ပြောဆို​နေကြပါတယ်။
အဲဒီ ​ချောင်း​တ​လျှောက်မှာ ​နေထိုင်သူ​တွေဟာ အစိုး​ရထံမှာ စာရင်း​မဝင်သူ​တွေလည်း​ရှိတာ​ကြောင့်​ ခန့်​မှန်း​တွက်ချက်ရခက်​နေတယ်လို့​ ဆိုပါတယ်။
မ​ကွေး​တိုင်း ​ ​ပေါက်မြို့​နယ်မှာ ရွာ​ပေါင်း​ ၃၈ ရွာ ​ရေလွှမ်း​ခဲ့​ပြီး​ အိမ်​ခြေ​ပေါင်း​ ၄ ရာနီး​ပါး​ ​ရေ​မျောခဲ့​ရသလို လူ ၂၁ ဦး​ ​သေဆုံး​ခဲ့​တယ်လို့​ ​ပေါက်မြို့​ခံတဦး​က ​ပြောပါတယ်။
ရေ​ဘေး​ ဒုက္ခသည် ၃​ထောင်နီး​ပါး​က နီး​စပ်ရာ​ဆွေမျိုး​ အသိအိမ်မှာ ခိုလှုံ​နေကြရပြီး​ ​ဒေသခံရွာသား​ ကူညီတာကလွဲရင် ဘယ်အဖွဲ့​စည်း​ကမှ ကူညီတာမရှိ​သေး​ဘူး​လို့​ ​ပေါက်မြို့​ခံက ​ပြောပါတယ်။
“​ပေါက်မြို့​ အ​ရှေ့​ဘက်ကုန်း​မှာ မူလအိမ်​ခြေ ၆၈၄၀ ရှိရာမှာ ​ရေမြုပ်သွား​တာက ၂၇၇၅ အိမ်ရှိတယ်။ ​ရေ​မျောသွား​တာ ၃၈၀ ရှိတယ်။ ​သေဆုံး​မှုမှာ​တော့​ ကျား​ ၁၅၊​ မ ၆ ​ယောက်စုစု​ပေါင်း​ ၂၁ ဦး​။ စာသင်​ကျောင်း​က ၂ ​ကျောင်း​မျောသွား​တယ်။ ဘုန်း​ကြီး​ကျောင်း​က ၃ ​ကျောင်း​ ​မျောသွား​တယ်။ ဓမ္မာရုံတရုံ​မျောသွား​တယ်။ ​ရေ​ဘေး​ဒုက္ခသည် စုစု​ပေါင်း​ ၂၃၈၁ ရှိတယ်။ ​လော​လောဆယ်​တော့​ ရွာနီး​ချုပ်စပ်က ​ရေ​ဘေး​ဒဏ် မခံရတဲ့​ ရွာတို့​က ထမင်း​ထုတ်​ဝေတာတို့​ ရှိတာ​ပေါ့​။ အဖွဲ့​အစည်း​တွေ​တော့​ ဘာမှအကူအညီ​ပေး​တာ မကြား​ရ​သေး​ဘူး​။”
အဲဒီ​ဒေသမှာ မိုး​အဆက်မပြတ်ရွာသွန်း​လို့​ ၁၉ ရက်​နေ့​ကစပြီး​ ​ပေါက်​ချောင်း​၊​ ဆင်ဆာ​ချောင်း​နဲ့​ ကျား​သိုက်​ချောင်း​တို့​က ​ရေလျှံပြီး​ အခုလို ​ရေကြီး​ရေလျှံမှု​တွေ ဖြစ်ပွား​ခဲ့​တာလို့​ အဲဒီမြို့​ခံက ​ပြောပါတယ်။
ဂန့်​ဂေါမြို့ ​မှာရှိတဲ့​ လမ်း​တံတား​တွေနဲ့​ ​ထောပတ်ပဲစိုက်ခင်း​တွေလည်း​ ပျက်စီး​ကုန်ပါတယ်။ ကံမမြို့​နယ်ဘက်မှာ​တော့​ လူအ​သေအ​ပျောက် မရှိ​ပေမယ့်​ လမ်း​တွေစိုက်ပျိုး​မြေ​တွေ ပျက်စီး​ကုန်တယ်လို့​ ​ပြောပါတယ်။ လမ်း​တံတား​တွေ ပျက်စီး​မှု​တွေ​ကြောင့်​ သွား​လာ​ရေး​ အခက်အခဲဖြစ်တယ်လို့​လည်း​ မြို့​ခံ​တွေက ​ပြောပါတယ်။
“ကျ​နော်တို့​ ကံမဘက်မှာ​တော့​ ရွာလမ်း​တွေလည်း​ အကုန်ပျက်ကုန်တယ်။ အ​သေအ​ပျောက်​တော့​ မရှိဘူး​။ ကျ​နော်တို့​ဘက်က လယ်​တွေယာ​တွေပျက်တာ​တော့​ နည်း​တယ်။ ရွာ​တွေထဲ​ရေဝင်ပြီး​ ရွာလမ်း​တွေဘာ​တွေ​တော့​ ချိုင့်​ခွက်​တွေဖြစ်ပြီး​ ပျက်ကုန်တယ်။ အခု​တော့​ ဖြစ်သလိုပဲ သွား​နေကြတယ်။”
ဆိပ်ဖြူမြို့​ နယ်မှာ​တော့​ ​ယော​ချောင်း​ရေကြီး​တာ​ကြောင့်​ ရွာ​ပေါင်း​ ၁၀ ရွာထက်မနည်း​ ​ရေနစ်မြုပ်ခဲ့​သလို လူ​ရောတိရစ္ဆာန်ပါ ​ရေ​မျော​သေဆုံး​တာ ရှိတယ်လို့​ ဆိပ်ဖြူမြို့​ခံတဦး​က ​ပြောပါတယ်။
“အိမ်​ တွေတချို့​လည်း​ ​ရေ​နောက်ပါကုန်တယ်။ တချို့​လည်း​ အဲဒီမှာတင် တိုင်တလုံး​စာ နှစ်လုံး​စာ​လောက်ကျန်​နေခဲ့​တယ်။ အိမ်​ခြေ​ပေါင်း​ ၁၀၀၀ ​တော့​ ​ကျော်မယ်။ ​မျောပါတာ​တော့​ ၁၀၀၀ မ​ကျော်ဘူး​။ ​ရေမြုပ်တာ​တော့​ ၁၀၀၀ ​ကျော်တယ်။ တချို့​ရွာ​တွေမှာ​တော့​ တဧက၊​ နှစ်ဧက ကုန်း​မြင့်​လေး​တွေမှာ လွတ်တဲ့​အိမ်​လေး​တွေရှိတယ်။ အဲဒီမှာ စု​နေတယ်။ တချို့​ကျလည်း​ ရွာအပြင်က ကုန်း​လေး​တွေ​ပေါ်မှာ မိုး​ကာထိုး​ပြီး​နေကြတယ်။ ဘာမှ​တော့​လုပ်မရ​သေး​ဘူး​။ တပတ် ​လောက်​တော့​ ကိုယ့်​အိမ်​နေရာကို ပြန်​နေလို့​မရ​သေး​ဘူး​။ ​တောင်ရွာမ ​မြောက်ရွာမဆိုတဲ့​ ​ကျေး​ရွာကဆို နွား​၊​ ကျွဲ၊​ တိရစ္ဆာန်၊​ ဝက် အ​ကောင် ၂၀၀ ​လောက် ပါသွား​တယ်။”
ရေ​ဘေး​ ဒုက္ခသည်​ထောင်ချီရှိပြီး​ အစပိုင်း​ ​ဒေသခံ​တွေကို ကူညီတာရှိ​ပေမယ့်​ အခုချိန်မှာ​တော့​ လာ​ရောက်ကူညီတာ မရှိ​တော့​ဘူး​လို့​ မြို့​ခံက ​ပြောပါတယ်။
မြိုင်မြို့​နယ်ထဲမှာ​ရေလွှမ်း​လို့​ လူ ခုနှစ်ဦး​ ​သေဆုံး​ခဲ့​ရပါတယ်။

