.comment-form{ margin-right: auto; margin-left: auto; }

အကြို့်များသောပိုစ်များ

Monday, June 27, 2011

ထိုင်းရောက် မြန်မာအလုပ်သမားများအရေး မြန်မာအစိုးရသစ် ဂရုစိုက်သင့်

(က)
နှစ်ပေါင်း (၃၀) ၀န်းကျင် အတွင်း မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်း အလုပ် လုပ်ကိုင် နေထိုင်သူပေါင်း သန်းချီပြီး ရောက်ရှိ နေကြသည်ကို မည်သူမှ ငြင်းချက် မထုတ်နိုင်။ ဒီကာလတွေမှာ လုပ်ငန်းခွင် အသီးသီး၊ နေရာ အသီးသီးမှာ သေသင့်လို့ သေသွားသူများ ရှိမှာဖြစ်သလို အကြောင်းမဲ့ သတ်ဖြတ်ခံရ တာတွေက ဘယ်လောက် အထိ ရှိခဲ့ပြီ ဆိုတာလည်း မည်သူမှ မသိနိုင်။ မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ ကာယဉာဏ ကို တန်ဘိုး ထားရကောင်း မသိတဲ့ ထိုင်းနဲ့ မြန်မာ စစ်အစိုးရတို့ရဲ့ တာဝန်မဲ့ခဲ့မှု လျစ်လျူ ရှုမှုတွေကြောင့် ယနေ့တိုင် ထိုင်းနိုင်ငံ အတွင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမား အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတဲ့ တိကျ၊ နီးစပ်တဲ့ အရေအတွက်ကို မသိရှိနိုင် ဖြစ်တာကိုလည်း အများသိပြီး ဖြစ်တယ်။
မကြာသေးခင်က နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများအဖွဲ့ IOM နဲ့ ထိုင်းအစိုးရတို့ တရားဝင် ထုတ်ပြန် ကြေညာချက်ထဲမှာ (၂၀၁၀) ခုနှစ်က ထိုင်းနိုင်ငံအတွင်းမှာ မြန်မာ၊ ကမ္ဘောဒီယားနဲ့ လာအို နိုင်ငံတို့က တရားဝင် မှတ်ပုံတင်ခဲ့သော အလုပ်သမားပေါင်း (၉၃၂,၂၅၅ ) ဦးရှိခဲ့တယ်။ ဒါပေမယ့် (၂၀၁၁) ခုနှစ် ဖေဖေါ်ဝါရီလ အထိ နောက်ဆုံး စာရင်းအရ (၅၅၀,၀၀၃) ဦး မှတ်ပုံတင် လုပ်ထားပြီး ဖြစ်တယ်လို့ ဖေါ်ပြ ထားပါတယ်။ ဒီအထဲ မြန်မာ (၃၅၂,၇၄၈) ဦး ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ ခန့် မှန်း ထားချက်တွေအရ ထိုင်းနိုင်ငံ အတွင်းမှာ တရားဝင် နေထိုင် အလုပ်လုပ် ကိုင်ခွင့် ရှိသူရော မရှိသူပါ သုံးသန်းထက် မနည်း ရှိနိုင်တယ်လို့ ခန့်မှန်း ထားကြပါတယ်။ ထိုင်းနိုင်ငံ အတွင်းမှာရှိတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ အထဲ မြန်မာ အလုပ်သမားက (၉၀) ရာခိုင်နှုန်း ရှိတယ်လို့လည်း ပြောကြပါတယ်။
(ခ)
ထိုင်းနိုင်ငံရဲ့ အခင်းအကျင်းကို ခြုံငုံ ပြောရမယ် ဆိုရင် ဘုရင်ကို ပြောဆို

နော်ဝေစာ မြန်မာ ပြန်ကြည့်ခြင်း(၆)


နော်ဝေ သဒ္ဒါအသုံး (၁)
အရင်က ဖတ်ခဲ့ဘူးတဲ့ သဒ္ဒါစာအုပ်ထဲက မှတ်သားမိတဲ့ သဒ္ဒါအသုံးအနူန်းတချို.ကို မျှဝေလိုက်ပါတယ်။ နောင်လည်း အလျှင်းသင့်သလို မျှဝေပါမယ်။
ခင်တဲ့
မောင်ခောတ်
 
Akkurat         
အခုလေးတင်၊ တိတိကျကျ

Jeg kom akkurat inn døra.
ငါအခုလေးတင် ရောက်လာတာ။ (ငါအခုပဲ ၀င်လာတာ)
Han var her akkurat.
သူအခုပဲ ရောက်လာခဲ့တာ။

  1. Du har akkurat samme dialekt som moren min.
မင်းစကားပြောတဲ့သံ (ဥပမာ အညာသံ၊ မွန်သံ၊ ရန်ကုန်လေ) က အမေ့ရဲ.သံနဲ. ချွှတ်စွတ် ပဲ။ တထပ်တည်းပဲ။
  1. Vaktmeseren har vært ansatt i akkurat en måned.
ဗက်မာစတာ က အလုပ်လုပ်တာ  တလ တိတိ ရှိပြီ်။
  1. Han hadde akkurat nok penger til en kaffe.
သူ.မှာ ကော်ဖီတခွက်စာ ပိုက်ဆံ အတိပဲ ရှိတယ်။
သူ.မှာ ကော်ဖီတခွက်စာ ပိုက်ဆံ ကွက်တိ ပဲ ရှိတယ်။
  1. Trikken har akkurat gått.
ဓါတ်ရထားက အခု လေးတင် (ထွက်)  သွားပြီ။
  1. Skoene er akkurat passe.
ဖိနပ်က ကွက်တိပဲ တော်တယ်။ 
 
Akkurat  ကို တခါတလေမှာ သံယောင်လိုက်တဲ့ နေရာမှာလည်း သုံးတယ်။ ဥပမာ..
ဘီရော။        ။ လူတွေ အခုချိန်မှာ တကယ့်ကို အလုပ်များနေတယ်ဗျာ။
လား။           ။ ဟုတ်တာပေါ့။ ငါ နားလည်ပါတယ်။
 
Bjørn:        Alle har mye å gjøre på jobben for tiden.
Lars:          Akkurat, det forstår jeg.
 
Allerede
Already, by now , even
ပြီးပြီ။ တောင်မှ။ (သူတောင်မှ မျက်နှာမထောက်ရင် ငါက ဘာလို. သနားရမှာလည်း)
 
ဥပမာ ၀ါကျ
 Har du lest hele boken allerede?
မင်း စာအုပ် တစ်အုပ်လုံး ဖတ်ပြီးပြီ လား။
  1. Vi burde allerede ha fått svar fra myndighetene.
တို. အာဏာပိုင်တွေဆီက အဖြေကို ရသင့် နေပြီ။
  1. Du trenger ikke å rydde opp. Jeg har gjørt det allerede.
မင်း သန်.ရှင်းရေး လုပ်ဖို. (လှည်းကျင်းဖို.) မလိုဘူး။ ငါ ဒါကို လုပ်ပြီးပြီ။
  1. Petter hadde allerede spist middag., så han var ikke sulten.
ပီတာ ညနေစာစားပြီးသွားပြီ။ ဒါကြောင့် သူ မဆာတာ.
နော်ဝေ သဒ္ဒါမှာ ဒီလို ကြိယာပြ ပုဒ် တွေက ၀ါကျ တွေရဲ. အလည် မှာ ဒါမှ မဟုတ် အဆုံးမှာ သုံးတတ်တယ်။
ဥပမာ

  1. Jeg har allerede hørt det.
Jeg har hørt det allerede.
  1. Allerede de gamle grekerne visste dette.
ရှေ.ဟောင်း ဂရိတွေ တောင်မှ ဒါကို သိကြတယ်။
 
Idoms
Allerede samme dag-  ဒီရက်တွေမှာ။
 
Allerede den gang-  ဒီအချိန်မှာ။
Annerledes/ adj.,adv
ကွဲပြားသော၊ ကွဲပြားခြားနားစွာ
Annerledes ကို အရာတခုဟာ တခြား အရာတစ်ခုနဲ. မကူပဲ ကွဲပြားနေတယ်။ ခြားနားနေတယ် ဆိုတာ ဖေါ်ပြဖို. သုံးပါတယ်။ ဒါမှမဟုတ် တခုခုကို အခြားတခုခုနဲ. မတူပဲ လုပ်ဆောင်ခဲ့တယ်လို. လည်းပြောတဲ့ နေရာမှာ သုံးပါတယ်။
ဥပမာ
Hun er annerledes enn de andre.
သူမက တခြားလူတွေနဲ. မတူဘူးဗျ။
ဥပမာ ၀ါကျ တွေကတော့
  1. Mye er annerledes her I Norge.
အတော်များများဟာ ဒီနော်ဝေမှာ မတူကြဘူး။ (ကွဲပြားကြတယ်။)
  1. Jeg ville ikke ha gjort det annerledes.
ငါ  မတူတဲ့ဟာတွေကို မလုပ်ခြင်ဘူး။
  1. Hvordan er dette annerledes?
ဒီမတူတဲ့ ဟာတွေကို ဘယ်လိုသဘောရသလည်း။ (ဘယ်လိုလည်း)
သတိပြုရန်
 
 
Forrige
 
ပြီးခဲ့တဲ၊ အရင်
Skoleferien begynte forrige fredag.
ကျောင်းအားလပ်ရက် က  ပြီးခဲ့တဲ့

Facebook လုံခြုံရေးနှင့် ပတ်သက်ပြီး သိသင့်တဲ့ မေးခွန်းငါးခု

Facebook လုံခြုံရေးနှင့် ပတ်သက်ပြီး သိသင့်တဲ့ မေးခွန်းငါးခု Print E-mail
Friday, 12 November 2010 10:45

သိပ်မကြာခင်အပတ်က ဝေါလ်စထရီဂျာနယ်မှာ Facebook Application တွေနဲ့ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာခဲ့ပါတယ်။
ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမ၀င်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။

Q - Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင်ပါသလား။
A - အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

Q - ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။
A - ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေးတာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေမှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေးအချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ပေါ်လစီကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက်တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

Q - Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။
A - Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

Q - ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်းဆုံးထိန်းချုပ်နိုင်မလဲ။
A - သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ၀င်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

Q - ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေးအချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။
A - အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့အချက်အလက် တွေကိုသူများက သိသွားတာမအံ့သြပါနဲ့။ ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက်အလက်တွေ ဖြည့်နေရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထားပါတယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့အတိုင်း အပြည့်အ၀အတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

Ref: Understanding what Facebook apps reall Know (FAQ)
ရေးသားသူ -  ဆန်းသော်တာ

ကျပ်ငွေဈေး အနည်းငယ် ပြန်ဆင်း


(မဇ္ဈိမ မှ ကူးယူဖော်ါပြသည်)

ချင်းမိုင် (မဇ္ဈိမ) ။      ။ စံချိန်တင် ဈေးမြင့်တက်သွားခဲ့သော မြန်မာကျပ်ငွေ ဈေးနှုန်းသည် အင်္ဂါနေ့တွင် အနည်းငယ် ပြန်လည် ကျဆင်းလာပြီး အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျင် ကျပ် ၇၈ဝ ဈေးပေါက်သည်။

တလခန့် ဆက်တိုက် တက်သွားခဲ့သော မြန်မာငွေဈေးမှာ အမေရိကန် ဒေါ်လာနှင့် လဲလှယ်ရာတွင် တဒေါ်လာလျှင် ၇၅ဝ ကျပ်အထိပင် မြင့်တက်ခဲ့သည်။ ထိုင်းဘတ်ငွေနှင့် မြန်မာငွေ လဲလှယ်ရာတွင် ကျပ်ငွေတသိန်းလျှင် ဘတ် ၄၂ဝဝ အထိ ဈေးပေါက်သည်။

ကျပ်ငွေဈေးတက်မှုက ပို့ကုန် လုပ်ငန်းရှင်များ၊ ပြည်ပတွင် dollarအလုပ်လုပ်သူများကို မှီခိုနေရသော အိမ်ထောင်စုများနှင့်
 ဒေါ်လာနှင့် ဝင်ငွေရရှိသူများကို ထိခိုက်စေသည်။

ဦးခင်မောင်ညို (ဘောဂဗေဒ) က သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ဗုဒ္ဒဟူးနေ့နံနက် အမေရိကန် ဒေါ်လာဈေးမှ ၇၈ဝ-၇၉ဝ ကျပ် ဈေးပေါက်ပြီး၊ အက်ဖ်အီးစီမှ ၇ဝ၅-၇၂ဝ ကျပ် ဈေးပေါက်သည်ဟု ရေးသားထားသည်။

“ ဒေါ်လာကျတာ ရပ်သွားပြီးတော့ ကုန်ဈေးတွေ တက်လာပြန်ပြီ ” ဟုလည်း ပါရှိသည်။

ထူးထူးကဲကဲ ငွေဈေးတက်မှု အပေါ် ဟိုတယ်လုပ်ငန်းရှင်များ အသင်းနှင့် မြန်မာ့ခရီးသွား လုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဇေကမ္ဘာ ကုမ္ပဏီ ပိုင်ရှင် ဦးခင်ရွှေက ကျောက်မျက်ရောင်းရငွေများနှင့် အစိုးရက နိုင်ငံပိုင် လုပ်ငန်းနှင့် မြေယာ အဆောက်အဦးများ လေလံရောင်းချမှု၏ အကျိုးဆက်တခုဟု ပြောသည်။

“နံပါတ်တစ်ကတော့ ကျောက်မျက်က ပြီးခဲ့တဲ့အပတ်က သန်း ၂ဝဝဝ ကျော်ကျော်လောက် ရောင်းရတယ်။ အဲဒီထဲက ၄ဝ ရာခိုင်နှုန်းလောက် ဝင်လာတယ်ကြားတာပဲ။ ဝင်တော့ ဗမာငွေ ပြန်ဖော်တာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

“နိုင်ငံတော်ကလည်း မြေတွေ၊ အဆောက်အဦးတွေ လေလံပစ်ထားတာ ရှိတယ်။ ဗမာငွေသွင်းဖို့ ရက်တွေက နီးလာပြီ။ ရတဲ့ဒေါ်လာကို ရောင်းပြီးတော့ ဖော်ရတာပေါ့။ ရောင်းလို့ရတဲ့ ပမာဏနဲ့ပဲ ရောင်းသွားတော့ ဈေးကွက်ထဲမှာ
 ဒေါ်လာများသွားတယ်။ ဗမာ ငွေ နည်းနည်း ကျပ်သွားတယ်” ဟု သူကပြောသည်။

ဦးခင်ရွှေက လာမည့် အောက်တိုဘာ၊ နိုဝင်ဘာ ခရီးသွား ရာသီကာလတွင် ခရီးသွား လုပ်ငန်များကို ထိခိုက်စေလိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။

“လာမယ့် ရာသီအတွက်ကို ခရီးသွား ကုမ္ပဏီတွေကနေ တခြားကုမ္ပဏီတွေကို ပုဂံသွားမယ်ဆိုရင် လူတယောက်ကို ဥပမာ ဒေါ်လာ ၅ဝဝ ကို အခြေခံက ၁ဝဝဝ နဲ့တွက်ထားတယ်။ ဒိုင်းဆို ၈ဝဝ ကျသွားရင် တဒေါ်လာကို ၂ဝဝ ရှုံးတာပေါ့ဗျာ။ ဟိုတယ်တွေသာ ဒေါ်လာနဲ့ပေးရတယ်၊ ကျွေးတာ မွေးတာ ကျပ်တွေနဲ့ ပေးတဲ့အခါကျတော့ ဒီပြဿနာ ရှိတာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။

အစိုးရက ငွေလဲနှုန်း စံနှုန်းတခု သတ်မှတ်ပေးမည့် အစီအစဉ် မရှိသေးဟု သူသိထားသော်လည်း “၇ဝဝ နှင့် ၈ဝဝ အကြား ဈေးနဲ့ ထိန်းလိုက်ရင် ဒီအချိန် အကောင်းဆုံးဖြစ်မယ်” ဟု ရန်ကုန်တိုင်း အမျိုးသား လွှတ်တော်အမတ် ဦးခင်ရွှေက ပြောသည်။