ထိုင်းနိုင်ငံရေဘေးနှင့် မြန်မာပြည်သားများ

Burmese workers in Bkk


ဓာတ်ပုံသတင်း
အောက်တိုဘာ ၂၄၊ ၂၀၁၁ ယနေ့ ဘန်ကောက်တွင် တွေ့ရသည့် မြန်မာပြည်သားများ၊ ဒေသခံ ထိုင်းများ။ ရေဘေးဒဏ်ခံနေရသည့် ဘန်ကောက်နှင့် ခရိုင်အများအပြားတွင် ရောက်နေသော မြန်မာပြည်သား အများအပြား ရှိသည်။
(ဓာတ်ပုံ – Reuters)



နှိုးဆော်ချက်

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမား ရေဘေး ဒုက္ခသည်များအတွက် ကူင်္ညီထောက်ပံ့ပေးရန် အလှူ ငွေ နှင့် ပစ္စည်းများ အလှုခံလျှက်ရှိပါတယ်....ရရှိလာသော အလှူ ငွေနှင့် ပစ္စည်းများကု စာရင်းပြုစုပြီး ပညာရေးနှင့်ဖွံ့  ဖြိုးရေး (GHR)အဖွဲ. (ထိုင်းနိုင်ငံတောင်ပိုင်း ) မှ ဒါရိုက်တာ ဦးထူးချစ် ထံသို. စာရင်းနှင့်တကွ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း အသိပေးရင်း စေတနာရှင် အလှူရှင်များအား ကြိုဆိုဖိတ်ခေါ်လိုက်ပါတယ်.......ဆက်သွယ်ရန်ဖုန်းကတော့ 0835928497 (ထိုင်းဖုန်း) ဝေမင်း ၊ ဦးထူးချစ် 0817977745 (ထိုင်းဖုနိး) တို.ဖြစ်ပါတယ်။

နေပြည်တော်ခရိုင် ဥတ္တရသီရိမြို့နယ်နဲ့ ပျဉ်းမနားမြို့နယ် အတွင်းမှာ ယာမြေ ကျူးကျော်လို့ စွပ်စွဲပြီး ဒေသခံတွေကို အဓမ္မ ရွှေ့ပြောင်းခိုင်းနေ (ရုပ်သံ)


စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