နိုင်ငံတွင် အမေရိကန် တဒေါ်လာလျှင် မြန်မာငွေ ၆.၃ ကျပ်နှုန်းအဖြစ် တရားဝင် သတ်မှတ်ထားသော်လည်း အမှန်တကယ် တွင်ကျယ်နေသည်က မှောင်ခိုဈေးကွက် ဖြစ်သည်။

ကချင်ပဋိပက္ခ ပြေလည်ပြီဟု ဦးရွှေမန်းပြော




ချင်းမိုင် (မဇ္ဈိမ) ။        ။ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် အစိုးရတပ်တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ ပြေလည်မှု ရရှိသွားပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် သောကြာနေ့ တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။

ကချင်ပြည်နယ်တွင် ယခုလ ၉ ရက်နေ့မှ စတင်ဖြစ်ပွားသည့် KIA နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲများကို ကချင်ပြည်နယ် မြစ်ကြီးနားမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်၏ ကြားဝင် ဖြေရှင်းမှုကြောင့်
 ပြေလည်မှု ရရှိသွားပြီဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက ပြောဆိုခြင်းဖြစ်သည်ဟု သောကြာနေ့တွင်
 ပြုလုပ်သည့် လွှတ်တော်ဥက္ကဋ္ဌနှင့် ရန်ကုန်လွှတ်တော်အမတ်များ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က ပြောသည်။

Shew_Man2
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမှာစကားပြောစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
“ဦးသိန်းဇော်ရဲ့ ဆောင်ရွက်မှုကြောင့်တဲ့ KIA နဲ့ အစိုးရဟာ မူလ အနေအထားထိအောင် ပြန်လည် ရောက်ရှိနေပါပြီတဲ့ အဲဒီလိုပြောတယ်ဗျ ညှိနှိုင်းဆောင်ရွက်တယ်
 ပြည်သူ့ကိုယ်စားလှယ် တယောက်အနေနဲ့ တာဝန်သိသိ KIA နဲ့ အစိုးရကြားမှာ ကြားဝင် ဆောင်ရွက်ပေးတယ်
 ပေါ့ဗျာ ပဋိပက္ခ ပြေလည်သွားပြီပေါ့ဗျာ”

ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဟောင်း ဦးသိန်းဇော်က အစိုးရပ်တပ်များကို အပစ်အခတ် ရပ်စဲရန်
 ညွှန်ကြားထားပြီး ဖြစ်ကြောင်း KIA သို့ ယခုလ ၁၉ ရက်နေ့တွင် စာရေးသား ပေးပို့ခဲ့သော်လည်း ပစ်ခတ်မှုများ ရှိနေသေးကြောင်း KIA ပြောခွင့်ရ ဦးလနန်က ပြောသည်။

“ဖြစ်တာကတော့ ၉ ရက်နေ့ကနေ စပြီးဖြစ်တာ
 နေ့တိုင်းလိုလို ဖြစ်တယ် ၁၃ ရက်နေ့မှာ ပစ်တာခတ်တာ နည်းနည်း လျော့သွားတယ်၊ နေ့တိုင်းလိုလိုတော့
 ရှေ့တန်းတွေမှာ ပစ်ခတ်မှုတွေ နည်းနည်းစီ ဖြစ်ပါတယ် ဒီနေ့ကတော့ ဘယ်မှာ ဖြစ်တယ်ဆိုတာ REPORT က ထွက်မလာသေးဘူး” ဟုဆိုသည်။

KIA သည် ၁၉၉၄ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သော်လည်း KIO တပ်ဖွဲ့ဝင်များကို ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်ခရိုင်အတွင်း အစိုးရတပ်မှ ပစ်ခတ်မှုကြောင့် တပ်ဖွဲ့ဝင် ၁ဝ သေဆုံးခဲ့ရသည်ဟု ဦးလနန်က ပြောသည်။

ယခုကဲ့သို့ စာချုပ်ချုပ်ဆိုပြီး အပစ်အခတ် ရပ်စဲခဲ့သည်များ ရှိခဲ့သော်လည်း အာမခံချက် မရှိခြင်းကြောင့် ယခု ဦးသိန်းဇော်၏ ကမ်းလှမ်းချက်သည်လည်း အာမခံချက် မရှိဘဲ အစိုးရအဖွဲ့ဝင် သို့မဟုတ် စစ်တပ်ဘက်မှ အရာရှိများ၏ အပစ်အခတ်ရပ်ရေး အာမခံချက်ကို တောင်းဆိုထားကြောင်း ဦးလနန်က ဆိုသည်။

“စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပြီး လုပ်ထားတာတောင်မှ အဲဒီလိုမျိုး
Shew_Man1
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဧည့်သည်များကို လိုက်လံနှုတ်ဆက်စဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
ဒီပါးစပ်နဲ့ပဲ သူက အစိုးရ အဖွဲ့ဝင်လည်း မဟုတ်ဘူး လွှတ်တော် ကိုယ်စားလှယ် တဦးသာ ဖြစ်တယ် သူ့လုပ်ဆောင်ချက်ကို အစိုးရဘက်ကနေ ဒါမှမဟုတ်ရင်လည်း စစ်ဘက်ဆိုင်ရာကနေ အာမခံချက်ရှိရှိ ကျနော်တို့ လိုချင်ပါတယ် ဒါပေမယ့် အခုထိတော့ အစိုးရတာဝန်ရှိသူတွေ စစ်ဘက်ဆိုင်ရာက အမှန်တကယ် တိုက်နေကြတဲ့ စစ်ဘက်ဆိုင်ရာတွေက အပစ်အခတ် ရပ်စဲလိုက်ပြီဆိုတဲ့ အထောက်အထားမျိုး ရောက်မလာသေးဘူး” ဟု ဆိုသည်။

သောကြာနေ့ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းမှ လွှတ်တော်အမတ်များကို ဦးသိန်းဇော်ကဲ့သို့ တာဝန်သိတတ်ကြရန်လည်း တိုက်တွန်းသွားခဲ့သည်။ သို့သော် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ သတင်း အချက်အလက် ရရှိမှု နည်းပါးသည်ဟု ရန်ကုန်တိုင်း လွှတ်တော်အမတ် ဦးကျော်က ဆိုသည်။

“ ဦးတို့ဘက်က မသိနိုင်ဘူး မီဒီယာတွေမှာ ပြောတာလောက်ပဲ ဦးတို့ကြားနေရတာပဲ မီဒီယာကလည်း သူ့အကန့်အသတ်နဲ့ သူပဲ သိရတာ”

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် ဦးရွှေမန်းမှ ပြီးခဲ့သည့် မတ်လ လွှတ်တော်တွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်တိုင်း အုပ်ချုပ်ရေးအတွက် တာဝန်ယူမည့် သူများကို ရွေးချယ်ပေးနိုင်ခဲ့သည်ဟု ပြောဆိုသွားသည်။

ယခုလက်ရှိ အခြေအနေတွင် လွှတ်တော်အမတ်များ အနေအဖြင့် မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းထားသည့် ဥပဒေများကို
 လေ့လာပြီး ပြင်ဆင်သင့်သည်များကို ပြန်လည် ပြင်ဆင်ရန် လေ့လာထားရန်လည်း မှာကြားခဲ့သည်။

သို့သော် နောက်တကြိမ် ကျင်းပမည့် လွှတ်တော် အစည်းအဝေးများ ကျင်းပရန်ရှိပါက ကြိုတင်အကြောင်း ကြားမည် ဖြစ်သည်ဟု ပြောဆိုသွားခဲ့သည်။

ယနေ့ပြုလုပ်သည့် တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းအပြင်၊ ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၁၆ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ပြည်တွင်း ဂျာနယ်တိုက်များမှ အယ်ဒီတာချုပ် အဆင့်ရှိသူများ တက်ရောက်ခဲ့ကြသည်။ တွေ့ဆုံပွဲအပြီးတွင် ဦးရွှေမန်းမှ မေးခွန်းများရှိက မေးမြန်းနိုင်ကြောင်း ပြောဆိုသော်လည်း တက်ရောက်လာသူများမှ မေးမြန်းခြင်း မရှိဟု ဆိုသည်။

မေးမြန်းခြင်းမပြုရန် ဖိတ်ကြားသူများက ဇာတ်တိုက်ထားခဲ့သည်ဟု ဆိုသည်။ သီးခြား အတည်ပြုချက် မရနိုင်ပါ။

တွေ့ဆုံပွဲကို ရန်ကုန်မြို့ ပြည်လမ်းရှိ လွှတ်တော် အဆောက်အဦးတွင် နေ့လည် ၁၂ နာရီမှ ၂ နာရီထိ ကျင်းပခြင်း
 ဖြစ်သည်။

တရုတ်နှင့် မြန်မာကျောက်ကုန်သည်များ ပဋိပက္ခဖြစ်ပွား


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။       ။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်အတွင်းရှိ ကျောက်ဝိုင်းတွင် တနင်္လာနေ့နံနက်က တရုတ်ကုန်သည်များနှင့် မန္တလေးဒေသခံ ကုန်သည် အကြား အချင်းများကာ ရုတ်ရုတ်သဲသဲ ဖြစ်ပြီးနောက်
 ကျောက်ဝိုင်းကို ပိတ်ပစ်လိုက်သည်။

 ဈေးဖြတ်ထားပြီးသည့် ကျောက်တလုံးကို တရုတ်ကုန်သည်များက ဝယ်ရန် ငြင်းဆန်ရာက ခိုက်ရန်ဖြစ်ပွား
ကြသည်ဟု မြင်တွေ့လိုက်ရသည့် ကျောက်ကုန်သည်များက ပြောသည်။

gem001
မန္တလေးကျောက်ဝိုင်းတွင် ကျောက်ကုန်သည်အကြား အချင်းများမှု ဖြစ်ပွားရာက လူအများ ဝိုင်းအုံလာသဖြင့် တရုတ်ကုန်သည်များကို လုံထိန်းရဲများက လုံခြုံရေးအတွက် ခေါ်ထုတ်သွားစဉ်။ ဓာတ်ပုံ-Citizen journalist

ဖြစ်ပွားသည့် အခြေအနေကို ရှင်းလင်းစွာ မသိရသေးသော်လည်း တရုတ်ကုန်သည်များက မြန်မာအမျိုးသား ကိုမော်ကြီးကို ဝိုင်းဝန်း ထိုးနှက်ပြီးနောက် ဒေသခံများက ပြန်လည် ထိုးကြိတ်မှု ဖြစ်ပွားသည်ဟု ဆိုသည်။

“တရုတ်တွေရှိတဲ့ ဆိုင်ကို မြန်မာတွေ အများကြီးဝိုင်း ထားတဲ့နေရာကို ငါးမြို့နယ်က ရဲတပ်ဖွဲ့ အင်အား ၁၀၀ လောက် လာပြီး ကာထားရတယ်။ အုပ်ချုပ်ရေးရုံးကနေ မြန်မာတွေ လူစုခွဲဖို့ မိုက်နဲ့ အဆက်မပြတ် အော်နေတယ်။
 မြန်မာတွေလည်း လူစုမခွဲဘဲ များများလာတယ်။ နောက်ပိုင်း တရုတ်တွေကို ရဲကားနဲ့ ထုတ်သွားရတယ်” ဟု ဒေသခံတဦးက သူ၏ ဖေ့စ်ဘွတ် စာမျက်နှာတွင် ရေးသားထားသည်။

မန္တလေးမြို့ အမှတ် ၇ အပိုင် ရဲစခန်းမှ ရဲအရာရှိ တဦးက “ ကျောက်ဝိုင်းဆိုတော့ နည်းနည်းအုံးအုံး ဖြစ်သွားတာပေါ့။ အခု ဘယ်လို ဖြစ်တယ်ဆိုတာ စစ်ဆေးနေတုန်းပါပဲ။ အထက်လူကြီးတွေအားလုံး သွားလာလှုပ်ရှားနေကြတုန်းပါ ခင်ဗျ” ဟု မဇ္ဈိမသို့ တယ်လီဖုန်းမှ တဆင့် ပြောသည်။

မန္တလေးကျောက်ဝိုင်း အချင်းများမှု ဖြစ်ပွား :: မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ဝိုင်းတွင် တရုတ်ကျောက်ကုန်သည်များနှင့် မြန်မာကုန်သည် အကြား ခိုက်ရန်ဖြစ်ပွားပြီးနောက် လုံထိန်းရဲများက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို တနင်္လာနေ့ ဇွန်လ ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ။ Citizen journalist မန္တလေးကျောက်ဝိုင်း အချင်းများမှု ဖြစ်ပွား :: ဒေသခံကုန်သည်များနှင့် အချင်းများ ရန်ဖြစ်ခဲ့သော တရုတ်ကျောက်ကုန်သည်များကို တနင်္လာနေ့ ဇွန် ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- Citizen journalist။ လုံထိန်းရဲများက တရုတ်ကုန်သည်များကို စောင့်ကြပ် ခေါ်ယူသွားခဲ့ရသည်။ မန္တလေးကျောက်ဝိုင်း အချင်းများမှု ဖြစ်ပွား :: မန္တလေးကျောက်ဝိုင်းတွင် ကျောက်ကုန်သည်များအကြား အချင်းများမှုဖြစ်ပွားရာ လုံထိန်းရဲများ ရောက်ရှိလာခဲ့သည်ကို တနင်္လာနေ့ ဇွန် ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- Citizen journalist

Sunday, June 26, 2011

အမျိုးသား ညီညွတ်ရေး

0
ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင်ကျင်းပသော ( ဖ-ဆ-ပ-လ ) ပြည်လုံးကျွတ် ညီလာခံ သဘင်ကြီးသို့ မြန်မာတပြည်လုံးမှ လူထုကိုယ်စာလှယ်များနှင့် ပရိသတ်ပေါင်း နှစ်သိန်းကျော်တက်ရောက်ကြ၏ ။ ယင်းလူထုညီလာခံတွင် ၂၃-၁-၄၆ နေ့၌ ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုကို အကျယ်တ၀င့် ရှင်းလင်း တင်သွင်းခဲ့လေသည် ။ အဆိုတင်သွင်းရာတွင် ဗိုလ်ချုပ်အောင်ဆန်းက အောက်ပါအတိုင်းပြောသွားခဲ့သည်။
ခုနက ပြည်သူ့ရဲဘော် တပ်အဖွဲ့အဆိုနှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချတဲ့ အနက်မယ် အချက်လေးချက်ပါတယ်။
ကျွန်တော်တို့က ဒီမှာ ဟိုတုန်းက မဟာမိတ် စစ်သေနာပတိချုပ် လော့(ဒ်)လူဝီမောင့်ဘက်တန်နဲ့ ကျွန်တော်တို့ သဘောတူညီချက်အရ ပြန်လည်ဖွဲ့စည်း တည်ထောင်တဲ့ မြန်မာတပ်မတော်ဆိုတာထဲကို ပါဝင်နိုင်မဲ့ ရဲဘော်တိုင်းပါဝင်ဖို့။ ဘာဖြစ်လို့ ပါရမလဲ ဆိုတာက ဗမာပြည်ရဲ့ အကျိုးကို သည်ပိုးရာ ရောက်တယ်လို့ ယူဆလို့ဖြစ်တယ်။ ခုတော့ တချို့က ထုံးစံအတိုင်း ( အစကတည်းက ဒါတွေကို ကြိုတင်ပြီး မြင်ထားပါတယ် ) ။ စကတည်းကလဲ ပြောတန်သလောက် ပြောထားပါတယ်။ မလွတ်လပ်တဲ့ အခြေအနေမှာတော့ ရတဲ့တပ်မတော်ရဲ့ အဆင့်အတန်းဟာ မလွတ်လပ်တဲ့ တိုင်းပြည်ရဲ့ အဆင့်အတန်း ၊ လွတ်လပ်တဲ့ လူမျိုးရဲ့ အဆင့်အတန်းမျိုးတော့ မျှော်လင့်လို့ မဖြစ်နိုင်သေးဘူး ။ အနည်းအကျဉ်းအားဖြင့် ဖြစ်စေ ၊ အများအားဖြင့် ဖြစ်စေ နစ်နာချက်တွေ သဘောမကျစရာတွေ ရှိတန်သလောက်ရှိမယ်။ သို့ပေမဲ့ ခုတည်းကနေပြီးအခြေစပြီး ပျိုးထားမှ တိုင်းပြည်ရဲ့ အကျိုးကိုဆောင်ရွက်နိုင်မယ်။
ဒါကြောင့်မို့လို့ မင်းတို့ဝင်ကြပါလို့။ အစတည်းက ရဲဘော်တွေကိုပြောထားတယ်။ အဲဒီလို ပြောထားပေမယ့်လို့ကာ နည်းနည်းပါးပါး အောက်ပိုင်းက နည်းနည်းပါးပါး ပုလိပ်ဘက်ကဖြစ်စေ၊ အစိုးရ အရာရှိပိုင်းက ဖြစ်စေ ၊ နောက်ပြီးတော့ အောက်လက်ငယ်သားကဖြစ်စေ အစရှိသည်အားဖြင့် အနှောက်အယှက် ပေးတာတွေရှိတယ်။ ခုနလို အဖမ်းအဆီး ခံရတာရှိတယ်။ ခုနလို ဖမ်းတာဆီးတာ ကျွန်တော်တို့ သိတာလဲရှိတယ် ၊ မသိတာလဲရှိတယ် ။ သိတဲ့ကိစ္စဆိုယင်

အလယ်ပစ္စယံ ပြည်သူ့အစည်းအဝေး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း

0
၁၉၄၅ ခု ၊ နိုဝင်ဘာလ ၁၈ရက်နေ့ ရွှေတိဂုံ စေတီတော် အလယ်ပစ္စယံ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် မိန့်ကြားသည့် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်း
ယနေ့ ပြည့်သူ့အစည်းအဝေးကြီး ခေါ်ဆိုရခြင်း အကြောင်းမှာ သြဂုတ်လ၁၉ရက်နေ့တွင် ကျင်းပခဲ့သည့် နေသူရိန်ပြည်သူ့အစည်းအဝေးကြီးက ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်များအတိုင်း ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ်ကြီးက ဘယ်လိုဆောင်ရွက်ခဲ့သည်။ ဘယ်လောက် ထိရောက်ခဲ့သည် ။ ရှေ့တွင် ဘာလုပ်ဖို့လိုသည် စသည်တို့ကို အစီရင်ခံရန်နှင့် ထိအစီရင်ခံချက်များမအရ ပြဌာန်းသင့်သော ဆုံးဖြတ်ချက် များကို ပြဌာန်းရန်ပင်ဖြစ်သည်။ အထူးသဖြင့် ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးနှင့် အင်္ဂလိပ်ဘုရင်ခံ နှစ်ဦးနှစ်ဖက်တို့သည် ယာယီ အမျိုးသား အစိုးရ တည်ထောင်ရေးကိစ္စတွင် သဘောကွဲလွဲခြင်းနှင့် စပ်လျဉ်း၍ တိုင်းသူပြည်သားများအားရှင်းလင်းပြရန်နှင့် ရှေ့တွင် မည်သို့ စခန်းသွားသင့်သည်ကို ဆွေးနွေးရန်ပင်ဖြစ်ပါသည်။
ဤကိစ္စများနှင့် ပတ်သက်၍ အစီရင်ခံချက် အရပ်ရပ်ကို အထွေထွေ အတွင်းရေးမှုက ဖတ်ပြပါလိမ့်မည် ။ ကျွန်တော်ပြောဆိုလိုသော အချက်များမှာ အောက်ပါအတိုင်းပင်ဖြစ်သည်။
၁။ ဗမာ့ တပ်မတော်ကိစ္စ။ ဗမာ့တပ်မတော် ကိစ္စနှင့် ပတ်သက်၍ သီးခြား အစီရင်ခံစာ တင်ပြပါလိမ့်မည်။ ထိုကြောင့် ကျွန်တော် အကျယ်တ၀င့် ဤကိစ္စတွင် မပြောလိုပါ။ တချက်နှစ်ချက်လောက်မျှသာ အစီရင်ခံလိုပါသည်။ ဗမာ့ တပ်မတော်ကိစ္စနှင့် ပတ်သက်၍ အချို့မလိုသော ပုဂ္ဂိုလ်များသည် ဗမာ့တပ်မတော်ကို အင်္ဂလိပ်အစိုးရ လက်အောက်ခံ တပ်မတော်အဖြစ်ထားရမလားဟု အပြစ်ပြောကြပါသည်။ ကျွန်ုပ်က ထိုကဲ့သို့ အပြစ်ပြောသူများကို အင်္ဂလိပ် အစိုးရ အုပ်ချုပ်လျက်ရှိသေးသော ဗမာပြည်တွင် အင်္ဂလိပ်အစိုးရလက်အောက်ခံ တပ်မတော်အဖြစ် မထားလို့ရှိလျှင် ဘယ်လိုလုပ်ထားရမှာလဲဟုမေးလိုပါသည်။ ကျွန်ုပ်တို့က ကျွန်ုပ်တို့ တိုင်းပြည်ကို ကျွန်ုပ်တို့ သဘောကျ ကျွန်ုပ်တို့ အကျိုးအတွက် စီမံဖန်တီးနိုင်သော လွတ်လပ်ရေးကို အလိုရှိကြ၏ ။ ထိုလွတ်လပ်ရေး ရရာရကြောင်း ကျွန်ုပ်တို့ ဆောင်ရွက်ခဲ့ပုံကို တိုင်းပြည်တပြည်လုံးအသိဖြစ်၏ ။ သို့သော် ကျွန်ုပ်တို့ အလိုရှိသော လွတ်လပ်ရေးသည် ကျွန်ုပ်တို့လက်ဝယ်မရရှိသေး။ ထိုကဲ့သို့ ကျွန်ုပ်တို့ လွတ်လပ်ရေး မရရှိသေးသည်မှာ ကျွန်ုပ်တို့ တိုင်းပြည် လွတ်လပ်ရေး လုပ်ငန်းအင်အားသည် လွတ်လပ်ရေး ရနိုင်သည် အထိ မပြည့်စုံသေး၍သာ ဖြစ်ကြောင်း။
ဗမာ့တပ်မတော်ကိစ္စမှာ လက်ငင်းအားဖြင့် အဖျက်သိမ်းခံမည်လော ၊ သို့တည်းမဟုတ်… တပ်မတော်အဖြစ် တည်ရှိရန် ကြိုးစားမည်လော ဟူသော အမေးနှစ်ရပ်ကို မူတည်၍ ကျွန်ုပ်တို့ လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ ဤကိစ္စမှာ လက်ငင်းအရေးဆို ၊ လက်ငင်းဆုံးဖြတ်ရမည့် ကိစ္စဖြစ်သဖြင့် ဗမာနိုင်ငံလွတ်လပ်ရေး ရသည်အထိ ရွှေ့ဆိုင်းနိုင်သော ကိစ္စမဟုတ်ပေ။ ထိုကဲ့သို့ လွတ်လပ်ရေးရသည် အထိ ဗမာ့တပ်မတော်ကို အဖျက်အသိမ်းမခံလိုလျှင် အင်္ဂလိပ်နှင့် စစ်တိုက်ရန်သာရှိသည်။ သို့သော် စစ်တိုက်ခြင်း ၊ နိုင်ငံလွတ်လပ်ရေးအတွက်ဆောင်ရွက်ခြင်း မည်သည် ကလေးကစားသလို စိတ်ထင်တိုင်းပြုကျင့်အပ်သည့်အရာမျိုး မဟုတ်သဖြင့် အင်္ဂလိပ်လက်အောက် ၌ ထားပင်ထားရစေကာမူ တပ်မတော်အဖြစ် တည်ရှိရန်ပဓာန ဖြစ်ရကာ၊ မူလကပင် ကျွန်ုပ်တို့သည် ရှင်းရှင်းလင်းလင်း ဆိုထားခဲ့ပေသည်။ နေသူရိန်ပြည်သူ့ အစည်းအဝေးကြီး၌ ကျွန်ုပ်၏ ဥက္ကဌမိန့်ခွန်းကိုဖြစ်စေ၊ တပ်မတော်နှင့် ဆိုင်သော ဆုံးဖြတ်ချက်ကိုဖြစ်စေ သေသေချာချာဖတ်ကြည့်က ဤအချက်များသည် ရှင်းလင်းသွားပါလိမ့်မည်။ တပ်မတော်နှင့် ပတ်သက်သော သီးခြား အစီရင်ခံချက်ကိုလည်း ခင်ဗျားတို့ ကြားနာသည့်အခါ ရှင်းလင်းပါလိမ့်မည်။ အမှန်စင်စစ် ဤအစီရင်ခံစာကို အောက်တိုဘာလ ၆ ရက်နေ့ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် တင်ပြသည့် အခါ သတင်းစာတိုက်များသို့ ဝေငှခဲ့ပြီးဖြစ်ကြောင်း၊ ဗမာ့တပ်မတော်သည် ဗမာပြည်လွတ်လပ်ရေးလုပ်ငန်းအတွက် မိမိစွမ်းအားရှိသမျှ ဆောင်ရွက်ခဲ့ပြီးလေပြီ။ ၎င်းတို့ ဆောင်ရွက်ခဲ့သည့်အတွက် ဗမာတိုင်းပြည်နှင့် ဗမာလူမျိုးတို့၏ဂုဏ်ရည်သည်၎င်း၊ ဗမာ့လွတ်လပ်ရေး လုပ်ငန်းအဆင့်သည်၎င်း၊ ကမ္ဘာတခုလုံးက အသိအမှတ်အပြုခံရသည့် အခြေသို့ရောက်ခဲ့ပြီ။ ဗမာ့တပ်မတော်၏ စစ်လုပ်ငန်းသည် ပြီးဆုံးခဲ့ပြီ။ ဗမာ့တပ်မတော်သည် တာဝန်ကြေခဲ့ပြီ။ တပ်မတော်ပြင်ဖက်ရှိ နိုင်ငံရေး သမားများနှင့် တိုင်းသူပြည်သားများက ကျန်ရှိသေးသေား လွတ်လပ်ရေးလုပ်ငန်းများကို ဆက်လက်၍သာ ပြုလုပ်ရန်ရှိတော့သည် ။ ထိုကဲ့သို့

သီပေါမင်း (၁၈၇၈ - ၁၈၈၅) နှင့် ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး

Wednesday, April 8, 2009
" . . . မြန်မာတို့နှင့် တင်းမာစွာ ဆက်ဆံမည် ဟူသော ဗြိတိသျှတို့၏ ရည်ရွယ်ချက်သည် ဥရောပ သတင်းစာများ၌ လည်းကောင်း၊ ဥရောပ ကုန်သည်တို့၏ မကျေမနပ် သံများ၌ လည်းကောင်း၊ သိသာ ထင်ရှား နေပေပြီ။ ထိုကြောင့် မြန်မာမင်းသည် အခက်အခဲ ကြုံတွေ့ နေရလေတော့သည်။ အခွန်တော်များမှာလည်း လျော့ပါး၍သာ လာရာ မန္ဈလေး အစိုးရသည် အစွန်အဖျား ဒေသများကို နိုင်နိုင်နင်းနင်း မအုပ်ချုပ်နိုင်ဘဲ တနေ့တခြား လက်လွှတ် ထားရဘိ သကဲ့သို့ ရှိလာလေသည်။ ထို့ပြင် မန္ဈလေး အစိုးရသည် ဗြိတိသျှတို့၏ ခြိမ်းခြောက်မှု များပြားလာခြင်းကို အာရုံ စိုက်နေရ သဖြင့် မိမိ၏ ပြည်တွင်းရေး ကိစ္စများကို အာရုံ စူးစိုက်ခြင်း မပြုနိုင် ရှိခဲ့ရာ တိုင်းပြည်တွင် မငြိမ်မသက် ဖြစ်၍ လာသည် . . . " . . . [၁၉၆၂ ခု၊ ပဌမနှိပ်၊ ရန်ကုန် တက္ကသိုလ်၊ မြန်မာနှင့် အရှေ့တိုင်း ရာဇဝင် ပါမောက္ခ ဒေါက်တာ ကျော်သက် ရေးသားတဲ့ 'ပြည်ထောင်စု မြန်မာနိုင်ငံ သမိုင်း' စာအုပ် အခန်း (၄) မှ "သီပေါမင်း (၁၈၇၈ - ၁၈၈၅) နှင့် ကုန်းဘောင်ခေတ် နိုင်ငံခြား ကူးသန်း ရောင်းဝယ်ရေး" အကြောင်းကို ထုတ်နှုတ် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။]Photobucket

သီပေါမင်း နန်းတက်စ အခြေအနေ။

ကုန်းဘောင် ထီးနန်းကို ဆက်ခံသော သီပေါမင်းသည် နန်းစည်းစိမ် ခိုင်မြဲရေး အတွက် အစဉ်အလာ အတိုင်း ပြုလုပ်ရာတွင် ထီးနန်းကို လုပ်ကြံမည်ဟု သင်္ကာမကင်းသူ မှန်သမျှတို့ကို သတ်ဖြတ် သုတ်သင်ရလေသည်။ သြဇာ အာဏာ ရှိသူတို့၏ ညွတ်ကွင်း ထောင်ချောက်မှ လွတ်သူ အချို့ တို့သည်လည်း ဗြိတိသျှတို့ထံ ပြေးလွှား ခိုဝင်ကြသည်။ ဗြိတိသျှ စည်းမျဉ်း ဥပဒေ အရ အုပ်ချုပ်ပုံ စနစ်ကဲ့သို့ မြန်မာ့ အုပ်ချုပ်ရေး စနစ် ဖြစ်ပေါ် လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော ဗြိတိသျှ ကိုယ်စားလှယ် ရှောသည်၊ အဆိုပါ သတ်ဖြတ်မှု အခြင်းအရာတို့ကို မြင်သော အခါ သက်ဦးဆံပိုင် ဘုရင်စနစ် လိုလား စွဲလမ်းကြသော မြန်မာတို့၏ စိတ်ဓာတ်ကို အတွက်မှားခဲ့ကြောင်း သိနားလည် လာလေသည်။ သီပေါ မင်းသား ဘုရင် အဖြစ်သို့ ရောက်၍ နေပြည်တော်ကို သိမ်းလိုက် ပြီးသည်နှင့် တပြိုင်နက် သီပေါမင်းနှင့် အပေါင်းအပါ တစုတို့သည် ထားခဲ့သော ကတိသစ္စာကို ထိန်းသိမ်းရန်

အမိန့်၊ စည်းကမ်းနဲ့ ကျင့်ဝတ်

by Seaman Nayminthu on Sunday, June 26, 2011 at 6:08pm
“အမိန့်ဆိုတာ စဉ်းစား ဝေဖန် အကြံပြုရန်မဟုတ်၊ လိုက်နာရန်သာဖြစ်သည်”
“အမိန့်”ဆိုတဲ့ ဝေါဟာရနဲ့ပတ်သက်ပြီး ရှေ့ရှေ့က ဆောင်းပါးအချို့မှာ ကျနော်တင်ပြပေးခဲ့တာမို့ စာဖတ် ပရိသတ်များအဖို့ အနည်းငယ် ရင်းနှီးမှုရှိနေပြီလို့ ထင်မိပါတယ်။ ကျနော်တို့ စစ်ပညာအခြေခံသင်တန်း တက်စဉ်ကတည်းက ညစဉ် night study သင်ခန်းစာမှာ သင်တန်းဆရာက ခေါင်းထဲမှာသံမှိုစွဲသလို ခိုင်မြဲနေအောင် အထပ်ထပ်အခါခါ ရွတ်ဆိုပြခဲ့တာပါ။ အဲဒီတုန်းကတော့ ကျနော်တို့ သိပ်အလေးအနက် သတိမထားခဲ့မိပါဘူး။ သင်ခန်းစာချိန်ပြီးရင် အိပ်ယာဝင်ဖို့လောက်ပဲ စိတ်စောနေခဲ့တာ။
နောက်ပိုင်း တပ်တွေမှာတာဝန်ထမ်းဆောင်ရတဲ့ အခါကျမှ ပြောပါများ အထုံစွဲ၊ လုပ်ပါများ ကျင့်သားရ ဆိုတဲ့ သဘောကို သတိပြုမိလာတယ်။ စစ်သည်အတော်များများဟာ အလုပ်တစ်ခုလုပ်တိုင်း အမိန့်အရလုပ်ရတာလို့ နားလည်ထားကြတယ်။ အမိန့်ပေးမှလှုပ်ရှားတတ်တဲ့ အဖြစ်ကိုရောက်လာတယ်။ ကင်းစောင့်လည်း အမိန့်၊ တပ်သန့်ရှင်းရေးလုပ်လည်း အမိန့်၊ ထင်းခွေရေခပ်လည်း အမိန့် ဆိုသလိုဖြစ်လာတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက၊် ကိုယ်ပိုင်အသိစိတ်နဲ့ လုပ်တာဘာမှ မရှိတော့ဘူး။ လုပ်ဖို့လည်း မစဉ်းစားကြတော့ဘူး။ ဒီတော့ သံပတ်တင်း မထားရင် မလှုပ်ရှားတော့တဲ့ ကော်ပတ်ရုပ်တွေလိုပဲ ဖြစ်ကြရတော့တယ်။
အမိန့်မရဘဲလုပ်ရင် မျက်နှာရဖို့ထက် ခြေထောက်ရဖို့က များနေတယ်လေ။ အလုပ်တစ်ခုကို လုပ်ရတဲ့အခါ ဒီနေ့နဲ့မပြီးပြတ်ဘူး။ နောက်နေ့လည်းဆက်လုပ်ရမယ်။ ဒါပေမယ့် ဒီနေ့အတွက် ဒီလောက် အတိုင်းအတာ လုပ်လို့ အမိန့်ပေးထားတယ် ဆိုပါစို့။ ဒီနေ့အတွက် အချိန်နည်းနည်းပိုနေတယ်။ နောက်နေ့မှာ စောစောပြီးရင် ကိုယ့်အတွက်နားချိန်ပိုရမယ်။ ကိုယ်ရေးကိုယ်တာလေးလုပ်ချိန်ရအောင်ဆိုပြီး ဒီနေ့ပိုနေတဲ့ အချိန်လေးမှာ နောက်နေ့လုပ်ကွက်ကို ကြိုပြီးလုပ်ထားလိုက်တယ်။ အဲဒါကို အမိန့်မရပဲ လုပ်ရမလားဆိုပြီးတော့ အဆူခံ ထိ တယ်ဗျာ…။ ဘယ်လိုလုပ်မလဲ…?   အဲဒါ…. တင်းကျပ်တဲ့ အမိန့်ပေးအမိန့်နာခံမှု စနစ်အောက်မှာ ဖြစ်ပေါ် လာတဲ့ အစွန်းထွက်ဆိုးကျိုးပါပဲ။
နောက်တစ်ခါ….
“စည်းကမ်းဟူသည် တပ်မတော်ရဲ့အသက်ခန္ဓာ” တဲ့ လုပ်ပြန်ရော။
“စည်း”ဆိုတာက အဆီးအတား၊ အကာအကွယ် သဘောပေါ့။ စည်းမကျော်နဲ့ စည်းဝိုင်းအတွင်းမှာနေ သတ်မှတ်စည်းအတွင်းမ၀င်ရ စသဖြင့်။ “ကမ်း” ကတော့ ကုန်းနဲ့ ရေ နယ်နိမိတ် အပိုင်းအခြားသတ်မှတ်ချက်။ ဒါက ကျနော်တို့တတွေ လူ့အသိုင်းအ၀ိုင်းတွင်းမှာ ယေဘုယျ နားလည်ထားချက်ပါ။ တပ်ထဲမှာကျ “စည်းကမ်း” ဆိုတာ “လုပ်ဆောင်ရမယ့်အလုပ်ကို လုပ်ဖြစ်အောင်တိုက်တွန်းတာ၊ မလုပ်ရမယ့်အလုပ်ကို မလုပ်ဖြစ် အောင်တားမြစ်တာ” တဲ့။ အဲဒီအတိုင်း တသွေမတိမ်းလိုက်နာမှ စည်းကမ်းကောင်းတဲ့သူလို့ ဆိုလိုတယ်။ ဆက်စပ်တွေးကြည့်ရင်တော့ အမိန့်သံလေး နည်းနည်းနှောနေသလိုပဲ။ ဒါကြောင့်မို့လည်း “စည်းကမ်းဟူသည် လူ့တန်ဖိုး” ဆိုတဲ့ဆောင်ပုဒ်က စစ်သည်တွေအတွက်တော့ “ စည်းကမ်းဟူသည် အမိန့်နာခံခြင်း” လို့ ပြောရမလို ဖြစ်လာတယ်။ တပ်မှာပြစ်မှုတစ်ခု ကျူးလွန်တိုင်း စွဲချက်တင်ခံရတဲ့ ပုဒ်မထဲမှာ “တပ်မတော်အက်ဥပဒေပုဒ်မ(တမအ)-၆၅” ( စနစ်တကျရှိခြင်းနှင့် စစ်စည်းကမ်းကို ထိခိုက်စေသော ပြုလုပ်မှု တစ်ခုခုကို ကျူးလွန်ခြင်း)ဆိုတဲ့ ပါလေရာပုဒ်မနဲ့ အမြဲတမ်းငြိစွန်း နေတော့တယ်။
“ဒီအတိုင်းကျင့်၊ ကျင့်ဝတ်(၆၀)”
ကျနော်တို့ တပ်ထဲရောက်ခါစမှာ အစိမ်းရင့်ရောင်အဖုံးနဲ့ အိတ်ဆောင်အရွယ် စစ်သည်တော်ကျင့်ဝတ် စာအုပ် ထုတ်ပေးထားတယ်။ နောက်တော့ “ဖန်းဖလက်” ပုံစံ စာရွက်ခေါက်ကလေးနဲ့ ထပ်ပြီးထုတ်တယ်။ သွားလေရာ မှာ ကိုယ်နဲ့မကွာ အိတ်ထဲကို ထည့်သွားစေတယ်။ စစ်ရုံးကိုသွားရင် ဂိတ်ပေါက်မှာစစ်ဆေးခံရတယ်။ ပါမလာရင် စစ်စည်းကမ်းအရ အရေးယူတာခံရတယ်။ လမ်းခရီးမှာ တပ်ထိန်းကစစ်လို့ မပြနိုင်ရင်လည်း ဟိန်းဟောက်တာ၊ ခြိမ်းခြောက်တာ ခံရတယ်။ အခန့်မသင့်ရင် တပ်ကိုတိုင်စာပို့လိုက်သေးတယ်။ စစ်သည်တိုင်း စစ်သည်တော် ကျင့်ဝတ်ကို အာဂုံဆောင်နိုင်ရမယ်။ ခါးဝတ်ပုဆိုးကဲ့သို့လည်း မြဲမြဲလိုက်နာရမယ်တဲ့။
နှစ်စဉ် တော်လှန်ရေးနေ့(တပ်မတော်နေ့) နီးလာတိုင်း (ကြည်း၊ရေ၊လေ) အဆင့်အလိုက် စစ်သည်တော် ကျင့်ဝတ်ပြိုင်ပွဲ ကျင်းပလေ့ရှိတယ်။ ပြိုင်ပွဲမှာ “ပထမ”ရသူကို အဆင့်တိုးမြှင့်ပေးတယ်။ ပုံမှန်အတန်းတိုး၊အဆင့် တိုး စာမေးပွဲတွေမှာလည်း ဒီကျင့်ဝတ်က ပါမြဲ။ ကျနော့တစ်ကိုယ်ရေ အနေနဲ့တော့ စစ်သည်တော်ကျင့်ဝတ်ကို အလွတ်မရတာ အမှန်ပါ။ ဘာလို့လဲဆိုတော့ ကိုယ်တိတိကျကျ မလိုက်နာနိုင်တဲ့ စာသားတွေကို အလွတ်အာဂုံ ဆောင်ရွတ်ပြနေရတာကို လိပ်ပြာမလုံလို့ပဲ။ အမှန်အတိုင်းပဲ ၀န်ခံတာပါ။
တကယ့်လက်ရှိအနေအထားမှာတော့ အမိန့်၊စည်းကမ်း၊ကျင့်ဝတ် ဆိုတာတွေဟာ တပ်မတော်သားတိုင်းကို ချည်နှောင်ထားတဲ့ ကြိုးတွေဖြစ်နေပါတယ်။ ဒီလိုပြောတော့ ဒါတွေမလိုဘူးလားလို့ မေးစရာရှိလာပါတယ်။ လိုအပ်တယ်လို့ အဖြေပေးရပါမယ်။ သို့သော် ပြဌာန်းထားချက်နဲ့လက်တွေ့ ကိုက်ညီရပါမယ်။ တစ်ထပ်တည်း မဟုတ်တောင်မှ အနီးစပ်ဆုံး လိုက်နာနိုင်ရပါမယ်။ စာထဲမှာတစ်မျိုး လက်တွေ့မှာတစ်ခြား ဖြစ်နေတဲ့အခါကျ တော့ အကျိုးမဖြစ်ထွန်းတဲ့အပြင် တင်းကျပ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။
လက်တွေ့ဖြစ်ရပ်မှာက စစ်သည်တိုင်း အထက်ကပေးလာတဲ့ အမိန့်မှန်သမျှ နာခံရပါတယ်။ အထက်အောက် ဒေါင်လိုက်ဆက်ဆံရေးစနစ်ကျင့်သုံးတဲ့ အဖွဲ့အစည်းတစ်ရပ်မှာ စည်းကမ်းဆိုတာကလည်း အမိန့်ပေးနိုင်သူ လူတန်းစားရဲ့လက်ထဲမှာရှိတာပါ။ သူတို့နှုတ်က ထွက်သမျှစကားလုံးတိုင်းဟာ အမိန့် ဖြစ်သလို၊ အမိန့်တိုင်း ဟာလည်း တိုက်တွန်းခြင်း(ဒါကိုလုပ်)နဲ့ တားဖြစ်ခြင်း(ဒါကိုမလုပ်နဲ့)နှစ်မျိုးပဲရှိတာပါ။ တပ်မတော် အစိပ်အပိုင်း အများစုမှာ ဒီလိုပဲဖြစ်နေပါတယ်။ အမြဲတမ်းဆိုသလို အမိန့်အတိုင်း စက်ရုပ်ဆန်ဆန် လှုပ်ရှားနေရသူတွေအဖို့ ကျင့်ဝတ်စောင့်ထိန်းဖို့နဲ့ အမိန့်နာခံဖို့ ထိပ်တိုက်တွေ့လာရင် ဘယ်ဟာကိုဦးစားပေး ရပါမလဲ…?။
လက်ရှိတပ်မတော်ထဲက အခြေအနေတွေအောက်မှာ ကျင့်ဝတ်ကိုဦးစားပေးလိုတဲ့ စစ်သည်တွေအတွက်တော့ လုပ်ဆောင်ဖို့နည်းလမ်း နှစ်ခုပဲရှိပါတယ်။ တပ်ကအပြီးအပိုင် ထွက်ပြေး  မလား…. ဒါမှမဟုတ်… အမိန့်အာဏာ ဖီဆန်ပြီး ထောင်ထဲကိုဝင်မလား…။

နေမင်းသူ
၂၅ ဇွန် ၂၀၁၁

မှတ်ချက်။  ။“အရာရှိများလက်စွဲစာစောင်”တွင် ဖော်ပြပါရှိသော ဒုတိယဗိုလ်ချုပ်ကြီးသန်းရွှေ၏ ဗိုလ်လောင်း သင်တန်းအမှတ်စဉ်(၇၅) ကျောင်းဆင်းမိန့်ခွန်းကောက်နှုတ်ချက်ကို ခံစားရေးဖွဲ့တင်ပြခြင်း ဖြစ်ပါသည်။
“ စည်းကမ်းဆိုတာ မလုပ်သင့်တာကို မလုပ်ရန်တားမြစ်ခြင်းသာမက လုပ်သင့်လုပ်ထိုက်တာတွေကို မပျက် မကွက်လုပ်ဆောင်ရန် တိုက်တွန်းခြင်းလည်း ဖြစ်ပါတယ်။ စည်းကမ်းဟာ တပ်မတော်ရဲ့ အသက်ခန္ဓာဖြစ်တယ်။ တပ်မတော်မှာ သမိုင်းအစဉ်အလာကောင်းများ ရရှိလာခြင်းဟာ မြင့်မားတဲ့ တိုင်းချစ်ပြည်ချစ်စိတ်တွေနဲ့အတူ စည်းကမ်းများကို ထိန်းသိမ်းခဲ့ခြင်းကြောင့်ဖြစ်တယ်။ ဒါကြောင့် စည်းကမ်းကောင်းမွန် ခိုင်မာလာစေရေးအတွက် တပ်မတော်သား ကျင့်ဝတ်တွေနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း တစ်ဦးချင်းတိကျစွာ လိုက်နာကြပြီး အချင်း ချင်း အပြန်အလှန် ထိန်းသိမ်းကြရမယ်။ မိမိကွပ်ကဲရတဲ့ လက်အောက်ငယ်သားများ စစ်စည်းကမ်းကောင်းမွန် ခိုင်မာစွာ ရှိနေရေးကို မျက်ခြေမပြတ်ဆောင်ရွက်ကြရမယ်။ ဒါ့အပြင် တို့တပ်မတော်သားတွေဟာ နိုင်ငံတော်က ပြဌာန်းပေးတဲ့ တရားဥပဒေများကို လေးစားလိုက်နာကြရမယ်။”
· · Share

စကားလက်ဆုံပြောကြမယ်

ဗိုလိချုပ်မိန်.ခွန်း

ဗိုလိချုပ်မိန်.ခွန်း

ဗိုလ်ချုပ်အောင်းဆန်းမိန်.ခွန်း

ကမ္ဘာ.အလုပ်သမားများကသာ သွေးစည်းညီညွတ်ပြီး အရင်းရှင်ကြီးတွေက စစ်တိုက်ဖို.လုပ်ရင် စစ်မဖြစ်ရအောင် အလုပ်သမားတွေရဲ.အင်အားညီညီညွတ်ညွတ်နဲ.တောင့်ထားလိုက်နိုင်တယ်။အလုပ်သမားအားလုံး ကမ္ဘာတစ်ဝှမ်းမှာ ညီညွတ်သွားမှလဲ ကမ္ဘာကြီး တစ်ခုလုံးရဲ. တကယ့်ငြိမ်းချမ်းရေး အစစ်ကိုရနိုင်မယ်။ (ဗိုလ်ချုပ်အောင်ဆန်း)

မိဘဆိုတာ

မိဘဆိုတာ

ယနေ.ခေတ်မီဒီယာတွေဘာလဲ..ဘယ်လဲ


သင့်အတွက် မင်္ဂလာ ရှိသောနေ.ရက်ဖြစ်ပါစေလိုကျွန်တော် မင်းလွမ်းနောင် မှ နုတ်ခွန်ဆက်သဂါရ၀ပြုလိုက်ပါတယ်ဗျာ

ကျွန်တော့်ဘလော့ လေးထဲကိုလာရောက်လည် ပါတ်ကြသောမိတ်ဆွေများအားလုံး စိတ်ဧ။်ချမ်းသာခြင်းကိုယ်ဧ။်ချမ်းသာခြင်းများနှင့်ပြည့်စုံပြီး လိုရာပန်းတိုင် ကို ရောက်ရှိကြပါစေကြောင်း ကျွန်တော်မင်းလွမ်းနောင်နှင့် သူငယ်ချင်းများမှ ဆုတောင်းစကားလေးလက်ဆောင်ပါးလိုက်ပါရစေဗျာ...

ဒီနေ.ဘာနေ့.လဲ

ယနေ. ကမ္ဘာ့ သတင်းများ

ငွေလဲနှုန်းများကြည့်ရန်

လာရောက်လည်ပတ်သူဦးရေ(နှင့်)ထိုင်းစံတော်ချိန်

အကြိုက်များသော Posts

သူငယ်ချင်းများ